Edulingo IELTS
Открыть в Telegram
The Ideal Solution for your IELTS exam
БольшеСтрана не указанаКатегория не указана
678
Подписчики
Нет данных24 часа
Нет данных7 дней
Нет данных30 дней
Архив постов
𝐈𝐄𝐋𝐓𝐒 𝐞𝐬𝐬𝐚𝐲𝐬
𝐢𝐧 𝟖 𝐬𝐢𝐦𝐩𝐥𝐞 𝐬𝐭𝐞𝐩𝐬
Step 1️⃣
မေးခွန်းကို သေသေချာချာဖတ်ပါ။
Key words တွေကိုဝိုင်းပါ။/မှတ်သားပါ။
သူလိုချင်တာ ဘယ်လိုအဖြေမျိုးလဲ။
Step 2️⃣
Body paragraph အတွက် outline ချပါ။
ဥပမာ မြို့ကြီးမှာနေတာကောင်းတယ်ဆို ဘာလို့ကောင်းတာလဲ၊အကြောင်းပြချက်ကိုစဉ်းစား, အကြောင်းပြချက်တွေဟာ (topic sentences) ဖြစ်လာမယ် ၊
အကြောင်းပြချက်တခုချင်းစီအတွက် supporting details (reason, example, specific details, etc) ကိုစဉ်းစား
Paragraph ရဲ့ structure
Topic 1
Supporting detail 1
Supporting detail 2
Topic 2
Supporting detail 1
Supporting detail 2
အထက်ကနှစ်ဆင့်ကို
နှစ်မိနစ်လောက်နဲ့လုပ်နိုင်အောင်ကြိုးစားပါ။
Step 3️⃣
Intro ရေးဖို့ မေးခွန်းကို rephrase လုပ်ပါ။
Step 4️⃣
မေးခွန်းကို ဘယ်လိုတုံ့ပြန်မလဲဆိုတဲ့ ကိုယ့်ရဲ့ရပ်တည်ချက်/ အစီအစဉ်ကို ရေးပါ။ Outline/ thesis statement လို့ခေါ်ကြပါတယ်။
Step 5️⃣
Body 1 ကိုရေးပါ။
Step 6️⃣
Body 2 ကိုရေးပါ။
Step 7️⃣
Conclusion ရေးပါ။ Body paragraph တွေမှာပြောခဲ့တာတွေကို ပြန်ချုပ်ပေးပါ။
Prediction or recommendation နဲ့ပိတ်နိုင်ပါတယ်။
Step 8️⃣
ပြန်စစ်ပါ။
Grammar -
မှားလေ့မှားထရှိတဲ့
နေရာတွေ ပြန်ကြည့်ပါ။
Vocabulary
ပိုပြီးအဆင့်မြင့်အောင်
သုံးနိုင်သေးလား
Organisation
ချိတ်ဆက်မှုအားနည်းနေတာရှိလား။
Supporting တွေစုံလား။
Summary အချက်စုံလား။
နောက်ဆုံးအဆင့်ကိုလည်း
သုံးမိနစ်လောက်တော့ ချန်ထားပါ။
ရေးချိန်က 35 မိနစ်လောက်
အတွင်းရေးပါ။
Body paragraph တစ်ခုစီအတွက်
(10) မိနစ်လောက် အချိန်ပေးပါ။
Intro and conclusion က
(7) မိနစ် စီလောက်ပဲပေးပါ။
ဝါကျ 17 ကြောင်း ရေးမယ်ဆိုရင်
တကြောင်း နှစ်မိနစ် နှုန်းပါ။
Intro -2 or 3 sentences
Body I - 6sentences
Body II - 6 sentences
Conclusion - 2 sentences
06 нояб., 09:23
IELTS ကို pre inter လောက်က စလို့ရလား။
IELTS ကို များသောအားဖြင့်တော့
intermediate level လောက်မှာ
စလုပ်ကြပါတယ်။
Pre-inter လောက်တည်းက
IELTS exam questions တွေကို
ဖြေတာမျိုးမဟုတ်ဘဲ
Academic Reading / Writing skills တွေကို
စတင်ထားမယ်ဆိုရင် ဖြစ်နိုင်ပါတယ်။
အဓိကက ကိုယ်နဲ့ ကိုက်ညီမယ့်
စာအုပ်နဲ့ စတင်ဖို့ပါ။
Collins စာအုပ်တိုက်က
A2+ level အတွက်
ထုတ်ထားတဲ့ Ready for IELTS
စာအုပ်စီးရီးဟာ level နိမ့်သူတွေအတွက်
သင့်တော်ပါလိမ့်မယ်။
နောက်တခါ McMillan ကလည်း
4.5-6 ဆိုပြီး band 4.5 လောက်ကနေ
စလို့ ရတဲ့စာအုပ်မျိုးထုတ်ထားပါတယ်။
4.5 ဆိုရင် B1 level အစလောက်ရှိတာဖြစ်လို့
Pre-inter လောက်ဖြစ်ပါတယ်။
Mindset စာအုပ်စီးရီးရဲ့
foundation levelဟာလည်း
A2+ လောက် 4.5 လောက်ကို
ချိန်ထားတာပါ။
ဒီလိုကိုက်ညီတဲ့စာအုပ်တွေကို မသုံးဘဲ
တွေ့ရာစာအုပ်ကို သုံးလိုက်မယ်ဆိုရင်တော့
IELTS ကိုမုန်းသွားနိုင်ပါတယ်။
B2 levelလောက်ဆိုရင်တော့
စာအုပ်တွေပေါပါပြီ။
IELTS exam questions စာအုပ်တွေကို
ဖြေကြည့်မယ်ဆိုရင်လည်း
အခက်အခဲ အများကြီးမရှိတော့ပါဘူး။
အဓိကကတော့ အချစ်ကို
ဘယ်အရွယ်မှာတွေ့တယ်ဆိုတာက
အရေးမကြီးဘဲ
လူမှန်နဲ့တွေ့ဖို့က ပိုအရေးကြီးပါတယ်။
😁
18 сент., 06:10
Repost from Kyaw Maung's Library
Mindset for IELTS ( PDF + Audio Files)
https://drive.google.com/drive/folders/10e4fvIJn6d0tTG73VCH_ql4OjD4mF9DY
13 мар., 11:52
IELTS Writing Task 2
ရေးရင် စကားလုံးတွေကို
ခဏခဏပြန်သုံးလို့မရဘူးဆိုတာဟုတ်လား
မဟုတ်ပါဘူး
ပြန်သုံးလို့ရပါတယ်
Repeat လုပ်ရင် အမှတ်နည်းမယ်ဆို
Synonym ဖြစ်ဖြစ် paraphrase ဖြစ်ဖြစ်
Pronouns ဖြစ်သုံးရမယ်ဆို။
အဲ့လိုေလှနံဓားထစ်မှတ်လို့မရပါဘူး
Repeat သူ့နေရာနဲ့သူလုပ်ရင်ရပါတယ်။
စာပိုဒ်တစ်ပိုဒ်ချင်းစီရဲ့အစမှာ key word / topic ကို repeat လုပ်လို့ရပါတယ်။
ဥပမာဆိုပါစို့
overpopulation ဆိုတဲ့စကားလုံးကို
စာပိုဒ်တွေရဲ့ အစစာကြောင်းမှာ
သူ့အတိုင်းပြန်ရေးနိုင်ပါတယ်။
အခြားဝါကျတွေရောက်ရင်တော့
An increase in population / An increasing population/ The population explosion စသဖြင့် စာလုံးတွေပြောင်းလဲပြီးရေးသွားလို့ရပါတယ်။
25 авг. 2025, 11:44
