ru
Feedback
𝗧𝗲𝗰𝗵𝟰𝗨 𝗠𝘆𝗮𝗻𝗺𝗮𝗿

𝗧𝗲𝗰𝗵𝟰𝗨 𝗠𝘆𝗮𝗻𝗺𝗮𝗿

Открыть в Telegram

Programming • Networking • Database • Cybersecurity 🛡️ New tutorials and updates posted daily! ✅ Click to learn more. https://youtube.com/@tech4u-mm?si=ZK9X8GQ0nn7sG2oZ

Больше
5 649
Подписчики
-624 часа
+87 дней
+6030 день
Архив постов
Wave UI Wave UI သည် ပြင်ဆင်ရလွယ်ကူပြီး စိတ်ကြိုက်ပြုပြင်နိုင်သော framework တစ်ခုဖြစ်ကာ၊ Sass အသုံးပြုတဲ့အခါ CSS ကို ပိုမိုကော
Wave UI Wave UI သည် ပြင်ဆင်ရလွယ်ကူပြီး စိတ်ကြိုက်ပြုပြင်နိုင်သော framework တစ်ခုဖြစ်ကာ၊ Sass အသုံးပြုတဲ့အခါ CSS ကို ပိုမိုကောင်းမွန်စွာ ထိန်းချုပ်နိုင်စေပါတယ်။ ဒီ UI မှာ modern design features တွေပါဝင်ပြီး၊ အပြည့်အဝ responsive ဖြစ်ကာ အသုံးပြုရလွယ်ကူမှု (accessibility) ကိုလည်း သေချာစေပါတယ်။

ကမ္ဘာ့ပထမဆုံး ကိုယ်တိုင် ဘက်ထရီလဲလှယ်နိုင်သော Humanoid Robot 🌐 တရုတ်ကုမ္ပဏီ UBTech မှ နည်းပညာအဆင့်မြင့် Humanoid Robot အသစ် Walker S2 ကို မိတ်ဆက်လိုက်ပါပြီ။

CMF Watch 3 Pro ကို ကမ္ဘာတစ်ဝှမ်း စတင်မိတ်ဆက်လိုက်ပါပြီ! ▪️ 1.43" AMOLED ဖန်သားပြင်၊ 466×466 resolution၊ 60Hz ▪️ 13 ရက်ကြာ ဘက
CMF Watch 3 Pro ကို ကမ္ဘာတစ်ဝှမ်း စတင်မိတ်ဆက်လိုက်ပါပြီ! ▪️ 1.43" AMOLED ဖန်သားပြင်၊ 466×466 resolution၊ 60Hz ▪️ 13 ရက်ကြာ ဘက်ထရီသက်တမ်း (350mAh) ▪️ Dual-band GPS (L1+L5) ▪️ Bluetooth calling + AI noise reduction ▪️ အားကစားအမျိုးအစား 131 မျိုး + အလိုအလျောက်ရှာဖွေခြင်း ▪️ Built-in ChatGPT & voice notes 💵 စျေးနှုန်း - $99 / €99 / £99 🌐📲 @Tech4umm

Software Defined Networking ဆိုတာဘာလဲ ? 🔗👇 https://www.facebook.com/share/p/19kVPgDR5A/
Software Defined Networking ဆိုတာဘာလဲ ? 🔗👇 https://www.facebook.com/share/p/19kVPgDR5A/

Web Development သင်ခန်းစာ - ToDo List App | Part - 6 ( Task Management with LocalStorage ) ဒီ Video မှာ JavaScript နဲ့ ToDo A
Web Development သင်ခန်းစာ - ToDo List App | Part - 6 ( Task Management with LocalStorage ) ဒီ Video မှာ JavaScript နဲ့ ToDo App မှာ LocalStorage သုံးပြီး Task တွေကို Save လုပ်နည်း၊ Delete Selected Feature နဲ့ Smooth Animations တွေကို ရှင်းပြပေးထားပါတယ်! ▶️ YouTube Video Link 💻 ဒီ Video ကနေ ဘာတွေသိရမလဲ?
✅ Form Submission ကို Handle လုပ်နည်း ✅ Delete Selected Button Functionality ✅ LocalStorage သုံးပြီး Data သိမ်းနည်း ကိုရှင်းပြထားပေးပါတယ်ဗျ
📂 Source Code ကို Download ရယူရန် အောက်မှာ telegram channel ကိုပေးထားပါတယ် 👇 🔗 Source Code File #ToDoList #JavaScript #WebDevelopment #DOM #Frontend #MyanmarCoding #Programming #WebDesign #CodingTutorial #LearnToCode

OpenAI က ChatGPT ထဲမှာ "Study More" feature အသစ်ကို စတင်မိတ်ဆက်လိုက်ပါပြီ။ အဖြေတွေကို တိုက်ရိုက်ပေးတာထက် - ✔️ Socratic မေးခွန်းနည်း (အဆင့်ဆင့်မေးမြန်းခြင်း) ✔️ အရိပ်အမြွက် (Hints) ပေးခြင်း ✔️ ကိုယ်တိုင်ဆန်းစစ်ခြင်း (Self-reflection) စတဲ့နည်းလမ်းတွေနဲ့ ပြဿနာတွေကို အဆင့်ဆင့်ဖြေရှင်းနည်း လမ်းညွှန်ပေးမှာဖြစ်ပါတယ်။ 2025 ဟာ Self-learner တွေအတွက် paradiseဖြစ်လာတော့မယ်! AI နည်းပညာက လူတွေကို ပိုမိုထိရောက်စွာ ကိုယ်တိုင်လေ့လာနိုင်အောင် အရှိန်မြှင့်ပေးနေပါပြီ။ (Source: OpenAI's official announcement) #AIEducation #SelfLearning #ChatGPT

Notion Lesson 1-2 | Creating Account & Workspace Setup 🚀 ဒီသင်ခန်းစာ video မှာ Notion ကို စတင်အသုံးပြုဖို့ Notion Account ဖွ
Notion Lesson 1-2 | Creating Account & Workspace Setup 🚀 ဒီသင်ခန်းစာ video မှာ Notion ကို စတင်အသုံးပြုဖို့ Notion Account ဖွင့်နည်း, Workspace Setup, အရေးကြီးသော Settings များ နဲ့ ပထမဆုံး Notion Page ကိုဖန်တီးနည်း တို့ကို အဆင့်ဆင့်ရှင်းပြပေးထားပါတယ်! ▶️ YouTube Video Link 📌 ဒီသင်ခန်းစာ Video မှာ ဘာတွေသိရမလဲ? ✅ Notion Account ဘယ်လိုဖွင့် နည်း ✅ Workspace ကို စနစ်တကျ စတင် နည်း ✅ သိထားသင့်သော Key Settings များ အကြောင်း ✅ ပထမဆုံး Simple Page ဖန်တီး ခြင်း ✅ Notion Layout အခြေခံများ အကြောင်းကို ရှင်းပြပေးထားပါတယ်! 💡 နောက်သင်ခန်းစာတွေမှာ Databases, Templates နဲ့ Advanced Features တွေကို ဆက်လေ့လာရမှာဖြစ်ပါတယ်! 🔔 Notion အသုံးပြုနည်းသင်ခန်းစာများကို အပြည့်အစုံလေ့လာဖို့ channel ကိုလဲ Subscribe လုပ်ထားပေးပါအုံးဗျ! #NotionMyanmar #NotionTutorial #NotionForBeginners #WorkspaceSetup #ProductivityTools #DigitalOrganization #TechInMyanmar #NotionLesson1_2

🚀 AWS က Amazon Bedrock AgentCore ကို ကမ္ဘာ့အကြီးဆုံး AI Agent Platform အဖြစ် မိတ်ဆက် ⚡️July လအလယ်ပိုင်းက နယူးယောက်မြို့မှာကျင်းပခဲ့တဲ့ AWS နှစ်ပတ်လည်ထိပ်သီးအစည်းအဝေး (Summit)မှာ Cloud နည်းပညာလောကရဲ့အထင်ကရ Amazon Bedrock AgentCore ကိုမိတ်ဆက်လိုက်ပါပြီ။ ဒီဝန်ဆောင်မှုက AI Agent တွေကို Enterprise-Level မှာစတင်အသုံးပြုဖို့ ပြင်ဆင်နေတဲ့ Developer တွေအတွက် အရမ်းအထောက်အကူဖြစ်စေမှာပါ! --- 🔹 Bedrock AgentCore ရဲ့ အဓိက ဝန်ဆောင်မှုများ 1️⃣ AgentCore Runtime - Serverless Environment ဖြစ်ပြီး Framework/Protocol မရွေးဘဲ အလုပ်လုပ်နိုင် 2️⃣ AgentCore Identity - AI Agent တွေအတွက် သီးသန့်အထောက်အထားနဲ့ ( credential )လိုင်စင်စီမံခန့်ခွဲမှု 3️⃣ AgentCore Gateway - Lambda Functions/API တွေကို Agent အဖြစ်အလွယ်တကူပြောင်းလဲ နိုင် ("Code အနည်းငယ်နဲ့") 4️⃣ AgentCore Observability - Agent တွေရဲ့ Performance ကို Debug, Monitor, Trace လုပ်နိုင်တဲ့ Tool 5️⃣ AgentCore Memory - Short-term & Long-term Memory စနစ်ပါဝင်ပြီး Context ကို ထိန်းချုပ်နိုင် 6️⃣ AgentCore Code Interpreter - Sandbox Environment ထဲမှာ AI Agent တွေက Code ရေးပြီး Run နိုင် 7️⃣ AgentCore Browser - Cloud-Based Secure Browser ဖြစ်ပြီး Website တွေနဲ့အပြန်အလှန်အလုပ်လုပ်နိုင် --- 💡 ဒီဝန်ဆောင်မှုကို preview အဖြစ်ရရှိနိုင်ပြီး တစ်ခုလုံးအဖြစ်သုံးနိုင်သလို တစ်ခုချင်းစီလည်းသုံးနိုင်ပါတယ်။ AWS ရဲ့ agentic AI အတွက် ဒုတိယဥက္ကဋ္ဌ (VP) Swami Sivasubramanian က သူ့ရဲ့ keynote မိန့်ခွန်းမှာ AgentCore ဟာ proof of concept ကနေ production အဆင့်ကို လုံခြုံစွာရွှေ့ပြောင်းရာမှာ "step change" တစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ #AWS #AmazonBedrock #AgentCore #AIAgents #CloudComputing #TechUpdate #MyanmarTech

Jio က India ရဲ့ ပထမဆုံး AI cloud computer JioPC ကို စတင်မိတ်ဆက်လိုက်ပါပြီ။ စျေးနှုန်းမှာ တစ်လလျှင် Rs 400 မှ စတင်ပါသည်။ 🌐📲
Jio က India ရဲ့ ပထမဆုံး AI cloud computer JioPC ကို စတင်မိတ်ဆက်လိုက်ပါပြီ။ စျေးနှုန်းမှာ တစ်လလျှင် Rs 400 မှ စတင်ပါသည်။ 🌐📲 @Tech4umm

Notion Lesson 1.1 - What is Notion? (အခြေခံမှစပြီး လေ့လာမယ်) 🚀 ✨ Welcome to Notion Lesson 1.1! ✨ 🚀 Notion ကို စတင်လေ့လာဖို့
Notion Lesson 1.1 - What is Notion? (အခြေခံမှစပြီး လေ့လာမယ်) 🚀 ✨ Welcome to Notion Lesson 1.1! ✨ 🚀 Notion ကို စတင်လေ့လာဖို့ အဆင်သင့်ဖြစ်ပြီလား? ဒီဗီဒီယိုကို ကြည့်ပြီး Productivity Powerhouse တစ်ခုဖြစ်အောင် လုပ်လိုက်ကြရအောင်ဗျာ! ▶️ YouTube Video Link 📌 ဒီသင်ခန်းစာ Video မှာ ဘာတွေသိရမလဲ? ✅ Notion ဆိုတာ ဘာလဲ? ✅ လူသုံးများရတဲ့ အကြောင်းရင်း ✅ ဘယ်လို အလုပ်တွေအတွက် အသုံးဝင်လဲ? ✅ Notion ရဲ့ အဓိက Features တွေ ✅ နောက်သင်ခန်းစာမှာ ဘာတွေဆက်သင်မှာလဲ? ရှင်းပြပေးထားပါတယ်! #NotionTutorial #NotionMyanmar #ProductivityTools #NotionForBeginners #DigitalOrganization #NotionLesson1 #TechInMyanmar #LearnNotion

Python Lesson-9 |Nested Conditional Statements 🔥 ဒီသင်ခန်းစာ video မှာ Python Programming ရဲ့ အဆင့်မြင့် Logic တွေကို Nested
Python Lesson-9 |Nested Conditional Statements 🔥 ဒီသင်ခန်းစာ video မှာ Python Programming ရဲ့ အဆင့်မြင့် Logic တွေကို Nested Conditionals သုံးပြီး ဘယ်လိုရေးသားရမလဲဆိုတာ လက်တွေ့ဥပမာများနဲ့ ရှင်းပြပေးထားပါတယ်! ▶️ YouTube Video Link ✨ အဓိက သင်ယူရမည့်အချက်များ: ✅ Nested If Statements အသုံးပြုပုံ ✅ Complex Logic တွေကို ဘယ်လိုဖြေရှင်းမလဲ ✅ Real-world Example များနှင့် အသုံးပြုပုံ စသဖြင့် ရှင်းပြပေးထားပါတယ်! 📂 Source Code + Note ကို Download ရယူရန် အောက်မှာ telegram channel ကိုပေးထားပါတယ် 👇 🔗 Source Code 🔗 Note #Python #Programming #NestedConditions #MyanmarCoding #LearnToCode #CodingTutorial #ProgrammingLogic #TechEducation #PythonBasics

📊 Programming မှာ အသုံးပြုတဲ့ Data အမျိုးအစားများ 🟡 ဒီမှာအပြည့်အစုံကြည့်ပါ။ 💡 Programming စသင်နေသူများ ဒီ Data Types တွေကိ
📊 Programming မှာ အသုံးပြုတဲ့ Data အမျိုးအစားများ 🟡 ဒီမှာအပြည့်အစုံကြည့်ပါ။ 💡 Programming စသင်နေသူများ ဒီ Data Types တွေကို သေချာနားလည်ထားရင် Code တွေရေးရတာပိုလွယ်ကူမှာဖြစ်ပါတယ်! 🚀 ⬛️ Primitive Data Types (အခြေခံ အမျိုးအစားများ) 🔹 Non-Numeric: - boolean – true/false (ဟုတ်/မဟုတ်) - char – တစ်လုံးတည်းသော အက္ခရာ (ဥပမာ - 'A', '၁') 🔹 Numeric: - Integer – ကိန်းပြည့် များ (ဥပမာ - 5, -10, 100) - byte, short, int, long (အရွယ်အစားအလိုက် ကွဲပြား) - Floating-Point – ဒဿမကိန်း (ဥပမာ - 3.14, -0.5) - float, double (တိမ်းစောင်းမှုအလိုက် ကွဲပြား) ⬛️ Non-Primitive Data Types (ရှုပ်ထွေးသော အမျိုးအစားများ) - String – စာသား (ဥပမာ - "Hello", "မင်္ဂလာပါ") - Array – ဥပမာ - [1, 2, 3]) - Classes & Objects – သီးသန့်သတ်မှတ်ထားသော အမျိုးအစားများ - Interfaces – Classes များအတွက် ဖွဲ့စည်းပုံသတ်မှတ်ခြင်း --- 📍 အဓိက ကွာခြားချက်များ - Primitive → အခြေခံကျပြီး မြန်ဆန် (Memory နည်းနည်းသုံး) - Non-Primitive → ပိုမိုပြောင်းလွယ်ပြင်လွယ်ရှိ (User တွေကိုယ်တိုင်သတ်မှတ်နိုင်) #Programming #DataTypes

DynaUI - React Component Library DynaUI သည် Tailwind CSS နှင့် Framer Motion တို့ဖြင့်တည်ဆောက်ထားသော React component library
DynaUI - React Component Library DynaUI သည် Tailwind CSS နှင့် Framer Motion တို့ဖြင့်တည်ဆောက်ထားသော React component library တစ်ခုဖြစ်ပြီး animated components 30+ ပါဝင်ပါတယ်။ ⚠️Website ဝင်ဖို့ VPN လိုအပ်နိုင်ပါတယ်။ အဓိကအားသာချက်များ: - Landing pages နှင့် web applications များအတွက် pre-built, customizable UI components - Development time ကို weeks မှ hours အထိ လျှော့ချပေးနိုင် - High-quality animations များပါဝင် DynaUI သည် UI development process ကို အလွန်မြန်ဆန်စွာပြီးမြောက်စေရန် ကူညီပေးနိုင်သော library တစ်ခုဖြစ်ပြီး၊ လက်ရှိတွင် developer community မှ အပြုသဘောဆောင်သော တုံ့ပြန်မှုများရရှိနေပါသည်။ @Tech4umm

JavaScript Fundamental Lesson - 8 | Objects ( Part 1 ) 📌 ဒီသင်ခန်းစာ video မှာ JavaScript Programming ရဲ့ အရေးကြီးဆုံး Data
JavaScript Fundamental Lesson - 8 | Objects ( Part 1 ) 📌 ဒီသင်ခန်းစာ video မှာ JavaScript Programming ရဲ့ အရေးကြီးဆုံး Data Structure တစ်ခုဖြစ်တဲ့ Objects အကြောင်းကို အခြေခံမှစပြီး လက်တွေ့ဥပမာများနဲ့ ရှင်းပြပေးထားပါတယ်! ▶️ YouTube Video Link ✨ အဓိက သင်ယူရမည့်အချက်များ: ✅ Object Syntax အခြေခံ (Properties & Values) ✅ Dot Notation vs Bracket Notation ကွာခြားချက် ✅ Real-world Object Examples (Student, Car, User) ✅ Object Properties များကို Condition နဲ့တကွ အသုံးပြုနည်း ✅ Dynamic Property Access လုပ်နည်း JavaScript မှာ Object က အရေးကြီးဆုံး Concept တစ်ခုဖြစ်ပြီး React, Angular, Vue စတဲ့ Framework တွေမှာပါ အများကြီးအသုံးပြုရမှာပါ! 📂 Source Code + Note ကို Download ရယူရန် အောက်မှာ telegram channel ကိုပေးထားပါတယ် 👇 🔗 Source Code 🔗 Note #JavaScript #Programming #WebDevelopment #Objects #MyanmarCoding #LearnToCode #Frontend #CodingTutorial #OOP #JSBasics

Computer Networking Notes 🔥 အပိုင်း (၅) 🔗 Note အပြည့်အစုံကို ရယူရန်၊ 🔗 PDF ဖိုင်ရန် ရယူရန်၊ 📌 အပိုင်း ( ၅ ) ဖတ်ရန်။ #Netw
Computer Networking Notes 🔥 အပိုင်း (၅) 🔗 Note အပြည့်အစုံကို ရယူရန်၊ 🔗 PDF ဖိုင်ရန် ရယူရန်၊ 📌 အပိုင်း ( ၅ ) ဖတ်ရန်။ #NetworkingBasics #TechMyanmar #ITStudents

🧠 ChatGPT ကို ပိုကောင်းတဲ့အဖြေတွေရအောင် သုံးနိုင်တဲ့ Prompt (၅) မျိုး ChatGPT ကို ထိထိရောက်ရောက် သုံးချင်ရင် မေးခွန်းမေးနည်း
🧠 ChatGPT ကို ပိုကောင်းတဲ့အဖြေတွေရအောင် သုံးနိုင်တဲ့ Prompt (၅) မျိုး ChatGPT ကို ထိထိရောက်ရောက် သုံးချင်ရင် မေးခွန်းမေးနည်း ကအရေးကြီးပါတယ်။ ဒီ Prompt (၅) မျိုး ကိုသုံးပြီး ပိုမိုနက်ရှိုင်းတဲ့အဖြေတွေ ရယူလိုက်ပါ! --- 🔹 ChatGPT ကိုပိုကောင်းအောင်သုံးနည်း 1️⃣ "Let’s think about this differently" - AI ကို အလွယ်တကူဖြေလေ့ရှိတဲ့အဖြေတွေအစား ကွဲပြားတဲ့အမြင်တွေပေးစေဖို့ 2️⃣ "What am I missing here?" - သင်မမြင်မိတဲ့အချက်တွေ၊ ဖြစ်နိုင်ခြေတွေ ကိုထုတ်ယူဖို့ 3️⃣ "Break it down step by step" - အဆင့်ဆင့်ရှင်းပြခိုင်းဖို့ (အဖြေတစ်ခုတည်းထက် လုပ်ဆောင်ချက်တစ်ခုလုံး သိရအောင်) 4️⃣ "What would you do in my position?" - သင့်အနေအထားနဲ့ AI ကိုယ်တိုင်ဆုံးဖြတ်ခိုင်းဖို့ (အကြံဉာဏ်ကောင်းတွေရနိုင်) 5️⃣ "What else should I know?" - သင်ထင်မထားတဲ့အချက်တွေ၊ ဆက်စပ်အချက်အလက်တွေ ထပ်ရဖို့ #ChatGPT #AITips #Productivity #TechHacks #MyanmarTech

Python Lesson-8: | Control Flow အကြောင်း သင်ခန်းစာ YouTube Video Link ဒီ video သင်ခန်းစာမှာ Python Programming ရဲ့ အရေးကြီးဆု
Python Lesson-8: | Control Flow အကြောင်း သင်ခန်းစာ YouTube Video Link ဒီ video သင်ခန်းစာမှာ Python Programming ရဲ့ အရေးကြီးဆုံး အစိတ်အပိုင်းဖြစ်တဲ့ Conditional Statements (if, elif, else) တွေကို လက်တွေ့ဥပမာများနဲ့ ရှင်းပြပေးထားပါတယ်! ✨ သင်ယူရမယ့် အဓိကအချက်များ: ✅ if, elif, else Statement တွေရဲ့ အခြေခံအလုပ်လုပ်ပုံ ✅ Real-life Example များ ✅ User Input ကို ဘယ်လိုအသုံးချမလဲ ✅ Conditional Logic တည်ဆောက်နည်း Control Flow က Programming ရဲ့ အခြေခံအုတ်မြစ် ဖြစ်ပါတယ်။ ဒီသင်ခန်းစာကို ကောင်းကောင်းနားလည်ထားရင် Complex Program တွေရေးတဲ့အခါ အများကြီးအထောက်အကူဖြစ်ပါလိမ့်မယ်! 📂 Source Code + Note ကို Download ရယူရန် အောက်မှာ telegram channel ကိုပေးထားပါတယ် 👇 🔗 Source Code 🔗 Note #Python #Programming #ControlFlow #Coding #MyanmarTech #LearnPython #PythonTutorial #ProgrammingBasics #IfElse #TechEducation

🌍 CDN (Content Delivery Network) ဆိုတာဘာလဲ?  CDN ဆိုတာ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ Server တွေရဲ့ ကွန်ရက်တစ်ခု ဖြစ်ပြီး၊ User နဲ့ အနီးဆုံး Server ကနေ Content တွေကို အမြန်ဆုံးပို့ပေးကာ အမြန်နှုန်း၊ စွမ်းရည်နဲ့ လုံခြုံရေးကိုမြှင့်တင်ပေးပါတယ်။  --- 💡 CDN ဘယ်လိုအလုပ်လုပ်လဲ?  1️⃣ User က Website/App ကိုဝင်ကြည့်တဲ့အခါ     - CDN က အနီးဆုံး Cache Server ကနေ Data တွေကိုပြန်ပေးပါတယ်။  2️⃣ Cache မှာမရှိရင်     - Origin Server (မူရင်း Server) ကနေ Data ကိုယူပြီး Cache မှာသိမ်းထားကာ နောက်တစ်ခါအတွက်အဆင်သင့်ဖြစ်အောင်လုပ်ပေးပါတယ်။  --- ⚡️ CDN သုံးရင် ဘာအကျိုးကျေးဇူးရှိလဲ?  ✅ Website/App မြန်မြန်ပွင့် (Latency နည်း)  ✅ Server Load လျော့ကျ (Traffic အများကြီးကိုခံနိုင်ရည်ရှိ)  ✅ ကမ္ဘာတစ်ဝှမ်းက Users တွေအတွက် Smooth Experience  ✅ DDoS Attack တွေကိုကာကွယ် (Traffic ကိုဖြန့်ထုတ်နိုင်)  --- 🚀 CDN ကိုဘယ်နေရာတွေမှာအသုံးများလဲ?  ✔️ Website/App (E-commerce, News Portals)  ✔️ Video Streaming (YouTube, Netflix)  ✔️ Game Updates (Steam, Epic Games)  ✔️ Software Downloads (Windows Updates, App Stores)  #CDN #WebDevelopment #TechBurmese #WebOptimization #InternetSpeed #MyanmarTech