ru
Feedback

Не попадитесь на канал ботавода! Telemetrio находит и помечает такие каналы 👉 Хотите видеть метку — оформите подписку

One Terrace MM Branch

One Terrace MM Branch

Открыть в Telegram

Engineering Jobs in Japan

Больше
2 443
Подписчики
Нет данных24 часа
Нет данных7 дней
+130 дней
Архив постов
photo content
23 нояб., 07:38

မင်္ဂလာပါ။ ဒီတစ်ခေါက်ကတော့ ဂျပန်နိုင်ငံ saitama ခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသည့် ကုမ္ပဏီမှ Construction Site Engineer များခေါ်ယူနေသည့် အလုပ်ခေါ်စာကို မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။ 📌ကုမ္ပဏီအကြောင်း ကုမ္ပဏီသည် 2011 ခုနှစ်တွင် စတင်တည်ထောင်ထားပြီး ဂျပန်နိုင်ငံ Saitama ခရိုင်တွင်ရှိပြီး ဆောက်လုပ်ရေးလုပ်ငန်းကို အဓိကထား ဆောင်ရွက်နေပြီး တိုက်ခန်းနှင့် ကွန်ဒိုအဆောက်အအုံများ ဆောက်လုပ်ခြင်း၊ အဆောက်အအုံအကြီးစား ပြုပြင်မွမ်းမံခြင်းနှင့် လူနေအိမ်များ ပြုပြင်မွမ်းမံခြင်း စသည့် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် အဆောက်အအုံအတွင်းပိုင်း အချောသတ်ခြင်း၊ ဆေးသုတ်ခြင်း၊ ရေစိုခံခြင်း၊ လျှပ်စစ်နှင့် ရေပိုက်လိုင်း တပ်ဆင်ခြင်း စသည့် လုပ်ငန်းများအပြင် ဆောက်လုပ်ရေးလုပ်ငန်းခွင် စီမံခန့်ခွဲမှု၊ အဆောက်အအုံအရည်အသွေး စစ်ဆေးခြင်း၊ လက်ခံလွှဲပြောင်းမှုမတိုင်မီ စစ်ဆေးခြင်းနှင့် ပုံမှန်ပြုပြင်ထိန်းသိမ်းမှု စစ်ဆေးခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။ 📌အလုပ်ခေါ်ယူသည့် Position     Construction Site Engineer 📌လုပ်ကိုင်ရမည့် လုပ်ငန်းတာဝန်    တိုက်ခန်းများ၊ ကွန်ဒိုများနှင့် တစ်ထပ်၊ နှစ်ထပ် သီးသန့်အိမ်များ ဆောက်လုပ်ခြင်းအပြင် အဆောက်အအုံအကြီးစား ပြုပြင်မွမ်းမံရေးလုပ်ငန်းများတွင် ဆောက်လုပ်ရေးလုပ်ငန်းခွင် စီမံခန့်ခွဲမှု (施工管理) ကို တာဝန်ယူဆောင်ရွက်ရမည်ဖြစ်ပါသည်။ 🔹ဆောက်လုပ်ရေးလုပ်ငန်း အချိန်ဇယားများကို စစ်ဆေးခြင်း၊ ညှိနှိုင်းခြင်းနှင့် လုပ်ငန်းတိုးတက်မှုကို စီမံခန့်ခွဲခြင်း။ 🔹ဆောက်လုပ်ရေးလုပ်သားများနှင့် ပူးပေါင်းဆောင်ရွက်သည့် ကုမ္ပဏီများနှင့် လုပ်ငန်းဆိုင်ရာ ဆွေးနွေးညှိနှိုင်းခြင်း။ 🔹လုပ်ငန်းခွင်အတွင်း ဘေးကင်းလုံခြုံမှုရှိ၊ မရှိ စစ်ဆေးခြင်း။ 🔹ဆောက်လုပ်ရေးလုပ်ငန်းခွင်၏ လုပ်ငန်းအဆင့်ဆင့်ကို ဓာတ်ပုံရိုက်ကူးမှတ်တမ်းတင်ခြင်းနှင့် လိုအပ်သော စာရွက်စာတမ်းများ ပြုစုခြင်း။ 【အလုပ်ဝင်ပြီးနောက် သင်ယူလေ့လာရမည့် အစီအစဉ်】 အလုပ်ဝင်ပြီးနောက် အတွေ့အကြုံရှိသော စီနီယာဝန်ထမ်းနှင့် တစ်ဦးချင်းတွဲဖက်၍ လုပ်ငန်းခွင်သို့ လိုက်ပါလေ့လာရမည်ဖြစ်ပါသည်။ လုပ်ငန်းအတွေ့အကြုံနှင့် ကျွမ်းကျင်မှုများ တိုးတက်လာသည်နှင့်အမျှ တာဝန်များကို အဆင့်ဆင့် တိုးမြှင့်ပေးသွားမည်ဖြစ်ပါသည်။   📌လျှောက်ထားရန် လိုအပ်သည့် အရည်အချင်းများ    Civil Engineering သို့မဟုတ် Architecture Engineering တစ်ခုခုဖြင့် ဘွဲ့ရရှိသူ    ဂျပန်ဘာသာအရည်အချင်း N3နှင့်အထက် 📌ရှိထားလျှင်ပိုကောင်းသည့် အချက်များ     Auto CAD, JWCADဖြင့် ပုံများဖတ်နိုင်သူ 📌ခန့်အပ်မည့် ဦးရေ  1~2 ဦး 📌ခန့်အပ်မည့် ပုံစံ   အမြဲတမ်း ဝန်ထမ်း (正社員) 📌လစာ  အခြေခံ လစာ :250,000円 📌အလုပ်ချိန် 8:00~17:00 (နားချိန် ၁ နာရီ) 📌အလုပ်နေရာ  Saitama Prefecture, Kawaguchi City 📌ပိတ်ရက်များ တစ်လ ၆ ရက် (တနင်္ဂနွေနေ့ နှင့် စနေနေ့ကို နှစ်ပတ်တစ်ကြိမ်၊ တစ်လလျှင် ၁ ကြိမ်) 📌အခြားခံစားခွင့်များနှင့် ထောက်ပံ့ကြေးများ 🔸အာမခံကြေးအမျိုးမျိုး ထောက်ပံ့ကြေးများ 🔸လစာတိုးများ၊ ဘောနပ်စ်ထောက်ပံ့ကြေးများ 🔸အချိန်ပိုကြေး ထောက်ပံ့ကြေးများ 🔸အလုပ်အသွားပြန် ထောက်ပံ့ကြေး 🔸အလုပ်ထွက်ထောက်ပံ့ကြေး 🔸အလုပ်ဝတ်စုံထောက်ပံ့ကြေး 🔸ကုမ္ပဏီမှ ခရီးစဥ်များ 🔸Certificate ထောက်ပံ့ကြေးများ 🔸သင်တန်းများ ‌ထောက်ပံ့ခြင်း 🔸နေထိုင်ရန် အိမ်ရာထောက်ပံ့ခြင်း 📌အလုပ်လျှောက်ရန် အလုပ်လျှောက်ထားလိုပါက , အလုပ်အကြောင်းအသေးစိတ်သိလိုပါကZoom သို Join ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 11လပိုင်း 27ရက်နေ့ (Friday) မြန်မာစံတော်ချိန် ည (7:00)နာရီ အချိန်ကျရောက်ပါကအောက်ပါZoomအားJoin ပေးပါရန် Join Zoom Meeting https://us02web.zoom.us/j/81151991818?pwd=V1fgqjhrKkelsb6A8PYPc7caieTUMi.1 Meeting ID: 811 5199 1818 Passcode : 348783 လေးစားစွာဖြင့် One Terrace Myanmar Branch
23 нояб., 07:37

23 нояб., 07:37

21 нояб., 07:34
21 нояб., ~08:29

photo content
21 нояб., 07:31

အချိန်ကျရောက်ပါကအောက်ပါZoomအားJoin ပေးပါရန် Join Zoom Meeting https://us02web.zoom.us/j/87513497212?pwd=EKq1mB3gtoKFEsCiFp7jUlLo6ffz7O.1 Meeting ID: 875 1349 7212 Passcode : 950243   လေးစားစွာဖြင့် One Terrace Myanmar Branch
21 нояб., 07:31

💫 ဂျပန်နိုင်ငံတွင် Mechanical Design Engineer အဖြစ် ရေရှည်လုပ်ကိုင်လိုသူများအတွက် အခွင့်အလမ်းကောင်း 💫 မင်္ဂလာပါရှင့်။ ဒီတစ်ခေါက်မှာတော့ ဂျပန်နိုင်ငံတွင် နှစ်ပေါင်း ၇၀ ကျော် သက်တမ်းရှိပြီး ထရပ်ကားများ၏ ကုန်တင်ကိုယ်ထည် (Truck Body) နှင့် အထူးပြုယာဉ်များကို ထုတ်လုပ်၊ ရောင်းချ၊ ပြုပြင်လျက်ရှိသော ကုမ္ပဏီတစ်ခုမှ နိုင်ငံခြားသား အင်ဂျင်နီယာဝန်ထမ်းများ ခေါ်ယူနေသည့် အလုပ်အကိုင်အခွင့်အလမ်းကို မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ 🌟One Terrace မှ မိတ်ဆက်ပေးထားတဲ့ မြန်မာနိုင်ငံသား အမျိုးသမီး ဝန်ထမ်း ၂ ဦးလည်း လက်ရှိအလုပ်လုပ်ကိုင်လျက်ရှိသည့် ကုမ္ပဏီဖြစ်ပါတယ်။ 📌 ကုမ္ပဏီအကြောင်းအရာ ကုမ္ပဏီသည်၁၉၅၀ခုနှစ်တွင်စတင်တည်ထောင်ခဲ့ပြီးဂျပန်နိုင်ငံ၏ထရပ်ကားထုတ်လုပ်ရေးနှင့်သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို ပံ့ပိုးပေးလျက်ရှိသော ကုမ္ပဏီတစ်ခု ဖြစ်ပါသည်။အဓိကအားဖြင့် ကုန်တင်ထရပ်ကားများ၏ နောက်ဘက်ကုန်တင်ကိုယ်ထည်၊ ဆောက်လုပ်ရေးသုံးစက်ယန္တရားများ သယ်ယူပို့ဆောင်ရန် အထူးပြုယာဉ်များ၊ Trailerများနှင့်အထွေထွေကုန်တင်ယာဉ်များကိုဒီဇိုင်းရေးဆွဲ၊ထုတ်လုပ်၊ရောင်းချခြင်းနှင့်ပြုပြင်ခြင်းလုပ်ငန်းများကိုလုပ်ကိုင်လျက်ရှိပါသည်။ထို့အပြင်ဖောက်သည်တစ်ဦးချင်းစီ၏လိုအပ်ချက်အလိုက်စိတ်ကြိုက်ဒီဇိုင်းရေးဆွဲထုတ်လုပ်နိုင်သည့်အထူးပြုနည်းပညာများကိုပိုင်ဆိုင်ထားပြီးဂျပန်နိုင်ငံရှိနာမည်ကြီးထရပ်ကားထုတ်လုပ်ရေး ကုမ္ပဏီများနှင့်လည်း လက်တွဲလုပ်ကိုင်လျက်ရှိပါသည်။ 📌 အလုပ်ခေါ်ယူသည့် Position 🔹 Mechanical Design Engineer 📌 လုပ်ကိုင်ရမည့် လုပ်ငန်းတာဝန်များ 🔹 ထရပ်ကားများ၏ ကုန်တင်ကိုယ်ထည်နှင့် အထူးပြုယာဉ်ကိုယ်ထည်များကို CAD Software အသုံးပြု၍ ဒီဇိုင်းရေးဆွဲခြင်း။ 🔹 ထုတ်လုပ်မည့် ကုန်ပစ္စည်းများ၏ ပုံစံနှင့် သတ်မှတ်ချက်များကို ဖောက်သည်တစ်ဦးချင်းစီ၏ လိုအပ်ချက်အလိုက် ရေးဆွဲခြင်း။ 🔹 ထုတ်ကုန်အသစ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီဇိုင်းပိုင်းဆိုင်ရာ ပြုပြင်မွမ်းမံခြင်းများ ဆောင်ရွက်ခြင်း။ 🔹 ရေးဆွဲထားသော Drawing များနှင့် လက်တွေ့ထုတ်လုပ်မှုအခြေအနေများကို နှိုင်းယှဉ်စစ်ဆေးပြီး လိုအပ်သည့် လုပ်ငန်းညွှန်ကြားချက်များ ပေးခြင်း။ 🔹 အရောင်းဌာနနှင့် ညှိနှိုင်း၍ ထုတ်လုပ်မှုအချိန်ဇယားနှင့် ပစ္စည်းပို့ဆောင်မည့် အချိန်များကို စီမံညှိနှိုင်းခြင်း။ 🔹 ထုတ်ကုန်များ၏ အလေးချိန်လျှော့ချနိုင်ရေး၊ ပစ္စည်းအသစ်များနှင့် တည်ဆောက်ပုံအသစ်များကို လေ့လာစမ်းသပ်ခြင်း။ 📌 အသုံးပြုရမည့် Software 🔹 ICAD SX MX 🔹 SolidWorks 📌 လျှောက်ထားရန် လိုအပ်သည့် အရည်အချင်းများ 🔶 Mechanical Engineering ဖြင့် ဘွဲ့ရရှိထားသူများ။ 🔶 CAD အသုံးပြုနိုင်သည့် အတွေ့အကြုံရှိသူများ။ 🔶 ဂျပန်ဘာသာ JLPT 3 နှင့်အထက်။ 🔶 ထုတ်လုပ်ရေးပိုင်းဆိုင်ရာ လုပ်ငန်းများကို စိတ်ဝင်စားပြီး ပေါင်းသင်းဆက်ဆံရေးကောင်းမွန်သူ။ 🔶 ဂျပန်နိုင်ငံတွင် ရေရှည်လုပ်ကိုင်လိုသူများ။ 📌 ရှိထားလျှင် ပိုမိုကောင်းမွန်သည့် အရည်အချင်းများ ⭐️ ICAD အသုံးပြုနိုင်ပြီး လုပ်ငန်းအတွေ့အကြုံရှိသူ။ ⭐️ စက်မှုဒီဇိုင်းနှင့် သတ္တုထုတ်လုပ်ရေးဒီဇိုင်းအတွေ့အကြုံရှိသူ။ ⭐️ ဂျပန်နိုင်ငံရှိ ကုမ္ပဏီများတွင် အလုပ်လုပ်ကိုင်ဖူးသူ။ ⭐️ ယာဉ်မောင်းလိုင်စင်ရှိသူ။ 📌 ခန့်အပ်မည့် ဦးရေ 🔸 ၁ ဦး 📌 အသက်ကန့်သတ်ချက် 🔹 အသက် ၄၀ နှစ်အထိ။ 📌 ခန့်အပ်မည့် ပုံစံ 🔹 အမြဲတမ်းဝန်ထမ်း (正社員) 📌 လစာ 🔹 တစ်လ-  ¥225,000 📌 အလုပ်ချိန် 🔹 မနက် 8:00 မှ ညနေ 5:00 အထိ(နားချိန် - ၁ နာရီ )။ 🔹 တစ်လပျမ်းမျှ အချိန်ပို - ၃၄ နာရီ။ 📌 ပိတ်ရက်များ 🔹 တစ်ပတ်လျှင် ၂ ရက်ပိတ် (တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်များ)။ 🔹 စနေနေ့ပိတ်ရက်သည် ကုမ္ပဏီပြက္ခဒိန်အလိုက် ဖြစ်ပါသည်။ 🔹 တစ်နှစ်လျှင် ပိတ်ရက် ၁၁၂ ရက်။ 🔹 နွေရာသီနှင့် နှစ်သစ်ကူးပိတ်ရက်များ။ 📌 အလုပ်လုပ်ကိုင်ရမည့် နေရာ Kagawa ခရိုင်၊ Ayagawa မြို့။ 📌 အခြားထောက်ပံ့ကြေးများနှင့် ခံစားခွင့်များ ◾️ ကျန်းမာရေးအာမခံ၊ ပင်စင်အာမခံ၊ အလုပ်လက်မဲ့အာမခံနှင့် လုပ်ငန်းခွင်မတော်တဆမှုအာမခံများ။ ◾️ လစာတိုးများ၊ ဘောနပ်စ်များ။ ◾️ သွားလာစရိတ်ထောက်ပံ့ကြေး ။ ◾️ ဂျပန်နိုင်ငံသို့ လာရောက်ရန် လေယာဉ်လက်မှတ်ခ ကုမ္ပဏီမှ ကျခံပေးခြင်း။ ◾️ တစ်ကိုယ်ရေဝန်ထမ်းများအတွက် အဆောင်ရှိခြင်း (မီး၊ ရေစရိတ်အပါအဝင် တစ်လ ¥20,000 အောက်)။ ◾️ အလုပ်သစ်ဝင်ရောက်သူများအတွက် သင်တန်းနှင့် လုပ်ငန်းခွင်အတွေ့အကြုံအလိုက် လေ့ကျင့်သင်ကြားပေးခြင်း။ ◾️ အရည်အချင်းလက်မှတ်ရရှိပါက သတ်မှတ်ချက်အလိုက် Qualification Allowance ရရှိနိုင်ခြင်း။ ◾️ လုပ်ငန်းနှင့်သက်ဆိုင်သော အရည်အချင်းစာမေးပွဲနှင့် သင်တန်းကြေးများအတွက် ကုမ္ပဏီမှ ထောက်ပံ့ပေးခြင်း။ ◾️ ဝန်ထမ်းများအတွက် အားကစားနှင့် အပန်းဖြေလှုပ်ရှားမှုများ ပြုလုပ်ပေးခြင်း။ 📌အလုပ်လျှောက်ရန် အလုပ်လျှောက်ထားလိုပါက , အလုပ်အကြောင်းအသေးစိတ်သိလိုပါကZoom သို Join ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 11လပိုင်း 26ရက်နေ့ (Thursday) မြန်မာစံတော်ချိန် ည (7:00)နာရီ အချိန်ကျရောက်ပါကအောက်ပါZoomအားJoin ပေးပါရန် Join Zoom Meeting https://us02web.zoom.
21 нояб., 07:31

【အဓိက တာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းများ】 ■ Team အတွင်းရှိ လုပ်ငန်းများကို စီမံခန့်ခွဲခြင်းနှင့် လုပ်ငန်းလည်ပတ်မှုများကို ပံ့ပိုးကူညီခြင်း။ ■ အလုပ်အစီအစဉ်၊ သတ်မှတ်ရက်နှင့် လုပ်ငန်းတိုးတက်မှုအခြေအနေများကို စီမံခန့်ခွဲညှိနှိုင်းခြင်း။ ■ ထုတ်လုပ်မှုနှင့်သက်ဆိုင်သော စီမံခန့်ခွဲမှုများ ပြုလုပ်ခြင်း၊ စစ်ဆေးရန်လိုအပ်သည့် အချက်များကို စစ်ဆေးခြင်း။ ■ မော်တော်ကားအစိတ်အပိုင်းများနှင့် System များသည် သတ်မှတ်ထားသော ဥပဒေစည်းမျဉ်းများနှင့် ကိုက်ညီမှုရှိ၊ မရှိ စစ်ဆေးခြင်း။ ■ ထုတ်လုပ်ထားသော ပစ္စည်းများနှင့် လုပ်ငန်းရလဒ်များ၏ အရည်အသွေးကို စစ်ဆေးခြင်း၊ လိုအပ်ပါက ပြန်လည်ပြင်ဆင်ရန် ညှိနှိုင်းခြင်း။ ■ လုပ်ငန်းဆိုင်ရာ Specification Documents များနှင့် အခြားလိုအပ်သော စာရွက်စာတမ်းများ ရေးသားပြုစုခြင်း။ ※ လုပ်ငန်းတာဝန်၏ 90% ခန့်သည် ရုံးတွင်းစာရွက်စာတမ်းနှင့် စီမံခန့်ခွဲရေးလုပ်ငန်းများဖြစ်ပြီး ကျန် 10% ခန့်မှာ လက်တွေ့စမ်းသပ်စစ်ဆေးမှုများတွင် ပါဝင်ဆောင်ရွက်ရမည်ဖြစ်ပါသည်။ 📌 လျှောက်ထားရန်လိုအပ်သည့် အရည်အချင်း ①Mechanical Engineer (Automotive Parts Design, Analysis & Evaluation) ☑️Mechanical Engineering or Mechatronic တစ်ခုခုဖြင့် ဘွဲ့ရရှိသူ။ ☑️ စက်ပစ္စည်းပိုင်းဆိုင်ရာ ဒီဇိုင်းရေးဆွဲခြင်း လက်တွေ့လုပ်ငန်းအတွေ့အကြုံရှိသူ။ ☑️ 3D CAD Software အသုံးပြု၍ ဒီဇိုင်းရေးဆွဲဖူးသော အတွေ့အကြုံရှိသူ။ ☑️ ဂျပန်နိုင်ငံအတွင်း လက်ရှိနေထိုင်သူ။ ☑️ ဂျပန်ဘာသာစကား N2 နှင့်အထက် 📌 ရှိထားလျှင် ပိုကောင်းသည့် အချက်များ ☑️ လုပ်ဖော်ကိုင်ဖက်များနှင့် ပူးပေါင်းပြီး ပြဿနာများကို ဖြေရှင်းလုပ်ကိုင်ဖူးသည့် အတွေ့အကြုံရှိသူ။ ☑️ မော်တော်ကားနှင့်သက်ဆိုင်သော ဗဟုသုတရှိပြီး မော်တော်ကားကို စိတ်ဝင်စားသူ။ ☑️ အခြားဌာနများနှင့် ကုန်ပစ္စည်းပေးသွင်းသူများအကြား နည်းပညာဆိုင်ရာ ညှိနှိုင်းဆွေးနွေးဖူးသည့် အတွေ့အကြုံရှိသူ။ ☑️ CAE အသုံးပြု၍ ခိုင်ခံ့မှု၊ ဖွဲ့စည်းပုံနှင့် Stress Analysis လုပ်ငန်းများ လုပ်ကိုင်ဖူးသူ။ ☑️ လက်တွေ့စမ်းသပ်စစ်ဆေးမှု  အတွေ့အကြုံရှိသူ။ ☑️ အင်္ဂလိပ်ဘာသာစကားဖြင့် ဆက်သွယ်ပြောဆိုနိုင်သူ။ ②Technical Support Staff – Automotive Development Projects 📌 လျှောက်ထားရန်လိုအပ်သည့် အရည်အချင်း ☑️ Mechanical Engineering ,Mechatronic Engineering, Electrical Engineering , Electronic Engineering  တစ်ခုခုဖြင့် ဘွဲ့ရရှိသူ ☑️ လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး ၃ နှစ်ရှိသူ။ ☑️ Microsoft Office (Word, Excel, PowerPoint, Teams) အသုံးပြုနိုင်သူ။ ☑️ ဂျပန်ဘာသာစကား N2 နှင့်အထက် ☑️ ဂျပန်နိုင်ငံအတွင်း လက်ရှိနေထိုင်သူများသာ ။ 📌 ရှိထားလျှင် ပိုကောင်းသည့် အချက်များ ☑️ မော်တော်ကားလုပ်ငန်းနှင့် စိတ်ဝင်စားမှုရှိသူ။ ☑️ မော်တော်ကားနှင့်သက်ဆိုင်သော အထူးပြုကျောင်းမှ ဘွဲ့ရရှိထားသူ။ ☑️ မော်တော်ကားပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း အတွေ့အကြုံရှိသူ ။ ☑️ အင်္ဂလိပ်ဘာသာစကားဖြင့် Business Communication ပြုလုပ်နိုင်သူ။ 📌 ခန့်အပ်မည့်ပုံစံ အမြဲတမ်းဝန်ထမ်း (正社員) 📌 ခန့်အပ်မည့် ဦးရေ       3 ဦး 📌 လစာ ①လစဉ်လစာ - 202,500円~385,000円 ②လစဥ်လစာ -  202,500円~330,660円 ※ လုပ်ငန်းအတွေ့အကြုံ၊ ကျွမ်းကျင်မှုနှင့် ယခင်ရရှိခဲ့သော လစာအပေါ်မူတည်၍ ညှိနှိုင်းသတ်မှတ်ပေးမည်ဖြစ်ပါသည်။ 📌 အလုပ်နေရာ Aichi Prefecture, Toyota City 📌 ပိတ်ရက်များ တစ်ပတ်လျှင် ၂ ရက် (စနေ၊ တနင်္ဂနွေ) တစ်နှစ်ပတ်လုံး ပိတ်ရက် - 121 ရက် GW ပိတ်ရက်၊ နွေရာသီပိတ်ရက် (၉ ရက်) နှင့် နှစ်သစ်ကူးပိတ်ရက် (၁၁ ရက်) ရှိပါသည်။ 📌 အလုပ်ချိန် Flex Time System ပုံမှန်အလုပ်ချိန် - 9:00~18:00 (Core Time - 10:00~15:00) နားချိန် - ၁ နာရီ (12:00~13:00) 📌 အခြားခံစားခွင့်များ ◾️ အာမခံထောက်ပံ့ကြေးများ။ ◾️ လစာတိုးများ၊ ဘောနပ်စ်များ။ ◾️ အလုပ်အသွားအပြန် ခရီးစရိတ် ။ ◾️ နေအိမ်ထောက်ပံ့ကြေး၊ မိသားစုထောက်ပံ့ကြေးနှင့်ကလေးထောက်ပံ့ကြေး။ ◾️ အရည်အချင်းလက်မှတ်ရရှိရန် ထောက်ပံ့မှုများ။ ◾️ အငြိမ်းစားယူချိန်တွင် ခံစားခွင့်ရှိသော ထောက်ပံ့ကြေးစနစ် ။ ◾️ ကားဖြင့် အလုပ်သွားလာနိုင်ခြင်း။ ◾️ မီးဖွားခွင့်နှင့် ကလေးပြုစုစောင့်ရှောက်ရေးဆိုင်ရာ ပံ့ပိုးမှုများ။ ◾️ U・I Turn Support ရှိခြင်း။ 📌အလုပ်လျှောက်ရန် ၁)အောက်ပါ link ကနေ One Terrace CV form ကို Downloadဆွဲပေးပါ။  CV Formတွင်  ဖြည့်နည်း အသေးစိတ်လမ်းညွှန်နှင့် အချက်အလက်များ ဖြည့်စွက်ပြီးသား CV Sample များ ပါဝင်ပါတယ်။ထိုကြောင့် CV form မဖြည့်မီ ဖြည့်နည်း အသေးစိတ်လမ်းညွန်နှင့် Sample များကို သေချာစွာ ဖတ်ရှုပြီး ဖြည့်စွက်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်။ https://drive.google.com/drive/folders/1CkZl3Q6DwAvyP5ITOg00CDWcpdWGB2Rv?usp= sharing ၂) One Terrace CV formကိုသေချာဖြည့်ပြီးလျှင် 11လပိုင်း 26ရက်နေ့ (ကြာသပတေးနေ့) မြန်မာအချိန် 11:00 AM မတိုင်မီ info.mm@oneterrace.jp သို [Crystal -လျှောက်ထားလိုသည့် Position နာမည်]ကို ရေးကာ mailပိုလျှောက်ထားနိုင် ပါတယ် လေးစားစွာဖြင့် One Terrace Myanmar]
20 нояб., 07:34

✨ ဂျပန်နိုင်ငံတွင်းနေထိုင်သူများအတွက် အလုပ်ကိုင်အခွင့်အလမ်းကောင်း မင်္ဂလာပါ။ ဒီတစ်ခေါက်မှာတော့ ဂျပန်နိုင်ငံ Aichi ခရိုင်တွင် တည်ရှိပြီး မော်တော်ကားနှင့်သက်ဆိုင်သော Software Development နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသည့် ကုမ္ပဏီမှ အလုပ်ခေါ်စာတစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။အထူးသဖြင့် မော်တော်ကားအစိတ်အပိုင်းများကို 3D CAD ဖြင့် ဒီဇိုင်းရေးဆွဲခြင်း၊CAEဖြင့်ခွဲခြမ်းစိတ်ဖြာခြင်းနှင့်လက်တွေ့စမ်းသပ်စစ်ဆေးခြင်းလုပ်ငန်းများကိုလုပ်ကိုင်ရမှာဖြစ်ပါတယ်။ထို့အပြင်Toyotaကဲ့သို့သောဂျပန်နိုင်ငံရှိနာမည်ကြီးမော်တော်ကားကုမ္ပဏီများ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင်တိုက်ရိုက်ပါဝင်လုပ်ကိုင်နိုင်မည့်အခွင့်အရေးလည်း ရရှိမှာဖြစ်ပါတယ်။ 📌 ကုမ္ပဏီအကြောင်းအရာ ကုမ္ပဏီသည် ဂျပန်နိုင်ငံ Aichi ခရိုင် Nagoya မြို့တွင် 2019 ခုနှစ် ဇွန်လ၌ စတင်တည်ထောင်ခဲ့သော ကုမ္ပဏီဖြစ်ပြီး ဝန်ထမ်းဦးရေ50ခန့်ရှိပါသည်။အဓိကအားဖြင့် မော်တော်ကားတွင် အသုံးပြုသည့် Embedded Softwareများကိုဒီဇိုင်းရေးဆွဲခြင်းနှင့်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊3DCADအသုံးပြု၍မော်တော်ကားအစိတ်အပိုင်းများကို ဒီဇိုင်းရေးဆွဲခြင်း၊CAE အသုံးပြု၍ အင်ဂျင်နီယာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာခြင်း၊မော်တော်ကားများ၏ လက်တွေ့စမ်းသပ်စစ်ဆေးခြင်းနှင့် အကဲဖြတ်ခြင်းလုပ်ငန်းများ၊ AI၊ Machine Learning နှင့် Deep Learning ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ MaaS (Mobility as a Service)နှင့်Mobilityဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများစသည့်လုပ်ငန်းများကိုလုပ်ကိုင်လျက်ရှိပါသည်။ 📌 အလုပ်၏ ဆွဲဆောင်ချက်များ ☑️ ဂျပန်နိုင်ငံရှိ နာမည်ကြီး မော်တော်ကားထုတ်လုပ်ရေးကုမ္ပဏီများ၏ တိုက်ရိုက်အပ်နှံသည့် Project များတွင် ပါဝင်လုပ်ကိုင်နိုင်ခြင်း။ ☑️ မော်တော်ကားအစိတ်အပိုင်းများ၏ Concept Design မှစ၍ 3D CAD ဒီဇိုင်းရေးဆွဲခြင်း၊ CAE Analysis နှင့် လက်တွေ့စမ်းသပ်စစ်ဆေးခြင်းအထိ လုပ်ငန်းစဉ်အမျိုးမျိုးတွင် ပါဝင်နိုင်ခြင်း။ ☑️ CATIA V5 ကဲ့သို့သော 3D CAD Software များကို အသုံးပြု၍ လက်တွေ့လုပ်ငန်းအတွေ့အကြုံနှင့် နည်းပညာကျွမ်းကျင်မှုများ တိုးတက်လာနိုင်ခြင်း။ ☑️ Racing Engine နှင့် Racing Vehicle ဖွံ့ဖြိုးတိုးတက်ရေးကဲ့သို့သော အခြားနေရာများတွင် ရရှိရန်ခက်ခဲသည့် Project များတွင်လည်း ပါဝင်ခွင့်ရရှိနိုင်ခြင်း။ ☑️ ဝန်ထမ်းများ၏ အသက်အရွယ်ထက် လုပ်ဆောင်နိုင်စွမ်းနှင့် အရည်အချင်းကို အဓိကထား အကဲဖြတ်ပေးခြင်း။ အသက် 20 ကျော်အရွယ်တွင် Team Leader အဖြစ် တာဝန်ယူနေသူများလည်း ရှိခြင်း။ ☑️ Flex Time System ရှိပြီး အလုပ်ချိန်ကို လိုအပ်သလို ညှိနှိုင်းနိုင်ခြင်း။ ☑️ အမျိုးသား၊ အမျိုးသမီး ဝန်ထမ်းများ တန်းတူအခွင့်အရေးဖြင့် အလုပ်လုပ်ကိုင်နိုင်ပြီး မီးဖွားခွင့်နှင့် ကလေးပြုစုစောင့်ရှောက်ရေးဆိုင်ရာ ပံ့ပိုးမှုများရှိခြင်း။ ☑️ အိမ်မှအလုပ်လုပ်ကိုင်ခြင်း (副業) ကိုလည်း ခွင့်ပြုထားခြင်း။ 📌 ခေါ်ယူသည့် Position ①Mechanical Engineer (Automotive Parts Design, Analysis & Evaluation) ②Technical Support Staff – Automotive Development Projects 📌 လုပ်ကိုင်ရမည့် လုပ်ငန်းတာဝန် ①Mechanical Engineer (Automotive Parts Design, Analysis & Evaluation) 【အဓိက တာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းများ】 ■ မော်တော်ကားအစိတ်အပိုင်းများ၊ အဖုံးအကာအစိတ်အပိုင်းများ (Housing) နှင့် ထုတ်လုပ်ရေးတွင် အသုံးပြုသည့် Jig များကို Concept Design မှစ၍ 3D CAD Software (CATIA V5) အသုံးပြု၍ ဒီဇိုင်းရေးဆွဲခြင်း။ ■ CAE Software ကိုအသုံးပြု၍အစိတ်အပိုင်းများ၏ခိုင်ခံ့မှု၊ဖွဲ့စည်းပုံနှင့်Stressများကိုခွဲခြမ်းစိတ်ဖြာစစ်ဆေးခြင်း။ ■အစိတ်အပိုင်းများ၏Drawingများရေးဆွဲခြင်း၊Prototypeများမှာယူပြုလုပ်ခြင်းနှင့် လက်တွေ့စမ်းသပ်စစ်ဆေးခြင်း။ ■ မော်တော်ကားတွင် အသုံးပြုသည့် Electronic Parts များ၏ တပ်ဆင်နေရာနှင့် Layout များကို ဒီဇိုင်းရေးဆွဲခြင်း။ ■ ထုတ်လုပ်ရေးစက်ပစ္စည်းများနှင့် Production Line များကို ဒီဇိုင်းရေးဆွဲခြင်း။ ■ အခြားဌာနများနှင့် ကုန်ပစ္စည်းပေးသွင်းသူများအကြား နည်းပညာဆိုင်ရာ Specification များကို ဆွေးနွေးညှိနှိုင်းခြင်း။ ■ Team အတွင်း လုပ်ငန်းစီမံခန့်ခွဲခြင်း၊ လုပ်ငန်းတိုးတက်မှုအခြေအနေ စစ်ဆေးခြင်းနှင့် အစီအစဉ်များ တင်ပြအကောင်အထည်ဖော်ခြင်း။ ②Technical Support Staff – Automotive Development Projects
20 нояб., 07:34

20 нояб., 07:34

photo content
19 нояб., 07:32

📌 အခြားခံစားခွင့်များ  • လစာတိုးများ  • Bonusများ  • Overtime Payများ (တစ်လလျှင်ပျှမ်းမျှ 20 နာရီခန့်)  • Companyအဆောင် ထောက်ပံပေးခြင်း (အိမ်ဌားခ ပေးဆောင်ရန်မလို)  • အလုပ်သွားအလုပ်ပြန် ထောက်ပံ့ကြေးများ  • N2 အောင်မှတ်ရှိပါက လစဉ် ယန်း၅၀၀၀ ထောက်ပံ့ပေးခြင်း 📌 အလုပ်လျှောက်ရန်  အလုပ်လျှောက်ထားလိုပါက , အလုပ်အကြောင်းအသေးစိတ်သိလိုပါကZoom သို Join ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။  11လပိုင်း 25ရက်နေ့ (Wednesday)  မြန်မာစံတော်ချိန် ည (7:00)နာရီ  အချိန်ကျရောက်ပါကအောက်ပါZoomအားJoin ပေးပါရန်   https://www.google.com/url?q=https://us02web.zoom.us/j/85233817487?pwd%3D8PM3ZONDgxKjxFZEFH8dyYmtq3urHI.1&sa=D&source=calendar&ust=1795512976335193&usg=AOvVaw0USwcRSvxoyQSzKQeQFpxA Meeting ID: 852 3381 7487 Passcode : 337761  လေးစားစွာဖြင့်  One Terrace Myanmar Branch
19 нояб., 07:32

💫ဂျပန်ပြည်တွင်းရှိ Mechanical Engineer များအတွက် အလုပ်အကိုင် အခွင့်အလမ်းကောင်း🌟  မင်္ဂလာပါ။  အခုတစ်ခေါက်မှာတော့ 1974ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ဂျပန်နိုင်ငံ Shimane ခရိုင်တစ်ဝှမ်းရှိ public အဆောက်အအုံများ၊ လူနေအိမ် အဆောက်အဦးများနှင် လမ်းတံတာအတောက်အအုံများ၏ civil constructionပိုင်းများ၊ Mechanical & Electrical M&E ပိုင်းများအား တာဝန်ယူဆောင်ရွက်ပေးလျက်ရှိသော Company  ကြီးမှ      Plumbing Site Engineer များကို ခေါ်ယူလျက်ရှိသည့် အလုပ်ခေါ်စာကို မိတ်ဆက်ပေးသွားမှာဖြစ်ပါသည်။ 📌ကုမ္ပဏီအကြောင်း ကုမ္ပဏီသည် ဂျပန်နိုင်ငံ Shimane ခရိုင်တွင် တည်ရှိပြီး၊ ဒေသနှင့်အတူ နှစ်ပေါင်း ၅၀ ကျော် ဖွံ့ဖြိုးတိုးတက်လာသော ကုမ္ပဏီတစ်ခုဖြစ်ပါသည်။ ကုမ္ပဏီသည် လူနေမှုပတ်ဝန်းကျင်ကို ပိုမိုအဆင်ပြေပြီး လုံခြုံသက်တောင့်သက်သာရှိစေရန် ရည်ရွယ်ကာ အမျိုးမျိုးသောအဆောက်အဦး Equipmentတပ်ဆင်ခြင်း နှင့် ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းများကို ကျယ်ပြန့်စွာ ဆောင်ရွက်လျက်ရှိပါသည်။ အဓိကလုပ်ငန်းများအနေဖြင့် လေအေးပေးစက်နှင့် လေအပူပေးစနစ်、ရေပေးဝေရေးနှင့် ရေဆိုးစွန့်ပစ်ရေး သန့်ရှင်းရေးစနစ်、လေဝင်လေထွက်စနစ်、ရေဆိုးသန့်စင်ကန်စနစ်、မီးဘေးကာကွယ်ရေးပစ္စည်းနှင့် စနစ်များ、ရေပေးဝေရေး、ရေတွင်းတူးဖော်ရေးလုပ်ငန်း、လျှပ်စစ်ပစ္စည်းနှင့် လျှပ်စစ်စနစ်တပ်ဆင်ရေး စသည့် လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိပါသည်။ ထို့အပြင် အဆောက်အဦးဆောက်လုပ်ရေးလုပ်ငန်း၊ လမ်းတံတားအင်ဂျင်နီယာဆောက်လုပ်ရေးလုပ်ငန်း ၊အိမ်ခြံမြေရောင်းဝယ်ရေးလုပ်ငန်း နှင့် အရက်နှင့် အဖျော်ယမကာ ရောင်းချရေးလုပ်ငန်း များကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် နည်းပညာကျွမ်းကျင်မှုနှင့် အရည်အသွေးမြင့် ဝန်ဆောင်မှုများကို အခြေခံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် လူများ၏ ပိုမိုကောင်းမွန်သော နေထိုင်မှုပတ်ဝန်းကျင် ဖန်တီးရေးတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသော ကုမ္ပဏီတစ်ခုဖြစ်ပါသည်။ 📌ကုမ္ပဏီတည်နေရာ  Shimane prefecture ,Hamada City ကုမ္ပဏီ၏ ထူးခြားချက် လူများအတွက် နေထိုင်ရန် အဆင်ပြေပြီး သက်တောင့်သက်သာရှိသော မြို့တစ်မြို့ကို ဖန်တီးရန်အတွက် အရည်အသွေးမြင့်ပြီး နေထိုင်ရန် သင့်လျော်သော အဆောက်အဦးများသည် မရှိမဖြစ်လိုအပ်ပါသည်။ အများပြည်သူသုံး အဆောက်အဦးများမှ ကိုယ်ပိုင်နေအိမ်များအထိ ဆောက်လုပ်ရေးလုပ်ငန်း၊ မြို့ပြအင်ဂျင်နီယာလုပ်ငန်း၊ စက်ပိုင်းဆိုင်ရာEquipmentလုပ်ငန်းနှင့် လျှပ်စစ်Equipmentလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ ဖောက်သည်များအား လုံခြုံပြီး သက်တောင့်သက်သာရှိသော လူနေမှုပတ်ဝန်းကျင်ကို ပံ့ပိုးပေးခြင်းအပြင် ရေ၊ လျှပ်စစ်နှင့် အခြားအခြေခံအဆောက်အအုံများ (Lifeline Infrastructure) ကို ထိန်းသိမ်းကာကွယ်ပေးခြင်းကိုလည်း မိမိတို့၏ အရေးကြီးသော တာဝန်တစ်ရပ်အဖြစ် သတ်မှတ်ထားပါသည်။ 📌အလုပ်ခေါ်ယူမည့်Position Plumbing Site Engineer 📌ခန့်အပ်မည့်ပုံစံ  社員 (အမြဲတမ်းဝန်ထမ်း) 📌 လစာ  205,000円 📌လုပ်ကိုင်ရမည့် လုပ်ငန်းအကြောင်းအရာများ  🔶ဖောက်သည်များနှင့် ဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာ အစည်းအဝေးများ ပြုလုပ်ခြင်း 🔶စက်ပစ္စည်းများ ရွေးချယ်ခြင်း၊ ဒီဇိုင်းရေးဆွဲခြင်းနှင့် ကုန်ကျစရိတ်တွက်ချက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း 🔶ဆောက်လုပ်ရေးစီမံခန့်ခွဲမှု အားလုံးကို တာဝန်ယူဆောင်ရွက်ခြင်း  (ပြီးစီးသည်အထိ အချိန်ဇယားစီမံခန့်ခွဲမှု၊ အရည်အသွေးစီမံခန့်ခွဲမှု၊ လုံခြုံရေးစီမံခန့်ခွဲမှု၊ ကုန်ကျစရိတ်စီမံခန့်ခွဲမှု) 🔶ဆောက်လုပ်ရေးလုပ်ငန်းအတွက် လိုအပ်သော ပစ္စည်းများနှင့် လုပ်ငန်းများကို မှာယူခြင်း 🔶လုပ်ငန်းခွင်တွင် အလုပ်လုပ်ဆောင်မှုဆိုင်ရာ ညှိနှိုင်းခြင်းနှင့် လမ်းညွှန်ချက်များ ပေးခြင်း 🔶CAD အသုံးပြု၍ ဆောက်လုပ်ရေးပုံစံ Drawing များ ရေးဆွဲခြင်း စသည်တို့ကို ဆောင်ရွက်ခြင်း 📌အသုံးပြုသည့် Tool / Software ·       ティーファス(TFas) 📌အခြားတာဝန်များ 🔹ပိုက်လိုင်းတပ်ဆင်ရေးလုပ်ငန်း (配管工事) နှင့် စက်ပစ္စည်းများ တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း ※ လုပ်ငန်းခွင် လေ့ကျင့်ရေးကာလ (現場研修期間) ရှိပါသည်။ လေ့ကျင့်ရေးကာလသည် ဂျပန်ဘာသာစကား အရည်အချင်းပေါ်မူတည်၍ အနည်းငယ် ပြောင်းလဲနိုင်ပါသည်။ 📌 လျှောက်ထားရန်လိုအပ်သော အရည်အချင်းများ  • Mechanical Engineering ဖြင့်ဘွဲ့ရရှိထားသူများ  • ဂျပန်စာ N3level ခန့်ကောင်းမွန်စွာ ပြောဆိုနိုင်သူများ  • ဂျပန်နိုင်ငံတွင်း ဆောက်လုပ်ရေးစီမံခန့်ခွဲမှု (施工管理) အဖြစ် လုပ်ကိုင်ခဲ့သည့် အတွေ့အကြုံ ၁ နှစ်အထက်ရှိသူဖြစ်ရမည်။  (အထူးသဖြင့် ပိုက်လိုင်းနှင့်設備工事(管工事)ပိုင်း အတွေ့အကြုံရှိသူကို ဦးစားပေးမည်။) •ဂျပန်ပြည်တွင်းနေထိုင်သူ 📌ရှိထားလျှင် ပိုကောင်းသည့် အချက် CAD softwareဖြင့် Drawingsဖတ်နိုင်သူ 📌 တစ်နေ့တာအလုပ်လုပ်ချိန်  8:00~17:00 📌 ပိတ်ရက်များ  တစ်ပတ် နှစ်ရက်(weekends)  Japanese National holidays  ※ တစ်နှစ်လျှင် စုစုပေါင်း ပိတ်ရက်(116 ရက်)
19 нояб., 07:32

19 нояб., 07:32

photo content
14 нояб., 07:31

📌 အခြားထောက်ပံ့ကြေးများနှင့် ခံစားခွင့်များ ◾️ အာမခံအမျိုမျိုးထောက်ပံ့ကြေးများ ◾️  လစာတိုးများ၊ ဘောနပ်စ်များ။ ◾️ အချိန်ပိုကြေး ထောက်ပံ့ကြေးများ ◾️ အလုပ်အသွားအပြန်ထောက်ပံ့ကြေး ◾️ အရည်အချင်းလက်မှတ်ရရှိရန် ထောက်ပံ့မှုများ ◾️ ဂျပန်နိုင်ငံတွင် နေထိုင်ရန် အိမ်ရှာပေးခြင်းများ ။ ◾️ ကုမ္ပဏီဝန်ထမ်းများအတွက် ပန်းကြည့်ပွဲ၊ BBQ စသည့် ပျော်ပွဲရွှင်ပွဲများ ကျင်းပပေးခြင်း။ 📌အလုပ်လျှောက်ရန် အလုပ်လျှောက်ထားလိုပါက , အလုပ်အကြောင်းအသေးစိတ်သိလိုပါကZoom သို Join ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 11လပိုင်း 19ရက်နေ့ (Thursday) မြန်မာစံတော်ချိန် ည (7:00)နာရီ အချိန်ကျရောက်ပါကအောက်ပါZoomအားJoin ပေးပါရန် Join Zoom Meeting https://us02web.zoom.us/j/88295640697?pwd=bjZwNRQhDapI7NbXsaXbVRXFAL3KDA.1 Meeting ID: 882 9564 0697 Passcode : 603315 လေးစားစွာဖြင့် One Terrace Myanmar Branch
14 нояб., 07:31

💫 ဂျပန်နိုင်ငံတွင် ဆောက်လုပ်ရေးအင်ဂျင်နီယာအဖြစ် ရေရှည်လုပ်ကိုင်ပြီး မိမိ၏နည်းပညာနှင့် လုပ်ငန်းအတွေ့အကြုံများကို မြှင့်တင်လိုသူများအတွက် အခွင့်အလမ်းကောင်း💫 မင်္ဂလာပါရှင့်။ ဒီတစ်ခေါက်မှာတော့ ဂျပန်နိုင်ငံ၊ Shimane ခရိုင် အခြေစိုက်ပြီး နှစ်ပေါင်း ၁၁၀ကျော်သက်တမ်းရှိပြီး ဆောက်လုပ်ရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသည့် ကုမ္ပဏီတစ်ခုမှ နိုင်ငံခြားသား အင်ဂျင်နီယာဝန်ထမ်းများ ခေါ်ယူနေသည့် အလုပ်အကိုင်အခွင့်အလမ်းကို မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ 🌟ဒီအလုပ်ခေါ်စာကတော့ ဂျပန်ကုမ္ပဏီဘက်မှ ရန်ကုန်သို့လာရောက်ပြီး အင်တာဗျူးလုပ်သွားမှာဖြစ်ပါတယ်။ 📌 ကုမ္ပဏီအမည် YOSHIZAKI Company 📌 ကုမ္ပဏီအကြောင်းအရာ Company သည် ဂျပန်နိုင်ငံ၊ Shimane ခရိုင်၊ Oki ကျွန်းတွင် အခြေစိုက်သော အထွေထွေဆောက်လုပ်ရေးကုမ္ပဏီတစ်ခု ဖြစ်ပါသည်။အဓိကလုပ်ငန်းများဖြစ်သည့်  မြို့ပြအင်ဂျင်နီယာလုပ်ငန်းများ၊ လမ်းခင်းခြင်းနှင့် ပြုပြင်ခြင်းလုပ်ငန်းများ၊ဆေးသုတ်ခြင်းနှင့် ပိုက်လိုင်းတပ်ဆင်ခြင်းလုပ်ငန်းများ၊အိမ်ရာဆောက်လုပ်ခြင်းနှင့် ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ၊အစိုးရပိုင် အများပြည်သူဆိုင်ရာ အဆောက်အအုံများ တည်ဆောက်ခြင်းတို့ကို လုပ်ကိုင်လျက်ရှိပါသည်။ ထို့အပြင် ရိုးရာဂျပန်အဆောက်အအုံများနှင့် အရေးပါသော ယဉ်ကျေးမှုအမွေအနှစ် အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများတွင်လည်း ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။ 📌 အလုပ်ခေါ်ယူသည့် Position ① အဆောက်အအုံဆောက်လုပ်ရေးလုပ်ငန်းခွင် အင်ဂျင်နီယာ ② လမ်းတံတား ဆောက်လုပ်ရေးလုပ်ငန်းခွင် အင်ဂျင်နီယာ 📌 လုပ်ကိုင်ရမည့် လုပ်ငန်းတာဝန်များ ① အဆောက်အအုံဆောက်လုပ်ရေးလုပ်ငန်းခွင် အင်ဂျင်နီယာ 🔹 အိမ်ရာအသစ်ဆောက်လုပ်ခြင်းနှင့် ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း။ 🔹 ဆောက်လုပ်ရေးလုပ်ငန်းစဉ်၊ အရည်အသွေး၊ လုံခြုံရေးနှင့် ကုန်ကျစရိတ်များကို စီမံခန့်ခွဲရာတွင် ကူညီဆောင်ရွက်ခြင်း။ 🔹 အဆောက်အအုံပိုင်ရှင်များနှင့် ဆွေးနွေးညှိနှိင်းခြင်း၊ လုပ်ငန်းလိုအပ်ချက်များ သတ်မှတ်ရာတွင် ကူညီခြင်း။ 🔹 ဆောက်လုပ်ရေး Drawing များ ရေးဆွဲခြင်း၊ ပြင်ဆင်ခြင်းနှင့် လုပ်ငန်းခွင်ဓာတ်ပုံများ စီမံခန့်ခွဲခြင်း။ 🔹 ဆောက်လုပ်ရေးပစ္စည်းများ၏ အရေအတွက်တွက်ချက်ခြင်းနှင့် ခန့်မှန်းကုန်ကျစရိတ် တွက်ချက်ခြင်း။ 🔹 လုပ်ငန်းခွင်ရှိ ကန်ထရိုက်တာများနှင့် ဆွေးနွေးညှိနှိင်းခြင်း။ ② လမ်းတံတား ဆောက်လုပ်ရေးလုပ်ငန်းခွင် အင်ဂျင်နီယာ 🔹 လမ်းဖောက်လုပ်ခြင်း၊ မြေပြိုမှုကာကွယ်ရေးနှင့် ဆိပ်ကမ်းဆိုင်ရာ အများပြည်သူလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း။ 🔹 လုပ်ငန်းစဉ်၊ အရည်အသွေး၊ လုံခြုံရေးနှင့် ဘတ်ဂျက်များကို စီမံခန့်ခွဲရာတွင် ကူညီခြင်း။ 🔹 ဆောက်လုပ်ရေးလုပ်ငန်းအစီအစဉ်များ ရေးဆွဲခြင်းနှင့် မြေတိုင်းတာခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း။ 🔹 အစိုးရဌာနများနှင့် ဆွေးနွေးညှိနှိင်းခြင်း၊ Drawing များ စစ်ဆေးခြင်းနှင့် လုပ်ငန်းခွင်ညွှန်ကြားခြင်း။ 🔹 လုပ်ငန်းခွင်ဓာတ်ပုံများနှင့် လိုအပ်သော စာရွက်စာတမ်းများ စီမံခန့်ခွဲခြင်း။ ⭐️ Position နှစ်မျိုးစလုံးတွင် အတွေ့အကြုံရှိသော စီနီယာဝန်ထမ်းများနှင့်အတူ လုပ်ကိုင်ရမည်ဖြစ်ပြီး အလုပ်အတွေ့အကြုံနှင့် ကျွမ်းကျင်မှုများကို တဖြည်းဖြည်း သင်ယူနိုင်မည်ဖြစ်ပါသည်။ 📌 လျှောက်ထားရန် လိုအပ်သည့် အရည်အချင်းများ 🔶 Civil Engineering / Architectural Engineering ဖြင့် ဘွဲ့ရရှိထားသူများ။ 🔶 ဂျပန်ဘာသာ JLPT N3 နှင့်အထက် ။ 🔶 Oki ကျွန်းတွင် နေထိုင်အလုပ်လုပ်ကိုင်နိုင်သူများ။ 🔶 Internship အပါအဝင်  ဆောက်လုပ်ရေးလုပ်ငန်းခွင် အတွေ့အကြုံရှိသူများ 📌 ရှိထားလျှင်ပိုကောင်းသည့် အရည်ချင်းများ ⭐️ CAD အသုံးပြုနိုင်သူ။ ⭐️ အလုပ်အတွေ့အကြုံထက် သင်ယူလိုစိတ်၊ ကြိုးစားလိုစိတ်နှင့် တာဝန်ယူစိတ်ရှိသူ ။ 📌 ခန့်အပ်မည့် ဦးရေ 🔸အဆောက်အအုံဆောက်လုပ်ရေးလုပ်ငန်းခွင် အင်ဂျင်နီယာ - ၁ ဦး 🔸လမ်းတံတား ဆောက်လုပ်ရေးလုပ်ငန်းခွင် အင်ဂျင်နီယာ - ၁ ဦး 📌 ခန့်အပ်မည့် ပုံစံ အမြဲတမ်းဝန်ထမ်း (正社員) 📌 လစာ 🔹 တစ်လလစာ : ¥191,200 ~ ¥350,000 🔹 ခန့်မှန်းတစ်နှစ်ဝင်ငွေ : ¥3,150,000 ~ ¥5,700,000 ※ အတွေ့အကြုံနှင့် အင်တာဗျူးရလဒ်အပေါ် မူတည်၍ လစာသတ်မှတ်ပေးမည်ဖြစ်ပါသည်။ ※ အထက်ပါလစာသည် ပုံသေထောက်ပံ့ကြေးများ ပါဝင်သည့်ပမာဏဖြစ်ပါသည်။ 📌 အလုပ်ချိန် 🔹 မနက် 8:00 မှ ညနေ 5:30 အထိ (နားချိန် - ၁ နာရီခွဲ) 🔹 တစ်လပျမ်းမျှ အချိန်ပို - ၁၀ နာရီမှ ၁၅ နာရီ။ 📌 ပိတ်ရက်များ 🔹 တစ်ပတ်လျှင် ၂ ရက်(ကုမ္ပဏီမှ သတ်မှတ်ထားသည့် ပိတ်ရက်) 🔹 တစ်နှစ်လျှင် ပိတ်ရက် ၁၁၆ ရက်။ 📌 အလုပ်လုပ်ကိုင်ရမည့် နေရာ ဂျပန်နိုင်ငံ၊ Shimane ခရိုင်၊ Oki ကျွန်း 🔹 ရုံးချုပ် - Shimane ခရိုင်၊ Oki ကျွန်းမြို့။ 🔹 လုပ်ငန်းခွင် - Oki ကျွန်းစုတစ်ဝန်း ※ လုပ်ငန်းခွင်အခြေအနေပေါ်မူတည်၍ အခြားကျွန်းများသို့ ညအိပ်ခရီးသွားရခြင်းများ ရှိနိုင်ပြီး ခရီးစရိတ်ထောက်ပံ့ကြေးလည်း ရရှိနိုင်ပါသည်။
14 нояб., 07:31

14 нояб., 07:31

photo content
14 нояб., 07:31
14 нояб., ~07:31

photo content
11 нояб., 07:31