ru
Feedback
EIO

EIO

Открыть в Telegram

⚠️ See early.Know first.Stay Safe.🙏🏻 📡စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အတွင်းရှိ သတင်းများကို ဦးစားပေး၍ အချိန်နဲ့တပြေးညီ ကြိုးစားတင်ဆက်ပေးနေသော သတင်းချန်နယ်တစ်ခုဖြစ်ပါသည်။ #NoNeedDictator #RejectOfMilitary 🔗 http://facebook.com/eagleinformation

Больше
1 056
Подписчики
Нет данных24 часа
+27 дней
+630 дней
Архив постов
EIO
1 056
Repost from EIO
"ပြည်သူအားလုံးဟာ ငါတို့ရဲ့ မျက်စိနဲ့ နား" 📌ယနေ့အချိန်ထိ မြေပြင်နှင့် လေကြောင်း သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ တာဝန
+6
"ပြည်သူအားလုံးဟာ ငါတို့ရဲ့ မျက်စိနဲ့ နား" 📌ယနေ့အချိန်ထိ မြေပြင်နှင့် လေကြောင်း သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ တာဝန်သိစိတ်ဖြင့် ပေးပို့ခဲ့ကြသော တလရဲ‌ဘော်များနှင့် မိဘပြည်သူ တစ်ဦးတစ်ယောက်ချင်းစီကို Eagle Information Operator (#EIO) မှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။ "မိတ်ဆွေ၏ သတင်း‌ပေးပို့မှုသည်... ပြည်သူ့အသက်ကို ကယ်တင်နိုင်ပြီး🙏🏻 ရဲဘော်တို့၏ လုံခြုံရေးကို အထောက်အကူပြုပါသည်။ စခတို့၏ နိဂုံးကိုလည် အရှိန်အဟုန်မြှင့်စေသည်။"✊🏻 #AdminTeam #Eagle Information Operator #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 👉🏻 @EIO2021_bot 👉🏻 @EagleInformationOperator_bot 👉🏻 http://www.eagleinformationoperators@gmail.com 🌐 https://t.me/eagleinformationoperator 🔵 https://www.facebook.com/eagleinformation

EIO
1 056
Repost from EIO
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။ ၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။ ၃။ မနုဿတောဝါ - လူဆိုးလူကြမ်း ဘေးမှလည်းကောင်း။ ၄။ အမန
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။ ၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။ ၃။ မနုဿတောဝါ - လူဆိုးလူကြမ်း       ဘေးမှလည်းကောင်း။ ၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.                     ဘေးမှ လည်းကောင်း။ ၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။ ၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။ ၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်        ဘေးမှ လည်းကောင်း။ ၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော          အနာရောဂါ ဘေးမှလည်းကောင်း။ ၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော        အကျင့်ဘေးမှလည်းကောင်း။ ၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏          ဘေးမှလည်းကောင်း။ ၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ          တို့၏ ဘေးမှလည်းကောင်း။ ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏 #AdminTeam #Eagle Information Operator #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)

EIO
1 056
Repost from EIO
လိပ်ပြာလုံတဲ့ ချမ်းသာမှုဟာ... ဘာနဲ့မှ နှိုင်းယှဥ် လို့ မရဘူး.. အဲ့ဒီတော့ ကိုယ့်လိပ်ပြာ ကိုယ်လုံအောင်နေပါ။ မှန်တဲ့ ကိစ္စကို ရဲ
လိပ်ပြာလုံတဲ့ ချမ်းသာမှုဟာ... ဘာနဲ့မှ နှိုင်းယှဥ် လို့ မရဘူး.. အဲ့ဒီတော့ ကိုယ့်လိပ်ပြာ ကိုယ်လုံအောင်နေပါ။ မှန်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့လုပ်ပါ။ မလုပ်သင့်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့မလုပ်ပါနဲ့။ ဒေါ်အောင်ဆန်းစုကြည် 🌹

EIO
1 056
Repost from EIO
ချဉ်ပေါင်ဟင်းကြိုက်တဲ့ "ဗိုလ်ချုပ်" အဆောင်အယောင် မမက်တဲ့ "ဗိုလ်ချုပ်" အာဏာဆိုတာ ခါးပတ်နောက်မှာ ချိတ်ထားဖို့မဟုတ်ဘဲ ပြည်သူ့အတွက်သာ ထမ်းပိုးဖို့လို့ကြောင်း လက်တွေ့ပြသွားတဲ့ "ဗိုလ်ချုပ်" . "ဗိုလ်ချုပ်" ဆိုတဲ့ ဘွဲ့ထူးထက် "ကိုအောင်ဆန်း" ဆိုတဲ့ ရိုးသားမှုကို ပိုမြတ်နိုးခဲ့သူ။ နန်းတွင်းဟင်းလျာတွေထက် အိမ်ချက် "ချဉ်ပေါင်ဟင်း" တစ်ခွက်နဲ့ ထမင်းဝိုင်းကို ပျော်ရွှင်ခဲ့သူ။ ကတ္တီပါဖိနပ်နဲ့ ကော်ဇောနီလမ်းကို ငြင်းပယ်ပြီး၊ အပေါက်အပြဲပါတဲ့ အင်္ကျီကို ဖာထေးဝတ်ဆင်ခဲ့တဲ့သူ။ "ဗိုလ်ချုပ်"ကို ချစ်တယ်ဆိုတာ သူ့ရုပ်ပုံကို ကြည့်ရုံတင်မဟုတ်ဘဲ သူပြသခဲ့တဲ့ "စိတ်ဓာတ်နဲ့ ကျင့်ဝတ်" တွေကို လိုက်နာကျင့်ကြံဖို့လည်း လိုအပ်ပါတယ်။ ✅ ရိုးသားပါ - ကိုယ်ကျိုးထက် အများအကျိုးကို ရှေ့တန်းတင်ပါ။ ✅ ခြိုးခြံပါ - အပိုအလှတွေကို ဖယ်ပြီး အနှစ်သာရကို ရှာဖွေပါ။ ✅ သစ္စာရှိပါ - မိမိလုပ်ငန်းခွင်နဲ့ မိမိတိုင်းပြည်အပေါ် မဖောက်ပြန်ပါနဲ့။ ဂုဏ်ပကာသနနောက်ကို မလိုက်ဘဲ ဗိုလ်ချုပ်ပြသခဲ့တဲ့ လမ်းစဉ်အတိုင်း "မှန်တာကို ရဲရဲလုပ်၊ ရိုးရိုးနေ" ကြဖို့ အချိန်တန်ပါပြီ။ #AdminTeam #Eagle_Information_Operator #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)

EIO
1 056
Repost from EIO
အာဏာသိမ်းကာလရဲ့တိုက်ပွဲများအတွင်း အပြစ်မဲ့အရပ်သားပြည်သူများနှင့် တော်လှန်ရေးရဲဘော်များသည် စစ်ကောင်စီ၏အကြမ်းဖက်လုပ်ရပ်များ၊ စိ
အာဏာသိမ်းကာလရဲ့တိုက်ပွဲများအတွင်း အပြစ်မဲ့အရပ်သားပြည်သူများနှင့် တော်လှန်ရေးရဲဘော်များသည် စစ်ကောင်စီ၏အကြမ်းဖက်လုပ်ရပ်များ၊ စိတ်ဒဏ်ရာရစေသည့် အဖြစ်အပျက်များမျိုးစုံကို ရင်ဆိုင်ကျော်လွှားနေကြရခြင်းဖြစ်ပါသည်။ ယခုလိုအခြေအနေမျိုးတွင် မိဘပြည်သူများနှင့် တော်လှန်ရေးရဲဘော်များအနေဖြင့် စိတ်ရော၊လူပါကျန်းမာနေစေဖို့များစွာလိုအပ်ပါသည်။ ⏰စိတ်ကျန်းမာစေဖို့အတွက်အချိန်ပေးပါ✨
၁။ အချင်းချင်းအပြန်အလှန် ချီးကျူးပါ။ ၂။ တရေးတမောအိပ်စက်အနားယူပါ။ ၃။ သီချင်းနှင့်ဂီတ နားထောင်ပါ။ ၄။ တစ်နေ့တာဒိုင်ယာရီထဲ မှတ်စုရေးပါ။ ၅။ သတင်းနှင့်မိတ်ဆွေများ အဆက်အသွယ်မပြတ်ပဲ အမြဲရှိနေပေးပါ။ ၆။ ရေများများသောက်ပေးပါ။ ၇။ ဘာမှမစားပဲမနေပါနဲ့ အားရှိအောင်စားပါ။
"မိဘပြည်သူများအားလုံး ဘေးအန္တာရာယ်ကင်းရှင်းပြီး ကျန်းမာကြပါစေ"🙏 #Admin_Team #Eagle_Information_Operator #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)

EIO
1 056
(3,7,2026)၊ စစ်ကိုင်းတိုင်း၊ မုံရွာ နမခ အကြမ်းဖက် စစ်ဌာနချုပ်မှ #Kamikaze Suicide Drone(1)စီးသည် စစ်ကိုင်းတိုင်း၊ မုံရွာမြို့
(3,7,2026)၊ စစ်ကိုင်းတိုင်း၊ မုံရွာ နမခ အကြမ်းဖက် စစ်ဌာနချုပ်မှ #Kamikaze Suicide Drone(1)စီးသည် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တစ်နေရာ၌ ယနေ့ ညပိုင်း (9:00)PM အချိန်ဝန်းကျင်ခန့်တွင် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိထားပါသည်။ 📡 မိဘပြည်သူများသို့ အသိပေးချက်။ ⚠️ ဒရုန်းများ(#Kamikaze_Sucide_Drone/#Attack_Drone/#UAV_Scout_Drone) နှင့် အပေါ့စားလေယာဉ်များဖြစ်သော (#Paramotor/#Gyrocopter) သည် ပုံမှန် ဂျက်တိုက်လေယာဉ်များထက် အသံတိုးသော်လည်း နီးကပ်လာပါက ပန်ကာရိုက်ခတ်သံကို ကြားနိုင်ပါသည်။ ⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲဂရုပြု နားစွင့်ထားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ⚠️ လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားလာပါက ခိုင်မာလုံခြုံသော ဘေးလွတ်ရာနေရာများတွင် အမြန်ဆုံး ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ပြည်သူများအပေါ် ကျရောက်နေသော အကြမ်းဖက်တိုက်ခိုက်မှုများ အမြန်ဆုံး ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။🙏🏻 #Sagaing_Region #SucideDrone #AirStrike #MilitaryAtrocities #PublicSafety #EIO #WhatsHappeningInMyanmar

EIO
1 056
Repost from EIO
[ လမ်းပိုင်းဆိုင်ရာ အထူးသတိပြုရန် နှိုးဆော်ချက် ] 🚨 လုံခြုံရေးအတွက် သတိမပြတ်ပါစေနှင့် ⚠️ (မုံရွာ - ချောင်းဦး - မြင်းမူ - စစ်
[ လမ်းပိုင်းဆိုင်ရာ အထူးသတိပြုရန် နှိုးဆော်ချက် ] 🚨 လုံခြုံရေးအတွက် သတိမပြတ်ပါစေနှင့် ⚠️ (မုံရွာ - ချောင်းဦး - မြင်းမူ - စစ်ကိုင်း - မန်းလေး ) လမ်းပိုင်းတစ်လျှောက် အကြမ်းဖက် စစ်ကောင်စီ၏ လမ်းပိုင်းကင်းများသည် ၎င်းတို့၏ သက်ဆိုင်ရာ စခပခ အထိုင်စခန်း/ဝပ်ကျင်းများရှိရာသို့ အသီးသီးပြန်လည်၍ အယောင်ပြ ဝင်ရောက်ပြီး စခကင်းပုန်းများသည် တစ်ခါတစ်ရံ ကျန်ရှိ‌နေတတ်သည့် အတွက်ကြောင့် သက်ဆိုင်ရာ နယ်မြေခံတာဝန်ရှိသူများနှင့် ချိတ်ဆက်၍ ရဲဘော်များအနေဖြင့် လမ်းကြောင်းတစ်ခုခုကို အသုံးမပြုမီ — 🔍 မြေပြင်အခြေအနေကို အထူးဂရုပြု စုံစမ်းမေးမြန်းပါ။ ⚠️ သတင်းအချက်အလက် တိကျသေချာမှသာ ခရီးဆက်ပါ။ မိမိတို့ #EIO_Admin_Team အနေဖြင့် တော်လှန်ရေး ရဲဘော်များအားလုံး ဘေးအန္တရာယ်ကင်းကင်းနှင့် လိုရာခရီးသို့ ချောမွေ့စွာ သွားလာနိုင်ရေးအတွက် အစဉ်အမြဲ ဆုတောင်းလျက် အလေးအနက် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ #Admin_Team #Eagle_Information_Operator #EIO (ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေး) 📲 ဆက်သွယ်ရန် @EIO2021_bot | @EagleInformationOperator_bot http://t.me/eagleinformationoperator?direct

EIO
1 056
(3,7,2026)၊ စစ်ကိုင်းတိုင်း၊ မုံရွာ နမခ အကြမ်းဖက် စစ်ဌာနချုပ်မှ #Paramotor (2)စီးသည် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ အရ
(3,7,2026)၊ စစ်ကိုင်းတိုင်း၊ မုံရွာ နမခ အကြမ်းဖက် စစ်ဌာနချုပ်မှ #Paramotor (2)စီးသည် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ အရှေ့တောင်ခြမ်းနှင့် ချောင်းဦးမြို့နယ်၊ အနောက်တောင်ခြမ်းအစပ် တစ်နေရာ၌ ယနေ့ ညပိုင်း (6:36,42)PM/(7:01)PMအချိန်ဝန်းကျင်ခန့်တွင် လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိထားပါသည်။ 📡 မိဘပြည်သူများသို့ အသိပေးချက်။ ⚠️ ဒရုန်းများ(#Kamikaze_Sucide_Drone/#Attack_Drone/#UAV_Scout_Drone) နှင့် အပေါ့စားလေယာဉ်များဖြစ်သော (#Paramotor/#Gyrocopter) သည် ပုံမှန် ဂျက်တိုက်လေယာဉ်များထက် အသံတိုးသော်လည်း နီးကပ်လာပါက ပန်ကာရိုက်ခတ်သံကို ကြားနိုင်ပါသည်။ ⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲဂရုပြု နားစွင့်ထားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ⚠️ လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားလာပါက ခိုင်မာလုံခြုံသော ဘေးလွတ်ရာနေရာများတွင် အမြန်ဆုံး ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ပြည်သူများအပေါ် ကျရောက်နေသော အကြမ်းဖက်တိုက်ခိုက်မှုများ အမြန်ဆုံး ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။🙏🏻 #Sagaing_Region #Paramoter #AirStrike #MilitaryAtrocities #PublicSafety #EIO #WhatsHappeningInMyanmar

EIO
1 056
Repost from EIO
🚨လေကြောင်းတိုက်ခိုက်မှုအပြီးတွင် ဒရုန်းသံကြားရပါက - ⚠️လှုပ်ရှားမှု ရပ်တန့်ပါ။ အရိပ်ရသော နေရာ (သို့မဟုတ်) သစ်ပင်အောက်များတွင် ငြိမ်သက်စွာ ခိုလှုံပါ။ ⚠️တောက်ပသောအရောင်များ ရှောင်ပါ။ ဒရုန်းကင်မရာမှ အလွယ်တကူ မြင်နိုင်သော အဖြူရောင် (သို့မဟုတ်) တောက်ပသော အဝတ်အစားများကို ဖုံးကွယ်ထားပါ။ ⚠️အလင်းပြန်ခြင်းကို ထိန်းပါ။ ဖုန်းစခရင်၊ မှန် သို့မဟုတ် နာရီများမှ အလင်းပြန်ခြင်းသည် ဒရုန်းကို အချက်ပေးသလို ဖြစ်စေနိုင်ပါသည်။ ⚠️အရေးကြီးသော မှတ်ချက်။ လေကြောင်းရန် သတိပေးသံ ထပ်မံကြားရပါက ယခင်ခိုလှုံရာနေရာသို့ ချက်ချင်းပြန်သွားပါ။
"မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏
📌အသေးစိတ်ဖတ်ရှု့‌လေ့လာရန် - https://t.me/eagleinformationoperator/19433 #Admin_Team #Eagle_Information_Operator #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📧 http://www.eagleinformationoperators@gmail.com 🔵 https://www.facebook.com/eagleinformation 🌐 https://t.me/eagleinformationoperator

EIO
1 056
(3,7,2026)၊ စစ်ကိုင်းတိုင်း၊ မုံရွာ နမခ အကြမ်းဖက် စစ်ဌာနချုပ်မှ ပထမအကြိမ် တက်လာသော #Gyrocopter (3)စီးသည် စစ်ကိုင်းတိုင်း၊ ချေ
(3,7,2026)၊ စစ်ကိုင်းတိုင်း၊ မုံရွာ နမခ အကြမ်းဖက် စစ်ဌာနချုပ်မှ ပထမအကြိမ် တက်လာသော #Gyrocopter (3)စီးသည် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် အနောက်ခြမ်း တစ်နေရာ၌ ယနေ့ ညနေပိုင်း (5:50,53,55,56) အချိန်ဝန်းကျင်ခန့်တွင် လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိထားပါသည်။ 📡 မိဘပြည်သူများသို့ အသိပေးချက်။ ⚠️ ဒရုန်းများ(#Kamikaze_Sucide_Drone/#Attack_Drone/#UAV_Scout_Drone) နှင့် အပေါ့စားလေယာဉ်များဖြစ်သော (#Paramotor/#Gyrocopter) သည် ပုံမှန် ဂျက်တိုက်လေယာဉ်များထက် အသံတိုးသော်လည်း နီးကပ်လာပါက ပန်ကာရိုက်ခတ်သံကို ကြားနိုင်ပါသည်။ ⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲဂရုပြု နားစွင့်ထားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ⚠️ လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားလာပါက ခိုင်မာလုံခြုံသော ဘေးလွတ်ရာနေရာများတွင် အမြန်ဆုံး ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ပြည်သူများအပေါ် ကျရောက်နေသော အကြမ်းဖက်တိုက်ခိုက်မှုများ အမြန်ဆုံး ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။🙏🏻 #Sagaing_Region #Gyrocopter #AirStrike #MilitaryAtrocities #PublicSafety #EIO #WhatsHappeningInMyanmar

EIO
1 056
"လောင်းကစားနှင့် စိတ်ကျန်းမာရေး (Gambling disorder)" အခုလို မတည်ငြိမ်တဲ့ကာလမှာ အခြေအနေ အကြောင်းအရာ အမျိုးမျိုးကြောင့် လောင်းကစားနဲ့ ပတ်သက်တဲ့ ဂိမ်းအမျိုးစားပေါင်းများစွာဟာ လူတွေရဲ့ လက်တစ်ကမ်းအကွာမှာ ရောက်ရှိလာတာနဲ့အမျှ လောင်းကစားကြောင့် လူမှုရေးနဲ့ ရုပ်ပိုင်း/စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေလည်း တိုးမြင့်လာပါတယ်။ “လှေမျော လှေနဲ့လိုက်၊ ငွေမျော ငွေနဲ့လိုက်” ဆိုတဲ့စကားကို လက်ကိုင်ရင်း နောက်ဆုံးမှာ မိသားစုလိုက် ဘဝပျက်တာတွေနဲ့ အဆုံးစီရင်ဖို့ကြိုးစားတဲ့ ဖြစ်ရပ်တွေလည်း ခပ်စိပ်စိပ် ကြားမိကြမှာပါ။ .. .. ❗️Gambling disorder ဆိုတာ လောင်းကစားစွဲလမ်းတဲ့ ကျန်းမာရေးပြဿနာ ဖြစ်ပါတယ်။ 💸 လောင်းကစားစွဲလမ်းတယ်ဆိုတာ… ⦿ လောင်းကစားဆော့တာကို အချိန်အတော်ကြာ စွဲလမ်းလာပြီး မိမိကိုယ်ကိုယ် ထိန်းချုပ်ဖို့ ခက်ခဲလာမယ်။ ⦿ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ လူမှုရေးပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို ဂရုမစိုက်ဘဲ လောင်းကစားပဲ လုပ်ချင်နေတယ်။ ⦿ မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေက လောင်းကစားလုပ်တာနဲ့ ပတ်သက်ပြီး စိုးရိမ်တဲ့လက္ခဏာတွေ ပြလာမယ်။ ⦿ ကိုယ်တိုင်က နေ့စဉ်လုပ်ငန်းဆောင်တာတွေထက် လောင်းကစားကပဲ အရေးကြီးဆုံးလို့ ခံစားနေရတာမျိုးကို ဆိုလိုပါတယ်။ .. .. 🎰 လောင်းကစားအမျိုးမျိုး… လောင်းကစားလို့ဆိုရင် ဘောလုံးပွဲလောင်းတာ၊ ဖဲရိုက်တာ၊ ၂ လုံး/၃ လုံး ထီထိုးတာတင်မက အခုဆိုရင် ဖုန်းနဲ့ အလွယ်တကူဆော့လို့ရပြီး ပရိုဂရမ်ဆွဲထားတဲ့ အွန်လိုင်းဂိမ်း၊ စလော့ (slot) ဂိမ်းတွေကြောင့် ဘဝပျက်နေသူတွေ ပိုများလာပါတယ်။ .. .. 💸 လောင်းကစားစွဲလမ်းစေနိုင်တဲ့ အကြောင်းအရင်းတွေက... 🂱 ‘အတုမြင် အတတ်သင်’ သဘောနဲ့ လောင်းကစားလုပ်တတ်တဲ့ မိဘ၊ ဆွေမျိုး၊ မိတ်ဆွေရှိတာ 🂱 ငွေကြေးအခက်အခဲရှိသူ၊ လုပ်ငန်းခွင် ဖိအားများနေသူ၊ လောင်းကစားလုပ်ရလွယ်တဲ့ အနေအထားရှိသူ 🂱 အခြားစွဲလမ်းမှု ရောဂါတစ်ခုခုရှိနေသူ (ဆေးစွဲတာ၊ အရက်စွဲတာ) 🂱 တစ်ကြိမ်တစ်ခါ အနိုင်ရခြင်းက စိတ်လှုပ်ရှားစေပြီး ဆုလာဘ်တစ်ခုရသလို ခံစားရစေတဲ့ dopamine ဟော်မုန်းရဲ့ ဦးနှောက်ကို လှုံ့ဆော်တာ 🂱 စိတ်ထိခိုက်စရာရှိသူ၊ ရုပ်ပိုင်း/စိတ်ပိုင်းဆိုင်ရာ နေမကောင်းသူတွေမှာ စွဲလမ်းနိုင်ခြေများပါတယ်။ .. .. ‼️ လောင်းကစားကြောင့် စီးပွားရေးသာမက အိမ်ထောင်ရေး၊ လူမှုရေး၊ ကိုယ်/စိတ်ကျန်းမာရေး ထိခိုက်ဆုံးရှုံးမှုတွေ ရရှိနိုင်ပါတယ်။ - မိသားစုဝင်တွေအပေါ် လိမ်ညာခြင်း၊ ဒေါသအလျောက် စိတ်လိုက်မာန်ပါလုပ်ခြင်း - ငွေရေးကြေးရေး၊ အကြွေးတွေနဲ့ ပတ်သက်ပြီး ပြဿနာတက်ခြင်း - ခိုးယူခြင်း၊ အလွဲသုံးစားလုပ်ခြင်း၊ ရာဇဝတ်မှုကျူးလွန်ခြင်း - အိမ်တွင်းအကြမ်းဖက်မှုတွေ၊ ကွာရှင်းပြတ်စဲမှုတွေ စတဲ့ အိမ်ထောင်ရေးပြဿနာတွေသာမက… - စိတ်ဖိစီးမှုများတာ၊ စိတ်အတက်အကျမြန်တာ - ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနည်းလာတာ - အအိပ်ပျက်၊ အစားအသောက်ပျက်တာ - မူးယစ်ဆေးနဲ့ အရက်စွဲလာတာ - မိမိကိုယ်မိမိ သေကြောင်းကြံစည်ဖို့ ကြိုးစားတာအထိ စိတ်ကျန်းမာရေးပြဿနာတွေ ခံစားရနိုင်ပါတယ်။ ဒါ့အပြင် လုပ်ငန်းခွင်မှာလည်း အာရုံထွေပြားကာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်မပြေတာမျိုးဖြစ်ပြီး ပစ္စည်းဥစ္စာဆုံးရှုံးမှုသာမက လူမှုရေးရာဂုဏ်သိက္ခာတွေပါ ထိခိုက်နစ်နာနိုင်ပါတယ်။ .. .. ✅ အထက်ပါ လက္ခဏာတွေ ခံစားရပြီး မိမိကိုယ်ကိုယ် လောင်းကစားစွဲလမ်းမှု ပြဿနာရှိနေတယ်လို့ သံသယရှိရင် တတ်ကျွမ်းနားလည်သူတွေထံမှ အကူအညီရယူဖို့ ကြိုးစားပါ။ 🌱 အရေးအကြီးဆုံးအနေနဲ့ Self-help "မိမိသာလျှင် အဓိက ကုစားနိုင်သူ” ဖြစ်တာမို့ မိမိစွဲလမ်းမှုကို ဦးစွာပထမ နားလည်လက်ခံပြီး စိတ်ပိုင်းဆိုင်ရာကုသမှု ခံယူသင့်ပါတယ်။ 🌱 Cognitive Behavioural Therapy (CBT) အတွေးနဲ့အပြုအမူကို ပြန်လည်ထိန်းညှိပေးတဲ့ ကုထုံးခံယူခြင်းဖြင့် လောင်းကစားနဲ့ပက်သက်တဲ့ နိုင်လိုစိတ်နဲ့ အတွေးအမြင်တွေ ပြောင်းလဲလာပြီး လောင်းကစားကို ရပ်တန့်ဖို့ ကြိုးစားလာပါမယ်။ 🌱 မိသားစု၊ အိမ်ထောင်ရေးပြဿနာများ နှစ်သိမ့်ဆွေးနွေးခြင်း (family and couples therapy) နဲ့ ငွေရေးကြေးရေး ပြန်လည်ဆန်းစစ်ညှိနှိုင်းခြင်း (Family budgeting) နည်းလမ်းတွေနဲ့လည်း ဆွေးနွေးနှစ်သိမ့်မှု ခံယူသင့်ပါတယ်။ 🌱 UK လိုမျိုး နိုင်ငံတွေမှာတော့ “လောင်းကစားသူများ အမည်ဝှက်အဖွဲ့” (Gamblers Anonymous) ဆိုပြီး အဖွဲ့တွေရှိပါတယ်။ သူတို့က ဆွေးနွေးပွဲတွေ ပုံမှန်ကျင်းပလေ့ရှိပြီး လောင်းကစားစွဲလမ်းမှုနဲ့ ပတ်သက်ပြီး အတွေ့အကြုံဖလှယ်ကာ ရပ်တန့်ဖို့ ကြိုးစားပုံနည်းလမ်းတွေ အချင်းချင်းမျှဝေကြပါတယ်။ ဒီနည်းလမ်းက လူနာတွေအတွက် ထိရောက်မှုရှိတာကိုလည်း လေ့လာတွေ့ရှိထားပါတယ်။ ✅ မိမိပတ်ဝန်းကျင်မှာ လောင်းကစားစွဲလမ်းမှုပြဿနာရှိသူတစ်ဦး ရှိနေရင် ပစ်ပယ်မထားဘဲ ရောဂါရှိသူတစ်ဦးအနေနဲ့ နားလည်ပေးပြီး လိုအပ်တဲ့ကုထုံးတွေ ရယူနိုင်ဖို့ ကူညီပေးသင့်ပါတယ်။ ❌ အခုလိုကာလမှာ “ဘယ်သူသေသေ ငတေမာပြီးရော” ဆိုတဲ့အတွေးနဲ့ အွန်လိုင်းဂိမ်းပေါင်းစုံကို ကြော်ငြာခ၊ ကော်မရှင်ခယူပြီး ကစားဖို့ မြှူဆွယ်သူတွေကိုလည်း ရှုတ်ချမိပါတယ်။ 🌱 စွဲလမ်းမှုပြဿနာတိုင်းမှ ရုန်းထွက်နိုင်ကြပါစေ....။

EIO
1 056
⚜️ #EIO_Update_News မုံရွာ၊နမခမှ ထွက်လာသော စခသံပြားကာကား(၁)စီးသည် မအူဂိတ် ဝင်ရောက်ထားကြောင်း သတင်းရရှိထားပါသည်။ Jul 3, 4:20PM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://t.me/eagleinformationoperator?direct 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 056
⚜️ #EIO_Update_News မုံရွာနယ် တောင်ခြမ်း၊ တံတားဖြူသို့ ရောက်ရှိနေသော စခကင်းများသည် မအူဂိတ်သို့ ပြန်လည်ဝင်ရောက်သွားကြောင်းသတင်းရရှိထားပါသည်။ Jul 3, 2:33PM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator #EIO #GroundInfo

EIO
1 056
⚜️ #EIO_Update_News မုံရွာနယ်၊ တောင်ခြမ်း တောပုပျူရွာမှ ရိက္ခာပို့ပြီး ပြန်၍ ထွက်လာသော စခကားများသည် နတ်လူထိပ်ပန် ဖြတ်၍ မုံရွာမြို့တွင်းသို့ ဝင်ရောက်သွားကြောင်း သတင်းရရှိထားပါသည်။ Jul 3, 2:01PM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 t.me/eagleinformationoperator?direct 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 056
⚜️ #EIO_Update_News မုံရွာနယ်၊ တောင်ခြမ်း တောပုပျူရွာမှ ရိက္ခာပို့ပြီး ပြန်၍ ထွက်လာသော စခကားများသည် မအူဂိတ် ဖြတ်၍ မုံရွာမြို့ဘက်သို့ ဆက်လက်ဦးတည်ကြောင်း သတင်းရရှိထားပါသည်။ Jul 3, 1:59PM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 t.me/eagleinformationoperator?direct 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 056
⚜️ #EIO_Update_News မုံရွာနယ်၊ တောင်ခြမ်း တောပုပျူရွာမှ ထွက်လာသော စခကားများသည် မြေနဲရွာဖြတ်၍ မုံရွာမြို့ဘက်သို့ ပြန်လည်ဦးတည်ကြောင်း သတင်းရရှိထားပါသည်။ Jul 3, 1:56PM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 t.me/eagleinformationoperator?direct 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 056
⚜️ #EIO_Update_News မုံရွာနယ်၊ တောင်ခြမ်း တောပုပျူရွာမှ ညောင်ဖြူပင်ရဲစခန်းအထိုင်သို့ ဝင်ရောက်‌သော ရိက္ခာပို့ စခများသည် တောပုပျူရွာသို့ ပြန်လည်ဝင်‌ရောက်ကြောင်း သတင်းရရှိထားပါသည်။ Jul 3, 12:28PM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 t.me/eagleinformationoperator?direct 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 056
⚜️ #EIO_Update_News မုံရွာနယ်၊ တောင်ခြမ်း တောပုပျူရွာမှ ညောင်ဖြူပင်ရဲစခန်းအထိုင်သို့ ဝင်ရောက်‌သော စခများသည် အရှေ့ဘက်သို့ ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။ Jul 3, 12:05PM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 t.me/eagleinformationoperator?direct 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 056
⚜️ #EIO_Update_News မုံရွာနယ်၊ တောင်ခြမ်း တောပုပျူရွာမှ အနောက်တောင်ဘက်သို့ ထွက်လာသော စခ ခန့်မှန်း အင်အား (၁၅၀)ခန့်သည် ညောင်ဖြူပင်ရဲစခန်းအထိုင်သို့ ဝင်ရောက်သွားကြောင်း သတင်းရရှိထားပါသည်။ Jul 3, 11:52AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 t.me/eagleinformationoperator?direct 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 056
Repost from EIO
🔊 ​လက်ရှိဖြစ်ပေါ်နေသော အခြေအနေများကြောင့် မိဘပြည်သူများအနေဖြင့် အောက်ပါဘေးကင်းလုံခြုံရေး အစီအမံများကို အထူးဂရုပြု လိုက်နာဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
​🛡️ အကာအကွယ်ယူခြင်းနှင့် ကြိုတင်ပြင်ဆင်ခြင်း။ ⚠️ ​ဗုံးခိုကျင်း ပြင်ဆင်ပါ။ လက်နက်ကြီးနှင့် စက်လက်သံများ ကြားရသည့်အခါ (သို့မဟုတ်) စစ်ကြောင်းနှင့် နီးစပ်သည့်အခါ ခိုင်ခံ့သော ဗုံးခိုကျင်း (သို့မဟုတ်) ဘေးကင်းသည့် နေရာများကို ကြိုတင်ပြင်ဆင်ထားပါ။ ​⚠️ ဝပ်နေပါပစ်ခတ်သံများ ကြားသည်နှင့် ပြတင်းပေါက်များနှင့် ဝေးရာတွင်နေပြီး ကြမ်းပြင်ပေါ်၌ ဗိုက်မှောက်လျက် ဝပ်နေပါ။ 🙆🏻 ​ခိုင်မာသော အကာအကွယ်ယူပါ။ .5 ပွိုင့်ဖွိုက် ကဲ့သို့သော ကျည်ဆံများသည် သာမန်သစ်သားနံရံများကို ဖောက်ထွက်နိုင်သဖြင့် အုတ်နံရံ (သို့မဟုတ်) မြေကျင်းထဲတွင် ခိုလှုံခြင်းက ပိုမိုစိတ်ချရပါသည်။ ​⚠️ ပေါ့ပေါ့တန်တန် မနေပါနှင့်။ .5 ပွိုင့်ဖွိုက် စက်လက်ကြီးများသည် အကွာအဝေး အတော်အတန်အထိ ပြင်းအားကောင်းစွာ ရောက်ရှိနိုင်သဖြင့် ပစ်ခတ်သံကြားရပါက မိမိတို့နှင့် မနီးသေးဟု တွေးကာ ပေါ့ပေါ့တန်တန် မနေသင့်ပါ။ ​🎒 အရေးပေါ် အခြေအနေအတွက် ဆောင်ရန်/ရှောင်ရန် 🚨​Emergency Kit ပြင်ထားပါအရေးပေါ် တိမ်းရှောင်ရပါက ချက်ချင်းယူဆောင်သွားနိုင်ရန် ဆေးဝါး၊ ရိက္ခာခြောက်နှင့် အရေးကြီးစာရွက်စာတမ်းများ ကို အထုပ်အပိုး အသင့်ပြင်ထားပါ။ 🚫 ​စုဝေးခြင်း ရှောင်ပါအုပ်စုလိုက် စုဝေးနေထိုင်ခြင်းသည် လေကြောင်းနှင့် မြေပြင်ပစ်မှတ် ဖြစ်လွယ်သဖြင့် ရှောင်ကြဉ်ပါ။ ⚠️ ​မီးအမှောင်ချပါညဘက် ပစ်ခတ်မှုများ ဖြစ်ပွားနေချိန်တွင် ဖုန်းမီး၊ လက်နှိပ်ဓာတ်မီးနှင့် မီးထွန်းခြင်းများကို လုံးဝ (လုံးဝ) ရှောင်ကြဉ်ပါ။ ​🚫 စူးစမ်းခြင်း မပြုပါနှင့်ပစ်ခတ်သံကြားရသည့် အရပ်သို့ အပြင်ထွက်ကြည့်ခြင်း၊ စူးစမ်းခြင်း မပြုဘဲ ကျည်လွတ်ရာ၌သာ ငြိမ်သက်စွာ နေပါ။ ​⚠️ နေရပ်ပြန်ရာတွင် သတိပြုရန် (မြေမြှုပ်မိုင်း အန္တရာယ်) 🚫 ​အလျင်စလို မပြန်ပါနှင့်။ စစ်ကြောင်းများ ဖြတ်သန်းသွားလာထားသည့် နေရာများနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် အရပ်ဒေသများရှိ မိမိတို့အိမ်အတွင်း သို့မဟုတ် ပတ်ဝန်းကျင်တွင် မြေမြှုပ်မိုင်း နှင့် အခြား မပေါက်ကွဲသေးသော လက်နက်ပစ္စည်းများ ကျန်ရှိနေနိုင်ပါသည်။ 🗣️ ​စုံစမ်းမေးမြန်းပါ။ သက်ဆိုင်ရာ နယ်မြေခံ ကာကွယ်ရေးအဖွဲ့အစည်းများထံမှ ဘေးကင်းလုံခြုံမှု ရှိ၊ မရှိကို သေချာစွာ စုံစမ်းပါ။ ⚠️ ​ခွင့်ပြုချက်ရမှသာပြန်ကြပါ။ သက်ဆိုင်ရာအဖွဲ့အစည်းများမှ ပြန်ခွင့်ရပြီဟု အတည်ပြုချက်ရမှသာ မိမိနေရပ်သို့ ပြန်ကြပါရန် အထူးသတိပေးလိုပါသည်။ ​📢 သတင်းနားစွင့်ပါ။ ဒေသတွင်း ကာကွယ်ရေးအဖွဲ့များ၏ သတင်းထုတ်ပြန်ချက်နှင့် စစ်ကြောင်းသတင်းများကို အမြဲမပြတ် နားစွင့်ထားပါ။ အတည်မပြုနိုင်သော သတင်းများကြောင့် ထိတ်လန့်မှု မဖြစ်စေရန် သတိပြုပါ။
​⚜️ မြေပြင်နှင့် လေကြောင်း အခြေအနေများအတွက် အရေးကြီးသတင်းများရှိပါက #EIO_Admin_Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။
"မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏 ​#EIO_Update_News #SafetyFirst #EmergencySafety #LandmineAwareness #StaySafe #RejectMilitaryCoup #StopKillingCivilians #WarCrimes #WhatsHappeningInMyanmar