HM Movies
Открыть в Telegram
HM Moives Channel မှ ကြိုဆိုပါတယ်ဗျ❤️ ကြော်ညာများထည့်လို့ရပါပြီ🤗🤗 @ETh1235
Больше7 323
Подписчики
+2724 часа
+1627 дней
+47230 дней
Архив постов
7 321
May I Help You / 일당백집사 (2022)
မြန်မာစာတန်းထိုး HD (စ-ဆုံး)
ဇာတ်လမ်းအညွှန်း
+++++++++++
ကဲ ဒီတစ်ခါ ကြည့်ရမယ့်ကားလေးကတော့ ဂူမီဟိုကားထဲက Heyri နဲ့ Love and Leashes ထဲက ဒိုကောင်လေး Lee Jun-Young တို ပါဝင်သရုပ်ဆောင်ထားတဲ့ "May I help You" ဆိုတဲ့ ပေါ့ပေါ့ပါ့းပါးရိုမန့်စ်ဇာတ်မြူးလေးပါ။
Baek Dong-Ju (Hyeri) ကတော့ ဈာပနအခမ်းအနားမှူးတစ်ယောက်ဖြစ်ပြီး သူမရဲ့ ထူးခြားတဲ့အစွမ်းတစ်ခုကြောင့် အကျပ်ရိုက်နေရသူပါ။ သေလူတွေကိုမြင်ရပြီး သေလူတွေနဲ့ဆက်သွယ်နိုင်တဲ့ အစွမ်းကြောင့် နေ့ရက်တိုင်းငြိမ်ငြိမ်မနေရသူတစ်ယောက်ပါ။ ထိုအစွမ်းကြောင့်ပဲ သေသွားတဲ့လူတွေက သူတိုဖြစ်ချင်တဲ့ဆန္ဒတွေကို ဖြည့်ဆည်းပေးဖို သူမကိုတောင်းဆိုလာကြပါတယ်။ မဖြည့်ဆည်းပေးပြန်ရင်လည်း အဲဒီတစ်ရက်လုံးလုံး သူမဆီ ကံဆိုးမှုတွေပဲဆက်တိုက်ကျရောက်လာတတ်တာကြောင့် ဘယ်လိုမှမတတ်သာတဲ့အဆုံး Baek Dong-Ju တစ်ယောက် သေလူတွေရဲ့ ဆန္ဒကို လိုက်လံဖြည့်ဆည်းပေးရပါတော့တယ်။
Kim Jib-Sa (Lee Jun-Young) ကတော့ Ildangbaek ဆိုတဲ့ သူ့ဦးလေးဖွင့်ထားတဲ့ တောက်တိုမယ်ရဆိုင်မှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတစ်ဦးပါ။ တောက်တိုမယ်ရဆိုတဲ့အတိုင်း ဖောက်သည်တွေတောင်းဆိုလာတဲ့ မည်သည့်ကိစ္စမဆို ဝန်ဆောင်မှုပေးရပါတယ်။ မီးလုံးလဲပေးတာ၊ ရေခပ်တာ စတဲ့ နေ့ဒဓူဝကိစ္စတွေကို အကောင်းဆုံးလုပ်ကိုင်ပေးရင်း အလုပ်များနေသူတစ်ယောက်ပါ။
ထိုကဲ့သို အလုပ်ကိုယ်စီနဲ့ သူတိုနှစ်ယောက် ဆုံတွေ့လာတဲ့ အခိုက်အတန့်မှာတော့ Baek Dong-Ju ရဲ့ကိစ္စတွေမှာ Kim Jib-Sa ပါ ပါဝင်ကူညီလာရတဲ့အခါ သေလူတွေရဲ့ ဘယ်လိုဆန္ဒမျိးတွေကို လိုက်လံဖြည့်ဆည်းပေးရမှာလဲ။ သေသွားတဲ့သူတွေမှာရော ဘယ်လိုဆန္ဒတွေရှိနေမှာလဲ ဆိုတာတွေကို စိတ်ဝင်စားဖွယ်ကြည့်ရှုခံစားရမှာမို ဒိုကောင်လေး Kim Jib-Sa ရဲ့ဆွဲဆောင်မှုထဲစီးမျောရင်း အပတ်စဉ် ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့တွေမှာ Gold Channel ကနေ အကောင်းဆုံးတင်ဆက်ပေးမှုကို ပရိသတ်ကြီးက စောင့်ကြည့်ပေးပါဦးနော်။
Translated by Winnie Ngoon
Encoded by Wasabi
7 321
Rob*inh*ood (2025) ရော်ဘင်ဟု (ဇာတ်ကားသစ်)
==========================
ယနေ့မှထွက်ရှိထားတဲ့ တယ်လူဂူ ဟာသအက်ရှင်ကားလေးနဲ့ အားလုံးကိုမိတ်ဆက်ပေးချင်ပါတယ်။
ဒီဇာတ်လမ်းက မူလရော်ဘင်ဟုဇာတ်လမ်းရဲ့ theme ကိုအခြေခံပြီး ဆန်းသစ်ရိုက်ကူးထားတာဖြစ်ပါတယ်။ မိဘမဲ့ဂေဟာမှာကြီးပြင်းလာရတဲ့ ရမ်ဟာ ဂေဟာကိုထောက်ပံ့ချင်ယောင်ဆောင်ပြီး အကျိုးအမြတ်ထုတ်နေကြတဲ့ လူကြီးလူကောင်းမျက်နှာဖုံးအောက်က လူတွေရဲ့စိတ်နေသဘောထားကို ရွံရှာစက်ဆုပ်နေခဲ့သူဖြစ်ပါတယ်။
သူတို့ရဲ့ဂေဟာဟာလည်း ငွေကြေးအခက်အခဲကြောင့် ဆက်လက်လည်ပတ်ဖို့၊ ကလေးတွေပညာသင်ဖို့ အခက်အခဲကြုံလာရတဲ့အခါမှာတော့ ရမ်ဟာ သူ့ရွံရှာနေခဲ့တဲ့ လူကြီးလူကောင်းတွေအိမ်ကို နည်းအမျိုးမျိုးနဲ့ဖောက်ထွင်းဝင်ရောက်ပြီး ငွေတွေကိုခိုးယူကာ သူချစ်တဲ့ဂေဟာကို ထောက်ပံ့နေခဲ့ပါတယ်။
တစ်ရက်မှာတော့ အကြောင်းအမျိုးမျိုးကြောင်း သူ့ရဲ့ရော်ဘင်ဟုဇာတ်လမ်းလေး တစ်ခန်းရပ်သွားချိန် အိန္ဒိယကိုရောက်လာတဲ့ ဘီလျံနာသူဌေးကြီးရဲ့သမီး နီရာကို လုံခြုံရေးတာဝန်ယူပေးရတဲ့အခါမှာတော့ အန္တရာယ်တွေကြားမှာ လှပတဲ့အချစ်ဇာတ်လမ်းတစ်ပုဒ် ပေါက်ဖွားလာပါတော့တယ်။
7 321
T*he Ma*tch (2025) ဇာတ်ကားသစ်
===============
ပြိုင်ပွဲနဲ့ပတ်သက်တဲ့ကားတွေကိုသဘောကျနှစ်သက်တဲ့ ပရိသတ်တို့အတွက် စစ်တုရင် အကျော်အမော်တို့ရဲ့ ဇာတ်ကြောင်းလေးဖြစ်တဲ့ The Match လာပါပြီ
ကမ္ဘာ့စစ်တုရင်ချန်ပီယံရွေးချယ်ပွဲမှာ ထင်မှတ်မထားဘဲ အနိုင်ရသွားပြီး ကိုရီးယားရဲ့ ဂုဏ်ကိုဆောင်ပေးတဲ့ ဂျိုဟွန်းဟျွန်းတစ်ယောက်က စစ်တုရင်နဲ့ပတ်သက်ရင် တန်ဖိုးထားပြီး စိတ်နှစ်ထားတတ်တဲ့သူပါ အရေးနိမ့်တိုင်းပြည်လိုမျိုး ကိုရီးယားဘက်ကနေ ကမ္ဘာ့စစ်တုရင်ချန်ပီယံပေါ်ထွက်သွားမှုကြောင့် ကိုရီးယားနိုင်ငံက စစ်တုရင်အပေါ်စိတ်ဝင်စားမှုကပိုမိုမြင့်တက်လာခဲ့ပါတယ်
တစ်ဖက်မှာလည်း စစ်တုရင်ကိုစိတ်ပါဝင်စားပြီး တစ်ပွဲရှုံးရင်ကို မစားနိုင်မအိပ်နိုင်ဖြစ်ရတဲ့ ချန်းဟိုဆိုတဲ့ကလေးငယ်လေးက သူတို့နယ်မြို့က လူကြီးအားလုံးလက်မြှောက်အရှုံးပေးထားရတဲ့ ဉာဏ်ကြီးရှင် စစ်တုရင်အပျော်တမ်းကစားသမားလေးပါ
အကြောင်းဖန်မှုကြောင့် ချန်ပီယံကြီးနဲ့ အပျော်တမ်းသမားလေးတို့တွေ့ဆုံရာကနေ ချန်းဟိုရဲ့ အရည်အချင်းတွေကိုမြင်လာတဲ့ ဂျိုဟွန်းဟျွန်းက ချန်းဟိုကို တပည့်အဖြစ်လက်ခံပေးဖို့ ဆိုးလ်ကိုခေါ်သွားရင်း ချန်းဟိုကို ပရော်ဖက်ရှင်နယ်တစ်ယောက်ဖြစ်အောင်လေ့ကျင့်သင်ကြားပေးလိုက်နိုင်မလား
ဘယ်လိုမျိုးပြဿနာအခက်အခဲတွေနဲ့တွေ့ဆုံရဦးမလဲ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ
7 321
Mu*kk*am Po*st Dev*ach Gh*ar (2025) "တို့ဖေဖေ"
ဒီတစ်ခါမှာတော့ ဘောလိဝုဒ်ပရိသတ်ကြီးအတွက် အရမ်းကောင်းတဲ့ မိသားစုဒရာမာဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ကျေးလက်လူနေမှုဘ၀ကို နောက်ခံထားပြီး မူလတန်းအရွယ်ကလေးမလေးတစ်ယောက်ရဲ့ဘ၀ကို ချစ်စရာဖြစ်အောင်ရော သနားစရာဖြစ်အောင်ပါ ပုံဖော်ထားရိုက်ကူးထားပါတယ်။
ရွာလေးတစ်ရွာမှာ ဂျီဂျာဆိုတဲ့ ချစ်စရာမူလတန်းကျောင်းသူလေးရှိပါတယ်။ ဂျီဂျာလေးဟာ အမေရယ် အဘွားရယ်နဲ့အတူနေပါတယ်။ အဖေဖြစ်သူကတော့ ဆုံးပါးသွားပြီး ဂျီဂျာတောင်မမြင်ဖူးလိုက်ပါဘူး။
ဂျီဂျာလေးဟာ ကလေသဘာ၀အတိုင်း စားလိုက် ဆော့လိုက်နဲ့ ပျော်ပျော်နေပေမဲ့ စိတ်ထားလေးကောင်းပြီ ကူညီတတ် သနားတတ်သူလေးပါ။ တစ်ခါမှမမြင်ဖူးလိုက်တဲ့ သူ့အဖေ့ကိုလည်း သတိရရကောင်းမှန်း မသိပါဘူး။
တစ်နေ့တော့ ကျောင်းအုပ်ဆရာကြီးကဂျီဂျာ့ကို ကျောင်းပြိုင်ပွဲတစ်ခုမှာ "တို့ဖေဖေ" ခေါင်းစဉ်နဲ့ ယှဉ်ပြိုင်ရမယ်လို့ ပြောလိုက်ရာကစလို့ ဂျီဂျာတစ်ယောက် သူ့အဖေအကြောင်း သိချင်လာခဲ့ပါတယ်။ သူ့အမေကိုမေးပေမဲ့လည်း အရှင့်အိမ်မှာဆိုတာကလွဲပြီး သေချာအဖြေမရခဲ့ပါဘူး။
နောက်တော့ ဂျီဂျာလေးဟာ ဘယ်ရောက်နေမှန်းမသိတဲ့ သူ့အဖေဆီ စာတိုက်ကနေစာပို့ဖို့ အကြံရလာခဲ့ပါတယ်။ ဒီလိုနဲ့ ဂျီဂျာပို့လိုက်တဲ့စာတွေဟာ ဘယ်ကိုရောက်သွားမလဲ...
ဂျီဂျာတစ်ယောက် သူ့အဖေအကြောင်းကိုသိခွင့်ရမလား၊ ပြိုင်ပွဲမှာ "တို့ဖေဖေ" အကြောင်း ဘာတွေပြောသွားမလဲ ဆိုတာကို ကျေးလက်နောက်ခံနဲ့ ချစ်စရာကလေးသဘာ၀ကိုကြည့်ရှုခံစားရင်း...
ပျော်စရာ၊ ရယ်စရာ၊ ငိုစရာ၊ လွမ်းမောစရာအဖြစ် ကြည့်ရှုကြရမှာဖြစ်ပါတယ်။
