Jet Lag ( Secret Beneath The Souls ) S2
📈 Аналитический обзор Telegram-канала Jet Lag ( Secret Beneath The Souls ) S2
Канал Jet Lag ( Secret Beneath The Souls ) S2 (@thai_seriesongoing1) языкового сегмента Бирманский является активным участником. Сейчас сообщество объединяет 17 966 подписчиков, занимая 16 529 место в категории Фильмы и 7 610 место в регионе Мьянма.
📊 Показатели аудитории и динамика
С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 17 966 подписчиков.
Согласно последним данным от 20 июня, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило 477, а за последние 24 часа — 22, при этом общий охват остаётся высоким.
- Статус верификации: Не верифицирован
- Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 1.09%. В первые 24 часа после публикации контент обычно набирает 0.44% реакций от общего числа подписчиков.
- Охват публикаций: В среднем каждый пост получает 195 просмотров. В течение первых суток публикация набирает 79 просмотров.
- Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 1.
📝 Описание и контентная политика
Описание канала не предоставлено.
Благодаря высокой частоте обновлений (последние данные получены 21 июня, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Фильмы.
မွတ်အဖြစ် Namtarn Pichukkana Wongsaratta တီးအဖြစ် march chutavuth Pattarakampol မွတ်ဟာ ဆယ်ကျော်သက်ဘဝတုန်းက စိတ်ကူးယဉ်ပုံပြင်ဆန်တဲ့ အချစ်ရေးဘဝကို အိပ်မက်မက်ခဲ့သူဖြစ်ပြီးတော့ အဲဒီအိပ်မက်ဟာလည်း ခင်ပွန်းဖြစ်သူရဲ့ ဖောက်ပြန်မှုကြောင့် အစိတ်စိတ်အမွှာမွှာ ကြေမွပျက်စီးသွားခဲ့ရပါတော့တယ်။သူမယောက်ျားနဲ့ကွဲပြီးနောက်မှာတော့ အသက် (၃၀) ကျော် အရွယ် နှလုံးသားတံခါးပိတ်ထားတဲ့ တကိုယ်တော်မိခင်တစ်ယောက်အနေနဲ့ ခင်ပွန်းဟောင်းရဲ့ ကုမ္ပဏီနဲ့ ပြိုင်ဘက်ဖြစ်တဲ့ ခရီးသွားလုပ်ငန်းတစ်ခုမှာ ပါတနာတစ်ဦးအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ် တစ်နေ့မှာတော့ နိုင်ငံတကာ အဆင့်မီ ကြယ်ငါးပွင့်ဟိုတယ်ကြီးတစ်ခုနဲ့ ပရောဂျက်တစ်ခု ချိတ်ဆက်ဖို့ ကြိုးစားရင်း အသက် (၂၆) နှစ်အရွယ် ချောမောခန့်ညားပြီး ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် CEO တစ်ဦးဖြစ်တဲ့ ခွန်တီဂျေ/တီး နဲ့ တွေ့ဆုံတဲ့အခါမှာတော့ သူမရဲ့ဘဝဟာရှုပ်ထွေးလာပါတော့တယ် မွတ် နဲ့ တီးတို့ဟာ အလုပ်သဘောအရ မလွဲမရှောင်သာ တွဲဖက်လုပ်ကိုင်ကြရင်းနဲ့ တစ်ဦးနဲ့တစ်ဦး စရိုက်ချင်းမတူလို့ အမြဲတမ်း စကားများရန်ဖြစ်နေခဲ့ကြပေမဲ့ အချိန်ကြာလာတာနဲ့အမျှ တစ်ဦးအကြောင်းတစ်ဦး ပိုသိလာပြီး သူတို့ကြားမှာ သံယောဇဉ်တွေ စတင် ဖြစ်ပေါ်လာခဲ့ကြရင်း သူတို့ရဲ့ စီးပွားရေးအရဆက်ဆံရေးဟာလည်း သူငယ်ချင်းဘောင်ကို ကျော်လွန်လို့လာခဲ့ပါတော့တယ် မွတ်သာ တီးရဲ့အချစ်ကိုလက်ခံလိုက်ခဲ့ရင် သူ့ရဲ့အသက်မွေးလမ်းကြောင်းအလုပ်ကို ထိခိုက်လာနိုင်ရုံတင်မကဘဲ ကိုယ်ထက်ငယ်တဲ့သူတွဲတာဖြစ်တာကြောင့် လူအမြင်ကပ်ခံရပြီး လူပြောခံရုံတင်မကဘဲ ထပ်ပြီးနာကျင်ခံစားရနိုင်ခြေလည်းရှိနေပါတယ် စိတ်ကူးယဥ်ပုံပြင်တိုင်းဟာ ပျော်ရွှင်စရာကောင်းတဲ့ အဆုံးသတ်တွေ မရှိတတ်ဘူးဆိုတဲ့အတိုင်း သူတို့နှစ်ဦးရဲ့ ဇာတ်လမ်းကရော ပျော်ရွှင်စွာနဲ့အဆုံးသတ်နိုင်ပါ့မလားဆိုတာကို အချစ် အမုန်း အလွမ်း ကြေကွဲစရာရသမျိုးစုံနဲ့ကြည့်ရှုရမှာမလို့ လာရောက်ကြည့်ရှုကြဖို့ဖိတ်ခေါ်လိုက်ပါတယ်#LetsBeginAgain #thaiseries #2026series #mmsub
ဖူတွန် အဖြစ် Boss Chaikamon Sermsongwittaya မူမူး အဖြစ် Noeul Nuttarat Tangwai ပုံမှန်ဘဝလေးတစ်ခုကိုသာ တိတ်တဆိတ်ဖြတ်သန်းချင်တဲ့ MooMoo ရဲ့ဘဝထဲကို စကားပြောချိုချို၊ ဆွဲဆောင်မှုအပြည့်နဲ့ သူဌေးဖူ တစ်ယောက် ဝင်ရောက်လာတဲ့အချိန်မှာတော့ အရာအားလုံးက ရုတ်တရက် ရှုပ်ထွေးသွားပါတော့တယ်။ မိုမို ကို အနီးကပ်နေချင်လွန်းတဲ့ သူဌေးဖူ ဟာ တစ်နေ့တစ်မျိုး မရိုးနိုင်တဲ့အပြုအမူတွေ၊ ရယ်စရာကောင်းတဲ့ အကြံပေါင်းစုံနဲ့ မိုမို ရဲ့နှလုံးသားကို အနိုင်ယူဖို့ ကြိုးစားနေခဲ့တာပေါ့။ ဒါပေမယ့် မိုမိုကတော့အေးအေးဆေးဆေးဘဝကိုသာ လိုချင်သူဖြစ်ပြီး သူဌေးဖူ ရဲ့ လိုက်လံနှောင့်ယှက်သလိုဖြစ်နေတဲ့ ချစ်စရာလုပ်ရပ်တွေကြောင့် စိတ်ရှုပ်ရမလား… သဘောကျသွားမလား..... အချစ်ကြောင့် အမြဲတမ်းလှုပ်ရှားနေတဲ့ သူဌေးဖူ က မိုမို ရဲ့နှလုံးသားကို သိမ်းပိုက်နိုင်ဖို့ ဘယ်လိုအလွဲလေးတွေနဲ့ ကြိုးစားသွားမလဲဆိုတာ ရယ်မောဖွယ်၊ ချစ်စရာ moments တွေနဲ့အတူ စောင့်ကြည့်ရမယ့် romance comedy series လေးကို အပတ်စဉ် စနေ နေ့တိုင်း တင်ဆက်ပေးတော့မှာပဲ ဖြစ်ပါတယ်။#CrazyLoveMooMoo #thaiseries #2026series #mmsub #BL
ကတ်သရင်း/ဘလူး/ဟယ်လီနာအဖြစ် Becky Armstrong လုမ်/ဝါယိုအဖြစ် Freen Sarocha The Earth နဲ့ The Water တို့ရဲ့ လှပတဲ့အဆုံးသတ်နောက်မှာ အလှည့်ကျလာတာကတော့ first gl series cp ဖြစ်တဲ့ Freen-Becky တို့ရဲ့ The Air ပါပဲ။ "တာဝန်ကို ဦးစားပေးရမလား... နှလုံးသားအလိုကို လိုက်ရမှာလား" 4E mega projectကြီးကို မျှော်နေတဲ့ ပရိသတ်ကြီးအတွက် Trope အလန်းစားလေးနဲ့ ရင်ခုန်စရာ The Air ကတော့ ဒီနေ့မှာပဲ ပူပူနွေးနွေး ထွက်ရှိလာပါပြီ။ ဇာတ်လမ်းကတော့ ထီးနန်းဆက်ခံဖို ပထမဆုံး အမွေခံဖြစ်တဲ့ မင်းသမီးလေး ကတ်သရင်း (ခေါ်) ဘလူး ဟာ မထင်မှတ်ဘဲ လုပ်ကြံသတ်ဖြတ်မှုတွေ၊ သစ္စာဖောက် အာဏာသိမ်းမှုတွေကြားထဲ ရောက်သွားရာကနေ စပါတယ်။ ဘေးနားက ဘယ်သူ့ကိုမှ ယုံကြည်လိုမရတော့တဲ့ အခြေအနေမှာ သူ့အတွက် နောက်ဆုံးခံတပ်လေးအဖြစ် ရောက်လာသူကတော့ သစ္စာရှိလှတဲ့ အမျိုးသမီး ရဲအရာရှိလေး လုမ် (ဝါယို) ပါပဲ။ ရန်သူတွေရဲ့ မျက်လုံးအောက်ကနေ လွတ်အောင် လုံခြုံတဲ့ နေရာတစ်ခုမှာ အတူတူ ပုန်းအောင်းရင်း၊ အသက်အန္တရာယ်တွေကို အတူတူ ရင်ဆိုင်ဖြတ်သန်းရင်းနဲ့ပဲ... ဒီအမျိုးသမီးနှစ်ယောက်ကြားမှာ မဖြစ်နိုင်မှန်းသိပေမဲ့ တားမြစ်လိုမရတဲ့ သံယောဇဉ်တွေ၊ ရင်ခုန်သံတွေ စတင်လာပါတော့တယ်။ "ချစ်လိုမရမှန်း သိလေ... နှလုံးသားက ပိုတောင်းဆိုလေ" ဖြစ်လာတဲ့အခါမှာတော့ လုမ်တစ်ယောက် တာဝန်နဲ့ အချစ်ကြားမှာ ဘယ်လိုတွေ ဗျာများမလဲ။ ရန်သူတွေက သူတိုရဲ့ ပုန်းခိုရာကို တွေ့သွားတဲ့အခါ... မင်းသမီးလေးကို သူ့အသက်နဲ့ရင်းပြီး ဘယ်လိုကာကွယ်မလဲဆိုတာကို ရင်တမမနဲ့ ရှုစားရမှာပါ။ သာမန် အချစ်ကားတွေလို ပေါ့ပေါ့ပါးပါးလေးတင် မဟုတ်ဘဲ Action အလွင့်စားတွေနဲ့ ဒရာမာကို သေသေချာချာ ရောမွှေထားတဲ့ ဇာတ်ကားကောင်းလေးမို့ ခုပဲ ရှုစားလိုက်ကြပါဦးစို့။#4ElementsTheAir #TheAir #thaiseries #2026series #GL
ဆန်း အဖြစ် Min Thanakorn Wichanukhor ဂျေအဖြစ် Toptap Jarukit Kaewmoonrueang ဇာတ်လမ်းအကျဉ်း အတိတ်က ဒဏ်ရာတွေကို မမေ့နိုင်သေးတဲ့ အသက် ၂၅ နှစ်အရွယ် ဒလီသမား ဆန်းဟာ အကြမ်းဖက်မှုကြောင့် မိသားစုကို ဆုံးရှုံးခဲ့ရပြီး အပြစ်ရှိသလို ခံစားနေရတဲ့ သူ့ဘဝဟာ တစ်နေ့မှာ Dream Entertainment ကို ဝင်ရောက်လိုက်ခြင်းနဲ့ အပြောင်းအလဲ စတင်လာခဲ့ပါတယ်။ ဒါဟာ သူ့ရဲ့ လက်စားချေခရီးစဉ်ရဲ့ အစလည်း ဖြစ်သလို... အတိတ်က လူတစ်ယောက်နဲ့ ပြန်လည်ဆုံတွေ့ရမယ့် အချိန်လည်း ဖြစ်လာခဲ့ပါတယ်။ အဲဒီလူကတော့ အေးစက်ပြီး ဩဇာကြီးမားတဲ့ ကုမ္ပဏီဒါရိုက်တာ ဂျေပဲဖြစ်ပါတယ်။ ဂျေ အတွက် အချစ်နဲ့ ခံစားချက်တွေဟာ အားနည်းချက်တစ်ခုသာ ဖြစ်ပြီး လူတိုင်းနဲ့ ဆက်ဆံရေးကို အကျိုးအမြတ်အရသာ တိုင်းတာတတ်သူတစ်ယောက်ပါ ။ ဒါပေမယ့် သူ့နှလုံးသားအတွင်းက မပျောက်ကင်းသေးတဲ့ ဒဏ်ရာတစ်ခုကို ဖုံးကွယ်ထားခဲ့ပါတယ်။ ဆန်း ရဲ့ ရောက်ရှိလာမှုက ဂျေ ရဲ့ စနစ်တကျ ထိန်းချုပ်ထားတဲ့ ကမ္ဘာကို တဖြည်းဖြည်း လှုပ်ခတ်စေခဲ့ပြီး၊ ဖျော်ဖြေရေးလောကရဲ့ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေကြားမှာ ဂျေ က ဆန်း ရဲ့ နောက်ကွယ်က ထောက်ခံသူအဖြစ် ရပ်တည်လာခဲ့ပါတယ်။ လျှို့ဝှက်ချက်တွေ၊ လက်စားချေမှုတွေ၊ ယုံကြည်မှုနဲ့ သစ္စာတရားတို့ကြား... သူတို့နှစ်ဦးဟာ တစ်ယောက်ကိုတစ်ယောက် မှီခိုရင်း မထင်မှတ်ထားတဲ့ ခံစားချက်တွေ ပေါက်ဖွားလာမလား...။ ဒါမှမဟုတ် အတိတ်ရဲ့ အမှောင်ထုက သူတို့ကို ဖုံးလှမ်းသွားမလား...။ နှလုံးသားကို လှုပ်ခတ်စေမယ့် အချစ်၊ သည်းထိတ်ရင်ဖိုစေမယ့် လျှို့ဝှက်ချက်တွေနဲ့ ပြည့်နှက်နေတဲ့ ဇာတ်လမ်းလေးကို အပတ်စဉ် စနေနေ့တိုင်း တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။#Payback #thaiseries #2026series #mmsub #BL #blackhole
ဖိုင်လင်အဖြစ် Esther Supreeleela အွမ်စာအဖြစ် Alek Teeradetch Metawarayut နာမည်ရပြီသာ Korea ဇာတ်လမ်းတွဲကို ထိုင်း remake အဖြစ် ပြန်ရိုက်ထားတဲ့ ဇာတ်လမ်းတွဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲမှာတော့ မင်းသမီးဖိုင်လင် ဟာ လက်ရွှေးစင် ကြက်တောင်ရိုက် ကစားသမားတစ်ဦးဖြစ်ပေ့မယ်လဲ အခုဟာ ကြက်ကြော်ပိုင်ရှင်ဘဝ အဖြစ် ဘဝကို ရုန်းကန်နေရှာသည်။ သူမက single mom အညီ သမီးတစ်ယောက်နဲ့ နာတာရှည်ရောဂါဖြစ်နေတဲ့ မောင်လေးကို စောင့်ရှောက်နေရတဲ့သူလည်းဖြစ်တယ်။ သမီး ခေါ့ဟွမ် င်္သချာမှာ အမှတ်ကောင်းအောင် ကျူရှင်တက်ခိုင်းသော်လဲ ပြသာနာအရှုပ်အယှက်ကြောင့် ထွက်ခဲ့ရသည်။ သူမလည်း အရူံးမပေးပဲ နာမည်ကြီး င်္သချာဂျူတာ အွမ်စာ မှာတက်ရဖို့ကြိုးစားခဲ့သည်။ ဒီလိုနဲ့ ကျောင်းသားမိဘနဲ့ ဂျူတာဆရာတို့ရဲ့ ချစ်ဇာတ်လမ်းစတင်ခဲဲ့သည်။ ဆယ်ကျော်အသက်တို့ရဲ့ဘဝအခက်အခဲ, ချစ်ဇာတ်လမ်း မိဘမေတ္တာတို့ထင်ဟပ်အောင်ဖော်ပြထားသည့် ဒီ comedy-drama ဇာတ်လမ်းတွဲကို အပတ်စဉ် ကြာသပတေးနေ့တိုင်း စောင့်မျှော်ကြည့်ရှုလို့ရပါပြီ။💁🏼♂️#CrashCourseInRomance #thaiseries #2026series #mmsub
ကဲ အားလုံးရဲ့အချစ်ဝောာ် GeminiFourth ရဲ့ဇာတ်ကားသစ်လေးလာပါပြီ ဘာ့ အဖြစ် Gemini Norawit Titicharoenrak ထန်ရက် အဖြစ် Fourth Nattawat Jirochtikul ဇာတ်လမ်းအကျဉ်းချုပ် ပြဿနာပေါင်းစုံနဲ့အတူ ဘဝအလှည့်အပြောင်းဖြစ်ပြီး ကျောင်းပြောင်းလာတဲ့ ကောင်လေး "ဘာ့" ရဲ့ ကျောင်းကို ရောက်ရှိလာခြင်းဟာ "ထန်ရက်" ဆိုတဲ့ ဘာသာရေးကျောင်းသားလေးရဲ့ အေးချမ်းတဲ့ ကမ္ဘာငယ်လေးကို လှုပ်ခတ်သွားစေခဲ့ပါတယ်။ ကျောင်းတော်ရဲ့ တာဝန်ပေးချက်အရ "ထန်ရက်" ဟာ အကျင့်စာရိတ္တ လမ်းလွဲနေတဲ့ "ဘာ့" ကို ထိန်းကျောင်းစောင့်ရှောက်ပြီး လမ်းမှန်ပေါ်ရောက်အောင် ကူညီပေးဖို့ တာဝန်ယူခဲ့ရပါတယ်။ ဒါပေမဲ့ ထင်မှတ်မထားဘဲ "ဘာ့" ရဲ့ တည်ရှိနေခြင်းက "ထန်ရက်" အတွက် ကြီးမားတဲ့ စတင်စမ်းသပ်မှုတစ်ခု ဖြစ်လာခဲ့ပါတယ်။ "ဘာ့" နဲ့ နီးစပ်လာတဲ့အခါမှာတော့... "ထန်ရက်" ဟာ သူ့ရဲ့ ရင်ထဲက ပေါက်ဖွားလာတဲ့ ပင်ကိုယ်ခံစားချက်အမှန်တရားတွေနဲ့ မိမိသက်ဝင်ယုံကြည်တဲ့ ဘာသာရေး အဆုံးအမတွေကြား၊ ပြီးတော့ အနာဂတ်အပေါ် စိုးရိမ်ပူပန်မှုတွေကြားထဲမှာ အပြင်းအထန် ရုန်းကန်ရင်း ဘဝရဲ့ အလှည့်အပြောင်းတစ်ခုကို ရင်ဆိုင်ရပါတော့တယ်။ ရိုးရာအယူအဆတွေ၊ ဘာသာရေးနောက်ခံတွေကြားက ချစ်ခြင်းမေတ္တာကို အသည်းယားစရာ၊ ရင်နင့်စရာ ပုံဖော်ထားတဲ့ ဒရမ်မာကားကောင်းလေးကို တင်ဆက်ပေးတော့မှာမို့လို့ စောင့်ကြည့်လိုက်ရအောင်ရှင့်#TicketToHeaven #thaiseries #2026series #mmsub #BL #blackhole
ရန်း အဖြစ် Ling Ling နင်း အဖြစ် Orm Kornaphat CH3ရဲ့ power GL Cpဖြစ်တဲ့ Ling_Ormကတော့ တတိယမြောက်ဇာတ်လမ်းတွဲနဲ့အတူ ပရိသတ်ရှေ့မှောက်ကို ပြန်ရောက်လာပါပြီ ဒီတစ်ခါမှာတော့ အရိုအချိုတွေလည်းပါသလို အလောင်အမြိုက်လေးတွေလည်းပါတာဆိုတော့ မတူညီတဲ့ပုံစံနဲ့ပွဲထွက်လာမှာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့... ဆွဲဆောင်မှုရှိပြီး ထက်မြက်တဲ့ ရှေ့နေမလေးနဲ့ Gen-Z သူဌေးသမီးလေးတိုဟာ အကြောင်းအမျိုးမျိုးနဲ့ မိသားစုတွေရဲ့ ဖိအားပေးမှုတွေကြောင့် သူတိုရဲ့ အိမ်ထောင်ရေးကို လမ်းခွဲပြီး အဆုံးသတ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ကံကြမ္မာက သူတိုနှစ်ယောက်ကို ဒီအတိုင်း အလွတ်မပေးခဲ့ပါဘူး။ စီးပွားရေးအရ အရေးကြီးတဲ့ သဘောတူညီမှုတစ်ခုကြောင့် သူတိုနှစ်ယောက်ဟာ မဖြစ်မနေ ပြန်လည်ပေါင်းဖက်ရပြီး "ပျော်ရွှင်နေတဲ့ ဇနီးမောင်နှံ" အဖြစ် ပတ်ဝန်းကျင်ကို ဟန်ဆောင်ကြရတဲ့အခါ...။ ဟန်ဆောင်ပေါင်းသင်းနေရတဲ့ အတုအယောင် ဆက်ဆံရေးကြားထဲကနေ အရင်က တိမ်မြုပ်နေတဲ့ ခံစားချက်ဟောင်းတွေ ပြန်လည်နိုးထလာပါတော့တယ်။ တစ်ဖက်မှာ အချစ်မီးတောက်လေးတွေ ပြန်လည်တောက်လောင်လာသလို၊ တခြားတစ်ဖက်မှာလည်း အရင်က ဖုံးကွယ်ထားခဲ့တဲ့ နာကျင်စရာ ဒဏ်ရာဟောင်းတွေက ပြန်လည်ပေါ်ထွက်လာတဲ့အခါ...။ သူတိုနှစ်ယောက်ရဲ့ ပျက်စီးသွားတဲ့ အိမ်ထောင်ရေးက ဒုတိယအခွင့်အရေးတစ်ခု ထပ်ရနိုင်မလား... ဒါမှမဟုတ် တချိုအမာရွတ်တွေက ဘယ်တော့မှ ပျောက်ကင်းသွားမှာ မဟုတ်တော့ဘူးလား ဆိုတာကိုတော့.,,, ဒီသောကြာနေ့ကစပြီး လတ်လတ်ဆတ်ဆတ် ထွက်ရှိလာတဲ့ (၁၂) ပိုင်းပါ စီးရီးသစ်လေးဖြစ်လို GL ဖန်တွေအတွက်တော့ အပတ်စဉ် စောင့်ကြည့်ရမယ့် ကားကောင်းလေးအဖြစ် တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။#InLoveForever #thaiseries #2026series #mmsub #GL #blackhole
ထိုင်းနိုင်ငံရဲ့ ဆီလုံမြို့ရဲ့ တိတ်ဆိတ်တဲ့ညတွေမှာ ဖုံးကွယ်ထားတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ် ပေါ်ပေါက်လာပါတော့မယ်။ မိသားစုရဲ့ မျှော်လင့်ချက်တွေကြားမှာ ရုန်းကန်နေရတဲ့ ရဲအရာရှိ ခရစ် (Krit) ဟာ သူ့ရဲ့ လျှို့ဝှက်ထားတဲ့ လိင်စိတ်ခံယူချက်နဲ့ အတိတ်က အချစ်ဒဏ်ရာတွေကို ရင်ဆိုင်နေရသူပါ။ တစ်ဖက်မှာတော့ မိသားစုရဲ့ ပစ်ပယ်ခြင်းကို ခံထားရပြီး ညီမဖြစ်သူရဲ့ ကလေးကို ပြုစုစောင့်ရှောက်နေရတဲ့ ဝါယု (Wayu) ဆိုတဲ့ လူငယ်လေးတစ်ဦး။ ကံကြမ္မာရဲ့ ဖန်တီးမှုကြောင့် သူတို့နှစ်ဦး ဆုံတွေ့ကြတဲ့အခါ လူမှုအသိုင်းအဝိုင်းရဲ့ ဖိအားတွေ၊ မိသားစုရဲ့ ကန့်သတ်မှုတွေနဲ့ အတားအဆီးများစွာကို ကျော်ဖြတ်ပြီး သူတို့ရဲ့ တားမြစ်ထားတဲ့ အချစ်ကို ဘယ်လိုပုံစံမျိုးနဲ့ ထိန်းသိမ်းသွားမလဲဆိုတာကို ရင်ခုန်စွာနဲ့ စောင့်မျှော်ကြည့်ရှုရမယ့် ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။#LoveofSilom #thaiseries #2026series #mmsub #BL
တိုက်ဂါး အဖြစ် Ice Panuwat Premmaneenan ရင် အဖြစ် Yam Matira Tantiprasut ဇာတ်လမ်းအကျဉ်း နာမည်ကျော် ဒီဇိုင်နာတစ်ဦးဖြစ်တဲ့ တိုက်ဂါး ဟာ သူ့ရဲ့ပထွေးဖြစ်သူ မသင်္ကာဖွယ် လုပ်ကြံခံရမှုရဲ့ နောက်ကွယ်က အမှန်တရားကို ရှာဖွေဖို့အတွက် ထိုင်းနိုင်ငံကို ရောက်ရှိလာခဲ့ပါတယ် အဲဒီမှာ သူဟာ 3C Corporation ရဲ့ နောက်ကွယ်မှာ လျှို့ဝှက်စွာ လှုပ်ရှားနေတဲ့ မီးလျှံဇာမဏီ ဆိုတဲ့ အန္တရာယ်ကြီးမားလှတဲ့ မြေအောက်ကွန်ရက်ကြီးအကြောင်းကို စုံစမ်းမိသွားပါတယ် အမှန်တရားကို ဖော်ထုတ်ဖို့အတွက် တိုက်ဂါး တစ်ယောက် ရုပ်ဖျက်ပြီး လျှို့ဝှက်စုံစမ်းမှုတွေ လုပ်နေရင်းနဲ့ ရင် ဆိုတဲ့ အမျိုးသမီးသက်တော်စောင့်တစ်ဦးနဲ့ ဆုံတွေ့ခဲ့ပါတယ် ရင် ဟာလည်း သူမရဲ့ဖခင်ဖြစ်သူ စွပ်စွဲခံထားရတဲ့ လူသတ်မှုကနေ အပြစ်ကင်းကြောင်း သက်သေပြနိုင်ဖို့အတွက် ကိုယ်ပိုင်လျှို့ဝှက်ချက်တွေနဲ့ ဒီအဖွဲ့အစည်းကို စုံစမ်းနေသူဖြစ်ပါတယ် သူတို့နှစ်ဦးရဲ့ စုံစမ်းစစ်ဆေးမှုတွေ ထပ်တူကျလာတဲ့အခါမှာတော့ တစ်ယောက်ကိုတစ်ယောက် ယုံကြည်မှု တည်ဆောက်ရင်းနဲ့ အချစ်စိတ်တွေပါ နိုးထလာခဲ့ပါတယ် ဒါပေမဲ့ ခြေလှမ်းတိုင်းမှာ အန္တရာယ်တွေ ဝိုင်းနေတဲ့အပြင် နောက်ကွယ်ကနေ ကြိုးကိုင်နေတဲ့ လက်မည်းကြီးကို ဖော်ထုတ်ဖို့ ကြိုးစားရင်း သူတို့နှစ်ဦးလုံးရဲ့ အသက်အန္တရာယ်နဲ့ အမှန်တရား ဘယ်အရာက ပိုအရေးကြီးမလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ရှုစားကြရမှာဖြစ်ပါတယ် နာမည်ကျော် ဒီဇိုင်နာ တိုက်ဂါး နဲ့ သက်တော်စောင့်မလေး ရင် တို့ကြားက လျှို့ဝှက်ချက်ပေါင်းများစွာနဲ့ Action, Drama ရသစုံကို ခံစားရမယ့်အပြင် ဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ ဖန်တီးထားလို့ Drama series ကြိုက်သူတွေ လုံးဝလက်မလွှတ်သင့်တဲ့ စီးရီးသစ်လေးဖြစ်တဲ့အတွက် အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ ကြည့်ရှူအားပေးကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ရှင်#WickedTemptation #thaiseries #2026series #mmsub
အားလုံးနဲ့လည်းရင်းနှီးပြီးသားဖြစ်တဲ့ GMMTVရဲ့legendaryအတွဲဖေတေတို့ရဲ့ ဇာတ်ကားအသစ်လေးထွက်ရှိလို့လာပါပြီ။ တိုတိုအဖြစ် Tay Tawan Vihokratana ခါနစ်အဖြစ် New Thitipoom Techa-apaikhunတို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ <ဇာတ်လမ်းအကျဉ်း> ဒီဇာတ်လမ်းလေးကတော့ လေယာဉ်မောင်လေးရယ် ကယ်ဆယ်ရေး(EMT)အဖွဲ့ရယ် မတော်တဆဆုံမိရာကနေစတာပါပဲ လေယာဉ်မောင်လေးခါနစ်တစ်ယောက် အလွဲသုံးပါးEMTအဖွဲ့နဲ့ အိတ်ချင်းမှားသွားရာကနေ အဲ့ဒီအဖွဲ့ထဲက တိုတိုဆိုတဲ့ကောင်လေးက ခါနစ်ရဲ့တန်ဖိုးကြီးပစ္စည်းတွေကိုယူသုံးမိရာကနေ အကုန်အခိုးခံလိုက်ရရော။ ပစ္စည်းဖိုးမလျော်နိုင်ရင် လူအားနဲ့အကြွေးဆပ်ဆိုပြီး ခါနစ်က တိုတိုကို အလုပ်တစ်ခုခိုင်းစားပါတော့တယ် အဲ့ဒါကတော့—သူ့ရဲ့ချစ်သူလေယာဉ်မှူးဖောက်ပြန်နေတာကို သက်သေရှာခိုင်းတာဖြစ်နေပါသတဲ့။ ဒါပေမဲ့ ကံကြမ္မာကမျက်နှာသာမပေးတော့ ခါနစ်ရဲ့ချစ်သူလေယာဥ်မှူးက တိုတိုကိုလာဘ်ထိုး/နှုတ်ပိတ်ပြီး အမှန်တရားကိုဖုံးကွယ်ခိုင်းလိုက်တဲ့အခါ...တိုတိုတစ်ယောက် လိမ်ညာမှုတွေကြားထဲပိတ်မိနေရင်း ခါနစ်နဲ့အတူတူရှိတဲ့အချိန်တွေများလာတဲ့အခါမှာတော့...အဲ့ဒီအလိမ်အညာတွေအတွက် သူကိုယ်တိုင်နောင်တရလာမယ့်အပြင် နှလုံးသားချင်းပါ ငြိတွယ်လာပါတော့တယ်။ အစပိုင်းမှာတော့ ရယ်မောရမယ့်အလွဲတွေနဲ့သွားပြီး နောက်ပိုင်းမှာတော့ လိမ်ညာမှုတွေကြားကသံယောဇဉ်ကြောင့် ရင်ခုန်စိတ်မကောင်းဖြစ်ရမယ့်Romance Dramaမျိုးလေးမလို့ အပတ်စဉ်သောကြာနေ့ညတိုင်းကြည့်ရှုအားပေးနိုင်ပါပြီ။#ADogAndAPlane #thaiseries #2026series #mmsub #BL #blackhole
"တစ်ညတာ အမှားတစ်ခုက ... တစ်သက်တာ နှောင်ကြိုးဖြစ်သွားခဲ့ရင်ကော.." ဆုန် အဖြစ် Nile Chanidapa Sommitthanakul ဖီယန် အဖြစ် Namwan Natchaya Vongbut ဇာတ်လမ်းအကျဉ်း အေးစက်စက်နဲ့ စာဂျပိုးဆန်တဲ့ အစားအသောက်သုတေသနပညာရှင် "ဆုန်"တစ်ယောက်.. တစ်ညမှာတော့ ပထမဆုံးအကြိမ်အဖြစ် ဘာခံစားချက်မှမပါတဲ့ "တစ်ညတာ အချစ်ဇာတ်လမ်း" တစ်ခုကို စမ်းသပ်ခဲ့ပါတယ်.. ဒါပေမဲ့ နောက်တစ်နေ့ မနက်ခင်းမှာတော့ သူမရဲ့ဘဝကြီးက လုံးဝ ပြောင်းပြန်တွေဖြစ်သွားခဲ့ပါတော့တယ် ဘာလို့လဲဆိုတော့... သူနဲ့ အတူရှိခဲ့တဲ့ လျှို့ဝှက်ဆန်းကြယ်ပြီး ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးက တခြားသူမဟုတ်ဘဲ ကုမ္ပဏီဥက္ကဋ္ဌကြီးရဲ့ သမီး.. 'ဖီယန်' ဖြစ်နေလို့ပါ.. 'ဆုန်'က ရင်ခုန်သံတွေကို ဖုံးကွယ်ပြီး ဝေးဝေးပြေးဖို့ ကြိုးစားပေမယ့်..'ဖီယန်'ကတော့ အလျှော့ပေးမယ့်ပုံမရှိပါဘူး.. ပိုင်စိုးပိုင်နင်းနိုင်လွန်းတဲ့ 'ဖီယန်'က 'ဆုန်'ရဲ့ နောက်ကွယ်ကနေ တကောက်ကောက်လိုက်ပြီး နှလုံးသားကို အနိုင်ရယူဖို့ ကြိုးစားပါတော့တယ်.. ဒီလို သည်းသည်းလှုပ်ချစ်တဲ့ "ဖီယန်"ကို "ဆုန်"တစ်ယောက် ဘယ်အချိန်ထိ တောင့်ခံနိုင်မလဲဆိုတာကိုတော့ အတူစောင့်မျော်ကြည့်ရှုလို့ရပြီနော်။#ChasingLove #thaiseries #2026series #mmsub #GL #blackhole
ဒီဇာတ်လမ်းလေးမှာတော့ လလင်း နဲ့ ထနပ်ဆိုတဲ့လင်မယား ၂ယောက်ရှိပါတယ် သူတို့က အပြင်ကကြည့်ရင် အားကျစရာကောင်းတဲ့ အိမ်ထောင်သည် စုံတွဲတစ်တွဲပါ။ ထနပ် က ဇနီးကို အရမ်းချစ်ပြီး လိုအပ်တာမှန်သမျှ ဖြည့်ဆည်းပေးတဲ့ ခင်ပွန်းကောင်းတစ်ယောက် ဖြစ်တယ်။ ဒါပေမဲ့ လလင်း ရဲ့ နှလုံးသားထဲမှာတော့ အမြဲတမ်း လစ်ဟာနေတဲ့ ခံစားချက်တစ်ခု ရှိနေတယ်။ သူမ လိုချင်တာက ပစ္စည်းဥစ္စာတွေ မဟုတ်ဘဲ စိမတ်ပိုင်းဆိုင်ရာ နီးစပ်မှုနဲ့ စိတ်လှုပ်ရှားမှုအသစ်တွေ ဖြစ်နေခဲ့တယ်။ အချိန်ကြာလာတာနဲ့အမျှ လလင်း ဟာ သူမရဲ့ မပြည့်စုံတဲ့ ခံစားချက်တွေကို အခြားအမျိုးသားတွေဆီမှာ သွားရှာဖို့ စတင်ခဲ့တယ်။ ထနပ် က ဒီအခြေအနေကို သိသွားတဲ့အခါ အရမ်းထိခိုက်နာကျင်ရပေမယ့် ဇနီးကို မဆုံးရှုံးချင်တဲ့အတွက် လလင်း ကို အခြားယောက်ျားတွေနဲ့ တွေ့ခွင့်ပေးလိုက်တယ်။ ဒီလိုနဲ့ သူတို့ရဲ့ အိမ်ထောင်ရေးဟာ Open Relationship အဖြစ် ပြောင်းလဲသွားခဲ့တယ်။ အစပိုင်းမှာတော့ အရာအားလုံး အဆင်ပြေသလို ထင်ရတယ်။ လလင်း လည်း သူလိုချင်တဲ့ လွတ်လပ်မှုကို ရခဲ့တယ်။ ထနပ် လည်း ဒီနည်းနဲ့ အိမ်ထောင်ရေးကို ကယ်တင်နိုင်မယ်လို့ ယုံကြည်ခဲ့တယ်။ လလင်း ဟာ တခြားသူတွေနဲ့ ပိုမိုနီးစပ်လာသလို ထနပ် အပေါ် ခံစားချက်တွေလည်း ပြောင်းလဲလာတယ်။ တစ်ဖက်မှာလည်း ထနပ် က ဇနီးကို ခွင့်ပြုပေးခဲ့ပေမယ့် မနာလိုမှု၊ ဝမ်းနည်းမှုနဲ့ ကြောက်ရွံ့မှုတွေကို ဖုံးကွယ်ထားရတယ်။ တဖြည်းဖြည်းနဲ့ သူတို့ကြားမှာ လျှို့ဝှက်ချက်တွေ ပိုများလာတယ်။ ပြောမထွက်တဲ့ စကားတွေ၊ မျက်နှာချင်းဆိုင် မကြည့်နိုင်တဲ့ အခြေအနေတွေ ဖြစ်လာတယ်။ နောက်ဆုံးမှာ သူတို့ ၂ယောက်ပြန်အဆင်ပြေသွားကြမလား ဒါမှမဟုတ်ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာ ဆက်ကြည့်လိုက်ကြရအောင်.....#ClubFridayLoveStatusOpenRelationship #thaiseries #2026series #mmsub #blackhole
ဖတ်အဖြစ် Taentawan Taddeo Majoli Maggioli နိတ်ဒေါင်အဖြစ် Chingching Kharittha Sungsaopath <ဇာတ်လမ်းအကျဉ်း> ဒီကားလေးမှာတော့ ဂီတဝါသနာပါပေမဲ့ဆင်းရဲတဲ့အင်ယာကျောင်းသားလေးဖတ်နဲ့ အရမ်းချမ်းသာတဲ့ကျောင်းသူကောင်မလေးနိတ်ဒေါင်တို့ရဲ့အချစ်ဇာတ်လမ်းကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ အင်ယာတက်နေပါသော်လည်း ဂီတကိုရူးသွပ်သူဖြစ်တဲ့အတွက်ကိုယ်ပိုင်တီးဝိုင်းလေးတစ်ခုတောင်ထောင်ထားပါသေးတယ် ဖြစ်ချင်တော့ ဖတ်ရဲ့အဖေဖြစ်သူက သူ့သားဂီတကိုရူးသွပ်နေတာကိုမကြိုက်သူတစ်ယောက်ပါ ဖတ်အဖေကိုယ်တိုင်ကလည်း အတိတ်မှာတုန်းကသူ့မိန်းမကိုဆုံးရှုံးခဲ့ရတဲ့အတွက် ဂီတနဲ့ပတ်သက်ရင်ထရော်မာရနေသူတစ်ဦးပေါ့။ ဘဝနောက်ခံချင်းမတူကြတာကြောင့် သူတို့နှစ်ယောက်ရဲ့အချစ်ခရီးလမ်းက စလာကတည်းကမလွယ်ကူခဲ့ပါဘူး ဒါတင်မကသေးဘဲ ပတ်ဝန်းကျင်ကမနာလိုတာတွေ ပြိုင်ဆိုင်မှုတွေနဲ့ ရန်ငြိုးတွေကြားထဲမှာပဲ သူတို့ဘဝကိုဇောက်ထိုးမိုးမျှော်ဖြစ်သွားစေမယ့်မတော်တဆမှုတစ်ခုအကြီးအကျယ်ဖြစ်ခဲ့ပါသေးတယ်။ ဒီလိုအခက်အခဲတွေ ကံကြမ္မာရဲ့ရိုက်ခတ်မှုတွေကြားထဲကနေ...ကောင်လေးကကောင်မလေးအပေါ်ထားတဲ့အချစ်နဲ့ သူ့ရဲ့ဂီတအိပ်မက်ကိုဘယ်လိုဆက်ပြီးအကောင်အထည်ဖော်မလဲ ဘဝကိုရောဘယ်လိုကြံ့ကြံ့ခံဖြတ်သန်းမလဲဆိုတာကို အပတ်စဥ်တနင်္လာနေ့မှသောကြာနေ့အတွင်း ကြည့်ရှုအားပေးနိုင်ပါပြီ။#StrongWill #thaiseries #2026series #mmsub #blackhole
သက်တမ်းရင့် လီကေးဇာတ်အဖွဲ့ကြီးတစ်ခုရဲ့ ဆရာကြီးကွယ်လွန်သွားတဲ့အခါမှာ ကျန်ခဲ့တဲ့ ဇာတ်အဖွဲ့က အကြွေးတွေပတ်လည်ဝိုင်းပြီး ပျက်စီးလုနီးပါး ဖြစ်သွားခဲ့တယ်။ ဒီအချိန်မှာပဲ သားဖြစ်သူ Phetthae (Bank Sornram) က အဖေချန်ထားခဲ့တဲ့ ဒီအနုပညာအမွေအနှစ်ကို မပျောက်ပျက်အောင် ရုန်းကန်ပြီး ဇာတ်အဖွဲ့ကို ခေါင်းဆောင်ဖို့ တာဝန်ယူလိုက်ရတယ်။ ဒါပေမဲ့ ခေတ်က ပြောင်းသွားပြီဆိုတော့ အဟောင်းအတိုင်း သွားလို့မရတော့ဘူးလေ။ အဲဒီမှာတင် အွန်လိုင်းခေတ်ရေစီးကြောင်းတွေ၊ အိုင်ဒီယာအသစ်တွေနဲ့ ဇာတ်အဖွဲ့ကို ပြန်ပြီးအသက်သွင်းဖို့ Ploying (Mobile Pimrapat) တို့လို လူငယ်တစ်စုနဲ့ လက်တွဲမိသွားကြတယ်။ဇာတ်ခုံပေါ်က ရိုးရာဝတ်စုံ တလက်လက်တွေရဲ့ နောက်ကွယ်မှာ မျက်ရည်၊ ချွေး၊ အိမ်မက်တွေနဲ့ ရုန်းကန်ရတဲ့ သူတို့ရဲ့ ဘဝအမောတွေကြားကနေ သံယောဇဉ်တွေ၊ အချစ်တွေ ဘယ်လိုပွင့်လန်းလာမလဲဆိုတာကို ရင်ခုန်စရာ၊ ဒရာမာဆန်ဆန်နဲ့ နွေးထွေးအောင် ရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းလေး တစ်ခုပဲ ဖြစ်ပါတယ်။#BlingBling #thaiseries #2026series #mmsub #blackhole
ဖတ်အဖြစ် Taentawan Taddeo Majoli Maggioli နိတ်ဒေါင်အဖြစ် Chingching Kharittha Sungsaopath <ဇာတ်လမ်းအကျဉ်း> ဒီကားလေးမှာတော့ ဂီတဝါသနာပါပေမဲ့ဆင်းရဲတဲ့အင်ယာကျောင်းသားလေးဖတ်နဲ့ အရမ်းချမ်းသာတဲ့ကျောင်းသူကောင်မလေးနိတ်ဒေါင်တို့ရဲ့အချစ်ဇာတ်လမ်းကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ အင်ယာတက်နေပါသော်လည်း ဂီတကိုရူးသွပ်သူဖြစ်တဲ့အတွက်ကိုယ်ပိုင်တီးဝိုင်းလေးတစ်ခုတောင်ထောင်ထားပါသေးတယ် ဖြစ်ချင်တော့ ဖတ်ရဲ့အဖေဖြစ်သူက သူ့သားဂီတကိုရူးသွပ်နေတာကိုမကြိုက်သူတစ်ယောက်ပါ ဖတ်အဖေကိုယ်တိုင်ကလည်း အတိတ်မှာတုန်းကသူ့မိန်းမကိုဆုံးရှုံးခဲ့ရတဲ့အတွက် ဂီတနဲ့ပတ်သက်ရင်ထရော်မာရနေသူတစ်ဦးပေါ့။ ဘဝနောက်ခံချင်းမတူကြတာကြောင့် သူတို့နှစ်ယောက်ရဲ့အချစ်ခရီးလမ်းက စလာကတည်းကမလွယ်ကူခဲ့ပါဘူး ဒါတင်မကသေးဘဲ ပတ်ဝန်းကျင်ကမနာလိုတာတွေ ပြိုင်ဆိုင်မှုတွေနဲ့ ရန်ငြိုးတွေကြားထဲမှာပဲ သူတို့ဘဝကိုဇောက်ထိုးမိုးမျှော်ဖြစ်သွားစေမယ့်မတော်တဆမှုတစ်ခုအကြီးအကျယ်ဖြစ်ခဲ့ပါသေးတယ်။ ဒီလိုအခက်အခဲတွေ ကံကြမ္မာရဲ့ရိုက်ခတ်မှုတွေကြားထဲကနေ...ကောင်လေးကကောင်မလေးအပေါ်ထားတဲ့အချစ်နဲ့ သူ့ရဲ့ဂီတအိပ်မက်ကိုဘယ်လိုဆက်ပြီးအကောင်အထည်ဖော်မလဲ ဘဝကိုရောဘယ်လိုကြံ့ကြံ့ခံဖြတ်သန်းမလဲဆိုတာကို အပတ်စဥ်တနင်္လာနေ့မှသောကြာနေ့အတွင်း ကြည့်ရှုအားပေးနိုင်ပါပြီ။#StrongWill #thaiseries #2026series #mmsub #blackhole
Krating Khunnarong Pratesrat Kao Supassrathip Akkrathaweepatch Na Naphat Vikairungroj တို့အဓိကပါဝင်ထားတဲ့ thai drama ကောင်းကောင်းလေးလာပါပြီ ဇာတ်လမ်းအကျဉ်း "The Admin" လို့ လူသိများတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အမည်မသိလူတစ်ယောက်က ဆုကြေးငွေ အမြောက်အမြားကို သုံးပြီးတော့ မတူညီတဲ့ နောက်ခံနဲ့ အရည်အချင်းကိုယ်စီရှိတဲ့ ထိပ်တန်းလိမ်လည်သူ ၈ ယောက်ကို တစ်နေရာတည်းမှာ စုစည်းဖို့အတွက် ဖန်တီးခဲ့ပါတယ်။ သူတို့အဖွဲ့ကို ပေးအပ်ထားတဲ့ အဓိကတာဝန်က ဩဇာကြီးမားတဲ့ မာဖီးယားဂိုဏ်းကြီးရဲ့ တရားမဝင် စီးပွားရေးလုပ်ငန်းတွေ ကို အကွက်ကျကျ ပြန်လည်လိမ်လည်ပြီး ဖြိုခွင်းဖို့ပါ။ Admin ရဲ့ ညွှန်ကြားချက်တွေ အတိုင်း သူတို့အဖွဲ့က မြေအောက်ထီလုပ်ငန်း၊ တရားမဝင် လောင်းကစားဝိုင်းများနဲ့ လူထုကို ဒုက္ခပေးနေတဲ့ Call Center ဂိုဏ်းတွေကို တစ်ဆင့်ချင်းစီ ဝင်ရောက်စီးနင်းပြီး လှည့်ဖြားမှုမျိုးစုံနဲ့ လက်စားချေ တိုက်ခိုက်ကြတယ်။ ဒါပေမဲ့လည်း ဆုကြေးငွေအတွက် အဖွဲ့ခွဲကြတဲ့အခါ အဲ့ဒီအဖွဲ့က သမိုင်းတစ်လျှောက် အကြီးမားဆုံးသော လိမ်လည်မှုကြီး (The Biggest Heist) ကို အကောင်အထည်ဖော်ရန် ကြိုးစားရင်းကနေ ဒီစစ်ဆင်ရေးကြီးတစ်ခုလုံးရဲ့ နောက်ကွယ်မှာ ဘယ်သူမှ မထင်မှတ်ထားတဲ့ ပိုမိုမှောင်မိုက်တဲ့ အမှန်တရားတွေနဲ့ လျှို့ဝှက်ချက်တွေ ရှိနေတာကို တစ်စတစ်စ သိရှိသွားကြတဲ့အခါမှာ..... ဒီလို Action,Drama ကားကောင်းကောင်းလေးကို တင်ဆက်ပေးတော့မှာဖြစ်လို့ စောင့်ကြည့်လိုက်ရအောင်ရှင့်#TheScammerGames #thaiseries #2026series #mmsub #blackhole
ဒီဇာတ်လမ်းလေးမှာတော့ လလင်း နဲ့ ထနပ်ဆိုတဲ့လင်မယား ၂ယောက်ရှိပါတယ် သူတို့က အပြင်ကကြည့်ရင် အားကျစရာကောင်းတဲ့ အိမ်ထောင်သည် စုံတွဲတစ်တွဲပါ။ ထနပ် က ဇနီးကို အရမ်းချစ်ပြီး လိုအပ်တာမှန်သမျှ ဖြည့်ဆည်းပေးတဲ့ ခင်ပွန်းကောင်းတစ်ယောက် ဖြစ်တယ်။ ဒါပေမဲ့ လလင်း ရဲ့ နှလုံးသားထဲမှာတော့ အမြဲတမ်း လစ်ဟာနေတဲ့ ခံစားချက်တစ်ခု ရှိနေတယ်။ သူမ လိုချင်တာက ပစ္စည်းဥစ္စာတွေ မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ နီးစပ်မှုနဲ့ စိတ်လှုပ်ရှားမှုအသစ်တွေ ဖြစ်နေခဲ့တယ်။ အချိန်ကြာလာတာနဲ့အမျှ လလင်း ဟာ သူမရဲ့ မပြည့်စုံတဲ့ ခံစားချက်တွေကို အခြားအမျိုးသားတွေဆီမှာ သွားရှာဖို့ စတင်ခဲ့တယ်။ ထနပ် က ဒီအခြေအနေကို သိသွားတဲ့အခါ အရမ်းထိခိုက်နာကျင်ရပေမယ့် ဇနီးကို မဆုံးရှုံးချင်တဲ့အတွက် လလင်း ကို အခြားယောက်ျားတွေနဲ့ တွေ့ခွင့်ပေးလိုက်တယ်။ ဒီလိုနဲ့ သူတို့ရဲ့ အိမ်ထောင်ရေးဟာ Open Relationship အဖြစ် ပြောင်းလဲသွားခဲ့တယ်။ အစပိုင်းမှာတော့ အရာအားလုံး အဆင်ပြေသလို ထင်ရတယ်။ လလင်း လည်း သူလိုချင်တဲ့ လွတ်လပ်မှုကို ရခဲ့တယ်။ ထနပ် လည်း ဒီနည်းနဲ့ အိမ်ထောင်ရေးကို ကယ်တင်နိုင်မယ်လို့ ယုံကြည်ခဲ့တယ်။ လလင်း ဟာ တခြားသူတွေနဲ့ ပိုမိုနီးစပ်လာသလို ထနပ် အပေါ် ခံစားချက်တွေလည်း ပြောင်းလဲလာတယ်။ တစ်ဖက်မှာလည်း ထနပ် က ဇနီးကို ခွင့်ပြုပေးခဲ့ပေမယ့် မနာလိုမှု၊ ဝမ်းနည်းမှုနဲ့ ကြောက်ရွံ့မှုတွေကို ဖုံးကွယ်ထားရတယ်။ တဖြည်းဖြည်းနဲ့ သူတို့ကြားမှာ လျှို့ဝှက်ချက်တွေ ပိုများလာတယ်။ ပြောမထွက်တဲ့ စကားတွေ၊ မျက်နှာချင်းဆိုင် မကြည့်နိုင်တဲ့ အခြေအနေတွေ ဖြစ်လာတယ်။ နောက်ဆုံးမှာ သူတို့ ၂ယောက်ပြန်အဆင်ပြေသွားကြမလား ဒါမှမဟုတ်ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာ ဆက်ကြည့်လိုက်ကြရအောင်.....#ClubFridayLoveStatusOpenRelationship #thaiseries #2026series #mmsub #blackhole
ဖက်ဖာအဖြစ် Cheer Thikumporn Rittapinun ပထစ်အဖြစ် Louis Scott ဖတ်ဝပ်တီနာရာ အဖြစ် Mild Lapassalan Jiravechsoontornkul ဇာတ်လမ်းအကျဉ်း သြဇာအာဏာကြီးမားလှတဲ့ တီနာရာမျိုးနွယ်စုရဲ့ ခေါင်းဆောင်နေရာကို ဆက်ခံဖို့အတွက် အမျိုးသမီးနှစ်ဦးကြား ပြင်းထန်တဲ့ အားပြိုင်မှုကို ရိုက်ကူးထားတဲ့ မိသားစု Drama ဇာတ်လမ်းတွဲဖြစ်ပါတယ် ဖက်ဖာဟာ သူ့ကိုယ်သူ ဒီမျိုးနွယ်စုရဲ့ တရားဝင်အမွေဆက်ခံသူဖြစ်ကြောင်း သက်သေပြဖို့ ဘဝတစ်ခုလုံးကို ရင်းနှီးမြှုပ်နှံထားသူဖြစ်ပေမဲ့ သူ့ရဲ့တစ်သက်တာရန်သူ ဖတ်ဝပ်ပြန်လည်ရောက်ရှိလာပြီး အရာအားလုံးကို သိမ်းပိုက်ဖို့ ကြိုးစားတဲ့အခါမှာတော့ သူ့ရဲ့ကမ္ဘာလေးဟာ လှုပ်ခတ်သွားခဲ့ရပါတယ် ဖတ်ဝပ်ဟာ ဖက်ဖာရဲ့ အနီးကပ်ဆုံးမဟာမိတ်ကို ခုတုံးလုပ်ပြီး အာဏာလုပွဲစစ်ပွဲကို စတင်ခဲ့ကာ သေခြင်းတရားနဲ့ သစ္စာဖောက်မှုတွေကြားထဲမှာ ဂုဏ်သိက္ခာနဲ့ အချစ်အတွက် တိုက်ပွဲဝင်ကြရမယ့် ဒီကစားပွဲမှာ အနိုင်ရသူ တစ်ယောက်တည်းသာ ရှိရပါမယ် ပြင်းထန်တဲ့တိုက်ပွဲနဲ့ အလှည့်အပြောင်းတွေကို တစ်ပိုင်းချင်းစီမှာ ရင်ခုန်စိတ်လှုပ်ရှားစွာ မြင်တွေ့ရမယ့်အပြင် ဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ ဖန်တီးထားလို့ Drama series အမျိုးအစားကို ပရိတ်သတ်ကြီးအဖို့ လုံးဝလက်မလွှတ်သင့်တဲ့ စီးရီးသစ်လေးဖြစ်တဲ့အတွက် အပတ်စဉ်သောကြာနေ့တိုင်း ရှုစားလိုက်ကြပါဦးရှင်#EternalRain #thaiseries #2026series #mmsub
ဒီဇာတ်လမ်းလေးမှာတော့ မာလာ ဆိုတဲ့ မိန်းကလေးတစ်ယောက်ဟာ သူမရဲ့မိသားစုအခြေအနေကြောင့် သူမရဲ့ဘဝကို ကိုယ်တိုင်ရွေးချယ်ခွင့်မရဘဲ အတိတ်တွေ နဲ့ ချည်နှောင်ထားတာကိုခံနေရတဲ့သူတစ်ယောက်ပါ။ သူမက အချစ်နဲ့ မိသားစု ဂုဏ်သိက္ခာကို ကာကွယ်ရန်အတွက် ကိုယ်ပိုင်အိမ်မက်တွေကို အကောင်အထည်မဖော်နိုင်သေးတဲ့သူတစ်ယောက်ပါ။ တစ်ဖက်မှာ ဖရုမ် ကလည်း မာလာကို ချစ်မြတ်နိုးသူဖြစ်တဲ့အတွက်ကြောင့် ဖြစ်ခဲ့တဲ့အမှားတွေကို ပြန်လည်ပြုပြင်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ အတိတ်ရဲ့ လျှို့ဝှက်ချက်တွေ မိသားစုကြား အငြင်းပွားမှုတွေနဲ့ အပြိုင်အဆိုင်များတာကြောင့် သူတို့ နှစ်ဦးရဲ့ အချစ်လမ်းကြောင်းမှာတော့ အတားအဆီးတွေ နဲ့ပြည့်နက်နေခဲ့တယ်။ ဇာတ်လမ်းတစ်လျှောက်မှာတော့ ယုံကြည်မှု၊ သစ္စာရှိမှုနှင့် ချစ်ခြင်းမေတ္တာ၏ အဓိပ္ပါယ်ကို အနက်ရှိုင်းဆုံး ဖော်ပြထားပြီး လူတစ်ဦး၏ရွေးချယ်မှုတစ်ခုက သူ၏ဘဝကို ဘယ်လောက်ထိ ပြောင်းလဲစေနိုင်တယ်ဆိုတာကို ပြသထားပါတယ်။ နောက်ဆုံးမှာတော့ မာလာဟာ သူမရဲ့နှလုံးသားအသံကို လိုက်နာပြီး အမှန်တကယ်လိုချင်ဘဝကို ရွေးချယ်နိုင်မလား၊ ဒါမှမဟုတ် မိသားစုတာဝန်အောက်တွင် ဆက်လက်နေထိုင်သွားမလားဆိုတာ ဆက်ကြည့်လိုက်ကြရအောင်#TheBangkokRedOpera #thaiseries #2026series #mmsub
Уже доступно! Исследование Telegram 2025 — ключевые инсайты года 
