EIO
Открыть в Telegram
⚠️ See early.Know first.Stay Safe.🙏🏻 📡စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အတွင်းရှိ သတင်းများကို ဦးစားပေး၍ အချိန်နဲ့တပြေးညီ ကြိုးစားတင်ဆက်ပေးနေသော သတင်းချန်နယ်တစ်ခုဖြစ်ပါသည်။ #NoNeedDictator #RejectOfMilitary 🔗 http://facebook.com/eagleinformation
Больше1 055
Подписчики
-124 часа
+17 дней
+830 дней
Архив постов
1 055
⚜️ #EIO_Update_News
မုံရွာမြို့ထဲမှ ထွက်လာသော စခအအပါသံပြားကာကား(၁)စီးသည် မုံရွာနယ်၊ တောင်ခြမ်း မအူဂိတ်သို့ ဝင်ရောက်ထားကြောင်း သတင်းရရှိထားပါသည်။
Jun 18, 9:31AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://t.me/eagleinformationoperator?direct
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
1 055
⚜️ #EIO_Update_News
မုံရွာမြို့၊ အီကိုကျောင်းမှ ထွက်လာသော စခ(၁)ဖွဲ့သည် မြို့ရှောင်လမ်း သီတဂူကျောင်းအနီးဝန်းကျင်မှ အရှေ့သို့ ဦးတည်နေကြောင်းသတင်းရရှိထားပါသည်။
Jun 18, 9:15AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
1 055
⚜️ #EIO_Update_News
မုံရွာမြို့ထဲမှ ထွက်လာသော စခအအပါသံပြားကာကား(၁)စီးသည် နတ်လူထိပ်ပန်ဖြတ်၍ တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။
Jun 18, 9:22AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://t.me/eagleinformationoperator?direct
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
1 055
⚜️ #EIO_Update_News
မုံရွာမြို့၊ စက်မှုဇုန် ငြိမ်းချမ်းရေးပဲခွဲစက်လမ်းဆုံအနီးတွင် အိမ်စီးကား(၆)စီးဖြင့် စခအအများ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။
မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက်၍ သွားလာကြပါရန်🙏🏻
Jun 18, 7:47AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 t.me/eagleinformationoperator?direct
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
1 055
Repost from EIO
🛡️ စစ်ရေးသတိဖြင့် ဘေးကင်းအောင်နေထိုင်စို့ - မိဘပြည်သူများအတွက် အသိပေးနှိုးဆော်ချက်။ ⚠️
တော်လှန်ရေးကာလအတွင်း နယ်မြေခံရဲဘော်များသည် ခုခံတွန်းလှန်စစ်အောင်ပွဲများကို အလီလီဖော်ဆောင်နိုင်ခဲ့ကြသော်လည်း စစ်ရေးသတင်းလုံခြုံမှု (#OPSEC) အရ အောင်ပွဲသတင်းအချို့ကို အချိန်နှင့်တပြေးညီ ထုတ်ပြန်ခြင်းမရှိဘဲ သိုဝှက်ထားခဲ့ကြရသည်များ ရှိပါသည်။ တော်လှန်ရေး ရဲဘော်များသည် ဆိုရှယ်မီဒီယာပေါ်တွင်သာ တိုက်ပွဲဝင်နေကြခြင်းမဟုတ်ဘဲ မြေပြင်တွင် အမှန်တကယ် စွန့်လွှတ်စွန့်စား တိုက်ပွဲဝင်နေကြခြင်း ဖြစ်ပါသည်။
လက်ရှိတွင် ရန်သူ၏အင်အား လှုပ်ရှားမှုအခြေအနေများအပေါ် မူတည်၍ တော်လှန်ရေး တပ်ရင်း၊တပ်ဖွဲ့များမှ စစ်ရေးဗျူဟာအရ ငြိမ်သက်သင့်သလောက် ငြိမ်သက်ထားရသော အခိုက်အတန့်လည်း ရှိကြပါသည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ရန်သူ၏အန္တရာယ်ကို ကြိုတင်ပြင်ဆင် ရှောင်ရှားနိုင်ရန်နှင့် အဖမ်းအဆီး၊ အဓမ္မဓားစာခံ ပြုလုပ်ခြင်းများမှ ကင်းဝေးစေရန် အောက်ပါ "ဆောင်ရန်၊ ရှောင်ရန်" အချက်များကို အထူးသတိပြု လိုက်နာကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
✅ ဆောင်ရန်အချက်များ (Dos)
📢 သတင်းနားစွင့်ပါ။
မိမိတို့နယ်မြေအလိုက် အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးနေသော ကျင့်ဝတ်၊စည်းကမ်း နဲ့ အညီ တော်လှန်ရေး အလုပ်လုပ်နေကြပါသော သတင်းပြန်ကြားရေးစက်ကြီးများနှင့် ပြန်ကြားရေးရဲဘော်များ၏ အသိပေး၊သတိပေး ထုတ်ပြန်ချက်များကို နေ့၊ ည မပြတ် အထူးဂရုတစိုက် နားစွင့်ကြပါ။
🎒 အရေးပေါ်အိတ် ပြင်ဆင်ပါ။
ရုတ်တရက် တိမ်းရှောင်ရပါက လွယ်ကူစေရန် ဆေးဝါး၊ အစားအစာ၊ အရေးကြီးစာရွက်စာတမ်းနှင့် အဝတ်အထည်အနည်းငယ်ပါသော အရေးပေါ်အိတ်ကို အမြဲအသင့်ပြင်ထားပါ။
📡 ဆက်သွယ်ရေးလမ်းကြောင်း ထားရှိပါ။
ရပ်ကွက်/ကျေးရွာအတွင်းရှိ ယုံကြည်ရသောသူများနှင့် ချိတ်ဆက်ထားပြီး အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှု သတင်းရလျှင်ရချင်း တစ်ဦးနှင့်တစ်ဦး အမြန်ဆုံး အသိပေးပါ။
🛡️ ဘေးကင်းရာသို့ တိမ်းရှောင်ပါ။
အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှုသတင်းကြားသည်နှင့် အချိန်ဆွဲခြင်းမပြုဘဲ ဘေးကင်းရာသို့ ကြိုတင်တိမ်းရှောင်ပါ။ "စစ်ရေးသတိ" သည် သင့်အသက်ကို ကယ်တင်ပါလိမ့်မည်။
❌ ရှောင်ရန်အချက်များ (Don'ts)
🚫 သတင်းမပေါ့ဆပါနှင့်။
"ငြိမ်နေတာပဲ၊ ဘာမှမဖြစ်လောက်ပါဘူး" ဟု အထင်မမှားပါနှင့်။ စစ်ရေးဆိုသည်မှာ ရန်သူ့အခြေအနေပေါ်မူတည်၍ အချိန်မရွေး ပြောင်းလဲနိုင်ပါသည်။
🚫 စခ၊ပခများနှင့် မတွေ့အောင်ရှောင်ပါ။
အကြမ်းဖက်စစ်ကောင်စီ၏ အခိုင်းအစေ ကျေးကျွန်များနှင့် လမ်းတွင်တွေ့ဆုံခြင်း၊ တိုးမိခြင်းများ လုံးဝ၊လုံးဝ မရှိစေရန် လမ်းကြောင်းများကို သေချာစုံစမ်းပြီးမှ သွားလာပါ။
🚫 ဓားစာခံအဖြစ် အဖမ်းမခံရစေနှင့်။
အကြမ်းဖက်စစ်ကောင်စီ၏ ကျေးကျွန်များသည် ပြည်သူကို ဓားစာခံအဖြစ် အသုံးပြုတတ်သဖြင့် အကြမ်းဖက် စစ်ကောင်စီ အခြေစိုက်ရာ စခန်းနှင့်ဝပ်ကျင်းချရာအနီးအနားသို့ သွားလာခြင်းကို အပြတ်အသတ် ရှောင်ကြဉ်ပါ။
🚫 စစ်ရေးသတင်း မဖြန့်ပါနှင့်။
တော်လှန်ရေးတပ်ဖွဲ့များ၏ တည်နေရာနှင့် လှုပ်ရှားမှုများကို ဖုန်းဖြင့်ပြောဆိုခြင်း၊ လူမှုကွန်ရက်ပေါ်တင်ခြင်းများ ကို လုံးဝ (လုံးဝ) မပြုလုပ်ပါနှင့်။သင့်ကြောင့် အသက်စွန့်၍ ရှေ့တန်းစစ်မျက်နှာပြင်တွင် တိုက်ပွဲဝင်နေကြသော တော်လှန်ရဲဘော်များ ဘေးမဖြစ်ပါစေနှင့်။
🚨 စစ်ရေးလှုပ်ရှားမှုဆိုသည်မှာ ခံစစ်ရှိသလို ထိုးစစ်လည်း ရှိပါသည်။ ရန်သူ၏ လှုပ်ရှားမှုအပေါ် မူတည်၍ တော်လှန်ရေးတပ်ဖွဲ့များမှ အစီအစဉ်တကျ လှုပ်ရှားနေရခြင်းဖြစ်သဖြင့် မိဘပြည်သူများအနေဖြင့် စိုးရိမ်ထိတ်လန့်ခြင်းထက် "အသိ၊ သတိ" ကို ရှေ့တန်းတင်ကြစေလိုပါသည်။ ⚠️
မိမိတို့နယ်မြေမှ ပြန်ကြားရေးရဲဘော်များသည် မိဘပြည်သူများ ဘေးကင်းစေရန် နေ့၊ညမပြတ် အပင်ပန်းခံပြီး သတင်းထုတ်ပြန်ပေးနေခြင်းဖြစ်ရာ၊ ထိုထုတ်ပြန်ချက်များကို လေးစားလိုက်နာခြင်းဖြင့် အသက်အန္တရာယ်မှ ကင်းဝေးကြပါစေကြောင်း ဆုတောင်းတိုက်တွန်းလိုက်ရပါသည်။
"စစ်ရေးသတိဖြင့် အောင်ပွဲဆီသို့" ✊🏻
#EIO #Eagle_Information_Operator #EmergencyAlert #PublicSafety #RevolutionNews #WarsCrimes_RejectMilitaryCoup #StopKillingCivilians #StopBombingCivilians #WhatsHappeningInMyanmar
1 055
Repost from EIO
🚨 "အရေးပေါ် လေကြောင်းသတိပေးချက်နှင့် တိုက်တွန်းချက်" (#EIO) ⚠️
📢 "လေကြောင်းအသိ၊လေကြောင်းသတိဖြင့် မိမိနှင့် မိမိပတ်ဝန်းကျင်ကို ကာကွယ်စို့"
အကြမ်းဖက် စစ်ကောင်စီ၏ လေတပ်စခန်းများနှင့် ဌာနချုပ်များမှတစ်ဆင့် #Jet_Fighters (ဂျက်တိုက်လေယာဉ်များ)၊#Mi_35P_Attack_Helicopters (တိုက်ခိုက်ရေးရဟတ်ယာဉ်များ)၊ #Y_12_Y_8_Military_Transport_Aircraft (ဗုံးကျဲနှင့်စစ်ထောက်ပို့လေယာဉ်များ)၊ #UVP_L_410_Military_Light_Transport_Aircraft (ဗုံးကျဲနှင့်ထောက်ပို့ အပေါ့စားလေယာဉ်များ)၊ #Paramotors (ပါရာမော်တာစက်တပ်လေထီးများ)၊ #Gyrocopters (ဂျိုင်ရိုကော့ပတာများ) နှင့် လူသတ်လက်နက်များဖြစ်သော #Kamikaze_Suicide_Drones (စွမ်းအားမြင့်အသေခံဒရုန်းများ)၊ #Attack_Drones (တိုက်ခိုက်ရေးဒရုန်းများ) ကို အသုံးပြုကာ ပြည်သူလူထုအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေခြင်းသည် လုံးဝမဖြစ်သင့်သည့် အကြမ်းဖက်မှု လုပ်ရပ်သာ ဖြစ်ပါသည်။
📌 အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်များသည် လျော့ပါးသွားခြင်းမရှိဘဲ ပိုမိုပြင်းထန်လာနိုင်သည့် အနေအထားတွင် ရှိနေပါသည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ဘေးကင်းမှုကို ရှေးရှုကာ အောက်ပါ "လေကြောင်းအသိ၊သတိ" များကို အထူးဂရုပြု လိုက်နာကြပါရန် #EIO_Admin_Team မှ အလေးအနက် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
🛡️ လိုက်နာရန် အရေးကြီးသည့် လမ်းညွှန်ချက်များ။
👂 အသံကို နားစွင့်ပါ။
ဒရုန်းများ(#Kamikaze_Sucide_Drone/#Attack_Drone)နှင့် အပေါ့စားလေယာဉ်များ (#Paramotor/#Gyrocopter) သည် ပုံမှန်ဂျက်လေယာဉ်များထက် အသံတိုးသော်လည်း နီးကပ်လာပါက ပန်ကာရိုက်ခတ်သံကို ကြားနိုင်ပါသည်။ ထူးခြားသောအသံကြားရပါက လူစုလူဝေးမှ ချက်ချင်းခွာပါ။
🚫 ရှောင်ပါ။
လူစုလူဝေးရှိရာနေရာများသည် အဓိက ပစ်မှတ်များ ဖြစ်လာနိုင်သဖြင့် အထူးဂရုစိုက် နားစွင့်၍ နေထိုင်ကြပါ။ဆူညံသံများဖြစ်သော အသံချဲ့စက်၊ဘောက်များဖွင့်ခြင်းကို လုံးဝ(လုံးဝ) ရှောင်ကြဉ်ကြပါ။
🛖 ခိုင်ခံ့သော နေရာတွင် ခိုလှုံပါ။
လေကြောင်းတိုက်ခိုက်မှု သတိပေးချက်ရသည်နှင့် တစ်ပြိုင်နက် သစ်ပင်ကြီးများအောက်တွင် မနေဘဲ ခိုင်ခံ့သော အဆောက်အအုံ (သို့မဟုတ်) မြေကျင်းများအတွင်း အမြန်ဆုံး ခိုလှုံပါ။
📱 သတင်းအချက်အလက်ကို စောင့်ကြည့်ပါ။
ဒေသတွင်း လေကြောင်း သတင်းပြန်ကြားရေးမှ သတိပေးချက်များ၊ အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးနေသော လေကြောင်းသတင်း #Channel များကို အမြဲမျက်ခြေမပြတ် စောင့်ကြည့်ပြီး အချင်းချင်း ဖုန်းဖြင့် သတင်းအား လက်ဆင့်ကမ်းခြင်း၊ နယ်မြေခံဆက်သွယ်ရေးကွန်ယက်များသို့ ဝေမျှပါ။လေကြောင်းသတင်းကို အမြဲမပြတ် နားစွင့်နေပါ။
🚫 တားမြစ်ချက်နှင့် မေတ္တာရပ်ခံချက်။
မိမိတို့ဝန်းကျင်တွင် လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားပါက ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးခြင်းနှင့် #Social_Media ပေါ်တွင် ချက်ချင်းတင်ခြင်းများကို လုံးဝ (လုံးဝ) မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ထိုသို့တင်ခြင်းသည် တိုက်ခိုက်သူများအတွက် #Target မှန်၊ မမှန် #Feedback ပေးသကဲ့သို့ ဖြစ်စေပြီး နောက်ထပ်တိုက်ခိုက်မှုများ ပြုလုပ်ရန် လမ်းညွှန်ပေးရာ ရောက်ပါသည်။
"မိဘပြည်သူတို့ရဲ့ အသက်ပေါင်းများစွာကို အကာအကွယ်ပေးနိုင်ဖို့ "လေကြောင်းအသိ၊ လေကြောင်းသတိ" အမြဲရှိကြပါစို့။"✨
"မိဘပြည်သူအားလုံး ဘေးအန္တရာယ်ကင်းပြီး ကျန်းမာကြပါစေ"🙏🏻
#EIO_Update_News #MiliitaryAtrocities #MilitaryTerrorists #StopBombingCivilians #StopKillingCivilians #AirSecurityAlert #StaySafeMyanmar #SafetyAwareness #WhatsHappeningInMyanmar
1 055
Repost from EIO
🚨 မိဘပြည်သူများအတွက် အရေးပေါ် သတိပေးချက် 🚨
လတ်တလော မုံရွာမြို့ပေါ်နှင့် လမ်းကြိုလမ်းကြားများ၊ မြို့အဝင်အထွက်များတွင် စစ်ကောင်စီ (စကစ) မှ အိမ်စီးကားများကို အသုံးပြု၍ အတင်းအဓမ္မ ဖမ်းဆီးခြင်းနှင့် ပေါ်တာဆွဲခြင်းများ ပြုလုပ်နေကြောင်း သတင်းများ ရရှိထားပါသည်။
မိဘပြည်သူများ ဘေးကင်းလုံခြုံစေရန် အောက်ပါအချက်များကို အထူးသတိထား လိုက်နာကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
⚠️ သတိပြုရန် အချက်များ
🔹 ဒေသခံ တော်လှန်ရေးအဖွဲ့အစည်းများ၏ အသိပေးချက်များကို စောင့်ကြည့်လိုက်နာပါ။
🔹 မြေပြင်သတင်းချန်နယ်များကို ဖတ်ရှုကြပါ။
🔹 နီးစပ်ရာ အချင်းချင်း သတင်းအချက်အလက်များ မျှဝေကြပါ။
🚫 လုံးဝ မပြုလုပ်ရ
❌ စခ / ရခ ယာဉ်တန်းများအနီးတွင် မနေပါနှင့်။
❌ စခ / ရခ ယာဉ်တန်းနှင့်အတူ လိုက်ပါ မောင်းနှင်ခြင်း မပြုလုပ်ပါနှင့်။
❌ စခ / ရခ အထိုင်ဂိတ်များအနီးတွင် ကြာမြင့်စွာ မနေပါနှင့်။
🚑 ကျန်းမာရေးကိစ္စများနှင့် စားဝတ်နေရေးအတွက် မဖြစ်မနေ ခရီးသွားလာရပါက အထူးသတိဖြင့် သွားလာကြပါရန် တိုက်တွန်းအပ်ပါသည်။
🙏 မိဘပြည်သူများအားလုံး ကျန်းမာ၍ ဘေးကင်းကြပါစေ။
⚜️ မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO Admin Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။
📲 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန်
🤖 Telegram – @EIO2021_bot | @EagleInformationOperator_bot
📧 Email – eagleinformationoperators@gmail.com
🔵 Facebook Page – facebook.com/eagleinformation
🌐 Telegram Channel – t.me/eagleinformationoperator
#EIO #EmergencyAlert #StaySafe #Monywa #SecurityUpdate #CivilianMilitaryServiceLaw #MilitaryServiceTraining #BasicRecruitTraining #MilitaryCommission #UnlawfulArrest #HumanRightsViolation
1 055
Repost from EIO
+6
" ပြည်သူအားလုံးဟာ ငါတို့ရဲ့ မျက်စိနဲ့ နား "
✨ ယနေ့အချိန်ထိ မြေပြင်နှင့် လေကြောင်း သတင်းအချက်အလက်များကို တာဝန်သိစိတ်ဖြင့် အချိန်နှင့်တစ်ပြေးညီ ပေးပို့ခဲ့ကြသော တော်လှန်ရေးရဲဘော်များနှင့် မိဘပြည်သူတစ်ဦးတစ်ယောက်ချင်းစီကို #Eagle_Information_Operator (#EIO) မှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။ 🫡
"မိတ်ဆွေ၏ သတင်းပေးပို့မှုသည်
ပြည်သူ့အသက်ကို ကယ်တင်နိုင်ပြီး🙏🏻
ရဲဘော်တို့၏ လုံခြုံရေးကို အထောက်အကူပြုသည့်အပြင်၊
အကြမ်းဖက် စစ်ကောင်စီ၏နိဂုံးကိုလည်း အရှိန်အဟုန်မြှင့်တင်ပေးနိုင်ပါသည်။"✊🏻
#EIO_Admin_Team
#Eagle_Information_Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
👉🏻 @EIO2021_bot
👉🏻 @EagleInformationOperator_bot
👉🏻 http://www.eagleinformationoperators@gmail.com
🌐 https://t.me/eagleinformationoperator
🔵 https://www.facebook.com/eagleinformation
1 055
Repost from EIO
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.
ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော
အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏
#Admin_Team
#Eagle_Information_Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1 055
⚜️ #EIO_Update_News
ယနေ့ည(၆:၃၀)အချိန်ခန့်တွင် မုံရွာနယ်၊ ကံမရွာမှ တောင်သို့သွားသော ခြေလျင်စခများနှင့် စခအိမ်စီးကားများသည် မြို့ပတ်လမ်းအနောက်ဘက် ဝါးတားပတ်မှ တဆင့် မုံရွာမြို့တွင်းသို့ ပြန်လည် ဦးတည်သွားကြောင်း သတင်းရရှိထားပါသည်။
Jun 17, 10:43PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 t.me/eagleinformationoperator?direct
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
1 055
Repost from EIO
🙏🏻 ကိုးကွယ်မှုထက် အရေးကြီးသော "လူပီသမှု"‼️
ကျွန်တော်တို့ လူ့အဖွဲ့အစည်းတွင် ဘာသာတရားဟူသည် စိတ်ခွန်အား ရရှိစေရန်နှင့် လမ်းမှန်ပေါ်သို့ လျှောက်လှမ်းနိုင်ရန် လမ်းပြမြေပုံများသဖွယ် တည်ရှိနေကြသည်။ မတူညီသော ဘာသာအယူဝါဒများ၊ မတူညီသော ဘုရားကျောင်းကန်များ ရှိကြသော်လည်း အားလုံး၏ တူညီသော ဦးတည်ချက်မှာ "ကောင်းမြတ်သော လူသားတစ်ယောက် ဖြစ်လာစေရန်" ပင် ဖြစ်သည်။
ဘုရားကျောင်းကန်များသို့ သွားရောက်ကာ လက်အုပ်ချီ မိုးနေရုံမျှဖြင့် လူကောင်းတစ်ယောက် ဖြစ်မလာနိုင်ပါ။ လက်အုပ်ချီလိုက်သည့် အချိန်တွင် မိမိ၏ စိတ်နှလုံးသည်လည်း နှိမ့်ချမှု၊ မေတ္တာတရားနှင့် သစ္စာတရားတို့ဖြင့် ပြည့်ဝနေရန် လိုအပ်ပါသည်။ အပြင်လောကသို့ ပြန်လည်ရောက်ရှိချိန်တွင် အခြားသူများအပေါ် အနိုင်ကျင့်ခြင်း၊ မုသားပြောခြင်းနှင့် ကိုယ်ချင်းစာတရား ကင်းမဲ့ခြင်းများကို ပြုလုပ်နေမည်ဆိုပါက ကျွန်တော်တို့ ရှိခိုးခဲ့သော ဘုရားသည်လည်း ကျွန်တော်တို့၏ လုပ်ရပ်ကို ကောင်းချီးပေးမည် မဟုတ်ပေ။
လူပီသခြင်းဆိုသည်မှာ လူပီသခြင်းဟူသည် ခက်ခဲနက်နဲသော အရာမဟုတ်ပါ။ကိုယ်ချင်းစာတရားရှိခြင်းဆိုတာ မိမိမကြိုက်သော အရာကို သူတစ်ပါးအပေါ် မလုပ်မိခြင်း။
သစ္စာတရား စောင့်သိခြင်းဆိုသည်မှာ ပြောသည့်စကားနှင့် လုပ်သည့်လုပ်ရပ် ထပ်တူကျခြင်းဖြစ်သည်။ အမှားကို ဝန်ခံရဲခြင်းရှိရပြီး မိမိမှားယွင်းခဲ့ပါက မာန်မာနကို လျှော့ချပြီး ပြုပြင်ရန် ကြိုးစားခြင်းရှိရပါမည်။
အများအကျိုးကို ရှေးရှုပြီး မိမိရှင်သန်နေထိုင်မှုသည် ပတ်ဝန်းကျင်အတွက် အဆိပ်အတောက် မဖြစ်စေဘဲ အကျိုးတစ်ခုခု ရှိနေစေခြင်း။
အလုပ်ကသာလျှင် အဖြေဖြစ်သည်။မည်သည့်ဘုရားကိုပဲ လက်အုပ်ချီချီ၊ မိမိ၏ လက်တွေ့လုပ်ဆောင်ချက် (#Action) များကသာ မိမိသည် မည်ကဲ့သို့သော လူစားမျိုးဖြစ်သည်ကို သက်သေပြပါလိမ့်မည်။
ဝတ်ပြုကိုးကွယ်မှုသည် စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုအတွက် ဖြစ်သော်လည်း၊ လူပီသမှုသည် လူမှုပတ်ဝန်းကျင် ငြိမ်းချမ်းရေးအတွက် အခြေခံအုတ်မြစ် ဖြစ်သည်။
ဘာသာရေးဟူသည် လူသားဆန်မှုကို မြှင့်တင်ပေးသည့် အထောက်အကူပြု ကိရိယာတစ်ခုသာ ဖြစ်သင့်ပါသည်။ ကိုးကွယ်မှုနောက်ကွယ်တွင် လူသားချင်း စာနာမှု ကင်းမဲ့နေမည်ဆိုပါက ထိုကိုးကွယ်မှုသည် အနှစ်သာရ မရှိနိုင်ပါ။
ထို့ကြောင့် ဘယ်ဘုရားကိုပဲ ကိုးကွယ်သည်ဖြစ်စေ၊ ဘယ်ဘာသာကိုပဲ ယုံကြည်သည်ဖြစ်စေ အရေးအကြီးဆုံးမှာ "လူသားတစ်ယောက်အနေဖြင့် လူပီသစွာ နေထိုင်တတ်ရန်" ပင် ဖြစ်ပါသည်။
✨ "လူသားအားလုံး ကိုယ်ချင်းစာတရားကိုယ်စီဖြင့် လူပီသစွာ ရှင်သန်နိုင်ကြပါစေ" 🙏🏻
#PKK_News #EIO #Humanity #Ethic #StopKillingCivilians #StopBombingCivilians #WhatsHappeningInMyanmar #GlobalCitizen
1 055
Repost from EIO
📢 သတင်းပေးပို့သူများသို့ အသိပေးချက် ⚠️
📌 သတင်းပေးပို့သူ (#Informant) တစ်ဦးချင်းစီ၏ သတ္တိ၊ တာဝန်ယူမှုနှင့် ပေးဆပ်မှုများကို #EIO_Admin_Team မှ အမြဲတမ်း လေးစားတန်ဖိုးထားလျက်ရှိပါသည်။ ✨
📌 မိမိတို့ဒေသအတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းဆိုင်ရာ ဖြတ်သန်းမှုများ၊ အကြမ်းဖက် စစ်ကောင်စီတပ်၏ လှုပ်ရှားမှု၊ တပ်စွဲနေရာများနှင့် ယာဉ်တန်းသတင်းများကို အချိန်နှင့်တပြေးညီ ပေးပို့ပေးခြင်းသည် တော်လှန်ရေးအတွက် အရေးပါသည့် “မျက်စိနှင့် နား” ဖြစ်သကဲ့သို့ ပြည်သူများ၏ အသက်အိုးအိမ်ကို ကာကွယ်ပေးနေခြင်းလည်း ဖြစ်ပါသည်။ ✨🛡️ ၁။ သတင်းပေးပို့သူများအား တန်ဖိုးထားခြင်း 📌 #EIO_Admin_Team အနေဖြင့် သတင်းပေးပို့သူများ၏ ဘေးကင်းလုံခြုံရေးကို ပထမဦးစားပေး (Top Priority) အဖြစ် သတ်မှတ်ထားပါသည်။ ✨
✅ သတင်းအချက်အလက်တစ်ခု ရရှိလာရန် မည်မျှအန္တရာယ်များကြောင်း နားလည်ထားသည့်အတွက် ပေးပို့လာသော သတင်းတိုင်းကို အလေးအနက်ထား၍ စိစစ်အသုံးပြုလျက်ရှိပါသည်။ ✨📌 မိတ်ဆွေတို့၏ ကြိုးပမ်းအားထုတ်မှုများသည် တော်လှန်ရေးအောင်ပွဲအတွက် အရေးပါသော မောင်းနှင်အားတစ်ရပ်ဖြစ်ကြောင်း မှတ်တမ်းတင်အပ်ပါသည်။ ✨ 🔐 ၂။ လုံခြုံရေးနှင့် လျှို့ဝှက်ချက် ထိန်းသိမ်းမှု 📌 သတင်းပေးပို့သူများ စိတ်ချလက်ချ ဆက်သွယ်နိုင်စေရန် အောက်ပါအချက်များကို တိကျစွာ လိုက်နာဆောင်ရွက်လျက်ရှိပါသည်။ 👤 သတင်းရင်းမြစ် ဖုံးကွယ်ခြင်း 📌 ပေးပို့သူ၏ အမည်၊ အကောင့်နှင့် တည်နေရာတို့ကို မည်သည့်အခြေအနေတွင်မျှ ထုတ်ဖော်ခြင်းမပြုဘဲ လျှို့ဝှက်အဆင့် (၁) ဖြင့် ထိန်းသိမ်းထားပါသည်။ 💻 Digital Security 📌 သတင်းပေးပို့ပြီးနောက် #Chat_Log များအား စနစ်တကျ ဖျက်သိမ်းခြင်းနှင့် လုံခြုံရေးအကာအကွယ်များကို နည်းပညာပိုင်းဆိုင်ရာအရ ဆောင်ရွက်ထားပါသည်။ 🛡️ ဘေးကင်းရေး လမ်းညွှန်မှု 📌 သတင်းပေးပို့ရာတွင် သတိပြုရမည့်အချက်များနှင့် ဒစ်ဂျစ်တယ်လုံခြုံရေးဆိုင်ရာ အသိပညာများကိုလည်း မိမိတို့ #EIO_Admin_Team အနေဖြင့် စဉ်ဆက်မပြတ် ဆက်လက်မျှဝေပေးလျက်ရှိပါသည်။ ⚠️ ၃။ သတင်းပေးပို့သူများသို့ မေတ္တာရပ်ခံချက် 📌 မိမိကိုယ်တိုင် လုံခြုံမှုရှိနေမှသာ တော်လှန်ရေးအတွက် ရေရှည်ဆက်လက်ကူညီနိုင်မည်ဖြစ်သောကြောင့် အောက်ပါအချက်များကို အထူးဂရုပြုပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 📱 Two-Step Verification ⚠️ သတင်းပေးပို့ရာတွင် အသုံးပြုသည့် ဖုန်းနှင့် စက်ပစ္စည်းများတွင် အမြဲဖွင့်ထားပါ။ 🗑️ Chat Cleanup ⚠️ သတင်းပေးပို့ပြီးတိုင်း #Chat များအား #Delete ပြုလုပ်ရန် (သို့မဟုတ်) #Vanish Mode အသုံးပြုရန်။ 👁️ Environmental Awareness ⚠️ သတင်းရယူရာတွင် မိမိပတ်ဝန်းကျင်အခြေအနေကို အမြဲသတိပြု၍ မျက်ခြေမပြတ် စောင့်ကြည့်ပါ။ 🕊️ “လူထု၏ မျက်စိ၊ လူထု၏ နား…အောင်ပွဲဆီသို့ ရောက်ရှိနိုင်ရန် သင်တို့၏ သတင်းစကားများသည် အရေးကြီးဆုံးဖြစ်ပါသည်။” ⚠️တာဝန်သိစိတ်ဖြင့် သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com ပြည်သူနှင့်အတူ ရပ်တည်ပေးနေသော သတင်းပေးပို့သူ တစ်ဦးချင်းစီအား မိမိတို့ #EIO (ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေး) မှ အထူးကျေးဇူးတင်ရှိပါသည်။ 🙏🏻 #EIO_Admin_Team #Eagle_Information_Operator #Civilian_Intelligence #DigitalSecurity #Revolution_News #Ethics
1 055
Repost from EIO
⚠️ အများပြည်သူသို့ အသိပေးချက် သတင်းမှန်စိစစ်ရေး လမ်းညွှန် ⚠️
⚠️ ယနေ့ခေတ်တွင် သတင်းအမှားနှင့် ကောလာဟလများသည် အများပြည်သူကို ထိတ်လန့်မှုဖြစ်စေပြီး ပျံ့နှံ့လျက်ရှိပါသည်။
📌မိမိတို့၏ ဘေးကင်းလုံခြုံရေးအတွက် သတင်းတစ်ခုကို လက်ခံရရှိပါက အောက်ပါအတိုင်း စစ်ဆေးရန် တိုက်တွန်းအပ်ပါသည်။
🔍 စစ်ဆေးကြည့်ပါ - သတင်းပေးပို့သူသည် ခိုင်လုံသော သတင်းရင်းမြစ် ဖြစ်ပါသလား❓ ⏳ စောင့်ကြည့်ပါ - သတင်းတစ်ခုသည် မရေရာပါက အချိန်အနည်းငယ်စောင့်ပြီး တရားဝင်ထုတ်ပြန်ချက်များကို စောင့်ကြည့်ပါ။ 🛡️ ကာကွယ်ပါ - အတည်မပြုနိုင်သော သတင်းများကို မဖြန့်ဝေခြင်းဖြင့် မိမိပတ်ဝန်းကျင်ကို ထိတ်လန့်မှုမှ ကာကွယ်ပါ။#EIO #Eagle_Information_Operator #SecurityAwareness #SpringRevolutionNews #Media_Literacy #Media_Ethics #Stay_Safe
1 055
⚜️ #EIO_Update_News
မုံရွာမြို့ထဲမှ ထွက်လာသော စခအိမ်စီးကားများနှင့် ခြေလျင်စခများသည် အက်တောအဝိုင်းပတ်မှ ကံမရွာဘက်သို့ ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။
Jun 17, 5:10PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 t.me/eagleinformationoperator?direct
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
1 055
⚜️ #EIO_Update_News
မုံရွာမြို့ထဲမှ ထွက်လာသော စခအိမ်စီးကားများသည် အက်တောအဝိုင်းပတ်သို့ ပြန်လည်ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။
Jun 17, 4:25PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 t.me/eagleinformationoperator?direct
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
