ru
Feedback
ဒဏ္ဍာရီလာ ကံကြမ္မာစစ်ပွဲ Threads of Fate : A War Untold ( 山海经密码 )

ဒဏ္ဍာရီလာ ကံကြမ္မာစစ်ပွဲ Threads of Fate : A War Untold ( 山海经密码 )

Открыть в Telegram

ကျွန်တော်တို့ဇာတ်ကားချန်နယ်များသည် Vip မရှိပါ အခကြေးငွေကောက်ခံသောသူများသည် လူလိမ်ဖြစ်ပါသည် @DongHuaFan

Больше

📈 Аналитический обзор Telegram-канала ဒဏ္ဍာရီလာ ကံကြမ္မာစစ်ပွဲ Threads of Fate : A War Untold ( 山海经密码 )

Канал ဒဏ္ဍာရီလာ ကံကြမ္မာစစ်ပွဲ Threads of Fate : A War Untold ( 山海经密码 ) (@threadsoffatedh) языкового сегмента Бирманский является активным участником. Сейчас сообщество объединяет 24 014 подписчиков, занимая 12 432 место в категории Фильмы и 5 876 место в регионе Мьянма.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 24 014 подписчиков.

Согласно последним данным от 01 июля, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -1 057, а за последние 24 часа — -12, при этом общий охват остаётся высоким.

  • Статус верификации: Не верифицирован
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 9.37%. В первые 24 часа после публикации контент обычно набирает N/A% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 2 249 просмотров. В течение первых суток публикация набирает 0 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 16.

📝 Описание и контентная политика

Автор описывает ресурс как площадку для выражения субъективного мнения:
ကျွန်တော်တို့ဇာတ်ကားချန်နယ်များသည် Vip မရှိပါ အခကြေးငွေကောက်ခံသောသူများသည် လူလိမ်ဖြစ်ပါသည် @DongHuaFan

Благодаря высокой частоте обновлений (последние данные получены 02 июля, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Фильмы.

24 014
Подписчики
-1224 часа
-3657 дней
-1 05730 день
Архив постов
အားလုံးစောင့်မျှော်နေကြတဲ့ 📌 ဝတိံဘုံဖျားနတ်ဘုရား (လော်ကျန်း) [ Apotheosis Become A God ] Season 3 ဟာဆိုရင် ⌨️2️⃣လပိုင်း 9️⃣ရ
အားလုံးစောင့်မျှော်နေကြတဲ့ 📌 ဝတိံဘုံဖျားနတ်ဘုရား (လော်ကျန်း) [ Apotheosis Become A God ] Season 3 ဟာဆိုရင် ⌨️2️⃣လပိုင်း 9️⃣ရက်နေ့မှာ ရာသီအသစ်နဲ့ပြန်လည်ထွက်ရှိလာတော့မှာ ဖြစ်ပါတယ် ။ 😍 Season 3 မှာအပိုင်းပေါင်း ခန်မှန်းချေ(၅၂) ပိုင်းပါဝင်မှာဖြစ်ပြီး စတင်ပြသမယ်ရက် 9ရက်နေ့ အင်္ဂါနေ့မနက်မှာအပိုင်း 1/3 ပိုင်းထိပြသနိုင်ပြီး ကျန်အပိုင်းများကို အပတ်စဉ် အင်္ဂါနေ့မနက်ပိုင်းတွေမှာပြသသွားမယ့်လို့သိထားပါတယ်။ 🔥 အကောင်းဆုံး တိုက်ခိုက်ခန်းတွေ၊ အပြင်းထန်ဆုံး စိန်ခေါ်မှုတွေကို မြန်မာစာတန်းထိုးနဲ့ အမြန်ဆုံး ကြည့်ရှုခံစားဖို့ Channel Join ထားလိုက်ပါ။ 🔗https://t.me/ApotheosisBecomeAGod Main Channel 🖥 🔗 https://t.me/donghuafan

"မီယား" အထောက်အထား ကျု့ရုံဘုရင်ရဲ့ တစ်ဦးတည်းသော သားတော်ဖြစ်ပြီးတော့ မယ်တော်ဖြစ်သူက သူကို ကာကွယ်ဖို့အတွက် တိုက်ပွဲထဲမှာ နတ်ရွာ
"မီယား" အထောက်အထား ကျု့ရုံဘုရင်ရဲ့ တစ်ဦးတည်းသော သားတော်ဖြစ်ပြီးတော့ မယ်တော်ဖြစ်သူက သူကို ကာကွယ်ဖို့အတွက် တိုက်ပွဲထဲမှာ နတ်ရွာစံသွားခဲ့ပြီး မယ်တော်ဖြစ်သူရဲ့ ပြန်လည်တိုက်ခိုက်မဲ့ နောက်ဆုံးဆန္ဒကို ထမ်းပိုးထားသူ ဖြစ်ပါတယ်။ စရိုက်လက္ခဏာ မဆင်မခြင်လုပ်တတ်ပြီး ဇွဲကောင်းတဲ့ လူငယ်လေး ဖြစ်ပါတယ်။ သူမှန်တယ်လို့ လက်ခံထားတဲ့ အရာတွေကိုသာ ခေါင်းမာစွာ ကိုင်စွဲထားသူဖြစ်ပြီး သူ့ဘက်တော်သားတွေရဲ့ အားနည်းချက်တွေနဲ့ အမှားတွေကို အလွန်အမင်း ကာကွယ်ပေးတတ်သူဖြစ်ပါတယ်။ ကြောက်ရွံ့နေပေမဲ့လည်း အားတင်းကာ ရှေ့သို့ တဟုန်ထိုး တိုးဝင်တိုက်ခိုက်‌နေသူ ဖြစ်ပါတယ်။ နောက်ခံဘဝဇာတ်ကြောင်း ကျု့ရုံဘုရင်မီဖန်းရဲ့ တစ်ဦးတည်းသော အမွေဆက်ခံသူဟာ မွေးရာပါ နန်းလျာဘုန်းရှိန်ဝါတွေ ပါလာခဲ့ပေမဲ့ လေးလံပြီး ကြေကွဲဖွယ် အတိတ်ကိုတော့ ဖုံးကွယ်ထားပါတယ်။ မယ်‌တောဖြစ်သူက သူ့ကို သာ့ရှတိုင်းပြည်ရဲ့ နဂါးချိပ်ပိတ်သံမှိုနဲ့ ရက်စက်စွာ သတ်ဖြတ်ခြင်း မခံရအောင် ကာကွယ်ဖို့အတွက် သံတမန်နဲ့ အချင်းချင်း သေသည်အထိ တိုက်ခိုက်ခဲ့ကြပြီးနောက် နတ်ရွာစံသွားခဲ့ပါတယ်။ ခမည်းတော်ဖြစ်သူက သူ့ကို ကာကွယ်ဖို့အတွက် သည်းခံပြီး လက်နက်ချအညံ့ခံဖို့ကိုသာ ရွေးချယ်နိုင်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက ကျု့ရုံမျိုးနွယ်စုထဲက ကာကွယ်စောင့်ရှောက်ခံရခြင်းကို အလိုမရှိဆုံး‌သော၊ လောကကို ဆန့်ကျင်တဲ့ မီးမျိုးစေ့ ဖြစ်နေလို့ပဲ ဖြစ်ပါတယ်။ စွမ်းရည်များ ကျင့်ကြံမှုဘုံအဆင့် : ကောင်းကင်ဘုံ‌လေးထပ် အထူးကျွမ်းကျင်မှု : ငရဲဘုံမှ မီးတောက် + မီလင်းနို့တွေကို ထိန်းချုပ်ခြင်း - @donghuafan - @ThreadsOfFate:AWarUntold

သိုင်းစကြ၀ဠာ [ Martial Universe ] Season 6 ဆိုရင်ဒီနေ့မှာထွက်ရှိလာပါပြီ မင်မင်တို့ရဲ့ချန်နယ်ကို မJoin ရသေးရင် Join ထားကြပါဦးန
သိုင်းစကြ၀ဠာ [ Martial Universe ] Season 6 ဆိုရင်ဒီနေ့မှာထွက်ရှိလာပါပြီ မင်မင်တို့ရဲ့ချန်နယ်ကို မJoin ရသေးရင် Join ထားကြပါဦးနော် 📌 ချန်နယ်လင့် https://t.me/SoulDongHua16 မူရင်း Main Channel https://t.me/DongHuaFan

ကျန်းကူ ကြံ့နဲ့တူတဲ့ ပုံပန်းသွင်ပြင်ရှိပြီး‌တော့ ဖျက်စီးလို့မရနိုင်လောက်အောင် မာကြောနေတဲ့ ကြမ်းတမ်း၊ ချွန်ထက်နေတဲ့ အရိုးခွံတွ
ကျန်းကူ ကြံ့နဲ့တူတဲ့ ပုံပန်းသွင်ပြင်ရှိပြီး‌တော့ ဖျက်စီးလို့မရနိုင်လောက်အောင် မာကြောနေတဲ့ ကြမ်းတမ်း၊ ချွန်ထက်နေတဲ့ အရိုးခွံတွေနဲ့ ဖုံးအုပ်ထားပါတယ်။ ခန္ဓာကိုယ်မှာ နက်ပြာရောင်အစင်း‌ကြောင်းတွေ ရစ်ပတ်နေပြီး သူရဲ့ အော်သံ ရောက်သွားတဲ့ နေရာတိုင်းက သားရဲ‌တွေဟာ ကြောက်ရွံ့မှုကြောင့် လှုပ်ရှားမှုမရှိဘဲ တောင့်တင်းသွားကြပြီး ဝပ်တွားကုန်ကြပါတော့တယ်။ ဒါ့အပြင် သူဟာ လူတွေရဲ့ ဝိညာဉ်တွေ စားသုံးရတာကို စွဲလမ်းနေပြီးတော့ အင်မတန် ရက်စက်ကြမ်းကြုတ်ပြီး ဆိုးသွမ်းနေတဲ့ သားရဲတစ်‌ကောင်ပဲ ဖြစ်ပါတယ်။ https://t.me/donghuafan https://t.me/ThreadsOfFateDH

"လော့လင်" အထောက်အထား စိတ္တဂိုဏ်းရဲ့ တပည့်ဖြစ်ပြီးတော့ မြင့်မြတ်သစ်ပင် အသက်ဆက်လက်ရှင်သန်နိုင်စေဖို့အတွက် စိတ်ခံစားချက်ခုနှစ်ပါ
"လော့လင်" အထောက်အထား စိတ္တဂိုဏ်းရဲ့ တပည့်ဖြစ်ပြီးတော့ မြင့်မြတ်သစ်ပင် အသက်ဆက်လက်ရှင်သန်နိုင်စေဖို့အတွက် စိတ်ခံစားချက်ခုနှစ်ပါးရဲ့ မျက်ရည်တွေကို စုဆောင်းဖို့ရာ မျက်ရည်သလင်းကျောက်လက်ကောက်ကိုယူ‌ပြီး တောင်အောက်ဆင်းသွားခဲ့သူ ဖြစ်ပါတယ်။ စရိုက်လက္ခဏာ ရိုးသားပွင့်လင်းပြီး ဟန်မဆောင်တတ်သူ၊ ရဲစွမ်းသတ္တိရှိပြီး‌ စွန့်စွန့်စားစားလုပ်ရတာကို ကြိုက်နှစ်သက်သူ ဖြစ်ပါတယ်။ နောက်ပြီး သံယောဇဉ်နဲ့ သစ္စာရှိမှုကို တန်ဖိုးထားသူဖြစ်ပြီးတော့ သူငယ်ချင်းဘက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ပေးတတ်သူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် တာဝန်သိစိတ်အပြည့်အဝရှိသူဖြစ်ကာ တာဝန်ပြီးမြောက်ဖို့အတွက် အတတ်နိုင်ဆုံး အစွမ်းအကုန် လုပ်တတ်သူလည်း ဖြစ်ပါသေးတယ်။ နောက်ခံဘဝဇာတ်ကြောင်း စိတ္တဂိုဏ်းချုပ်ရဲ့ အနီးကပ်တပည့်ဖြစ်ပြီး ဂိုဏ်းရဲ့ မြင့်မြတ်သစ်ပင်ကို အသက်ဆက်လက်ရှင်သန်လာအောင် လုပ်ရမယ့် တာဝန်ကို ယူထားခဲ့ပါတယ်။ ဒါကြောင့် သူ့ရဲ့ကိုယ်ပိုင်မှော်ပစ္စည်းဖြစ်တဲ့ မျက်ရည်သလင်းကျောက်လက်ကောက်ကို ယူကာ တောင်အောက်ဆင်းသွားခဲ့ပြီး အပြင်လောကကို စွန့်စားခရီး စထွက်ခဲ့ပါတော့တယ်။ ဘာကြောင့် လက်ကောက်ကို ယူသွားခဲ့တာလဲဆိုတော့ လက်ကောက်ဟာ စိတ်ခံစားချက်ခုနှစ်ပါးရဲ့ မျက်ရည်တွေကို စုဆောင်း‌ပေးနိုင်တဲ့ ပစ္စည်းဖြစ်သလို သူနဲ့ စိတ္တဂိုဏ်းကြား ဆက်သွယ်‌ပေးနိုင်တဲ့ သင်္ကေတလည်း ဖြစ်နေလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် လော့လင်ဟာ လောကကြီးမှာ တစ်ကိုယ်တည်း အထီးကျန်စွာ လှည့်လည်သွားလာနေတယ်လို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ သူရဲ့ ထူးခြားတဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံကြောင့် လူတွေရဲ့စိတ်နဲ့ စိတ်ခံစားချက်တွေကို ဆက်သွယ်ပေးပြီး မကောင်းဆိုးဝါးဝိညာဉ်တွေကို နှိမ်နင်းရာမှာ အရေးပါတဲ့ သူတစ်ယောက် ဖြစ်လာခဲ့ပြီးတော့ စွန့်စားသွားလာသူရဲ့ ထူးခြားတဲ့ အရည်အသွေးတွေ အလိုလို ပိုင်ဆိုင်လာပါတော့တယ်။ စွမ်းရည်များ ပိုင်နက် : ကောင်းကင်ဘုံငါးထပ် အထူးကျွမ်းကျင်မှု : နှုတ်ထွက်စကားနဲ့ အခြေအနေကို ထိန်းချုပ်ခြင်း + မျက်ရည်သ‌လင်းကျောက်နဲ့ မကောင်းမှုတွေကို နှိမ်နင်းခြင်း https://t.me/donghuafan https://t.me/ThreadsOfFateDH

"ယိလင့်ဖူ" အထောက်အထား ဒဏ္ဍာရီလာ လေးနတ်ဘုရား ဟုန်ယိရဲ့ သားတော် ဖြစ်ပြီးတော့ အရင်တုန်းက ကောင်းကင်ဂုဏ်ယူရသူ ဖြစ်ခဲ့ဖူးပါတယ်။ ဒါပ
"ယိလင့်ဖူ" အထောက်အထား ဒဏ္ဍာရီလာ လေးနတ်ဘုရား ဟုန်ယိရဲ့ သားတော် ဖြစ်ပြီးတော့ အရင်တုန်းက ကောင်းကင်ဂုဏ်ယူရသူ ဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ မြွေနတ်ဆိုးမလေးနဲ့ အပြန်အလှန် ချစ်ကျွမ်းဝင်ခဲ့ကြတာကြောင့် ကြေကွဲဝမ်းနည်းဖွယ် အဖြစ်ဆိုးကြီးတစ်ခုကို ကြုံတွေခဲ့ရပြီးနောက် သေရည်တ‌စ္ဆေ [ သေသောက်ကြူးသူ ] အဖြစ်သို့ ရောက်ရှိသွားခဲ့ပါတယ်။ စရိုက်လက္ခဏာ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်းရှိပြီး မထင်မပေါ်‌နေတတ်သူ၊ ဂရုတစိုက်ရှိပြီး စေ့စပ်သေချာသူ၊ အပြောထက် အလုပ်နဲ့ သက်သေပြသူ၊ ကိုယ့်ကိုယ်ကို ပြစ်တင်ရှုတ်ချစိတ်နဲ့ နောင်တကြီးစွာရခြင်းတို့ထဲမှာ နက်ရှိုင်းစွာ ပိတ်မိနေသူ၊ အရေးအကြီးတဲ့ အချိန်မှာတောင်မှ တာဝန်ယူမှုကို ပြသတတ်သူ ဖြစ်ပါတယ်။ နောက်ခံဘဝဇာတ်ကြောင်း ယုံချုံကုန်သည်အဖွဲ့ရဲ့ သခင်ငယ်လေး ဖြစ်ပြီးတော့ မြွေနတ်ဆိုးမလေး ယင်ဟွမ်နဲ့ တားမြစ်ထားတဲ့ ချစ်ခြင်း‌မေတ္တာကြောင့် ကြေကွဲဝမ်းနည်းဖွယ်အဖြစ်ဆိုးကြီးကို ကြုံတွေ့ခဲ့ရပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်တုန်းက မိုးကြိုးအတိဒုက္ခ ကျရောက်ခဲ့တဲ့ညမှာ မိခင်ဖြစ်သူ မြေစာပင်ဖြစ်ခဲ့ရတာကြောင့် ဝမ်းနည်းကြေကွဲဖွယ် သေဆုံးသွားတာကို မျက်မြင်ကိုယ်တွေ့ တွေ့မြင်လိုက်ရပြီး စိတ်နှလုံး ပြိုကွဲပျက်စီးသွားခဲ့ပါတယ်။ အဲဒီနောက် ဖခင်ဖြစ်သူရဲ့ ဒေါသအမျက် ချောင်းချောင်းထွက်နေတဲ့ အခြေအနေအောက်မှာ အစွမ်းနဲ့ ဖန်တီးထားတဲ့ "လစန္ဒာကြွေကျခြင်း" လေးကို ချစ်ရသူထံ ချိန်ရွယ်ထားခဲ့ပေမဲ့ နောက်ဆုံးမှာတော့ လေးကြိုးက ပြတ်‌တောက်သွားခဲ့ပြီး သူမကို ထွက်သွားခွင့်ပေးခဲ့ပါတယ်။ အဲ့ဒီအချိန်ကစပြီး စိတ်ခံစားချက်ကြိုးလေးဟာ လုံးဝ ပြတ်တောက်သွားခဲ့ပြီး အကျင့်စာရိတ္တပျက်ပြားခြင်းနဲ့ စိတ်ဓာတ်ကျအားငယ်ခြင်းတို့ထဲ နစ်မြုပ်သွားခဲ့ပါတော့တယ်။ စွမ်းရည်များ ပိုင်နက် : ကောင်းကင်ဘုံငါးထပ် အထူးကျွမ်းကျင်မှု : "လစန္ဒာကြွေကျခြင်း" လေး [ ကြမ်းကြုတ်သားရဲတွေကို သတ်နိုင်ပါတယ် ] - @SoulAnimedoM - @ThreadsOfFate:AWarUntold

"ယင်ဟွမ်" အထောက်အထား နှစ်တစ်ထောင်သက်တမ်းရှိတဲ့ မဟူရာကြေးခွံမြွေနတ်ဆိုးပဲ ဖြစ်ပါတယ်။ ကောင်းကင်မိုးကြိုးအတိဒုက္ခကို တိမ်းရှောင်
"ယင်ဟွမ်" အထောက်အထား နှစ်တစ်ထောင်သက်တမ်းရှိတဲ့ မဟူရာကြေးခွံမြွေနတ်ဆိုးပဲ ဖြစ်ပါတယ်။ ကောင်းကင်မိုးကြိုးအတိဒုက္ခကို တိမ်းရှောင်ဖို့အတွက် ယိလင့်ဖူထံ ချဉ်းကပ်ခဲ့ပေမဲ့ အမှန်တစ်ကယ် ချစ်မိသွားခဲ့ပါတယ်။ အခုလက်ရှိမှာတော့ ရှို့ဟွာမြို့မှာ ပန်းဘုရင်မ [ ထိပ်တန်း အပျော်မယ် ] အဖြစ် လုပ်ကိုင်လျက် ရှိပါတယ်။ စရိုက်လက္ခဏာ အပြင်ပန်းမှာတော့ စွဲမက်ဖွယ်ကောင်းပြီး ပျင်းရိပုံပေါက်ပေမဲ့ အတွင်းပိုင်းမှာတော့ အလွန်နူးညံ့ပြီး ထိလွယ်၊ ရှလွယ်၊ ခံစားလွယ်တတ်သူ ဖြစ်ပါတယ်။ လူသားသဘာဝရဲ့ အားနည်းချက်တွေကို ထိုးထွင်းသိမြင်နိုင်တဲ့ နေရာမှာ တစ်ဖက်ကမ်းခတ် ကျွမ်းကျင်ပါတယ်။ အချစ်အတွက် အသက်ကိုပင် စွန့်လွှတ်အနစ်နာခံဖို့ ဆန္ဒရှိသူ ဖြစ်ပါတယ်။ နောက်ခံဘဝဇာတ်ကြောင်း ကျင့်ကြံအားထုတ်ပြီး လူသားအသွင်ပြောင်းထားတဲ့ မြွေနတ်ဆိုးဖြစ်ပြီး ယိလင့်ဖူနဲ့ အပြန်အလှန် ချစ်ကျွမ်းဝင်ခဲ့ကြပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ဆယ်တုန်းက မိုးကြိုးအတိဒုက္ခကို ကျော်ဖြတ်နေစဉ်အတွင်း ထိန်းချုပ်မှု လွတ်သွားခဲ့တာကြောင့် ကောင်းကင်တန်ခိုးအရှိန်အဝါတွေက ယိမျိုးနွယ်ဘိုးဘွားဗိမာန်အထိ ပျံ့နှံ့သွားခဲ့ကာ မမျှော်လင့်ဘဲ ယိလင့်ဖူရဲ့ မိခင်ကို အသက်သေစေမိခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကြောင့် ကြေကွဲဝမ်းနည်းနေတဲ့ ယိလင့်ဖူရဲ့ နှင်ထုတ်ခြင်းကို ခံခဲ့ရပြီးတော့ အပြစ်ရှိစိတ်နဲ့ လိပ်ပြာမလုံဖြစ်စိတ်တို့ကို သယ်ပိုးကာ ထွက်ခွာလာခဲ့ပါတော့တယ်။ စွမ်းရည်များ ပိုင်နက် : ကောင်းကင်ဘုံခြောက်ထပ် အထူးကျွမ်းကျင်မှု : ငွေရောင်မြွေဆိပ်အတတ်၊ ညှို့ငင်လှည့်စားစက္ခု 🟡 @ThreadsOfFate 🟡@DongHuaFan

ယင်ထိုင်ပုံရိပ်ယောင်တေးဂီတစင်မြင့် ရှို့ဟွာမြို့လယ်ခေါင်ရှိ ရေကန်ပေါ်မှာ တည်ထားတဲ့ အကစင်မြင့်ဖြစ်ပြီး လောကီအာရုံ၊ ကာမဂုဏ်တွေက
ယင်ထိုင်ပုံရိပ်ယောင်တေးဂီတစင်မြင့် ရှို့ဟွာမြို့လယ်ခေါင်ရှိ ရေကန်ပေါ်မှာ တည်ထားတဲ့ အကစင်မြင့်ဖြစ်ပြီး လောကီအာရုံ၊ ကာမဂုဏ်တွေကြား ယစ်မူးပျော်ဝင်ဖွယ်ကောင်းတဲ့ ဖျော်ဖြေတင်ဆက်မှုတွေ တစ်ခုပြီး တစ်ခု ဒီနေရာမှာ ဖျော်ဖြေတင်ဆက်ပြသလေ့ ရှိပါတယ်။ 🟡 @ThreadsOfFate 🟡@DongHuaFan

ကျားသစ်ငါး ‌ကျယ်ပြောလှတဲ့ လူသူမဲ့နယ်မြေကြီးထဲမှာ နေထိုင်ကျက်စားတဲ့ ကြမ်းကြုတ်သားရဲပဲ ဖြစ်ပါတယ်။ အပြင်ပန်းအသွင်သဏ္ဌာန်မှာ ကျား
ကျားသစ်ငါး ‌ကျယ်ပြောလှတဲ့ လူသူမဲ့နယ်မြေကြီးထဲမှာ နေထိုင်ကျက်စားတဲ့ ကြမ်းကြုတ်သားရဲပဲ ဖြစ်ပါတယ်။ အပြင်ပန်းအသွင်သဏ္ဌာန်မှာ ကျားသစ်ကိုယ်နဲ့ ငါးတောင်ပံတွေ ပါရှိပါတယ်။ ဟိန်းသံက တရုတ်ရေဘဲအော်သံနဲ့ တူပြီး လူသားစားတဲ့ သားရဲပဲ ဖြစ်ပါတယ်။ ဒီသားရဲရဲ့ ပေါ်ထွက်လာမှုကို ရေဘေးရဲ့ နမိတ်လက္ခဏာအဖြစ် မှတ်ယူထားကြပါတယ်။ 🟡 @ThreadsOfFateDH 🟡@DongHuaFan

ကောင်းကင်ပူဆွေးဝမ်းနည်းခြင်းမြားသင်္ချိုင်း ရှို့ဟွာမြို့တံခါးအပြင်ဘက်က စစ်မြေပြင်ပဲ ဖြစ်ပါတယ်။ ဒီနေရာဟာ ကြမ်းကြုတ်သားရဲတွေရဲ
ကောင်းကင်ပူဆွေးဝမ်းနည်းခြင်းမြားသင်္ချိုင်း ရှို့ဟွာမြို့တံခါးအပြင်ဘက်က စစ်မြေပြင်ပဲ ဖြစ်ပါတယ်။ ဒီနေရာဟာ ကြမ်းကြုတ်သားရဲတွေရဲ့ သေဆုံးခြင်းကို သက်သေခံနေခဲ့သလို သူရဲကောင်းတို့ရဲ့ အဆုံးသတ်ကိုလည်း သက်သေခံနေခဲ့ပါတယ်။ 🟡 @ThreadsOfFateDH 🟡@DongHuaFan

ကျားဖြူ [ မကောင်းဆိုးဝါးများကို ရက်စက်ကြမ်းကြုတ်စွာ သုတ်သင်နှိမ်နှင်းသည့် ကနဦးဘိုးဘေးပုံရိပ်ယောင်သားရဲ ] ယိုရှန်းပု‌‌ဖော့ စီး
ကျားဖြူ [ မကောင်းဆိုးဝါးများကို ရက်စက်ကြမ်းကြုတ်စွာ သုတ်သင်နှိမ်နှင်းသည့် ကနဦးဘိုးဘေးပုံရိပ်ယောင်သားရဲ ] ယိုရှန်းပု‌‌ဖော့ စီးနင်းတဲ့ သားရဲဖြစ်ပြီးတော့ ယိုရှန်းမျိုးနွယ်စုတစ်ခုလုံးရဲ့ သွေးကြောစွမ်းအားဖြစ်ကာ အသည်းခိုက်အောင်အေးမြတဲ့ ဆောင်းရာသီနဲ့ စစ်ပွဲတို့ရဲ့ ပြယုဂ်လည်း ဖြစ်ပါတယ်။ လျှပ်တစ်ပြက် ထိုးစစ်ဆင်လိုက်တဲ့အခါမှာ နယ်‌မြေတစ်ခုကို ခြိမ်းခြောက်နေတဲ့ နှင်းပြိုကျမှုကြီးတစ်ခုနဲ့ တူပြီး ဟိန်းသံက မြေအောက်ကမ္ဘာရဲ့ အနက်ရှိုင်းဆုံးနေရာမှာရှိတဲ့ အေးခဲနေတဲ့ ရေခဲလွှာတွေကိုတောင် အစိတ်စိတ်အမွှာမွှာ ကြေမွသွားစေပါတယ်။ ရက်စက်ကြမ်းကြုတ်စွာ သုတ်သင်ခြင်းအခွင့်အာဏာကို ကိုင်‌စွဲထားပေမဲ့ သွေးဆာတတ်တဲ့ ကြမ်းကြုတ်သားရဲတော့ မဟုတ်ပါဘူး။ သူ့ရဲ့ စွမ်းရည်က စစ်ပွဲတွေကို ရပ်တန့်ဖို့အတွက် တိုက်ခိုက်ခြင်းနဲ့ လမ်းစဉ်၊ နိယာမတွေကို ကာကွယ်‌ဖို့အတွက် သုတ်သင်သတ်ဖြတ်ခြင်းတို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီကျားဖြူက ကာကွယ်စောင့်ရှောက်ခြင်းနဲ့ အမြင့်မြတ်ဆုံး ဘုန်းတန်ခိုးအာနုဘော်ကိုလည်း ကိုယ်စားပြုပါသေးတယ်။ 🟡 @ThreadsOfFateDH 🟡@DongHuaFan

အပျက်အစီးမြေအဖြစ် ပြောင်းသွားသော သဲပင်လယ် ကြီးမားကျယ်ပြောလှတဲ့ လူသူမဲ့နယ်မြေထဲက အန္တရာယ်ရှိပြီး ကျောက်စရစ်ခဲ‌လေးတွေရှိနေတဲ့ သ
အပျက်အစီးမြေအဖြစ် ပြောင်းသွားသော သဲပင်လယ် ကြီးမားကျယ်ပြောလှတဲ့ လူသူမဲ့နယ်မြေထဲက အန္တရာယ်ရှိပြီး ကျောက်စရစ်ခဲ‌လေးတွေရှိနေတဲ့ သဲကန္တာရတစ်ခုပဲ ဖြစ်ပါတယ်။ ကောင်းကင်အမြင့်တစ်နေရာမှာ နတ်လင်းယုန်ငှက်‌တွေက ပျံဝဲနေပြီးတော့ သဲမှုန့်တွေနဲ့ ဖုန်မှုန့်တွေကလည်း ကောင်းကင်ယံမှာ ပြည့်နှက်နေပါတယ်။ နောက်ပြီး ဒီနေရာမှာ မမြင်နိုင်တဲ့ အန္တရာယ်တွေလည်း ရှိနေပါသေးတယ်။ 🟡 @ThreadsOfFateDH 🟡@DongHuaFan

ကျောင်းကဲသဘာဝရေကမ်းပါး ရှန်းမင်းဆက်ရဲ့ တော်ဝင်မြို့တော်အပြင်ဘက်က အလွန်အန္တရာယ်ရှိတဲ့ နေရာတစ်ခုပဲ ဖြစ်ပါတယ်။ ဒီနေရာဟာ ပြည်ပရန်
ကျောင်းကဲသဘာဝရေကမ်းပါး ရှန်းမင်းဆက်ရဲ့ တော်ဝင်မြို့တော်အပြင်ဘက်က အလွန်အန္တရာယ်ရှိတဲ့ နေရာတစ်ခုပဲ ဖြစ်ပါတယ်။ ဒီနေရာဟာ ပြည်ပရန်သူတွေ တိုက်ခိုက်လာမှာကို ခုခံကာကွယ်ပေးထားပေမဲ့ အထဲမှာရှိတဲ့ လူတွေရဲ့ လွတ်လပ်မှုကိုလည်း ပိတ်‌လှောင်ထားပါတယ်။ တစ်ချို့လူတွေရဲ့ မျက်လုံးထဲမှာတော့ ဒီနေရာဟာ တောင်တန်းတွေနဲ့ ပင်လယ်တွေဆီကို ခရီးထွက်ဖို့အတွက် အစပြုတဲ့‌ နေရာပဲ ဖြစ်ပါတယ်။ ရည်မွန်ပြီး ကြင်နာတတ်တဲ့ လူငယ်လေးတွေဟာ တောင်တန်းတွေနဲ့ ပင်လယ်တွေဆီကို အတူတူ ခရီးထွက်ကြပါလိမ့်မယ်။ 🟡 @ThreadsOfFateDH 🟡@DongHuaFan

လူသူမဲ့ရေခဲပြင်လွှာကြီး ကျန်းလီရဲ့ ကျင့်ကြံရာနေရာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ လူငယ်လေးတွေ တစ်ယောက်နဲ့ တစ်ယောက် တွေ့ဆုံမိကြပြီးတော့
လူသူမဲ့ရေခဲပြင်လွှာကြီး ကျန်းလီရဲ့ ကျင့်ကြံရာနေရာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ လူငယ်လေးတွေ တစ်ယောက်နဲ့ တစ်ယောက် တွေ့ဆုံမိကြပြီးတော့ ကံစီမံထားတဲ့ စွန့်စားခန်းတစ်ခုကို စတင်ကြပါလိမ့်မယ်။ နောက်ပြီး ရည်မွန်မှုနဲ့ ကြင်နာမှုကို ရင်ဝယ်ပိုက်ကာ တောင်တန်းတွေနဲ့ ပင်လယ်တွေဆီကို အတူတူ ခရီးထွက်ကြပါလိမ့်မယ်။ Channel Link https://t.me/ThreadsOfFateDH

ကံကြမ္မာ၏ကြိုးဆွဲရာ 🪁🐦‍🔥 Threads of Fate : A War Untold (山海经密码) Trailer 4 🟡 @ThreadsOfFateDH 🟡@DongHuaFan

"ကျန်းလီ" အထောက်အထား ထိုက်ယီးဂိုဏ်းချုပ် ကျို့ကျိုးရန်ရဲ့ နောက်ဆုံးတပည့် ဖြစ်ပေမဲ့ တကယ်တမ်းကတော့ ရှမင်းဆက်ရဲ့ မင်းသားတစ်ပါး ဖ
"ကျန်းလီ" အထောက်အထား ထိုက်ယီးဂိုဏ်းချုပ် ကျို့ကျိုးရန်ရဲ့ နောက်ဆုံးတပည့် ဖြစ်ပေမဲ့ တကယ်တမ်းကတော့ ရှမင်းဆက်ရဲ့ မင်းသားတစ်ပါး ဖြစ်ပါတယ်။ စရိုက်လက္ခဏာ အပြင်ပန်းမှာတော့ အေးစက်ပြီး တသီးတခြားနေတယ်လို့ ထင်ရပေမဲ့ အတွင်းပိုင်းမှာတော့ နွေးထွေးမှုနဲ့ နူးညံ့သိမ်‌မွေ့မှုတွေကို ဖုံးကွယ်ထားပါတယ်။ ပညာရည်ပြည့်ဝပြီး တည်တည်ငြိမ်ငြိမ်ရှိကာ နည်းဗျူဟာ‌တွေနဲ့ ရှုပ်ထွေးတဲ့ အစီအစဉ်‌တွေ ဆွဲခြင်းကို ကျွမ်းကျင်ပါတယ်။ သတ်ဖြတ်တာ‌တွေနဲ့ သွေးထွက်သံယိုဖြစ်တာ‌တွေကို မုန်းပြီးတော့ သဘာဝတရားကြီးရဲ့ ဟန်ချက်ညီနေမှုကို မြတ်နိုးတန်ဖိုးထားသူ ဖြစ်ပါတယ်။ ခံစားချက်တွေကို သိပေမဲ့ သူတို့ကို ဘယ်လိုဖော်ပြရမယ်ဆိုတာကိုတော့ မသိပါဘူး။ နောက်ခံဘဝဇာတ်ကြောင်း ယိုရှန်းပုဖော့ရဲ့ နောက်ခံဖြစ်တဲ့ ရှန်းတိုင်းပြည်နဲ့ ရန်ဘက်တိုင်းပြည်က ဖြစ်ပြီးတော့ အသက်ငယ်ရွယ်စဉ်ကတည်းက ကျင့်ကြံ‌ရေးကို လိုက်စားခဲ့ပါတယ်။ သူ့ရဲ့ဆရာသခင်က ရှမင်းဆက်ဘုရင်ကျယ်ရဲ့ နိုင်လိုမင်းထက်အုပ်ချုပ်မှု‌ကြောင့် စဉ်ဆက်မပြတ် ဖြစ်ပေါ်နေတဲ့ သဘာဝဘေးအန္တရာယ်ကို ဖြေရှင်းနိုင်ဖို့ရာ ရည်ရွယ်ပြီး သူ့ကို နှင်းနယ်မြေမှာ ကိုးဆယ့်ကိုးရက်ကြာ တံခါးပိတ်ကျင့်ကြံဖို့အတွက် စီစဉ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ယိုရှန်းပုဖော့ရဲ့ နှောင့်ယှက်မှုကြောင့် တံခါးပိတ်ကျင့်ကြံခြင်းကနေ စောပြီး ထွက်လာခဲ့ရပါတယ်။ အဲ့ဒီကနေစပြီး ကျန်းလီရဲ့ ကံကြမ္မာလမ်းကြောင်းဟာ ပြောင်းလဲသွားခဲ့ပါတော့တယ်။ စွမ်းရည်များ ကြယ်စင်ဖွဲ့အစီအရင် သစ်သားဓာတ်မှော်အတတ် အသွင်သဏ္ဍာန်အပေါင်းပျက်သုဉ်းခြင်း ရွှမ်ကျီးရောနှောကောင်းကင်သိုင်း [ တိုက်ခိုက်သောအတတ်ဟု ခန့်မှန်းလို့ရပါတယ် ] 🟡 @ThreadsOfFateDH 🟡@DongHuaFan

"ယိုရှန်းပုဖော့" အထောက်အထား ရှန်းဘုရင်ရဲ့ မြေးတော်၊ ရှန်းတိုင်းပြည်ရဲ့ အိမ်ရှေ့စံမင်းသား စရိုက်လက္ခဏာ အပြင်ပန်းမှာတော့ ပုန်ကန
"ယိုရှန်းပုဖော့" အထောက်အထား ရှန်းဘုရင်ရဲ့ မြေးတော်၊ ရှန်းတိုင်းပြည်ရဲ့ အိမ်ရှေ့စံမင်းသား စရိုက်လက္ခဏာ အပြင်ပန်းမှာတော့ ပုန်ကန်ထကြွတတ်တယ်၊ အထိန်းအကွပ်မဲ့တယ်၊ မယဉ်ကျေးဘူးလို့ ထင်ရပေမဲ့ အတွင်းပိုင်းမှာတော့ ကလေးလေးလို ဖြူစင်ပြီး အပြစ်ကင်းတဲ့ နှလုံးသားလေး ရှိပါတယ်။ သံယောဇဉ်တွေနဲ့ သစ္စာရှိခြင်းကို တန်ဖိုးထားသူ ဖြစ်ပါတယ်။ အထူးသဖြင့် အရာအားလုံးထက် သူငယ်ချင်းသံယောဇဉ်ကို ဦးစားပေးတတ်ပါတယ်။ ကံကြမ္မာရဲ့ ချုပ်ခြယ်ခြင်းခံရတာကို မကြိုက်တာကြောင့် ကံကြမ္မာရဲ့ ချုပ်ခြယ်ခြင်းမခံရဘဲ လွတ်လပ်စွာ ဆုံးဖြတ်ချက်ချပြီး လုပ်ကိုင်နိုင်ဖို့အတွက် ကြိုးပမ်းနေပါတယ်။ နောက်ခံဘဝဇာတ်ကြောင်း ငယ်ရွယ်စဥ်အချိန်ကတည်းက ခမည်းတော် ကွယ်လွန်သွားတာ‌ကြောင့် ရှန်းဘုရင်နဲ့ ဆရာသခင်ယီးယင်တို့က ပြုစုပျိုးထောင်ပေးခဲ့ရပါတယ်။ သာ့ရှတိုင်းပြည်ရဲ့ ထိန်းချုပ်မှုအောက်က ရုပ်သေးရုပ်ဘုရင် မဖြစ်ချင်တာကြောင့် ဘိုး‌တော်ဖြစ်သူနဲ့ သဘောထားကွဲလွဲမှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အမည်‌ပြောင်းကာ အိမ်မှ ထွက်ခွာလာခဲ့ပြီး ရက်စက်ကြမ်ကြုတ်မှုတွေ ပြည့်နှက်နေတဲ့ ခရီးတစ်ခုကို စတင်ခဲ့ပါတော့တယ်။ သို့သော်လည်း ကံကြမ္မာရဲ့ စီရင်မှုကြောင့် တစ်နေ့မှာတော့ ရှန်းမင်းဆက်ရဲ့ လေးဆက်မြောက်အုပ်စိုးသူ ထိုက်ကျာ ဖြစ်လာခဲ့ပါတော့တယ်။ စွမ်းရည်များ မဟူရာငှက် [ အပြည့်အဝမနိုးထသေးပါ ] ကျားဖြူ [ မနိုးထသေးပါ ] ပုသုဓားသွား [ နဂါးချိတ်ပိတ်လက်သည်း ] 🟡 @ThreadsOfFateDH 🟡@DongHuaFan

"ယိုရှန်းပုဖော့" - MBTI : ESTP [ အရာရာတိုင်းကို ရင်ဆိုင်ရန် အသင့်ဖြစ်နေပြီး ယုံကြည်ချက်ရှိသူ၊ အခွင့်အရေးကို အမြဲချောင်းနေပြီး
"ယိုရှန်းပုဖော့" - MBTI : ESTP [ အရာရာတိုင်းကို ရင်ဆိုင်ရန် အသင့်ဖြစ်နေပြီး ယုံကြည်ချက်ရှိသူ၊ အခွင့်အရေးကို အမြဲချောင်းနေပြီး ရသမျှအခွင့်အရေးကို အသုံးချတတ်သူ ] - ရာသီခွင် : မဿိရာသီဖွား [Aries] - မွေးနေ့ : 3 လပိုင်း 21 ရက် - ကြိုက်သည့်အရာများ : လွတ်လပ်မှုကိုကြိုက်ခြင်း ခရီးသွားခြင်း၊ အသစ်သစ်သောအရာများကို စမ်းလုပ်ကြည့်ခြင်း - မုန်းသည့်အရာများ : ပြဌာန်းထားတဲ့ စည်းကမ်းများကို လိုက်နာရခြင်း၊ အတန်းတက်ရခြင်း၊ ဆရာသခင်နှင့် အဘိုးတို့ရဲ့ တင်းကြပ်သော ကြီးကြပ်ခြင်းကို ခံနေရခြင်း ============================== "ကျန်းလီ" - MBTI : INFJ [ ရိုးသားလွန်းလို့ နောက်ကျောကိုအမြဲ ဓားနဲ့ထိုးခံရသူ၊ အနေအေးပြီးစိတ်ကူးယဉ်ဆန်သူ ] - ရာသီခွင် : တူရာသီဖွား [Libra] - မွေးနေ့ : 10 လပိုင်း 23 ရက် - ကြိုက်သည့်အရာများ : ရှေ့ဆက်လုပ်မယ့်အရာ တွေနဲ့ဘဝ‌ရှေ့ရေးအတွက် အစီအစဉ်ချခြင်း၊ ပန်းရနံ့အမျိုးမျိုး၊ ကြယ်တွေကိုတစ်ယောက်တည်းကြည့်ခြင်း - မုန်းသည့်အရာများ : သူ့ရဲ့အစီအစဉ်တွေ ပျက်ဆီးသွားခြင်း၊ စကားပြောခြင်း၊ ကြောင်သူတော်‌တွေ၊ မရိုးသားတဲ့သူတွေ၊ ယိုရှန်းပုဖော့ကလွဲပြီး တခြားလူတွေနဲ့ လူမှုဆက်ဆံရခြင်း 🟡 @ThreadsOfFateDH 🟡@DongHuaFan

ကံကြမ္မာ၏ကြိုးဆွဲရာ Main Characters ယိုရှန်းပုဖော့နှင့် ကျန်းလီ 🟡 @ThreadsOfFateDH 🟡@DongHuaFan
+1
ကံကြမ္မာ၏ကြိုးဆွဲရာ Main Characters ယိုရှန်းပုဖော့နှင့် ကျန်းလီ 🟡 @ThreadsOfFateDH 🟡@DongHuaFan