202
Подписчики
-124 часа
+17 дней
-530 день
Архив постов
202
‘ကျနော်တို့ အမေရိကန်တွေ မဖြစ်ချင်ဘူး၊ ဒိန်းမတ်လူမျိုးလည်း မဖြစ်ချင်ဘူး၊ ဂရင်းလန်းသားပဲ ဖြစ်ချင်ပါတယ်”
အမေရိကန်က ဂရင်းလန်းကျွန်းကို ပိုင်ဆိုင်သင့်တယ်လို့ ထရမ့်က မှတ်ချက်ပြုခြိမ်းခြောက်ခဲ့ပြီးနောက် ဂရင်းလန်းပါတီ ၅ ခုရဲ့ ခေါင်းဆောင်တွေက ပူးတွဲကြေညာချက်ထုတ်ပြန်သွားခဲ့တာ ဖြစ်ပါတယ်။
NOM
202
ယူကရိန်းဟာ Dobra လီသီယမ်သိုက်ကို ထရမ့်နဲ့ နီးစပ်တဲ့ ရင်းနှီးမြုပ်နှံသူတွေဆီ လွှဲပြောင်းပေးလိုက်ပါတယ်။ နိုင်ငံအာဏာပိုင်တွေဟာ ထရမ့်ရဲ့ မိတ်ဆွေဖြစ်တဲ့ ဘီလျံနာ Ronald Lauder ဆီ တင်ဒါပေးအပ်နေတယ်လို့ New York Times က သတင်းရင်းမြစ်တွေကို ကိုးကားဖော်ပြခဲ့ပါတယ်။
နောက်ထပ် ရင်းနှီးမြုပ်နှံသူ တဦးကတော့ ထရမ့်ရဲ့ ပထမသမ္မတသက်တမ်းအတွင်း ဖန်တီးခဲ့တဲ့ အမေရိကန်အစိုးရဲ့ ရင်းနှီးမြုပ်နှံမှုအေဂျင်စီက တစိတ်တပိုင်းပိုင်ဆိုင်တဲ့ စွမ်းအင်ကုမ္ပဏီ TechMet ဖြစ်တယ်လို့လည်း ဆိုပါတယ်။
NOM
202
“လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀ တုန်းက ဒိန်းမတ်လူမျိုးတွေက လှေတွေနဲ့ ရောက်ရှိပြီး ဂရင်းလန်းကျွန်းကို တွေ့ခဲ့တယ်ဆိုတာနဲ့ ဒီကျွန်းက သူတို့ပိုင်ဆိုင်တယ်လို့ ပြောလို့မရပါဘူး”
“အမေရိကန်အတွက် ဂရင်းလန်းကို ငှားထားရုံနဲ့ မလုံလောက်ပါဘူး၊ နိုင်ငံတော်လုံခြုံရေးကို ပိုပြီး သေချာခိုင်မာစေဖို့အတွက် ပိုင်ဆိုင်မှ ဖြစ်ပါလိမ့်မယ်”
“ကျနော်တို့ ပိုင်ဆိုင်တဲ့အရာဆို အဲဒါကို ကျနော်တို့က ကာကွယ်နိုင်ပါတယ်၊ ငှားရမ်းထားတဲ့အရာကိုတော့ ကာကွယ်ဖို့က မဖြစ်နိုင်ပါဘူး၊ ခင်ဗျားအနေနဲ့ ပိုင်ဆိုင်ဖို့ လိုအပ်ပါတယ်”
- ဒေါ်နယ်ထရမ့်
NOM
202
တိုက်ရိုက်သတင်းတင်ဆက်နေချိန်အတွင်း ဆီးရီးယားသတင်းထောက်တဦးဟာ တင့်ကားနဲ့ တိုက်မိခဲ့ပြီး ကံကောင်းထောက်မစွာနဲ့ အသက်ရှင်သန်နေခဲ့တဲ့ ရုပ်သံဖိုင်ဖြစ်ပါတယ်။
NOM
202
“အီရန်ရဲ့ ကြီးမြတ်တဲ့ အချုပ်အခြာအာဏာကို ပြည်ပကျောထောက်နောက်ခံပေးထားတဲ့ လူဆိုးလူမိုက်တွေနဲ့ ရာဇဝတ်သားတွေက ချိုးဖောက်နေတာာကို တရုတ်က လက်ပိုက်ကြည့်နေမှာမဟုတ်ပါဘူး၊ အီရန်အစိုးရအနေနဲ့ ဘဏ္ဍာရေး၊ နည်းပညာ၊ ထောက်လှမ်းရေး ဒါမှမဟုတ် စစ်ရေးကဏ္ဍတွေမှာ ဘယ်လိုမျိုး လိုအပ်ချက်တွေ ရှိနေပါစေ၊ တရုတ်က ပံ့ပိုးပေးဖို့ အသင့်ရှိပါတယ်”
- တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
NOM
202
+2
အသက် ၁၄ နှစ်အရွယ်ကစပြီး ဆေးလိပ်သောက်သုံးခဲ့တယ်ဆိုတဲ့ ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသားကြီးဟာ ၁၂၁ ပြည့် မွေးနေ့ပွဲ ကျင်းပပြီးနောက် ကွယ်လွန်သွားခဲ့ပါတယ်။
တောင်အာဖရိက အရှေ့ပိုင်းက ကိုလ်ချက်စတာရွာလေးမှာ နေထိုင်ပြီး Oom Jan လို့ လူသိများထင်ရှားတဲ့ Jan Steenberg ဟာ ပန်းနာရင်ကြပ်ဖြစ်ခဲ့ပြီး ကွယ်လွန်ခဲ့တာပါ။
သူ့ကို ၁၉၀၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ မွေးဖွားခဲ့ပြီး အသက်ကြီးဆုံးလူသားအဖြစ် ညွှန်းဆိုခဲ့ကြပေမယ့် ဂင်းနစ်ကမ္ဘာ့စံချိန်တွေမှာတော့ အသိအမှတ်ပြုထားခြင်း မရှိဘူးလို့ သိရပါတယ်။
NOM
202
Minneapolis မှာ လူဖြူအမျိုးသမီးတဦးကို သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ ICE အရာရှိဟာ ပြီးခဲ့တဲ့နှစ် နွေရာသီတုန်းက ကားတံခါးနဲ့ လက်ညပ်ပြီး တရွတ်ဆွဲပါသွားကာ ဒဏ်ရာရရှိခဲ့ဖူးသူဖြစ်တယ်လို့ CNN က ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်က သူဟာ သံသယရှိသူတဦးကို တားဆီးဖို့ လုပ်ဆောင်ရာကနေ အဆိုပါလူက ကားကို အရှိန်ပြင်းပြင်းနဲ့ မောင်းနှင်ခဲ့ရာမှာ နောက်ဘက်ပြတင်းပေါက်မှာ သူ့လက်မောင်းက ညပ်နေခဲ့ပြီး ဒရွတ်တွဲပါသွားခဲ့ကာ ဒဏ်ရာဆိုးဆိုးရွားရွားရခဲ့ဖူးတယ်လို့ ဆိုပါတယ်။
၆ လ ကြာမြင့်ပြီးနောက် မနေ့က အဆိုပါအရာရှိဟာ အသက် ၃၇ နှစ်အရွယ် Renee Nicole Good ကို သေနတ်ဆွဲထုတ်ပြီး ပစ်ခတ်ခဲ့တာပါ။ ဗီဒီယိုဖိုင်တွေအရ Renee ဟာ ကားကို မောင်းပြေးဖို့ ရည်ရွယ်ခဲ့တာမဟုတ်ပေမယ့် သူက မောင်းထွက်သွားမယ်လို့ ယူဆပြီး လုပ်ဆောင်ခဲ့တာလို့ အများစုက ယူဆနေကြပါတယ်။
NOM
202
+1
မနေ့က ပြုလုပ်ခဲ့တဲ့ ဟွန်းဒူရပ်စ်အမျိုးသားကွန်ဂရက်အစည်းအဝေးမှာ လွှတ်တော်အမတ်တဦးဖြစ်သူ GLADYS AURORA LOPEZ ကို အမည်မသိ လုပ်ကြံသူတဦးက ပေါက်ကွဲစေတဲ့ ပစ္စည်းတခုနဲ့ ပစ်ပေါက်ခဲ့တာပါ။ ပေါက်ကွဲမှုကြောင့် Lopez ဟာ အသက်ဘေးမထိခိုက်ခဲ့ပေမယ့် ထိခိုက်ဒဏ်ရာတွေရရှိသွားခဲ့ပါတယ်။
NOM
202
ဖက်ဒရယ်အေးဂျင့်တွေနဲ့ ပစ်ခတ်မှုကြောင့် လူနှစ်ဦး ဆေးရုံတက် ကုသမှုခံယူနေရတယ်လို့ Portland ရဲတပ်ဖွဲ့ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။ FBI Portland ရုံးရဲ့ X မှာ ရေးသားထားတဲ့ ပို့စ်တခုမှာ ပစ်ခတ်မှုအတွင်း အကောက်ခွန်နဲ့ နယ်စပ်ကာကွယ်ရေးအေးဂျင့်တွေ ပါဝင်နေပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့ ပါရှိပါတယ်။
ပစ်ခတ်ခံရသူတွေဟာ အမျိုးသားတဦးနဲ့ အမျိုးသမီးတဦးဖြစ်ပြီး အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။ မင်နီယာပိုလစ်မှာ မနေ့က ပစ်ခတ်မှုကြောင့် အမျိုးသမီးတဦး သေဆုံးခဲ့ပြီး မကျေနပ်မှုတွေ၊ ဆန္ဒပြမှုတွေ မြင့်တက်နေချိန်မှာ ဒီအဖြစ်အပျက်က ထပ်မံဖြစ်ပွားလာခဲ့တာပါ။ ဒါကြောင့် အမေရိကန်နိုင်ငံတွင်းမှာ ဖက်ဒရယ်အေးဂျင့်တွေအပေါ် မကျေနပ်မှုတွေလည်း တိုးပွားလာနေတယ်လို့ သိရပါတယ်။
NOM
202
၁၉၅၉ ခုနှစ်၊ ဇန်နဝါရီ ၈ ရက်နေ့၊ (ဒီလိုနေ့မျိုး)မှာ ဖီဒယ်ဘ်ကက်စထရိုဦးဆောင်တဲ့ ကျူးဘားတော်လှန်ရေးတပ်ဟာ အမေရိကန်ကျောထောက်နောက်ခံပေးထားတဲ့ ဘက်တစ္စတာအာဏာရှင်စနစ်ကို အဆုံးသတ်စေခဲ့ပြီး လူထုတိုက်ပွဲနဲ့ နယ်ချဲ့ဝါဒဆန့်ကျင်ရေးသမိုင်းဝင်အောင်ပွဲကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။
NOM
202
အမေရိကန်စွမ်းအင်ဌာနရဲ့အဆိုအရ ဝါရှင်တန်ဟာ ဗင်နီဇွဲလားရေနံကို ကမ္ဘာ့ဈေးကွက်ထဲ စတင်ရောင်းချနေပြီလို့ သိရပါတယ်။
ဒါဟာ အမေရိကန်၊ဗင်နီဇွဲလားနဲ့ မိတ်ဆွေမဟာမိတ်နိုင်ငံတွေအတွက် အကျိုးစီးပွားဖြစ်ထွန်းလိမ့်မယ်လို့လည်း ဆိုပါတယ်။ ရေနံရောင်းရငွေတွေဟာ အမေရိကန်ဘဏ်အကောင့်ထဲကိုသာ တိုက်ရိုက်စီးဆင်းမှာလည်း ဖြစ်ပါတယ်။
NOM
202
ကျနော်သာ ပါဝင်ပတ်သက်မှုမရှိရင် ရုရှားက ယူကရိန်းတနိုင်ငံလုံးကို ပိုင်ဆိုင်သွားလိမ့်မယ် - ဒေါ်နယ်ထရမ့်
“အမေရိကန်မပါရင် ရုရှားနဲ့ တရုတ်က NATO ကို မကြောက်ပါဘူး၊ တကယ်လို့ ကျနော်တို့ လိုအပ်ချိန်မှာသာဆို NATO က ကျနော်တို့ဘက်မှာ ရှိပါ့မလားလို့ သံသယရှိပါတယ်၊ ကျနော့်ရဲ့ ပထမသက်တမ်းအတွင်းမှာ ကန်စစ်တပ်ကို ပြန်လည်ထူထောင်ပြီးတော့ ဆက်လုပ်ဆောင်နေခဲ့တာမို့ အားလုံးကံကောင်းခဲ့ပါတယ်၊ NATO က ကျနော်တို့ဘက်မှာ မရှိရင်တောင် ကျနော်တို့က NATO ဘက်မှာ အမြဲရှိမှာပါ၊ တရုတ်နဲ့ ရုရှား ကြောက်ရွံ့လေးစားတဲ့ တခုတည်းသော နိုင်ငံက အမေရိကန်ပြည်ထောင်စုပါပဲ”
NOM
202
Minneapolis မြိုမှာ အသက် ၃၇ နှစ်အရွယ် လူဖြူအမျိုးသမီးတဦးကို လူဝင်မှုကြီးကြပ်ရေး အရာရှိတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ ဗီဒီယိုဖိုင်ဖြစ်ပါတယ်။
NOM
202
ဗင်နီဇွဲလားဟာ အမေရိကန်ထုတ် ထုတ်ကုန်တွေသာ ဝယ်ယူရမယ်လို့ ဧကရာဇ်ထရမ့်က အမိန့်ပေးလိုက်ပါတယ်။
“ဗင်နီဇွဲလားဟာ အမေရိကန်ထုတ် ထုတ်ကန်တွေကိုသာ ဝယ်ယူတော့မှာဖြစ်ပါတယ်” လို့ ထရမ့်က သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။
“တနည်းအားဖြင့် ဗင်နီဇွဲလားဟာ အမေရိကန်ပြည်ထောင်စုရဲ့ အဓိကမိတ်ဖက်အဖြစ် စီးပွားရေးလုပ်ကိုင်ဖို့ ကတိပြုထားပါတယ်” လို့လည်း သူက ပြောဆိုခဲ့ကာ အမြော်အမြင်ရှိတဲ့ ရွေးချယ်မှုဖြစ်တယ်လို့လည်း ထရမ့်က ထည့်သွင်းရေးသားခဲ့ပါတယ်။
NOM
202
+2
ယူကရိန်းတောင်ပိုင်းမြို့ Mykolaiv မှာ မွေးကင်းစကလေးငယ်တဦးကို ဒေါ်လာ ၁ သောင်းနဲ့ ရောင်းချခဲ့တဲ့ စုံတွဲကို ယူကရိန်းတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးချိန်အတွင်း ရောင်းချမှုကနေ ရရှိခဲ့တဲ့ ငွေသားတွေကို သိမ်းဆည်းမိခဲ့ပါတယ်။
အသက် ၂၁ နှစ်အရွယ် အမျိုးသမီးတဦးနဲ့ အသက် ၃၈ နှစ်အရွယ် အမျိုးသားတို့ကို ဖမ်းဆီးခဲ့တာဖြစ်ပြီး ကလေးမွေးဖွားပြီး တရက်အကြာမှာပဲ ရောင်းစားခဲ့တာပါ။ စောင်နဲ့ပတ်ထားတဲ့ ကလေးငယ်တဦးကိုလည်း လုံခြုံရေးတပ်ဖွဲ့ဝင်တဦးက ပွေ့ပိုက်ထားတာကို ရုပ်သံဖိုင်အတွင်းမှာ မြင်တွေ့ရပါတယ်။
ငွေကြေးလိုအပ်ချက်ကြောင့် အခုလိုလုပ်ဆောင်ခဲ့တာလို့ အဆိုပါစုံတွဲက ဝန်ခံခဲ့ပြီး ကလေးငယ်မွေးဖွာခါနီးမှာ ဝယ်ယူမယ့်သူတွေကို ရှာဖွေခဲ့ပြီး မမွေးခင်မှာပဲ ရောင်းချဖို့အတွက် သဘောတူညီမှုရခဲ့တယ်လို့လည်း ဝန်ခံခဲ့ကြပါတယ်။
NOM
202
အမေရိကန်နိုင်ငံ၊ Minneapolis မြို့မှာ အသက် ၃၇ နှစ်အရွယ် လူဖြူအမျိုးသမီးတဦးဟာ လူဝင်မှုကြီးကြပ်ရေးအရာရှိတွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ပါတယ်။
အမေရိကန်လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်ဥပဒေစိုးမိုးရေး (ICE) ကတော့ အရာရှိဖြစ်သူဟာ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့အတွက် ပစ်ခတ်ခဲ့ရတယ်လို့ ကာကွယ်ပြောဆိုခဲ့ပါတယ်။ အမျိုးသမီးက ကားနဲ့တိုက်ကာ ထွက်ပြေးဖို့ ကြိုးစားခဲ့ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။
မြို့တော်ဝန် ဂျက်ကော့ဘ်ဖရေးကတော့ ပစ်ခတ်မှုနဲ့ပတ်သက်ပြီး ဖက်ဒရယ်အရာရှိတွေရဲ့ ပြောဆိုချက်ကို ငြင်းဆိုခဲ့ကာ ICE အေးဂျင့်တွေကို မြို့ကနေ ထွက်ခွာဖို့ တောင်းဆိုခဲ့ပါတယ်။
ဒီ ပစ်ခတ်သတ်ဖြတ်မှုအတွက် မကျေနပ်ချက်တွေလည်း ရှိနေကာ ICE အေးဂျင့်တွေကတော့ မြို့တွင်းမှာ ဆက်လက်ရှိနေတယ်လို့ သိရပါတယ်။ သေဆုံးသူဟာ အသက် ၃၇ နှစ်အရွယ် Renee Nicole Good ဆိုသူဖြစ်ပြီး အမေရိကန်နိုင်ငံသူလည်း ဖြစ်ပါတယ်။
NOM
202
ဗင်နီဇွဲလားယာယီသမ္မတ ဒယ်လ်စီရိုဒရီဂွက်ဇ်ဟာ သမ္မတဂုဏ်ပြုတပ်ဖွဲ့ရဲ့ အကြီးအကဲဖြစ်သူကို ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။ ဂုဏ်ပြုတပ်ဖွဲ့ဟာ သမ္မတကို ကာကွယ်ပေးဖို့ တာဝန်ပေးအပ်ထားတဲ့ ကိုယ်ရံတော်တွေကို ပံ့ပိုးပေးရတဲ့ တပ်ဖွဲ့လည်း ဖြစ်ပါတယ်။ အမေရိကန်ရဲ့ စစ်ဆင်ရေးအတွင်း သေဆုံးခဲ့သူတွေထဲမှာ ကိုယ်ရံတော်တပ်ဖွဲ့ဝင်တွေလည်း ပါဝင်ခဲ့တယ်လို့ ယူဆရကြောင်း BBC က ဆိုပါတယ်။
NOM
202
+2
အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်သန်းလာခဲ့တဲ့ ရုရှားအလံလွှင့်တင်ထားတဲ့ ရေနံတင်သင်္ဘောကို အမေရိကန်က ကြားဖြတ်ထိန်းချုပ်မယ်လို့ သတင်းတွေထွက်ပေါ်လာပြီးနောက် ရုရှားသမ္မတပူတင်က အဆိုပါ သင်္ဘောကို လိုက်ပါစောင့်ရှောက်ပေးဖို့ ရေတပ်သင်္ဘောတွေနဲ့ ရေငုပ်သင်္ဘောတစင်းကို စေလွှတ်လိုက်တယ်လို့ သိရပါတယ်။
ဒီအကြောင်းကို ကန်အရာရှိတဦးက The Wall Street Journal ကို ပြောဆိုခဲ့တာပါ။ သင်္ဘောအမှုထမ်းတဦး ရိုက်ကူးခဲ့တဲ့ ဗီဒီယိုတခုမှာလည်း အမေရိကန်သင်္ဘော USCG Legend-Class ဟာ ရေနံတင်သင်္ဘောနောက်ကို ထပ်ချပ်မကွာလိုက်ပါနေတာကို ပြသထားပါတယ်။
NOM
202
ဒေါ်နယ်ထရမ့်ရဲ့ ရည်မှန်းချက်က ဂရင်းလန်းကို ဝယ်ယူဖို့ဖြစ်ပြီး အတင်းအကျပ်သိမ်းပိုက်ဖို့ မဟုတ်ဘူးလို့ ရူဘီယိုက လွှတ်တော်အမတ်တွေကို ပြောဆိုခဲ့ကြောင်း Washington Post က ဖော်ပြခဲ့ပါတယ်။
ပြင်းထန်တဲ့ အသုံးအနှုန်းတွေနဲ့ ပြောဆိုနေတာကလည်း ဒိန်းမတ်ကို ဆွေးနွေးပွဲစားပွဲဆီ တွန်းပို့ဖို့ ဖိအားနည်းဗျူဟာတခုဖြစ်ပြီး ကျူးကျော်ဖို့ အစပျိုးနေတာ မဟုတ်ရကြောင်းလည်း သူက ရှင်းပြခဲ့ကြောင်း သိရပါတယ်။
NOM
202
အိမ်ဖြူတော် မူဝါဒနဲ့ ပြည်တွင်းလုံခြုံရေးအကြံပေး ဒုတိယအရာရှိချုပ် Stephen Miller က ဂရင်းလန်းဟာ အမေရိကန်ပြည်ထောင်စုရဲ့ အစိတ်အပိုင်းတခု ဖြစ်သင့်တယ်လို့ ပြတ်ပြတ်သားသားပြောဆိုလိုက်ပြီး အာတိတ်နိုင်ငံရဲ့ အနာဂတ်အတွက် ဘယ်နိုင်ငံကမှ အမေရိကန်ကို တိုက်ခိုက်ရဲမှာမဟုတ်ဘူးလို့လည်း အခိုင်အမာပြောဆိုလိုက်ပါတယ်။
CNN ရဲ့ The Lead အစီအစဉ်မှာ သူက ပြောဆိုခဲ့တာဖြစ်ပြီး ဂရင်းလန်းကို သိမ်းပိုက်ဖို့ စစ်ရေးအင်အားအသုံးပြုမှာလားဆိုတဲ့ မေးခွန်းကိုတော့ သူက ထပ်တလဲလဲငြင်းဆန်ကာ မဖြေဆိုခဲ့ပါဘူး။
NOM
