ru
Feedback
Asian Girls Collections

Asian Girls Collections

Открыть в Telegram
2 034
Подписчики
+1524 часа
+897 дней
+27630 день
Архив постов
D›angerous B›oy 2 (2024) ပေ့ဟာ ဆရာတစ်ယောက်ရဲ့ရှုထောင့်ကနေ သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ သူဟာကျောင်းသားအဖြစ်ဟန်ဆောင်ကာ သူတိုတစ်ယော
D›angerous B›oy 2 (2024) ပေ့ဟာ ဆရာတစ်ယောက်ရဲ့ရှုထောင့်ကနေ သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ သူဟာကျောင်းသားအဖြစ်ဟန်ဆောင်ကာ သူတိုတစ်ယောက်ချင်းစီရဲ့  ပြဿနာကိုဝင်ရောက်ခံစားဖို တာဝန်ပေးခံထားရတဲ့အခါ သူကိုယ်တိုင်ကလဲ  တပည့်တွေကိုသံယောဇဉ်ရှိသွားခဲ့ပါတယ်။ အရင်ကသူကြုံခဲ့ဖူးတဲ့ပြဿနာတွေနဲ့ယှဉ်ကာ ကိုယ်ချင်းစာတရားတွေနဲ့ တပည့်တွေလမ်းမှားမရောက်စေဖို နည်းလမ်းကိုကြိုးစားရှာဖွေနေဆဲဖြစ်ပါတယ်။ ချန်နယ်အရင်joinရန် နိုပ်ပါ 🤩 https://t.me/+c70jn7JJWaYyMjY1 ဇာတ်ကားကြည့်ရန် နိုပ်ပါ 🤩https://t.me/c/2596021494/172 =============================

သမီးလေးအတွက် လက်စားပြန်ချေမယ့် ဖခင် ➪➪➪➪➪➪➪➪➪➪➪➪➪➪ ၂၀၁၇ ထွက် ဂျက်ကီချန်းရဲ့ မြင်နေကြဟာသပုံစံမဟုတ်ဘဲ လေးနက်တဲ့ ဂျက်ကီကို မြင်ရ
သမီးလေးအတွက် လက်စားပြန်ချေမယ့် ဖခင် ➪➪➪➪➪➪➪➪➪➪➪➪➪➪
၂၀၁၇ ထွက် ဂျက်ကီချန်းရဲ့ မြင်နေကြဟာသပုံစံမဟုတ်ဘဲ လေးနက်တဲ့ ဂျက်ကီကို မြင်ရပါလိမ့်မယ်။ ဇာတ်လမ်းမှာ ဂျက်ကီဟာ အင်္ဂလန် နိုင်ငံသား သာမာန်စီးပွားရေးသမားတစ်ဦးပါပဲ။ ဒါပေမယ့် သူ့ရဲ့နောက်ဆုံးကျန်တဲ့ သမီးလေးဟာ အကြမ်းဖက်ဗုံးခွဲမှုကြောင့် သေဆုံးသွားခဲ့တဲ့ နောက်မှာ တရားခံတွေကို အပြစ်ပေးနိုင်ဖို အသည်းအသန် လိုက်စုံစမ်းပါတော့တယ်။ တရားခံတွေဟာ အိုင်ယာလန် ခွဲထွက်ရေးအဖွဲတစ်ခုကလို သိရတဲ့နောက်မှာ အဲဒီအဖွဲဝင်ဟောင်း ဘဝကနေ ဒုဝန်ကြီးဖြစ်လာတဲ့ မစ္စတာ ဟန်နက်ဆီဟာ သူ့ရဲ့ပစ်မှတ်ဖြစ်လာပါတော့တယ်…… ဂျက်ကီတစ်ယောက် အင်အားစုကြီးတစ်ခုကို ထိပ်တိုက်သွားရင်ဆိုင်မိလို ဒုက္ခရောက်မလား… လူကောင်းတစ်ယောက်ကို အစွန်းရောက်သွားစေခဲ့တဲ့ အကြမ်းဖက်အဖွဲတစ်ခုလုံး ဒုက္ခရောက်ရတော့မလားဆိုတာ…
ချန်နယ်အရင်joinရန် နိုပ်ပါ 🤩 https://t.me/+JUssgZ94fyE3NTI1 ဇာတ်ကားကြည့်ရန် နိုပ်ပါ 🤩https://t.me/c/2630211231/159 =============================

A Breed Apart (2025) ဇာတ်လမ်းကတော့ thriller horror ဇာတ်လမ်းအမျိုးအစားပဲဖြစ်ပါတယ်။ အွန်လိုင်းပေါ်ကနာမည်ကြီး influencer ငါးဦးကိ
A Breed Apart (2025) ဇာတ်လမ်းကတော့ thriller horror ဇာတ်လမ်းအမျိုးအစားပဲဖြစ်ပါတယ်။ အွန်လိုင်းပေါ်ကနာမည်ကြီး influencer ငါးဦးကို ခွေးရူးတွေနေထိုင်တဲ့ ကျွန်းတစ်ကျွန်းပေါ်ကိုဖိတ်ခေါ်ပြီး reality show တစ်ခုလုပ်ဖို စီစဉ်ရာကနေ မမျှော်လင့်ထားတဲ့အန္တရာယ်တွေနဲ့ ကြုံတွေ့ရပြီး အဲဒီကျွန်းပေါ်ကနေထွက်ပြေးလွတ်မြောက်ဖိုကြိုးပမ်းကြရပုံတွေကို ရင်သပ်ရှုမောဖွယ် ကြည့်ရှုခံစားရမယ့်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ချန်နယ်အရင်joinရန် နိုပ်ပါ 🤩 https://t.me/+yv3wTPS83YdjYmI9 ဇာတ်ကားကြည့်ရန် နိုပ်ပါ 🤩https://t.me/c/2552893698/196 =============================

Hell of a Summer (2025) IMDb Rating (5.9) / Rotten Tomatoes (52%) ဒီရုပ်ရှင်က နွေရာသီမှာ သည်းထိတ်ရင်ဖိုနဲ့ ဟာသရောထားတဲ့ ကားလေ
Hell of a Summer (2025) IMDb Rating (5.9) / Rotten Tomatoes (52%) ဒီရုပ်ရှင်က နွေရာသီမှာ သည်းထိတ်ရင်ဖိုနဲ့ ဟာသရောထားတဲ့ ကားလေးတစ်ကားပါ။ဒီဇာတ်ကားကို Finn Wolfhard နဲ့ Billy Bryk ဆိုတဲ့ လူငယ်နှစ်ယောက်က ရေးသားရိုက်ကူးထားပြီး သူတိုပဲ သရုပ်ဆောင်ထားသေးပါတယ်။
ဇာတ်လမ်းက Camp Pineway ဆိုတဲ့ နွေရာသီ ကလေးတွေအပန်းဖြေစခန်းမှာ ဖြစ်ပျက်တာပါ။ဇာတ်လမ်းစတော့ စခန်းပိုင်ရှင်နှစ်ယောက်ဖြစ်တဲ့ John နဲ့ Kathy တိုဟာ ညတစ်ညမှာ ရုတ်တရက် နတ်ဆိုးမျက်နှာဖုံးနဲ့ လူသတ်သမားတစ်ယောက်ရဲ့ တိုက်ခိုက်ခြင်းကို ခံလိုက်ရပြီး သေဆုံးသွားရာကနေ အစပြုတယ်။နောက်နေ့မှာ အသက် ၂၄ နှစ်အရွယ် Jason Hochberg ဆိုတဲ့ စခန်းကြီးကြပ်ရေးမှူးတစ်ယောက်က သူ့ရဲ့ ဆယ်ကျော်သက် လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်မပြေတာကိုပဲ စိတ်ပူနေရင်း စခန်းကို ရောက်လာတယ်။ဒါပေမယ့် သူမသိတာက ဒီလူသတ်သမားက စခန်းထဲမှာ လှည့်လည်နေပြီး ကြီးကြပ်ရေးမှူးတွေကို တစ်ယောက်ပြီး တစ်ယောက် ရက်ရက်စက်စက် သတ်ဖြတ်နေတာပဲ။ဒီရုပ်ရှင်က ၁၉၈၀ ခုနှစ်က Friday the 13th လို ဂန္ထဝင်စခန်းအခြေပြု သည်းထိတ်ရင်ဖိုရုပ်ရှင်တွေကို ဂုဏ်ပြုထားတဲ့ ဟာသပါတဲ့ ဇာတ်လမ်းမျိုးပါ။သတ်ဖြတ်ခန်းတွေကို ရုပ်ရှင်ထဲမှာ သိပ်ပြတာမဟုတ်ဘဲ မျက်နှာဖုံးနဲ့ လူသတ်သမားရဲ့ လှုပ်ရှားမှုတွေကို ခပ်သွက်သွက်နဲ့ ဟာသလေးနှောပြီး ရိုက်ပြထားတယ်။Jason နဲ့ သူ့ရဲ့ စခန်းက သူငယ်ချင်းတွေက ဒီလူသတ်သမားကို ဘယ်လိုရင်ဆိုင်မလဲ ဘယ်သူက ဒီမျက်နှာဖုံးနောက်က ဖြစ်နိုင်မလဲဆိုတာကို ကြည့်ရှုရတာ တကယ်ကို စိတ်ဝင်စားဖို ကောင်းပါတယ်။ဒီဇာတ်ကားက အရမ်း ကြောက်စရာမဟုတ်ဘူး ဒါပေမယ့် လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါး ဟာသတွေနဲ့ စခန်းထဲက ရယ်စရာ အပြန်အလှန်ဆက်ဆံမှုတွေက ကြည့်လိုအတော်ပျော်ဖိုကောင်းတယ်။ဂန္ထဝင်သည်းထိတ်ရင်ဖိုကားတွေကို သဘောကျရင် ဒီကားလေးက လက်မလွှတ်သင့်တဲ့ ရွေးချယ်မှုတစ်ခုပါပဲ။
ချန်နယ်အရင်joinရန် နိုပ်ပါ 🤩 https://t.me/+yv3wTPS83YdjYmI9 ဇာတ်ကားကြည့်ရန် နိုပ်ပါ 🤩https://t.me/c/2552893698/193 =============================

မကောင်းဆိုးဝါး ပူးကပ်ခံရတဲ့ Hannah Grace ဆိုတဲ့ ကောင်မလေးတယောက် ဟာ သေဆုံးသွားချိန်အထိ မကောင်းဆိုးဝါး ပူးကပ်ခံနေခဲ့ရတယ်။ သူရဲ့
မကောင်းဆိုးဝါး ပူးကပ်ခံရတဲ့ Hannah Grace ဆိုတဲ့ ကောင်မလေးတယောက် ဟာ သေဆုံးသွားချိန်အထိ မကောင်းဆိုးဝါး ပူးကပ်ခံနေခဲ့ရတယ်။ သူရဲ့ အလောင်းဟာ သေဆုံးပြီး လပေါင်းများစွာကြာပြီးမှ ဆေးရုံရင်ခွဲရုံကို ရောက်လာခဲ့တယ်။ အဲဒီအချိန် ဆေးရုံမှာ တာဝန်ကျတဲ့ ဝန်ထမ်းအသစ် ရဲဝန်ထမ်းဟောင်း Megan Reed နဲ့ သွားဆုံကြတဲ့အခါ ဘာတွေ ဆက်ဖြစ်လာမလဲ။ ဒါဟာ တကယ်လား၊ ဘယ်သူမှမရှိတဲ့ ရင်ခွဲရုံထဲမှာ စိတ်ခြောက်ခြားမှုများလားဆိုပြီး သွေးပျက်ထိတ်လန့်စရာ အခြေအနေတွေနဲ့ ရင်ဆိုင်ရချိန်မှာတော့ ဘာတွေ ဆက်ဖြစ်လာလိမ့်မလဲဆိုတာတွေကို ပရိသတ်တွေက ရှုစားကြရမှာပါ။ ဒီကားထဲမှာတော့ ကနေဒါ-ဖိလစ်ပိုင် သရုပ်ဆောင်မင်းသမီး Shay Mitchell နဲ့အတူ တခြားသရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Grey Damon ၊ Kirby Johnson နဲ့ Stana Katic တိုကလည်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဘတ်ဂျတ် အမေရိကန်ဒေါ်လာ ၆ သန်းနဲ့ ၉ သန်းခွဲကြား အကုန်အကျခံရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကားကို နိုင်ငံတကာမှာတော့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက ပြသခဲ့တာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားဟာ Boxoffice မှာတော့ ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၅ ဒဿမ ၉ သန်း ရရှိထားပါတယ်။
ချန်နယ်အရင်joinရန် နိုပ်ပါ 🤩 https://t.me/+c70jn7JJWaYyMjY1 ဇာတ်ကားကြည့်ရန် နိုပ်ပါ 🤩https://t.me/c/2596021494/166 =============================

Crypto Man (2025) 2022 ခုနှစ်က ဖြစ်ပွားခဲ့တဲ့ Luna Coin Crash အမှုကို အခြေခံပြီး ရိုက်ကူးထားတဲ့ Crypto Man ဆိုတဲ့ ဒီဂျစ်တယ် င
Crypto Man (2025) 2022 ခုနှစ်က ဖြစ်ပွားခဲ့တဲ့ Luna Coin Crash အမှုကို အခြေခံပြီး ရိုက်ကူးထားတဲ့ Crypto Man ဆိုတဲ့ ဒီဂျစ်တယ် ငွေကြေး ဇာတ်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်
ဇာတ်လမ်းကတော့ ဉာဏ်ကြီးရှင် အဖြစ် အများက သတ်မှတ်ထားတဲ့ ဒိုဟျွန်းဟာ ချီးကျူးခံရတဲ့ စံနှုန်းတွေနဲ့ ကိုက်ညီဖိုရာအတွက်ဘယ်နည်းနဲ့မဆို အောင်မြင်အောင် ကြိုးစားနေထိုင်ပါတယ်။ အောင်မြင်မှု သရဖူဆောင်းရမယ်ဆိုတဲ့ ရည်မှန်းချက်ကြီးမားတဲ့ ဒိုဟျွန်းတစ်ယောက် တစ်နေ့မှာတော့ စွန့်ဦး တီထွင် လူငယ်တွေ အတွက် နိုင်ငံတော်ကနေထောက်ပံ့ကြေးရရှိခဲ့ပြီး အဲဒီထောက်ပံ့ကြေးဟာ လုပ်ငန်းတည်ထောင်လိုသူတွေနဲ့ လုပ်ငန်းဒေဝါလီခံသွားရတဲ့သူတွေအတွက် ရည်ရွယ်တဲ့ ထောက်ပံ့ကြေးဆိုတာကို သိသွားတဲ့ နောက်မှာတော့ ဒိုဟျွန်းက သူ့လုပ်ငန်းကိုတမင်တကာ ထပ်ခါတလဲလဲ အရှုးပေါ်အောင် လုပ်ပါတော့တယ်။ အဲဒီ နောက်မှာတော့ ရင်းနှီးမြှုပ်နှံသူ ကယ်ဗင်ရဲ့အကူအညီနဲ့ MOMMY COIN ဆိုတဲ့ ဒီဂျစ်တယ်ငွေကြေးစနစ်ကိုပါ တီထွင်သွားနိုင်ပါတော့တယ်။ အချီကြီး အောင်မြင်သွားပေမဲ့ ဘဏ္ဍာရေး အဖွဲအစည်းရဲ့ စောင့်ကြည့်ခြင်းကို ခံနေရတဲ့ ဒိုဟျွန်းတစ်ယောက်အဆုံးထိ အောင်မြင်နိုင်ပါ့မလားဆိုတာကို ဇာတ်လမ်းထဲမှာ ဆက်လက် ရှုစားပေးကြပါဦး။
ချန်နယ်အရင်joinရန် နိုပ်ပါ 🤩 https://t.me/+yv3wTPS83YdjYmI9 ဇာတ်ကားကြည့်ရန် နိုပ်ပါ 🤩https://t.me/c/2552893698/191 =============================

Z_i-a_m (2/0/2/5) ဆေးရုံသိုက်မြုံကနေ ပေါက်ဖွားလာတဲ့ ကမ္ဘာ့ရုပ်အဆိုးဆုံး ထိုင်းဇွန်ဘီကြီးများ 😳😳 မွေထိုင်းလက်ဝှေ့ကျော် ဆင်းတ
Z_i-a_m (2/0/2/5)
ဆေးရုံသိုက်မြုံကနေ ပေါက်ဖွားလာတဲ့ ကမ္ဘာ့ရုပ်အဆိုးဆုံး ထိုင်းဇွန်ဘီကြီးများ 😳😳 မွေထိုင်းလက်ဝှေ့ကျော် ဆင်းတစ်ယောက် အလုပ်ကနေ ထွက်ပြီး... ချစ်သူလေးရင်ရဲ့ ဆန္ဒအတိုင်း ထိုင်းနိုင်ငံမြောက်ပိုင်းချင်းဒေါင်မှာ အခြေချနိုင်ဖိုအရေး သင်္ဘောလိုက်ပြီး ငွေစုဖိုလုပ်ပါတယ်... သူ့ချစ်သူ 'ရင်'ကတော့ အန္တရာယ်များတဲ့အလုပ်ဖြစ်လို ဒါကို သဘောမကျလှပါဘူး... အသားဆိုတာ ရွှေပေးဝယ်လိုမရလောက်တဲ့ ရှားပါးကာလဖြစ်လို ငါးဟင်းနဲ့ သူဌေးတစ်သိုက် အောင်ပွဲခံနေတုန်း... ငါးဟင်းစားမိတဲ့သူတစ်ယောက် ရုတ်တရက်လဲကျပြီး 'ရင်'တိုဆေးရုံကို ရောက်လာပါတော့တယ်... ကံဆိုးချင်တော့ ဒီငါးက ဇွန်ဘီးဗိုင်းရပ်စ် ကူးစက်ခံနေရတာဖြစ်ပြီး 'ရင်'တိုဆေးရုံတစ်ရုံလုံး zombie outbreak ဖြစ်နေတာကို ဆင်းသိလိုက်ရချိန်မှာတော့...
ချန်နယ်အရင်joinရန် နိုပ်ပါ 🤩 https://t.me/+yv3wTPS83YdjYmI9 ဇာတ်ကားကြည့်ရန် နိုပ်ပါ 🤩https://t.me/c/2552893698/185 =============================

စူပါမန်း (၂၀၂၅) **** ဂြိုလ်သားဖြစ်တဲ့အလျောက် လူသားဆန်တဲ့ တွေဝေမှုတွေကို ဖော်ပြနေတဲ့ စူပါမန်း ကမ္ဘာမြေပေါ်ရောက်လာတဲ့ စူပါမန်း
စူပါမန်း (၂၀၂၅) **** ဂြိုလ်သားဖြစ်တဲ့အလျောက် လူသားဆန်တဲ့ တွေဝေမှုတွေကို ဖော်ပြနေတဲ့ စူပါမန်း
ကမ္ဘာမြေပေါ်ရောက်လာတဲ့ စူပါမန်း တစ်ယောက် လူသားတွေကို အကျိုးပြုနေရင်းကနေ ကြာလာတော့ သူ့လုပ်ရပ်တွေကို မေးခွန်းထုတ်လာရပါတော့တယ် ။ သူဟာတကယ်ပဲ လူသားတွေကို အကျိုးပြုလေသလား ဒါမှမဟုတ် အခြား ဂြိုလ်ကလာတဲ့ အဆိပ်အတောက်တစ်ခုလား ဆိုတာဟာ လူတွေကြားထဲမှာ သတင်းဆိုးတွေ ပြန့်နေပါတယ်။ ထိုအရာကို အသုံးချတဲ့ ဘီလီယံ သူဌေး လတ်စ် လူသာ ဟာ စီးပွားရေးအရကော မိမိအတွက်ပါ စူပါမန်း ကို ဖယ်ရှားချင်တဲ့ အတွက် လူတွေနဲ့ စူပါမန်း ကြားထဲကို‌ သွေးထိုးပါတော့တယ် ။ မိမိရဲ့မွေးရပ်မြေကနေ စေလွှတ်လိုက်ရတဲ့အကြောင်းအရင်းက ကမ္ဘာမြေကို အကျိုးပြုဖိုလား သိမ်းပိုက်ဖိုလားဆိုတာကို ဝေခွဲရခက်နေတဲ့ စူပါမန်းတစ်ယောက် လတ်စ် လူသာ ရဲ့ အနှောင့်တွေကြား ခရစ်ပတွန် ဆိုတဲ့ ခွေးလေးနဲ့အတူ ဘယ်လိုကျော်ဖြတ်ရင်း လူတွေရဲ့ယုံကြည်မှုကို ဘယ်လိုပြန်ရသွားနိုင်မလဲ ဆိုတာကိုတော့
ချန်နယ်အရင်joinရန် နိုပ်ပါ 🤩 https://t.me/+yv3wTPS83YdjYmI9 ဇာတ်ကားကြည့်ရန် နိုပ်ပါ 🤩https://t.me/c/2552893698/183 =============================

Gho.....sted 2023 ဒီတစ်ခါမှာတော့ မာဗယ်ဖန်တွေရဲ့ ကပ္ပတိန်အမေရိကမင်းသားကြီးရဲ့ ရိုမန့် အက်ရှင်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတ
Gho.....sted 2023 ဒီတစ်ခါမှာတော့ မာဗယ်ဖန်တွေရဲ့ ကပ္ပတိန်အမေရိကမင်းသားကြီးရဲ့ ရိုမန့် အက်ရှင်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းကတော့
ကိုးလ်(ကပ္ပတိန်အမေရိက) ဟာ အိမ်မှာခြံစိုက်စားနေတဲ့ တောင်သူလူရိုးလေးတစ်ယောက်ဖြစ်ပြီး အသိဆိုင်မှာ အပင်လေးတွေ ဈေးရောင်းရင်း ကောင်မလေးချောချောတစ်ယောက်နဲ့စကားများပါတယ်။စကားများရုံတင်မကပဲ သူမကိုကြွေသွားခဲ့တာပါ။ ဒါနဲ့ ရည်းစားစကား‌လိုက်ပြောရင်း ချစ်ကြိုက်မိသွားကြပြီး အတူတူလျောက်လည်ခဲ့ကြပါတယ်။ကိုးလ်လည်း အချစ်စစ်တွေ့ပြီဆိုပြီးပျော်နေတာပေါ့။ ဒါပေမဲ့ ရည်းစားဖြစ်ပြီး မကြာခင်ပဲ ကောင်မလေးက အလုပ်ကိစ္စရှိလိုဆိုပြီးလန်ဒန်ကို ထွက်သွားခဲ့ပါတယ်။ ကောင်မလေးကို လွမ်းလိုစာတွေဆက်တိုက်ပိုပေမဲ့ စာမလာ၊အကြောင်းမကြားလို ပလေးခံရပြီဆိုတာ ကပ္ပတိန်အမေရိကကြီး သိလိုက်ပါတယ်။ ဒါနဲ့ ကောင်မလေးရှိရာ လန်ဒန်ကိုလိုက်သွားပြီး လိုက်ရှာတဲ့အခါ ရောက်ရောက်ချင်း လူဆိုးဂိုဏ်းတစ်ခုကဖမ်းပြီး ဆော်ခံရပါတော့တယ်။ သူ့ကောင်မလေးက သူ့ကို လာကယ်ပြီး သူမဟာ စီအိုင်အေ အေးဂျင့်ဖြစ်နေတဲ့အခါမှာတော့… တကယ်ကြည့်ကောင်းတဲ့ကားလေးမို အများကြီးမညွှန်းတော့ပါဘူးနော်
ချန်နယ်အရင်joinရန် နိုပ်ပါ 🤩 https://t.me/+c70jn7JJWaYyMjY1 ဇာတ်ကားကြည့်ရန် နိုပ်ပါ 🤩https://t.me/c/2596021494/162 =============================

အက်(ဖ်)ဝမ်း (၂၀၂၅) အနှစ် ၃၀ လောက် ပင်စင်ယူထားရာကနေ ပြိုင်ကားပြန်မောင်းတဲ့ အမြန်ဆုံး ပြိုင်ကားမောင်းသမား ယခင် "ဖော်မြူလာ ဝမ်း"
အက်(ဖ်)ဝမ်း (၂၀၂၅) အနှစ် ၃၀ လောက် ပင်စင်ယူထားရာကနေ ပြိုင်ကားပြန်မောင်းတဲ့ အမြန်ဆုံး ပြိုင်ကားမောင်းသမား
ယခင် "ဖော်မြူလာ ဝမ်း" ယာဉ်မောင်းသမားဖြစ်တဲ့ ဆိုနီ ဟာ ကားပြိုင်နေရင်းနဲ့ မတော်တဆမှုတစ်ခုဖြစ်ကာ ကားပြိုင်တဲ့ အလုပ်ကိုရပ်နားလိုက်ပြီး လောင်းကစားနဲ့ လုံးလည်ချာလည် လိုက်နေရာကနေ ဗန်ကားနဲ့ အိပ်ရတဲ့အဆင့်ထိပါ ဖြစ်သွားပါတော့တယ်။ တစ်နေ့ကျတော့သူဟာ သူငယ်ချင်းဖြစ်သူနဲ့ ဆုံဖြစ်ကာ အကျိုးအကြောင်း ပြောဖြစ်ရင်း အကူအညီ လိုအပ်နေတဲ့ သူငယ်ချင်းဖြစ်သူရဲ့ ပြိုင်ကားအသင်းအတွက် သူ့ရဲ့ အနှစ် ၃၀ လောက် ပင်စင်ယူထားရာကနေ နည်းပြတစ်ဖြစ်လဲ ပြိုင်ကားမောင်းသူ အဖြစ်ပါ အကျိုးပြုရင်း မာနကြီးတဲ့ လူသစ်ယာဉ်မောင်းသမားကို သူ့ရဲ့ ဆယ်စုနှစ် ၃ခုစာ အတွေ့အကြုံတွေနဲ့ ဘယ်လိုသင်ကြားပေးသွားမလဲ ဆိုတာကိုတော့ ပြိုင်ကားတွေ ပြိုင်ကြရင်း ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ် ။
ချန်နယ်အရင်joinရန် နိုပ်ပါ 🤩 https://t.me/+yv3wTPS83YdjYmI9 ဇာတ်ကားကြည့်ရန် နိုပ်ပါ 🤩https://t.me/c/2552893698/181 =============================

Repost from Burma Movie 2.0
Saint Catherine (2024) ဒီကားထဲမှာဆိုရင်တော့ အယ်လီဆိုတဲ့အမျိူးသမီးလေးဟာ တစ်အိမ်ပြီးတစ်အိမ်ပြောင်းနေနေရတဲ့ မိဘမဲ့လေးပါ။ တရက်ကျတ
Saint Catherine (2024)
ဒီကားထဲမှာဆိုရင်တော့ အယ်လီဆိုတဲ့အမျိူးသမီးလေးဟာ တစ်အိမ်ပြီးတစ်အိမ်ပြောင်းနေနေရတဲ့ မိဘမဲ့လေးပါ။ တရက်ကျတော့ စိန့်ကယ်သရင်းဆိုတဲ့ ကျောင်းကိုရောက်သွားခဲ့တယ် အဲ့ကျောင်းမှာကျောင်းသူတွေကို မကောင်းဆိုးဝါးတွေကို ဘယ်လိုဆန့်ကျင့်ရမလဲ trainပေးကြတယ်။ အယ်လီတစ်ယောက်လည်း အဲ့ကျောင်းမှာ သူနောက်တကောက်ကောက်လောက်နေတဲ့ မကောင်းဆိုးဝါးကို ပြန်တွန်းလှန်နိုင်မလားဆိုတာ ကြည့်ရမှာဖြစ်ပါတယ်။ သဲထိတ်ရင်ဖို ရင်ထဲတမျိုးကြီးကျန်ခဲ့ချင်တာမျိုးကြိုက်ရင်တော့ ဒီကားကြည့်ကြပါလို။   (အညွှန်းနဲ့ဘာသာပြန်ကတော့ Phyu Thwe Zaw ဖြစ်ပါတယ်။)
ချန်နယ်အရင်joinရန် နိုပ်ပါ 🤩 https://t.me/movicollec ဇာတ်ကားကြည့်ရန် နိုပ်ပါ 🤩 https://t.me/movicollec/95 =============================

G20 (2025) The Woman King ထဲက မင်းသမီးကြီး Viola Davis ရဲ့ အက်ရှင်ကားသစ်ပါ။ အထာကတော့ White House Down တို London has fallen တ
G20 (2025)
The Woman King ထဲက မင်းသမီးကြီး Viola Davis ရဲ့ အက်ရှင်ကားသစ်ပါ။ အထာကတော့ White House Down တို London has fallen တိုလိုအထာပါပဲ။ ဂျီ-၂၀ အစည်းအဝေးလုပ်ချိန်မှာ ကမ္ဘာခေါင်းဆောင်တွေကို အကြမ်းဖက်သမားတွေက ပြန်ပေးဆွဲတဲ့ဇာတ်လမ်းပါပဲ။ ဗီလိန်ကတော့ The Boys ထဲက ဟုမ်းလန်ဒါကြီးဖြစ်တဲ့ Antony Starr ပါပဲ။ါပေမဲ့ ဒီဇာတ်လမ်းမှာတော့ သမ္မတတွေကိုကယ်မှာ အထူးတပ်ဖွဲမဟုတ်ပါဘူး စစ်ပြန်ဘဝကနေ အမေရိကန်သမ္မတဖြစ်လာတဲ့ မင်းသမီးက ကယ်မှာပါ။ဇာတ်လမ်းအကျဉ်း စစ်ပြန် စစ်သူရဲကောင်းအဖြစ်ကနေ သမ္မတဖြစ်လာတဲ့ ဒန်နီရယ်ဆက်တန်ဟာ တောင်အာဖရိကမှာ ဂျီ-၂၀ အစည်းအဝေးတက်ဖို သွားခဲ့ပါတယ်။ အဲဒီမှာပဲ အကြမ်းဖက်တစ်ဖွဲက ပိပိရိရိ ဝင်စီးပြီး ခေါင်းဆောင် ၂၀ လုံးကို ဓားစာခံအဖြစ် ဖမ်းပါတော့တယ်။ အကြံကတော့ ကမ္ဘာ့ငွေကြေးဈေးကွက်ကို ဖျက်ပြီး ခရစ်ပတိုတွေနဲ့ ဘီလီယံနာ လုပ်ဖိုပါပဲ။နိုင်ငံခေါင်းဆောင်အကုန်ပါနေတော့ အပြင်က ကယ်ဆယ်ရေးတွေကလည်း အထဲကို ဝင်စီးဖို အရမ်းတွန့်နေရပါတယ်။ ဒါပေမဲ့ စစ်ပြန်ဖြစ်နေတဲ့ အမေရိကန် သမ္မတက ရုပ်ရှင်ထဲမှာတော့ စောင်ပေါမဟုတ်ဘဲ လွတ်သွားပြီး အခြားဝန်ကြီးချုပ်တွေ သမ္မတတွေကို ပြန်ကယ်တဲ့ဇာတ်လမ်းပါပဲ။ ဖြစ်နိုင်မဖြစ်နိုင်တော့ မမေးပါနဲ့ ပစ်တာခတ်တာချတာ ကောင်းကောင်းကြည့်ချင်ရင် ကြည့်လိုရပါတယ်။
ချန်နယ်အရင်joinရန် နိုပ်ပါ 🤩 https://t.me/+yv3wTPS83YdjYmI9 ဇာတ်ကားကြည့်ရန် နိုပ်ပါ 🤩 https://t.me/c/2552893698/179 =============================

The Gorge (2025) IMDb Rating (7.5) / Rotten Tomatoes (61%) မင်းသမီး Anya Taylor-Joy ရဲ့ ရိုမန့်စ်အက်ရှင် ရုပ်ရှင်အသစ် ထွက်ပါပ
The Gorge (2025) IMDb Rating (7.5) / Rotten Tomatoes (61%)
မင်းသမီး Anya Taylor-Joy ရဲ့ ရိုမန့်စ်အက်ရှင် ရုပ်ရှင်အသစ် ထွက်ပါပြီ။ဒါရိုက်တာကတော့ Doctor Strange ရဲ့ ဒါရိုက်တာဖြစ်တဲ့ Scott Derrickson ပါပဲ။ အက်ရှင်ကြမ်းကြမ်း ခပ်ရိုရိုကားကြည့်ချင်ရင် လက်လွတ်မခံပါနဲ့။ ဇာတ်လမ်းအကျဉ်းလီဗိုင်ဟာ ကမ္ဘာထိပ်တန်းအဆင့်ရှိတဲ့ မရိန်းတပ်ဖွဲ့ဝင်ဟောင်း စနိုက်ပါတစ်ယောက်ပါ။တပ်ကထွက်ပြီး ကြေးစားလုပ်နေချိန်မှာ တာဝန်ကြီးတစ်ခု အလုပ်အပ်လာပါတယ်။တာဝန်ကတော့ ကမ္ဘာပေါ်က ဘယ်နေရာမှန်းမသိတဲ့နေရာ၊ လူမရှိတဲ့နေရာမှာ တာဝါတစ်ခုကို တစ်ယောက်တည်း သေနတ်တွေ ဗုံးတွေအပြည့်နဲ့ လုံခြုံရေးယူရတဲ့တာဝန်ပါပဲ။အဲဒီနေရာမှာ သူ့လိုပဲ တစ်ဖက်တာဝါမှာ လုံခြုံရေးယူနေတဲ့ မိန်းကလေးတစ်ယောက်ရှိတယ်။သူတို့နှစ်ယောက်က လုံးဝ ဆက်သွယ်ခွင့်မရှိဘူး။ဒါပေမဲ့ ဆက်သွယ်မိသွားပြီး ရင်းနှီးပြီးသွားပြီးနောက်မှာမှ သူတို့ ကင်းစောင့်ရတဲ့နေရာရဲ့ ကြောက်စရာလျှို့ဝှက်ချက်တွေကိုတွေ့လာပြီး အသက်ရှင်လျက် ထွက်သွားနိုင်ဖို့ ကြိုးစားရပါတော့တယ်။
ချန်နယ်အရင်joinရန် နိုပ်ပါ 🤩 https://t.me/+yv3wTPS83YdjYmI9 ဇာတ်ကားကြည့်ရန် နိုပ်ပါ 🤩 https://t.me/c/2552893698/177 =============================

အားလုံးစောင့်မျှော်နေကြတဲ့ Squid Game Season - 3 လာပြီနော် Squid Game (2025) Season - 3 အပိုင်း ( ၁ ) ကနေ အပိုင်း ( ၆ ) စ /ဆု
အားလုံးစောင့်မျှော်နေကြတဲ့ Squid Game Season - 3 လာပြီနော်
Squid Game (2025) Season - 3 အပိုင်း ( ၁ ) ကနေ အပိုင်း ( ၆ ) စ /ဆုံး
ချန်နယ်အရင်joinရန် နိုပ်ပါ 🤩 https://t.me/+PmDoGhw6DyZkZWQ1 ဇာတ်ကားကြည့်ရန် နိုပ်ပါ 🤩 https://t.me/c/2422539559/134 =============================

အန္တာရာယ်များလို တားမြစ်ထားတဲ့ ဒိုင်နိုဆော ကျွန်းစုဆီကို သွားမယ့်အဖွဲ အချိန်တွေ နှစ်ပေါင်းများစွာ ကြာလာတာနဲ့အမျှ ရာသီဥတု ကပ်ဘ
အန္တာရာယ်များလို တားမြစ်ထားတဲ့ ဒိုင်နိုဆော ကျွန်းစုဆီကို သွားမယ့်အဖွဲ အချိန်တွေ နှစ်ပေါင်းများစွာ ကြာလာတာနဲ့အမျှ ရာသီဥတု ကပ်ဘေးတွေနဲ့ ကြုံလာရတဲ့ ဒိုင်နိုဆောတွေဟာ သာမန်နေရာမှာ မနေနိုင်ကြဘဲ အီကွေတာနဲ့နီးတဲ့ အပူပိုင်းဒေသများမှာသာ သီးခြားနေရပြီး အနှစ် ၂၀ လောက် သီးသန့်လွှတ်ထားလိုက်ရပါတယ် ။ လူသားမျိုးနွယ်ကို နှလုံးရောဂါ ဖြစ်ပွားမယ့် ကပ်ဘေးကနေ ကာကွယ်ဖိုအတွက် ဆေးဝါးကို ထုတ်တဲ့အခါမှာ လိုအပ်နေတဲ့ DNA တွေကို အသက်ရှင်နေသေးတဲ့ ဒိုင်နိုဆော ၃ကောင် ဆီကနေ သွားယူရပါတယ် ။ နိုင်ငံအသီးသီးက လူတွေသွား‌‌ရောက်ဖို တားမြစ်ထားတဲ့ ဒိုင်နိုဆောကျွန်းစုကို ဆေးဝါးထုတ်လုပ်ဖိုအတွက် DNA သွားယူဖို ထွက်သွားကြတဲ့ ကျွမ်းကျင်သူတွေဟာ ဆယ်စုနှစ်တိုင် ဖုံးကွယ်ထားတဲ့ အံ့ဩဖွယ်ရာ အဖြစ်အပျက်တစ်ခုကို ရှာဖွေတွေ့ရှိသွားခဲ့ပါတော့တယ် ။ ချန်နယ်အရင်joinရန် နိုပ်ပါ 🤩 https://t.me/+yv3wTPS83YdjYmI9 ဇာတ်ကားကြည့်ရန် နိုပ်ပါ 🤩 https://t.me/c/2552893698/174 =============================

တစ်ခါတစ်လေ ကံကြမ္မာဆိုးက ကိုယ်မခေါ်ဘဲ ကိုယ့်ဆီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတဲ့အခါ...🔥 ‌လူ့လောကကြီးမှာ နေထိုင်ရင်း ဘဝ အချို
တစ်ခါတစ်လေ ကံကြမ္မာဆိုးက ကိုယ်မခေါ်ဘဲ ကိုယ့်ဆီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတဲ့အခါ...🔥 ‌လူ့လောကကြီးမှာ နေထိုင်ရင်း ဘဝ အချိုးအကွေ့များစွာကို ကြုံရတတ်တာ လူ့သဘာဝပါ။ ကောင်းတဲ့အချိုးအကွေ့ဆို ပျော်ရပြီး မကောင်းတဲ့ အချိုးအကွေ့နဲ့တွေ့ရင် စိတ်သောက ရောက်ကြရတယ်။ ချောမော လှပပြီး ချမ်းသာတဲ့ မျိုးရိုးက ဆင်းသက်လာတဲ့ ချစ်သူကောင်မလေးလည်းရှိတယ်။ မကြာခင်မှာ လက်ထပ်ပွဲကျင်းပပြီး ပါမောက္ခအဖြစ်လည်း ရာထူးတိုးဦးမယ်။Happy Family Life ရဖိုက ဘယ်လောက်မှ မဝေးတော့တဲ့ အနာဂတ်...ဒါပေမဲ့ အရက်မူးပြီး ဖုန်းပျောက်တာကစလို ထိုကံကြမ္မာက ပြောင်းပြန်လှန်သလိုဖြစ်သွားတဲ့အခါ ဒိုယူဘင် တစ်ယောက် ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲ။သတိုသမီးလောင်းကကော အမှန်တွေ သိသွားမှာလား။ ခြိမ်းခြောက်ခံရတဲ့ ကိစ္စတွေကတော့ ဘာတွေ ဆက်ပေါ်လာဦးမလဲ ချန်နယ်အရင်joinရန် နိုပ်ပါ 🤩 https://t.me/+c70jn7JJWaYyMjY1 ဇာတ်ကားကြည့်ရန် နိုပ်ပါ 🤩 https://t.me/c/2596021494/156 =============================

A Minecraft Movie (2025) 2025 ရဲ့ အအောင်မြင်ဆုံးနဲ့ ၀င်ငွေအများဆုံးရုပ်ရှင်Minecraft ထွက်လာပါပြီ…2013 က ထွက်ခဲ့တဲ့ အအောင်မြင်
A Minecraft Movie (2025) 2025 ရဲ့ အအောင်မြင်ဆုံးနဲ့ ၀င်ငွေအများဆုံးရုပ်ရှင်Minecraft ထွက်လာပါပြီ…2013 က ထွက်ခဲ့တဲ့ အအောင်မြင်ဆုံး Open worldဂိမ်းကို Jack Black , Jason Momoa တို့လိုနာမည်ကြီး သရုပ်ဆောင်တွေနဲ့ အသက်သွင်းထားတာကြောင့်လူအများစောင့်ကြည့်ရတဲ့ ရုပ်ရှင်ဖြစ်နေပါတယ်….ပွဲဦးထွက်ရုံတင်မှုမှာလည်း ဒေါ်လာသန်း 160 ကျော်နဲ့စံချိန်ချိုးပြီး Rating ကောင်းတွေရထားတယ်.. ချန်နယ်အရင်joinရန် နိုပ်ပါ 🤩 https://t.me/+yv3wTPS83YdjYmI9 ဇာတ်ကားကြည့်ရန် နိုပ်ပါ 🤩 https://t.me/c/2552893698/166 =============================

Last Bullet (2025) ကားတွေဆိုင်ကယ်တွေတွေနဲ့ Fast And Furious လို ခံစားချက်မျိုးကိုမှ ရချင်ပါတယ်ဆိုတဲ့သူတွေအတွက် အသစ်စက်စက်ထွက်
Last Bullet (2025) ကားတွေဆိုင်ကယ်တွေတွေနဲ့ Fast And Furious လို ခံစားချက်မျိုးကိုမှ ရချင်ပါတယ်ဆိုတဲ့သူတွေအတွက် အသစ်စက်စက်ထွက်ရှိထားတဲ့ Last Bullet ဆိုတဲ့ ပြင်သစ်ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေး လိုက်ပါတယ်။
နာမည်ကြီးသရုပ်ဆောင်တွေနဲ့မဟုတ်ပေမဲ့ သုံးထားတဲ့ စတန့်ရိုက်ချက်တွေကတော့ ဘက်ဂျက်ကိုရှယ်သုံးပြီး ရှယ်ဖောက်ခွဲ ဖျက်ဆီးပြီး ရိုက်ထားတဲ့အတွက် အက်ရှင် ကားတစ်ကားပီသစွာကြည့်လိုကောင်းနေမှာတော့ဖြစ် ပါတယ်။ရှေ့မှာလည်း Lost Bullet 1 နဲ့ 2 ဆိုပြီး နှစ်ကား ကြိုတင်ထွက်ရှိပြီးသားဖြစ်တဲ့အတွက် အဲ့ဒီနှစ်ကားနဲ့ အရင်ပြန်စကြည့်ရင်တော့ ဇာတ်ရည်ပိုလည်မှာဖြစ်ပါတယ်။ ဒီနောက်ဆုံးထွက်တဲ့ကားမှာတော့ မူးယစ်ဆေးမှောင်ခို ရောင်းဝယ်မှုကိုဦးဆောင်ပြီးလုပ်ကိုင်နေတဲ့ ဥပဒေဘက် တော်သားကြီး ကွန်မန်ဒါရက်ဇ်ကို နိဂုံးချုပ်ပေးဖိုအတွက် သူ့လုပ်ငန်းတွေမှာပါဝင်ခဲ့ဖူးတဲ့ မူးယစ်ဆေးသယ်ယူ ပိုဆောင်ဖို ကားတွေကို မြန်သထက်မြန်အောင်ပြင် ပေးရတဲ့ စက်ပြင်ဆရာ လီနိုနဲ့ အကျင့်ပျက်ခြစားတဲ့ စုံထောက်တစ်ယောက်အဖြစ်ပြောင်းလဲသွားခဲ့တဲ့ အရာစကီတို ကိုယ့်နည်းကိုယ့်ဟန်နဲ့ကိုယ်ကြိုးစား ကြပုံကို ရှုစားရဦးမှာဖြစ်ပါတယ်။
ချန်နယ်အရင်joinရန် နိုပ်ပါ 🤩 https://t.me/+yv3wTPS83YdjYmI9 ဇာတ်ကားကြည့်ရန် နိုပ်ပါ 🤩 https://t.me/c/2552893698/164 =============================

S*n*ow W*h-it*e (2025) ဒစ္စနေးရဲ့ ကမ္ဘာကျော် ကာတွန်း စနိုးဝှိက်ကို လူနဲ့ရိုက် လူနဲ့တီးထားတဲ့ ဗားရှင်း ထွက်ပါပြီ။ ဒါရိုက်တာကတေ
S*n*ow W*h-it*e (2025)
ဒစ္စနေးရဲ့ ကမ္ဘာကျော် ကာတွန်း စနိုးဝှိက်ကို လူနဲ့ရိုက် လူနဲ့တီးထားတဲ့ ဗားရှင်း ထွက်ပါပြီ။ ဒါရိုက်တာကတော့ အားလုံးချစ်တဲ့ အချစ်ကားလေး 500 Days of Summer ရဲ့ ဖန်တီးရှင် Marc Webb ပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်အနေနဲ့လည်း စနိုးဝှိက်အဖြစ် ပြည်သူ့အချစ်တော် မင်းသမီးလေး Rachel Zegler ပါဝင်ထားပြီး မိဖုရားကြီးနေရာမှာလည်း မင်းသမီးကြီး Meryl Streep လိုမျိုး သရုပ်ဆောင်ကဝေတစ်ဆူဖြစ်တဲ့ Wonder Woman မင်းသမီး Gal Gadot က ပါဝင်ထားတာပဲ ဖြစ်ပါတယ်။ လူပေါင်းသုံးသိန်းကျော်ကလည်း IMDb rating (4×5)-12 / 5 တောင်ပေးထားပါတယ်။ ဒီ‌တော့ လက်လွတ်မခံဘဲ ကြည့်လိုက်ကြပါဦး။ ဇာတ်လမ်းအကျဉ်း Gal Godot က ကမ္ဘာပေါ်မှာ အလှဆုံးဖြစ်ချင်တဲ့ စုန်းမ မိဖုရားကြီးပါ ဒါပေမဲ့ သူ့ရဲ့မှော်မှန်ကြီးက စနိုးဝှိက်သာ အလှဆုံးပါလို ဆက်တိုက်ပြောနေလို စနိုးဝှိက်ကို လုပ်ကြံပါတယ်။ (မိဖုရားက ပိုလှတယ်ဆိုပြီးဖင်ယားမဲ့သူတွေကို ဒစ္စနေးကကြောက်လို ဇာတ်လမ်းထဲမှာ စိတ်အလှပါလို ပြန်ရှင်းထားပါတယ်) အဲဒီမှာ စနိုးဝှိက်တစ်ယောက် တောထဲကို ရောက်သွားပြီး လူပုလေး ၇ဖော်နဲ့ တွေ့ပါတယ်။ နောက်တော့ ပန်းသီးစား၊ မင်းသားတွေ့၊ ပြန်ချ ဘာညာပါ။ ဒါပါပဲ။
ချန်နယ်အရင်joinရန် နိုပ်ပါ 🤩 https://t.me/+yv3wTPS83YdjYmI9 ဇာတ်ကားကြည့်ရန် နိုပ်ပါ 🤩 https://t.me/c/2552893698/162 =============================

𝗦*𝗜𝗡*𝗡𝗘*𝗥𝗦 (𝟮𝟬𝟮𝟱) =========== Smoke နဲ့ Stack တို အစ်ကိုနှစ်ဦးဟာ Chicago မှ Mississippi Delta ကို ပြန်လာပြီး သူတို
𝗦*𝗜𝗡*𝗡𝗘*𝗥𝗦 (𝟮𝟬𝟮𝟱) ===========
Smoke နဲ့ Stack တို အစ်ကိုနှစ်ဦးဟာ Chicago မှ Mississippi Delta ကို ပြန်လာပြီး သူတိုရဲ့ အိပ်မက်ဖြစ်တဲ့ Jazz club ကို ဖွင့်ဖို ကြိုးစားနေကြတယ်။ ဒါပေမဲ့ ဒီနေရာမှာ လျှိဝှက်ချက်ကြီး၊ အန္တရာယ်အကြီးအကျယ် တစ်ခုရှိနေပြီး သူတိုဘဝကို ပုံမှန်မဟုတ်အောင် ရိုက်ခတ်လာတယ်။ သူတိုရဲ့ မိသားစုနဲ့ ယဉ်ကျေးမှု ကြားမှာ ဖြစ်ပျက်မယ့် ပြဿနာတွေနဲ့စိတ်လှုပ်ရှားဖွယ် ဇာတ်လမ်းတစ်ပုဒ်ဖြစ်လာမှာ ဖြစ်ပါတယ်။ Jazz သံစဉ်တွေနဲ့အတူ လူ့အပြစ်နဲ့ အမှန်တရားကို ရှာဖွေနေတဲ့ ဒီဇာတ်ကားကို ကြည့်ရှုရင်း၊ သင်လည်း သူတိုလို အမှန်တရားကို ရှာဖွေဖို စိတ်ကူးမိသွားမှာပါ။
ချန်နယ်အရင်joinရန် နိုပ်ပါ 🤩 https://t.me/+yv3wTPS83YdjYmI9 ဇာတ်ကားကြည့်ရန် နိုပ်ပါ 🤩 https://t.me/c/2552893698/160 =============================