ru
Feedback
The Standard Time Digital

The Standard Time Digital

Открыть в Telegram

The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.

Больше
Страна не указанаКатегория не указана
275
Подписчики
Нет данных24 часа
+17 дней
+2630 день
Архив постов
photo content

◾️ထိုင်းတွင် မြန်မာအလုပ်သမား၁၀၉ ဦး အလုပ်မှ ထုတ်ပယ်ခံရ ထိုင်းနိုင်ငံ လယောင်မြို့နယ်တွင် ဖေဖော်ဝါရီ ၁၈ ရက်က မြန်မာအလုပ်သမား ၁၀၉ ဦးအား စက်ရုံရှယ်ယာရှင်သူဌေးက အလုပ်မှ ထုတ်ပယ်ခဲ့သည့်အတွက် အကူအညီပေးနေကြောင်း WAG အဖွဲ့မှ သိရသည်။ လယောင်မြို့နယ် နိခွန်းဖတ် ထနာတွင်ရှိသော ခြေသုတ်ဖော့ဖျာထုတ်လုပ်သည့်စက်ရုံတွင်းရှိ ၎င်းအလုပ်သမားများအား အလုပ်မှ ထုတ်ပယ်ခဲ့ခြင်းဖြစ်ပြီးနယ်မြေခံ စဝပ်ဒီကန် အလုပ်သမား ရုံးတွင် ညှိနှိုင်းခဲ့ရာ အလုပ်သမား ၇၇ ဦးအားအလုပ်ပြန်ပေးမည်ဟု စက်ရုံသူဌေးဘက်က ပြောခဲ့ကြောင်း WAG အဖွဲ့မှ သိရသည်။ စဝပ်ဒီကန်ရုံးတွင် တိုင်ကြားခဲ့သည့် အလုပ်သမား ၇၇ ဦးအား အလုပ်ပြန်ပေးမည်ဟု အလုပ်ရှင် က တာဝန်ရှိလူကြီးများရှေ့တွင် ကတိပြုခဲ့ပြီးကြောင်းWAG အဖွဲ့မှသိရသည်။ သတင်း - ဇော်ကိုထက် ဓာတ်ပုံ- WAG #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

photo content

◾️တိုင်းဒေသကြီးနှင့် ပြည်နယ်ရှစ်ခုတွင်နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ် ရှစ်ခုတွင်နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကြောင်းဖေဖော်၀ါရီ ၂၀ ရက်က မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ရန်ကုန်တိုင်းဒေသကြီးအပါအဝင် နေပြည်တော်၊မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာ၀တီတိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့်ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း) တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာခိုင်နှုန်း ၆၀ ရှိကြောင်း ထုတ်ပြန်ချက် တွင်ထည့်သွင်းဖော် ပြထားသည်။ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသောအခြေအနေမှာ အီကွေတာအနီး အိန္ဒိယ သမုဒ္ဒရာနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေကြောင်း သိရသည်။ ဘင်္ဂလား ပင်လယ်အော် တောင်ပိုင်းတွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး ကပ္ပလီ ပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်ဖြစ်ထွန်းနေကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ သတင်း - ဇော်ကိုထက် ဓာတ်ပုံ- မိုးဇလ #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

photo content

◾️ထိုင်းမှ မြန်မာနိုင်ငံသား ၇၀ ကိုရနောင်းမှတစ်ဆင့် နေရပ်ပြန်ပို့ ထိုင်းနိုင်ငံ ရနောင်းမြို့ လူဝင်မှုကြီးကြပ်ရေးဌာနအချုပ်အတွင်းမှ လွတ်ရက်စေ့သည့် မြန်မာနိုင်ငံသား ၇၀(အမျိုးသား ၅၃ ဦးနှင့် အမျိုးသမီး ၁၇ ဦး)ကို ဖေဖော်ဝါရီ၁၉ ရက် နံနက်တွင် ပြန်လည်ပို့ဆောင်ခဲ့ကြောင်း ရနောင်းမြို့ လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်သည်။ ၎င်းတို့အား ရနောင်းအကောက်ခွန် ဆိပ်ခံတံတားမှတစ်ဆင့် ကော့သောင်းဘက်သို့ လွှဲပြောင်း ခဲ့ခြင်းဖြစ်ပြီး လွှဲပြောင်းခြင်းအခမ်းအနားတွင်ရနောင်းပြည်နယ် လူဝင်မှု ကြီးကြပ်ရေး ရဲတပ်ဖွဲ့မှူး၊ ရနောင်းပြည်နယ်ရှိ မြန်မာနိုင်ငံဆိုင်ရာ လက်ထောက် အလုပ်သမားသံမှူးနှင့် အေဂျင်စီ ကိုးခုမှ နိုင်ငံခြားသား အလုပ်သမားများ ပြန်လည် လက်ခံရေးကော်မတီဝင်တို့သည် မျက်မြင်သက်သေအဖြစ် တက်ရောက်ခဲ့ကြောင်း သိရသည်။ ထိုင်းလူဝင်မှုကြီးကြပ်ရေး အရာရှိများသည် မြန်မာနိုင်ငံသား ၃၅၀၀ကျော်ကို ရနောင်း– ကော့သောင်း နယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာနိုင်ငံဘက်သို့လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ သတင်း - ဇော်ကိုထက် ဓာတ်ပုံ- ထိုင်းရဲတပ်ဖွဲ့ #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

photo content

◾️သဘောတူညီချက်ယူရန် ၁၅ ရက်သာ အချိန်ပေးမည်ဟု အီရန်အား ထရန့် သတိပေး နျူကလီးယားအစီအစဉ်နှင့်ပတ်သက်၍ သဘောတူညီချက် ရယူရမည်ဖြစ် ကြောင်း သို့မဟုတ်ပါက ဆိုးကျိုးများ ဖြစ်လာနိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်အား သတိပေးလိုက်ပြီး အလွန်ဆုံး ၁၅ ရက် ခန့် သာ အချိန်ပေးမည်ဟု ပြောသည်။ ယင်းအပေါ်အမေရိကန်၏ ဒေသတွင်းစစ်စခန်းများကို တိုက်ခိုက်၍ လက် တုံ့ ပြန်သွားမည်ဟု အီရန်ကလည်း ပြန် လည် ခြိမ်းခြောက်ခဲ့သည်။ အရှေ့အလယ်ပိုင်းတွင် အမေရိကန်၏ ကြီးမားသော စစ်ရေးတည်ဆောက်မှုကြောင့် ကျယ်ပြန့်သော စစ်ပွဲဖြစ်လာ နိုင်ကြောင်း စိုးရိမ်မှုများ ဖြစ်ပေါ်နေချိန်မှာပင် အီရန်နှင့် ဆွေးနွေးမှုများ အဆင်ပြေခဲ့သည်ဟု ထရန့်က ပြောကြား သော် လည်း တီဟီရန်က အဓိပ္ပာယ်ပြည့်ဝသော သ ဘောတူညီချက်ရယူရန် ၎င်းကတိုက်တွန်းသည်။ “အဲလိုမှ မဟုတ်ရင် မကောင်းတာတွေ ဖြစ်လာပါလိမ့်မယ်။ လာမယ့် ၁၀ ရက်လောက်အတွင်းမှာ ခင်ဗျားတို့ သိလာပါလိမ့်မယ်” ဟု ဝါရှင်တန်မြို့တွင် ပြုလုပ်သည့် ပထမဆုံး ငြိမ်းချမ်းရေးဘုတ်အဖွဲ့ အစည်းအဝေးတွင် အီရန် ကိုတိုက်ခိုက်မည်ဟု အကြိမ်ကြိမ် ခြိမ်းခြောက်ခဲ့သော ထရန့်က ပြော ကြားသည်။ ၁၀ ရက်မှာ လုံလောက်သော အချိန်ဖြစ်ကြောင်း နှင့် အလွန် ဆုံး ၁၅ ရက်သာ ဖြစ်နိုင်ကြောင်း သမ္မတလေယာဉ်ပေါ် လိုက်ပါခဲ့သော သတင်းထောက်များအား ထရန့်က နောက် ပိုင်းတွင် ထပ်မံပြောကြားသည်။ တီဟီရန်က စစ်ပွဲကို စတင်သွားမည် မဟုတ်ကြောင်း၊ သို့ သော် စစ်တိုက်ခံခဲ့ရပါက အီရန်က ပြတ်ပြတ်သားသားနှင့် လိုက်ဖက်ညီစွာ တုံ့ပြန်သွားမည်ဖြစ် ကြောင်း၊ ‌ဒေသတွင်းမှ အမေရိကန် စစ်အခြေစိုက်စခန်းများ၊ နေရာဌာနများ ပိုင်ဆိုင်မှုများအားလုံးသည် ၎င်းတို့၏ တရားဝင်ပစ်မှတ်များ ဖြစ်လာလိမ့်မည်ဟု အီရန်က ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ထံသို့ ပေးပို့သောစာတွင် ဖော်ပြခဲ့သည်။ ထိုအတောအတွင်းမှာပင် အိုမန်ပင်လယ်ကွေ့တွင် ပြုလုပ်နေသော အီရန် စစ်ရေးလေ့ကျင့်မှုများတွင် ရုရှား စစ်သင်္ဘောတစ်စီး ပါဝင်နေကြောင်း သိရသည်။ ယမန်နေ့မှာပင် အီရန်နိုင်ငံတစ်ဝိုက်တွင် ယခင်ကမကြုံခဲ့ဖူးသော တင်းမာမှုများ မြင့်တက်နေခြင်းအပေါ် ရုရှားက သတိပေးပြောကြားပြီး ချုပ်တည်းမှု ပြသကြရန် တိုက် တွန်းပြောကြားသည်။ မတ်လလယ်ခန့်တွင် ပြီးစီးမည်ဟု အမေရိကန်အရာရှိကြီးတစ်ဦးက ပြောကြားခဲ့သည့် စစ်‌‌‌ရေးတည်ဆောက်မှုတွင် အမေရိကန်က လေယာဉ်တင်သင်္ဘောများ စစ်သင်္ဘောများ၊ တိုက်လေယာဉ်များကို အရှေ့အလယ်ပိုင်းတွင် အ လုံးအရင်း ဖြန့်ကြက်ထားရာ အီရန်အပေါ် တိုက်ခိုက်နိုင်ခြေလည်း မြင့်တက်လာခဲ့သည်။ သတင်း - ရဲမင်း ကိုးကား-Reuters #နိုင်ငံတကာသတင်း

#ယနေ့ထုတ်သတင်းစာ_ကာတွန်း
#ယနေ့ထုတ်သတင်းစာ_ကာတွန်း

photo content

◾️ရုရှားအလံကိစ္စကြောင့် မသန်စွမ်း အိုလံပစ်အားကစားပွဲ ယူကရိန်း သပိတ်မှောက်မည် ဆောင်းရာသီ မသန်စွမ်းသူများ အိုလံပစ်အားကစားပွဲကို ယူကရိန်းနိုင်ငံက သပိတ် မှောက်မည်ဖြစ်ကြောင်း ယူကရိန်းအစိုးရတာဝန်ရှိသူများကဖေဖော်ဝါရီ ၁၈ ရက်တွင် ထုတ်ဖော်ပြောကြားထားသည်။ အီတလီနိုင်ငံ မီလန်မြို့နှင့် ကော်တီနာမြို့တို့၌ ကျင်းပမည့် ဆောင်းရာသီမသန်စွမ်းသူများ အိုလံပစ်အားကစား ပွဲစဉ်များ၌ ရုရှားအားကစားသမားများကိုရုရှားအမျိုးသားအလံဖြင့် ပါဝင်ယှဉ်ပြိုင်ခွင့်ပေးရန် နိုင်ငံတကာမသန်စွမ်းအိုလံပစ်ကော်မတီက သဘောတူခဲ့ပြီးနောက် ဆောင်းရာသီအိုလံပစ်မသန်စွမ်းအားကစားပွဲများကို သပိတ်မှောက်ရန် ယူကရိန်းနိုင်ငံက စီစဉ်ထားခြင်းဖြစ်သည်။ နိုင်ငံတကာ မသန်စွမ်းသူများ အိုလံပစ်ကော်မတီသည် ရုရှားအားကစားသမား ခြောက်ဦးနှင့် ဘီလာရုစ်အားကစားသမား လေးဦးတို့ကိုမီလန်-ကော်တီနာ မသန်စွမ်းအိုလံပစ်အားကစား ပွဲတော်၌ သက်ဆိုင်ရာ အမျိုးသားအလံများဖြင့် ပါဝင်ယှဉ်ပြိုင်ခွင့်ပေးထားသည်။ နိုင်ငံတကာ မသန်စွမ်းသူများအိုလံပစ်ကော်မတီ၏ အထက်ပါ ဆုံးဖြတ်ချက်ကို တရား မျှတမှုမရှိသည့် ဆုံးဖြတ်ချက်အဖြစ် ယူကရိန်းအစိုးရတာဝန်ရှိသူများက ဝေဖန်ထားသည်။ ရုရှားနိုင်ငံသည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ယူကရိန်းနိုင်ငံကိုစစ်ရေးအရ ကျူးကျော် တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း နိုင်ငံတကာအားကစားပွဲအများစု၌ ပါဝင်ယှဉ်ပြိုင်ခွင့် အပိတ်ခံ ထားရသည်။ လာမည့် မတ် ၆ ရက်တွင်ကျင်းပမည့် မီလန်-ကော်တီနာ ဆောင်းရာသီမသန်စွမ်းသူများ အိုလံပစ်အားကစားပြိုင်ပွဲ ဖွင့်ပွဲကို သပိတ်မှောက်ကြရန်ယူကရိန်းအစိုးရက တခြားကမ္ဘာ့ နိုင်ငံများကို တိုက်တွန်းထားသည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

photo content

◾️အမေရိကန်အစိုးရနှင့် နျူကလီးယားသဘောတူညီချက်ယူရန် အီရန်ကို အိမ်ဖြူတော် ထပ်မံသတိပေး အီရန်နိုင်ငံအနေဖြင့် အမေရိကန်ပြည်ထောင်စုနှင့် နျူကလီးယားသဘောတူညီချက် ရယူ နိုင်မှသာလိမ္မာပါးနပ်ရာ ရောက်မည်ဖြစ်ကြောင်း အမေရိကန်အစိုးရကဖေဖော်ဝါရီ ၁၈ ရက်တွင် ထပ်မံသတိပေးလိုက်သည်။ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တော်၌ ဒုတိယအကျော့ နျူကလီးယားဆွေးနွေးပွဲများ ကျင်းပခဲ့ ပြီးနောက်နျူကလီးယား သဘောတူညီချက်ရယူရန် အမေရိကန်အစိုးရကအီရန်ကို ထပ်မံသတိပေးခဲ့ခြင်းဖြစ်သည်။ သမ္မတဒေါ်နယ်ထရန့်၊ ၎င်းဦးဆောင်သော အမေရိကန်အစိုးရအဖွဲ့တို့နှင့် နျူကလီးယားသဘော တူညီချက် ရယူနိုင်မှသာ အီရန်အနေဖြင့် လိမ္မာပါးနပ်ရာရောက်မည်ဖြစ်ကြောင်း အိမ်ဖြူ တော် သတင်းထုတ်ပြန်ရေးအဖွဲ့ အတွင်းရေးမှူးကာရိုလင်းလီယာဗစ် က ဖေဖော်ဝါရီ၁၈ ရက်သတင်းစာ ရှင်းလင်းပွဲတွင်ထုတ်ဖော်ပြောကြားခဲ့သည်။ တစ်ချိန်တည်းမှာပင် နျူကလီးယား သဘောတူညီချက် ရယူနိုင်မှု မရှိပါက အီရန်ကို စစ်ရေးအရတိုက်ခိုက်ရနိုင်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလည်း ၎င်း၏လူမှုမီဒီ ယာ စာမျက်နှာပေါ်တွင် ထပ်မံရေးသားထားသည်။ အမေရိကန် မီဒီယာများ၏အဆိုအရ ပင်လယ်ကွေ့ဒေသ၌စုစည်းထားသော အမေရိကန်တပ် များအနေဖြင့် အီရန်ကို တိုက်ခိုက်ရေးအတွက် ယခုသီတင်းပတ်ကုန်အတွင်း အသင့်အနေအ ထား ရှိနေလိမ့်မည်ဖြစ်ကြောင်း သိရသည်။ သို့ရာတွင် အီရန်ကို စစ်ရေးအရ တိုက်ခိုက်ရေးနှင့် ပတ်သက်၍သမ္မတ ဒေါ်နယ်ထရန့်အနေဖြင့် အပြီးသတ်ဆုံးဖြတ်ချက် ချရသေးခြင်းမရှိကြောင်း အမေရိကန်မီဒီယာများက သတင်းထုတ်ပြန်ထားသည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

photo content

◾️ရန်ကုန်နှင့် မန္တလေးရှိသက်တမ်းရင့် အဆောက်အအုံ၁၀ ခုကို ရှေးဟောင်းအဆောက်အ အုံအဖြစ် သတ်မှတ် ရန်ကုန်နှင့် မန္တလေးမြို့ရှိ နှစ်ပေါင်း ၁၀၀ နှင့်အထက်သက်တမ်းရှိသည့် အဆောက်အအုံ ၁၀ ခုကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ရှေးဟောင်းအဆောက်အအုံအဖြစ် သတ်မှတ်လိုက်ကြောင်း သိရသည်။ ရန်ကုန်တိုင်းတွင်မူ ဗဟန်းမြို့နယ်ရှိ နမူနာစံကျောင်း၊ ပါဠိတက္ကသိုလ်အောက်ကျောင်း (အလယ် တောရ စံပြစာသင်တိုက်)၊ သုဇိတာဝီသိမ်တော်၊အလယ်တောရ စံပြစာသင်တိုက်နှင့် အိမ်တွင်း မှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း (ဗဟန်း) တို့ကိုရှေးဟောင်းအဆောက်အအုံအဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် မန္တလေးမြို့တွင် မန္တလေးတက္ကသိုလ်၏ ပင်မအဆောက်အအုံကြီး၊ နယ်မြေအင်ဂျင် နီယာရုံး၊ အနုပညာခန်းမ၊ လူထုစာအုပ်ဆိုင်နှင့်ရတနာပုံ အဆောက်အအုံတို့ကို ရှေးဟောင်း အဆောက်အဦးအဖြစ် သတ်မှတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။ သတင်း-အာကာနွေ ဓာတ်ပုံ- ရန်ကုန်အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း/FB

photo content

◾️မြန်မာနိုင်ငံကို အာဆီယံနှင့် ပြန်လည်ချိတ်ဆက်ပေးရေးအတွက် ပေါင်းကူးတံတားအဖြစ် ရပ်တည်ပေးရန် ဆန္ဒရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟဆက်ဖူဝန်ကေ့ကဲ့ဝို့ ပြောကြား မြန်မာနိုင်ငံကို အာဆီယံအသိုက်အဝန်းအတွင်းသို့ ပြန်လည်ခေါ်ယူနိုင်ရန်ထိုင်းနိုင်ငံက မျှော်လင့် ထားကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟဆက်ဖူဝန်ကေ့ကဲ့ဝို့က ဖေဖော်ဝါရီ ၁၈ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။ ထိုင်းနိုင်ငံ ဖူးခက်မြို့၌ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် တွေ့ဆုံ ဆွေးနွေးပြီးနောက် ထိုင်းနိုင်ငံခြားရေးဝန်ကြီးက အထက်ပါအတိုင်း ပြောကြား ခဲ့ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံကိုအာဆီယံနှင့်ပြန်လည် ချိတ်ဆက်ပေးရေးအတွက်ပေါင်းကူး တံတားအဖြစ် ရပ်တည်ပေးရန် ဆန္ဒရှိကြောင်း ထိုင်းန်ိုင်ငံခြားရေးဝန်ကြီးဆီဟဆက်က သတင်းထောက်များနှင့်တွေ့ဆုံစဉ် ထုတ်ဖော်ပြောကြားခဲ့သည်။ အလားတူ တစ်ဖက်တွင်လည်းမြန်မာနိုင်ငံအနေဖြင့် အာဆီယံနှင့်နိုင်ငံတကာ အသိုက်အဝန်း တို့၏စိုးရိမ်မှုများကို ပြန်လည်တုံ့ပြန်ပေးခြင်းဖြင့် ထိုင်းနိုင်ငံအား ပြန်လည်ကူညီရမည်ဖြစ် ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံခြားရေး ဝန်ကြီး၏အဆိုအရ ထိုင်းအစိုးရ၏ မူဝါဒမှာအချက်ငါးချက်ပါ အာဆီယံ ငြိမ်းချမ်းရေး သဘောတူညီချက်နှင့်အညီအာဆီယံနှင့် မြန်မာအကြား တိုက်ရိုက် ထိတွေ့ ဆက်ဆံမှု ပြန်လည်စတင်နိုင်ရေးဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်း တည်ငြိမ်မှု ပြန်လည်ရရှိရေးအတွက် အချက်ငါးချက်ပါ အာဆီယံငြိမ်းချမ်းရေး သဘောတူညီချက်ကိုအကောင်အထည်ဖော် သင့်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းခဲ့သည်။ ထိုင်းနိုင်ငံအနေဖြင့် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွင်းဦးဆောင်မှုအခန်းကဏ္ဍမှ ပါဝင် ကြောင်းကို ပြသမည်ဖြစ်ကြောင်းထိုင်းနိုင်ငံခြားရေးဝန်ကြီးက ကတိပေးထားသည်။ ၂၀၂၁ ခုနှစ်အတွင်း ပေါ်ပေါက်ခဲ့သော နိုင်ငံရေးပြဿနာများကို အကြောင်းပြု၍ အာဆီယံ အဖွဲ့သည် အဓိက အာဆီယံ ထိပ်သီးညီလာခံများ၌ မြန်မာနိုင်ငံအစိုးရခေါင်းဆောင်များ ပါဝင်မှုကို ပိတ်ပင်ထားသည်။ သတင်း-ဗျည်းနွဲ့ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

photo content

◾️တောင်ဒဂုံရှိ သုခဒဂုံ ပြည်သူ့အငှား အိမ်ရာ စာချုပ်တွင် မပါဝင်သူများကို နေထိုင် စေခြင်းနှင့် အခန်းအရောင်း အဝယ် ပြုလုပ်ပါက အရေးယူခံရမည် ရန်ကုန်တိုင်းဒေသကြီးဒဂုံမြို့သစ်(တောင် ပိုင်း)မြို့နယ်ရှိသုခဒဂုံ ပြည်သူ့အငှားအိမ်ရာ အတွင်း တရားဝင် နေထိုင်ခွင့်ရသူမှအပ ထပ်ဆင့်ငှားရမ်းခြင်းအိမ်ငှားစာချုပ်တွင် မပါဝင်သူများ ကိုနေထိုင်စေခြင်းနှင့်အခန်း များ အရောင်းအဝယ်လုပ်ခြင်းများကို ရှောင်ကြဉ်ကြရန် နှင့် စစ်ဆေး ပေါ်ပေါက် ပါက အခန်းငှားရမ်းနေ ထိုင်ခွင့်ကို ပယ် ဖျက်၍ ဥပဒေနှင့်အညီ အရေးယူခံ ရမည် ဖြစ်ကြောင်း အသိပေးအပ်ကြောင်း မြို့ပြနှင့် အိမ် ရာဖွံဖြိုးရေးဦးစီးဌာနက အသိပေး ထုတ်ပြန်ထားသည်။ သုခဒဂုံ ပြည်သူ့အငှားအိမ်ရာရှိ နိုင်ငံပိုင် အခန်းများကို ခွင့်ပြုချက်မရှိဘဲ ရောင်းစား သူများနှင့် ပူးပေါင်း ပါဝင်သူများကို အရေးယူဆောင်ရွက်ထားကြောင်း သိရ သည်။ သုခဒဂုံ ပြည်သူ့အငှားအိမ်ရာသည် နေရေး အခက်အခဲရှိသော ပြည်သူ့အငြိမ်းစား ဝန်ထမ်းနှင့် တာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်း များကို ငါးနှစ် ငှားရမ်းနေထိုင်ခွင့်ပေးသည့် ပြည်သူ့အငှား အိမ်ရာဖြစ်ကြောင်း သိရ သည်။ တချို့ ငှားရမ်းနေထိုင်ခွင့် ရရှိသူများသည် ကိုယ်တိုင်နေထိုင်ခြင်းမရှိဘဲ ထပ်ဆင့်ငှား ရမ်းခြင်း၊ ငှားရမ်းခွင့်စာရင်းတွင် မပါဝင် သူများကို နေထိုင်စေခြင်း၊ တချို့မှာ မိမိ မပိုင်သော အခန်းများ ကို လက်ညှိုးထိုး ရောင်းစားခြင်း၊ဈေးဆိုင်ခန်းများကို လက်ညှိုးထိုး ရောင်းစားခြင်းများ ဆောင်ရွက်နေကြောင်းကြား သိရကြောင်း၊ နိုင်ငံပိုင်အခန်းများကို ခွင့်ပြုချက်မရှိ ဥပဒေမဲ့ ရောင်းစားသူများနှင့်ပူးပေါင်း ပါဝင်သူများကို တရားစွဲဆိုခဲ့ရာ သုံးဦးကို တရားရုံးက ပြည်သူပိုင် ပစ္စည်း ကာကွယ်ရေး ဥပဒေ ပုဒ်မ -၆(၁) အရပြစ်မှု ကျူးလွန် သဖြင့် အလုပ်နှင့်ထောင်ဒဏ် တစ်နှစ် ကျခံ စေခဲ့ကာ ဌာနကလည်း အိမ်ခန်းငှားရမ်းခွင့် ပယ်ဖျက်ပြီးအခန်းကို ပြန်လည် သိမ်းယူခဲ့ပြီး ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ပါရှိသည်။ သတင်း-လူ့တလူ ဓာတ်ပုံ-MOI #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

photo content