ru
Feedback
HM Movies

HM Movies

Открыть в Telegram

HM Moives Channel မှ ကြိုဆိုပါတယ်ဗျ❤️ ကြော်ညာများထည့်လို့ရပါပြီ🤗🤗 @ETh1235

Больше
7 293
Подписчики
+1624 часа
+1517 дней
+46130 дней
Архив постов
မရဏကျမ်းစာ အပိုင်း ၂

မရဏကျမ်းစာ အပိုင်း ၁

" သိုင်းလောကကလောင်ရှင် ဆရာကြီးကျင်းယုံရဲ့လက်ရာတစ်ခုဖြစ်တဲ့ဝတ္ထုကိုပြန်လည်ရိုက်ကူးပုံဖော်ထားတဲ့ သိုင်းဇာတ်လမ်းတွဲကြီး " ဇာတ်လမ်းအကျဥ်းကတော့... တောထဲမှာ ဆရာနဲ့ အတူသိုင်းပညာတွေအတူတကွ လေ့ကျင့်ရင်း လယ်ယာလုပ်ကိုင်နေတဲ့ ရိုးသားတဲ့လယ်သမားလေး တိယွင်....တိယွင်ဟာ သူ့ဆရာရဲ့သမီးနဲ့မေတ္တာမျှလို့ချစ်ကြိုးသွယ်ခဲ့ကြပါတယ်။ဒါပေမယ့် တစ်နေ့မှာတော့ သူ့ဆရာဖြစ်သူရဲ့ဆရာတူအကိုကြီးရဲ့ မွေးနေ့ပွဲတစ်ခုအတွက် မြို့ပေါ်တက်လာခဲ့ကြပါတယ်။ဒါဟာ သူ့ဘဝကို တစ်ဆစ်ချိုးပြောင်းလဲစေမယ်မှန်း တိယွင်တစ်ယောက်မသိခဲ့ပါဘူး။အကြောင်းကတော့ သူ့ကို သူ့ဆရာ့ရဲ့ ဆရာတူအကိုကြီးနဲ့ သားက ပစ္စည်းခိုးမှုနဲ့ မုဒိမ်းမှု့ဖြစ်အောင်အကွက်ဆင်ကြလို့ပါပဲ။ဒါ့အပြင် အာဏာပိုင်တွေကိုလည်း လာဘ်ထိုးပြီး သေဒဏ်မကျကျအောင်လုပ်ပါသေးတယ်။တကယ်ဆို သူ့အမှု့က သေဒဏ်ကျရအောင် အပြစ်မရှိဘူးဆိုတာကိုတော့ သူမသိပါဘူး။ရိုးသားတဲ့တောသူတောင်သားလေးတစ်ယောက်ဖြစ်နေခြင်းကြောင့်ပါပဲ။သူသိတာတစ်ခုပဲရှိပါတယ်။သူမတရားခံရတယ်ဆိုတာပါပဲ။ဆရာဖြစ်တဲ့သူကလည်း သေမှန်းမသိ ရှင်မှန်းမသိ။ထောင်ထဲလည်းရောက်ရော အရူးကြီးတစ်ယောက်က ဘာမပြော ညာမပြောနဲ့ နေ့တိုင်းထိုးကြိတ်တာကိုလည်းခံရပါသေးတယ်။မပြီးသေးပါဘူး...ကံဆိုးချက်က ချစ်သူလည်း အလုခံရသေးတယ်။လုတဲ့လူကလည်း တစ်ခြား လူမဟုတ်ဘူး သူ့ဆရာရဲ့ဆရာတူအကိုကြီးရဲ့သားပါ။အဲ့တော့မှ သူ့ချစ်သူကိုလိုချင်တဲ့အပြင် သူ့ဆရာပေးထားတဲ့ မရဏကျမ်းစားမြေပုံကြောင့် သူ့ကိုအကွက်ချလုပ်ကြံမှန်း သူသိသွားပါတော့တယ်။ဒါဆို တိယွင်တစ်ယောက် သူ့အပေါ်မတရားလုပ်ကာ အကွက်ဆင်ခဲ့တဲ့သူတွေအပေါ်  ဘယ်လိုလက်စားချေမလဲ။သူကရော အကျဉ်းသားဘဝမှ လွှတ်မြောက်နိုင်ပါ့မလား။သိုင်းလောကသားတွေ လိုချင်နေကြတဲ့ မရဏကျမ်းစာ ဆိုတဲ့ သိုင်းကျမ်းကိုရော သူဘယ်လိုသင်ယူတတ်မြောက် မလဲ။အများပြောနေ ထင်နေကြတဲ့ မရဏကျမ်းစာထဲက ရတနာသိုက်ရဲ့လျှို့ဝှက်ချက်ကရော တကယ်ရှိရဲ့လား...ဆိုတာ...

မရဏကျမ်းစာ " မရဏကျမ်းစာကိုရရင် သိုင်းလောကမှာဆရာတစ်ဆူဖြစ်လာမယ့်အပြင် ရတနာသိုက်ကိုပါပိုင်ဆိုင်အုံးမည်ဟု သိုင်းလောကမှာနာမည်ကြီးန
မရဏကျမ်းစာ " မရဏကျမ်းစာကိုရရင် သိုင်းလောကမှာဆရာတစ်ဆူဖြစ်လာမယ့်အပြင် ရတနာသိုက်ကိုပါပိုင်ဆိုင်အုံးမည်ဟု သိုင်းလောကမှာနာမည်ကြီးနေသောအခါ "

Fig....hts Bre...ak Sp...here 4 (20..25)

Fig....hts Bre...ak Sph...ere 4 (20...25) Fights Break Sphere က ရှောင်းယန်ဖန်တို့အတွက် အတွဲ ၄ ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်
Fig....hts Bre...ak Sph...ere 4 (20...25) Fights Break Sphere က ရှောင်းယန်ဖန်တို့အတွက် အတွဲ ၄ ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်နော်... အရှေ့အတွဲ သုံးတွဲလဲ CM မှာတင်ထားပီးပြီမို့ Fights Break Sphere ဆိုပီး Search မှာရှာလိုက်လို့ရပါတယ် ဒီကားထဲမှာတော့ အဖေကိုသတ်တဲ့ အကြွေးကို ဆပ်ခိုင်းမယ်ဆိုတဲ့ မြေခွေးခေါင်းအဖွဲ့ ခေါင်းဆောင်သားကတော့ အခုကားမှာ ရှောင်းယန်ရဲ့ မိတ်ဆွေအဖြစ်နဲ့ ပါလာပြီးတော့... အနာဂတ်ကိုဟောနိုင်တဲ့ကောင်မလေးနဲ့ပါ ဖူးစာက ဆုံပြန်တယ်... တစ်ချိန်တည်းမှာပဲ သူကယ်ခဲ့တဲ့ မိန်းမလှ နတ်သမီးလေးကို ရန်သူအဖြစ်နဲ့လည်း ပြန်ဆုံရပြန်တယ်... ကဲ ရှောင်းယန်ရဲ့ အမေ့အတွက် လက်စားချေမယ့်ခရီးစဉ်မှာ... အခုဆို ဆရာကိုလည်း ဆုံးရှုံးခဲ့ပြီးပြီ... မိတ်ဆွေအသစ်တွေ ထပ်ရလာပေမယ့်... ထပ်ပြီး ဆုံးရှုံးရမှာလား... ကာကွယ်ပေးနိုင်မှာလား...သူ့အမေအတွက် လက်စားချေဖြစ်ဦးမှာလား... နတ်သမီးမမနဲ့ရော ဘယ်လိုဖူးစာပါမှာလဲ... သူနဲ့ စေ့စပ်မှုဖျက်သိမ်းခဲ့တဲ့ နာ့လန်နဲ့ရော ဘယ်လိုပုံစံနဲ့ ပြန်ဆုံမှာလဲ... အစဉ်အလာမပျက် စိတ်ဝင်စားဖို့ကောင်းတာမို့ ကြည့်ဖို့ တိုက်တွန်းလိုက်တယ်နော်...

𝐒𝐭𝐚𝐧𝐝 𝐛𝐲 𝐌𝐞 (𝟐𝟎𝟏𝟖)

“ ဖိုးဖိုးကြီးနဲ့မြေးလေးတို့ရဲ့ ရင်ထဲထိစေမယ့် ဖြစ်ရပ်မှန်ဇာတ်ကားလေး ” Stand by Me (2018) ဒီဇာတ်ကား လေးကို စိတ်မခိုင်တဲ့လူတွေ
“ ဖိုးဖိုးကြီးနဲ့မြေးလေးတို့ရဲ့ ရင်ထဲထိစေမယ့် ဖြစ်ရပ်မှန်ဇာတ်ကားလေး ” Stand by Me (2018) ဒီဇာတ်ကား လေးကို စိတ်မခိုင်တဲ့လူတွေ ကြည့်မယ် ဆိုရင်တော့ တစ်သျှူးလေးတော့ ဆောင်ထားကြပါနော် ဒီကားလေးမှာတော့ အသက် ၇၀ အရွယ် အဖိုးတယောက်က မြေး လေးနှစ်ယောက်ကို ပင်ပင် ပန်းပန်းရှာဖွေကျွေးမွေး စောင့်ရှောက်ရင်းနေထိုင်နေခဲ့တယ် ဘယ်လောက်ပဲ အဖိုးချစ်ခင် စောင့်ရှောက် နေပါ စေမိဘမေတ္တာငတ်နေတဲ့ ကလေးတွေကတော့ အမေနဲ့အဖေကိုသာ လွမ်းဆွတ်နေခဲ့ရှာပါတယ် အဖိုးဖြစ် သူက အမေ့ကို မောင်းထုတ်လိုက်တယ် ဆိုပြီး ကလေး တွေက အဖိုးကို တခါတလေ မုန်းတီးတတ် ပါတယ် အဲ့လိုနဲ့ အဖိုးဖြစ် သူက အဆုတ်ကင် ဆာဖြစ်နေခဲ့ပြီးတော့ ကလေးတွေကို ဘယ်လိုဆက်လုပ်ရမှန်းမသိ တော့ပဲ ချွေးမဖြစ်သူကို ရှာဖို့ကြိုးစားပါ တော့တယ်အဲ့လိုနဲ့အဖိုးက သူ့ ချွေးမကို ရော ပြန်ရှာတွေ့ခဲ့လားသူ့ ချွေးမကရော ဘာလို့ အာမခံ ငွေ တွေယူသွားခဲ့ရတာလဲအဖိုးက သေတော့မှာမို့ ကလေး တွေကို ရော ဘယ်လိုလုပ်ခဲ့လဲ ကလေးတွေကရော အမေနဲ့ပြန်တွေ့ပါ့မလားဆိုတာ မသိချင် ကြဘူးလား တကယ့်ကိုသနားစရာ ကောင်းတဲ့ ဖြစ်ရပ်မှန်ကားပါ။

Inglourious Basterds (2009)

Inglourious Basterds (2009) 📱IMDb Rating ___8.3/10, Rotten ___89% အော်စကာ ၁ ဆုနဲ့ အခြားသော ဆုပေါင်း ၁၂၄ ဆုရရှိခဲ့တဲ့ ၂၀၀၉ ခု
Inglourious Basterds (2009) 📱IMDb Rating ___8.3/10, Rotten ___89% အော်စကာ ၁ ဆုနဲ့ အခြားသော ဆုပေါင်း ၁၂၄ ဆုရရှိခဲ့တဲ့ ၂၀၀၉ ခုနှစ်ထွက် ဟစ်တလာ လုပ်ကြံရေး ဇာတ်ကားကောင်း တစ်ကားကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ ဒုတိယကမ္ဘာစစ်ရဲ့ အစပိုင်း ပြင်သစ်ကို နာဇီတို့ သိမ်းပိုက်ထားချိန်ကာလ….. နာဇီတွေကို တန်ပြန်သုတ်သင်ဖို့အတွက် မဟာမိတ် တွေဟာ လျှို့ဝှက် တပ်ဖွဲ့တစ်ခုကို ဖွဲ့စည်းဖို့ လက်ဖတင်နင် Aldo Raine (Brad Pitt)ကို တာဝန်ပေးခဲ့ပါတယ်။ Aldo ဟာ Basterds လို့ခေါ်တဲ့ ဂျူး ကပြားတွေ အများအပြားပါဝင်တဲ့ တပ်ဖွဲ့ကိုဖွဲ့စည်းပြီး ဟစ်တလာရဲ့ နားရွက်ကို တံတွေးစွတ်ပါတော့တယ်။ Basterds တွေဟာ နာဇီမှန်သမျှရက်ရက်စက်စက်သတ်ပြီး ဦးခေါင်းရေကို ခွါယူလေ့ရှိပါတယ်။သူနဲ့သူ့လူတွေဟာ ဟစ်တလာကို လုပ်ကြံဖို့ ဗြိတိသျှတို့ရဲ့သူလျှို၊ဂျာမန် နာမည်ကြီးမင်းသမီး Bridget von Hammersmark(Diane Kruger)နဲ့ပူးပေါင်းပြီး ကီနို စစ်ဆင်ရေးကို အကောင်အထည်ဖော်ဖို့ ကြိုးပမ်းကြပါတော့တယ်။ အဲဒီအချိန်မှာပဲ နာဇီတွေ သုတ်သင်ခဲ့တဲ့ ဂျူးမိသားစုတစ်ခုက ထွက်ပြေးလွတ်မြောက်ပြီး နာဇီတွေကို လက်စားချေဖို့ကြိုးစားနေတဲ့ ရုပ်ရှင်ရုံပိုင်ရှင် ဂျူး မိန်းမလှလေး Shosanna Dreyfus(Mélanie Laurent) ကလည်း သူ့လက်စားချေမှုကို အကောင်အထည်ဖော်ဖို့ အခွင့်အရေးတစ်ခုကို အမှတ်မထင် ရရှိလာပါတယ်။ ဒီလို အခြေအနေမှာပဲ Jews Hunter လို့နာမည်ကြီးပြီး ကောက်ကျစ်စဉ်းလဲပြီး ဉာဏ်များတတ်တဲ့၊ ကာနယ် Hans Landa (Christoph Waltz) ဟာ ဒီလုပ်ကြံမှုကို ဘယ်လိုမျိုး တားဆီးကာကွယ်မလဲ။ Basterds တွေရဲ့ ကံကြမ္မာနဲ့ ဟစ်တလာရဲ့ ကံကြမ္မာဟာ ဘယ်သူ့အပေါ်မှာ မူတည်မလဲ? လုပ်ကြံမှုကရော အောင်မြင်မလား…. ကျဆုံးမလား ဆိုတာကို ရင်သပ်ရှုမောနဲ့ ကြည့်ရှုရမှာပါ။

Survive (2024)

Survive (2024) Apocalypse ကမ္ဘာပျက်ကားတွေကို ကြိုက်နှစ်သက်သူများအတွက် အသစ်ထွက်ရှိထားတဲ့ Survive ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလ
Survive (2024) Apocalypse ကမ္ဘာပျက်ကားတွေကို ကြိုက်နှစ်သက်သူများအတွက် အသစ်ထွက်ရှိထားတဲ့ Survive ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါပြီ။ ဒါမျိုးကားတွေမတွေ့ရတာကြာပြီဖြစ်တဲ့အတွက် စောင့်မျှော် နေသူတွေအတွက်လည်း အကြိုက်တွေ့စေမဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း🔽🔽 ဂျူလီယာနဲ့တွမ်တို့က သားသမီးတွေဖြစ်တဲ့ ကက်စီနဲ့ဘန်တို့နဲ့အတူတူ အပျော်စီးရွက်လှေတစ်စီးနဲ့ခရီးထွက်လာခဲ့ကြပါတယ်။အစပိုင်းမှာထူးဆန်းတဲ့အရာတစ်ခုကြောင့် အမေဖြစ်သူရေနစ်တော့မလိုဖြစ်ခဲ့ပေမဲ့ ဘန့်မွေးနေ့တွေဘာတွေလုပ်ပေးပြီးပျော်ပျော်ရွှင်ရွှင်နေဖြစ်ခဲ့ကြပါသေးတယ်။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ ကောင်းကင်မှာထူးဆန်းတဲ့တိမ်တိုက်ကြီးတွေပေါ်ထွက်လာပြီး ရေပြင်ကလည်း၀ုန်းဒိုင်းကြဲလာပါတော့တယ်။ဒီလိုနဲ့ ပင်လယ်ထဲမှာလှိုင်းလူးပြီး ခက်ခဲတဲ့ညတစ်ညကိုရင်ဆိုင်ခဲ့ရပြီး မနက်ရောက်တဲ့အခါမှာတော့ သူတို့လှေကသဲကန္တာရလိုခြောက်ကပ်နေတဲ့ မြေပြင်ပေါ်ကိုရောက်နေမှန်းတွေ့လိုက်ရပါတော့တယ်။ နောက်မှရေဒီယိုက ရေငုပ်သမားတစ်ယောက်နဲ့အဆက်အသွယ်ရပြီး ပင်လယ်က ကုန်းပေါ်ကိုရောက်သွားပြီး ပင်လယ်ထဲမှာဘာရေမှမရှိတော့တာဖြစ်ကြောင်းကိုသိလိုက်ရပါတော့တယ်။ ဒီလိုဖြစ်နေတဲ့အချိန်မှာလှေနဲ့ ခရီးထွက်နေတဲ့သူတို့မိသားစုအတွက်ကံကောင်းသွားတယ်ဆိုပေမဲ့ ပျောက်သွားတဲ့ပင်လယ်ရေတွေက တစ်ပတ်အတွင်း ၀ုန်းဒိုင်းကြဲပြီးပြန်ရောက်လာမှာဖြစ်တဲ့အတွက် ရေငုပ်သမားရှိတဲ့ ရေငုပ်သင်္ဘောဆီကို မိသားစုခရီးနှင်ကြရင်းဘယ်လိုအခက်အခဲတွေရင်ဆိုင်သွားရဦးမလဲဆိုတာကို ရှုစားရမဲ့ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။

Puntos.suspensivos.(2024).WEB-DL.720p (CM)

သုံးယောက်ကို အဓိကထား နောက်အရန်လူတစ်ယောက်ပဲ ထပ်သုံးပြီး လူလေးယောက်နဲ့ပဲ ဒီဇာတ်ကို ရိုက်ထားတယ်။ ဒါပေမဲ့ ဒီဇာတ်ကို အစကနေ အဆုံးထိ
သုံးယောက်ကို အဓိကထား နောက်အရန်လူတစ်ယောက်ပဲ ထပ်သုံးပြီး လူလေးယောက်နဲ့ပဲ ဒီဇာတ်ကို ရိုက်ထားတယ်။ ဒါပေမဲ့ ဒီဇာတ်ကို အစကနေ အဆုံးထိ အချိုးအကွေ့တွေ ပြောင်းသွား ပြောင်းသွားရင်း စိတ်ဝင်စားဖို့ကောင်းလာတဲ့ ဇာတ်ဖြစ်အောင် တည်ဆောက်ထားတယ်။ စစချင်းမှာ နာမည်မဖော်ဘဲ ဇာတ်မြုပ်နေတဲ့ နာမည်ကြီး စာရေးဆရာတစ်ယောက်အိမ်ကို ဖုန်းတစ်ကောဝင်လာတယ်။ အဲဒီလူက စာရေးဆရာဘယ်သူမှန်း သူသိနေကြောင်း စကားခဏပေးပြောရင် မဖော်ကြောင်းပြောလာတယ်။ ဒီတော့ မတတ်သာတဲ့အဆုံး စာရေးဆရာက အဲဒီလူကို အိမ်ထဲဝင်ခွင့်ပေးလိုက်တယ်။ ဒီအထိကို သူတို့၂ယောက်ကိုမသိသလိုလိုပဲ ပရိသတ်ကိုပြတယ်။ ပြီးကျမှ အဲဒီလူက သူနဲ့အတူတူ ကလောင်နာမည်တစ်ခုတည်းအောက်အတူတူရေးနေတဲ့လူတွေ သူတို့ဝတ္တုထဲက ဇာတ်ကောင်တွေနေရာက အစမ်းသရုပ်ဆောင်နေတာဆိုပြီး ပြောင်းချပစ်တယ်။ အဲဒီလိုပြောင်းသွားပြောင်းသွားတာက ပြီးတဲ့ထိလို့ပြောရမယ်။

Mumu (2025) 720p

တစ်ချိန်တစ်ခါက EXO အဖွဲ့ထဲက အိုင်ဒေါလ် Lay ကတော့ သရုပ်ဆောင် Zhang Yi Xing အဖြစ်နဲ့ ကြိုးစားခဲ့တာ ဇာတ်ကားတွေ ရုပ်ရှင်တွေမနည်းပ
တစ်ချိန်တစ်ခါက EXO အဖွဲ့ထဲက အိုင်ဒေါလ် Lay ကတော့ သရုပ်ဆောင် Zhang Yi Xing အဖြစ်နဲ့ ကြိုးစားခဲ့တာ ဇာတ်ကားတွေ ရုပ်ရှင်တွေမနည်းပါဘူး... ဒီထဲမှာမှ ရုံတင်ကားဖြစ်ပြီး ရုံတစ်ခုလုံး မျက်ရည်မိုးကျအောင် လုပ်နိုင်ခဲ့တဲ့ အောင်မြင်မှုကို ဆွတ်ခူးနိုင်တဲ့ ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... " အကြားအာရုံချို့တဲ့နေသူကို လူပင်လယ်ထဲ တန်းပြီး ခွဲခြားနိုင်တဲ့နည်းလမ်းကိုသိလား" သိချင်တယ်ဆို ဒီကားလေးကို ကြည့်ကြည့်လိုက်ပါ... မာတ ဆိုတဲ့ ကောင်လေးက မွေးရာပါ အကြားအာရုံချို့တဲ့သူဖြစ်ပြီး အကြားကိရိယာကို တပ်ဆင်တာတောင် နားမကြားနိုင်တဲ့အနေအထားမျိုးပါ... ဒါကြောင့်လည်း သာမန်လူတွေလိုမျိုး ပညာရေးကို ပြီးမြောက်အောင် သင်ကြားခွင့်မရခဲ့ပါဘူး... ဒါပေမယ့် သူချစ်ရတဲ့သမီးလေး မုမုကိုတော့ သူပေးနိုင်တဲ့ အကောင်းဆုံးပဲ ပေးဖို့ ကြိုးစားနေတဲ့ အဖေကောင်းတစ်ယောက်ပေါ့... ဒါပေမယ့်လည်း သမီးလေးကို ကျောင်းထားဖို့ကိစ္စ မစွမ်းဆောင်နိုင်သေးတာရယ်.. ကွာရှင်းထားတဲ့ မိန်းမကလည်း ငွေထုတ်ပိုက်ပြီး ပြန်လာနိုင်တာရယ်...

Gh*aj*i*ni (2008)

ကျိကျိတက် ချမ်းသာတဲ့ သူဌေးက သာမန်မိန်းကလေးတစ်ယောက်ကိုချစ်မိသွားသောအခါ... ➪➪➪➪➪➪➪➪➪➪➪➪➪➪ Singhania Group of Industries ရဲ့ပိုင
ကျိကျိတက် ချမ်းသာတဲ့ သူဌေးက သာမန်မိန်းကလေးတစ်ယောက်ကိုချစ်မိသွားသောအခါ... ➪➪➪➪➪➪➪➪➪➪➪➪➪➪ Singhania Group of Industries ရဲ့ပိုင်ရှင် Sanjay Singhania(Aimar Khan) ဟာ စိတ်သဘောထားပြည့်ဝြပီး အလွန်ချမ်းသာတဲ့ လုပ်ငန်းရှင်တစ်ယောက်ဖြစ်ပါတယ်။ ပြီးတော့ သူ့မှာ ချောမောလှပတဲ့ ရုပ်ရှင်မင်းသမီး Kalpana ဆိုတဲ့ချစ်သူတစ်ယောက်လည်း ရှိပါတယ်။ တစ်နေ့မှာတော့ Gh*aj*i*ni လို့ခေါ်တဲ့လူတစ်ယောက်ကြောင့် ဘ၀ပျက်ခဲ့ရပါတယ်။ အဲဒီလူဟာ သူ့ချစ်သူကိုသတ်ခဲ့သလို သူကိုယ်တိုင်လည်း ဒဏ်ရာရရှိခဲ့ပြီး ၂ နှစ်လောက် သေလုမြောပါးဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် သူဟာ သေမင်းကိုအံတုနိုင်ခဲ့ပြီး အသက်ဆက် ရှင်နိုင်ခဲ့ပါတယ်။ သူ့ရဲ့ဦးနှောက်ကတော့ ဒဏ်ရာကြောင့် အကောင်းပကတိပြန်မဖြစ်ပဲ မှတ်ဥာဏ်ပျောက်ဆုံးတဲ့ရောဂါကို ခံစားခံရပါတယ်။ ဒါကြောင့် သူဟာ မှတ်စုရေးခြင်း၊ ဓါတ်ပုံရိုက်ခြင်း၊ ကိုယ်ပေါ်မှာ ဆေးမှင်ကြောင်ထိုးရင်းနဲ့ သူဘာလုပ်ခဲ့တယ်ဆိုတာကို မှတ်သားထားရတဲ့သူတစ်ယောက်ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူဟာ အဲဒီအထောက်အထားတွေကို ပြန်အသုံးချပြီး Gh*aj*i*ni လို့ခေါ်တဲ့သူကို လက်စားချေဖို့ ကြိုးစားခဲ့တဲ့ ဇာတ်လမ်းဖြစ်ပါတယ်။

Baj*ra*ngi Bh*ai*ja*an [2015]

မေတ္တာတရားဟာ စကြဝဠာရဲ့ ဘာသာတရားအဖြစ်ရပ်တည်နေပုံ ၊ ကရုဏာတရားဟာလည်းလူမျိုးမခွဲခြားပုံတို့ကို ဒီဇာတ်ကားလေးညွှန်းဆိုထားပုံက ရင်ထဲ
မေတ္တာတရားဟာ စကြဝဠာရဲ့ ဘာသာတရားအဖြစ်ရပ်တည်နေပုံ ၊ ကရုဏာတရားဟာလည်းလူမျိုးမခွဲခြားပုံတို့ကို ဒီဇာတ်ကားလေးညွှန်းဆိုထားပုံက  ရင်ထဲမှာတသသကျန်ရှိစေပါတယ်။ Rating ကလည်း 8.2 ရရှိထားပြီးအိန္ဒိယနိုင်ငံရဲ့ နိုင်ငံခြားဝင်ငွေဒုတိယဖြစ်ထားတာကြောင့် လက်မလွတ်သင့်လှတဲ့ ဇာတ်ကားကောင်းလေးတစ်ခုပါ။ဇာတ်လမ်းအကျဉ်းအိန္ဒိယနိုင်ငံဒေလီမြို့မှာတော့ပွဲတော်ကြီးကျင်းပချိန်ပေါ့။ ပဝန်(ဆလက်မန်ခန်း)ဟာလည်း ပါဝင်ဆင်နွှဲပြီးစားသောက်ဖွယ်ရာတွေကိုမြိန်မြိန်စားနေသည်။ ထိုအချိန်၌ပဝန်သတိထားမိသည်ကသူ့အားစိုက်ကြည့်နေသော၆နှစ်အရွယ်ကလေးမ။ ပဝန်ဟာကရုဏာသက်မိရင်းကလေးမလေးကိုအစားအစာတွေကျွေးမွေးခဲ့တယ်။ ပဝန်အိမ်ပြန်တော့လည်းကလေးမလေးဟာ နောက်ကတကောက်ကောက်လိုက်နေခဲ့သည်။ ဒီလိုနဲ့နာမည်လည်းမေးမရစကားလည်းမပြောတတ်သောကလေးအားထားမရစ်နိုင်သည့်အဆုံးပဝန်ဟာသူ့ယောက္ခမဆီခေါ်လာခဲ့တော့သည်။ ပဝန်ဟာကလေးမလေးရဲ့နေရပ်လည်းမသိသူ့မိဘလည်းမသိပေမဲ့စိတ်ထားဖြူစင်မှုအရင်းခံနဲ့ကလေးမလေးကိုသူ့မိဘဆီပြန်ပို့နိုင်ရန်ဆုံးဖြတ်ထားခဲ့သည်။ ကလေးမလေးကိုတော့မူနီလို့အမည်မှည့်ပေးခဲ့သည်။ တစ်နေ့မှာတော့ဖန်သားပြင်ထက်ကခရစ်ကတ်ကစားပွဲမှာအိန္ဒိယနဲ့ပါကစ္စတန်တို့အပြိုင်အဆိုင်ကစားနေခဲ့ကြသည်အိန္ဒိယအမှတ်သာလျှင်မူနီလေးမှာမပျော်၍