EIO
Открыть в Telegram
⚠️ See early.Know first.Stay Safe.🙏🏻 📡စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အတွင်းရှိ သတင်းများကို ဦးစားပေး၍ အချိန်နဲ့တပြေးညီ ကြိုးစားတင်ဆက်ပေးနေသော သတင်းချန်နယ်တစ်ခုဖြစ်ပါသည်။ #NoNeedDictator #RejectOfMilitary 🔗 http://facebook.com/eagleinformation
Больше1 052
Подписчики
Нет данных24 часа
-37 дней
+430 дней
Архив постов
1 054
⚜️ #EIO_Update_News
မုံရွာနမခမှ ထွက်လာသော စခအအများသည် ထီးတော်တင်ရွာသို့ ရောက်ရှိနေကြောင်းသတင်းရရှိထားပါသည်။
May 25, 8:50PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
1 054
Eagle Information Operator (#EIO)
Date - May 25, 5:01PM
📌 ဘုတလင်နယ်၊ အနောက် ဇီးတောရွာသို့ ရောက်ရှိနေသော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်ရှိအချိန်တွင် .5 စက်လက်ကြီးဖြင့် ထပ်မံ၍ ရမ်းသမ်းပစ်ခတ်နေကြောင်း သတင်းရရှိထားပါသည်။ သို့ဖြစ်ပါ၍ အနီးနားရှိ ကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက် နေထိုင်ပေးကြပါရန် အသိပေးအပ်ပါသည်။
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
1 054
(25,5,2026)၊ စစ်ကိုင်းတိုင်း၊ မုံရွာ နမခ အကြမ်းဖက် စစ်ဌာနချုပ်မှ တက်လာသော #Gyrocopter (2)စီးသည် စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် တစ်နေရာ၌ ယနေ့ နေ့လည်ပိုင်း (3:20) (3:21) (3:22) (3:23) အချိန်ဝန်းကျင်ခန့်တွင် လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိထားပါသည်။
📡 မိဘပြည်သူများသို့ အသိပေးချက်။
⚠️ ဒရုန်းများ(#Kamikaze_Sucide_Drone/#Attack_Drone/#UAV_Scout_Drone) နှင့် အပေါ့စားလေယာဉ်များဖြစ်သော (#Paramotor/#Gyrocopter) သည် ပုံမှန် ဂျက်တိုက်လေယာဉ်များထက် အသံတိုးသော်လည်း နီးကပ်လာပါက ပန်ကာရိုက်ခတ်သံကို ကြားနိုင်ပါသည်။
⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲဂရုပြု နားစွင့်ထားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
⚠️ လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားလာပါက ခိုင်မာလုံခြုံသော ဘေးလွတ်ရာနေရာများတွင် အမြန်ဆုံး ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
ပြည်သူများအပေါ် ကျရောက်နေသော အကြမ်းဖက်တိုက်ခိုက်မှုများ အမြန်ဆုံး ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻
#Sagaing_Region #Gyrocopter #AirStrike #MilitaryAtrocities #PublicSafety #EIO #WhatsHappeningInMyanmar
1 054
Eagle Information Operator (#EIO)
Date - May 25, 3:01PM
📌 ဘုတလင်နယ်၊ အနောက် ဇီးတောရွာသို့ ရောက်ရှိနေသော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်ရှိအချိန်တွင် .5 စက်လက်ဖြင့်လည်း ရမ်းသမ်းပစ်ခတ်နေကြောင်း သတင်းရရှိထားပါသည်။ သို့ဖြစ်ပါ၍ အနီးနားရှိ ကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက် နေထိုင်ပေးကြပါရန် အသိပေးအပ်ပါသည်။
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
1 054
💥လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုရှိနေသဖြင့် အထူးသတိပြုရန် နှိုးဆော်ချက်
Eagle Information Operator (#EIO)
Date - May 25, 2:12PM
📌 ဘုတလင်နယ်၊ အနောက် ဇီးတောရွာသို့ ရောက်ရှိနေသော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်ရှိအချိန်တွင် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း သတင်းရရှိထားပါသည်။ သို့ဖြစ်ပါ၍ အနီးနားရှိ ကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက် နေထိုင်ပေးကြပါရန် အသိပေးအပ်ပါသည်။
⚠️ လက်နက်ကြီးသံ ကြားရသည်နှင့် ဘေးကင်းလုံခြုံသော ဗုံးခိုကျင်း (သို့မဟုတ်) ခိုင်ခံ့သော အဆောက်အအုံများတွင် အကာအကွယ်ယူပါ။အမြန်ဆုံး ခိုလှုံပါ။
⚠️ မိမိတို့ဒေသတွင်း သတင်းစီးဆင်းမှုများကို မျက်ခြေမပြတ် စောင့်ကြည့်၍ သတင်းနားစွင့်ပါ။
⚠️ အနီးနားရှိ အိမ်နီးချင်းများအား ရိုင်းပင်းကူညီ၍ သတိပေးစကား လက်ဆင့်ကမ်းပြောကြားပေးပါ။
"မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏
⚜️မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO_Admin_Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။
📲 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန်
🤖 Telegram - @EIO2021_bot | @EagleInformationOperator_bot
📧 Email: eagleinformationoperators@gmail.com
🔵 Facebook Page: https://www.facebook.com/eagleinformation
🌐 Telegram Channel: t.me/eagleinformationoperator
#EIO #EmergencyAlert #StaySafe #WhatsHappeningInMyanmar #SecurityUpdate
1 054
🌧️ ရက်သတ္တပတ် မိုးလေဝသခန့်မှန်းချက်
(၂၅.၅.၂၀၂၆ မှ (၃၁.၅.၂၀၂၆ အထိ)
အလေးပေးတင်ပြချက်များ
......................................
🌀ယခုတစ်ပတ်အတွင်း ဘင်္ဂလားပင်လယ်အော်အခြေအနေမှာ မေလ(၂၈)နှင့် (၂၉)ရက်နေ့အတွင်း ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နိုင်ပါသည်။ မြန်မာ့ကမ်းရိုးတန်းဒေသများနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် အနောက်တောင် မုတ်သုံလေသည် အားကောင်းရာမှ အားအလွန် ကောင်းနိုင်ပါသည်။
⛈️မိုးအခြေအနေမှာ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နိုင်သည့် လေဖိအားနည်းရပ်ဝန်းကြောင့် လည်းကောင်း၊ အရှေ့ဘက်မှလာသော လေပွေလှိုင်းများကြောင့် လည်းကောင်း မြန်မာနိုင်ငံအနှံ့အပြားတွင် နေရာစိပ်စိပ်မှ နေရာအနှံ့ မိုးထစ်ချုန်း ရွာသွန်းနိုင်ပါသည်။ (ပဲခူးတိုင်းအရှေ့ပိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့် တောင်ပိုင်း)၊ ချင်းပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။)
လေဖိအားနည်းရပ်ဝန်းကြောင့် နေရာကွက်၍မိုးကြီးခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ ရုတ်တရက် ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်း၊ တောင်ပြိုခြင်းနှင့် ကမ်းပါးပြိုခြင်းများ ဖြစ်ပေါ်နိုင်၍ အထူးသတိပြု နေထိုင်သင့်ပါသည်။
📅နေ့အလိုက်တစ်ပတ်စာ မိုးလေဝသအခြေအနေများကို ဆက်လက်တင်ပြသွားပါမည်။
🌨️📌🌥️📌☁️📌🌩️📌⛈️📌🌤️
#မိုးလေဝသသတင်း
#WeatherForecast
#MOHADM
1 054
⚜️ #EIO_Update_News
မုံရွာ၊နမခမှ ထွက်လာသော စခသံပြားကာကား(၃)စီး၊ဂျမ်မာကား(၁)စီးသည် ဖန်ခါးကျင်းရွာမှ မြောက်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။
May 25, 1:40PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
1 054
Repost from EIO
⚠️ လုံခြုံရေး အထူးသတိပြုရန် (#DigitalSecurity)
လက်ရှိတွင် စစ်ကောင်စီဘက်မှ အကောင့်တုများ (#Spies/#Informants) အသုံးပြု၍ တယ်လီဂရမ် Group များ၊ သတင်းချန်နယ်များ၊တော်လှန်ရေး #Facebook_Page မန့်များ၊ မိတ်ဆွေတို့၏ #Facebook_account ရှိ ပို့စ်များ၏ မန့်များအတွင်း ရုပ်ဖျက်ဝင်ရောက်ကာ သတင်းနှိုက်ခြင်းနှင့် ထောက်လှမ်းခြင်းများကို ပြုလုပ်နေကြပါသည်။
"မိမိနှင့်တကွ မြေပြင်ရှိ ရဲဘော်များ၊ ပြည်သူများ ဘေးကင်းစေရန် အထူးဂရုပြုလိုက်နာကြပါ"🙏🏻
⚜️မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO_Admin_Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။
📲 သတင်းပေးပို့ရန်-
🤖 Telegram - @EIO2021_bot | @EagleInformationOperator_bot
📧 Email: eagleinformationoperators@gmail.com
🔵 Facebook Page: https://www.facebook.com/eagleinformation
🌐 Telegram Channel: t.me/eagleinformationoperator
#Revolution_News #DigitalSecurity #EmergencyAlert #StaySafe #Myanmar #SecurityUpdate
1 054
Repost from EIO
📢 သတိပေးနှိုးဆော်ချက်⚠️
တော်လှန်ရေးကာလ ကြာမြင့်လာသည်နှင့်အမျှ သတင်းလုံခြုံမှု (#Information_Security) နှင့် စစ်ဆင်ရေးလုံခြုံမှု (#OPSEC) တို့တွင် သတိပေါ့လျော့မှုများ ရှိလာနေသည်ကို နေ့စဉ် စိတ်မကောင်းဖွယ် တွေ့မြင်နေရပါသည်။
မိမိတို့ သတင်းလက်ဦးမှုရယူရန်နှင့် နာမည်ကြီးရန်အတွက်သာ ရှေ့တန်းတင်ပြီး စစ်ဆင်ရေးရည်မှန်းချက် မပြီးမြောက်သေးမီ သတင်းဌာနများသို့ အသိပေးခြင်း၊ မိမိတို့၏ ကိုယ်ပိုင် #Social Media ပေါ်တွင် ဓာတ်ပုံနှင့် #Video များ တင်ခြင်းတို့သည် အကြမ်းဖက်စစ်ကောင်စီအတွက် လေကြောင်းပစ်မှတ်နှင့် လက်နက်ကြီးပစ်မှတ်များကို မြေပုံညွှန်းပေးနေသကဲ့သို့ ဖြစ်နေပါသည်။
လူမှုကွန်ယက်အသုံးပြုရာတွင် မိမိတို့၏ ဂုဏ်သိက္ခာထက် ရဲဘော်များနှင့် ပြည်သူတို့၏ အသက်လုံခြုံရေးကို အလေးထားကြရန် #EIO (ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေး) မှ အလေးအနက် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
🚫 ရှောင်ရန် (Don'ts)
❌ အချိန်နှင့်တပြေးညီ (Real-time) တင်ခြင်း။
စစ်ဆင်ရေး လှုပ်ရှားမှုများကို ဖြစ်ပွားနေဆဲအချိန်တွင် ရှေ့တန်းတွင် မပါဝင်သူများ အနေဖြင့် လုံးဝ (လုံးဝ) #Post မတင်ပါနှင့်။သတင်းဖြန့်ဝေခြင်း လုံးဝ(လုံးဝ) မပြုလုပ်ပါနှင့်။
❌ တည်နေရာ အမှတ်အသားများ။
ဓာတ်ပုံများတွင် နောက်ခံတောင်တန်း၊ ထူးခြားသော အဆောက်အအုံနှင့် လမ်းဆုံလမ်းခွများ မပါဝင်ပါစေနှင့်။ (#Metadata ပါသော မူရင်းပုံများကို တိုက်ရိုက်မတင်ပါနှင့်)။
❌ အင်အားနှင့် လက်နက်ထုတ်ဖော်ပြသခြင်း။
မိမိတို့ဘက်မှ အင်အား မည်မျှရှိသည်၊ မည်သည့်လက်နက် အမျိုးအစားများ အသုံးပြုနေသည်ကို ထုတ်ဖော်မပြပါနှင့်။
❌ အောင်ပွဲခံစောခြင်း။
ရည်မှန်းချက် မပြီးမြောက်မီ "သိမ်းနိုင်ပြီ" ဟု ကြေညာခြင်းသည် ရန်သူ၏ တန်ပြန်တိုက်ခိုက်မှုကို ဖိတ်ခေါ်သကဲ့သို့ ဖြစ်စေပါသည်။
✅ ဆောင်ရန် (Dos)
✅ အချိန်ဆိုင်းပြီးမှ တင်ပါ။
စစ်ဆင်ရေးပြီးဆုံး၍ ရဲဘော်များ ဘေးကင်းရာသို့ ရွှေ့ပြောင်းပြီးနောက် (အနည်းဆုံး ၂၄ နာရီ/ ၄၈ နာရီ) ကြာမှသာ သတင်းထုတ်ပြန်ပါ။
✅ မျက်နှာနှင့် အမှတ်အသားများကို ဖျောက်ပါ။
ဓာတ်ပုံတင်လျှင် ရဲဘော်များ၏ မျက်နှာ၊ တက်တူးနှင့် ယူနီဖောင်းပေါ်မှ တံဆိပ်များကို #Blur လုပ်ပါ။
✅ #Chain of Command ကို လေးစားပါ။
အဖွဲ့အစည်း၏ သတင်းထုတ်ပြန်ရေး တာဝန်ရှိသူ၏ ခွင့်ပြုချက်ရမှသာ သတင်းပေးပို့/တင်ပြပါ။
✅ Digital Security သတိပြုပါ။
ဖုန်းထဲရှိ ဓာတ်ပုံများမှ #GPS_Location များကို ပိတ်ထားပါ။
"မလိုအပ်ဘဲ မပြောပါနှင့်၊ မဆိုင်လျှင် မတင်ပါနှင့်၊ အောင်ပွဲရမှ ဂုဏ်ယူပါ"
မိမိ၏ လက်ချောင်းလေးတစ်ခုကြောင့် မြေပြင်က ရဲဘော်များ အသက်မဆုံးပါစေနှင့်။ သတိရှိရှိဖြင့် တော်လှန်ကြပါစို့။ ✊
#EIO #InformationSecurity #OPSEC #Digital_Security #RevolutionSafety #WhatsHappeningInMyanmar
1 054
Repost from EIO
🔊 လက်ရှိဖြစ်ပေါ်နေသော အခြေအနေများကြောင့် မိဘပြည်သူများအနေဖြင့် အောက်ပါဘေးကင်းလုံခြုံရေး အစီအမံများကို အထူးဂရုပြု လိုက်နာဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။✨🛡️ အကာအကွယ်ယူခြင်းနှင့် ကြိုတင်ပြင်ဆင်ခြင်း။ ⚠️ ဗုံးခိုကျင်း ပြင်ဆင်ပါ။ လက်နက်ကြီးနှင့် စက်လက်သံများ ကြားရသည့်အခါ (သို့မဟုတ်) စစ်ကြောင်းနှင့် နီးစပ်သည့်အခါ ခိုင်ခံ့သော ဗုံးခိုကျင်း (သို့မဟုတ်) ဘေးကင်းသည့် နေရာများကို ကြိုတင်ပြင်ဆင်ထားပါ။ ⚠️ ဝပ်နေပါ။ ပစ်ခတ်သံများ ကြားသည်နှင့် ပြတင်းပေါက်များနှင့် ဝေးရာတွင်နေပြီး ကြမ်းပြင်ပေါ်၌ ဗိုက်မှောက်လျက် ဝပ်နေပါ။ 🙆🏻 ခိုင်မာသော အကာအကွယ်ယူပါ။ .5 ပွိုင့်ဖွိုက် ကဲ့သို့သော ကျည်ဆံများသည် သာမန်သစ်သားနံရံများကို ဖောက်ထွက်နိုင်သဖြင့် အုတ်နံရံ (သို့မဟုတ်) မြေကျင်းထဲတွင် ခိုလှုံခြင်းက ပိုမိုစိတ်ချရပါသည်။ ⚠️ ပေါ့ပေါ့တန်တန် မနေပါနှင့်။ .5 ပွိုင့်ဖွိုက် စက်လက်ကြီးများသည် အကွာအဝေး အတော်အတန်အထိ ပြင်းအားကောင်းစွာ ရောက်ရှိနိုင်သဖြင့် ပစ်ခတ်သံကြားရပါက မိမိတို့နှင့် မနီးသေးဟု တွေးကာ ပေါ့ပေါ့တန်တန် မနေသင့်ပါ။ 🎒 အရေးပေါ် အခြေအနေအတွက် ဆောင်ရန်/ရှောင်ရန် 🚨Emergency Kit ပြင်ထားပါ။ အရေးပေါ် တိမ်းရှောင်ရပါက ချက်ချင်းယူဆောင်သွားနိုင်ရန် ဆေးဝါး၊ ရိက္ခာခြောက်နှင့် အရေးကြီးစာရွက်စာတမ်းများ ကို အထုပ်အပိုး အသင့်ပြင်ထားပါ။ 🚫 စုဝေးခြင်း ရှောင်ပါ။ အုပ်စုလိုက် စုဝေးနေထိုင်ခြင်းသည် လေကြောင်းနှင့် မြေပြင်ပစ်မှတ် ဖြစ်လွယ်သဖြင့် ရှောင်ကြဉ်ပါ။ ⚠️ မီးအမှောင်ချပါ။ ညဘက် ပစ်ခတ်မှုများ ဖြစ်ပွားနေချိန်တွင် ဖုန်းမီး၊ လက်နှိပ်ဓာတ်မီးနှင့် မီးထွန်းခြင်းများကို လုံးဝ (လုံးဝ) ရှောင်ကြဉ်ပါ။ 🚫 စူးစမ်းခြင်း မပြုပါနှင့်။ ပစ်ခတ်သံကြားရသည့် အရပ်သို့ အပြင်ထွက်ကြည့်ခြင်း၊ စူးစမ်းခြင်း မပြုဘဲ ကျည်လွတ်ရာ၌သာ ငြိမ်သက်စွာ နေပါ။ ⚠️ နေရပ်ပြန်ရာတွင် သတိပြုရန် (မြေမြှုပ်မိုင်း အန္တရာယ်) 🚫 အလျင်စလို မပြန်ပါနှင့်။ စစ်ကြောင်းများ ဖြတ်သန်းသွားလာထားသည့် နေရာများနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် အရပ်ဒေသများရှိ မိမိတို့အိမ်အတွင်း သို့မဟုတ် ပတ်ဝန်းကျင်တွင် မြေမြှုပ်မိုင်း နှင့် အခြား မပေါက်ကွဲသေးသော လက်နက်ပစ္စည်းများ ကျန်ရှိနေနိုင်ပါသည်။ 🗣️ စုံစမ်းမေးမြန်းပါ။ သက်ဆိုင်ရာ နယ်မြေခံ ကာကွယ်ရေးအဖွဲ့အစည်းများထံမှ ဘေးကင်းလုံခြုံမှု ရှိ၊ မရှိကို သေချာစွာ စုံစမ်းပါ။ ⚠️ ခွင့်ပြုချက်ရမှသာပြန်ကြပါ။ သက်ဆိုင်ရာအဖွဲ့အစည်းများမှ ပြန်ခွင့်ရပြီဟု အတည်ပြုချက်ရမှသာ မိမိနေရပ်သို့ ပြန်ကြပါရန် အထူးသတိပေးလိုပါသည်။ 📢 သတင်းနားစွင့်ပါ။ ဒေသတွင်း ကာကွယ်ရေးအဖွဲ့များ၏ သတင်းထုတ်ပြန်ချက်နှင့် စစ်ကြောင်းသတင်းများကို အမြဲမပြတ် နားစွင့်ထားပါ။ အတည်မပြုနိုင်သော သတင်းများကြောင့် ထိတ်လန့်မှု မဖြစ်စေရန် သတိပြုပါ။
⚜️ မြေပြင်နှင့် လေကြောင်း အခြေအနေများအတွက် အရေးကြီးသတင်းများရှိပါက #EIO_Admin_Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။"မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏 #EIO_Update_News #SafetyFirst #EmergencySafety #LandmineAwareness #StaySafe #RejectMilitaryCoup #StopKillingCivilians #WarCrimes #WhatsHappeningInMyanmar
1 054
⚜️ #EIO_Update_News
မုံရွာမြို့၊ စက်မှုဇုန် ငြိမ်းချမ်းရေး ပဲခွဲစက် အနီးတွင် စခများရောက်ရှိနေပြီး ပြည်သူအသွားအလာများကို အစစ်ဆေးပြုလုပ် ငတ်ကြီးကျ တောင်းရမ်းနေကြောင်း သတင်းရရှိထားပါသည်။
မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက်၍ သွားလာကြပါရန်🙏🏻
May 25, 7:17AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
1 054
⚜️ #EIO_Update_News
မုံရွာနာ်၊ ဖန်ခါးကျင်းရွာမှ ထွက်လာသော စခ ခမ အအ(50)ခန့်သည် ဘုတလင်နယ်၊ ဇီးတောရွာသို့ ဝင်ရောက်နေကြောင်းသတင်းရရှိထားပါသည်။
May 25, 7:09AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
1 054
⚜️ #EIO_Update_News
မုံရွာနယ် တောင်ခြမ်း၊ မုံရွေးတိုးဂိတ်မှ ထွက်လာသော စခကင်းများသည် မုံရွေးဈေးထိပ်နှင့် ကြေးမုံရွာအနောက်ထိပ်သို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။
မုံရွာနယ် တောင်ခြမ်း၊ တောပုပျူရွာမှ ထွက်လာသော စခပခများသည် သီတာရုံအဆင်း၊တောင်ကုန်းနှင့် မြောက်ကုန်းရွာထိပ်သို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။
May 25, 6:42AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
1 054
Repost from EIO
📢 သတင်းပေးပို့သူများသို့ အသိပေးချက် ⚠️
📌 သတင်းပေးပို့သူ (#Informant) တစ်ဦးချင်းစီ၏ သတ္တိ၊ တာဝန်ယူမှုနှင့် ပေးဆပ်မှုများကို #EIO_Admin_Team မှ အမြဲတမ်း လေးစားတန်ဖိုးထားလျက်ရှိပါသည်။ ✨
📌 မိမိတို့ဒေသအတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းဆိုင်ရာ ဖြတ်သန်းမှုများ၊ အကြမ်းဖက် စစ်ကောင်စီတပ်၏ လှုပ်ရှားမှု၊ တပ်စွဲနေရာများနှင့် ယာဉ်တန်းသတင်းများကို အချိန်နှင့်တပြေးညီ ပေးပို့ပေးခြင်းသည် တော်လှန်ရေးအတွက် အရေးပါသည့် “မျက်စိနှင့် နား” ဖြစ်သကဲ့သို့ ပြည်သူများ၏ အသက်အိုးအိမ်ကို ကာကွယ်ပေးနေခြင်းလည်း ဖြစ်ပါသည်။ ✨🛡️ ၁။ သတင်းပေးပို့သူများအား တန်ဖိုးထားခြင်း 📌 #EIO_Admin_Team အနေဖြင့် သတင်းပေးပို့သူများ၏ ဘေးကင်းလုံခြုံရေးကို ပထမဦးစားပေး (Top Priority) အဖြစ် သတ်မှတ်ထားပါသည်။ ✨
✅ သတင်းအချက်အလက်တစ်ခု ရရှိလာရန် မည်မျှအန္တရာယ်များကြောင်း နားလည်ထားသည့်အတွက် ပေးပို့လာသော သတင်းတိုင်းကို အလေးအနက်ထား၍ စိစစ်အသုံးပြုလျက်ရှိပါသည်။ ✨📌 မိတ်ဆွေတို့၏ ကြိုးပမ်းအားထုတ်မှုများသည် တော်လှန်ရေးအောင်ပွဲအတွက် အရေးပါသော မောင်းနှင်အားတစ်ရပ်ဖြစ်ကြောင်း မှတ်တမ်းတင်အပ်ပါသည်။ ✨ 🔐 ၂။ လုံခြုံရေးနှင့် လျှို့ဝှက်ချက် ထိန်းသိမ်းမှု 📌 သတင်းပေးပို့သူများ စိတ်ချလက်ချ ဆက်သွယ်နိုင်စေရန် အောက်ပါအချက်များကို တိကျစွာ လိုက်နာဆောင်ရွက်လျက်ရှိပါသည်။ 👤 သတင်းရင်းမြစ် ဖုံးကွယ်ခြင်း 📌 ပေးပို့သူ၏ အမည်၊ အကောင့်နှင့် တည်နေရာတို့ကို မည်သည့်အခြေအနေတွင်မျှ ထုတ်ဖော်ခြင်းမပြုဘဲ လျှို့ဝှက်အဆင့် (၁) ဖြင့် ထိန်းသိမ်းထားပါသည်။ 💻 Digital Security 📌 သတင်းပေးပို့ပြီးနောက် #Chat_Log များအား စနစ်တကျ ဖျက်သိမ်းခြင်းနှင့် လုံခြုံရေးအကာအကွယ်များကို နည်းပညာပိုင်းဆိုင်ရာအရ ဆောင်ရွက်ထားပါသည်။ 🛡️ ဘေးကင်းရေး လမ်းညွှန်မှု 📌 သတင်းပေးပို့ရာတွင် သတိပြုရမည့်အချက်များနှင့် ဒစ်ဂျစ်တယ်လုံခြုံရေးဆိုင်ရာ အသိပညာများကိုလည်း မိမိတို့ #EIO_Admin_Team အနေဖြင့် စဉ်ဆက်မပြတ် ဆက်လက်မျှဝေပေးလျက်ရှိပါသည်။ ⚠️ ၃။ သတင်းပေးပို့သူများသို့ မေတ္တာရပ်ခံချက် 📌 မိမိကိုယ်တိုင် လုံခြုံမှုရှိနေမှသာ တော်လှန်ရေးအတွက် ရေရှည်ဆက်လက်ကူညီနိုင်မည်ဖြစ်သောကြောင့် အောက်ပါအချက်များကို အထူးဂရုပြုပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 📱 Two-Step Verification ⚠️ သတင်းပေးပို့ရာတွင် အသုံးပြုသည့် ဖုန်းနှင့် စက်ပစ္စည်းများတွင် အမြဲဖွင့်ထားပါ။ 🗑️ Chat Cleanup ⚠️ သတင်းပေးပို့ပြီးတိုင်း #Chat များအား #Delete ပြုလုပ်ရန် (သို့မဟုတ်) #Vanish Mode အသုံးပြုရန်။ 👁️ Environmental Awareness ⚠️ သတင်းရယူရာတွင် မိမိပတ်ဝန်းကျင်အခြေအနေကို အမြဲသတိပြု၍ မျက်ခြေမပြတ် စောင့်ကြည့်ပါ။ 🕊️ “လူထု၏ မျက်စိ၊ လူထု၏ နား…အောင်ပွဲဆီသို့ ရောက်ရှိနိုင်ရန် သင်တို့၏ သတင်းစကားများသည် အရေးကြီးဆုံးဖြစ်ပါသည်။” ပြည်သူနှင့်အတူ ရပ်တည်ပေးနေသော သတင်းပေးပို့သူ တစ်ဦးချင်းစီအား မိမိတို့ #EIO (ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေး) မှ အထူးကျေးဇူးတင်ရှိပါသည်။ 🙏🏻 #EIO_Admin_Team #Eagle_Information_Operator #Civilian_Intelligence #DigitalSecurity #Revolution_News #Ethics
1 054
Repost from EIO
🚨 "အရေးပေါ် လေကြောင်းသတိပေးချက်နှင့် တိုက်တွန်းချက်" (#EIO) ⚠️
📢 "လေကြောင်းအသိ၊လေကြောင်းသတိဖြင့် မိမိနှင့် မိမိပတ်ဝန်းကျင်ကို ကာကွယ်စို့"
အကြမ်းဖက် စစ်ကောင်စီ၏ လေတပ်စခန်းများနှင့် ဌာနချုပ်များမှတစ်ဆင့် #Jet_Fighters (ဂျက်တိုက်လေယာဉ်များ)၊#Mi_35P_Attack_Helicopters (တိုက်ခိုက်ရေးရဟတ်ယာဉ်များ)၊ #Y_12_Y_8_Military_Transport_Aircraft (ဗုံးကျဲနှင့်စစ်ထောက်ပို့လေယာဉ်များ)၊ #UVP_L_410_Military_Light_Transport_Aircraft (ဗုံးကျဲနှင့်ထောက်ပို့ အပေါ့စားလေယာဉ်များ)၊ #Paramotors (ပါရာမော်တာစက်တပ်လေထီးများ)၊ #Gyrocopters (ဂျိုင်ရိုကော့ပတာများ) နှင့် လူသတ်လက်နက်များဖြစ်သော #Kamikaze_Suicide_Drones (စွမ်းအားမြင့်အသေခံဒရုန်းများ)၊ #Attack_Drones (တိုက်ခိုက်ရေးဒရုန်းများ) ကို အသုံးပြုကာ ပြည်သူလူထုအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေခြင်းသည် လုံးဝမဖြစ်သင့်သည့် အကြမ်းဖက်မှု လုပ်ရပ်သာ ဖြစ်ပါသည်။
📌 အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်များသည် လျော့ပါးသွားခြင်းမရှိဘဲ ပိုမိုပြင်းထန်လာနိုင်သည့် အနေအထားတွင် ရှိနေပါသည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ဘေးကင်းမှုကို ရှေးရှုကာ အောက်ပါ "လေကြောင်းအသိ၊သတိ" များကို အထူးဂရုပြု လိုက်နာကြပါရန် #EIO_Admin_Team မှ အလေးအနက် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
🛡️ လိုက်နာရန် အရေးကြီးသည့် လမ်းညွှန်ချက်များ။
👂 အသံကို နားစွင့်ပါ။
ဒရုန်းများ(#Kamikaze_Sucide_Drone/#Attack_Drone)နှင့် အပေါ့စားလေယာဉ်များ (#Paramotor/#Gyrocopter) သည် ပုံမှန်ဂျက်လေယာဉ်များထက် အသံတိုးသော်လည်း နီးကပ်လာပါက ပန်ကာရိုက်ခတ်သံကို ကြားနိုင်ပါသည်။ ထူးခြားသောအသံကြားရပါက လူစုလူဝေးမှ ချက်ချင်းခွာပါ။
🚫 ရှောင်ပါ။
လူစုလူဝေးရှိရာနေရာများသည် အဓိက ပစ်မှတ်များ ဖြစ်လာနိုင်သဖြင့် အထူးဂရုစိုက် နားစွင့်၍ နေထိုင်ကြပါ။ဆူညံသံများဖြစ်သော အသံချဲ့စက်၊ဘောက်များဖွင့်ခြင်းကို လုံးဝ(လုံးဝ) ရှောင်ကြဉ်ကြပါ။
🛖 ခိုင်ခံ့သော နေရာတွင် ခိုလှုံပါ။
လေကြောင်းတိုက်ခိုက်မှု သတိပေးချက်ရသည်နှင့် တစ်ပြိုင်နက် သစ်ပင်ကြီးများအောက်တွင် မနေဘဲ ခိုင်ခံ့သော အဆောက်အအုံ (သို့မဟုတ်) မြေကျင်းများအတွင်း အမြန်ဆုံး ခိုလှုံပါ။
📱 သတင်းအချက်အလက်ကို စောင့်ကြည့်ပါ။
ဒေသတွင်း လေကြောင်း သတင်းပြန်ကြားရေးမှ သတိပေးချက်များ၊ အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးနေသော လေကြောင်းသတင်း #Channel များကို အမြဲမျက်ခြေမပြတ် စောင့်ကြည့်ပြီး အချင်းချင်း ဖုန်းဖြင့် သတင်းအား လက်ဆင့်ကမ်းခြင်း၊ နယ်မြေခံဆက်သွယ်ရေးကွန်ယက်များသို့ ဝေမျှပါ။လေကြောင်းသတင်းကို အမြဲမပြတ် နားစွင့်နေပါ။
🚫 တားမြစ်ချက်နှင့် မေတ္တာရပ်ခံချက်။
မိမိတို့ဝန်းကျင်တွင် လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားပါက ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးခြင်းနှင့် #Social_Media ပေါ်တွင် ချက်ချင်းတင်ခြင်းများကို လုံးဝ (လုံးဝ) မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ထိုသို့တင်ခြင်းသည် တိုက်ခိုက်သူများအတွက် #Target မှန်၊ မမှန် #Feedback ပေးသကဲ့သို့ ဖြစ်စေပြီး နောက်ထပ်တိုက်ခိုက်မှုများ ပြုလုပ်ရန် လမ်းညွှန်ပေးရာ ရောက်ပါသည်။
"မိဘပြည်သူတို့ရဲ့ အသက်ပေါင်းများစွာကို အကာအကွယ်ပေးနိုင်ဖို့ "လေကြောင်းအသိ၊ လေကြောင်းသတိ" အမြဲရှိကြပါစို့။"✨
"မိဘပြည်သူအားလုံး ဘေးအန္တရာယ်ကင်းပြီး ကျန်းမာကြပါစေ"🙏🏻
#EIO_Update_News #MiliitaryAtrocities #MilitaryTerrorists #StopBombingCivilians #StopKillingCivilians #AirSecurityAlert #StaySafeMyanmar #SafetyAwareness #WhatsHappeningInMyanmar
1 054
Repost from EIO
🚨 မိဘပြည်သူများအတွက် အရေးပေါ် သတိပေးချက် 🚨
လတ်တလော မုံရွာမြို့ပေါ်နှင့် လမ်းကြိုလမ်းကြားများ၊ မြို့အဝင်အထွက်များတွင် စစ်ကောင်စီ (စကစ) မှ အိမ်စီးကားများကို အသုံးပြု၍ အတင်းအဓမ္မ ဖမ်းဆီးခြင်းနှင့် ပေါ်တာဆွဲခြင်းများ ပြုလုပ်နေကြောင်း သတင်းများ ရရှိထားပါသည်။
မိဘပြည်သူများ ဘေးကင်းလုံခြုံစေရန် အောက်ပါအချက်များကို အထူးသတိထား လိုက်နာကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
⚠️ သတိပြုရန် အချက်များ
🔹 ဒေသခံ တော်လှန်ရေးအဖွဲ့အစည်းများ၏ အသိပေးချက်များကို စောင့်ကြည့်လိုက်နာပါ။
🔹 မြေပြင်သတင်းချန်နယ်များကို ဖတ်ရှုကြပါ။
🔹 နီးစပ်ရာ အချင်းချင်း သတင်းအချက်အလက်များ မျှဝေကြပါ။
🚫 လုံးဝ မပြုလုပ်ရ
❌ စခ / ရခ ယာဉ်တန်းများအနီးတွင် မနေပါနှင့်။
❌ စခ / ရခ ယာဉ်တန်းနှင့်အတူ လိုက်ပါ မောင်းနှင်ခြင်း မပြုလုပ်ပါနှင့်။
❌ စခ / ရခ အထိုင်ဂိတ်များအနီးတွင် ကြာမြင့်စွာ မနေပါနှင့်။
🚑 ကျန်းမာရေးကိစ္စများနှင့် စားဝတ်နေရေးအတွက် မဖြစ်မနေ ခရီးသွားလာရပါက အထူးသတိဖြင့် သွားလာကြပါရန် တိုက်တွန်းအပ်ပါသည်။
🙏 မိဘပြည်သူများအားလုံး ကျန်းမာ၍ ဘေးကင်းကြပါစေ။
⚜️ မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO Admin Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။
📲 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန်
🤖 Telegram – @EIO2021_bot | @EagleInformationOperator_bot
📧 Email – eagleinformationoperators@gmail.com
🔵 Facebook Page – facebook.com/eagleinformation
🌐 Telegram Channel – t.me/eagleinformationoperator
#EIO #EmergencyAlert #StaySafe #Monywa #SecurityUpdate #CivilianMilitaryServiceLaw #MilitaryServiceTraining #BasicRecruitTraining #MilitaryCommission #UnlawfulArrest #HumanRightsViolation
1 054
Repost from EIO
+6
" ပြည်သူအားလုံးဟာ ငါတို့ရဲ့ မျက်စိနဲ့ နား "
✨ ယနေ့အချိန်ထိ မြေပြင်နှင့် လေကြောင်း သတင်းအချက်အလက်များကို တာဝန်သိစိတ်ဖြင့် အချိန်နှင့်တစ်ပြေးညီ ပေးပို့ခဲ့ကြသော တော်လှန်ရေးရဲဘော်များနှင့် မိဘပြည်သူတစ်ဦးတစ်ယောက်ချင်းစီကို #Eagle_Information_Operator (#EIO) မှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။ 🫡
"မိတ်ဆွေ၏ သတင်းပေးပို့မှုသည်
ပြည်သူ့အသက်ကို ကယ်တင်နိုင်ပြီး🙏🏻
ရဲဘော်တို့၏ လုံခြုံရေးကို အထောက်အကူပြုသည့်အပြင်၊
အကြမ်းဖက် စစ်ကောင်စီ၏နိဂုံးကိုလည်း အရှိန်အဟုန်မြှင့်တင်ပေးနိုင်ပါသည်။"✊🏻
#EIO_Admin_Team
#Eagle_Information_Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
👉🏻 @EIO2021_bot
👉🏻 @EagleInformationOperator_bot
👉🏻 http://www.eagleinformationoperators@gmail.com
🌐 https://t.me/eagleinformationoperator
🔵 https://www.facebook.com/eagleinformation
1 054
Repost from EIO
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.
ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော
အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏
#Admin_Team
#Eagle_Information_Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
