EIO
Открыть в Telegram
⚠️ See early.Know first.Stay Safe.🙏🏻 📡စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အတွင်းရှိ သတင်းများကို ဦးစားပေး၍ အချိန်နဲ့တပြေးညီ ကြိုးစားတင်ဆက်ပေးနေသော သတင်းချန်နယ်တစ်ခုဖြစ်ပါသည်။ #NoNeedDictator #RejectOfMilitary 🔗 http://facebook.com/eagleinformation
Больше1 055
Подписчики
-124 часа
Нет данных7 дней
+630 дней
Архив постов
1 056
Repost from EIO
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.
ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော
အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏
#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1 056
⚜️ #EIO_Update_News
မုံရွာမြို့ထဲမှ ထွက်လာသော စခအိမ်စီးကား(2)စီးသည် ကိုင်းတောလမ်းခွဲအနီးသို့ ရောက်ရှိ၍ စခကင်းများချထားခဲ့ပြီး အီကိုကျောင်းဘက်သို့ ပြန်လည်ဦးတည်သွားကြောင်း သတင်းရရှိထားပါသည်။
#EIO
Aug 24, 9:15PM
@EIO2021_bot ၊ @EagleInformationOperator_bot
1 056
Repost from EIO
⚠️ အများပြည်သူသို့ အသိပေးချက် သတင်းမှန်စိစစ်ရေး လမ်းညွှန် ⚠️
⚠️ ယနေ့ခေတ်တွင် သတင်းအမှားနှင့် ကောလာဟလများသည် အများပြည်သူကို ထိတ်လန့်မှုဖြစ်စေပြီး ပျံ့နှံ့လျက်ရှိပါသည်။
📌မိမိတို့၏ ဘေးကင်းလုံခြုံရေးအတွက် သတင်းတစ်ခုကို လက်ခံရရှိပါက အောက်ပါအတိုင်း စစ်ဆေးရန် တိုက်တွန်းအပ်ပါသည်။
🔍 စစ်ဆေးကြည့်ပါ - သတင်းပေးပို့သူသည် ခိုင်လုံသော သတင်းရင်းမြစ် ဖြစ်ပါသလား❓ ⏳ စောင့်ကြည့်ပါ - သတင်းတစ်ခုသည် မရေရာပါက အချိန်အနည်းငယ်စောင့်ပြီး တရားဝင်ထုတ်ပြန်ချက်များကို စောင့်ကြည့်ပါ။ 🛡️ ကာကွယ်ပါ - အတည်မပြုနိုင်သော သတင်းများကို မဖြန့်ဝေခြင်းဖြင့် မိမိပတ်ဝန်းကျင်ကို ထိတ်လန့်မှုမှ ကာကွယ်ပါ။#EIO #Eagle_Information_Operator #SecurityAwareness #SpringRevolutionNews #Media_Literacy #Media_Ethics #Stay_Safe
1 056
⚜️ #EIO_Update_News
မုံရွာ၊နမခမှ ထွက်လာသော စခသံပြားကာကားတန်းသည် ယင်းမာပင်နယ်၊ အောင်ဇယျ အကျိုးကန်းကုန်းသို့ ဝင်ရောက်သွားကြောင်း သတင်းရရှိထားပါသည်။
#EIO
Aug 24, 5:14PM
@EIO2021_bot ၊ @EagleInformationOperator_bot
1 056
⚜️ #EIO_Update_News
မုံရွာ၊နမခမှ ထွက်လာသော စခသံပြားကာကား(၅)စီးနှင့်အိမ်စီးကား(၁)စီးသည် ချင်းတွင်းတံတားဖြတ်၍ အနောက်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။
#EIO
Aug 24, 5:08PM
@EIO2021_bot ၊ @EagleInformationOperator_bot
1 056
⚜️ #EIO_Update_News
မုံရွာ၊နမခမှ ထွက်လာသော စခသံပြားကာကား(၅)စီးနှင့်အိမ်စီးကား(၁)စီးသည် မုံရွာမြို့၊ အလုံ သုံးထောင့်ချွန်းတွင် ရပ်ထားကြောင်း သတင်းရရှိထားပါသည်။
#EIO
Aug 24, 4:51PM
@EIO2021_bot ၊ @EagleInformationOperator_bot
1 056
⚜️ #EIO_Update_News
မုံရွာနယ် တောင်ခြမ်း၊ မုံရွေးတိုးဂိတ်မှ ထွက်လာသော စခကင်းများသည် မုံရွေးဈေးထိပ်သို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။
#EIO
Aug 24, 4:10PM
@EIO2021_bot ၊ @EagleInformationOperator_bot
1 056
⚜️ #EIO_Update_News
မုံရွာ၊နမခမှ ထွက်လာသော စခသံပြားကာကား(၅)စီးနှင့်အိမ်စီးကား(၁)စီးသည် မုံရွာမြို့၊ အလုံဖြတ်၍ တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။
#EIO
Aug 24, 3:58PM
@EIO2021_bot ၊ @EagleInformationOperator_bot
1 056
⚜️ #EIO_Update_News
မုံရွာ၊နမခမှ ထွက်လာသော စခသံပြားကာကား(၅)စီးနှင့်အိမ်စီးကား(၁)စီးသည် တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။
#EIO
Aug 24, 3:55PM
@EIO2021_bot ၊ @EagleInformationOperator_bot
1 056
⚜️ #EIO_Update_News
မုံရွာတောင်၊ ကညနရုံးတွင် စခများသည် ပြည်သူအသွားအလာ လူငယ်များကို အစစ်ဆေးကြမ်းတမ်းစွာ ပြုလုပ်ပြီး အဓမ္မပေါ်တာဆွဲနေကြောင်း သတင်းရရှိထားပါသည်။
မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက်၍ သွားလာကြပါရန်🙏🏻
#EIO
Aug 24, 3:11PM
@EIO2021_bot ၊ @EagleInformationOperator_bot
1 056
(24,8,2026)၊ စစ်ကိုင်းတိုင်း၊ မုံရွာနယ်၊ မြစ်နားကိုင်းရွာသို့ ရောက်ရှိနေသောအကြမ်းဖက် စစ်ကောင်စီ၏ #Attack Drone - Hexacopter(1)စီးသည် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် တစ်နေရာ၌ ယနေ့ နေ့လည်ပိုင်း (2:02)PM အချိန်ဝန်းကျင်ခန့်တွင် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိထားပါသည်။
📡 မိဘပြည်သူများသို့ အသိပေးချက်။
⚠️ ဒရုန်းများ(#Kamikaze_Sucide_Drone/#Attack_Drone/#UAV_Scout_Drone) နှင့် အပေါ့စားလေယာဉ်များဖြစ်သော (#Paramotor/#Gyrocopter) သည် ပုံမှန် ဂျက်တိုက်လေယာဉ်များထက် အသံတိုးသော်လည်း နီးကပ်လာပါက ပန်ကာရိုက်ခတ်သံကို ကြားနိုင်ပါသည်။
⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲဂရုပြု နားစွင့်ထားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
⚠️ လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားလာပါက ခိုင်မာလုံခြုံသော ဘေးလွတ်ရာနေရာများတွင် အမြန်ဆုံး ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
ပြည်သူများအပေါ် ကျရောက်နေသော အကြမ်းဖက်တိုက်ခိုက်မှုများ အမြန်ဆုံး ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻
#Sagaing_Region #Attack_Drone #AirStrike #MilitaryAtrocities #PublicSafety #EIO #WhatsHappeningInMyanmar
1 056
(24,8,2026)၊ စစ်ကိုင်းတိုင်း၊ မုံရွာ နမခ အကြမ်းဖက် စစ်ကောင်စီဌာနချုပ်မှ တက်လာသော #Kamikaze Sucide Drone (1)စီးသည် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် တစ်နေရာ၌ ယနေ့ နေ့လည်ပိုင်း (1:51)PM အချိန်ဝန်းကျင်ခန့်တွင် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိထားပါသည်။
📡 မိဘပြည်သူများသို့ အသိပေးချက်။
⚠️ ဒရုန်းများ(#Kamikaze_Sucide_Drone/#Attack_Drone/#UAV_Scout_Drone) နှင့် အပေါ့စားလေယာဉ်များဖြစ်သော (#Paramotor/#Gyrocopter) သည် ပုံမှန် ဂျက်တိုက်လေယာဉ်များထက် အသံတိုးသော်လည်း နီးကပ်လာပါက ပန်ကာရိုက်ခတ်သံကို ကြားနိုင်ပါသည်။
⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲဂရုပြု နားစွင့်ထားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
⚠️ လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားလာပါက ခိုင်မာလုံခြုံသော ဘေးလွတ်ရာနေရာများတွင် အမြန်ဆုံး ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
ပြည်သူများအပေါ် ကျရောက်နေသော အကြမ်းဖက်တိုက်ခိုက်မှုများ အမြန်ဆုံး ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻
#Sagaing_Region #Sucide_Drone #AirStrike #MilitaryAtrocities #PublicSafety #SW #EIO #WhatsHappeningInMyanmar
1 056
🚨"လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုရှိနေသဖြင့် အထူးသတိပြုရန် နှိုးဆော်ချက်"⚠️
#EIO_Update_News
📌 ချောင်းဦးနယ်၊ မြပုလဲအထိုင်မှ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်ရှိအချိန်တွင် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ကြောင်း သတင်းရရှိထားပါသည်။ သို့ဖြစ်ပါ၍ အနီးနားရှိ ကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက် နေထိုင်ပေးကြပါရန် အသိပေးအပ်ပါသည်။
⚠️ လက်နက်ကြီးသံ ကြားရသည်နှင့် ဘေးကင်းလုံခြုံသော ဗုံးခိုကျင်း (သို့မဟုတ်) ခိုင်ခံ့သော အဆောက်အအုံများတွင် အကာအကွယ်ယူပါ။အမြန်ဆုံး ခိုလှုံပါ။
⚠️ မိမိတို့ဒေသတွင်း သတင်းစီးဆင်းမှုများကို မျက်ခြေမပြတ် စောင့်ကြည့်၍ သတင်းနားစွင့်ပါ။
⚠️ အနီးနားရှိ အိမ်နီးချင်းများအား ရိုင်းပင်းကူညီ၍ သတိပေးစကား လက်ဆင့်ကမ်းပြောကြားပေးပါ။
"မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏
⚜️မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO_Admin_Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။
#EIO
Aug 24, 2:07PM
@EIO2021_bot ၊ @EagleInformationOperator_bot
#EIO #EmergencyAlert #StaySafe #Chaung_U #WhatsHappeningInMyanmar #SecurityUpdate
1 056
⚜️ #EIO_Update_News
မုံရွာနယ် တောင်ခြမ်း၊ မုံရွေးတိုးဂိတ်မှ ကြေးမုံရွာစာသင်ကျောင်းသို့ ရောက်ရှိနေပြီး လက်နက်ငယ်များလည်း ရမ်းသမ်းပစ်ဖောက်နေကြောင်း သတင်းရရှိထားပါသည်။
#EIO
Aug 24, 1:50PM
@EIO2021_bot ၊ @EagleInformationOperator_bot
1 056
စစ်ကိုင်းတံတားစစ်ဆေးရေးဂိတ်တွင် ထိုင်းပြန် လူငယ် ၁၈ ဦးကို စစ်တပ်က ပေါ်တာဆွဲဖမ်းဆီး၊ ရန်ကုန်တွင်လည်း လူငယ်များ ပေါ်တာဆွဲဖမ်းဆီးမှုများ ဆက်တိုက်ဖြစ်ပွားနေ
ရန်ကုန်၊ ဩဂုတ် ၂၄
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတံတားရှိ စစ်တပ်စစ်ဆေးရေးဂိတ်တွင် မြဝတီမြို့မှ ပြန်လာသည့် ထိုင်းပြန် လူငယ် ၁၈ ဦးကို စစ်တပ်က ခရီးသည်တင်ယာဉ်ပေါ်မှ ဆွဲချကာ ရိုက်နှက်ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။
ဩဂုတ်လ ၂၃ ရက်နေ့တွင် စစ်ကိုင်းတံတား စစ်ဆေးရေးဂိတ်၌ ခရီးသည်တင်ကားများကို စစ်ဆေးနေစဉ် မြဝတီမှ ပြန်လာသည့် ထိုင်းပြန်အမျိုးသားလူငယ် ၁၈ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားခြင်းဖြစ်ပြီး လက်ရှိ မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မသိရှိရသေးကြောင်း ဒေသသတင်းရင်းမြစ်က ရှင်းပြသည်။
“စစ်တပ်က မနေ့က စစ်ကိုင်းတံတားဂိတ်မှာ ခရီးသည်တင်ကားပေါ်ပါလာတဲ့ မြဝတီက ပြန်လာတဲ့ လူငယ် ၁၈ ဦးကို ရိုက်နှက်ပြီး ဖမ်းဆီးသွားတာပါ။ သူတို့က ထိုင်းကနေ ပြန်လာကြတာ။ ဖမ်းဆီးခံရသူတွေက အသက် ၃၀ ဝန်းကျင် အရွယ်တွေ ဖြစ်ကြပါတယ်။ ” ဟု ဖြစ်စဉ်ကို သိရှိထားသော ဒေသသတင်းရင်းမြစ်က ပြောသည်။
ထို့ပြင် ဩဂုတ်လ ၂၁ ရက်နေ့ကလည်း စစ်ကိုင်းမြို့အဝင်အထွက် လမ်းဆုံများ၊ ပန်းခြံများနှင့် သီတဂူဗုဒ္ဓတက္ကသိုလ် မြောက်ဘက်လမ်းဆုံတို့တွင် စစ်ကောင်စီတပ်က စစ်ဆေးမှုများပြုလုပ်ပြီး အသက် ၂၀ နှစ်မှ ၃၅ နှစ်အတွင်းရှိ လူငယ် ၂၀ ဦးထက်မနည်းကို ဖမ်းဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။
ထို့အပြင် စစ်ကိုင်းမြို့ မင်းကွန်းဘုန်းကြီးကျောင်းရှေ့တွင်လည်း မကြာသေးမီရက်ပိုင်းအတွင်း လူငယ် ၄ ဦးကို ပေါ်တာဆွဲဖမ်းဆီးသွားကြောင်း၊ မဟာသွံသာရဘုန်းကြီးကျောင်းအနီးတွင်လည်း လူငယ်များကို မကြာခဏ ဖမ်းဆီးမှုများရှိနေကြောင်း ဒေသခံများက ပြောသည်။
အလားတူ ရန်ကုန်တိုင်းအတွင်းတွင်လည်း လူငယ်များ အလုပ်သွား၊ အလုပ်ပြန် သွားလာချိန်များအတွင်း ပေါ်တာဆွဲဖမ်းဆီးရန် လိုက်လံရှာဖွေမှုများ ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
ဩဂုတ်လ ၂၂ ရက်နေ့ ညနေပိုင်း အင်းစိန်မြို့နယ်ရှိ မဟာကမ္မဌာန်းဘုန်းကြီးကျောင်းအနီး အမည်းရောင်အိမ်စီးကားတစ်စီးက အလုပ်မှပြန်လာသည့် အသက် ၂၀ ဝန်းကျင် လူငယ်တစ်ဦးကို ကားပေါ်မှ လှမ်းဆွဲကာ ဖမ်းဆီးရန် ကြိုးပမ်းခဲ့ကြောင်း မျက်မြင်ဒေသခံတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
အဆိုပါလူငယ်မှာ အဖမ်းမခံဘဲ အလွတ်ရုန်းထွက်ပြီး “မလုပ်ကြပါနဲ့၊ ကျွန်တော် အလုပ်လုပ်မှ ထမင်းစားရတာပါ။ ကျွန်တော့်မှာ လုပ်ကျွေးရမယ့် အမေအိုကြီးရှိပါတယ်” ဟု အော်ဟစ်ထွက်ပြေး လွတ်မြောက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါအမည်းရောင်အိမ်စီးကားမှာ အင်းစိန်မြို့နယ်အတွင်း လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးရန် လိုက်လံအသုံးပြုနေသည့်ကားဖြစ်ပြီး ကားပေါ်တွင် အရပ်ဝတ်အမျိုးသားများ အုပ်စုလိုက် စီးနင်းလိုက်ပါနေကြောင်း၊ အဆိုပါကားက ပေါ်တာဆွဲ ဖမ်းဆီးရရှိသည့် လူငယ်များကို အင်းစိန်မြို့နယ်ထွေ/အုပ်ရုံးအတွင်း စုစည်းထားကြောင်းသိရှိရသည်။
အဆိုပါ အိမ်စီးကားဖြင့် စစ်မှုထမ်း ပေါ်တာဆွဲလေ့ရှိသည့်နေရာမှာ အင်းစိန်ခရိုင်အုပ်ချုပ်ရေးမှူးအိမ်ရာဟု လူသိများသည့် “မင်းကြီးခြံ” အနီးတွင် ဖြစ်ပွားလေ့ရှိကြောင်း သိရှိရသည်။
ရန်ကုန်မြို့ အင်းစိန်မြို့နယ်အတွင်းရှိ GTI ကျောင်းရှေ့နှင့် ဂျပန်လမ်းတစ်လျှောက်တွင်လည်း ညဘက်အချိန်များ၌ ပေါ်တာဆွဲဖမ်းဆီးမှုများရှိနေသဖြင့် လူငယ်များအနေဖြင့် အထူးသတိထားသွားလာကြရန် ဒေသခံများက သတိပေးထားသည်။
အကြမ်းဖက်စစ်တပ်က ယခုဩဂုတ်လအတွင်း စစ်မှုထမ်းအပတ်စဉ် ၂၈ ကို ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရသည်။
#KTM
1 056
Repost from EIO
🚨 [အထူးသတိပေးချက်] လူကို မယုံဘဲ စနစ်ကိုသာ ယုံကြည်ပါ ⚠️
— စစ်ကောင်စီ၏ ဘက်ပြောင်း/ဖမ်းဆီးခံရသူများ အသုံးပြု ထောင်ဖမ်းသည့် နည်းဗျူဟာ (Lure Tactics) များအား တုံ့ပြန်ကာကွယ်ခြင်း —
အကြမ်းဖက်စစ်ကောင်စီသည် စစ်ရေး၊ နိုင်ငံရေး ဘက်ပေါင်းစုံတွင် အရေးနိမ့်လာသည်နှင့်အမျှ တော်လှန်ရေးတပ်ဖွဲ့များ၏ "ရဲဘော်ရဲဘက်စိတ်"နှင့် "ရင်းနှီးကျွမ်းဝင်မှု" များကို အခွင့်ကောင်းယူ၍ Lure Tactics (ထောင်ဖမ်းသည့် နည်းဗျူဟာများ)ကို အရှိန်အဟုန်မြှင့် ယခုနောက်ပိုင်းအသုံးပြုလာနေပါသည်။
တော်လှန်ရေးတွင် ပါဝင်နေသည့်ရဲဘော်များ၊ ထောက်ပံ့သူများနှင့် မိဘပြည်သူများ၏ အသက်အန္တရာယ်သည် သတင်းလုံခြုံရေး (OPSEC) ပေါ်တွင် တိုက်ရိုက် မူတည်နေပါသည်။
စစ်ကောင်စီသည် ဖမ်းဆီးရမိထားသော ရဲဘော်များ၊ ဘက်ပြောင်းသွားသူများ (သို့မဟုတ်) ၎င်းတို့၏ ဖုန်း/ဆိုရှယ်မီဒီယာ အကောင့်များကို သိမ်းပိုက်၍ "အကူအညီတောင်းခံခြင်း"၊ "ရိက္ခာ/လက်နက် ပို့ဆောင်ခိုင်းခြင်း"၊ "တွေ့ဆုံရန် ချိန်းဆိုခြင်း"စသည့် နည်းလမ်းမျိုးစုံဖြင့် အကွက်ဆင် ထောင်ဖမ်းလျက်ရှိသည်။
ထို့ကြောင့် မိဘပြည်သူများနှင့် တော်လှန်ရဲဘော်များအနေဖြင့် "လူကို မယုံဘဲ၊ စနစ်ကိုသာ ယုံကြည်ပါ"ဆိုသည့် မူကို တိကျစွာ လက်ကိုင်ထားပြီး အောက်ပါ ဆောင်ရန်/ရှောင်ရန်များကို မဖြစ်မနေ လိုက်နာကြပါရန် အသိပေး နှိုးဆော်အပ်ပါသည်။
🛑 တော်လှန်ရဲဘော်များနှင့် ထောက်ပံ့သူများအတွက် ဆောင်ရန်/ရှောင်ရန်များ။
🟢 ဆောင်ရန် (DOs)
🛡️ စိစစ်အတည်ပြုခြင်း စနစ် (Verification Protocol) ကျင့်သုံးပါ။
ခရီးသွားနေသည့် ရဲဘော်၊အဆက်အသွယ်ပြတ်နေသည့် အဖွဲ့ဝင် သို့မဟုတ် ဘက်ပြောင်းလာသူများထံမှ ဆက်သွယ်လာပါက ပုဂ္ဂိုလ်ရေးရင်းနှီးမှုကို အခြေမခံဘဲ မကြိုတင်ပြင်ဆင်နိုင်သော ကိုယ်ပိုင်လျှို့ဝှက် မေးခွန်းများ/စကားဝှက်များ (Challenge-Response Questions) ဖြင့် အထပ်ထပ် စိစစ်ပါ။
🔐 သတင်းအချက်အလက် ခွဲခြားထိန်းသိမ်းပါ (Need-to-Know Basis)။
မည်မျှပင် ရင်းနှီးသူဖြစ်ပါစေ ၎င်း၏ တာဝန်နှင့် မသက်ဆိုင်သည့် စခန်းတည်နေရာ၊ စစ်ကြောင်းသွားလာမှု၊ ထောက်ပံ့ရေးလမ်းကြောင်းနှင့် အခြားရဲဘော်များ၏ သတင်းအချက်အလက်များကို လုံးဝ မမျှဝေပါနှင့်။
📱 လုံခြုံရေးမြင့်မားသော ဆက်သွယ်ရေးစနစ်များ အသုံးပြုပါ။
Signal/Telegram ကဲ့သို့သော အက်ပ်များတွင် #Auto-delete (ပျောက်ကွယ်စာတို) စနစ်ကို အချိန်တိုတို သတ်မှတ်ထားပါ။ ပြင်ပဖုန်းလိုင်း (Regular Call/SMS) များမှတစ်ဆင့် လျှို့ဝှက်ချက်များ ပြောဆိုခြင်းကို ရှောင်ကြဉ်ပါ။
🚨 အဆက်အသွယ်ပြတ်တောက်ပါက အရေးပေါ်စနစ် ပြောင်းပါ။
ရဲဘော်တစ်ဦးဦး (သို့မဟုတ်) ထောက်ပံ့သူတစ်ဦးဦး ဖမ်းဆီးခံရကြောင်း ကြားသိပါက (သို့မဟုတ်) မသင်္ကာဖွယ် ဆက်သွယ်မှုများ ရှိလာပါက ၎င်းနှင့် ပတ်သက်ဖူးသမျှ အကောင့်များ၊ အဆက်အသွယ်များကို ချက်ချင်းဖြတ်တောက်ပြီး #Safe House နှင့် လမ်းကြောင်းများကို အမြန်ဆုံး ပြောင်းလဲပါ။
🔴 ရှောင်ရန် (DON'Ts)
❌ အရင်က ရင်းနှီးဖူးသည်ဆိုသော အကြောင်းတစ်ခုတည်းဖြင့် မယုံပါနှင့်။
ဖမ်းဆီးခံရသူ (သို့မဟုတ်) ဘက်ပြောင်းသွားသူ၏ အကောင့်များသည် စစ်ကောင်စီ၏ လက်ထဲတွင် ရှိနေနိုင်သကဲ့သို့ ဖိအားပေး ခြိမ်းခြောက်ခံထားရသည့်အတွက် ၎င်းကိုယ်တိုင်က စစ်ကောင်စီခိုင်းသည့်အတိုင်း ဆက်သွယ်နေခြင်း ဖြစ်နိုင်သည်။
❌ ချိန်းဆိုမှုများသို့ တစ်ဦးတည်း/သတိမဲ့ မသွားပါနှင့်။
အရေးပေါ် ရိက္ခာ/ငွေကြေး သွားရောက်ပို့ဆောင်ရန် (သို့မဟုတ်) လူချင်းတွေ့ဆုံရန် ချိန်းဆိုလာပါက လုံခြုံရေး စိစစ်မှု မပြုလုပ်ဘဲ ရုတ်တရက် မသွားပါနှင့်။
❌ ဖုန်း/ကွန်ပျူတာများတွင် အကဲဆတ်ဒေတာများ မသိမ်းထားပါနှင့်။
ဖမ်းဆီးခံရပါက အခြားရဲဘော်များပါ ကွင်းဆက်ပြတ် ပါဝင်သွားနိုင်သည့် မိမိအဖွဲ့ဝင်စာရင်း၊ ဓာတ်ပုံ၊ တည်နေရာ ဒေတာများနှင့် ဘဏ္ဍာရေး မှတ်တမ်းများကို သာမန်ဖုန်းများထဲတွင် သိမ်းဆည်းထားခြင်း မပြုပါနှင့်။
❌ လူမှုကွန်ရက်ပေါ်တွင် တည်နေရာနှင့် လှုပ်ရှားမှုများ ဖော်ပြခြင်း မပြုပါနှင့်။
ခရီးသွားလာမှု၊ တပ်တည်နေရာ (သို့မဟုတ်) ထောက်ပံ့ရေး လုပ်ငန်းစဉ်များကို Facebook/Messenger စသည်တို့ပေါ်တွင် Check-in ဝင်ခြင်း၊ ပုံတင်ခြင်း လုံးဝ မပြုလုပ်ပါနှင့်။
📢 မိဘပြည်သူများ သတိပြုရန်
အကူအညီတောင်းဆိုမှုများကို အထူးသတိပြုပါ။ မိမိတို့ သိကျွမ်းသည့် ရဲဘော်တစ်ဦးဦးထံမှ (သို့မဟုတ်) တော်လှန်ရေး အကောင့်တစ်ခုခုထံမှ အရေးပေါ် ငွေကြေး သို့မဟုတ် ခိုလှုံခွင့် တောင်းခံလာပါက သက်ဆိုင်ရာ မြို့နယ်/နယ်မြေခံ တော်လှန်ရေး တာဝန်ရှိသူများထံ အခြားလမ်းကြောင်းမှတစ်ဆင့် မဖြစ်မနေ အတည်ပြုပါ။
*သတင်းလုံခြုံရေးသည် အသက်ဖြစ်သည်။ "ငါတို့နဲ့ ရင်းနှီးတာဘဲ" ဟူသော ပေါ့ဆမှုတစ်ခုသည် တော်လှန်ရဲဘော်များစွာ၏ အသက်နှင့် စခန်းတစ်ခုလုံး၏ လုံခြုံရေးကို ထိခိုက်စေနိုင်ကြောင်း အစဉ်သတိရပါ။
💬 "တစ်ဦးတစ်ယောက်၏ ပေါ့ဆမှုသည် စခန်းတစ်ခု၊ ရဲဘော်တစ်စု၏ အသက်ကို ပေးဆပ်ရစေနိုင်ပါသည်။ စနစ်အတိုင်း လိုက်နာခြင်းသည် တော်လှန်ရေး၏ အကောင်းဆုံး ဒိုင်းကာ ဖြစ်သည်။"
#Eagle_Information_Operator #EIO #OPSEC #SecurityAwareness #Alert #SagaingRegion #LureTactics #SafetyFirst
1 056
၅ နှစ်ကျော်အတွင်းစစ်တပ်လေယာဥ်၊ရဟတ်ယာဥ်ပျက်ကျတာအနည်းဆုံး ၁၀ စီးရှိလာ
သြဂုတ်-၂၄၊၂၀၂၆/People's Spring
မိတ္ထီလာရှမ်းတဲလေတပ်ထဲပျက်ကျခဲ့တဲ့ အမောင်းသင်လေယာဥ်ဟာ သြဂုတ် ၂၁ရက်မှာ ပျက်ကျခဲ့တာကြောင့် People's Spring စုဆောင်းထားတဲ့အချက် အလက်တွေအရ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းအကြောင်းအမျိုးမျိုးကြောင့်ပျက်ကျတဲ့ စစ်
တပ်လေယာဥ် ၊ရဟတ်ယာဥ်အနည်းဆုံး
၁၀ စီးရှိနေပြီဖြစ်ပါတယ်။
ဒါ့အပြင်တော်လှန်ရေးတပ်တွေက တိုက်ခိုက်လို့ စစ်တပ်ရဲ့ တိုက်လေယာဥ်တွေ၊ရဟတ်ယာဥ်တွေ ပစ်ချဖျက်ဆီးခံရတာ အနည်းဆုံး ၁၄ စီး ရှိလာပြီဖြစ်ပါတယ်။၂၀၂၆ ဂျုလိုင်လက မကွေးတိုင်း မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေက စစ်တပ်ရဲ့ MI-17 ရဟတ်ယာဥ်ကို FPV ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးခဲ့တာက လက်တလောမှာ နောက်ဆုံးဖြစ်ပါတယ်။
#People's Spring
1 056
⚜️ #EIO_Update_News
မုံရွာမြို့၊ စက်မှုဇုန် အေးရိပ်သာလမ်း၊ဗိုလ်တေဇလမ်း၊သမ္မစိတ္တလမ်း၊မြို့ရှောင်လမ်းတို့တွင် စခအိမ်စီးကားများသည် ကင်းပတ်နေကြောင်း သတင်းရရှိထားပါသည်။
မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက်၍ သွားလာကြပါရန်🙏🏻
#EIO
Aug 24, 8:27AM
@EIO2021_bot ၊ @EagleInformationOperator_bot
