ru
Feedback
Magway Scout Network

Magway Scout Network

Открыть в Telegram
2 605
Подписчики
+224 часа
-137 дней
-4830 дней
Архив постов
စစ်အုပ်စုက ဆောနယ်အားလုံးကိုပြန်လန်ထိန်းချုပ်ရန်ကြိုးစားနေ၊ အချက်အခြာကျရာကျေးရွာများတွင် တပ်ထိုင်ဖွယ်ရှိ လောင်းရှည်ကပစ ၂၅ ကနေ မကြာမီစစ်ကြောင်းထံက်လာနိုင် စက်တင်ဘာ ၂၀၊၂၀၂၆၊ဆော မကွေးတိုင်း ယောဒေသ ဆောမြို့နယ်အားလုံးကို စစ်အုပ်စုက ပြန်လည်ထိန်းချုပ်နိုင်ရန် ကြိုးစားနေကြောင်း မြေပြင်ဒေသတွင်း စစ်ရေးလေ့လာနေသူတစ်ဦးက ပြောသည်။ ယမန်နေ့ကလည်း ဆောမြို့ရဲစခန်းက သီးကုန်းရွာ၊မင်းလယ်ရွာ၊ရင်းခေါ်ရွာ စသည့် နယ်မြေတွင်းက ကျေးရွာများမှ အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်းနေကြသူများအနေဖြင့် မိမိတို့၏အိုးအိမ်၊ရပ်ရွာများကိုပြန်လည်နေထိုင်လိုသူများအား ပြန်လည်နေထိုင်ပါမည့်အကြောင်း စာရင်းကောက်ခံ ခံဝန်လက်မှတ်ထိုးခိုင်းနေကြောင်း သိရသည်။ ယခုလက်ရှိ စစ်အုပ်စုက ဆော-လောင်းရှည် ကားလမ်းမကြီးကို အပြည့်အဝထိန်းချုပ်ထားပြီး ကားလမ်းပိုင်းဝဲယာရှိ ရင်းခေါ်၊မင်းလယ်၊သီးကုန်း၊တောင်ဘို့ကြီး စသည့်ကျေးရွာများတွင် ယာယီအထိုင်တပ်စခန်းများ နေရာယူအထိုင်ချထားကြောင်းလည်း သိရသည်။ ယမန်နေ့ညကလည်း လောင်းရှည်ကပစ ၂၅ မှ တပ်ဖွဲ့ဝင်အချို့သည် တောင်ဘို့ကြီး-ကာက-လောင်းရှည် လမ်းပိုင်းရှိ ဒေသအခေါ် စလင်းချောင်း (ကာကတံတား) အထိ ရှေ့ကင်းအဖြသ်နေရာယူထားကြောင်း ဒေသတွင်းသတင်းရင်းမြစ်က ပြောသည်။ လက်ရှိအနေအထားအရ ယနေ့နံနက်အစောပိုင်း ၊ယမန်နေ့ည သန်းခေါင်ကျော်မှာ လောင်းရှည်ကပစ ၂၅ အတွင်းသို့ စစ်သည်အင်အား ၁ ထောင်ခန့်ပါသည့် စစ်ကား ၁၈၇ စီးမှ ရှေ့ပြေးကားအချို့ဝင်ရောက်ခဲ့ပြီး ကျွန်းတောမှာ ညအိပ်ရပ်နားခဲ့သည့် နောက်ချန်ကားများအားလုံး ယနေမှာ ကပစ ၂၅ သို့အားလုံးဝင်ရောက်လာပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ ကပစ ၂၅ ရောက်စစ်အုပ်စုအင်အားများသည် ဆောမြို့ဖက်သို့ အချိန်မရွေးဝင်ရောက်လာနိုင်နေပြီး ယနေ့နံနက်ပိုင်းကစလို့ လောင်းရှည်မြို့တွင်းအပါဝင် အနီးနားကျေးရွာများရှိ ဆက်သွယ်ရေးအတွက်အကျုံးဝင်သည့် အင်တာနက်၊ဖုန်းလိုင်း၊စတားလင့် စသည်တို့ကို စစ်အုပ်စုက ပိတ်ပင်ဖြတ်တောက်ထားကြောင်းသိရသည်။ ထို့နောက် ယနေ့နံအစောပိုင်းကထွက်လာသည့် အင်အား ၂၀၀ ပါကျောက်ထုမြို့ ၃၆၈ အမြောက်တပ်မှ စစ်ကြောင်းသည်လည်း ယခုအခါ အညာပန်းပလွန်းကျေးရွာဖက်တွင်ရောက်ရှိနေကြကြောင်း သိရသည်။ ကျောက်ထုထက်ကထွက်လာသည့် စစ်ကြောင်းသည် တပြင်းရွာမှာ စစ်အုပ်စခန်းပြန်လည်အထိုင်ချနိုင်ရေးအတွက် တစေ့တစောင်း အကဲလာစမ်းတာဖြစ်နိုင်သကဲ့သို့ မိအယ်ရွာဖက်ကိုလည်းသွားနိုင်ကြောင်းသိရသည်။ အတည်ပြုဆဲသတင်းအရ ဆောမြို့နယ်ကိုအလုံးစုံထိန်းချုပ်နိုင်ရေးနှင့် စစ်အုပ်စု အုပ်ချုပ်ရေး ယန္တရား ပြန်လည် လည်ပတ်နိုင်ရေးအတွက် စစ်အုပ်စုဖက်က ကြိုးစားနေကြောင်း၊ ယခု လောင်းရှည်ကပစ ၂၅ မှာရောက်ရှိနေသည့် စစ်ကားတန်းတွင်လည်း အိမ်စီးကား ၁၀ စီးထက်မနည်းပါဝင်လာတာကြောင့် ထိုအိမ်စီးကားများတွင် စစ်အုပ်စု၏ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများ လိုက်ပါလာနိုင်ကြောင်း စစ်သတင်းရင်းမြစ်များက ထင်ကြေးပေး ပြောဆိုနေကြသည်။ "အဓိက ကတော့ ချင်းပြည်နယ်တောင်ပိုင်းအတွက် ထိုးစစ်ဆင်ဖို့လုပ်နေတာမှန်ပါတယ်၊ဒါပေမယ့် ၁ ချက်ခုတ် ၂ ချက်ပြတ်အနေအထားနဲ့ ယောဒေသရဲ့အထင်ကရ အချက်အခြာကျရာ ဆောနယ်ကိုပါ ဗျူဟာကျကျ အထိုင်ချစိုးမိုးနိုင်ဖို့အတွက်ပါ အစီစဥ်တကျ ပလန်ချ လုပ်ဆောင်နေတဲ့အနေအထားဖြစ်ပါတယ် " ဟု ယောဒေသစစ်ရေးလေ့လာနေသူတစ်ဦးက ယောအလင်းတန်းကို ပြောသည်။ ဆောနယ်တွင်းခြေကုပ်ရယူကာ ချင်းပြည်နယ်တောင်ပိုင်းကို ထိုးစစ်ဆင်ရန် အလုံးအရင်းဖြင့် ပြန်လည်ကြိုးစားလာနေသော်လည်း ကျွဲကူးရေပါ အနေအထားအရ ဆောမြို့နယ်ကိုပါ ထိန်းချုပ်နိုင်ရေး စစ်အုပ်စုက ဗျူဟာကျ လုပ်ဆောင်အကောင်အထည်ဖော်ဆောင်နေတာဖြစ်ပြီး တပြင်းရွာကိုပါ ပြန်လည်အထိုင်ချနိုင်ပါကြောင်းနှင့် ဆော-လောင်းရှည် လမ်းပိုင်းမှ ကာက၊တောင်ဘို့ကြီး၊သီးကုန်း၊မင်းလယ် စသည့်နေရာ ၄ ခုတွင်ပါ အထိုင်စခန်းချ နေထိုင်ရန် ကြိုးစားနေတာဖြစ်ပါကြောင်း သတင်းရင်းမြစ်က ပြောသည်။ အထက်ပါအကြောင်းအရာများကြောင့် ဒေသတွင်းစစ်ဘေးရှောင်ပြည်သူများ၊ အနီးနားဒေသခံပြည်သူများတို့ အနေဖြင့် အဆိုပါ နေရာများ၊ဆက်သွယ်ရေးလမ်းများတို့ကိုသတိထားရှောင်ကျဥ်နိုင်ကြရန်နှင့် မြေပြင်လှုပ်ရှားမှုဖြင့်အတူ ဝေဟင်ကပါ လေယာဥ်များဖြင့် အချိန်မရွေးတိုက်ခိုက်လာနိုင်တာကြောင့် စစ်ရေးသတိအမြဲရှိနေးကြရန် လိုအပ်ကြောင်း စစ်သတင်းရင်းမြစ်က ပြောသည်။ #ထိန်းချုပ် #တိုက်ခိုက် #အုပ်ချုပ်ရေးယန္တရား #စစ်ရေးသတိ #ဆော #လောင်းရှည် @မင်းဒဿ ယောအလင်းတန်း #MRSN 𝐒𝐞𝐩 20 , 3:21PM သတင်းပို့ရန်@MagwayScoutBot

ကျောက်ထု အမတ ၃၆၈ မှထွက်တဲ့ စကစ စစ်ကြောင်းအကြည်ပန်းပလွန်းကျေးရွာမှတဆင့် အညာပန်းပလွန်းရွာဦးတည်နေ။ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၀ ကျောက်ထု အမတ ၃၆၈ မှထွက်လာတဲ့ စကစ အင်အား (၂၀၀)ခန့်ဟာ အကြည်ပန်းပလွန်းကျေးရွာ သို့ရောက်ရှိလာကာ လက်ရှိအချိန်မှာတော့ အညာပန်းပလွန်းကျေးရွာဘက် ဦးတည်ထွက်ခွာနေကြတယ်လို့သိရပါတယ်။ စခတွေဟာ နသိုးကျေးရွာမှာ စခတစ်ချို့ချန်ထားခဲ့ကာ ကျန်ရှိစခ အင်အား (၁၀၀)ကျော်ခန့်ဟာ အညာပန်းပလွန်းကျေးရွာဘက်ဦးတည် ထွက်ခွာနေကြတယ်လို့သိရပါတယ်။ စခတွေဟာ ကတ္တရာကားလမ်းကိုအသုံးမပြုပဲ တောလမ်းကနေ စစ်ကြောင်းထိုးကာသွားလာနေကြတယ်လို့ စစ်ရသတင်းရင်းမြစ်အရ သိရပါတယ်။ အညာပန်းပလွန်း၊ရွာသာ၊မိအယ်၊အကြည်ပန်းပလွန်းကျေးရွာဘက် မိဘပြည်သူများအနေဖြင့် စစ်ရေးအသိ၊စစ်ရေးသတိ အထူးရှိကြပါရန် အသိပေးအပ်ပါတယ်။ Photo - ပုံဟောင်း Aung Gyi ယောအလင်း တန်း #MRSN 𝐒𝐞𝐩 20 , 1:17PM သတင်းပို့ရန်@MagwayScoutBot

အင်အား ၂၀၀ ပါကျောက်ထုစစ်ကြောင်း နသိုးရွာဖက်ရောက်နေ၊ပြည်သူ ၆ ဦးကိုဖမ်းဆီးထား ၁၈၇ စီးပါစစ်ကားတန်း လောင်းရှည်ကပစ ၂၅ ကိုပထမအသုတ်ရောက်ရှိ စက်တင်ဘာ ၂၀၊၂၀၂၆၊ဆော-ကျောက်ထု ယနေ့နံနက်အစောပိုင်း ကျောက်ထုမြို့ ၃၆၈ အမြောက်တပ်မှထံက်လာသည့် အင်အား ၂၀၀ ပါစစ်ကြောင်းသည် လမ်းတွင်တွေ့ရှိသည့် အရပ်သားပြည်သူ ၆ ဦးကိုဖမ်းဆီးခေါ်ဆောင်လာပြီး ယခုအခါ နသိုးရွာမှာ ရောက်ရှိနေကြောင်းသိရသည်။ ထိုစစ်ကြောင်းသည် တပြင်းရွာဖက်ကိုလည်းသွားနိုင်သကဲ့သို့ ပန်းဆန်ရွာ၊မိအယ်ရွာတွေမှတဆင့် ကြီးရွာဖက်ကိုလည်း သွားလာနိုင်ကြောင်းသိရသည်။ခုအချိန်ထိ နသိုးကျေးရွာတွင်ရှိနေကြပြီး မည်သည့်ဖက်ကိုသွားမည်ကို အတည်ပြုနေဆဲဖြစ်ကြောင်း သိရသည်။ ယမန်နေ့က မင်းဘူးမြို့ စလင်းလမ်းအတိုင်းထံက်လာခဲ့သည့် ၁၈၇ စီးပါစစ်ကားတန်းသည် ယနေ့နံနက်စော ယမန်နေ့ည ၁၂ နာရီ ၅ မိနစ်ခန့်က လောင်းရှည်ကပစ ၂၅ တပ်ကို ကားတန်းပါ ပထမကားများ ဝင်ရောက်ခဲ့ကြောင်းသိရသည်။ နောက်ပါကားများသည် ဒေသအခေါ် ကျွန်းတောဖက်မှာ ညအိပ်ကပ်နားခဲ့ကြပြီး ကပစ ၂၅ ကိုယနေ့ဆက်လက်ဝင်ရောက်မည်ဖြစ်ကြောင်းသိရသည်။ ထိုနောက် ယမန်နေ့ ၉ နာရီကျော်ခန့်က လောင်းရှည်းကပစ ၂၅ မှ တပ်ဖွဲ့ဝင်အင်အားအချို့သည် လောင်းရှည်နှင့် ဆောနယ်ကြား စလင်းချောင်းဖက်ကို ရှေ့ကင်းများလာရောက်နေရာယူထားတာတွေရှိကြောင်း သိရသည်။ လတ်တလောစစ်ရေးအခြေအနေအရ လောင်းရှည်-ဆော လမ်းပိုင်းအားလုံးနှင့် တပြင်း-ပန်းဆန်၊ ပန်းဆန်-ကြီး-ရွှေအောင်သာလမ်းပိုင်းများကို ပြည်သူများအနေဖြင့် ဖြတ်သန်းသွားလာခြင်းများ မပြုလုပ်သင့်ကြောင်း ဒေသတွင်း စစ်သတင်းရင်းမြစ်ကပြောသည်။ အဆိုပါ ဆောနယ်ဒေသအားလုံး၊ချင်းပြည်နယ်တောင်ပိုင်းနယ်များ ယခုရက်ပိုင်းများတွင် မြေပြင်စစ်ကြောင်းနှင့် ဝေဟင် လေကြောင်းရန်များကို အထူးသတိထားနေကြပေးကြရန် လိုအပ်ကြောင်း သိရသည်။ ပုံ- စစ်အုပ်စုစစ်ကြောင်းမှ အရပ်သားပြည်သူများကိုဓားစာခံဖမ်းဆီးလာစဥ် (အဟောင်း) #ဖမ်းဆီး #စစ်ကြောင်းရန် #လေကြောင်းရန် #ဓားစာခံ @မင်းဒဿ ယောအလင်းတန်း #MRSN 𝐒𝐞𝐩 20 , 9:33AM သတင်းပို့ရန်@MagwayScoutBot

ဆောနယ်တွင် ခြေကုပ်ယူပြီး ချင်းပြည်နယ်တောင်ပိုင်းကို ပြန်လည်ထိုးစစ်ဆင်နိုင်ရန် စစ်အုပ်စုပြင်ဆင် အတွဲလိုက်ပစ်ခတ်နိုင်သည့် လက်နက်ကြီးကားများအပါဝင် စစ်ကားအစီးရေ  ၁၈၇ စီး လောင်းရှည်သို့ဦးတည်လာနေ စက်တင်ဘာ ၁၉၊၂၀၂၆၊ဆော မကွေးတိုင်း ယောဒေသ ဆောမြို့နယ်တွင် အမာခံထားခြေကုပ်ယူပြီး ချင်းပြည်နယ်တောင်ပိုင်းကို ပြန်လည်ထိုးစစ်ဆင်ရန် ပြင်ဆင်လာနေပြီး အတွဲလိုက်ပစ်ခတ်နိုင်သည့်တာဝေးပစ် လက်နက်ကြီးကားများအပါဝင် စစ်ကား ၁၈၇ စီးခန့်ဖြင့် မကွေးမြို့မှ လောင်းရှည်မြို့သို့ ဦးတည်ထွက်ခွာလာနေကြောင်း သိရသည်။ အဆိုပါကားတန်းတွင်  ဂျန်ဘာကားများ၊တာဝေးပစ်လက်နက်ကြီးကားများ၊ဒရုန်းတင်ဆောင်ထားသည့်ကားများပါဝင်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် နေပြည်တော်နယ်များမှ ထုတ်နှုတ်ထားသည့် အမြဲတမ်းစစ်သည်များ၊ အနယ်နယ်အရပ်ရပ်မှစုစည်းထားသည့် စစ်မှုထမ်းတပ်သား (ပစ)များ စုစုပေါင်စစ်သည်အင်အား တစ်ထောင်ကျော် (၁၂၀၀)ခန့်ပါဝင်လာကြောင်း သတင်းရင်းမြစ်များအရ သိရသည်။ ယခု ၂၀၂၆ ခုနှစ် မေလ ၁၃ ရက်နေ့ကစပြီး ယောဒေသ ဆောမြို့နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်၊မင်းတပ်မြို့များကို စစ်အုပ်စုက အင်အား ၃၀၀၀ အသုံးပြုကာ ဆုံးရှုံးနယ်မြေများကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် ဗျူဟာမြောက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာစက်တင်ဘာလ ၁၉ ရက်နေ့ယနေ့အထိ ၄ လကျော်ကြာမြင့်နေပြီ ဖြစ်သည်။ ထိုဗျူဟာမြောက်စစ်ဆင်ရေးကြီးအတွင်း စစ်အုပ်စုဖက်မှ တပ်လန်ကျနေပြီး တပ်သားအင်အား၊ လက်နက်ခဲယမ်းများပါ ပြုန်းတီးမှုများစွာဖြစ်ပေါ်နေတာကြောင့် ယခုအချိန်ထိ လိုရာမရောက်ဖြစ်နေကြောင်း သိရသည်။ ၎င်းအခြေအနေများကို ပြန်လည်ကုစားနိုင်ရေးနှင့် ယောဒေသ ဆောနယ်၊ ချင်းပြည်တောင်ပိုင်း ကန်ပက်လက်၊မင်းတပ်၊ကျင်ဒွေး စသည့်မြို့များကို ပြန်လည်စိုးမိုးအထိုင်ချနေထိုင်နိုင်ရေးအတွက် ယခုတဖန် လက်နက်အင်အား၊စစ်သည်အင်အားများကို လောင်းရှည်မြို့ ကပစ ၂၅ မှတဆင့်ထပ်မံဖြည့်တင်း ထိုးစစ်ဆင်နိုင်ရန် ကြိုးစားနေတာဖြစ်ကြောင်းသိရသည်။ မကွေးမြို့ တပ်မ ၈၈ လက်အောက်ခံတပ်များပါဝင်ပြီး စစ်မှုထမ်း (ပစ)တပ်သားအများစုပါဝင်သည့် ၁၈၇ စီးပါကားတန်းသည် ယခုညနေပိုင်းတွင် စလင်း-ကံပြား- ကျွန်းတော လမ်းပိုင်းတနေရာ  ဒေသအခေါ် မြောင်းဦးဖက်ကိုဖြတ်သန်းမောင်းနှင်လျက်ရှိနေကြပြီး မကြာမီ ကျွန်းတောမှတဆင့် လောင်းရှည် ကပစ ၂၅ ကိုဝင်ရောက်လာနိုင်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်က ပြောသည်။ နောက်ရက်များတွင် ကပစ ၂၅ မှ လောင်းရှည်မြို့သို ဆက်လက်ရောက်ရှိလာနိုင်ပြီး ထိုမှတဆင့် ဆောမြို့နယ်ဖက်သို့ ပြန်လည်ဦးတည်ဝင်ရောက်လာနိုင်ကြောင်း သတင်းရင်းမြစ်က ပြောသည်။ @မင်းဒဿ ယောအလင်းတန်း #MRSN 𝐒𝐞𝐩 19  , 4:02PM သတင်းပို့ရန်@MagwayScoutBot

မင်းဘူးမှလာသည့် ၁၇၄ စီးပါစစ်ကားတန်းပွင့်ဖြူနယ်ကိုဖြတ်ပြီး စလင်းမြို့ဖက် ဦးတည်လာနေ၊ ယောနယ် လောင်းရှည်ဖက်သို့ ဆက်လက်ရောက်ရှိလာနိုင် စက်တင်ဘာ ၁၉၊၂၀၂၆၊ စလင်း-လောင်းရှည် မကွေးမြို့မှ စတင်ထွက်ခွာလာပြီး ယနေ့စက်တင်ဘာလ ၁၉ ရက်နေ့နံနက်အစောပိုင်း မင်းဘူးမြို့မှနေ၍ ပြန်လည်ထွက်ခွာလာသည့် ကားအစီးရေ ၁၇၄ စီးပါ စစ်ကားတန်းသည် ယခုအခါ စလင်းမြို့ဖက်ကိုဦးတည်ထွက်ခွာလာနေပြီး ယောဒေသ လောင်းရှည်မြို့ဖက်သို့ ရောက်ရှိလာနိုင်ကြောင်းသိရသည်။ "ခုမနက် ၉ နာရီ ၂၀ မိနစ်လောက်က ပွင့်ဖြူမြို့နယ် ရှောက်တောရွာကို ဖြတ်ပြီး စလင်းဖက်ကို မောင်းနှင်သွားနေကြပါတယ်၊ ကားအစီးရေ စုစုပေါင်း ကားမျိုးစုံ ၁၇၄ စီးပါ ပါတယ်၊ ရိက္ခာကား၊ လက်နက်​ကြီးကားတွေ၊ အိမ်စီးကားငယ် တွေပါတယ်" ဟု ဒေသခံစစ်သတင်းရင်းမြစ်က ယောအလင်းတန်းကို ပြောသည်။ အဆိုပါ ၁၇၄ စီးပါစစ်ကားတန်းသည် ယနေ့နံနက် ၉ နာရီ ၂၀ မိနစ်ခန့်က ပွင့်ဖြူမြို့နယ် ရှောက်တောရွာကို စတင်ဖြတ်သန်းကာ စလင်းမြို့ဖက်ကို ​ဦးတည်မောင်းနှင်သွားကြကြောင်းသိရသည်။ ကားတန်းတွင် 4 tubes (ပြောင်း ၄ ခု) မစ်ဇိုင်းလက်နက်ကြီးတင်ဆောင်ထားသည့် ကား ၄ စီး၊ 12 tubes (ပြောင်း ၁၂ ခု) မစ်ဇိုင်းကား ၂ စီး၊ ဟောင်ဝှစ်ဇာဟု ယဆရသည့် လက်နက်ကြီးတင်ဆောင်ထားသည့် ကား ၃ စီး၊ ဂန်ပါတင်ဆောင်ထားသည့် ကား ၅ စီး၊ ဒရုန်းမျိုးစုံ တင်ဆောင်ထားသည့်ကား ၄ စီးခန့်၊ ကားတန်းအလယ်မှ စစ်တပ်အရာရှိကြီးများလိုက်ပါလာသည့် အနက်ရောင် အိမ်စီးကား ၁ စီးနှင့် ရိက္ခာ၊အခြားလက်နက်ခဲယမ်းများတင်ဆောင်ထားသည့် ကားများပါဝင်ကြောင်းသိရသည်။ "စစ်ကြောင်းကိုကွပ်ကဲမယ့် အရာရှိတွေက အမဲရောင် အိမ်စီးကားတွေနဲ့ အားတန်းအလယ်လောက်က ပါတယ်၊ ကားတန်းမှာ စစ်သားစုစုပေါင်း ၁၅၀၀ လောက် ပါနိုင်ပါတယ်" ဟု ဒေသတွင်းစစ်သတင်းရင်းမြစ်က ပြောသည်။ ထို ၁၇၄ စီးပါကားတန်းတွင် စစ်ကြောင်းမှာကွပ်ကဲရမည့် စစ်ဖက်အရာရှိကြီးများ ပါရှိပြီး အိမ်စီးကားများကို အသုံးပြုကာ စစ်ကားတန်းအလယ်မှ လိုက်ပါနေကြောင်းသိရပြီး ကားတန်းတွင် စစ်သည်အင်အား ၁၅၀၀ နှင့်အထက် ပါဝင်နိုင်ကြောင်းသိရသည်။ စစ်သည်၊လက်နက်၊ရိက္ခာ အပြည့်အစုံဖြင့် ချီတက်လာသည့် အဆိုပါစစ်ကားတန်းသည် ယောဒေသ ကပစ ၂၅ (လောင်းရှည်)နှင့် လောင်းရှည်မြို့အထိ လာရောက်မည်ဖြစ်ကြောင်း စစ်သတင်းရင်းမြစ်များအရ သိရသည်။ လောင်းရှည်မြို့မှတဆင့် ချင်းပြည်နယ်တောင်ပိုင်း ကျင်ဒွေး၊ကန်ပက်လက်၊ဆော စသည့်မြို့များသို့ စစ်ရေးဆက်လက်လှုပ်ရှားနိုင်ကြောင်းသိရသည်။ အထက်ပါ စစ်ကားတန်းနှင့် စစ်ရေးအခြေအနေလမ်းကြောင်းများကို ယောအလင်းတန်းအနေဖြင့် အချိန်နှင့်တပြေးညီ ဆက်လက်စောင့်ကြည့် စုံစမ်းအတည်ပြုနေပြီး ဒေသခံပြည်သူများ လေကြောင်းရန်၊ လက်နက်ကြီးရန်၊ မြေပြင်စစ်ကြောင်းရန်များကို ကြိုတင်သတိထားနေထိုင်သွားလာပေးကြပါရန် အသိပေးအပ်ပါသည်။ #မစ်ဇိုင်း #ဒရုန်း #ဟောင်ဝှစ်ဇာ #လက်နက်ခဲယမ်း # ပုံ- အဟောင်း @မင်းဒဿ ယောအလင်းတန်း #MRSN 𝐒𝐞𝐩 19  , 11:08AM သတင်းပို့ရန်@MagwayScoutBot

⚠️မြိုင် မြိုင်နယ်တဲကြီးရွာတွင်ရောက် စကများသည် လက်နက်ကြီးများနဲ့ ရမ်းသန်းပစ်ခက်နေကြောင်း သိရ။ #MRSN 𝐒𝐞𝐩 18 , 6:14AM သတင်းပို့ရန်@MagwayScoutBot

ထွက်ပြေးသည့် စစ်မှုထမ်းတပ်သား (ပစ) ၆ ဦး လောင်းရှည်မြို့စစ်အုပ်စုစခန်းမှာ ပြန်ရောက်နေ၊ ၂ နှစ်ကျော်တာဝန်ထမ်းဆောင်ပြီးသည့် တပ်​သားများဖြစ်နေ စက်တင်ဘာ ၁၆၊၂၀၂၆၊ ဆော ယခုစက်တင်ဘာလ ၁၂ ရက်နေ့၊ လောင်းရှည်မြို့မှ ဆောမြို့ဖက်သို့ စစ်ကြောင်းထွက်လာစဥ် စစ်ကြောင်းမှ ထွက်ပြေးခဲ့ကြသည် ဆိုသည့် စစ်မှုထမ်းတပ်သား (ပစ) ၆ ဦးသည် ယင်းနေကပင် လောင်းရှည်မြို့စစ်ခန်းကို ပြန်လည်ရောက်ရှိလာကြောင်း သိရသည်။ "တကယ်က ထွက်ပြေးတယ်ဆိုတာထက် စစ်ကြောင်းလိုက်ရမှာစိုးလို့ တနေရာကိုသွားပြီး ရှောင်နေကြတာပါ၊ သူတို့က စစ်မှုထမ်းတပ်သား တွေဖြစ်တယ်၊ တာဂန်ထမ်းဆောင်တာ ၂ နှစ်နဲ့ ၁ လရှိနေပြီးသားတွေပါ၊ အဲတာကြောင့် စစ်ကြောင်းမှာ မလိုက်နိုင်ဘူးဆိုပြီး ရှောင်ထွက်ပြေးခဲ့ကြတာဖြစ်တယ် " ဟု ဒေသတွင်း သတင်းရင်းမြစ်က ယောအလင်းတန်းကိုပြောသည်။ ၎င်း ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည့် စစ်မှုထမ်းတပ်သား ၆ ဦးသည် သင်တန်းအပတ်စဥ် ၄ မှ သင်တန်းဆင်းများဖြစ်ကြပြီး တာဝန်ထမ်းဆောင်ခဲ့သည့်ကာလမှာ ၂ နှစ်ပြည့်မြောက်ခဲ့ပြီး နောက် ၁ လပင် ထပ်မံကျော်လွန်ခဲ့ပြီ ဖြစ်ကြောင်းသိရသည်။ ထို့ကြောင့် ဆောနယ်ဖက်ကို ထပ်မံသွားရောက်ရန်ကို ငြင်းဆိုခဲ့ကြပြီး ယခုလို ထွက်ပြေးတိမ်းရှောင်နေခဲ့တာဖြစ်ကြောင်းသိရသည်။အဆိုပါ သက်တမ်းကျော် စစ်မှုထမ်းတပ်သား ၆ ဦးကို လောင်းရှည်မြို့ ယွန်းကျောင်း ဘုန်းတော်ကြီးကျောင်းတွင် တပ်စွဲနေထိုင်လျက်ရှိသည့် ကပစ ၂၅ (လောင်းရှည်)တပ်က ဗိုလ်မှူးတစ်ဦးမှ ပြန်လည်လက်ခံထားခဲ့ကြောင်း သိရသည်။ ယခုကဲ့သို့ သက်တမ်းလွန် စစ်မှုထမ်းများကို ပြန်မလွှတ်သေးဘဲ သက်ဆိုင်ရာနယ်မြေတွင်းရှိ စစ်အုပ်စုစခန်းများတွင် ချော့မော့စည်းရုံးသိမ်းသွင်းထားကြောင်း နှင့် ယခု ၆ ဦးအပါ ယခင်က ထိုနည်းတူ စစ်မှုထမ်းတပ်သား ၁ ဦးရှိပြီး စုစုပေါင်း ၇ ဦးတို့ကို ယခုအခါ လောင်းရှည်မြို့အနောက်ဖက်ထွက်စလင်းလမ်း ဒေသအခေါ် လောင်းရှည်တံတားထိပ်ရှိ စစ်အုပ်စုကာကင်းစခန်းမှာ ဆက်လက်ထားရှိကြောင်းသိရသည်။ #ထွက်ပြေးတိမ်းရှောင် #သိမ်းသွင်း #စစ်မှုထမ်း @မင်းဒဿ ယောအလင်းတန်း #MRSN 𝐒𝐞𝐩 16 , 3:19PM သတင်းပို့ရန်@MagwayScoutBot

♦ပေါက်မြို့နယ်♦ ယနေ့မနက် (၀၆:၃၀)အချိန်ခန့်တွင် ပေါက်မြို့နယ် ဘုရားတောင်ဘုရားကုန်းမှာရှိသော စစ်ခွေးပျူခွေးများသည်၊ ကျူတောရွာထဲသို့ ဝင်ရောက်သွားပြီး ပြည်သူပိုင်ပစ္စည်းများကို ခိုးယူသယ်ဆောင်သွားကြောင်း သတင်းရရှိထားပါသည်။ #PKK_News 𝐒𝐞𝐩-15,  4:55𝐏𝐌 ー ♦မြိုင်မြို့နယ်♦ မြိုင်မြို့နယ် တဲကြီးရွာသို့ ရောက်ရှိနေသော စစ်ခွေးများမှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း သတင်းရရှိထားပါသည်။ မိဘပြည်သူများအနေဖြင့် စစ်ရေးအသိ၊စစ်ရေးသတိရှိပြီး အကြမ်းဖက်စစ်‌ကောင်စီ၏ လေကြောင်းသတင်းများလည်းမပြတ်နားစွင့်ပြီး ဂရုစိုက်နေထိုင်ကြပါရန် မိမိတို့ #PKKNews မှတိုက်တွန်းနှိုးဆော်လိုက်ပါသည်။ #PKK_News #MRSN 𝐒𝐞𝐩 15 , 6:30PM သတင်းပို့ရန်@MagwayScoutBot

လောင်းရှည်စစ်ကြောင်း ဆောမြို့ကိုဝင်ရောက် ကျောက်ထုနှင့် ကြီးကို ရိက္ခာခဲယမ်းထုပ်များချပေး စက်တင်ဘာ ၁၅၊၂၀၂၆၊ ဆော ယခုစက်တင်ဘာလ ၁၂ ရက်နေ့က လောင်းရှည်မြို့မှထွက်ခွာလာသည့် စစ်အုပ်စုစစ်ကြောင်းသည် ယနေ့နံနက် ၁၀ နာရီခန့်က ဆောမြို့ပေါ်သို့ ဝင်ရောက်လာကြပြီဖြစ်ကြောင်း သိရသည်။ စစ်ကြောင်းသည် စုစုပေါင်းအင်အား၏ အချို့အဝက်ကို သီးကုန်းရွာတွင် ချန်ထားခဲ့ပြီးမှ တပ်သား ၂၀၀ ကျော်ခန့်ဖြင့် ယနေ့နံနက်မှာ ဆောမြို့ကိုဝင်ရောက်လာကြောင်းသိရပြီး သီးကုန်းရွာတွင် အင်အား ၁၀၀ ခန့်ချန်ထားခဲ့နိုင်ကြောင်း သိရသည်။ ဆောမြို့သို့ စစ်ကြောင်းဝင်ရောက်လာစဥ် မြို့ပေါ်ရှိစစ်အုပ်စုတပ်သားများက ၁၂၀ မမလက်နက်ကြီး ၆ ချက်ပစ်ဖောက်၍ ကြိုဆိုခဲ့ကြောင်း သိရသည်။ "သီးကုန်းမှာလဲ ချန်ထားခဲ့တယ်၊ အင်အားအတိအကျတော့မသိရသေးဘူး၊ စစ်မှုထမ်းတပ်သား ပစ တွေအများစုပါတယ်၊ သီးကုန်းမှာလဲ အထိုက်အလျောက်တော့ အထိုင်ချနေအုံးမယ့် သဘောရှိနေတယ်" ဟု ဒေသခံစစ်သတင်းရင်းမြစ်က ယောအလင်းတန်းကိုပြောသည်။ နောက်ထပ်အသစ်ပြန်ရောက်လာသည့် လောင်းရှည်ကပစ ၂၅ ကစစ်ကြောင်းတံင် စစ်မှုထမ်းတပ်သား ပစ များ အများစုပါဝင်လာပြီး ဆောမြို့ကိုလာစဥ်လမ်းခရီးတံင်လည်း ပစတပ်သား ၆ ဦးထွက်ပြေးလွတ်မြောက်သွားကြောင်းသိရသည်။ လောင်းရှည်စစ်ကြောင်းအပါ သီးကုန်းရွာကို ရောက်ရှိခဲ့ကြသည့် စစ်သားအင်အားစုစုပေါင်းသည် အနည်းဆုံး ၃၅၀ ခန့်ရှိနိုင်ပြီး အင်အား ၂၀၀ ကျော်သည် ယနေ့နံနက်ပိုင်းတွင် ဆောမြို့ကိုဝင်ရောက်သွားတာဖြစ်ပြီး ကျန်အင်အား ၁၀၀ ခန့်က သီးကုန်းရွာတွင် ဆက်လက်ကျန်ရှိ အထိုင်ချနေထိုင်နေသေးကြောင်း သိရသည်။ ထိုနောက် ယနေ့နံနက် ၁၀ နာရီ ၁၀ မိနစ်ခန့်ကနေ ၁၀ နာရီ ၃၅ မိနစ်ခန့်အထိ ကျောက်ထုမြို့ ၃၆၈ အမြောက်တပ်တွင် ပတ်ပျံဝဲပြီး ရိက္ခာ၊ခဲယမ်းထုပ်များကို မိတ္ထီလာရှမ်းတဲလေးလေတပ်ကပျံသန်းလာသည့် Y 8 စစ်ထောက်ပို့လေယာဥ် ၁ စီးဖြင့်ချထားပေးခဲ့ကြောင်းသိရသည်။ အလားတူ ထို Y 8 လေယာဥ်သည် ကျောက်ထုမှတဆင့် မြောက်ဖက်အရပ်ရှိ ကြီးကျေးရွာဖက်သို့ ဆက်လက်ပျံသန်းကာ ရိက္ခာ၊ခဲယမ်းထုပ်များကို ချပေးကြောင်း သိရသည်။ #စစ်မှုထမ်း #ပစ်ဖောက် #ထွက်ပြေး #ကြီးရွာ #သီးကုန်း @မင်းဒဿ ယောအလင်းတန်း #MRSN 𝐒𝐞𝐩 15 , 11:03AM သတင်းပို့ရန်@MagwayScoutBot

ရေစကြိုမြို့နယ် ရေစကြို ဖူလုံ ခလရ ၂၅၆ ၂၅၇ ၂၅၈ခွေးတပ်မှ လက်နက်ကြီးများဖြင့် ပတ်ဝန်းကျင်အနီးရမ်းသမ်းပစ်ခတ်နေကြောင်း သိရ။ #MRSN 𝐒𝐞𝐩 14, 10:32𝐏𝐌 သတင်းပို့ရန်@MagwayScoutBot

လောင်းရှည်စစ်ကြောင်း သီးကုန်းရွာမှာဆက်ရှိနေပြီး ဆောမြို့ကို အင်အားအချို့ပြန်ဝင်ရန်ပြင်ဆင်နေ စစ်အုပ်စုကတပ်စွဲနေထိုင်နေစဥ် ၂ လနီးပါးအတွင်း ကြီးကျေးရွာတွင် အရပ်သားပြည်သူ ၁၀ ဦးသေဆုံး စက်တင်ဘာ ၁၄၊၂၀၂၆၊ ဆော မကွေးတိုင်း၊ယောဒေသ ဆောမြို့နယ် လောင်းရှည်မြို့ကနေ ယခုစက်တင်ဘာလ ၁၂ ရက်နေ့ကထွက်လာသည့် အင်အား ၃၀၀ ပါစစ်ကြောင်းသည် ဆောမြို့နယ် သီးကုန်းရွာကို ယမန်နေ့ညနေအစောပိုင်းက ဝင်ရောက်လာခဲ့ကြောင်းသိရသည်။ ဆောမြို့မှ လောင်းရှည်မြို့အထိ သွားရောက်ကြိုဆိုခဲ့သည့် စစ်ကြောင်းသည်လည်း ကပစ ၂၅ မှာလာသည့် အင်အား ၂၀၀ ကျော်ဖြင့်ပြန်လည်ပူးပေါင်းလိုက်ပါလာခဲ့ပြီး စုစုပေါင်းအင်အား ၃၀၀ ကျော်ခန့်ဖြင့် သီးကုန်းရွာကို တဖန်ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ယနေ့နေ့လည်ပိုင်းက သီးကုန်းရွာတွင် ရှိနေကြည့်အဆိုပါ စစ်အုပ်စုသည် ဆောမြို့သို့ ပြန်လည်ဝင်ရောက်နိုင်ရေးနှင့် သီးကုန်းရွာတွင်အထိုင်ချနေထိုင်နိုင်ရေးတို့အတွက် တပ်သားအင်အားကို ခွဲဝေသတ်မှတ်နေကြောင်း သတင်းရင်းမြစ်က ပြောသည်။ ထိုနောက် သီးကုန်းရွာမှ စစ်ကြောင်းရန်ကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြသည့် ရွာသူ၊ရွာသားများကို နေရပ်ပြန်လာကာ မိမိတို့နေအိမ်များမှာ အသီးသီးပြန်လည်နေထိုင်ကြရန်၊ ပြန်လည်လာရောက်နေထိုင်ခြင်းမပြုသည့်အိမ်ကို မီးရှို့ပစ်မည်ဟု စစ်အုပ်စုတပ်သားများက ဝါဒဖြန့်ခြိမ်းခြောက်ခေါ်ယူနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်ကပြောသည်။ ဆောမြို့ပေါ်တွင်းလည်း ယနေ့နေ့လည်ပိုင်းက စျေးအတွင်းမှာ စစ်အုပ်သုတပ်ဖွဲ့ဝင်များက ၎င်းတို့ခိုးယူရရှိသည့် ဆန် ၊ရိက္ခာ များကို ရောင်းချပေးခဲ့ကြောင်းနှင့် မြို့တွင်းကျန်ရှိနေသည့် ဒေသခံများက ဝယ်ယူနေကြကြောင်း သိရသည်။ ဆောမြို့နယ်၊ကျောက်ထုမြို့တိုက်နယ် ကြီးကျေးရွာတွင် စစ်အုပ်စုစစ်ကြောင်းဝင်ရောက်နေထိုင်နေသည်မှာ ဇူလိုင် ၁၈ ရက်နေ့မှစ၍ ယနေ့စက်တင်ဘာလ ၁၄ ရက်နေ့အထိဆိုလျှင် ၂ လပြည့်မြောက်ရန် ၄ ရက်အလို ၂ လနီးကြာမြင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။ စစ်ကြောင်းစတင်ဝင်ရောက်လာသည့်နေ့မှစ၍ ဒေသခံရွာသူရွာသား အများစုသည် အိုးအိမ်စွန်ခွာထွက်ပြေးတိမ်းရှောင်နေကြရပြီး သက်ကြီးရွယ်အိုများ၊ကျန်းမာရေးမကောင်းသူများနှင့် အရပ်သားပြည်သူအချို့သာ ကျေးရွာတွင်း ကျန်ရှိနေခဲ့ကြောင်းသိရသည်။ ထိုကာလ အတွင်းကြီးကျေးရွာက သက်ကြီးရွယ်အိုများအပါဝင် အရပ်ငါးပြည်သူ ၁၀ ဦးတို့သည် အကြောင်းအမျိုးမျိုးကြောင့် သေဆုံးသွားခဲ့ရကြောင်း သိရသည်။ သေဆုံးသူ ၁၀ ဦးတွင် အသက် ၃၀ နှစ်နှင့် အသက် ၈၀ နှစ်အရွယ်ကြားရှိသည့် အမျိုးသား ၆ ဦး၊အမျိုးသမီး ၄ ဦးဖြစ်ကြောင်းသိရသည်။၎င်းအနက် ၂ ဥိးမှာ ကျေးရွာတွင်းဝင်ရောက်နေထိုင်နေသည့် စစ်အုပ်စုတပ်ဖွဲ့ဝင်များက ညင်းပန်းနှိပ်စက်၊သေနတ်ဖြင့် ပစ်သတ်ခဲ့တာဖြစ်ကြောင်း သိရသည်။သေဆုံးသူ ၁၀ ဦးရှိသည့်အနက် ၃ ဦး၏ရုပ်အလောင်းကိုလည်း ပျောက်ဆုံးလျက်ရှိနေပြီး ယနေ့အချိန်ထိ ပြန်မတွေ့ရကြောင်း သတင်းရင်းမြစ်က ပြောသည်။ " နေမကောင်းလိုသေတာတွေရောပါ ပါတယ်၊စစ်သားတွေရွာထဲဝင်နေတော့ ဆေးဝါးကုသခွင့်မရတာတွေ၊ သက်ကြီးပိုင်းတွေအနေနဲ့ အစာအဟာရချို့တဲ့ပြတ်လပ်တာတွေလဲပါတာပေါ့၊ အမျိုးသား သက်လတ်ပိုင်း ၂ ယောက်ကိုတော့ သေနတ်နဲ့ပစ်သတ်လိုက်တာပါ၊ အလောင်းပြန်မရဘူးဆိုတာက တချို့ကျတော့ သေနေလို့သေနေမှန်း အခြားသူတွေက မသိကြရဘူး၊ ခွေးတွေဝင်ဆွဲစားသောက်တာတွေရယ် အချိန်နောက်ကျမှသိရတာတွေရယ်ကြောင့် အရိုးစုအဖြစ်သာတွေ့ရတဲ့ ဖြစ်စဥ်လဲရှိပါတယ်" ဟု အဆိုပါဖြစ်စဥ်ဖြင့် နီးစပ်သူတစ်ဦးက ယောအလင်းတန်းကို ပြောသည်။ #သေနတ် #ပစ်ခတ် #သေဆုံး #ခွေး #ထွက်ပြေးတိမ်းရှောင် #မီးရှီု့ @မင်းဒဿ ယောအလင်းတန်း #MRSN Sep 14 , 9:20PM သတင်းပို့ရန်@MagwayScoutBot

⚠️ရေစကြို ရေစကြို ကျောက်လှေကားထွက် စကစစစ်သားအင်အား(၁၀၀)ခန့် ဆင်ချောင်း (ပျူ) ရွာသို့ ရောက်ရှိနေကြောင်း  သတင်းရရှိ။ #MRSN #WES Sep 14 ,7:51PM သတင်းပို့ရန်@MagwayScoutBot

ပေါက် - မြိုင်....🌈 ပေါက်မြို့နယ် - မြိုင်မြို့နယ်အစပ်ရောက်ရှိနေသော တဲကြီးရွာမှာရောက်ရှိနေတဲ့စစ်ကြောင်း နှင့် ကားတန်းဟာ ၎င်း ရွာပဲရှိနေပြီး ယနေ့မနက်ပိုင်းက မြောက်အရပ် ထွက်ခွာလာကာ မြက်စပ်တောင်(ဒေသခေါ်) မြောက်ဘက်ရှိ ပြည်သူပိုင်ရေနံလက်ယက်ကျင်းများ နေအိမ်များ မီးရှို့ဖျက်ဆီးပြီး တဲကြီးရွာသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရပါတယ်။ Pk...🦅 ThreeStarMyaing 7StarMyaing #MRSN Sep 14 , 9:35AM သတင်းပို့ရန်@MagwayScoutBot

♦ပခုက္ကူမြို့နယ်♦ ပခုက္ကူ မြို့သစ် ဖြတ်၍ စစ်ခွေးအင်အားအပြည့်ဖြင့် ကား {၂}စီးသည်၊ မြောက်အရပ်သို့ မောင်းနှင်သွားကြောင်း သတင်းရရှိထားပါသည်။ #PKK_News #MRSN Sep 14 , 11:11AM သတင်းပို့ရန်@MagwayScoutBot

တောင်ဘို့ကြီးမှာ ညအိပ်ခဲ့သည့် လောင်းရှည်စစ်ကြောင်း သီးကုန်းရွာဖက်သို့ ဦးတည်လာနေ သီးကုန်းရှိ စစ်အုပ်စုတပ်သားများက စစ်ရှောင်များရွာအတွင်းပြန်လည်နေထိုင်ကြရန် စည်းရုံးခေါ်ဆောင်နေ စက်တင်ဘာ ၁၃၊၂၀၂၆၊ ဆော ယမန်နေ့ စက်တင်ဘာလ ၁၂ ရက်နေ့နံနက်ပိုင်းက လောင်းရှည်မြို့မှနေ၍ ဆောမြို့ဖက်သို့ဦးတည်ထွက်လာခဲ့ပြီး တောင်ဘို့ကြီးရွာတွင် ညအိပ်ရပ်နားခဲ့သည့် အင်အား ၂၀၀ ခန့်ပါ လောင်းရှည်စစ်ကြောင်းသည် ယနေ့နံနက် ၁၀ နာရီခန့်က သီးကုန်းရွာဖက်သို့ ထွက်ခွာသွားကြောင်း သိရသည်။ ထိုစစ်ကြောင်းသည် သီးကုန်းရွာတွင် အတိုင်းအတာကာလတစ်ခုအထိ အထိုင်ချတပ်စွဲနေထိုင်နိုင်ကြောင်း စစ်သတင်းရင်းမြစ်က ပြောသည်။လက်ရှိအချိန်တွင်လည်း သီးကုန်းရွာတွင်းတွင် ဆောမြို့မှစေလွှတ်ထားသည့် အင်အား ၈၀ ခန့်စစ်အုပ်စုတပ်ဖွဲ့တစ်ဖွဲ့ အထိုင်ချနေထိုင်လျက်ရှိနေကြောင်း သိရသည်။ ထိုသီးကုန်းရွာရှိ စစ်အုပ်စုတပ်သားများက ရွာမှထွက်ပြေးတိမ်းရှောင်နေကြသည့် ဒေသခံသီးကုန်းရွာမှ ပြည်သူများကို မိမိတို့ဖြင့်အတူတကွလာရောက်ယှဥ်တွဲ နေထိုင်ကြပါရန် ဝါဒဖြန့်စည်းရုံးနေကြောင်း သိရသည်။ ယခုအခါ ဆောမြို့နယ်တောင်ပိုင်း ဆော-ရင်းခေါ်-မင်းလယ်-သီးကုန်း လမ်းပိုင်းကို စစ်အုပ်စုက စိုးမိုးထားပြီး စစ်ရေးလှုပ်ရှာူမှုများပြုလုပ်နေကြောင်း သိရပြီး အဆိုပါနေရာဝန်းကျင်က ကျေးရွာရှိပြည်သူများသည် မေလ လယ်မှ ယနေ့အချိန်အထိ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သတင်းရင်းမြစ်က ပြောသည်။ လောင်းရှည်စစ်ကြောင်းသည် မကြာမီ သီးကုန်းရွာအတွင်းသို့ ဝင်ရောက်လာနိုင်ပြီး လိုအပ်သည့်အင်အားကို သီးကုန်းရွာတွင်ချန်ထားခဲ့ကာ ကျန်အင်အားများဖြင့် ဆောမြို့သို့ ပြန်လည်သွားရောက်နိုင်ကြောင်း သတင်းရင်းမြစ်က ပြောသည်။ #ထွက်ပြေးတိမ်းရှောင် #အိုးအိမ်စွန့်ခွာ #ဝါဒဖြန့် #သီးကုန်း #ဆောမြို့ @မင်းဒဿ ယောအလင်းတန်း #MRSN Sep 13 , 12:05PM သတင်းပို့ရန်@MagwayScoutBot

ပခုက္ကူမြို့နယ် ပခုက္ကူမြို့ပေါ်မှ ထွက်လာသော စစ်ခွေးကား {၂}စီးသည်၊ အရှေ့ချောက်ကန်ရွာသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။ #MRSN Sep 12 , 1:16PM သတင်းပို့ရန်@MagwayScoutBot

လောင်းရှည်မြို့ကနေ ဆောမြို့ဖက်ကို အင်အား ၂၀၀ ပါစစ်ကြောင်းထွက်လာနေ ယောချောက်းအထိရောက်လာတဲ့ စစ်ကြောင်း ရေမကူးနိုင်၍ ကျောက်ထုမြို့အထိပြန်ဆုတ် စက်တင်ဘာ ၁၂၊၂၀၂၆၊ ဆော ယောဒေသ လောင်းရှည်မြို့ကနေ ယနေ့နံနက်ပိုင်းက ဆောမြို့ဖက်ကိုဦးတည်ကာ အင်အား ၂၀၀ ခန့်ပါစစ်ကြောင်းတစ်ကြောင်း ထွက်လာနေကြောင်းသိရသည်။ ထိုစစ်ကြောင်းသည် ယခုစက်တင်ဘာလ ၉ ရက်နေ့က လောင်းရှည်မြို့ကို ထပ်မံရောက်ရှိလာသည့် လောင်းရှည် ကပစ ၂၅ က စစ်အုပ်စုစစ်ကြောင်းဖြစ်ပြီး စက်တင်ဘာလ ၈ ရက်နေ့က လောင်းရှည်မြို့ကို ရောက်ရှိလာသည့် ဆောမြို့ကစစ်ကြောင့်ဖြင့် အစားထိုးလဲလှယ်ကာ ယနေ့နံနက်ပိုင်းက ဆောမြို့ဖက်သို့ ဦးတည်ထွက်ခွာလာနေသည်ဖြစ်ကြောင်းသိရသည်။ စစ်ကြောင်းသည် လောင်းရှည်-တောင်ဘို့ကြီး-သီးကုန်း လမ်းပိုင်းအတိုင်း ထွက်ခွာလာနေကြောင်း သိရသည်။ အလားတူ ယနေ့စက်တင်ဘာလ ၁၂ ရက်နေ့နံနက်ပိုင်းက ကျောက်ထုမြို့ ၃၆၈ အမြောက်တပ်မှ စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် ကျောက်ထုမြို့မြောက်ဖက် ယောချောင်းအထိ ရောက်ရှိလာကြပြီး ချောင်းရေ ကူး၍ ရ၊ မရ လာရောက်စမ်းသပ်ကြည့်ခဲ့ကြကြောင်းသိရသည်။ ပန်းဆန်ရွာဖက်ခြမ်းသို့ သွားရောက်နိုင်ရန် ယခုလိုလာရောက်ကြည့်ရှူ့တာဖြစ်ပြီး ချောင်းရေများကာ လူဖြတ်ကူးရန်မဖြစ်နိုင်တာကြောင့် ကျောက်ထုမြို့တွင်းကို ဂုံဘိုရွာမှတဆင့် ပြန်လည်ဝင်ရောက်လာခဲ့ကြကြောင်း သိရသည်။ ပုံ- အဟောင်း @မင်းဒဿ ယောအလင်းတန်း #MRSN Sep 12 , 11:40AM သတင်းပို့ရန်@MagwayScoutBot

မြစ်ခြေမြို့နယ် ပခုက္ကူ တပ်မ ၁၀၁ ခွေးခြံမှ ထွက်လာသော ခွေးကား (၂)စီးသည်၊ မြစ်ခြေမြို့နယ် အောင်သာပျူရွာသို့ ရောက်ရှိသွားကြောင်း သိရပြီး၊ ၎င်း၏ ခွေးကား (၂)စီးပေါ်တွင် အသေခံဒုန်း ပါရှိကြောင်း သတင်းရရှိထားပါသည်။ မြစ်ခြေမြို့နယ် မြစ်ခြေမြို့နယ် အောင်သာပျူရွာသို့ ရောက်ရှိနေသော စစ်ခွေးကား {၂}စီးသည်၊ အင်အားများချခဲ့ပြီး ပြန်လည်ထွက်ခွာသွားကြောင်း သတင်းရရှိထားပါသည်။ မြစ်ခြေမြို့နယ် မြစ်ခြေမြို့နယ် ​အောင်သာပျူရွာမှ ပြန်လည်ဆုတ်ခွာသွားသည့် စစ်ခွေးကား {၂}စီးသည်၊ မြို့ခင်းသာကျော်သွားပြီဟု သတင်းရရှိထားပါသည်။ #PKK_News #MRSN Sep 12 , 11:09AM သတင်းပို့ရန်@MagwayScoutBot

♦မြစ်ခြေမြို့နယ်♦ ပခုက္ကူ တပ်မ ၁၀၁ ခွေးခြံမှ ထွက်လာသော ခွေးကား {၂}စီးသည်၊ မြစ်ခြေမြို့နယ် အောင်သာပျူရွာသို့ ရောက်ရှိသွားကြောင်း သိရပြီး၊ ၎င်း၏ ခွေးကား {၂}စီးပေါ်တွင် အသေခံဒုန်း ပါရှိကြောင်း သတင်းရရှိထားပါသည်။ #PKK_News #MRSN Sep 12 , 10:48AM သတင်းပို့ရန်@MagwayScoutBot

ယနေ့ ‌မွန်းလွဲပိုင်း 1:00 pm ဝန်းကျင်အချိန်က ရေစကြို ခလရ ၂၅၆/၂၅၇/၂၅၈ တပ်ရင်းများမှ မအလ စခ အကောင် ၅၀ ဝန်းကျင် ဆယ်ဘီးကား ၂ စီးဖြင့် ပေကုန်းရွာ ဘောလုံးကွင်းအနီး ရောက်ရှိလာပြီး တွေ့သမျှလူအကုန်ဖမ်းဆီးကာ ပေါ်တာဆွဲနေကြောင်း သိရှိရပါသည်။ (ပြည်သူများ အသွားအလာ ဂရုစိုက်ကြပါရန်) ရေစကြို၊ စက်တင်ဘာ ၁၁ #InfoCommitteeYesagyo #MRSN Sep 11, 3:58PM သတင်းပို့ရန်@MagwayScoutBot

Magway Scout Network - Статистика и аналитика Telegram-канала @magwayscoutnetwork