ru
Feedback
The Standard Time Digital

The Standard Time Digital

Открыть в Telegram

The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.

Больше
Страна не указанаКатегория не указана
275
Подписчики
+124 часа
+37 дней
+2730 день
Архив постов
photo content

◾️စွမ်းအင်ပြဿနာကြောင့် တက္ကသိုလ်အားလုံးပုံမှန်ထက်စော၍ ဘင်္ဂလားဒေ့ရှ်ပိတ်မည် အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခကြောင့် စွမ်းအင် အကျပ်အတည်း ပိုမိုဆိုးရွားလာ ချိန်တွင် လျှပ်စစ်ဓာတ်အားချွေတာနိုင်ရေးအတွက် နိုင်ငံတစ်ဝန်းလုံးရှိ တက္ကသိုလ် အားလုံးကို ပုံမှန်ထက်စော၍ မတ် ၉ ရက်တွင် စပိတ်ရန်ဘင်္ဂလားဒေ့ရှ်အစိုးရက စီစဉ် ထားကြောင်း သိရသည်။ စွမ်းအင်ချွေတာရေးအတွက် တက္ကသိုလ်အားလုံး ပုံမှန်ထက်စောပိတ်ရေးစည်းမျဉ်းတွင် နိုင်ငံတစ်ဝန်းလုံးရှိ အစိုးရတက္ကသိုလ်အားလုံးနှင့် ပုဂ္ဂလိကတက္ကသိုလ်အားလုံး အကျုံး ဝင်ကြောင်း ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူများက ပြောကြားသည်။ တက္ကသိုလ်များကို ပုံမှန်ထက်စော၍ပိတ်ခြင်းဖြင့် လျှပ်စစ်ဓာတ်အားသုံးစွဲမှုကို လျှော့ချနိုင် သည့်အပြင် ယာဉ်ကြောပိတ်ဆို့မှုများကိုလည်း လျှော့ချနိုင်မှုကြောင့် စွမ်းအင်လေလွင့်မှုကို ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းရှိ တက္ကသိုလ်ကျောင်းများမှာ လျှပ်စစ်ဓာတ်အားသုံးစွဲမှု မြင့်မား သည့်နေရာများဖြစ်ကြရာ တက္ကသိုလ်များကို စောစောပိတ်ခြင်းဖြင့် နိုင်ငံ၏ဓာတ်အား ဖြန့်ဝေမှုစနစ်ဖိအားကို လျှော့ချပေးနိုင်မည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူများက ပြောကြားသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် နိုင်ငံ၏ စွမ်းအင်လိုအပ်ချက် ၉၅ ရာခိုင်နှုန်းအတွက် စွမ်းအင် သွင်းကုန်များအပေါ် မှီခိုနေရမည်ဖြစ်ရာ အရှေ့အလယ်ပိုင်းစစ်ရေးပဋိပက္ခကြောင့် လ နိုင်ငံတကာစွမ်းအင်ဈေးကွက်များသို့ စွမ်းအင်ဝင်ရောက်မှု ပြတ်တောက်လာချိန်တွင် ဘင်္ဂလားဒေ့ရှ်၏ စွမ်းအင်လုံခြုံရေး ထိခိုက်သွားနိုင်သည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

photo content

◾️ဟော်မုဇ်ရေလက်ကြား၌ ယူအေအီးဆွဲသင်္ဘော နစ်မြုပ်၊ အင်ဒိုနီးရှားနိုင်ငံသား ရေယာဉ် ဝန်ထမ်းသုံးဦး ပျောက်ဆုံး ပါရှန်ပင်လယ်ကွေ့ ဟော်မုဇ်ရေလက်ကြား၌အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) မှတ်ပုံတင်ဆွဲသင်္ဘောတစ်စင်း နစ်မြုပ်ခဲ့ရာ အင်ဒိုနီးရှားနိုင်ငံသားရေယာဉ်ဝန်ထမ်းသုံးဦး ပျောက်ဆုံးနေကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက မတ် ၈ ရက်တွင် သတင်း ထုတ်ပြန်ထားသည်။ မူဆာဖာ-၂ အမည်ရှိ အဆိုပါ ဆွဲသင်္ဘောသည် မတ်၆ ရက်တွင် ဟော်မုဇ်ရေလက်ကြား အတွင်း နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း အထက်ပါသတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ မူဆာဖာ-၂ ဆွဲသင်္ဘောသည် မနစ်မြုပ်မီ ပေါက်ကွဲမှုနှင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း အင်ဒိုနီးရှားတာဝန်ရှိသူများက ပြောကြားသည်။ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီများ၏ အဆိုအရ မော်လ်တာနိုင်ငံမှတ်ပုံတင် ကုန်သေတ္တာတင် သင်္ဘောတစ်စင်းကို အကူအညီများပေးနေစဉ် မူဆာဖာ-၂ ဆွဲသင်္ဘောကို ဒုံးကျည်နှစ်စင်း ထိမှန်ခဲ့ကြောင်း သိရသည်။ မူဆာဖာ-၂ ဆွဲသင်္ဘောပေါ်တွင် အင်ဒိုနီးရှား၊အိန္ဒိယနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ ရေယာဉ်ဝန်ထမ်း ခုနစ်ဦးလိုက်ပါလာပြီး လေးဦးအသက်ရှင်ခဲ့ကြောင်း အင်ဒိုနီးရှားတာဝန်ရှိသူများက ပြောကြားသည်။ အမေရိကန်နှင့် အစ္စရေးတို့က ဖေဖော်ဝါရီ ၂၈ ရက်တွင် အီရန်နိုင်ငံကို စစ်ရေးအရ စတင် တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ဟော်မုဇ်ရေလက်ကြားအတွင်း သွားလာနေသည့်သင်္ဘောများကို အီရန်နိုင်ငံက အကြိမ်ကြိမ် တိုက်ခိုက်ခဲ့သည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

photo content

◾️စက်သုံးဆီဖူလုံမှုအတွက် သီလဝါဆိပ်ကမ်းသို့စက်သုံးဆီသင်္ဘောများ စဉ်ဆက်မပြတ် ရောက်ရှိမည် စက်သုံးဆီဖူလုံမှုအတွက် သီ လဝါဆိပ်ကမ်းသို့ စက်သုံးဆီသင်္ဘောများ စဉ်ဆက် မပြတ် ရောက်ရှိမည်ဖြစ်ကြောင်း မတ် ၈ ရက်က စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရ သည်။ မြန်မာနိုင်ငံအနေဖြင့် တင်သွင်းထားရှိပြီးသည့် စက်သုံးဆီများကို သုံးစွဲသူလက်ဝယ် အမှန် တကယ်ရောက်ရှိရေး စိစစ်ကြပ်မတ်ဆောင်ရွက်ခြင်း၊ ပြည်တွင်း၌ စိုးရိမ်စိတ်ဖြင့် စက်သုံး ဆီများဝယ်ယူစုဆောင်းခြင်းမဖြစ်ပေါ်စေရေးနှင့် စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲနိုင်စေရေး တို့ကို အစီအစဉ်ရေးဆွဲကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့အတူ စက်သုံးဆီဖူလုံမှုအတွက် စဉ်ဆက်မပြတ် တင်သွင်းလျက်ရှိရာ ယနေ့တွင် သင်္ဘော တင်သွင်းရောက်ရှိမှု အခြေအနေမှာသီလဝါဆိပ်ကမ်းတွင် ဆိုက်ကပ်ပြီး သင်္ဘောနှစ်စင်း၊ လမ်းခရီးတွင်သင်္ဘောလေးစင်း၊ ဆီတင်လျက် ရှိသည့် သင်္ဘောသုံးစင်းနှင့် ဆီတင်ရန် စောင့်ဆိုင်းလျက်ရှိသည့် သင်္ဘောငါးစင်းဖြစ်ကြောင်း သိရသည်။ သတင်း-အာကာနွေ ဓာတ်ပုံ-MOI #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

photo content

◾️ချင်းမိုင်တွင်စကားပြောသံကျယ်သည်ဟုဆိုကာ မြန်မာတစ်ဦးသေနတ်ဖြင့်ပစ်ခတ်ခံရ ထိုင်းနိုင်ငံ၊ ချင်းမိုင်၌နေ့အချိန်စကားပြောသံကျယ်လောင်သည်ဟုဆိုကာ ထိုင်းနိုင်ငံသားက လက်လုပ် သေနတ်ဖြင့် ပစ်ခတ်သဖြင့် မြန်မာအမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းမီဒီယာ များ၏ ဖော်ပြချက်အရသိရသည်။ ချင်းမိုင်မြို့ ဟန်ဒေါင်ရှိ ကုန်စုံဆိုင်တစ်ခုရှေ့တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်ခံရသူမှာ အသက်(၃၃) နှစ်အရွယ် မြန်မာနိုင်ငံသားကျော်စွာမင်းဆိုသူဖြစ်ကြောင်း၊ ပစ်ခတ်သူကို ထိုင်းရဲများက ဖမ်းဆီးထိန်းသိမ်းကာ စစ်ဆေးမှုများဆက်လက်လုပ်ဆောင်လျက်ရှိကြောင်းသိရသည်။ ဒေသခံရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ ကိုကျော်စွာမင်းနှင့်သူငယ်ချင်းတစ်ဦးသည် အခင်းဖြစ်နေရာ၌ မတ်တပ်ရပ်စကားပြောနေစဉ် ပစ်ခတ်သံထွက်ပေါ်လာကာ ကိုကျော်စွာမင်း၏နဖူးတွင် ဒဏ်ရာရရှိကာ လဲကျသွားခဲ့ခြင်းဖြစ်ကြောင်း ချင်းမိုင်ရေဒီယိုကဖော်ပြသည်။ ယင်းဖြစ်ရပ်နှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့က အခင်းဖြစ်ကုန်စုံဆိုင်နှင့် မျက်နှာချင်းဆိုင်တွင်ရှိသည့်နေအိမ် ကို ရှာဖွေစစ်ဆေးရာ အဆိုပါနေအိမ်ခြံဝန်းအတွင်းမှ လက်လုပ်ပွိုင့် ၂၂ သေနတ်တစ်လက်ကိုတွေ့ရှိခဲ့ ကြောင်းသိရသည်။ ယင်းနေအိမ်တွင်နေထိုင်သူ အသက်(၅၈) နှစ်အရွယ်ထိုင်းအမျိုးသားသည် အဆိုပါသေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပြီး စကားပြောသံကျယ်လောင်သဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းကထွက်ဆိုထားသည်။ သို့သော်၎င်းအနေဖြင့် ခြောက်လှန့်ပစ်ခတ်ရန်သာရည်ရွယ်ခဲ့ပြီး တိုက်ရိုက်ထိမှန်ဒဏ်ရာရစေလိုသည့် ရည်ရွယ်ချက်မရှိဟုလည်းဆိုထားသည်။ နဖူးတွင် သေနတ်ဒဏ်ရာရခဲ့သည့် မြန်မာနိုင်ငံသားကို ကယ် ဆယ်ရေးအဖွဲ့များက ဆေးရုံသို့ပို့ဆောင်ပေးထားသည်ဟုဆိုသော်လည်း ဒဏ်ရာအခြေအနေနှင့် အသက်အန္တရာယ်စိုးရိမ်ရခြင်းရှိ၊ မရှိကိုမသိရသေးပေ။ သေနတ်ဖြင့်ပစ်ခတ်ခဲ့သည့် ထိုင်းအမျိုးသားကို တရားမဝင်လက်နက်ကိုင်ဆောင်မှု၊ ကြိုတင်ကြံစည် သတ်ဖြတ်ရန်ကြိုးပမ်းမှု၊ အများပြည်သူဆိုင်ရာနေရာ၌ သေနတ်ပစ်ခတ်မှုတို့ဖြင့် အမှုဖွင့်အရေးယူထား ကြောင်း ဒေသခံရဲတပ်ဖွဲ့ကပြောသည်။ သတင်း - စံတော်ချိန်ဒစ်ဂျစ်တယ် ဓာတ်ပုံ-ချင်းမိုင်ရေဒီယို #ပြည်တွင်းသတင်း

◾️ထိုင်းဘက်တွင် မြန်မာဘက်မှယာဉ်များအား ဆီရောင်းချခြင်းမပြုတော့ဟုဆို ကရင်ပြည်နယ်၊ မြဝတီမြို့မှထိုင်းနိုင်ငံ၊ မဲဆောက်ဘက်သို့ စက်သုံးဆီဝယ်ယူသူများပြားလာခြင်းကြောင့် မြန်မာဘက်မှယာဉ်များအား စက်သုံးဆီရောင်းချပေးခြင်းမရှိတော့ကြောင်း ဒေသခံများထံမှသိရသည်။ စက်သုံးဆီဈေးမြင့်တက်လာခြင်းကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့သွားရောက်ဝယ်ယူနေရကြောင်း၊ ထိုင်း-မြန်မာချစ်ကြည်ရေးအမှတ်(၁)တံတားမှတစ်ဆင့် မဲဆောက်သို့ဆီသွားရောက်ဝယ်ယူရန်တန်းစီသည့် ယာဉ်များပြားခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့မှုများလည်းဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။ လက်ရှိတွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် မြန်မာဘက်မှယာဉ်များကိုဆီရောင်းချခြင်းမပြုတော့ကြောင်း ထိုင်းဘာသာအပြင် မြန်မာဘာသာဖြင့်ပါရေးသား၍ အသိပေး စာများကပ်ထားကြောင်း သိရသည်။ "ထိုင်းဘက်ကလည်း ဆီသိပ်မပေးတော့ဘူး။ မြန်မာလူမျိုးတွေဝယ်ပြီးပြန်လုပ်စားနေကြလို့။ သုံးလေး ခေါက်တန်းစီပြီး ပြန်ရောင်းနေတာပဲ။ လူတွေကအလုအယက်ဝယ်နေကြတာ" ဟု မြဝတီမြို့မှ ဒေသခံ တစ်ဦးကစံတော်ချိန်ဒစ်ဂျစ်တယ်သို့ပြောသည်။ မြဝတီမြို့၌ ယခင်က စက်သုံးဆီတစ်လီတာလျှင် ကျပ် ၅၀၀၀ ဝန်းကျင်ရှိခဲ့သော်လည်း လက်ရှိတွင် တစ်ဆင့်ပြန်လည်ရောင်းချသူများထံမှ ကျပ်တစ်သောင်းကျော်ပေး၍ ဝယ်ယူနေရကြောင်း ဒေသခံများ ကပြောသည်။ သတင်း-အင်ကြင်း ဓာတ်ပုံ-CJ #ပြည်တွင်းသတင်း

photo content

‎◾️မော့ဂျ်တာဘာ ခါမီနီကို အီရန် ထိပ်သီးခေါင်းဆောင်သစ် ခန့်အပ် ‎ ‎ ‎မော့ဂျ်တာဘာ ခါမီနီကို နိုင်ငံ၏ထိပ်သီးခေါင်းဆောင်သစ်အဖြစ် ဘာသာရေးခေါင်းဆောင်များအဖွဲ့ (Assembly of Experts)က ရွေးချယ်လိုက်သည်ဟု အီရန်မီဒီယာများက တနင်္ဂနွေနေ့တွင် ဖော်ပြသည်။ ‎ ‎မော့ဂျ်တာဘာသည် အီရန်အပေါ် အမေရိကန်နှင့် အစ္စရေးတို့ စစ်ဆင်ရေးစတင်သည့် ပထမနေ့မှာပင် သေဆုံးခဲ့သည့် အယာတိုလာအလီ ခါမီနီ ၏ဒုတိယသားဖြစ်ပြီး အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့(IRGC) နှင့်နီးစပ်သည်ဟုဆိုကြသည်။ ‎ ‎ထိုအတောအတွင်းမှာပင် အလီခါမီနီအား ဆက်ခံမည့်သူမှာ အမေရိကန်၏ ထောက်ခံချက်လိုအပ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားသည်။ ‎ ‎အမေရိကန်က မထောက်ခံသော အီရန်ခေါင်းဆောင်သစ်သည်လည်း ကြာရှည်ခံမည်မဟုတ်ဟု ဒေါ်နယ်ထရန့်က ဆိုသည်။ ‎ ‎တနင်္ဂနွေနေ့က ABC News သတင်းဌာနနှင့်တွေ့ဆုံးမေးမြန်းခန်း၌ ထရန့်က ထိုသို့ပြောကြားခဲ့ခြင်းဖြစ်ကာ နောက်ပိုင်းတွင် ဘာသာရေးခေါင်းဆောင်များက ခါမီနီ၏ ဒုတိယသားဖြစ်သူ မော့ဂျ်တာဘာအား နိုင်ငံ၏ ထိပ်သီးခေါင်းဆောင်သစ်အဖြစ် ကြေညာခဲ့သည်။ ‎ ‎အမေရိကန်က အီရန်ကို ငါးနှစ်တစ်ကြိမ်ပြန်သွားပြီး ခေါင်း‌ဆောင်သစ်ရွေးချယ်ခြင်း မလုပ်နိုင်ကြောင်း နှင့် ထိုထက်ပိုဆိုးသည်မှာ ၎င်းတို့အား နျူးကလီးယားလက်နက် ပိုင်ဆိုင်ခွင့် ပေးခြင်း ဖြစ်မည်ဟု ဒေါ်နယ်ထရန့် က ပြောကြားသည်။ အီရန်ကို ခေါင်း‌ဆောင်ရန် အရည်အချင်းပြည့်မီသူ အများအပြားရှိသည်ဟုလည်း ထရန့်က ဆိုသည်။ ‎ ‎အီရန်တွင် နိုင်ငံအားဦးဆောင်မည့် ဘာသာရေးခေါင်းဆောင်သစ် တက်လာလျှင်လည်း ၎င်းတို့က လိုက်လံချေမှုန်းမည်သာဖြစ်ကြောင်း အစ္စရေးက ကြွေးကြော်ထားသည်။ ‎ ‎သတင်း - ရဲမင်း ‎ကိုးကား - NHK ‎#နိုင်ငံတကာသတင်း

photo content

◾️အရှေ့အလယ်ပိုင်းပဋိပက္ခ အာရှဖွံ့ဖြိုးမှုအပေါ် ဆိုးကျိုးအနည်းငယ် သက်ရောက်နိုင် လက်ရှိဖြစ်ပွားနေသော အရှေ့အလယ်ပိုင်းစစ်ရေးပဋိပက္ခများမှာ ခန့်မှန်းထားသည့်အတိုင်း တစ်လခန့်သာ ကြာမြင့်မည်ဆိုပါက ဖွံ့ဖြိုးဆဲအာရှဒေသ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း အပေါ် အထိုက်အလျောက်သာ ဆိုးကျိုးသက်ရောက်နိုင်မည်ဖြစ်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်(အေဒီဘီ)က မတ် ၇ ရက်တွင် ခန့်မှန်းလိုက်သည်။ မိမိတို့၏ ခန့်မှန်းချက်အရ လက်ရှိဖြစ်ပွားနေသော အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခများ မှာ တစ်လခန့်သာ ကြာမြင့်ခဲ့မည်ဆိုလျှင် ဖွံ့ဖြိုးဆဲအာရှဒေသ၏ နှစ်စဉ်စီးပွားရေး ဖွံ့ဖြိုးမှုနှုန်း(ဂျီဒီပီ)မှာ ယာယီအားဖြင့် မဆိုစလောက်သာကျဆင်းသွားနိုင်ကြောင်း အေဒီဘီ ဘောဂဗေဒပညာရှင်များက ပြောကြားသည်။ ဖွံ့ဖြိုးဆဲအာရှဒေသသည် တရုတ်နိုင်ငံနှင့်အိန္ဒိယနိုင်ငံ အပါအဝင် စီးပွားရေးဖွံ့ဖြိုးဆဲ အာရှ နိုင်ငံ ၄၆ နိုင်ငံ ပါဝင်သော စီးပွားရေးဇုန်ဖြစ်သည်။ဖွံ့ဖြိုးဆဲအာရှ စီးပွားရေးဇုန်တွင် ဂျပန်၊ ဩစတြေးလျနှင့် နယူးဇီလန်နိုင်ငံတို့ကို ထည့်သွင်းထားခြင်း မရှိပေ။ သို့ရာတွင် အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခများ အချိန်ကာလ ကြာမြင့်လာမည်ဆိုလျှင် ဖွံ့ဖြိုးဆဲအာရှဒေသ ရင်ဆိုင်ရမည့် နောက်ဆက်တွဲစီးပွားရေးဆိုးကျိုးများမှာ ပိုမိုပြင်းထန် လာနိုင်ကြောင်း အေဒီဘီ ဘောဂဗေဒပညာရှင်များကသတိပေးထားသည်။ ဟော်မုဇ်ရေလက်ကြားကို ပုံမှန်ဖြတ်သန်းနေသော ရေနံနှင့် သဘာ၀ဓာတ်ငွေ့ စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းမှာ အာရှနိုင်ငံများသို့ ဝင်ရောက်နေခြင်းဖြစ်ရာ စွမ်းအင်ဖြည့်ဆည်းမှု လမ်းကြောင်းကွင်းဆက်ပြတ်တောက်မှုဒဏ်ကို အာရှနိုင်ငံများပိုမိုခံစားရလွယ်ကြောင်း သိရသည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

photo content

◾️ဗြိတိသျှ စစ်စခန်းနှစ်ခုကို အီရန်စစ်ဆင်ရေးအတွက် အမေရိကန်စတင်အသုံးပြု အရှေ့ အလယ်ပိုင်း စစ်ပွဲကာလအတွင်း အီရန်၏ တိုက်ခိုက်မှုများကို တားဆီးရေးအတွက် ဗြိတိန်စစ်စခန်းများကို အမေရိကန်ပြည်ထောင်စုက စတင်သုံးစွဲနေပြီဖြစ်ကြောင်း ဗြိတိန် အစိုးရက မတ် ၇ ရက်တွင် သတင်းထုတ်ပြန်ထားသည်။ အရှေ့အလယ်ပိုင်း ဒေသ၌အီရန်ဒုံးကျည်များကို ကာကွယ်ရေးအတွက် စစ်ရေး လှုပ်ရှား မှုများ ပြုလုပ်ရာတွင် ဗြိတိသျှစစ်စခန်းများကိုအမေရိကန်စစ်ဘက်က စတင်အသုံးပြု နေကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်၌ဖော်ပြထားသည်။ အမေရိကန်ပြည်ထောင်စုနှင့်အစ္စရေးတို့က အီရန်ကို စစ်ရေးအရတိုက်ခိုက်ရာတွင် ပါဝင်မည်မဟုတ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ကီယာစတမ်မာက ပြီးခဲ့သည့် ရက်ပိုင်း အတွင်း ပြောကြားခဲ့ရာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ဝေဖန်မှုနှင့်ရင်ဆိုင်ခဲ့ရသည်။ နောက်ပိုင်းတွင် အီရန်ဒုံးကျည်များ အန္တရာယ်ကို တားဆီးရေးအတွက် စစ်ဆင်ရေးများ ပြုလုပ်ရာတွင် အမေရိကန်စစ်ဘက်ကို ဗြိတိသျှလေတပ်စခန်းနှစ်ခု အသုံးပြုခွင့်ပေးရန် ဝန်ကြီးချုပ် ကီယာစတမ်မာကသဘောတူခဲ့သည်။ အဆိုပါလေတပ်စခန်းများမှာအင်္ဂလန်အနောက်ပိုင်းရှိ ဖဲယားဖို့ဒ်ကလေတပ်စခန်းနှင့် အိန္ဒိယသမုဒ္ဒရာဒေသ ချားဂို့စ်ကျွန်းပေါ်ရှိ ဒီယေဂိုဂါစီယာ လေတပ်စခန်းတို့ ဖြစ်ကြ ကြောင်း သိရသည်။ မတ် ၇ ရက်တွင် ဖဲယားဖို့ဒ်လေတပ်စခန်းသို့ အမေရိကန်လေတပ်မှ ဘီ-၁ အမျိုးအစား ဗုံးကြဲလေယာဉ်တစ်စင်း ရောက်ရှိနေကြောင်း သိရသည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

photo content

◾️တရုတ်နှင့်အမေရိကန် ဆက်ဆံရေးအတွက်ယခုနှစ်အရေးကြီးကြောင်း ဝမ်ယီပြောကြား ၂၀၂၆ ခုနှစ်သည် တရုတ်နှင့်အမေရိကန်ပြည်ထောင်စုတို့အကြားဆက်ဆံရေးအတွက် အလှည့်အပြောင်း ကြီးမားသည့် နှစ်တစ်နှစ် ဖြစ်လာလိမ့်မည်ဟု မိမိတို့မျှော်လင့် ထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက မတ်၈ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် တရုတ်သမ္မတ ရှီကျင်ပင်းတို့အကြား ကျင်းပနိုင်ဖွယ် ရှိသည့် ထိပ်သီးဆွေးနွေးပွဲကို နိုင်ငံတကာက စောင့်ကြည့်နေစဉ် တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ တရုတ်နှင့် အမေရိကန်ပြည်ထောင်စုတို့အကြားတွင် အမြင်မတူမှု များစွာရှိသော်လည်း နှစ်နိုင်ငံ ခေါင်းဆောင်များအနေဖြင့် ပုဂ္ဂိုလ်ရေးအရ ကောင်းမွန်သည့် ဆက်ဆံရေး ရှိနေ ကြသည်ဖြစ်ရာ ယင်းအချက်မှာ နှစ်နိုင်ငံဆက်ဆံရေးအတွက် မဟာဗျူဟာမြောက် အာမခံချက် တစ်ခုဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက သတင်းစာရှင်းလင်းပွဲ၌ ပြောကြားထားသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် တရုတ်သမ္မတ ရှီကျင်ပင်းနှင့်ထိပ်သီးဆွေးနွေးပွဲ ကျင်းပရေးအတွက် ယခုလကုန်ပိုင်းတွင် တရုတ်နိုင်ငံသို့သွားရောက်နိုင်ကြောင်း သတင်း များပေါ်ထွက်လျက်ရှိသော်လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက တရားဝင် အတည်ပြု ခဲ့ခြင်းမရှိပေ။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

photo content

◾️စစ်ပွဲကို အဆုံးသတ်ရန် အီရန်နှင့်ဆွေးနွေးမည်မဟုတ်ကြောင်း ထရန့်ပြောကြား လက်ရှိဖြစ်ပွားနေသော အရှေ့အလယ်ပိုင်းစစ်ပွဲကို အဆုံးသတ်ရေးအတွက် အီရန်နှင့် ဆွေးနွေးညှိနှိုင်းမှုပြုလုပ်ရန် မိမိ စိတ်မဝင်စားကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်က မတ်၇ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။ လေကြောင်းတိုက်ခိုက်မှုများဖြင့် အီရန်လက်နက်ကိုင်တပ်များကို ဖျက်ဆီးခဲ့လျှင်၊ လက်ရှိ အာဏာရယူထားသော အီရန်ခေါင်းဆောင် အားလုံးကို ရှင်းလင်းခဲ့လျှင် စစ်ပွဲအဆုံးသတ် ရေးအတွက် အီရန်နှင့် ဆွေးနွေးညှိနှိုင်းရန်လိုမည်မဟုတ်ကြောင်း သမ္မတဒေါ်နယ်ထရန့် က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ ခြွင်းချက်မရှိ လက်နက်ချရန် တောင်းဆိုမှုကို အီရန်သမ္မတပီဇက်ရှ်ကီအန်က ငြင်းပယ်ခဲ့ပြီး နောက် အီရန်နှင့်ဆွေးနွေးညှိနှိုင်းရန်စိတ်မဝင်စားကြောင်း သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားခဲ့ခြင်းဖြစ်သည်။ အမေရိကန်ပြည်ထောင်စုနှင့် အစ္စရေးနိုင်ငံတို့သည်ဖေဖော်ဝါရီ ၂၈မှစ၍ အီရန်နိုင်ငံကို စတင်တိုက် ခိုက်ခဲ့ရာလက်ရှိအချိန်တွင် စစ်ပွဲကာလမှာ ဒုတိယသီတင်းပတ်အတွင်းသို့ စတင်ဝင်ရောက်လာပြီဖြစ်သည်။ အမေရိကန်ပြည်ထောင်စုနှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အီရန်နိုင်ငံကလည်းအမေရိကန်စစ်စခန်းများအား လက်ခံနေရာပေးထားသော ပင်လယ် ကွေ့အာရပ်နိုင်ငံများကို တိုက်ခိုက်ခဲ့ရာအရှေ့အလယ်ပိုင်းဒေသတစ်ခွင်လုံး စစ်ရေးတင်းမာ မှုများမြင့်တက်လာခဲ့ရသည်။ အမေရိကန်မီဒီယာများ၏ အဆိုအရ လက်ရှိဖြစ်ပွားနေသော စစ်ပွဲ၏ အဆင့်တစ်ဆင့် အနေဖြင့် အီရန်နိုင်ငံတွင်းရှိ သန့်စင်ပြီး ယူရေနီယမ်လောင်စာများကို ရယူရေးအတွက် အထူးတပ်ဖွဲ့များစေလွှတ်ရန် အမေရိကန်အစိုးရနှင့် အစ္စရေးအစိုးရတို့ ဆွေးနွေးနေကြောင်း သိရသည်။ သို့ရာတွင် အထက်ပါသတင်းနှင့် ပတ်သက်၍အိမ်ဖြူတော်တာဝန်ရှိသူများက တစ်စုံတစ်ရာ တုံ့ပြန်ပြောကြားခြင်းမရှိသေးပေ။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

photo content