ru
Feedback
The Standard Time Digital

The Standard Time Digital

Открыть в Telegram

The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.

Больше
Страна не указанаКатегория не указана
275
Подписчики
Нет данных24 часа
+27 дней
+2630 день
Архив постов
#ယနေ့ထုတ်သတင်းစာ_ကာတွန်း
#ယနေ့ထုတ်သတင်းစာ_ကာတွန်း

photo content

◾️နျူကလီးယားလက်နက်အင်အား တိုးချဲ့မည်ဖြစ်ကြောင်း ပြင်သစ်သမ္မတ ပြောကြား ပြင်သစ်နိုင်ငံ အနေဖြင့်နျူကလီးယား လက်နက်အင်အားကိုတိုးချဲ့မည်ဖြစ်ပြီး မဟာမိတ် နိုင်ငံများသို့လည်း နျူကလီးယားလက်နက်တပ်ဆင်ထားသော လေယာဉ်များ ပထမဆုံး အကြိမ်အဖြစ် ဖြန့်ကြက်နိုင်ဖွယ်ရှိကြောင်း ပြင်သစ်သမ္မတ မက်ခရွန်က မတ် ၂ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။ ပြင်သစ်နိုင်ငံက အဆိုပြုထားသော ဥရောပနျူကလီးယား အရပ်သားစနစ်တွင်ပါဝင်ရန် ဂျာမနီ၊ ပိုလန်၊ဆွီဒင်နှင့် ဗြိတိန်နိုင်ငံ အပါအဝင်ဥရောပနိုင်ငံ ရှစ်နိုင်ငံတို့က သဘောတူ ထားကြောင်း ပြင်သစ်သမ္မတကထုတ်ပြောထားသည်။ ပြင်သစ်သမ္မတ၏ အဆိုအရအထက်ပါ ဥရောပနိုင်ငံ ရှစ်နိုင်ငံအနက် နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ဂရိနှင့် ဒိန်းမတ်နိုင်ငံတို့က နျူကလီးယားလက်နက် တပ်ဆင်ထားသော ပြင်သစ် စစ်လေယာဉ်များအားယာယီအားဖြင့် လက်ခံပေးနိုင်ကြောင်း သိရသည်။ သမ္မတဒေါ်နယ်ထရန့် လက်ထက်တွင် အမေရိကန်အစိုးရ၏ဥရောပလုံခြုံရေးဆိုင်ရာ ကတိ ကဝတ်များနှင့်ပတ်သက်၍ မြောက်အတ္တလန္တစ်စာချုပ်အဖွဲ့ (နေတိုး)နိုင်ငံများက မယုံမရဲ ဖြစ်နေချိန်၊ ရုရှားနှင့်ယူကရိန်းအကြား စစ်ပွဲဖြစ်ပွားနေချိန်တွင် ဥရောပနျူကလီးယား အရံအတားစနစ်ကို ပြင်သစ်သမ္မတကအဆိုပြုထားခြင်းဖြစ်သည်။ ပြင်သစ်နိုင်ငံသည် ကမ္ဘာပေါ်၌ နျူကလီးယားလက်နက် စတုတ္ထအများဆုံးပိုင်ဆိုင်ထားသော ဥရောပနိုင်ငံဖြစ်ပြီး နျူကလီးယားထိပ်ဖူး ၂၉၀ခန့်အထိ ပိုင်ဆိုင်ထားသည်။ ဗြိတိန် နိုင်ငံသည်လည်းပြင်သစ်ကဲ့သို့ပင် နျူကလီးယားလက်နက်များ ပိုင်ဆိုင်ထားသော နိုင်ငံဖြစ်သည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

photo content

◾️အရှေ့အလယ်ပိုင်း ရေနံတင်သင်္ဘောကြီးများ ငှားရမ်းခ မြင့်တက်လာ အရှေ့အလယ်ပိုင်းဒေသမှရေနံများအား တရုတ်နိုင်ငံသို့ပို့ဆောင်ရာတွင် ရေနံတင်သင်္ဘော ကြီးများ ငှားရမ်းသုံးစွဲခမှာ တစ်ရက်လျှင် အမေရိကန်ဒေါ်လာ ၄၀၀၀၀၀အထိ မြင့်တက် လာကြောင်း ရေနံသယ်ယူပို့ဆောင်ရေးလောက သတင်းအရင်းအမြစ်များက မတ် ၂ ရက်တွင်ထုတ်ဖော်ပြောကြားထား သည်။ အမေရိကန်ပြည်ထောင်စုနှင့်အစ္စရေးတို့က အီရန်ကိုတိုက်ခိုက်ခဲ့ပြီးနောက် စစ်ရေးအရှိန် ပြင်းထန်နေချိန်တွင် အရှေ့အလယ်ပိုင်း ရေနံများသယ်ယူပို့ဆောင်ရေးအတွက် ရေနံ တင်သင်္ဘောကြီးများ ငှားရမ်းသုံးစွဲခမြင့်တက်လာခြင်းဖြစ်သည်။ အလားတူ အမေရိကန်ပြည်ထောင်စုနှင့် အစ္စရေးတို့၏ စစ်ရေးအရတိုက်ခိုက်မှုကို အီရန်နိုင်ငံကလက်တုံ့ပြန်နေစဉ် ဟော်မုဇ်ရေလက်ကြားအတွင်း သွားလာနေသော သင်္ဘောများလည်း တိုက်ခိုက်ခံခဲ့ရပြီးနောက် ဟော်မုဇ်ရေလက်ကြားဖြတ် သန်းမှုများ ကိုလည်း လုံး၀နီးပါးရပ်တန့်ထားရကြောင်း ရေနံသယ်ယူပို့ဆောင်ရေးလောက သတင်း အရင်းအမြစ်များ၏ အဆိုအရ သိရသည်။ လက်ရှိအချိန်တွင် အီရန်စစ်ရေးပဋိပက္ခကြောင့် အာရှနိုင်ငံများသို့ရေနံဝင်ရောက်မှု အဆက်ပြတ်တောက်မှုများ ပေါ်ပေါက်လျက်ရှိရာရေနံဈေးကွက်၌ ရေနံဈေးနှုန်းများ မြင့်တက်လာနိုင်ဖွယ်ရှိသည်။ သို့ရာတွင် အာရှဈေးကွက်၏ရေနံဈေးနှုန်းမှာ မတ် ၂ ရက်အထိတည်ငြိမ်နေဆဲဖြစ်ပြီး ရေနံစိမ်းတစ်စည်လျှင် အမေရိကန်ဒေါ်လာ ၇၁ဒသမ ၂၃ ဒေါ်လာတွင် ရှိနေခဲ့ကြောင်း ဈေးကွက်လေ့လာသူများကပြောကြားသည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

photo content

◾️အီရန်စစ်ပွဲကြောင့် ဥရောပ-အာရှ လေယာဉ်လက်မှတ်ဈေးနှုန်းများ မြင့်တက်လာ အမေရိကန်ပြည်ထောင်စုနှင့် အစ္စရေးတို့က အီရန်ကို စစ်ရေးအရ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ ပြီးနောက် ဥရောပနှင့် အာရှအကြားလေယာဉ်ခရီးစဉ်များ၏ လက်မှတ်ဈေးနှုန်း များမှာ လည်း မြင့်တက်လာကြောင်း မတ် ၃ရက်သတင်းများတွင် ရေးသားတင်ပြထားသည်။ အီရန်စစ်ရေးပဋိပက္ခကြောင့် အရှေ့အလယ်ပိုင်းဒေသရှိ အဓိကလေဆိပ်ကြီးများ ပိတ်ထား ရချိန်တွင် ဥရောပနှင့်အာရှအကြားလေယာဉ်လက်မှတ်ဈေးနှုန်းများ မြင့်တက်လာခဲ့ရခြင်း ဖြစ်သည်။ အီရန်စစ်ရေးပဋိပက္ခ စတင်ခဲ့သောဖေဖော်ဝါရီ ၂၈ရက်မှစ၍ မတ် ၃ ရက်အထိ ဒူဘိုင်းနိုင်ငံ တကာလေဆိပ် အပါအဝင်ပင်လယ်ကွေ့ဒေသရှိ အဓိကလေဆိပ်ကြီးများမှာ လေးရက် တိုင်တိုင် ပိတ်ထားရဆဲ ဖြစ်သည်။ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)နိုင်ငံ ဒူဘိုင်းလေဆိပ်သည် ကမ္ဘာပေါ်၌ အလုပ်အများဆုံးလေဆိပ်ဖြစ်ပြီး အီရန်စစ်ရေးပဋိပက္ခမပေါ်ပေါက် က တစ်ရက်လျှင် လေယာဉ်ခရီးစဉ်ပေါင်း တစ်ထောင်ကျော်ကို ပုံမှန်ကိုင်တွယ်နေရသည့် လေဆိပ်ဖြစ်သည်။ အာရှ -ဥရောပ ခရီးစဉ်များ ပျံသန်းပြေးဆွဲနေသော လေကြောင်းလိုင်းများအနေဖြင့် လေယာဉ်အဝင်/အထွက် ပိတ်ထားသည့် အရှေ့အလယ်ပိုင်းဝေဟင်ကို အခြားလေကြောင်း လမ်းများမှ တစ်ဆင့်ရှောင်ကွင်းပျံသန်းနိုင်သော်လည်း ခရီးစဉ်ကြာချိန်နှင့် လောင်စာဆီ ဈေးနှုန်းများ မြင့်တက်နေမှုကြောင့်အာရှ-ဥရောပ လေကြောင်းခရီးစဉ်လက်မှတ်ဈေး နှုန်းများ မြင့်တက်လာခဲ့ရခြင်းဖြစ်သည်။ လေယာဉ်ခရီးစဉ်လက်မှတ် ဈေးနှုန်းများမြင့်တက်ခဲ့ရသော ဥရောပနှင့်အာရှခရီးစဉ်များထဲ တွင် ဆစ်ဒနီ - လန်ဒန်ခရီးစဉ်၊ ဟောင်ကောင်-လန်ဒန်ခရီးစဉ်၊ ဗန်ကောက် - လန်ဒန်ခရီးစဉ်များလည်း ပါဝင်သည်။ သတင်း-ဗျည်းနွဲ့ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

photo content

◾️ဟင်္သာတ-ဇလွန်ကားလမ်းတွင် ကုန်တင်ယာဉ်နှင့် မီနီအိုးဝေ မျက်နှာချင်းဆိုင်တိုက်မိ ဧရာ၀တီတိုင်း ဒေသကြီးဟင်္သာတမြို့နယ် နင်းကြမ်းကျေးရွာဟင်္သာတ-ဇလွန် ကားလမ်း တွင်ကုန်တင်ယာဉ်နှင့် ဇလွန်ဘုရားပွဲမှပြန်လာသည့် မီနီအိုးဝေတို့ မျက်နှာချင်းဆိုင်တိုက်မိ၍ သုံးဦး သေဆုံး၊လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မတ် ၃ ရက် နံနက် ၀ဝး ၃၀နာရီက ဟင်္သာတမြို့နယ် နင်းကြမ်းကျေးရွာ ဟင်္သာတ-ဇလွန် ကားလမ်းမိုင်တိုင် အမှတ်-၃/၃ နှင့် ၄ အကြားဟင်္သာတမြို့မှ ရန်ကုန်မြို့ဘက်သို့ မောင်းနှင် လာသောကုန်တင်ယာဉ်သည် ဇလွန်ဘုရားပွဲမှအပြန် ဟင်္သာတမြို့သို့မောင်းနှင်လာသော အိုးဝေ (အစိမ်းရောင်) ယာဉ်အားမျက်နှာချင်းဆိုင် အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မှုဖြစ်ပွားခဲ့ သည်။ အခင်းဖြစ်ရာသို့ ဟင်္သာတမြို့နယ် မီးသတ်စခန်းမှမီးငြှိမ်းသတ်ယာဉ်တစ်စီး၊ သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များ၊နယ်မြေခံလူမှုကူညီရေးအဖွဲ့များက ကူညီကယ်ဆယ်ရေး လုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့သည်။ “အရှိန်နဲ့ မျက်နှာချင်းဆိုင် တိုက်မိကြတာ၊ အိုးဝေပေါ်မှာက လူခြောက်ယောက် စီးလာတာ၊ ကုန်ကားမှာကနှစ်ယောက်ပါတယ်၊ အိုးဝေအရှေ့ခန်းက သုံးယောက်သေတယ်၊ နောက်ခန်း ကသုံးယောက်ဒဏ်ရာရ တယ်၊ ကုန်ကားပေါ်က နှစ်ယောက်မှာ စပယ်ယာကောင်လေးက ခြေထောက် ကျိုးသွားတယ်၊ သူက အသက်အန္တရာယ်တော့မစိုးရိမ်ရဘူး” ဟု ဟင်္သာတ ခရိုင်ကွန်ရက် လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။ ဟင်္သာတခရိုင် ပြည်သူ့ဆေးရုံကြီးသို့အဆိုပါ ဖြစ်စဉ်ကြောင့် အိုးဝေ (အစိမ်းရောင်)ယာဉ် ပေါ်ပါ ကျား ခြောက်ဦးအနက် ကျားသုံးဦး သေဆုံး၊ ကျားသုံးဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)၊ ကုန်တင်ယာဉ်ပေါ်ပါ်ကျားတစ်ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)တို့အား ဟင်္သာတခရိုင် ကွန်ရက်လူမှုကူညီရေးအသင်းနှင့် နှလုံးလှလူမှုကူညီရေးအသင်းတို့မှ သူနာတင်ယာဉ်ဖြင့် ဟင်္သာတခရိုင် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ သတင်း-နိုင်ဝင်းစိုး ဓာတ်ပုံ-မီးသတ်တပ်ဖွဲ့ #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

photo content

◾️မြန်မာအတွက် ကာလရှည်အထူးသံတမန် ခန့်အပ်ရန် အာဆီယံ စဉ်းစားနေ အာဆီယံအဖွဲ့အနေဖြင့် မြန်မာနိုင်ငံအတွက်ကာလရှည် အထူးသံတမန်တစ်ဦး ခန့်အပ် တာဝန်ပေးရန်စဉ်းစားနေကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီ ယာထရီ ဆာလာ ဇာရိုကဂျပန် အခြေစိုက် နစ်ကိုင်းအေးရှား သတင်းစာနှင့် ပြုလုပ်ခဲ့သော တွေ့ဆုံ မေးမြန်း ခန်း၌ ထုတ်ဖော်ပြောကြားထားသည်။ လက်ရှိစနစ်အရ မိမိကဲ့သို့သော မြန်မာနိုင်ငံဆိုင်ရာအထူးသံတမန်ကို အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ရယူထားသော အစိုးရများကသာ ခန့်အပ်လေ့ရှိကြောင်း၊သို့ရာတွင် အာဆီယံ အနေဖြင့် ကာလရှည်တာဝန်ယူရမည့်မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ခန့်အပ်ရေးအတွက် စဉ်းစားနေပြီဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးကပြောကြားသည်။ ဖိလစ်ပိုင်နိုင်ငံသည် အာဆီယံ၏ ယခုနှစ်အလှည့်ကျ ဥက္ကဋ္ဌ နိုင်ငံဖြစ်ပြီး သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာကနိုင်ငံခြားရေးဝန်ကြီး လာဇာရိုကို အလှည့်ကျဥက္ကဋ္ဌ၏မြန်မာနိုင်ငံ ဆိုင်ရာ အထူးသံတမန်အဖြစ် ရွေးချယ်ခန့်အပ်ခဲ့သည်။ ၂၀၂၅ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ရာထူးရယူခဲ့သော မလေးရှားနိုင်ငံကမူ အလှည့်ကျ ဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် ဝါရင့်သံတမန် တန် ဆာရီအော့မင် ဟာရှင်ကို ခန့်အပ်ခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံခြားရေး ဝန်ကြီး လာဇာရိုသည်အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူးသံတမန်တာဝန်ကို ရယူခဲ့ပြီးနောက်ပိုင်းဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် မြန်မာအစိုးရထိပ်တန်းခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးဖြစ်သည်။ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ၏ အထူးသံတမန်ဖြစ်သည့် မိမိအနေဖြင့် မြန်မာ့နိုင်ငံရေး ပြဿနာကို ဖြေရှင်းရေးအတွက် ကြိုးပမ်းရာတွင် အားလုံး၏အသံများကို နားထောင် ရမည်ဖြစ်ကြောင်း ဖိလစ်ပိုင် န်ိုင်ငံခြားရေးဝန်ကြီးက နစ်ကိုင်းအေးရှားသတင်းစာသို့ ထုတ်ဖော်ပြောကြားထားသည်။ သတင်း-ဗျည်းနွဲ့ ကိုးကား-နစ်ကိုင်းအေးရှား #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

photo content

◾️ဆော်ဒီအာရေဗျနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး မောင်းသူမဲ့လေယာဉ်များဖြင့် တိုက်ခိုက်ခံရ ဆော်ဒီအာရေဗျနိုင်ငံ ရီယဒ်မြို့ရှိ အမေရိကန်သံရုံးကို အီရန်နိုင်ငံကမောင်းသူမဲ့လေယာဉ် နှစ်စင်းဖြင့် တိုက်ခိုက်ခဲ့ရာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး သံရုံးအဆောက်အအုံ အနည်းငယ် ပျက်စီးခဲ့ရကြောင်း ဆော်ဒီအာရေဗျ ကာကွယ်ရေးဝန်ကြီးဌာနက မတ် ၃ ရက်တွင် သတင်းထုတ်ပြန်ထားသည်။ အမေရိကန်ပြည်ထောင်စုနှင့် အစ္စရေးတို့၏ စစ်ရေးတိုက်ခိုက်မှုများကို တုံ့ပြန်သည့် အနေ ဖြင့် အီရန်နိုင်ငံက ပင်လယ်ကွေ့အာရပ်နိုင်ငံများကို ဒုံးကျည်များ၊ မောင်းသူမဲ့ လေယာဉ် များနှင့် တိုက်ခိုက်နေချိန်တွင် ရီယဒ်မြို့တော်ရှိ အမေရိကန်သံရုံးလည်း တိုက်ခိုက်ခံခဲ့ရ ခြင်းဖြစ်သည်။ အမေရိကန်သံရုံး မောင်းသူမဲ့လေယာဉ်များဖြင့် တိုက်ခိုက်ခံခဲ့ရမှုကြောင့် ထိခိုက်ဒဏ်ရာ ရသူမရှိခဲ့ကြောင်း ဆော်ဒီအာရေဗျ ကာကွယ်ရေးဝန်ကြီးဌာနသတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ အမေရိကန်သံရုံးအတွင်း နံနက်ပိုင်း လူသူရှင်းနေချိန်တွင် အီရန်မောင်းသူမဲ့လေယာဉ်များ၏ တိုက်ခိုက်မှုနှင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။ဆော်ဒီအာရေဗျနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး သည် ပြည်ပသံရုံးများကိုလက်ခံနေရာပေးထားသော ရီယဒ်မြို့တော် သံတမန်ရပ်ကွက်၌ တည်ရှိသည်။ အမေရိကန်ပြည်ထောင်စုနှင့် အစ္စရေးတို့၏ ဖေဖော်ဝါရီ ၂၈ ရက် လေကြောင်း တိုက်ခိုက်မှု များကြောင့် ရှီးယိုက်စ်ဘာသာရေးခေါင်းဆောင် အယာတိုလာအလီခါမေနီ သေဆုံးခဲ့ရပြီး နောက် အီရန်နိုင်ငံက အမေရိကန်စစ်စခန်းများအားလက်ခံနေရာပေးထားသော ပင်လယ် ကွေ့အာရပ်နိုင်ငံများကို ဒုံးကျည်များ၊မောင်းသူမဲ့လေယာဉ်များဖြင့် တုံ့ပြန်တိုက်ခိုက် လျက်ရှိသည်။ ရီယဒ်မြို့အမေရိကန်သံရုံး တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဌာနနှင့် ဆော်ဒီအစိုးရတို့က တစ်စုံတစ်ရာထုတ်ဖော်ပြောကြားခြင်းမရှိသေးပေ။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

photo content

◾️ခရမ်းမြို့နယ်နေ ကလေးငါးဦးမိခင်ပျောက်ဆုံးနေ ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်တွင်နေထိုင်သည့် အသက်(၃၁) နှစ်အရွယ်ရှိအမျိုးသမီးတစ်ဦးပျောက်ဆုံးနေသည်မှာ ရက်သတ္တနှစ်ပတ်ကြာရှိပြီဖြစ်ကြောင်း ၎င်း၏ခင်ပွန်းဖြစ်သူကစံတော်ချိန်ဒစ်ဂျစ်တယ်သို့ ပြောသည်။ ပျောက်ဆုံးသူမှာ အသက်(၃၁) နှစ်အရွယ်ရှိဒေါ်နှင်းအိဖြိုး (ခ) ချစ်စုမဖြစ်ပြီး ကလေးငါးဦး၏မိခင်ဖြစ်ကြောင်း၊ ခရမ်းမြို့နယ် အမှတ်(၁၀)ရပ်ကွက်နေထိုင်သူ ဖြစ်ကြောင်းသိရသည်။ ၎င်းသည်ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၄ ရက်၊ နံနက် ၈ နာရီခန့်တွင် စျေးဝယ်ရန်ထွက်သွားရာမှ ယနေ့(မတ် ၃ ရက်) အထိနေအိမ်သို့ပြန်လည်ရောက်ရှိလာခြင်းမရှိကြောင်း ခင်ပွန်းဖြစ်သူကပြောသည်။ “စျေးခဏသွားမယ်ဆိုပြီးထွက်သွားတာ။ သူ့မှာဖုန်းလည်းပါမသွားဘူး။ ကျွန်တော်တို့လင်မယားချင်း လည်းအဆင်ပြေပါတယ်။ ရန်လည်းမဖြစ်ပါဘူး။ သူသွားတတ်တာဆိုလို့ မင်္ဂလာဒုံ၊ ဝါယာလက်ဘက်ပဲ ရှိတာ။ ကျန်တာလည်းမသွားတတ်ဘူး။ ကလေးတွေကဝမ်းနည်းပြီး အတော်နေမကောင်းဖြစ်နေကြ တာ။ သုံးလကလေးလည်းအမေမရှိတော့ နေမကောင်းဖြစ်နေတာ။ ကျေးဇူးပြုပြီးကူညီပေးကြပါ။ တွေ့တဲ့လူအမြန်ဆုံးဆက်သွယ်အကြောင်းကြားပေးကြပါ” ဟု ၎င်းကစံတော်ချိန်ဒစ်ဂျစ်တယ်သို့ ပြောသည်။ ပျောက်ဆုံးသူ ဒေါ်နှင်းအိဖြိုး (ခ) ချစ်စုမအားတွေ့ရှိပါက ဆက်သွယ်ပေးရန်နှင့် လက်ခံထားရှိပါက မိသားစုထံပြန်လည်ပို့ဆောင်ပေးရန် မိသားစုဝင်များကမေတ္တာရပ်ခံထားသည်။ သတင်း - အင်ကြင်း ဓာတ်ပုံ - ပျောက်ဆုံးသူဒေါ်နှင်းအိဖြိုး (ခ) ချစ်စုမ #ပြည်တွင်းသတင်း

photo content

◾️တောင်အာဖရိကကမ်းလွန်၌ ဆွဲသင်္ဘောနစ်မြုပ်၊ တစ်ဦးသေဆုံး၍ ငါးဦးပျောက်ဆုံးနေ တောင်အာဖရိကနိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းကမ်းလွန်ရေပြင်အတွင်း မတ် ၁ ရက်က ဆွဲသင်္ဘောတစ်စင်း နစ်မြုပ်ခဲ့ရာ ရေယာဉ်ဝန်ထမ်းတစ်ဦးသေဆုံး၍ငါးဦး ပျောက်ဆုံး နေကြောင်း သိရသည်။ လီယိုအမည်ရှိ အဆိုပါ ဆွဲသင်္ဘောသည်ဖေဖော်ဝါရီ၂၈ ရက်တွင် အရေးပေါ် သတင်းပေး ပို့ချက်တစ်ရပ် ပေးပို့ခဲ့ပြီးနောက် နစ်မြုပ်ခဲ့ရခြင်းဖြစ်ကြောင်း တောင်အာဖရိက တာဝန်ရှိ သူများက ပြောကြားသည်။ လီယို ဆွဲသင်္ဘောသည် အနောက်ကိပ်ပြည်နယ် ကမ်းရိုးတန်းနှင့် ရေမိုင် ၈၀ ခန့်အကွာ ရေပြင်အတွင်း နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း တောင်အာဖရိကရှာ ဖွေကယ်ဆယ်ရေး အေဂျင်စီက သတင်းထုတ်ပြန်ထားသည်။ လီယိုသင်္ဘောက ဖေဖော်ဝါရီ ၂၈ ရက်တွင်ပေးပို့ခဲ့သော အရေးပေါ် သတင်းပေးပို့ချက်အရ အဆိုပါသင်္ဘောအနေဖြင့် ရေဒလဟောဝင်ရောက်မှု ပြဿနာနှင့် ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။ လီယိုဆွဲသင်္ဘောပေါ်တွင် ရေယာဉ်ဝန်ထမ်း၁၈ ဦးအထိ လိုက်ပါလာပြီး အသက်ရှင်သူ ၁၂ ဦးရှိခဲ့ကြောင်း တောင်အာဖရိကတာဝန်ရှိသူများကပြောကြားသည်။ လက်ရှိအချိန်တွင် ရာသီဥတုအခြေအနေဆိုးရွားနေသော်ငြား ပျောက်ဆုံးနေသူ ရေယာဉ် ဝန်ထမ်းငါးဦးကို ဆက်လက်ရှာဖွေနေဆဲ ဖြစ်ကြောင်း ရှာဖွေကယ်ဆယ်ရေး အေဂျင်စီက သတင်းထုတ်ပြန်ထားသည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

photo content

‎◾️အိန္ဒိယ၌ ဖောက်ခွဲရေးပစ္စည်းထုတ်လုပ်မှုစက်ရုံ ပေါက်ကွဲမှုဖြစ်ပွား အိန္ဒိယနိုင်ငံ အနောက်ပိုင်း မဟာရက်ရှ်တြပြည်နယ်ရှိ ဖောက်ခွဲရေးပစ္စည်းထုတ်လုပ်မှု စက်ရုံတစ်ရုံ၌ မတ် ၁ ရက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာအနည်းဆုံး ၁၇ ဦး သေဆုံး၍ ၁၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဖောက်ခွဲရေးပစ္စည်းထုတ်လုပ်မှု စက်ရုံပေါက်ကွဲမှုအတွင်း အများအပြားသေဆုံး ဒဏ်ရာ ရရှိခဲ့သည့်အတွက် မိမိအနေဖြင့် အလွန်တရာဝမ်းနည်းမိကြောင်း အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာမိုဒီက လူမှုမီဒီယာစာမျက်နှာပေါ်တွင် ရေးသားထားသည်။ ဖောက်ခွဲရေး ပစ္စည်းထုတ်လုပ်မှု စက်ရုံ ပေါက်ကွဲမှုသည် ပြည်နယ်မြို့တော် မွမ်ဘိုင်းနှင့် ကီလိုမီတ၈၀၀ အကွာရှိ နာဂပူရမြို့၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း မဟာရက်ရှ်တြ ပြည်နယ်တာဝန်ရှိသူများက ပြောကြားထားသည်။ စက်ရုံပေါက်ကွဲမှုနှင့် ပတ်သက်၍ နောက်ခံအကြောင်းတရားကို စုံစမ်းစစ်ဆေးမည် ဖြစ်ကြောင်းမဟာရက်ရှ်တြပြည်နယ် ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ထားသည်။ လက်ရှိ အချိန်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သောစက်ရုံ၌ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို တာဝန်ရှိသူများက လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။ဖေဖော်ဝါရီ ၂၈ ရက်ကလည်း အိန္ဒိယနိုင်ငံအရှေ့တောင်ပိုင်းရှိ မီးရှူးမီးပန်းစက်ရုံတစ်ရုံ၌ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူပေါင်း ၂၁ ဦး သေဆုံးခဲ့ရသည်။ လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေး စည်းမျဉ်းများလိုက်နာမှု အားနည်းခြင်းကြောင့် အိန္ဒိယနိုင်ငံ၌စက်မှုလုပ်ငန်း မတော်တဆမှုများ မကြာခဏ ဖြစ်ပွားတတ်သည်။ ပြီးခဲ့သည့်နှစ်ကလည်း အိန္ဒိယနိုင်ငံ အနောက်ပိုင်း၌ မီးရှူးမီးပန်းစက်ရုံ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားရာလူပေါင်း ၂၁ ဦး သေဆုံးခဲ့ရသည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

photo content