1 932
Подписчики
+1724 часа
+967 дней
+21330 день
Архив постов
Repost from အပြာစာပေများ
သမ္မတက တစ်နှစ်တစ်ခါပြုလုပ်ကျင်းပပေးတဲ့ လူငယ် လူသတ်ပွဲကြီး 🎬🎬 The Hungers Game (1+2+3+4) သမ္မတကြီး စနိုးဟာ သူမ မတရားအုပ်ချုပ်ထားတဲ့ ပြည်နယ် ၁၂ခုမှာရှိတဲ့ အသက် ၁၂အရွယ်ကစလို့ လူငယ်အချင်းချင်းပြန်သတ်ရမယ့် ဂိမ်းတစ်ခုကို တစ်နှစ်တစ်ခ်ကျင်းပလေ့ရှိတယ်၊ဒီဂိမ်းကိုဆာလောင်မွတ်သိမ့်မှုဂိမ်းလို့ခေါ်ပြီး ပြည်သူတွေရဲ့ဆန္ဒမပါပဲ အတင်းစေခိုင်းတဲ့ ဂိမ်းပဲဖြစ်ပါတယ်၊ဂိမ်းမှာ၂၄ယောက် ပါဝင်ပြီးတစ်ဦးတည်းသာအသက်ရှင်နိုင်ပါမယ်၊ဂိမ်းရဲ့ရည်ရွယ်ချက်ကတော့ သူမတရားအုပ်ချုပ်ထားတဲ့ ပြည်နယ်ကို ဆူပူမှုတွေမဖြစ်အောင် အကြောက်တရားနဲ့အုပ်ချုပ်ချင်တာပါ၊ဒါပေမယ့် ကတ်ဒ်နက်ဆိုတဲ့ကောင်မလေးပါဝင်တဲ့အခါ တိုင်းပြည်ဆူပူမှုတွေဖြစ်သွားခဲ့တယ်၊သမ္မတကလည်း သူမကိုနည်းမျိုးမျိုးနဲ့ သတ်ဖို့ကြံစည်ပါတော့တယ်။
Repost from အပြာစာပေများ
Birds of Prey (and the Fantabulous Emancipation of One Harley Quinn) (2020)
ဂျိုကာ နဲ့ ဟာလေကွင်းတို့ရဲ့ နောက်ဆက်တွဲပါပဲ။
ဇာတ်လမ်းအစမှာ ဟာလေကွင်းနဲ့ ဂျိုကာတို့ လမ်းခွဲရတာကနေ စပါတယ်။ ... ဂျိုကာကိုမပူရတော့တဲ့အတွက် ဟာလေကွင်းကို အမဲဖျက်ဖို့ လိုက်လာကြပါတော့တယ်။
ဟာလေကွင်းကတော့ “သူက ဂျိုကာမရှိဘဲ မနေနိုင်ပါဘူးတို့၊ ခဏနေ ပြန်တွဲမှာပါပဲ၊ ... တို့ သူငယ်ချင်းတွေက ဒီလိုအတင်းတုပ်တာတွေကို မကျေနပ်တာပေါ့။
Repost from အပြာစာပေများ
A Monster Calls (2016)
IMDb – 7.5/10_Rotten – 86%
အသစ်စက်စက် A Monster Calls လေး ရပါပြီ CM fan အပေါင်းတိုရေ.. ဒါနဲ့CM ပိတ်သတ်ကြီးရော.. ကိုယ့်စိတ်ကူးအိပ်မက်တစ်ခုခုကို စွဲစွဲမြဲမြဲယုံကြည်ဖူးပါသလား.. ဒီကားထဲက ကော်နာ အိုမယ်လီဆိုတဲ့ ကလေးလေးကတော့ အသက်အရွယ်နဲ့မလိုက်အောင် ရင့်ကျက်ပြီး ယုံကြည်သက်ဝင်မှု ပြင်းထန်လှပါတယ်.. သူနဲ့ သူရဲ့ သေလုမြောပါးနာမကျန်းဖြစ်နေတဲ့ အမေ ကြားမှာ စိတ်ကူးယဉ် ကမ္ဘာလေးတစ်ခုရှိပါတယ်.. တစ်ညမှာတော့ ကော်နာလေးရဲ့ စိတ်ကူးထဲက tree monster ကြီးဟာ တောင်ကုန်းပေါ်ကနေ နိုးထလာခဲ့ပြီး.. ကော်နာလေးကို ပုံပြင် 3ပုဒ် စတင်ပြောပြပါတော့တယ်.. သူ ကော်နာလေးကို ပြောပြနေတာ အကြောင်းပြချက်ရှိလိုပါ.. အဲ့ဒါက ဘာအတွက်လဲဆိုတော့…
Repost from အပြာစာပေများ
A›lanaati R›amachandrudu (2024)
IMDb : 7.1/10
မွေးဖွားလာချိန်တူပြီး ကိုယ်ရည်ကိုယ်သွေးမတူကြတဲ့သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းတစ်ပုဒ်။
ဗစ်ကရမ်ဆိုတဲ့ကောင်လေးက ဗီဇကိုက စကားနည်းပြီးအနေအေးလွန်းလို့ ငယ်ငယ်တုန်းကအတန်းထဲမှာမာနကြီးတဲ့ကောင်လို့ အပြောခံရသည်ထိပါပဲ။
ဒါရာနီကတော့ လမင်းကြီးပုံပြင်နား ထောင်ရင်းကြီးပြင်းလာတဲ့နတ်သမီးလေးလိုအလှနဲ့ တက်တက်ကြွကြွကောင်မလေးတစ်ယောက်။
လူကြောက်ပေမဲ့ လူတွေကြားထင်ပေါ်လွန်းတဲ့ကောင်မလေးကိုမှ ချစ်မိလေတော့ တစ်သက်လုံးစွဲလာတဲ့အကျင့်ကို ဖီဆန်ပြီး အားမွေးတော့တာပေါ့။
အာမွေးပြီး ဖွင့်ဆိုလိုက်တဲ့ အချစ်စကားတစ်ခွန်းက သူ့ဘဝကို ပြောင်းပြန်လှန်သွားစေတဲ့အခါမှာတော့ ပိတ်ရက်မှာ သီချင်းချိုချိုလေးတွေနဲ့ အချစ်ဟာသကားလေးနဲ့ အမောဖြေနိုင်စေဖို့ တင်ဆက်ပေးလိုက်ရပါတယ်။
Repost from အပြာစာပေများ
Venom: The Last Dance (2024)
စကြဝဠာကြီးထက်တောင် ရှေးကျတဲ့ နောလ် ဆိုတဲ့
ဆင်ဘီအုတ်တွေရဲ့ ဖန်တီးရှင်ကြီးဟာ ဆိုးသွမ်းလွန်းလို
ဆင်ဘီအုတ်တွေ ကိုယ်တိုင်က ပြန်အကျဉ်းချထားရတာပါ။
သူသာလွတ်လာရင် ဂြိုလ်တွေအကုန် ဖျက်ဆီးပစ်မှာမိုပါပဲ။
သူလွတ်လာဖိုကလည်း ကိုဒက်စ်ဆိုတဲ့ သော့ချက်ကိုလိုပြီး
အဲဒီသော့ကတော့ ထုံးစံအတိုင်း အက်ဒီ နဲ့ ဗဲနွမ်တို နှစ်ကောင်ဆီ
ရောက်နေပြန်ပါတယ်။ ဒါကို လိုက်ရှာဖိုအတွက် ဇယ်နိုဖာ့ဂျ်
ဆိုတဲ့ မုဆိုးကိုလွှတ်လိုက်ပါတယ်။
ဒီတော့ ကိုဒက်စ်ကိုမရအောင် ဆင်ဘီအုတ်တစ်သိုက်နဲ့
ဗဲနွမ်တို ဘယ်လို လွတ်အောင် ပြေးရင် ပြန်တိုက်ခိုက်ကြမလဲဆိုတာ
ဒီမှာ တွေ့ရပါလိမ့်မယ်။
Repost from အပြာစာပေများ
Holy Night: Demon Hunters (2025)
ဇာတ်လမ်းအညွှန်း-
ဘာအူ, ရှာရွန်နဲ့ ဂင်ဂွန်းဆိုတဲ့သူ ၃ယောက်နဲ့ ဖွဲစည်းထားတဲ့ Holy Night အဖွဲဟာ
နတ်ဆိုးကိုးကွယ်တဲ့ ဂိုဏ်းတွေကို တိုက်ခိုက်နှိမ်နင်းကြတဲ့ အဖွဲဖြစ်တယ်။
ဘာအူရဲ့ ထူးခြားတဲ့ စွမ်းရည်ကတော့ အားကောင်းတဲ့ ကာယခွန်အားပဲဖြစ်ပြီး ရှာရွန်ကတော့
နတ်ဆိုးတွေကို ခွဲခြားသိမြင်ကာ အပနှင်နိုင်စွမ်းရှိပြီး ဂင်ဂွန်းကတော့ ဘာအူနဲ့ ရှာရွန်တိုကို
နောက်ကနေ လိုက်လံကူညီပေးတဲ့သူပေါ့။
တစ်နေ့ စိတ်ရောဂါကုဆရာဝန် ဂျောင်ဝန်းဟာ Holy Night အဖွဲဆီ ရောက်လာပြီး
သူ့ရဲ့ ညီမဖြစ်သူ အွန်ဆောရဲ့ ခန္ဓာကိုယ်ထဲမှာ နတ်ဆိုးတစ်ကောင်ဝင်ပူးနေတဲ့အတွက်
ညီမဖြစ်သူကို ကယ်တင်ပေးဖို Holy Night အဖွဲကို လာရောက် အကူအညီတောင်းခံတဲ့အခါမှာတော့...
Holy Night အဖွဲက အွန်ဆောရဲ့ ခန္ဓာကိုယ်ထဲမှာ ပူးကပ်နေတဲ့ နတ်ဆိုးကို ဘယ်လိုနည်းလမ်းတွေသုံးပြီး
ဘယ်လိုနှင်ထုတ်သွားမလဲဆိုတာကိုတော့ မာဒုံဆော့ရဲ့ ဇာတ်ကားတွေ ထုံးစံအတိုင်း
တိုက်ရည်ခိုက်ရည်ကောင်းကောင်း၊ အပနှင်နည်းမျိုးစုံနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ကြည့်ရှုရပြီး
ပရိသတ် စိတ်ကျေနပ်ရမဲ့ကားတစ်ကားဖြစ်လို တင်ဆက်ပေးလိုက်ပါတယ်။
Repost from BurmaMovie စာတန်းထိုး
The Hot Chick (2002)
Genre – Comedy
The Animal ကားနဲ့ အသေခွီနေရအောင် လုပ်ခဲ့တဲ့ ဟာသမင်းသားကြီး Rob Schneider ရဲ့ အရင်ခေတ်က အခွီနောက်တစ်ကား လာပါပြီ။
ဒီဟာသကားလေးကတော့ အရင်တုန်းက ခဏခဏ ထွက်ရှိခဲ့သလိုယောက်ျားမိန်းမ နေရာချင်းလဲသွားတာမျိုးပါဒါကတော့ စိတ်ချင်းလဲတာ မဟုတ်ပဲ ခန္ဓာ ကိုယ်ကြီး လဲသွားတာဖြစ်လို့မင်းသားကြီး စကေးပြထားတဲ့ကားပါ။
ဇာတ်လမ်းလေးကတော့ ချောမောလှပပေမဲ့ သူများအပေါ် ယုတ်မာပြီးလူမုန်းများတဲ့ အထက်တန်းကျောင်းသူလေး ဂျက်ဆီကာ၊ ယောက်ျားလေးတွေကိုလည်း မယုံကြည်ပဲအပြိုင်ဆိုင်များ တိုက်ခိုက်ပြီး အကျင့်မကောင်းတဲ့ကောင်မလေးပေါ့။
သူဟာ ရှော့ပင်းမောလ်ထဲက ရှေးဟောင်းပစ္စည်းဆိုင်ကထူးဆန်းတဲ့နားကပ်လေး တွေ့ခဲ့ပါတယ်။ဒီနားကပ်လေးက ရှေးပဝေသနီကတည်းက မင်းသမီးတစ်ပါးကအိမ်ထောင်မပြုချင်တာကြောင့် အစေခံမလေးနဲ့ ခန္ဓာကိုယ်ချင်း လဲခဲ့တဲ့ မှော်နားကပ်လေးပေါ့။ နားကပ်လေးလှလို့ ဝယ်မယ်လုပ်တော့ဆိုင်ပိုင်ရှင်က မရောင်းတဲ့အခါ မရမက ခိုးခဲ့ပါတော့တယ်။
ဒါနဲ့ လမ်းကျ ဆီဖြည့်နေတဲ့အချိန် အပေအတေ သူခိုးဂျပိုးတစ်ယောက်နဲ့ တွေ့ဆုံကြပြီးနားကပ်တစ်ဖက်က သူ့ဆီပါသွားလို့ ညရောက်တော့ဟိုက ကမြင်းကြောထပြီး ကောက်ဝတ်လိုက်တဲ့အခါမှာတော့ဂျက်ဆီကာနဲ့ သူခိုးဂျပိုး ခန္ဒာကိုယ်တို့ လဲသွားခဲ့ပါတော့တယ်။
အဲဒီမှာ သူငယ်ချင်းဖြစ်သူ ဧပရယ်ရဲ့ အကူအညီနဲ့ ခန္ဒာကိုယ်ဘယ်လိုရအောင် ပြန်လုပ်မလဲဆိုတာကို မင်းသားကြီးRob Schneider ရဲ့ အခွီ သရုပ်ဆောင်ချက်တွေနဲ့အတူပျော်ပျော်ပါးပါး ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်ဗျ။
Repost from အပြာစာပေများ
The Equalizer (2014)
IMDb Rating (7.2) / Rotten Tomatoes (61%)
မင်းသားကြီး Denzel Washington ဆိုတာ ရုပ်ရှင်လောကထဲမှာတင်မက တခြားပြင်ပလောကတွေမှာပါ ဩဇာကြီးမားတဲ့ အနုပညာရှင်တစ်ဦးပါ…
ဒီလိုမင်းသားကြီးကို အသုံးပြုပြီး လောကကြီးရဲ့ တလွဲတွေကို ချိန်ညှိသူအဖြစ် ရိုက်ကူးထားတဲ့
The Equalizer ရုပ်ရှင်ကားတွေဟာ တကယ့်ထိပ်တန်း အက်ရှင်ဇာတ်ကားတွေပါပဲ..
နိုင်ရာစားလောကကြီးကို ကျွန်တော်တို့ မျက်မြင်မှာ လုပ်ငန်းခွင်တွေမှာ ဘဝတွေမှာ နေ့စဉ်မြင်တွေ့ ခံပြင်းနေကြမှာပါ…
ဒီလိုနိုင်ရာစားလောကကြီးကို တရားသဖြင့် ချိန်ညှိပေးမယ့်သူအဖြစ် Denzel Washington က
တကယ့်တရားသူကြီးတစ်ယောက်လို တည်ငြိမ်ရင့်ကျက်စွာသရုပ်ဆောင်ထားပါတယ်။
ထူးခြားတာကတော့ သူက လောကကြီးကို ချိန်ညှိဖို့အတွက် ရက်စက်ဖို့လဲ ဝန်မလေးတဲ့
ယမမင်းတစ်ပါးလို လက်သံပြောင်သူအဖြစ် အားရစွာမြင်တွေ့ရမှာပါ။
The Equalizer 2014 ဇာတ်ကားမှာတော့ ပြည့်တန်ဆာမလေးအဖြစ် မင်းသမီး Chloë Grace Moretz လဲ ပါဝင်ထားပါတယ်။
Repost from အပြာစာပေများ
Flipped (2010) မြန်မာစာတန်းထိုး
📱IMDb Rating____ 7.7/10
လူ့တို့ရဲ့ သဘောဟာ ဆန်းကျယ်တယ်ထင်ပါရဲ့..ချိုဆိမ့်တဲ့အရသာကို ကြိုက်ကြသလို ဖန်ငန်စပ်အရာသာကိုလည်းကြိုက်ကြတာပဲ..
ဒီလိုပဲ အချစ်၊အလှ ၊အလွမ်းဆိုတဲ့ သိမ်မွေ့နူးညံတဲ့ ခံစားမှုစည်းစိမ်ကိုနှစ်သက်ကြသလို ကြမ်းတမ်းထိတ်လန့်စရာ စည်းစိမ်ကိုလည်း နှစ်သက်ကြတာပါပဲ…မည်သို့ပင်ဆိုစေအချစ်၊အလှ ၊အလွမ်းဖွဲ့ဇာတ်ကားလေးတွေခံစားချင်တဲ့သူတွေအတွက် ဒီကားလေးတင်ပေးလိုက်ပါတယ်…
၂တန်းကလေးအရွယ် ဘရိုက်စ်ဆိုတဲ့ကောင်လေးတို့မိသားစုက ဂျူလီဆိုတဲ့ကောင်မလေးရှိတဲ့ အိမ်နားကိုပြောင်းလာတယ်... ကောင်မလေးကတော့ပထမဆုံးတွေ့တွေ့ချင်းကောင်လေးရဲ့ တောက်ပတဲ့မျက်လုံးတွေနဲ့အကြည့်ချင်းဆုံမိပြီး သဘောကျသွားတယ်..ဖြစ်ချင်တော့ကောင်လေးက သူ့ကိုတစ်စက်ကလေးမှသဘောမကျ စိတ်ပျက်စရာကောင်မလေးအမြင်ကပ်စရာလေးလို့ပဲမြင်နေတာပါပဲ…
ဒီကားက ကောင်မလေးရဲ့ အမြင်ရယ် ကောင်လေးရဲ့အမြင်ရယ်ကို အချိုးကျပြသသွားတယ်…ဆယ်ကျော်သက်ရွယ် ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်ရဲ့အချစ်နဲ့ပတ်သက်ပြီးတွေ့ကြုံခံစားသိမြင်ပုံလေးတွေကို လှလှပပလေးရိုက်ပြသွားတာပါ ...
တစ်ချို့သောသူတွေအတွက် ပျော်ရွှင်ဖွယ်ရာ စိတ်ကူးယဉ်ကမ္ဘာထဲကိုရောက်နေသလိုတောင်ခံစားရနိုင်တယ်...တစ်ချို့သောသူတွေအတွက် ငယ်ဘဝ ငယ်ချစ်ဦးကို ပြန်လွမ်းဆွတ်တမ်းတပြီးအလွမ်းပြေစရာတစ်ခုခုဖန်တီးသွားလောက်တယ်…
ဥပမာ ငယ်ငယ်ကချစ်ဖူးခဲ့တဲ့သူအတွက် ရည်စူးရေးစပ်ထားဖူးတဲ့ကဗျာစာအုပ်အဟောင်းလေးတွေကို တောင်ပြန်ဖတ်သွားတာမျိုးပေါ့…
Repost from မြန်မာအိုးများ စုစည်းရာ
𝟕𝟕𝟕 𝐂𝐡𝐚𝐫𝐥𝐢𝐞 (𝟐𝟎𝟐𝟐)
(တိချစ်တတ်တဲ့သူတွေအတွက်မျက်ရည်မဆည်နိုင်တဲ့ကားလေး)
𝐂𝐫𝐞𝐝𝐢𝐭 𝐓𝐨 𝐎𝐫𝐢𝐠𝐢𝐧𝐚𝐥 𝐔𝐩𝐥𝐨𝐝𝐞𝐫
Repost from မြန်မာအိုးများ စုစည်းရာ
𝟕𝟕𝟕 𝐂𝐡𝐚𝐫𝐥𝐢𝐞 (𝟐𝟎𝟐𝟐)
𝐈𝐌𝐃𝐛 - 𝟗.𝟏 / 𝟏𝟎
လူတစ်ယောက်ကို ပြောင်းလဲစေတာက
အချစ်လိုပြောမယ်ဆို ရဲရဲကြီးယုံလိုက်ပါ...
ငယ်စဉ်က မိသားစုတွေ ဆုံးပါးသွားပြီး
တစ်ယောက်တည်းကျန်ခဲ့တဲ့ "ဒါမာ"
ကြီးပြင်းတဲ့အထိ တစ်ယောက်တည်းနေဖိုကိုပဲ
ရွေးချယ်ခဲ့ပြီး လူ့ပတ်ဝန်းကျင်နဲ့
ဝင်ဆံ့ဖို မကြိုးစားတဲ့ လူ့ဂွစာတစ်ယောက်
အဲဒီ့သူ့ဘဝထဲကို မမျှော်လင့်ဘဲ ရောက်လာတာကတော့
ခွေးလေးတစ်ကောင်
အဲဒီခွေးလေးကို သူမမွေးချင်လို
မွေးစားမယ့်သူကို ရှာနေတုန်းမှာပဲ
ခွေးလေးနဲ့ သံယောဇဉ်တွယ်သွားပြီး
ခွေးလေးက သူ့ရဲ့ဘဝဖြစ်လာခဲ့တော့တယ်
သူ့ရဲ့ မာကြောနေတဲ့ ဘဝကြီးကို
နူးညံ့ပျော့ပျောင်းလာစေပြီး
ဂျစ်ကန်ကန်နဲ့ လောကကြီးကို အရွဲတိုက်နေထိုင်ခဲ့တဲ့ သူ့ကို
အမြင်ကျယ်လာစေခဲ့တာက အဲဒီခွေးလေးပေါ့
လူနဲ့ တိရစ္ဆာန်ကြားက မေတ္တာတရား
အဲဒီမေတ္တာဆိုတဲ့အရာဟာ စစ်မှန်ရင်
ဘယ်လောက်တောင် စွမ်းအားကြီးတယ်ဆိုတဲ့
အကြောင်း ရိုက်ကူးပြသထားတဲ့
မျက်ရည်မခိုင်သူတွေ မျက်ရည်ကျစေမယ့်
ဒရမ်မာကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။
Repost from Burma Movie 2.0
𝟏𝟐 𝐘𝐞𝐚𝐫𝐬 𝐀 𝐒𝐥𝐚𝐯𝐞
(စိတ်ဓာတ်ကျနေရင်ဒီကားလေးကိုကြည့်ဖို့ညွှန်းပေးချင်ပါတယ်)
𝐂𝐫𝐞𝐝𝐢𝐭 𝐓𝐨 𝐎𝐫𝐢𝐠𝐢𝐧𝐚𝐥 𝐔𝐩𝐥𝐨𝐝𝐞𝐫
Уже доступно! Исследование Telegram 2025 — ключевые инсайты года 
