2 463
Подписчики
-224 часа
-107 дней
+7530 день
Архив постов
ဒီအတန်းဆို လူပြည့်သွားပါပြီ 🎉
လာအပ်ကြတဲ့ကလေးတွေက မရတော့ဘူးလားချယ်ရယ်ဆိုတော့ Trလဲအားနာပါတယ် ထိရောက်မူရှိအောင်၂၀အတိပဲထားပါတယ်ရှင့်
ကျန်တဲ့အတန်းလေးတွေလဲလူပြည့်တော့မာမို့လို့ မြန်မြန်လာအပ်ပါနော်
စာရင်းပေးထားတဲ့လူတွေလဲ deposit လေးတွေလွှဲထားပေးပါရှင့်
အတန်းလူပြည့်သွားမှာ လွှဲလာရင် တီချယ်လဲအားနာရလို့ပါ♥️🌸
မနက်ဖြန် Smart Start ကအတန်းအားလုံးပိတ်ပေးပါတယ်နော်
သီတင်းကျွတ် လပြည့်နေ့မှာ အာလုံးပျော်ရွှင်ကြပါစေနော်❤️
တီချယ့်ကလေးလေးတွေ ကုသိုလ်ကောင်းမူတွေလဲအများကြီးလုပ်ခဲ့ပါရှင့်🤎
Level တန်းလေးတွေကို course book ကိုင်ပြီးသေချာသင်ပေးတဲ့အတန်းလေးေတွကို deposit 5000ကျပ်တည်းနှင့် တက်ရတယ်ဆိုတာ ယူတတ်သူတွေအတွက်တော့ရတနာပါပဲ။
သင်တန်းကျောင်းတွေ မှာ course book ကိုင်ပြီး အပြတ်သင်ရင် 100000အထက်ချည်းပါပဲ။
အတန်းတွေကို zoom premium နဲ့သင်ပေးတယ်။ အတန်းပြီးဆုံးအောင်တက်ရင် deposit 5000 လဲပြန်ရမယ်။စာသေချာလုပ်ရင် ဆုတောင်ထပ်ရအုံးမယ်။
မင်းတို့သာကြိုးစားရင် win winပဲနော်🤭🤎
တချို့အတန်းတွေ လူပြည့်နေပြီမို့ မြန်မြန်လာအပ်ပါ။ 3လကြာမှ နောက်တစ်ခါထပ်ဖွင့်မှာမို့လို့ အခွင့်အရေးကို လက်လွတ်မခံပါနဲ့🌸💪
သင်တန်းအပ်ရန် @Mariella8455ကိုဆက်သွယ်ပါ။
+6
မိမိတက်ရောက်လိုသည့်အတန်းကိုလာရောက်အပ်နိုင်ပါပြီ။
လူတစ်ဦးလျှင် level 1ခု သာ joinခွင့်ရှ်ိသည်။
သင်တန်းအပ်ရန်
@Mariella8455 ကိုဆက်သွယ်ပါ
ကျောင်းသားကျောင်းသူများကို ကြေငြာစရာရှိပါတယ်။
Tr ပညာဒါနအတန်းလေးတွေဖွင့်ပေးထားတာ အကုန်လုံးအသိဖြစ်မှာပါ ။
ဒါပေမဲ့ ကျောင်းသားကျောင်းသူအများစုဟာ Register လုပ်ပြီး အတန်းမတက်မျိုးတွေ၊ အတန်းပြီးဆုံးအောင်မတက်တာမျိုးတွေများလာပါတယ်
အဲ့အတွက်ကြောင့် အမှန်တကယ် ပညာလိုချင်သည့် ကျောင်းသားကျောင်းသူများစွာနစ်နာရပါသည်။
✅Trတို့ ဒီလအတွင်း Basic မှ Intermediate Level အထိ အတန်းများကို ဖွင့်လှစ်ပေးပါမည်။
✅Level တစ်ခုကို 3လကြာမြင့်ပါမည်။ Course book (Head way, Speak out,etc) ကိုင်သင်မည်ဖြစ်သောကြောင့် level တစ်ခုချင်းစီတွင် သိသင့်သိထိုက်သည့် အကြောင်းအရာတွေကိုသိသွားပြီး အမှန်တကယ် level up လာမှာပါ။
✅အတန်းတစ်တန်းတွင် Main Tr, Assistant Tr , Founder Tr အစရှိသဖြင့် Trသုံးယောက်ဖြင့် ထိရောက်စွာသင်ကြားပေးမည်။
✅အတန်းတစ်တန်းတွင် ကျောင်းသား ၂၀ယောက်တိတိသာလက်ခံမည်။
✅ zoom class များကို zoom premium ဖြင့် သင်ကြားပေးပါမည်။
❗သင်တန်းကာလကြာမြင့်သည့်အတွက် Rules အသစ်များကိုလဲ ထပ်မံ ကြေငြာချင်ပါသည်။
❗.သင်တန်းအပ်ရာတွင် နာမည်(အရင်း)၊အသက်၊နေရပ်လိပ်စာ အတိအကျပေးရန်။
Information ပေါက်ကြားမူမရှိစေရန် Founder Tr Mariella မှ အပြည့်အ၀တာ၀န်ယူသည်။
❗ကျောင်းသားကဒ်ထုတ်ပေးမည်ဖြစ်သောကြောင့် တောင်းခံရခြင်းဖြစ်ပါသည်။
❗လောင်းကစားကြေငြာ၊18+ link နှင့် စာနှင့်မသက်ဆိုင်သောအကြောင်းအရာများ share ပါက banမည်ဖြစ်သည်။
❗သင်တန်းတက်ရန် Deposit ၅၀၀၀ ကျပ်ကို ပေးသွင်းရပါမည်။ သင်တန်းပြီးတာနှင့် ချက်ချင်းပြန်ပေးပါမည်။ Deposit ကောက်ခံရခြင်းမှာ အတန်းပြီးဆုံးအောင်မတက်သူများသောကြောင့်ဖြစ်သည်။
📌လိမ်လည်မည်ကိုမစိုးရိမ်ပါနှင့်။စာသင်သက် 2နှစ်ကျော်တွင် မည်သူတစ်ဦးတစ်ယောက်ကိုမှ လိမ်လည်ဖူးခြင်းမရှိပါ။(မယုံပါက ယခုစာအား screen shot ရိုက်ထားနိုင်သည်)
✅ သင်တန်းပြီးဆုံးအောင်တက်ပြီး exam တွင် အမှတ်အများဆုံးရရှိသည့် ကျောင်းသား ကျောင်းသူများ (1) ဦးအား deposit 5000 အပြင် ဆုငွေ ၅၀၀၀ ကျပ်ဆုချမည် ဖြစ်သည်။
❗သင်တန်းပြီးဆုံးအောင်မတက်ပါက deposit 5000 အားပြန်လည်ပေးမည်မဟုတ်ပါ။
✅သင်တန်းပြီးဆုံးလျှင် Exam အောင်မြင်သည့်ကျောင်းသားကျောင်းသူများအား အသိအမှတ်ပြု certificate ပေးမည်ဖြစ်သည်။
❗❗❗
စည်းကမ်းမလိုက်နာသည့်ကျောင်းသားများအား ကျောင်းမှ ဖွင့်လှစ်သည့်မည်သည့်အတန်းကိုမှ တက်ရောက်ခွင့်ပေးမည်မဟုတ်ပါ။အပြီးအတိုင် banမည်ဖြစ်သည်။
အားလုံးပဲမဂ်လာပါ ဒီတစ်ခါကတော့ သားသားမီးမီးလေးတွေအတွက် ပညာဒါနလေးဖြစ်ပါတယ် 🎉
✅ကလေးငယ်လေးတွေကို grammar သင်ကြားရာမှာ အသုံးအများဆုံးဖြစ်တဲ့ Grammar friend series လေးနဲ့သင်ကြားပေးမှာပဲဖြစ်ပါရှင်✨
✅Video Class လေးဖြစ်တာကြောင့် အချိန်မရွေးစာလေ့နိုင်ပါတယ်
ဒီအတန်းလေးက ကလေးလေးတွေအတွက်တင်မဟုတ်ပဲ စာပြန်သင်ပေးချင်တဲ့မေမေတွေ၊
မောင်လေးတွေ ညီမလေးတွေကို စာပြန်သင်တဲ့လူတွေလဲ join ထားပြီး ပြလို့ရပါတယ်နော်🤭🙊
❗တက်ရောက်မည်ဆိုပါက အောက်ပါ channel လေးကို join ထားပြီးလေ့လာနိုင်ပါတယ်ရှင်♥️
https://t.me/grammarfriend1
📌 Homework gpလေးပါထားပေးထားမှာဆိုတော့ သားသားမီးမီးတို့ စာမလုပ်လို့မရပါဘူးနော်🙊🤎
📌 video လေးတွေကိုတော့ ၁၀နေ့ကနေစပြီးတင်ပေးသွားပါမယ်ရှင်🤎
Student : Tr စာသင်တဲ့အပြင်ဘယ်
နေရာတော်လဲ။
Me : Motiပေးတဲ့နေရာတော်တယ်
လေ 🙊။ဒါမဲ့စာမပြန်တဲ့crush
ကို စာပို့နေတဲ့လူ၊အသဲကွဲနေတဲ့
လူတွေတော့မပါဘူးပေါ့🥹🌚။
ဒါလေးကတော့ 24.9.2025မှာစတဲ့ Chinese basic+hanyu book 1+2
အတန်းလေးပဲဖြစ်ပါတယ်♥️
တာ၀န်ယူသင်ကြားပေးတဲ့ volunteer Trကိုလဲ ကျေးဇူးတင်ပါတယ်ရှင့် ♥️
အားလုံးပဲ မဂ်လာပါရှင့် Tr တို့ channel လေးကို စထောင်တာ 1လစွန်းစွန်းေလး မှာပဲ ကျောင်းသားပေါင်း 245 ဦးကို ပညာဒါန သင်ကြားပေးနိုင်ခဲ့ပါပြီရှင် 😭❤️
ခုလို တက်ပေးကြလို့ Tr Mariellaနဲ့ Volunteer Tr အားလုံး က အထူးကျေးဇူးတင်ရှိပါတယ်ရှင် ♥️
ဆက်လက်ပြီးလဲ ပညာဒါနအတန်းလေးတွေဖွင့်ပေးသွားအုံးမှာမို့ စောင့်ေမျှာ် ပေးပါအုံးရှင်🙊🤎
+1
တီချယ်တို့ရဲ့ ၁၀ လပိုင်းစမဲ့အတန်းလေးတွေပါ🌸🤎
အတန်းလေးတွေဖွင့်တိုင်းလာတက်ပေးကြလို့ ကျေးဇူးတင်ပါတယ်ရှင်😭❤️
ဒါလေးကတော့ လွန်ခဲ့တဲ့ ၂ နှစ်လောက်တည်းက ပညာဒါနတွေလုပ်ပေးလာခဲ့တဲ့ page လေးပါ အဲ့တုန်းကတော့ Trတစ်ယောက်ထဲ သင်တာပေါ့နော်
ခုတော့ ကူညီပေးတဲ့ volunteer team လေးရှိလာတော့ အတန်းတွေအများကြီး ထပ်ဖွင့်ပေးပါမယ်ရှင်
https://www.facebook.com/profile.php?id=100078606378900
Essential grammar in use ကို video class လေးနဲ့သင်ဖြစ်နေတဲ့အတန်းသူလေးရဲ့ review လေးပါ
နောက်ထပ် video တွေထပ်လုပ်ဖို့ အားဆေးပေါ့🤭🤎
ဒီထဲမှာလေ G1 to G4 ကလေးလေးတွေ ရှိကြလားရှင်
တီချယ်တို့ဆီ လာအပ်တဲ့ကလေးလေးတွေမှာ G1 ကလေးလေးတွေပါ လာအပ်ကြတော့ ကလေးလေးတွေအတွက် grammar friend series or Family and friends series လေးနဲ့ သင်ပေးချင်လို့ပါ
တီချယ်ကို တစ်ချက် comment မှာပြောပေးကြပါဦးနော် 🥹♥️
အင်္ဂလိပ်စာကို ပိုမိုတိကျသေချာစွာ ပြောနိုင်ဖို့၊ ရေးနိုင်ဖို့ ဂရမ်မာအခြေခံတွေကို သေချာထားချင်ရင် ဒီ 100% free English Grammar Course လေးကို လုံးဝမလွှတ်သင့်ပါဘူး။
✨ သင်ခန်းစာအကြောင်းအရာများ
အခြေခံ ဂရမ်မာစည်းမျဉ်းများကို နားလည်လာစေခြင်း
မကြာခဏ ဖြစ်တတ်သော အမှားများကို ရှောင်ရှားနိုင်ဖို့ နည်းလမ်းများ
Tenses, Articles, Prepositions စတဲ့ အခက်အခဲဖြစ်တတ်တဲ့ ဂရမ်မာများကို လေ့ကျင့်ခန်းများဖြင့် သေချာကျက်သရေစေခြင်း
စာကြောင်းဖွဲ့စည်းပုံ၊ စကားလုံးအသုံးချမှု တို့ကို ပိုမိုတိုးတက်လာစေခြင်း
🗓 အချိန်ဇယား
နေ့များ – ကြာသပတေး၊ သောကြာ၊ စနေနေ့
အချိန် – ည ၇:၀၀ မှ ၈:၀၀
စတင်မည့်ရက် – ၂၅ စက်တင်ဘာ ၂၀၂၅
သင်တန်းကြာချိန် – ၃၀ ရက်
Platform – Zoom
👩🏫 သင်ကြားမည့်ဆရာမ–May Chit Phoo Thant
သင်တန်းလေးတက်ရောက်လိုပါက
@eden2789 ကိုဆက်သွယ်နိုင်ပါတယ်ရှင်♥️
#လူပြည့်မြန်တာမို့မြန်မြန်လေးလာအပ်ပေးပါနော်🙊
Learn and Grow with Smart Start
channel မှ ဖွင့်သမျှအတန်းတိုင်းက100% free class တွေချည်းပါပဲနော်
ပြီးကြ Tr ဆက်သွယ်ရန်ထည့်ပေးထားတဲ့ telegram account တွေကပဲ ဆက်သွယ်ပေးပါရှင်
Volunteer Trတွေရော Team တစ်ခုလုံးစေတနာထားပြီးလည်ပတ်ပေးနေတာပါ
#အလိမ်အညာတွေလာမလုပ်ကြဖို့ မေတ္တာရပ်ခံပါတယ်
Banလဲ banမှာပါ ပိုဆိုးလာရင် ပုံနှင့်တကွတင်ပါမယ်
အကြောင်းတစ်စုံတစ်ရာရှိခဲ့ရင် founder @Mariella8455 ကို ဆက်သွယ်ပေးပါရှင်
🌟 English A1 Online Class – Basic Level 🌟
“Start Your English Journey Today!” ✨
❗100% free of charge
အင်္ဂလိပ်စာကို အခြေခံအဆင့်မှ စတင်လေ့လာချင်သူများအတွက် အထူးစီစဉ်ထားတဲ့ A1 Online Class လေးကို မိတ်ဆက်ပေးချင်ပါတယ်။
📖 ဒီအတန်းမှာ သင်ရမယ့်
အကြောင်းအရာတွေကတော့ –
✅ နေ့စဉ်ဘဝမှာ အသုံးများတဲ့ Vocabulary & Phrases
✅ Speaking & Listening အခြေခံကျကျ လေ့ကျင့်မှုများ
✅ Grammar အခြေခံသိမှတ်ရမည့်အချက်များ
✅ နားလည်လွယ်ပြီး အသုံးချလွယ်တဲ့ သင်ခန်းစာများ
👩🏫 Instructor – Thadar Seint San
👥 Class Size – 25 Students (Limited Seats)
📅 Start Date – 4.10.2025
🗓 Days – Saturday & Sunday
⏰ Time – 7:30 PM – 8:30 PM
⏳ Duration – 1 month and above
💻 Platform – Zoom
✨ အခြေခံကနေ တဖြည်းဖြည်း ကျွမ်းကျင်လာချင်သူတိုင်းအတွက် သင့်တင့်ပြီး အဆင်ပြေတဲ့အတန်းလေးပါ။
လူပြည့်မြန်တာမို့ @eden2789 ကိုအမြန်ဆုံးလာ အပ်လိုက်ပါတော့နော် ♥️👀
