HM Movies
Открыть в Telegram
HM Moives Channel မှ ကြိုဆိုပါတယ်ဗျ❤️ ကြော်ညာများထည့်လို့ရပါပြီ🤗🤗 @ETh1235
Больше7 293
Подписчики
+1624 часа
+1517 дней
+46130 дней
Архив постов
7 295
Glass Onion: A Knives Out Mystery (2022)
📱IMDb Rating ____7.1/10
ကဲ 2019 တုန်းက နာမည်အရမ်းကြီးခဲ့တဲ့ Knives Out ရဲ့ ဒုတိယရုပ်ရှင်ထွက်လာပါပြီ။
Glass Onion ဆိုတဲ့နာမည်ကတော့ ကမ္ဘာကျော် Beatles အဖွဲ့ရဲ့ သီချင်းကို ကိုးကားထားတာပါပဲ။
စုံထောက်ကားပီပီအများကြီးမပြောတော့ပါဘူး။
ဘီလီယံနာတစ်ယောက်ဟာ သူ့ရဲ့မိတ်ဆွေဟောင်းဖြစ်တဲ့ အမတ်၊ မော်ဒယ်၊ ယူကျုဆယ်လီ၊ သိပ္ပံပညာရှင် စတဲ့လူစုံကို အားလပ်ရက်မှာ သူ့ရဲ့ ကိုယ်ပိုင်ကျွန်းတစ်ခုပေါ်ကို ဖိတ်လိုက်ပါတယ်။
စားသောက်အနားယူရင်း လူသတ်ပဟေဠိဖော်တမ်းကစားဖို့ပေါ့လေ၊ အဲဒီအတွက်နာမည်ကျော်စုံထောက်ကြီး ဘန်ဝါး ဘလန့်လည်း ဖိတ်ခေါ်ခံလိုက်ရပါတယ်။
အဲဒီကျွန်းပေါ်မှာ ဘယ်သူတွေသေပြီး အမှုတွေဘယ်လိုလိုက်ကြမလဲဆိုတာကိုတော့ ဆက်ကြည့်ရမှာပါပဲ။
ပထမကားလိုပဲ ဟာသတွေ ဉာဏ်စမ်းတွေအပြည့်ပါတာမို့ ကြိုက်ကြမှာပါ။
7 295
Br*oth*e*rs [2/0/1/5]
-------------------------
၂၀၁၅ ရဲ့ကားကောင်းတွေထဲက တစ်ကားပါ. IMDb 6.8 ရထားပါတယ်။
အမေကိုသတ်မှုနဲ့ထောင်ထဲဝင်သွားတဲ့ အဖေကို မုန်းတီးနေတဲ့ အလတ်တန်းစားတိုက်ခိုက်ရေးသမားဟောင်း ကျောင်းဆရာအစ်ကိုကြီးဟာ သူ့မိသားစုအတွက်မဖြစ်မနေငွေရှာရတော့မယ့်အခြေအနေမှာ ဘယ်လိုမှ နိုင်ဖို့ မျှော်လင့်ချက်မရှိတဲ့ ကြီးကျယ်တဲ့ တိုက်ခိုက်ရေးပြိုင်ပွဲကြီးကို ဝင်ပြိုင်ပါတော့တယ်။
တချိန်တည်းမှာပဲ ထောင်ကလွတ်လာတဲ့အဖေရဲ့ အကူအညီနဲ့ အဖေတူအမေကွဲ ညီငယ်လေးကပါ ပြိုင်ပွဲထဲမှာ ပါဝင်လာတဲ့အခါ…….
တကယ်ကြမ်းတမ်းတဲ့ တိုက်ခိုက်မှုတွေကြားထဲမှာ မေတ္တာတရားကို ပီပြင်အောင်ရိုက်ပြထားတာကိုတော့ တကယ်ချီးကျူးးမိပါတယ်ဗျာ။
7 295
Knives Out (2019)
📱IMDb Rating ___8.0/10, Rotten ___97%)
ဒီဇာတ်ကားက Rating တွေ ကြမ်းသလို နာမည်ကြီးသရုပ်ဆောင်တွေ တော်တော်များများပါဝင်ထားတယ်။
စုံထောက်ကားကောင်းကောင်းငတ်နေသူတွေအတွက်ဆို ဒီကားက ရှယ်ပါပဲ
ဇာတ်လမ်းကတော့ ၂ ပင် ၃ ပင်လိမ်အောင်ကို လှည့်ထားပြီး တကယ်ကောင်းပါတယ်။
ဟာလန်သရွန်ဘီဆိုတဲ့ နာမည်ကြီး လျို့ဝှက်သည်းဖို စာရေးဆရာကြီးရဲ့ ၈၅ နှစ်မြောက် မွေးနေ့မှာ သူ့ သားသမီးတွေ မြေးတွေနဲ့ သမက် ချွေးမတွေ လာစုစည်းပြီး ပါတီလုပ်ကြတယ်။
အကုန်လုံးကလည်း အဘိုးကြီးနဲ့ ပြဿနာ ကိုယ်စီရှိကြပြီး၊ နောက်နေ့မနက်မှာ ဟာလန်ကြီးက သေနေပါလေရော။ လည်ပင်းကို လှီးပြီး ကိုယ့်ကိုယ်ကို သတ်သေသွားတာပါ။
သတ်သေမှုပါဆိုမှ ဘယ်သူက အလုပ်အပ်လိုက်မှန်းမသိဘဲ နာမည်ကျော် အလွတ်စုံထောက်ကြီးက ရောက်ချလာပြီး မထင်ထားတာတွေ ဆက်တိုက်ဖြစ်ပါတော့တယ်
7 295
Ghost of Spring (2024)
တစ်ခါတုန်းက ရွာတစ်ရွာကို မိန်းကလေးတစ်ယောက်ဟာ ဒုက္ခရောက်ပြီး ရောက်လာခဲ့တာကို သမားတော်တစ်ယောက်က ကယ်တင်ပေးခဲ့တယ်။ ရွာသူရွာသားတွေကလည်း မိန်းကလေးအပေါ်ကောင်းပေးခဲ့ကြလို့ ရွာမှာနေသွားကျသွားခဲ့ပြီး သမားတော်နဲ့ လက်ထပ်ဖြစ်သွားတယ်။ ဒါပေမဲ့ ပျော်ပျော်ရွှင်ရွှင် အကြာကြီးမနေလိုက်ရဘဲ အနီးအနားကမြို့တစ်မြို့ကိုသွားတဲ့ သမားတော်ဟာ အိမ်ပြန်မလာနိုင်ခဲ့တော့ဘူး။ ခင်ဗွန်းသည်ဆုံးပါးသွားတာကြောင့် မိန်းကလေးဟာ သိပ်မကြာခင်မှာပဲ အလွမ်းနာကျပြီးသေသွားပါတယ်တဲ့.....
ဒါကတော့ ရွှမ်းတင်းမြို့တစ်မြို့လုံးက လူတိုင်း သိကြပြောပြကြတဲ့ ချွင်းညာဆိုတဲ့ မိန်းကလေးတစ်ယောက်အကြောင်း။ ဒါပေမဲ့ ၁၀ နှစ်ကြာပြီးနောက်မှာ ချွင်းညာဟာ အုပ်ဂူကနေထလာပြီး အငြိုးကြီးတစ္ဆေဖြစ်ကာ လက်စားချေလူလိုက်သတ်နေတယ်တဲ့။ လွမ်းနာကျပြီး သေသွားတဲ့မိန်းကလေးက ဘာကြောင့် အငြိုးကြီးတစ္ဆေဖြစ်သွားရလဲဆိုတာကိုတော့ အမှုလိုက်ရတာကြိုက်တဲ့ စုံထောက်ပရိသတ်ကြီးတွေကပဲ အဖြေရှာလိုက်ပါတော့။
