202
Подписчики
-124 часа
+27 дней
-430 день
Архив постов
202
အမေရိကန်ကသာ Tomahawks တွေ ပေးမယ်ဆိုရင် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ထရမ့်ရရှိအောင် လော်ဘီလုပ်ပေးမယ်လို့ ဇီလင်စကီးက ပြောဆိုခဲ့ကြောင်း သိရပါတယ်။
NOM
202
တရုတ်နိုင်ငံမှာ အသက် ၇၁နှစ်အရွယ် အမျိုးသားကြီးကို ဝက်ရဲ့ အသည်းအစားထိုးကုသမှု လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ အသည်းကင်ဆာရောဂါဖြစ်ပွားနေတဲ့ အဘိုးအိုဟာ အစားထိုးကုသခဲ့ပြီးနောက် ၃၈ ရက် ကြာ နေထိုင်နိုင်ခဲ့တယ်လို့ ဆရာဝန်တွေက ဆိုခဲ့ပြီး ဒီ ခွဲစိတ်ကုသမှုက အောင်မြင်ခဲ့ကာ နောက်ထပ်စမ်းသပ်မှုတွေအတွက် ကြီးမားတဲ့ ခြေလှမ်းတခုဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။
NOM
202
ရန်ပုံငွေပြသနာကြောင့် ကုလငြိမ်းချမ်းရေးတပ်တွေကို ဖြန့်ကြက်ထားမှုရဲ့ ၄ပုံ ၁ပုံအထိကို ပြန်လည်ပြီးရုတ်သိမ်းရတော့မယ်လို့ သိရပါတယ်။ ဒီအတွက် သူတို့မှာ အခက်အခဲတွေရင်ဆိုင်နေရတယ်လို့ ကုလကလည်း ဝန်ခံပြောဆိုခဲ့ပါတယ်။
NOM
202
ဂါဇာငြိမ်းချမ်းရေးစာချုပ်အတွက် ဒေါ်နယ်ထရမ့်ဟာ ညဘက်အထိ အလုပ်လုပ်နေတာကို အိမ်ဖြူတော်က ဖော်ပြခဲ့တဲ့ ဓါတ်ပုံဖြစ်ပါတယ်။
NOM
202
ဂါဇာအလယ်ပိုင်းမှာ ဟားမတ်စ်တိုက်ခိုက်ရေးသမားတွေက အစ္စရေးတပ်ဖွဲ့တွေကို တိုက်ခိုက်ကာ ပြန်ပေးဆွဲဖို့ ကြိုးစားခဲ့ကြောင်း အစ္စရေးမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုအတွင်း စစ်သားတချို့ သေဆုံးခဲ့ကာ တချို့ကတော့ ဥမင်တွေထဲကနေ ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့လည်း ဆိုပါတယ်။
NOM
202
ကက်စ်ပီယံပင်လယ် ရေတပ်သဘောတူစာချုပ်ကို မနေ့က ရုရှား၊ အီရန်၊ အဇာဘိုင်ဂျန်နဲ့ ကာဇက်စတန်တို့ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒေသတွင်းလုံခြုံရေးအတွက် ကက်စ်ပီယံပင်လယ်နိုင်ငံတွေအနေနဲ့ နိုင်ငံခြားတပ်ဖွဲ့တွေ မလိုအပ်ဘူးလို့ အီရန်ရေတပ်ဗိုလ်ချုပ်ကြီး Shahram Irani က ပြောဆိုခဲ့ပါတယ်။
NOM
202
အိန္ဒိယဟာ ရုရှားရေနံဝယ်ယူမှုအတွက် ဒေါ်လာအစား ယွမ်နဲ့ ပေးချေမှုကို စတင်နေပြီဖြစ်ပါတယ်။ ဒါဟာ တရုတ်နဲ့အိန္ဒိယကြား ဆက်ဆံရေး တိုးတက်လာမှုကို ပြသတဲ့ လက္ခဏာတခုလည်း ဖြစ်လာခဲ့ပါတယ်။
NOM
202
အမေရိကန်အနေနဲ့ ယူကရိန်းကို Tomahawk ဒုံးကျည်တွေနဲ့ လောင်ချာတွေကို ပံ့ပိုးပေးမယ်ဆိုရင်လည်း ရုရှားဘက်က ပစ်ချပစ်မယ်လို့ ရုရှားလွှတ်တော်အမတ်တဦးက RIA သတင်းအေဂျင်စီကို ပြောဆိုလိုက်ပါတယ်။
“အဲဒီ ဒုံးကျည်တွေအကြောင်း ကျနော်တို့ ကောင်းကောင်းသိထားပြီး ဘယ်လိုမျိုး ပစ်လွှတ်လဲ၊ ဘယ်လိုပစ်ချရမလဲဆိုတာ ဆီးရီးယားမှာ ကောင်းကောင်းလုပ်ပြခဲ့ပြီးသားပါ၊ ဒါက ဘာမှ အသစ်အဆန်းမဟုတ်ပါဘူး၊ တကယ့်ပြသနာက ယူကရိန်းကို ဘယ်သူတွေက ထောက်ပံ့ပေးနေတာလဲ၊ ဘယ်သူတွေက အသုံးပြုနေတာလဲဆိုတာပါ” လို့ ကာကွယ်ရေး ဒုဝန်ကြီးဟောင်းလည်းဖြစ်ခဲ့တဲ့ Kartapolov က ဆိုပါတယ်။
တနင်္လာနေ့က ဒေါ်နယ်ထရမ့်ကလည်း သူ့အနေနဲ့ စစ်ပွဲကို အရှိန်မမြှင့်လိုတာကြောင့် အဆိုပါဒုံးကျည်တွေကို ယူကရိန်းအတွက် မထောက်ပံ့ခင် ဘာလုပ်ဖို့ စီစဉ်ထားလဲဆိုတာကို သိချင်တယ်လို့ ပြောဆိုခဲ့ပြီး ဆုံးဖြတ်ချက်ကတော့ ချမှတ်ထားပြီးဖြစ်တယ်လို့ ဆိုထားပါတယ်။
NOM
202
ရဲတပ်ဖွဲ့ဝင်တွေကို ဒရုန်းတွေမြင်တွေ့ပါက ပစ်ချခွင့်ပေးထားတယ်လို့ ဂျာမန်ပြည်ထဲရေးဝန်ကြီး Alexander Dobrindt က ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းက မြူးနစ်လေဆိပ်အနီးမှာ ဒရုန်းပျံသန်းမှုတွေရှိခဲ့တာကြောင့် လေဆိပ်ကို ယာယီပိတ်သိမ်းခဲ့ရကာ လေကြောင်းခရီးစဉ်တွေကိုလည်း ဆိုင်းငံ့ရမှု ဖြစ်ပွားပြီးနောက် ဒီလိုခွင့်ပြုချက်ပေးလိုက်တာ ဖြစ်ပါတယ်။
NOM
202
ရီပတ်ဘလစ်ကန်က အောက်လွှတ်တော်အမတ် Anna Paulina Luna ဟာ Danny Jones နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာ “ဇီလင်စကီးက ဆော်ဒီဘဏ်တခုဆီ လစဉ် ဒေါ်လာသန်း ၅၀ လွှဲပြောင်းပေးနေတယ်” လို့ ပြောဆိုခဲ့ပါတယ်။ အောက်တိုဘာ ၇ ရက်နေ့က YouTube မှာ တင်ခဲ့တဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့တာဖြစ်ပြီး ဒါက ထူးဆန်းတယ်လို့လည်း သူမက မှတ်ချက်ပြုခဲ့ပါတယ်။
NOM
202
Brown University က ထုတ်ပြန်ခဲ့တဲ့ လေ့လာမှုစစ်တမ်းမှာ အမေရိကန်ဟာ အစ္စရေးကို စစ်ရေးအကူအညီ ဒေါ်လာ ၂၁.၇ ဘီလီယံအထိ ပေးပို့ခဲ့ကာ အရှေ့အလယ်ပိုင်းဒေသမှာ စစ်ဆင်ရေးအတွက် နောက်ထပ် ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲခဲ့တယ်လို့ ဆိုပါတယ်။
NOM
202
+1
အမေရိကန်လေတပ်က အီလက်ထရွန်နစ် recon လေယာဉ် RC-135U ဟာ ရုရှားနိုင်ငံ၊ Kaliningrad အနီးကမှာ သူလျှိုထောက်လှမ်းမှုတွေလုပ်ဆောင်ခဲ့ပြီး ဗြိတိန်က RAF Mildenhall လေတပ်စခန်းကို ပြန်လည်ဆင်းသက်ခဲ့တယ်လို့ သိရပါတယ်။
NOM
202
ဂျာမနီအနောက်ပိုင်းက North-Rhine Westphalia ပြည်နယ်က Herdecke မြို့ရဲ့ အသစ်ရွေးချယ်ခံထားရတဲ့ မြို့တော်ဝန်သစ် Iris Stalzer ဟာ ဓါးထိုးခံရတာကြောင့် ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိသွားတယ်လို့ သိရပါတယ်။
သူ့ရဲ့ နေအိမ်အနီးမှာပဲ ဖြစ်ပွားခဲ့တာဖြစ်ပြီး အသက် ၅၇ နှစ်အရွယ် မြို့တော်ဝန်သစ်ဟာ ဗဟိုလက်ဝဲဆိုရှယ်ဒီမိုကရက်တစ်ပါတီရဲ့ အဖွဲ့ဝင်တဦးလည်း ဖြစ်ပါတယ်။ သူ့ရဲ့ အသက်ဘေးက စိုးရိမ်စရာဖြစ်နေပြီး ဒီလုပ်ရပ်ဟာ ရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်လို့ ဂျာမနီအဓိပတိ Merz က ရှုတ်ချခဲ့ပြီး ဒေသခံရဲတပ်ဖွဲ့ကတော့ တရားခံကို ဖမ်းမိနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။
NOM
202
ဩစတြေးလျ၊ ဗြိတိန်နဲ့ ကနေဒါတို့က ပါလက်စတိုင်းကို အသိအမှတ်ပြုပေမယ့် နယူးဇီလန်ကတော့ အဲဒီလမ်းစဉ်နောက်ကို မလိုက်ဘူးလို့ ပြောဆိုခဲ့ပြီးနောက် ဝန်ကြီးချုပ် ဝင်စတန်ပီတာရဲ့ နေအိမ်ကို ဆန္ဒပြသူတွေက တိုက်ခိုက်မှုတွေလုပ်ခဲ့ကြပါတယ်။ တနင်္လာနေ့မှာ လူအုပ်ကြီးတစုက နေအိမ်ပြတင်းပေါက်ကို ပစ်ခွဲခဲ့ကာ အိမ်ရှေ့တံခါးမှာလည်း “လက်တွေ့ကမ္ဘာကနေ ကြိုဆိုပါတယ်” ဆိုတဲ့ စာတန်းကို ချိတ်ဆွဲခဲ့ပါတယ်။ ဒီကိစ္စအတွက် အမျိုးသားတဦးကို တရားစွဲဆိုထားတယ်လို့ ဝန်ကြီးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုခဲ့ပါတယ်။
NOM
202
တရုတ်ဝန်ကြီးချုပ် Li Qiang ဟာ မြောက်ကိုရီးယားရဲ့ အာဏာရပါတီတည်ထောင်မှု နှစ် ၈၀ ပြည့် အခမ်းအနားကို တက်ရောက်မယ်လို့ နှစ်နိုင်ငံစလုံးက အတည်ပြုခဲ့ပါတယ်။ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်မှာဖြစ်ပြီး ဒီတပတ်အတွင်း သွားရောက်မှာလည်း ဖြစ်ပါတယ်။
NOM
202
ကယ်လီဖိုးနီးယားက Sacramento အဝေးပြေးလမ်းမပေါ်ကို ဆေးဘက်ဆိုင်ရာ ရဟတ်ယာဉ်တစီး ပျက်ကျခဲ့တာကြောင့် လူအများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
NOM
202
အစ္စရေးရဲ့ ၂နှစ်ကြာ မြေပြင်ထိုးစစ်ကြောင့် ဂါဇာမှာ လူပေါင်း ၆၇၀၀၀ ထက်မနည်းသေဆုံးခဲ့ပြီး ၃ပုံ ၁ပုံဟာ အသက် ၁၈ နှစ်အောက်တွေဖြစ်တယ်လို့ ပါလက်စတိုင်းကျန်းမာရေးအာဏာပိုင်အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။ ၂၀၂၃ အောက်တိုဘာလ ၇ ရက်နေ့မှာ ဟားမတ်စ်တို့ရဲ့ တိုက်ခိုက်မှုကနေ စတင်ခဲ့တဲ့ စစ်ပွဲဟာ ဒီနေ့မှာ ၂နှစ်တင်းတင်းပြည့်ခဲ့ပြီလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ ထရမ့်ရဲ့ ငြိမ်းချမ်းရေးအဆိုပြုချက်ကို အစ္စရေးနဲ့ ဟားမတ်စ်တို့က အီဂျစ်မှာ တိုက်ရိုက်တွေ့ဆုံပြီး ဆွေးနွေးမှုတွေ လုပ်နေပါတယ်။
NOM
202
ပြင်သစ်ဝန်ကြီးချုပ် Sebastien Lecornu ဟာ ရာထူးတာဝန်ရယူပြီး ၂၆ ရက်အကြာမှာပဲ နုတ်ထွက်သွားခဲ့ပါတယ်။ ဒါဟာ ပြင်သစ်မှာ နိုင်ငံရေးအကျပ်အတည်း ရင်ဆိုင်နေရတာကို ပေါ်လွင်စေနေပြီး ဝန်ကြီးချုပ်ရဲ့ နုတ်ထွက်စာကို သမ္မတမာခရွန်က လက်ခံခဲ့တယ်လိုု့ သိရပါတယ်။ ဒါကြောင့်မို့ နောက်ထပ်ဝန်ကြီးချုပ်သစ် တဦးကို ထပ်မံခန့်အပ်ရတော့မှာပါ။ ပြင်သစ်မှာ လုပ်ပိုင်ခွင့်အရ ဝန်ကြီးချုပ်က သမ္မတထက် ပိုမိုရရှိတာမျိုးတော့ မရှိပါဘူး။
NOM
202
ဥရောပနိုင်ငံတွေမှာ ဒရုန်းပျံသန်းမှုကြောင့် လေဆိပ်ပိတ်သိမ်းရမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့အပြီး နော်ဝေဟာ ပိုလန်နယ်စပ်တလျှောက်မှာ ကင်းလှည့်ဖို့အတွက် သူတို့ရဲ့ F-35 ဂျက်ဖိုက်တာတွေကို စေလွှတ်ပေးသွားမယ်လို့ သိရပါတယ်။
NOM
202
ရွှေ့ပြောင်းနေထိုင်မှုတွေကို ထိန်းချုပ်ဖို့နဲ့ လုံခြုံရေးတိုးမြှင့်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ပိုလန်ဟာ ဂျာမနီနဲ့ လစ်သူယေးနီးယားနယ်စပ်တွေမှာ တပ်ဖွဲ့ဝင်တွေကို ဖြန့်ကျက်လိုက်ပါတယ်။ ပိုလန်သမ္မတက ဒီဖြန့်ကျက်မှုကို ခွင့်ပြုတဲ့ လက်မှတ်ရေးထိုးပေးခဲ့ကာ နယ်စပ်လုံခြုံရေးကို ပိုမိုအားကောင်းစေမယ်လို့ ဆိုပါတယ်။ ဒီဖြန့်ကျက်မှုကို ၂၀၂၆ ဧပြီလ ၄ ရက်နေ့အထိ ထားရှိမှာလည်း ဖြစ်ပါတယ်။
NOM
