ru
Feedback
EIO

EIO

Открыть в Telegram

⚠️ See early.Know first.Stay Safe.🙏🏻 📡စစ်ကိုင်းတိုင်း၊မုံရွာခရိုင်သတင်းများကို ဦးစားပေး၍ အချိန်နဲ့တပြေးညီ ကြိုးစားတင်ဆက်ပေးနေသော မြေပြင်အရင်းမြစ် သတင်းချန်နယ်တစ်ခုဖြစ်ပါသည်။ #NoNeedDictator #RejectOfMilitary 🔗 http://facebook.com/eagleinformation

Больше
1 057
Подписчики
-124 часа
+37 дней
+130 дней
Архив постов
EIO
1 056
Repost from EIO
🚨 [အထူးသတိပေးချက်] လူကို မယုံဘဲ စနစ်ကိုသာ ယုံကြည်ပါ ⚠️ — စစ်ကောင်စီ၏ ဘက်ပြောင်း/ဖမ်းဆီးခံရသူများ အသုံးပြု ထောင်ဖမ်းသည့် နည်းဗျူဟာ (Lure Tactics) များအား တုံ့ပြန်ကာကွယ်ခြင်း — အကြမ်းဖက်စစ်ကောင်စီသည် စစ်ရေး၊ နိုင်ငံရေး ဘက်ပေါင်းစုံတွင် အရေးနိမ့်လာသည်နှင့်အမျှ တော်လှန်ရေးတပ်ဖွဲ့များ၏ "ရဲဘော်ရဲဘက်စိတ်"နှင့် "ရင်းနှီးကျွမ်းဝင်မှု" များကို အခွင့်ကောင်းယူ၍ Lure Tactics (ထောင်ဖမ်းသည့် နည်းဗျူဟာများ)ကို အရှိန်အဟုန်မြှင့် ယခုနောက်ပိုင်းအသုံးပြုလာနေပါသည်။ တော်လှန်ရေးတွင် ပါဝင်နေသည့်ရဲဘော်များ၊ ထောက်ပံ့သူများနှင့် မိဘပြည်သူများ၏ အသက်အန္တရာယ်သည် သတင်းလုံခြုံရေး (OPSEC) ပေါ်တွင် တိုက်ရိုက် မူတည်နေပါသည်။ စစ်ကောင်စီသည် ဖမ်းဆီးရမိထားသော ရဲဘော်များ၊ ဘက်ပြောင်းသွားသူများ (သို့မဟုတ်) ၎င်းတို့၏ ဖုန်း/ဆိုရှယ်မီဒီယာ အကောင့်များကို သိမ်းပိုက်၍ "အကူအညီတောင်းခံခြင်း"၊ "ရိက္ခာ/လက်နက် ပို့ဆောင်ခိုင်းခြင်း"၊ "တွေ့ဆုံရန် ချိန်းဆိုခြင်း"စသည့် နည်းလမ်းမျိုးစုံဖြင့် အကွက်ဆင် ထောင်ဖမ်းလျက်ရှိသည်။ ထို့ကြောင့် မိဘပြည်သူများနှင့် တော်လှန်ရဲဘော်များအနေဖြင့် "လူကို မယုံဘဲ၊ စနစ်ကိုသာ ယုံကြည်ပါ"ဆိုသည့် မူကို တိကျစွာ လက်ကိုင်ထားပြီး အောက်ပါ ဆောင်ရန်/ရှောင်ရန်များကို မဖြစ်မနေ လိုက်နာကြပါရန် အသိပေး နှိုးဆော်အပ်ပါသည်။ 🛑 တော်လှန်ရဲဘော်များနှင့် ထောက်ပံ့သူများအတွက် ဆောင်ရန်/ရှောင်ရန်များ။ 🟢 ဆောင်ရန် (DOs) 🛡️ စိစစ်အတည်ပြုခြင်း စနစ် (Verification Protocol) ကျင့်သုံးပါ။ ခရီးသွားနေသည့် ရဲဘော်၊အဆက်အသွယ်ပြတ်နေသည့် အဖွဲ့ဝင် သို့မဟုတ် ဘက်ပြောင်းလာသူများထံမှ ဆက်သွယ်လာပါက ပုဂ္ဂိုလ်ရေးရင်းနှီးမှုကို အခြေမခံဘဲ မကြိုတင်ပြင်ဆင်နိုင်သော ကိုယ်ပိုင်လျှို့ဝှက် မေးခွန်းများ/စကားဝှက်များ (Challenge-Response Questions) ဖြင့် အထပ်ထပ် စိစစ်ပါ။ 🔐 သတင်းအချက်အလက် ခွဲခြားထိန်းသိမ်းပါ (Need-to-Know Basis)။ မည်မျှပင် ရင်းနှီးသူဖြစ်ပါစေ ၎င်း၏ တာဝန်နှင့် မသက်ဆိုင်သည့် စခန်းတည်နေရာ၊ စစ်ကြောင်းသွားလာမှု၊ ထောက်ပံ့ရေးလမ်းကြောင်းနှင့် အခြားရဲဘော်များ၏ သတင်းအချက်အလက်များကို လုံးဝ မမျှဝေပါနှင့်။ 📱 လုံခြုံရေးမြင့်မားသော ဆက်သွယ်ရေးစနစ်များ အသုံးပြုပါ။ Signal/Telegram ကဲ့သို့သော အက်ပ်များတွင် #Auto-delete (ပျောက်ကွယ်စာတို) စနစ်ကို အချိန်တိုတို သတ်မှတ်ထားပါ။ ပြင်ပဖုန်းလိုင်း (Regular Call/SMS) များမှတစ်ဆင့် လျှို့ဝှက်ချက်များ ပြောဆိုခြင်းကို ရှောင်ကြဉ်ပါ။ 🚨 အဆက်အသွယ်ပြတ်တောက်ပါက အရေးပေါ်စနစ် ပြောင်းပါ။ ရဲဘော်တစ်ဦးဦး (သို့မဟုတ်) ထောက်ပံ့သူတစ်ဦးဦး ဖမ်းဆီးခံရကြောင်း ကြားသိပါက (သို့မဟုတ်) မသင်္ကာဖွယ် ဆက်သွယ်မှုများ ရှိလာပါက ၎င်းနှင့် ပတ်သက်ဖူးသမျှ အကောင့်များ၊ အဆက်အသွယ်များကို ချက်ချင်းဖြတ်တောက်ပြီး #Safe House နှင့် လမ်းကြောင်းများကို အမြန်ဆုံး ပြောင်းလဲပါ။ 🔴 ရှောင်ရန် (DON'Ts) ❌ အရင်က ရင်းနှီးဖူးသည်ဆိုသော အကြောင်းတစ်ခုတည်းဖြင့် မယုံပါနှင့်။ ဖမ်းဆီးခံရသူ (သို့မဟုတ်) ဘက်ပြောင်းသွားသူ၏ အကောင့်များသည် စစ်ကောင်စီ၏ လက်ထဲတွင် ရှိနေနိုင်သကဲ့သို့ ဖိအားပေး ခြိမ်းခြောက်ခံထားရသည့်အတွက် ၎င်းကိုယ်တိုင်က စစ်ကောင်စီခိုင်းသည့်အတိုင်း ဆက်သွယ်နေခြင်း ဖြစ်နိုင်သည်။ ❌ ချိန်းဆိုမှုများသို့ တစ်ဦးတည်း/သတိမဲ့ မသွားပါနှင့်။ အရေးပေါ် ရိက္ခာ/ငွေကြေး သွားရောက်ပို့ဆောင်ရန် (သို့မဟုတ်) လူချင်းတွေ့ဆုံရန် ချိန်းဆိုလာပါက လုံခြုံရေး စိစစ်မှု မပြုလုပ်ဘဲ ရုတ်တရက် မသွားပါနှင့်။ ❌ ဖုန်း/ကွန်ပျူတာများတွင် အကဲဆတ်ဒေတာများ မသိမ်းထားပါနှင့်။ ဖမ်းဆီးခံရပါက အခြားရဲဘော်များပါ ကွင်းဆက်ပြတ် ပါဝင်သွားနိုင်သည့် မိမိအဖွဲ့ဝင်စာရင်း၊ ဓာတ်ပုံ၊ တည်နေရာ ဒေတာများနှင့် ဘဏ္ဍာရေး မှတ်တမ်းများကို သာမန်ဖုန်းများထဲတွင် သိမ်းဆည်းထားခြင်း မပြုပါနှင့်။ ❌ လူမှုကွန်ရက်ပေါ်တွင် တည်နေရာနှင့် လှုပ်ရှားမှုများ ဖော်ပြခြင်း မပြုပါနှင့်။ ခရီးသွားလာမှု၊ တပ်တည်နေရာ (သို့မဟုတ်) ထောက်ပံ့ရေး လုပ်ငန်းစဉ်များကို Facebook/Messenger စသည်တို့ပေါ်တွင် Check-in ဝင်ခြင်း၊ ပုံတင်ခြင်း လုံးဝ မပြုလုပ်ပါနှင့်။ 📢 မိဘပြည်သူများ သတိပြုရန် အကူအညီတောင်းဆိုမှုများကို အထူးသတိပြုပါ။ မိမိတို့ သိကျွမ်းသည့် ရဲဘော်တစ်ဦးဦးထံမှ (သို့မဟုတ်) တော်လှန်ရေး အကောင့်တစ်ခုခုထံမှ အရေးပေါ် ငွေကြေး သို့မဟုတ် ခိုလှုံခွင့် တောင်းခံလာပါက သက်ဆိုင်ရာ မြို့နယ်/နယ်မြေခံ တော်လှန်ရေး တာဝန်ရှိသူများထံ အခြားလမ်းကြောင်းမှတစ်ဆင့် မဖြစ်မနေ အတည်ပြုပါ။ *သတင်းလုံခြုံရေးသည် အသက်ဖြစ်သည်။ "ငါတို့နဲ့ ရင်းနှီးတာဘဲ" ဟူသော ပေါ့ဆမှုတစ်ခုသည် တော်လှန်ရဲဘော်များစွာ၏ အသက်နှင့် စခန်းတစ်ခုလုံး၏ လုံခြုံရေးကို ထိခိုက်စေနိုင်ကြောင်း အစဉ်သတိရပါ။ 💬 "တစ်ဦးတစ်ယောက်၏ ပေါ့ဆမှုသည် စခန်းတစ်ခု၊ ရဲဘော်တစ်စု၏ အသက်ကို ပေးဆပ်ရစေနိုင်ပါသည်။ စနစ်အတိုင်း လိုက်နာခြင်းသည် တော်လှန်ရေး၏ အကောင်းဆုံး ဒိုင်းကာ ဖြစ်သည်။" #Eagle_Information_Operator #EIO #OPSEC #SecurityAwareness #Alert #SagaingRegion #LureTactics #SafetyFirst

EIO
1 056
⚜️ #EIO_Update_News မုံရွာမြို့ထဲမှ ထွက်လာသော စခအိမ်စီးကား(၂)စီးသည် မုံရွာနယ်၊ တောင်ခြမ်း မအူဂိတ်မှ တောင်အရပ်သို့ ဆက်လက်ဦးတည်ကြောင်း သတင်းရရှိထားပါသည်။ #EIO Aug 28, 4:30PM @EIO2021_bot@EagleInformationOperator_bot

EIO
1 056
စကစ၏ "ပြေးဟပရောဂျက် ယခုတစ်ပတ်" အပတ်စဉ် တင်ဆက်နေကျဖြစ်တဲ့ စကစ၏ "ပြေးဟပရောဂျက် ယခုတစ်ပတ်" အစီအစဉ်နေ့သို့ ပြန်လည်ရောက်ရှိလို့ လာပါပြီ။ ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့ မှတ်တမ်းများအရ ၂၀၂၆ ခုနှစ်၊ သြဂုတ်လ ဒုတိယပတ် နှင့် တတိယပတ် အတွင်း အလင်းဝင်ပူးပေါင်းနှင့် လက်နက်ချ၊ စစ်သုံ့ပန်း စကစအဖွဲ့ဝင် စစ်သား၊ ရဲနဲ့ ပြည်သူ့စစ် စုစုပေါင်း ၂၀ ဦး ရှိခဲ့ကြောင်း တွေ့ရပါတယ်။ အလင်းဝင်ပူးပေါင်းလာသူများ (စုစုပေါင်း ၁၃ ဦး) စစ်သား ၁၀ ဦး -ကရင်ပြည်နယ် (၆) -မကွေးတိုင်း (၁) -ချင်းပြည်နယ် (၃) *(မှတ်ချက် - အလင်းဝင်ပူးပေါင်းလာသူ စစ်သား ၁၃ ဦးအနက် ၈ ဦးမှာ စစ်မှုထမ်းတပ်သားသစ်များ ဖြစ်သည်။)* ပြည်သူ့စစ် ၃ ဦး -စစ်ကိုင်းတိုင်း (၃) စစ်သုံ့ပန်းဖမ်းဆီးခံရသူများ (စုစုပေါင်း ၇ ဦး) စစ်သား ၇ ဦး -ကရင်နီပြည်နယ် (၄) -မကွေးတိုင်း (၃) *(မှတ်ချက် - စစ်သုံ့ပန်းဖမ်းဆီးခံရသူ စစ်သား ၇ ဦးအနက် ၁ ဦးမှာ စစ်မှုထမ်းတပ်သားသစ် ဖြစ်သည်။)* +++++++++++ စစ်ခေါင်းဆောင်ကြီးကတော့ အရပ်ဝတ်လဲပြီး သမ္မတလိုင်စင်အတုနဲ့ တရားဝင်မှုရှာပုံတော်ခရီးထွက်လိုက်၊ သတင်းဓာတ်ပုံရိုက်ပြီး လိုင်းပေါ်တင်လိုက်၊ အိမ်ပြန်ပြီး ညည်းတွားလိုက်၊ ပညာရေးကို ငှက်ပျောပင် စိုက်ခိုင်းလိုက် လုပ်နေပါတယ်။ "ငါတို့ခေါင်းဆောင်ကြီး သမ္မတဖြစ်ရင် ငါတို့ဘဝတွေ ပြောင်းလဲသွားမှာ"ဆိုပြီး ယုံကြည်ခဲ့တဲ့ စစ်သည်တွေခမျာမှာတော့ စစ်ပွဲနွံထဲ သက်ဆုံးတိုင် နစ်ဝင်ရင်း ဘဝတပါး ပြောင်းသူက ပြောင်း၊ ဆေးရုံပေါ် လဲသူက လဲနဲ့ 'အပြောင်း'၊ 'အလဲ'တွေ ဖြစ်ကုန်ကြပါပြီ။ မပြောင်းခင်၊ မလဲခင်လေး လက်နက်ချ အလင်းဝင်ခြင်းဖြင့် သင်နှင့် သင့်မိသားစု အနာဂတ်ဘဝကို ကယ်တင်ပေးကြဖို့ ပြည်သူ့ပန်းတိုင်က ထပ်မံ တိုက်တွန်းလိုက်ပါရစေ။ +++++++++++ ကိုးကား - (၈.၈.၂၀၂၆ ) မှ (၂၁.၈.၂၀၂၆) အတွင်း တော်လှန်ရေးအဖွဲ့အစည်းများ နှင့် မီဒီယာများ၏ သတင်းများ။ မှတ်ချက်။ ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့ မှတ်တမ်းများအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၆ ခုနှစ် သြဂုတ်လ ဒုတိယပတ် နှင့် တတိယပတ် အထိ အလင်းဝင်ပူးပေါင်းနှင့် လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း - ၃၈၁၅ ဦးထိရှိခဲ့ပါသည်။ ဆက်သွယ်ရန် ပြည်သူ့ပန်းတိုင်သို့ သတင်းအချက်အလက်များ ဆက်သွယ်လိုပါက – - တယ်လီဂရမ် : [@PeopleGoal] - ဗိုက်ဘာ : +66 94 652 9985 #PeoplesGoal #ပြည်သူ့ပန်းတိုင် #လက်နက်ချ #အလင်း၀င် #စစ်သုံ့ပန်း #ပြေးဟပရောဂျက်ယခုတစ်ပတ်

EIO
1 056
⚜️ #EIO_Update_News မုံရွာမြို့ထဲမှ ထွက်လာသော စခအိမ်စီးကား(၂)စီးသည် မုံရွာနယ်၊ တောင်ခြမ်း မအူဂိတ်သို့ ဝင်ရောက်ကြောင်း သတင်းရရှိထားပါသည်။ #EIO Aug 28, 3:52PM @EIO2021_bot@EagleInformationOperator_bot

EIO
1 056
⚜️ #EIO_Update_News မုံရွာမြို့၊ မိန်းကျောင်းအနီးဝန်းကျင်တွင် စခအအများသည် ပြည်သူအသွားအလာများကို အစစ်ဆေးပြုလုပ်၊ ဖမ်းဆီး ပေါ်တာဆွဲနေကြောင်း သတင်းရရှိထားပါသည်။ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက်၍ သွားလာကြပါရန်🙏🏻 #EIO Aug 28, 2:17PM @EIO2021_bot@EagleInformationOperator_bot

EIO
1 056
⚜️ #EIO_Update_News မုံရွာနယ် တောင်ခြမ်း၊ မအူဆီတန်းနှင့်တံတားဖြူသို့ ရောက်ရှိနေသော စခကင်းများသည် မအူဂိတ်သို့ ပြန်လည်ဝင်ရောက်သွားကြောင်း သတင်းရရှိထားပါသည်။ #EIO Aug 28, 11:34AM @EIO2021_bot@EagleInformationOperator_bot

EIO
1 056
Repost from EIO
ဖတ်ပါ၊စီစစ်ပါ၊မူရင်းအတိုင်းပြန်လည်မျှဝေပါ🙏 #EIO #Admin_Team #Eagle_Information_Operator
ဖတ်ပါ၊စီစစ်ပါ၊မူရင်းအတိုင်းပြန်လည်မျှဝေပါ🙏 #EIO #Admin_Team #Eagle_Information_Operator

EIO
1 056
⚜️ #EIO_Update_News မုံရွာနယ် တောင်ခြမ်း၊ စွမ်းရည်ထက်ဂိတ်မှ ထွက်လာသော စခကင်းများသည် ကူတော ကြာပိုင်ပေလမ်းဆုံသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။ #EIO Aug 28, 10:20AM @EIO2021_bot@EagleInformationOperator_bot

EIO
1 056
photo content

EIO
1 056
ရေသိုလှောင်ထားသော ပုံးများ၊ ဘူးများကို အဖုံးသေချာဖုံးထားရပါမယ်။ တစ်ပတ်တစ်ကြိမ်ခန့် ရေများသွန်ပစ်ပြီး အတွင်းပိုင်းများကို သေချာဆေးကြောသင့်ပါတယ်။ ပန်းအိုးများ၊ ရေထည့်ထားသော အပင်အိုးများနဲ့ တိရစ္ဆာန်အစာခွက် ရေခွက်များကိုလည်း ဆေးကြောပြီး ရေလဲပေးရပါမယ်။ ရေတင်ကျန်နေနိုင်ပြီး အသုံးမလိုတဲ့ ဘူးခွံ၊ ပုံး၊ ပုလင်းလွတ်၊ အိုးခွက်များ၊ ကားတာယာဟောင်းများကို စွန့်ပစ်ရပါမယ်။ ဒါမှမဟုတ် ရေမဝင်နိုင်အောင် မှောက်ထား၊ ဖုံးထားရပါမယ်။ ခြင်ကိုက်မခံရအောင်လည်း ကာကွယ်ကြရပါမယ်... • အရောင်ဖျော့ဖျော့ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည် ဝတ်ရပါမယ်။ • နေ့ရောညပါ ခြင်ထောင်နဲ့ အိပ်ရပါမယ်။ • ခြင်မကိုက်အောင် လိမ်းသောဆေးများ လိမ်းနိုင်ပါတယ်။ • ပြတင်းပေါက်များ၊ တံခါးများတွင် ခြင်လုံဇကာ တပ်သင့်ပါတယ်။ သတိထားတဲ့ကြားက ကူးစက်ခံရရင်တော့ ကလေးငယ်များ ဖျားပြီး ၃ ရက်ကနေ ၇ ရက်အတွင်းမှာ သွေးလန့်တတ်တာမို့ သတိထားပြီး စောင့်ကြည့်ရပါမယ်။ အထူးသဖြင့် အဖျားကျသွားပြီးမှ သွေးလန့်တတ်ပါတယ်။ သွေးလန့်နိုင်တဲ့ အန္တရာယ်လက္ခဏာတွေကတော့... - ခန္ဓာကိုယ်မှာ အနီစက်တွေထွက်လာခြင်း - နှာခေါင်းသွေး၊ သွားဖုံးသွေး ယိုခြင်း - ကော်ဖီရောင် (ညိုညိုမည်းမည်းများ) အန်ခြင်း - ဝမ်းမည်းမည်းသွားခြင်း - ကလေးက နုံးခွေနေခြင်း/ဂဏာမငြိမ်ခြင်း - ဗိုက်အလွန်အမင်းနာခြင်းတို့ ဖြစ်ပါတယ်။ ဒီလိုလက္ခဏာတွေ ပေါ်လာပြီး ၂၄-၄၈ နာရီအတွင်း သွေးလန့်တတ်တာမို့ အနီးဆုံး ဆေးရုံသို့သွားပြီး ဆေးကုသမှု ခံယူရပါမယ်။ .. ကဲ...ဒီလောက်ဆိုရင်တော့ သွေးလွန်တုပ်ကွေးနဲ့ ပတ်သက်ပြီး ဆင်ခြင်ဂရုပြုစရာ အချက်တွေကို နားလည်သိရှိသွားပြီလို့ မျှော်လင့်ပါတယ်နော်....။ 💞 ကလေးများအားလုံး ကျန်းမာပျော်ရွှင်နိုင်ကြပါစေ 💞 (ကလေးအထူးကုဆရာဝန်တစ်ဦး) တယ်လီကျန်းမာ

EIO
1 056
အားလုံး မပေါ့ကြပါနဲ့နော်... ဒီရက်ပိုင်း သွေးလွန်တုပ်ကွေးတွေ အဖြစ်များနေကြပါတယ်။ အထူးသဖြင့် ချင်းပြည်နယ်နဲ့ မကွေးတိုင်းဘက်မှာ တော်တော်လေးဖြစ်နေကြတယ်လို့ သတင်းရသလို တယ်လီကျန်းမာမှာ လာရောက်တိုင်ပင်ပြီး ကုသမှုခံယူတဲ့ သွေးလွန်တုပ်ကွေးလူနာတွေလည်း များပြားလာပါတယ်။ ဒါကြောင့် သွေးလွန်တုပ်ကွေးနဲ့ပတ်သက်ပြီး အရေးကြီးသိထားသင့်တဲ့ အချက်တွေနဲ့ အခြေခံဗဟုသုတလေးတွေအကြောင်းကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။ (တိုင်ပင်ဆွေးနွေး ကုသမှုခံယူလိုသူ/ အကြံဉာဏ်ရယူလိုသူတွေအနေနဲ့လည်း တယ်လီကျန်းမာရဲ့ Messenger ကိုဆက်သွယ်နိုင်ပါတယ်။ ဆရာဝန်များက အခမဲ့ ဆွေးနွေးအကြံပြုသွားမှာပါ။ ငွေကြေးတစ်စုံတစ်ရာ ပေးစရာမလိုပါနော်) ဂရုပြုရမည့် သွေးလွန်တုပ်ကွေးရောဂါအကြောင်း 👇👇👇 . ================ . မိုးကလေးအေးအေးနဲ့ အိပ်ရာထဲကွေးပြီး Revo music ကနေ သီချင်းလေးတွေ နားထောင်နေရတာ တကယ့်စည်းစိမ်ပဲ... "မိုး....ရွာမယ်ဆိုရင်လေ...သည်းလိုက်စမ်းပါ့ကွယ် " ငယ်ကတည်းက သဘောကျခဲ့တဲ့ မီမီဝင်းဖေသီချင်းလေး။ ရွာပါ... မိုးတွင်းမှာ သူ့ဟာသူမိုးရွာတာက ကောင်းပေမယ့် ခြင်တွေပေါက်ဖွားတတ်ကြတာကတော့ တကယ့်ပြဿနာပါ။ ခြင်ကြောင့်ဖြစ်တဲ့ ရောဂါတွေထဲမှာ ကလေးတွေကို ဒုက္ခအပေးဆုံးက သွေးလွန်တုပ်ကွေးပါ။ မြန်မာနိုင်ငံဟာ သွေးလွန်တုပ်ကွေး အဖြစ်များတဲ့နိုင်ငံတွေထဲ ပါပါတယ်။ နှစ်စဥ် သွေးလွန်တုပ်ကွေးကြောင့် အသက်ဆုံးရှုံးရတဲ့ကလေးတွေ ရှိနေဆဲဖြစ်ပြီး ဆေးရုံတက်ရတဲ့ ကလေးတွေလည်း အများကြီးပါ။ ဒါ့ကြောင့်လည်း သွေးလွန်တုပ်ကွေးလို့ ကြားလိုက်ရင် မိဘတွေ သိပ်စိတ်ပူကြတာပေါ့။ ဆရာဝန်တွေလည်း သွေးလွန်တုပ်ကွေးဆို ကြောက်ကြပါတယ်။ သွေးလွန်တုပ်ကွေးရာသီဆို ဆေးရုံမှာကလေးတွေ အပြည့်၊ နာမည်အတိုင်း သွေးထွက်သွေးယိုတတ်တဲ့အပြင် သွေးပေါင်ချိန်ကျပြီး Shock ရတတ်တာမို့ ၂ နာရီခြား ၄ နာရီခြား သွေးပေါင်ချိန်တိုင်းနေရတဲ့ ကလေးတွေ၊ shock ရသွားလို့ Drip တွေထည့်၊ သွေးရည်ကြည်တွေသွင်းထားရတဲ့ ကလေးတွေနဲ့ Duty ချိန်ဟာ ဘယ်လိုကုန်လို့ ကုန်သွားမှန်းမသိအောင် ပင်ပန်းရတဲ့အချိန်ပါ။ ကလေးတွေခမျာလည်း မသက်သာရှာပါဘူး။ နေမကောင်းရတဲ့အထဲ သွေးပေါင်တွေ လာချိန်ကြ၊ သွေးတွေ လာဖောက်ကြနဲ့ စိတ်ညစ်ကြရှာမှာပါပဲ။ ဒီလောက်တောင် ဒုက္ခပေးတဲ့ သွေးလွန်တုပ်ကွေးကို ကာကွယ်ဆေးထိုးပြီး ကာကွယ်ထားလို့မရဘူးလားလို့ မေးချင်ကြပါလိမ့်မယ်။ ရတော့ရပါတယ်၊ ဒါပေမယ့် ...... သွေးလွန်တုပ်ကွေးဖြစ်စေတဲ့ Dengue virus အကြောင်းလေး အရင် ပြောပြပါရစေ။ Dengue virus type 1,2,3,4 ဆိုပြီး ၄ မျိုးရှိပါတယ်။ ၄ မျိုးလုံးက သွေးလွန်တုပ်ကွေးဖြစ်စေပါတယ်။ အကြိမ်ကြိမ်အခါခါလည်း ပြန်ဖြစ်နိုင်ပါတယ်။ သွေးလွန်တုပ်ကွေးဆိုတဲ့ နာမည်အတိုင်းပဲ သွေးယို သွေးထွက်တာတွေအပြင် တုပ်ကွေးလို လက္ခဏာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။ အများအားဖြင့်က တုပ်ကွေးလက္ခဏာတွေဖြစ်တဲ့ ဖျားမယ်၊ ကိုယ်လက်နာမယ်၊ ခေါင်းကိုက်မယ် ဒီလောက်နဲ့ ပြီးသွားတတ်ပါတယ်။ ဒါ့ကြောင့်လည်း သွေးလွန်တုပ်ကွေးဖြစ်တာကို ဖြစ်လို့ဖြစ်မှန်း မသိလိုက်ကြတာတွေက အများကြီးပါ။ ၅% လောက်ကသာ သွေးယိုသွေးထွက်တာ၊ သွေးလန့်တာတွေကြောင့် အသက်အန္တရာယ်ရှိနိုင်တာပါ။ ပထမဆုံးအကြိမ်ဖြစ်ရင် ရောဂါလက္ခဏာတွေက သိပ်ပြင်းထန်လေ့မရှိပေမယ့် ဒုတိယအကြိမ်ဆိုရင်တော့ အပြင်းအထန်ဖြစ်တတ်ပါတယ်။ ဒါဟာ ရောဂါပိုးနဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ပဋိပစ္စည်းတွေ တိုက်ခိုက်ကြတာကြောင့်လို့ ဆိုပါတယ်။ သွေးလွန်တုပ်ကွေး ကာကွယ်ဆေး ထုတ်လုပ်နိုင်ဖို့ ကြိုးစားခဲ့ကြတာ ၁၉၂၀ ခုနှစ်တွေကတည်းကပါပဲ။ ဒါပေမယ့် အခုအချိန်အထိ ဈေးကွက်ထဲမှာရနိုင်တဲ့ သွေးလွန်တုပ်ကွေးကာကွယ်ဆေးကတော့ ၂ မျိုးပဲရှိပါတယ်။ Dengvaxia နဲ့ Qdenga ဆိုတဲ့ နာမည်တွေနဲ့ပါ။ Qdenga ကတော့ လေ့လာစမ်းသပ်နေဆဲလို့ ပြောရမှာပါ။ လောလောဆယ်မှာ Dengvaxia ကို WHO က အသက် ၉ နှစ်နဲ့ ၄၅ နှစ်ကြား အသက်အရွယ်တွေမှာ ထိုးနိုင်တယ်လို့ အသိအမှတ်ပြုထားပါတယ်။ အိမ်နီးချင်း ထိုင်းနိုင်ငံမှာလည်း ထိုးနေကြပါပြီ။ ဒါပေမယ့် ဒီဆေးက အရင်က သွေးလွန်တုပ်ကွေး ဖြစ်ဖူးပြီးသားသူတွေမှာပဲ ထိုးလို့ရပါတယ်။ သွေးလွန်တုပ်ကွေး တစ်ခါမှမဖြစ်ဖူးသေးတဲ့သူတွေမှာ ဒီကာကွယ်ဆေးထိုးပေးလိုက်ရင် ကာကွယ်ဆေးထိုးပြီးမှ သွေးလွန်တုပ်ကွေး ကူးစက်ခံရတဲ့အခါ ရောဂါလက္ခဏာပိုဆိုးပြီး ဆေးရုံတက်ရတဲ့ ကလေးတွေရှိခဲ့လို့ပါ။ ဒီကာကွယ်ဆေးဟာ သွေးလွန်တုပ်ကွေးဖြစ်ဖူးတဲ့ ကလေးတွေမှာ သွေးလွန်တုပ်ကွေး ၄ မျိုးလုံးကို ၈၀% ကာကွယ်ပေးနိုင်ပါတယ်။ ၆ လခြားပြီး ၃ ကြိမ် ထိုးနှံရမှာပါ။ ဒီလိုဆိုတော့ အသက် ၉ နှစ်အထက်လည်း ဖြစ်ရမယ်၊ သွေးလွန်တုပ်ကွေး ဖြစ်ဖူးကြောင်းလည်း သေချာရမယ်ဆိုတော့ ကလေးတိုင်းအတွက်တော့ အဆင်ပြေမယ် မဟုတ်ပါဘူး။ ဒါဆို ဘယ်လိုလုပ်ကြမလဲ...🤔 .. .. အဓိကတရားခံက ခြင်ဆိုတော့ အကောင်းဆုံးက ခြင်တွေမပေါက်ပွားအောင် ကာကွယ်ကြရမှာပါ။ "ဖုံး၊ သွန်၊ လဲ၊ စစ်" ပဲပေါ့။

EIO
1 056
⚜️ #EIO_Update_News ချောင်းဦးနယ် ခင်မွန်ဘက်စုံခြံနှင့် မြပုလဲဂိတ်မှ ထွက်လာသော စခကင်းများသည် ခင်မွန်ရွာထိပ်သို့ ရောက်ရှိ‌နေကြောင်း သတင်းရရှိထားပါသည်။ #EIO Aug 28, 9:58AM @EIO2021_bot@EagleInformationOperator_bot

EIO
1 056
Repost from EIO
⚠️ အများပြည်သူသို့ အသိပေးချက် သတင်းမှန်စိစစ်ရေး လမ်းညွှန် ⚠️ ⚠️ ယနေ့ခေတ်တွင် သတင်းအမှားနှင့် ကောလာဟလများသည် အများပြည်သူကို ထိ
⚠️ အများပြည်သူသို့ အသိပေးချက် သတင်းမှန်စိစစ်ရေး လမ်းညွှန် ⚠️ ⚠️ ယနေ့ခေတ်တွင် သတင်းအမှားနှင့် ကောလာဟလများသည် အများပြည်သူကို ထိတ်လန့်မှုဖြစ်စေပြီး ပျံ့နှံ့လျက်ရှိပါသည်။ 📌မိမိတို့၏ ဘေးကင်းလုံခြုံရေးအတွက် သတင်းတစ်ခုကို လက်ခံရရှိပါက အောက်ပါအတိုင်း စစ်ဆေးရန် တိုက်တွန်းအပ်ပါသည်။
🔍 စစ်ဆေးကြည့်ပါ - သတင်းပေးပို့သူသည် ခိုင်လုံသော သတင်းရင်းမြစ် ဖြစ်ပါသလား❓ ⏳ စောင့်ကြည့်ပါ - သတင်းတစ်ခုသည် မရေရာပါက အချိန်အနည်းငယ်စောင့်ပြီး တရားဝင်ထုတ်ပြန်ချက်များကို စောင့်ကြည့်ပါ။ 🛡️ ကာကွယ်ပါ - အတည်မပြုနိုင်သော သတင်းများကို မဖြန့်ဝေခြင်းဖြင့် မိမိပတ်ဝန်းကျင်ကို ထိတ်လန့်မှုမှ ကာကွယ်ပါ။
#EIO #Eagle_Information_Operator #SecurityAwareness #SpringRevolutionNews #Media_Literacy #Media_Ethics #Stay_Safe

EIO
1 056
⚜️ #EIO_Update_News မုံရွာနယ် တောင်ခြမ်း၊ ညောင်ဖြူပင်အထိုင်မှ စခများသည် လက်နက်ငယ်များ ရမ်းသမ်းပစ်ဖောက်နေကြောင်း သတင်းရရှိထားပါသည်။ #EIO Aug 28, 9:40AM @EIO2021_bot@EagleInformationOperator_bot

EIO
1 056
Repost from EIO
🚨 မုံရွာတောင်-ချောင်းဦး လမ်းပိုင်း ⚠️ (မုံရွာတောင် - ချောင်းဦး) မုံမန်းလမ်းမကြီးတလျှောက်တွင် ယခုရက်ပိုင်းအတွင်း အကြမ်းဖက် စစ
🚨 မုံရွာတောင်-ချောင်းဦး လမ်းပိုင်း ⚠️ (မုံရွာတောင် - ချောင်းဦး) မုံမန်းလမ်းမကြီးတလျှောက်တွင် ယခုရက်ပိုင်းအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အထိုင်ချရာ ဝပ်ကျင်းအသီးသီးမှ ပုံမှန်ထွက်လာပြီး လမ်းပိုင်းအလိုက် ကင်းပုန်းများချကာ နေရာယူလှုပ်ရှားနေခြင်း၊ အိမ်စီးကားများဖြင့် ခြေရှုပ်နေကြောင်း မြေပြင်သတင်းရင်းမြစ်များမှ သတင်းရရှိထားပါသည်။ ခရီးသွားမိဘပြည်သူများအနေဖြင့် အဆိုပါလမ်းပိုင်းကို အသုံးပြုရာတွင် အထူးဂရုစိုက်ကြပါရန်နှင့် အလုပ်သွား၊အလုပ်ပြန်များ အထူးဂရုစိုက်ကြပါ။ မလိုအပ်ဘဲ ဖြတ်သန်းသွားလာခြင်းများကို ရှောင်ရှား၍ စခ၊ပခများ၏ အဓမ္မဖမ်းဆီးခြင်း၊ ပေါ်တာဆွဲခြင်းမခံရစေရန် မိမိဘေးကင်းလုံခြုံရေးကိုသာ ဦးစားပေးကြပါရန် အနူးအညွတ် မေတ္တာရပ်ခံအပ်ပါသည်။ #EIO #Admin_Team #Eagle_Information_Operator @EIO2021_bot | @EagleInformationOperator_bot #EIO #PublicSafety #Monywa #ChaungU #Road_Safety_First #SecurityAlert #StaySafe

EIO
1 056
⚜️ #EIO_Update_News မုံရွာနယ် တောင်ခြမ်း၊ မအူဂိတ်မှ ထွက်လာသော စခကင်းများသည် မအူဆီတန်းနှင့် တံတားဖြူသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။ #EIO Aug 28, 9:15AM @EIO2021_bot@EagleInformationOperator_bot

EIO
1 056
⚜️ #EIO_Update_News မုံရွာနယ် တောင်ခြမ်း၊ စွမ်းရည်ထက်ဂိတ်မှ ထွက်လာသော စခကင်းများသည် မြေနဲရွာထိပ်သို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။ #EIO Aug 28, 9:12AM @EIO2021_bot@EagleInformationOperator_bot

EIO
1 056
⚜️ #EIO_Update_News မုံရွာနယ် တောင်ခြမ်း၊ မုံ‌ရွေးတိုးဂိတ်မှ ထွက်လာသော စခကင်းများသည် မုံရွေးဈေးထိပ်နှင့် ကြေးမုံရွာအ‌နောက်ထိပ်သို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။ #EIO Aug 28, 9:08AM @EIO2021_bot@EagleInformationOperator_bot

EIO
1 056
⚜️ #EIO_Update_News မုံရွာ၊နမခမှ ထွက်လာသော စခသံပြားကာကား(2)စီး၊အိမ်စီးကား(1)စီးသည် ယင်းမာပင်နယ် အကျိုးကန်းကုန်းသို့ ဝင်ရောက်ကြောင်း သတင်းရရှိထားပါသည်။ #EIO Aug 28, 9:02AM @EIO2021_bot@EagleInformationOperator_bot