ru
Feedback
The Standard Time Digital

The Standard Time Digital

Открыть в Telegram

The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.

Больше
Страна не указанаКатегория не указана
279
Подписчики
Нет данных24 часа
+47 дней
+2830 день
Архив постов
ဆိုလာပြားမှတစ်ဆင့် အသုံးပြုသောမီးပလတ်ခုံ အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွား ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် အနောက်လယ်ကုန်းရပ်ကွက
ဆိုလာပြားမှတစ်ဆင့် အသုံးပြုသောမီးပလတ်ခုံ အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွား ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် အနောက်လယ်ကုန်းရပ်ကွက်နယ်မြေ(၁၄)တွင် ဆိုလာပြားမှတစ်ဆင့် အသုံးပြုသော မီးပလတ်ခုံအပူလွန်ကဲ၍ နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့သည်။ ဇွန် ၇ ရက် နံနက် ၉ နာရီ ၃၅မိနစ်က မြစ်ကြီးနားမြို့နယ် အနောက်လယ်ကုန်းရပ်ကွက် နယ်မြေ(၁၄)အိမ်အမှတ်(...)တွင်နေအိမ်မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ပြည်နယ်မီးသတ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦးဦးဆောင်၍ သန္ဓေ^အရန်တပ်ဖွဲ့ဝင် စုစုပေါင်း ၄၀၊ မြစ်ကြီးနားမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ရေသယ်ယာဉ်လေးစီး၊ လယ်ကုန်းနယ်မြေမီးသတ်စခန်းမှရေသယ်ယာဉ်တစ်စီး၊ ကျွန်းပင်သာရပ်ကွက် အရန်မီးသတ်မှ ရေသယ်ယာဉ် တစ်စီး၊ စုစုပေါင်း ခုနစ်စီးဖြင့်ထွက်ခွာငြှိမ်းသတ်ခဲ့သည်။ ဖြစ်စဉ်မှာ မြစ်ကြီးနားမြို့နယ် အနောက်လယ်ကုန်းရပ်ကွက် နယ်မြေ (၁၄)ရှိ (၂၇_၁၈)ပေ၊ သွပ်မိုး၊ ထရံကာ၊ပျဉ်ခင်းနှစ်ထပ် လူနေအိမ်အပေါ်ထပ်ရှိ အိပ်ခန်းအတွင်းဆိုလာပြားမှတစ်ဆင့် အသုံးပြုသော မီးပလတ်ခုံ အပူလွန်ကဲရာမှ အနီးရှိ ဝါးထရံသို့ မီးစတင်ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ သတင်း-ဇော်ကိုထက် ဓာတ်ပုံ-MFSD #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

photo content

မြန်မာယူ -၁၅ ပြိုင်ပွဲတွင် အသက်စစ်ဆေးမှုအတွက် MFF က Biometric စနစ် စတင်ကျင့် သုံးမည် မြန်မာ့လူငယ်ဘောလုံးပြိုင်ပွဲများတွင် အငြင်းပွားစရာမဖြစ်စေရန်MFF U-၁၅ ပြိုင်ပွဲတွင် အသက်စစ်ဆေးမှုအတွက် Biometric စနစ်စတင် ကျင့်သုံးနေပြီဖြစ်ကြောင်းမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF)မှ သိရသည်။ မြန်မာ့လူငယ်ဘောလုံးပြိုင်ပွဲများ၌ အငြင်းပွားစရာ ဖြစ်ခဲ့ရသည့်အသက်ကျော်ကစားသမား ပြဿနာနှင့် လူစားလဲကစားသည့် ကိစ္စများကိုမပြုလုပ်နိုင်ရန်အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF)က နည်းပညာမြင့်စနစ်တစ်ခုကို ပထမဆုံးအကြိမ် စတင်အသုံးပြုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ ယခုနှစ်ပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်မည့်ကလပ်အသင်း (၂၀)၏ကစားသမားအချက်အလက်များကို ကွန်ပျူတာ Data Base ထဲတွင် ကြိုတင်ထည့်သွင်းထားပြီးဖြစ်ကြောင်းနှင့် အသက်စစ်ဆေးစဉ်တွင် လက်ဗွေ (Fingerprint)ကိုပါ မှတ်ပုံတင်ယူထားခြင်းကြောင့် လူစားလဲကစားခြင်းမျိုး လုံး၀(လုံး၀) ပြုလုပ်၍ရတော့မည်မဟုတ်ဟု MFF က အသိပေးထားသည်။ သုဝဏ္ဏဘောလုံးကွင်းအတွင်း ဇွန် ၄ ရက်နှင့် ၅ ရက်၌ ပြုလုပ်ခဲ့သည့် MFF Royal-D U15 League (Yangon Zone)ပြိုင်ပွဲအတွက် အသက် စစ်ဆေးမှုတွင်ကစားသမားများကို Biometric Registration system (လူမှန်၊ မမှန် လက်ဗွေနှိပ်မှတ်ပုံတင်သည့်စနစ်)ဖြင့် စနစ်တကျစတင်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့စစ်ဆေးခြင်းကြောင့် လူစားလဲကစားနိုင်သည့် အခြေအနေ လုံး၀မဖြစ်နိုင်တော့သည့်အပြင် နောက်ပိုင်းတွင် အသက်အရွယ်အလိုက် လူငယ်ပြိုင်ပွဲများ ဆက်လက်ကစားသည့်အခါတွင်လည်း အသက်အရွယ် မှန်၊ မမှန်ကို အချိန်မရွေး အလွယ်တကူ ပြန်လည်တိုက်ဆိုင်စစ်ဆေးနိုင်မည်ဖြစ် ကြောင်းသိရသည်။ သတင်း-ဇော်ကိုထက် ဓာတ်ပုံ-MFF #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

photo content

အယုဒ္ဓယရှိ အာရှလမ်းတွင် အထောက်အထားမဲ့မြန်မာအလုပ်သမား ခုနစ်ဦး ဖမ်းဆီးခံရ ထိုင်းနိုင်ငံအလယ်ပိုင်း အယုဒ္ဓယခရိုင် ဘန်မိုင်ရပ်ကွက် အာရှလမ်းမပေါ်တွင် ဇွန် ၈ ရက်က ကားပေါ်လိုက်ပါလာသည့် အထောက်အထားမဲ့မြန်မာအလုပ်သမား ခုနစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြချက်အရ သိရသည်။ အယုဒ္ဓယအဝေးပြေးရဲတပ်ဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့များသည်တရားမဝင်လုပ်သားများကို လျှို့ဝှက်သယ်ဆောင်လာမည်ဟု ကြိုတင်သတင်းအရ စောင့်ဆိုင်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။ အာရှလမ်းမပေါ်မှာ တိုယိုတာ ဗန်ကားတစ်စီးကိုစစ်ဆေးခဲ့ပြီး ကားအတွင်းတွင် နိုင်ငံကူးလက်မှတ်နှင့် အထောက်အထားစာရွက်စာတမ်းတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိသည့် မြန်မာအလုပ်သမား ခုနစ်ဦးကိုတွေ့ရှိခဲ့ရာ မြန်မာအလုပ် သမားများနှင့်အတူ အသက် (၃၁) နှစ်အရွယ် ထိုင်းယာဉ်မောင်းကိုပါ ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ရဲတပ်ဖွဲ့က ထိုင်းယာဉ်မောင်းကို တရားမဝင်နိုင်ငံခြားသား သယ်ယူပို့ဆောင်ခြင်း ပြစ်မှုဖြင့် အမှုဖွင့်ခဲ့ထားပြီး မြန်မာအလုပ်သမား ခုနစ်ဦးကို ခွင့်ပြုချက်မရှိဘဲ ထိုင်းနိုင်ငံအတွင်း ဝင်ရောက်နေထိုင်ခြင်းဖြင့် အမှုဖွင့်ကာ မဟာရတ်ရဲစခန်းထံလွှဲပြောင်းခဲ့ကြောင်း သိရသည်။ သတင်း-ဇော်ကိုထက် ဓာတ်ပုံ-ထိုင်းရဲတပ်ဖွဲ့ #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

photo content

◾️ရုရှားသူဌေးကြီး အေဘရာမိုဗစ် ကိဗ်သို့ လာရောက်ခဲ့ကြောင်း ဇီလန်စကီးပြော ရုရှားလုပ်ငန်းရှင်သူဌေးကြီး ရိုမန်အေဘရာမိုဗစ်က ၎င်းကို ကိဗ်မြို့တွင် တွေ့ဆုံကာ ငြိမ်းချမ်းရေးအလားအလာအပေါ် ကရင်မလင်သို့ သတင်းစကားဆောင်ယူ သွားမည်ဟု ကမ်းလှမ်းခဲ့ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလန်စကီးက ယမန်နေ့တွင် ပြောကြားသည်။ သို့သော် ယူကရိန်းက နိုင်ငံအရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသကို စွန့်လွှတ်သွားမည် မဟုတ်ကြောင်း ၎င်းက အလေးအနက်ပြောခဲ့သည်ဟု ဇီလန်စကီးက ဆိုသည်။ “သူ ကိဗ်မြို့ကို ရောက်လာပါတယ်။ ကျွန်တော်က ခင်ဗျားဆီကို တိုက်ရိုက် သတင်းစကားပါးနေတာပါ။ နောက်ပြီး ခင်ဗျားရဲ့ သတင်းစကားကို ယူဆောင်ပြီး (ရုရှားသမ္မတ) ပူတင်ဆီပို့ပေးမှာပါလို့ သူက ပြောပါတယ်” ဟု ဇီလန်စကီး က ပြောသည်။ ယင်းကို ပြည်သူလူထုကို ထုတ်မပြောဘဲ တိုးတိုး တိတ်တိတ် သတင်းစကား ဖြစ်ရမည်ဟုလည်း မိုဗစ်က ပြောကြားခဲ့သည်ဟု ယူကရိန်းသမ္မတက ဆိုသည်။ ၎င်းတို့ နှစ်ဦး တွေ့ဆုံမှုသည် လျှို့ဝှက်မှု မဟုတ်ကြောင်းနှင့် ကိဗ်ကလုပ်ဆောင်ရန် အသင့်ရှိသည့်အရာကို မော်စကို က သိချင်နေသည်ဟု ဇီလန်စကီး က ဆက်ပြောသည်။ “ကျွန်တော် ပြောလိုက်တယ်။ ပြဿနာက ကျွန်တော်တို့ကြောင့် မဟုတ်ဘူး။ ခင်ဗျားတို့က ကျနော်တို့ကို ကျနော်တို့မြေပေါ်မှာ လာတိုက်နေတာ။ ဒွန်ဘတ်စ်ဒေသအကြောင်းကို ကျွန်တော်ပြောလိုက်ပါတယ်။ ဒါက အဓိက သတင်းစကားပါ။ ကျွန်တော်တို့ မထွက်ဘူး။ ကျွန်တော်တို့ ပိုင်နက်ကနေ ကျွန်တော်တို့ မထွက်ဘူး။ အဲဒီလို ပုံစံမျိုးနဲ့ ခင်ဗျားတို့ကို အနိုင်မပေးဘူး။ ခင်ဗျားတို့ ဒွန်ဘတ်စ်ကို ရမှာ မဟုတ်ဘူး လို့ ပြောလိုက်ပါတယ်” ဟု ဇီလန်စကီးက ပြောသည်။ ချယ်လ်ဆီးဘောလုံးအသင်းပိုင်ရှင်ဟောင်း အေဘရာမိုဗစ်သည် ၂၀၂၂ ခုနှစ်တွင် ယူကရိန်းအား ကျူးကျော်မှုကြောင့် ရုရှားအပေါ် ချမှတ်ထားသော တားဆီးပိတ်ဆို့မှုများတွင် ပါဝင်သူတစ်ဦးဖြစ်သည်။ အေဘရာမိုဗစ်သည် ရုရှားကျူးကျော်မှုဖြစ်ပြီး ပထမသီတင်းပတ်အနည်းငယ်တွင် ပြုလုပ်ခဲ့သည့် မအောင်မြင်သော နှစ်နိုင်ငံ ဆွေးနွေးပွဲများနှင့် ပင်လယ်နက်မှ နှံစားသီးနှံများ တင်ပို့ခွင့်ညှိနှိုင်းမှုများတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သော်လည်း နောက်ပိုင်းတွင် မြင်တွေ့ရမှုနည်းပါးခဲ့သည်။ ဒိုနက်စ်နှင့်လူဟန့်စ် ပြည်နယ်နှစ်ခုပါဝင်သော ဒွန်ဘတ်စ်ဒေသကို ယူကရိန်းက စွန့်လွှတ်သည့်အချိန်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ပူတင်က ကြုံးဝါးထားပြီး ဇီလန်စကီးကလည်း ၎င်းပြည်နယ်နှစ်ခုနှင့် ၎င်းတို့တွင်နေထိုင်သော ယူကရိန်းနိုင်ငံသားများကို စွန့်လွှတ်သွားမည်မဟုတ်ကြောင်း အခိုင်အမာပြောသည်။ သတင်း-ရဲမင်း ကိုးကား-Reuters

photo content

◾️တန့်ယန်း၌မြေပြို၊ အမျိုးသမီးတစ်ဦးမြေထိန်းနံရံပိသေဆုံး ‎ ‎ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ တန့်ယန်းမြို့နယ်ရှိ ရပ်ကွက်(၆) တွင် မိုးသည်းထန်စွာရွာ သွန်းခြင်းကြောင့်မြေပြိုမှုဖြစ်ပွားပြီး အမျိုးသမီးတစ်ဦးသေဆုံးကြောင်း တန့်ယန်းအရန်မီးသတ်စခန်းထံမှသိရသည်။ ‎ ‎ယနေ့(ဇွန် ၈ ရက်) နံနက် ၇ နာရီ ၃၀ မိနစ်တွင် ရပ်ကွက်(၆)၊ အုပ်စု(၅)ရှိ နေအိမ်အနီးတွင် မြေပြိုမှု ဖြစ်ပွားရာ နေအိမ်၏ဝဲဘက်အခန်းပေါ်သို့မြေများပြိုကျပြီး အိပ်ခန်းအတွင်းအိပ်ပျော်နေသည့် အမျိုးသမီးပေါ်သို့ပိမီပြီးသေဆုံးခြင်းဖြစ်ကြောင်းသိရသည်။ ‎ ‎"သူတို့ရဲအနောက်မှာ ၁၅ ပေလောက်မြင့်တဲ့မြေထိန်းနံရံတစ်ခုရှိတယ်။ သူတို့ အိမ်ကအဲဒီမြေထိန်းနံရံ ထက်နိမ့်တယ်။ မြေထိန်နံရံအောက်ကမြေပြိုတော့ နံရံလည်းပြိုကျပြီး အမျိုးသမီးအခန်းပေါ်ကိုကျပြီး အခန်းပါပြိုတော့ သူ့ကိုပိပြီးသေဆုံးတာပါ " ဟု တန့်ယန်းအရန်မီးသတ်စခန်းမှတာဝန်ရှိသူတစ်ဦးက ပြောသည်။ ‎ ‎သေဆုံးသူမှာ အသက်(၄၉) နှစ်အရွယ်ရှိပြီဖြစ်ပြီး ၎င်း၏ရုပ်အလောင်းအား တန့်ယန်းအရန်မီးသတ်စခန်းမှ တန့်ယန်းမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။ ‎ ‎သတင်း - ပိုင်လေး ‎ဓာတ်ပုံ - MFSD

photo content

◾️ဟန်ဆုန်ဆော့ခ်ကို ဝန်ကြီးချုပ်သစ်အဖြစ်သမ္မတလီဂျေးမြောင် အမည်စာရင်းတင်သွင်း တောင်ကိုရီးယားသမ္မတလီဂျေးမြောင်သည်အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဆိုင်ရာဝန်ကြီး ဟန်ဆုန်ဆော့ခ်ကို ဝန်ကြီးချုပ်သစ်အဖြစ်အမည်စာရင်းတင်သွင်းထားကြောင်း တောင်ကိုရီးယားသမ္မတရုံးက ဇွန် ၇ရက်တွင် သတင်းထုတ်ပြန်ထားသည်။ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဆိုင်ရာဝန်ကြီးဟန်ဆုန်ဆော့ခ်အား တောင်ကိုရီးယား ဝန်ကြီးချုပ်သစ်အဖြစ် သမ္မတလီဂျေးမြောင်က အမည်စာရင်းပေးသွင်းထားရာ တောင်ကိုရီးယား အမျိုးသားလွှတ်တော်က အတည်ပြုပေးရမည်ဖြစ်သည်။ တောင်ကိုရီးယား အမျိုးသားလွှတ်တော်၏ ဝန်ကြီးချုပ်သစ်အဖြစ်အတည်ပြုချက်ရရှိခဲ့ပါက ဟန်ဆုန်ဆော့ခ်သည် တောင်ကိုရီးယားနိုင်ငံအတွက်နှစ်ပေါင်း ၂၀ တာကာလအတွင်း ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် ဖြစ်လာလိမ့်မည်ဖြစ်သည်။ လွှတ်တော်၏ အတည်ပြုချက် ရရှိချိန်တွင် ဟန်ဆုန်ဆော့ခ်သည် လီဂျေးမြောင်အစိုးရအဖွဲ့၏ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် ဖြစ်လာလိမ့်မည်ဖြစ်သလိုတောင်ကိုရီးယားနိုင်ငံ၏ ဒုတိယမြောက် အမျိုးသမီးဝန်ကြီးချုပ်အဖြစ်လည်း ရပ်တည်ခွင့်ရမည်ဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံ၏ ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်မှာ ဟန်မြောင်ဆော့ခ်ဖြစ်ပြီး ၂၀၀၆ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ ဝန်ကြီးချုပ်ရာထူး ရယူခဲ့ဖူးသည်။ ကိုးကား-ရိုက်တာ

photo content

◾️ရုရှားနှင့် ယူကရိန်း စစ်သုံ့ပန်းချင်း အပြန်အလှန်ဖလှယ်မှု ပြုလုပ် ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့သည်စစ်သုံ့ပန်းချင်း အပြန်အလှန်ဖလှယ်မှု တစ်ရပ်ပြုလုပ်ခဲ့ရာ နှစ်ဖက်စလုံးက စစ်သုံ့ပန်း ၁၈၅ ဦးစီ ပြန်လွှတ်ပေးခဲ့ကြောင်း နှစ်နိုင်ငံတာဝန်ရှိသူများကဇွန် ၆ ရက်တွင် အတည်ပြုသတင်းထုတ်ပြန်ထားသည်။ အဆိုပါ စစ်သုံ့ပန်းချင်း အပြန်အလှန်ဖလှယ်မှုကို ဇွန် ၅ ရက်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီးရုရှားနိုင်ငံမှ ပြန်လည်လွတ်မြောက်လာသောစစ်သုံ့ပန်းများထဲတွင် ၂၀၂၂ ခုနှစ်နောက်ပိုင်းရုရှားတပ်များက ဖမ်းဆီးခဲ့သူ အများစု ပါဝင်လာကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးက ၎င်း၏လူမှုမီဒီယာစာမျက်နှာပေါ်တွင် ရေးသားထားသည်။ ဇွန် ၅ ရက် စစ်သုံ့ပန်းချင်း အပြန်အလှန်ဖလှယ်မှုတွင် ရုရှားနိုင်ငံက အရပ်သား တစ်ဦးကိုလည်း ပြန်လွှတ်ပေးခဲ့ကြောင်း ယူကရိန်းသမ္မတဇီလန်စကီးက ထုတ်ဖော်ပြောကြားထားသည်။ ဇွန် ၅ ရက် စစ်သုံ့ပန်းချင်း အပြန်အလှန်ဖလှယ်မှုသည် ယခုနှစ် မေလအစောပိုင်းတွင် ရယူခဲ့သော သုံးရက်ကြာ အပစ်အခတ်ရပ်စဲရေး အစီအစဉ်အရ ရုရှားနှင့် ယူကရိန်းတို့ ပြုလုပ်ခဲ့သည့်ဒုတိယမြောက် စစ်သုံ့ပန်းချင်း အပြန်အလှန်ဖလှယ်မှုဖြစ်သည်။ ရုရှားနှင့် ယူကရိန်းတို့သည် အမေရိကန်ပြည်ထောင်စု၏ ကြားဝင်မှုဖြင့် ယခုနှစ် မေလအစောပိုင်းတွင် အော်သိုဒေါ့ ခရစ်ယာန်ဘာသာဝင်များ၏ ခရစ္စမတ်ပွဲတော်ကာလအတွက်သုံးရက်ကြာ အပစ်အခတ်ရပ်စဲရေး ရယူခဲ့သည်။ အထက်ပါ သဘောတူညီချက်အရစစ်သုံ့ပန်း ၁၀၀၀ စီကို ပြန်လွှတ်ပေးရန် ရုရှားနှင့်ယူကရိန်းတို့က စီစဉ်ထားသည်။ ကိုးကား-ရိုက်တာ

photo content

◾️အီရန် ထပ်မံပစ်လွှတ်လိုက်သည့် ဒုံးကျည်ဒုတိယလှိုင်းကို တားဆီးနေကြောင်း အစ္စရေးပြော ယနေ့နံနက်တွင် အီရန်က ထပ်မံပစ်လွှတ်လိုက်သော ဒုံးကျည်လှိုင်းသစ်ကို ကြားဖြတ်တားဆီးရန် လုပ်‌ဆောင်နေကြောင်း အစ္စရေးကပြောကြားသည်။ ယင်းမတိုင်မီက နာရီပိုင်းကလည်း တီဟီရန်က အစ္စရေးကို ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့သည်။ အီရန်က ဒုံးကျည်များ ထပ်မံပစ်လွှတ်လိုက်သည်ကို ဖော်ထုတ်ထားကြောင်းနှင့် ခြိမ်းခြောက်မှုကို တားဆီးရန် လုပ်ဆောင်နေကြောင်း အစ္စ‌ရေးစစ်တပ်က တယ်လီဂရမ်ပေါ်တွင် ရေးသားပြီး အကာအကွယ်ယူကြရန် ပြည်သူလူထုကို တိုက်တွန်းထားသည်။ ယနေ့ နံနက်ပိုင်းတွင် ဂျေရုဆလင်မြို့၌ ပေါက်ကွဲမှု အနည်းဆုံးရှစ်ကြိမ်ကို အေအက်ဖ်ပီသတင်းသတင်းထောက်များက ကြားသိခဲ့ကြပြီး ဒေသခံများက ခိုလှုံရာနေရာများသို့ သုတ်သီးသုတ်ပြာ သွားရောက်နေကြစဉ် ကြားဖြတ်ပစ်ချမှု အနည်းဆုံးတစ်ကြိမ်ကိုလည်း ၎င်းတို့က မြင်တွေ့ခဲ့ကြသည်။ ထိခိုက်ဒဏ်ရာရသော သတင်းမကြားရကြောင်း အစ္စရေးအရေးပေါ်ဝန်ဆောင်မှု ပေးသူ မာဂန်ဒေးဗစ်အဒွန် က ပြောကြားသည်။ စောစောပိုင်းတွင် အီရန်အနောက်ပိုင်းနှင့် အလယ်ပိုင်းမှ စစ်ရေးပစ်မှတ်များကို အစ္စရေးကတိုက်ခိုက်ခဲ့ပြီး ယင်းသို့တိုက်ခိုက်မှုများ မလုပ်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု အား ပြောကြားခဲ့သည်ဆိုသော သတင်းများ ထွက်နေစဉ် အဆိုပါ တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း ရိုက်တာသတင်းက ဖော်ပြသည်။ အစ္စရေးနှင့်အီရန်ကြား ဖြစ်ပေါ်လာသော တိုက်ခိုက်မှုအသစ်များသည် တီဟီရန်နှင့် ၎င်းတို့အစိုးရကြားက ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ထိခိုက်မှုမရှိကြောင်း ဒေါ်နယ်ထရန့်က ပြောကြားပြီး အစ္စရေးဝန်ကြီးချုပ်က စစ်ပွဲကို စီမံနေသူ မဟုတ်ကြောင်းလည်း ပြောကြားသည်။ ဒေါ်နယ်ထရန့်က ဟန့်တားမှုများရှိနေသည့်ကြားမှ လက်ဘနွန်နိုင်ငံမြို့တော် ဘေရွတ်ကို အစ္စရေးက ယမန်နေ့တွင် တိုက်ခိုက်ခဲ့ခြင်းကို လက်တုံ့ပြန်၍ အီရန်က ယနေ့နံနက် စောစောပိုင်းတွင် အစ္စရေးအား ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။ အီရန်၏ စစ်ရေးပစ်မှတ်များကို တိုက်ခိုက်ခဲ့သည်ဟု နာရီအနည်းငယ်အကြာတွင် အစ္စရေးစစ်ဘက်က ပြောသည်။ လေကြောင်းမှပစ်လွှတ်သော ပဲ့ထိန်းဒုံးကျည်များဖြင့် အစ္စရေးက တိုက်ခိုက်ခဲ့သည်ဟု အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ က ပြောသည်။ သတင်း-ရဲမင်း ကိုးကား-Reuters

photo content

◾️အမေရိကန်၌ အပြန်အလှန်ပစ်ခတ်မှုများကြောင့် အနည်းဆုံး ၁၂ ဦး ဒဏ်ရာရ အမေရိကန်ပြည်ထောင်စုအိုဟိုင်းအိုးပြည်နယ် တိုလီဒိုမြို့၌ဇွန် ၆ ရက်က သေနတ်သမားနှစ်ဦးအကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၂ ဦးဒဏ်ရာများ ရရှိခဲ့ကြောင်း တိုလီဒိုရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။ ဇွန် ၆ ရက် သေနတ်ပစ်ခတ်မှုအတွင်း ဒဏ်ရာရရှိခဲ့သူများအနက်နှစ်ဦးမှာ အခြေအနေစိုးရိမ်ရကြောင်းရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်၌ဖော်ပြထားသည်။သေနတ် ပစ်ခတ်မှုအတွင်းဒဏ်ရာရရှိခဲ့သူများမှာ အသက်အရွယ်အားဖြင့် (၁၄)နှစ်နှင့် (၆၁)နှစ်အကြား ရှိသူများဖြစ်ကြကြောင်းရဲတပ်ဖွဲ့တာဝန်ရှိသူများက ပြောကြားသည်။ အဆိုပါ သေနတ်ပစ်ခတ်မှုသည် လူပေါင်းများစွာ ပါဝင်တက်ရောက်နေကြသော တိုလီဒိုမြို့ အစဉ် အလာပွဲတော်တစ်ခု၌ ဖြစ်ပွားခဲ့ရခြင်းဖြစ်သည်။ အခင်း ဖြစ်ပွားပြီးနောက်အပြန်အလှန်ပစ်ခတ်မှု ကျူးလွန်သူနှစ်ဦးမှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိ ရာ ၎င်းတို့ကို ဖမ်းဆီးရေးအတွက်ရဲတပ်ဖွဲ့က ကြိုးပမ်းနေကြောင်း သိရသည်။ တိုလီဒိုမြို့ သေနတ်ပစ်ခတ်မှုသည် ယခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စု၌ ဖြစ်ပွားခဲ့သော (၁၇၁)ကြိမ်မြောက် အစုအပြုံလိုက်သေနတ်ပစ်ခတ်မှုဖြစ်သည်။ အမေရိကန်ပြည်ထောင်စုသေနတ်ပစ်ခတ်အကြမ်းဖက်မှု စောင့်ကြည့်ရေးဝက်ဘ်ဆိုက်သည် အနည်း ဆုံး လူလေးဦးအထိ ဒဏ်ရာရရှိခဲ့သော သေနတ်ပစ်ခတ်မှုများကို အစုအပြုံလိုက် သေနတ်ပစ်ခတ် တိုက်ခိုက်မှုအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။ ကိုးကား-ရိုက်တာ

photo content

◾️တရုတ်သမ္မတရှီကျင်ပင်း၏ တရားဝင်ခရီးစဉ်မတိုင်မီနျူလက်နက်နိုင်ငံအဆင့် မြောက်ကိုရီးယား ထပ်လောင်းအတည်ပြု မြောက်ကိုရီးယား နိုင်ငံအနေဖြင့် နျူကလီးယားလက်နက်ပိုင်ရှင်နိုင်ငံအဖြစ် ရပ်တည်မှုအဆင့်ကို မည်သည့်အခါတွင်မျှ စွန့်လွှတ်မည်မဟုတ်ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် ကေစီအင်န်အေ သတင်းဌာနက ဇွန် ၇ ရက်တွင် သတင်း ထုတ်ပြန်ထားသည်။ နျူကလီးယား လက်နက်ပိုင်ရှင် နိုင်ငံအဖြစ် ရပ်တည် နိုင်မှုအဆင့်ကို မိမိတို့အနေဖြင့်မည်သည့်အခါတွင်မျှ လက်ခံမည်မဟုတ်သလို နျူကလီးယားလက်နက်များစွန့်လွှတ်ပေးရန် ခြိမ်းခြောက်မှုများကိုလည်း သည်းခံနေလိမ့်မည်မဟုတ်ကြောင်းမြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်း၏ ညီမကင်ယိုဂျောင်က ထုတ်ဖော်ပြောကြားထားသည်။ တရုတ်သမ္မတ ရှီကျင်ပင်း၏ ပြုံယမ်းခရီးစဉ်မတိုင်မီ တစ်ရက်အလို တွင်မြောက်ကိုရီးယားနိုင်ငံက ၎င်း၏ နျူကလီးယားလက်နက်ပိုင်ရှင် နိုင်ငံအဆင့်ကိုထပ်လောင်းအတည်ပြုခဲ့ခြင်းဖြစ်သည်။ တရုတ်သမ္မတရှီကျင်ပင်းသည် ပေကျင်းမြို့တော်၌ အမေရိကန်သမ္မတဒေါ်နယ်ထရန့်၊ ရုရှားသမ္မ တပူတင်တို့နှင့် ထိပ်သီးဆွေးနွေးပွဲများ ဆက်တိုက်ကျင်းပခဲ့ပြီး နောက် ဇွန် ၈ ရက်တွင် မြောက်ကိုရီးယားသို့ သွားရောက်ရန် စီစဉ်ထားသည်။ အဆိုပါခရီးစဉ်သည် တရုတ်သမ္မတရှီကျင်ပင်းအတွက် ခုနစ်နှစ်တာနီးပါးကာလအတွင်း ပထမဆုံး မြောက်ကိုရီးယားခရီးစဉ်ဖြစ်သည်။ပြီးခဲ့သည့်လအတွင်း ပေကျင်းမြို့တော်၌ ကျင်းပခဲ့သော ထိပ်သီး ဆွေးနွေးပွဲ၌ တရုတ်သမ္မတ ရှီကျင်ပင်းနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့ကမြောက်ကိုရီးယားနိုင်ငံ နျူကလီးယားလက်နက်ကင်းစင်ရေး ရည်မှန်းချက်အားထပ်လောင်းအတည်ပြုခဲ့သည်ဟူသော ပြောကြားချက်များမှာ မှန်ကန်မှု မရှိကြောင်း ကင်ယိုဂျောင်က ထုတ်ဖော်ပြောကြားထားသည်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း ကြေညာထားသကဲ့သို့ပင်မြောက်ကိုရီးယား နိုင်ငံ၏ နျူကလီးယားလက်နက်ပိုင်ရှင် နိုင်ငံအဆင့်အတန်းမှာပြောင်းလဲ၍ မရသော အရာဖြစ်ကြောင်း ကင်ယို ဂျောင်က ပြောကြားထားသည်။ ယခု သီတင်းပတ်အစောပိုင်းတွင်လည်း မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းသည် နျူ ကလီးယား လောင်စာထုတ်လုပ်ရေး စက်ရုံတစ်ရုံကို ဖွင့်လှစ်ခဲ့ပြီး နျူကလီးယားလက်နက်အင်အားတိုးချဲ့ရန် တိုက်တွန်းထားသည်။ သတင်း-ဗျည်းနွဲ့ ကိုးကား-ရိုက်တာ

photo content