Thuma Coaching
Открыть в Telegram
မင်္ဂလာပါ! Thuma Coaching မှ ကြိုဆိုပါတယ်။ သင်တန်းများနှင့်ပတ်သက်၍ သိလိုသော မေးခွန်းများရှိပါက မေးထားခဲ့လို့ရပါတယ်။ နေ့လည် ၁၂ နာရီမှ ည ၉ နာရီအတွင်း အမြန်ဆုံးဖြေကြားပေးပါ့မယ်။ * ဗုဒ္ဓဟူးနေ့တိုင်း ပိတ်ပါတယ်။
Больше3 080
Подписчики
Нет данных24 часа
+17 дней
-530 дней
Архив постов
3 080
+7
မနေ့က အောင်မြင်စွာ ပြီးဆုံးသွားခဲ့တဲ့ “ပြတ်ပြတ်သားသား၊ ပေါက်ပေါက်ရောက်ရောက်” Decide & Influence Online Webinar ၂ ရက်တာသင်တန်းလေးရဲ့ အမှတ်တရ ပုံရိပ်အချို့ကို မျှဝေပေးလိုက်ပါတယ်။ 📸
သင်တန်းကာလတစ်လျှောက်လုံးမှာ ပျော်ပျော်ရွှင်ရွှင်၊ တက်တက်ကြွကြွနဲ့ အားတက်သရော ပါဝင်ဆွေးနွေးခဲ့ကြတဲ့ အတန်းသား တစ်ဦးချင်းစီကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်။
“ပြတ်ပြတ်သားသား၊ ပေါက်ပေါက်ရောက်ရောက်” Decide & Influence Online Webinar အတန်းရဲ့ တန်ဖိုးရှိတဲ့ သင်ခန်းစာ (Recording) တွေအကြောင်း အသေးစိတ် စုံစမ်းချင်တယ်ဆိုရင်တော့ အောက်ပါ link ကနေတစ်ဆင့် page messenger ကနေတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါပြီ။
https://www.facebook.com/share/1E1Pii1Ujk/
16 нояб., 05:31
16 нояб., ~05:50
3 080
📌 December လအတွက် One-to-One Coaching ပြန်ဖွင့်ပါပြီ။
November လအတွက် Coaching Session အချိန်လေးတွေပြည့်သွားပြီမလို့ September လအတွက်စပြီးတော့ Coaching ယူလို့ရပါပြီ။
အောက်ပါ ခေါင်းစဉ်ထဲက ကိုယ်နဲ့/ ကိုယ့်အခြေအနေနဲ့ လိုက်ဖက်မယ့် coaching အမျိုးအစားကို ရွေးချယ်မေးမြန်းနိုင်ပါတယ်။ နံပါတ် (၁) ကနေ (၃) အထိဟာ personal coaching ခေါင်းစဥ်တွေဖြစ်ပြီး၊ ၁ နာရီစာ တစ်ချိန်စီ အနည်းဆုံးယူနိုင်ပါတယ်။ နံပါတ် (၄) နဲ့ (၅) ကတော့ လုပ်ငန်းပိုင်းဆိုင်ရာ coaching အမျိုးအစားတွေဖြစ်ပြီး ၁ နာရီစာ package ဖြစ်ပါတယ်။
(1) Career Decision & Confidence _
အသက်မွေးဝမ်းကြောင်းဆိုင်ရာ လမ်းကြောင်းရွေးချယ်မှု သို့မဟုတ် လမ်းကြောင်းပြောင်းသင့်/မသင့် စတာတွေအတွက် တွေးစရာများပြီး၊ action ယူတဲ့ အဆင့်ကိုမရောက်၊ လည်နေတာမျိုးတွေဖြစ်တတ်ပါတယ်။ ဒီ session က ကိုယ့်ရဲ့ အားသာချက်၊ အားနည်းချက်တွေကိုသေချာနားလည်ပြီး ဖြစ်ချင်တဲ့/ ဖြစ်နိုင်တဲ့ Goal ကိုချမှတ်ဖို့ ကိုယ့်စိတ်ကို ရှင်းလင်းအောင် လုပ်ဖို့ရာ အကူအညီပေးနိုင်ပါလိမ့်မယ်။
(2) Personal & Professional Communication _
လုပ်ငန်းခွင်တွင်း မှာပဲဖြစ်ဖြစ်၊ ပုဂ္ဂိုလ်ရေးမှာပဲဖြစ်ဖြစ် ပေါင်းသင်းဆက်ဆံရေး၊ communication နဲ့ ပတ်သက်ပြီး ကိုယ်တိုင်ရဲ့ self-awareness အတွက် သို့မဟုတ် သီးသန့် အဖြေရှာလိုတဲ့ ကိစ္စ/ ပြသနာတွေရှိတတ်ကြပါတယ်။ ဒီ session က လက်ရှိဖြစ်နေတဲ့ အခြေအနေကို ပုဂ္ဂိုလ်စွဲမပါဘဲ အဖက်ဖက်က သုံးသပ်ဖို့ ကူညီပေးခြင်းအားဖြင့် ရှေ့ဆက်ဘယ်လိုကိုင်တွယ်သင့်လဲ နည်းလမ်းရစေပါလိမ့်မယ်။
(3) Personal Branding for the Real You _
နယ်ပယ်အသီးသီးမှာ scale အမျိုးမျိုးနဲ့ personal branding တည်ဆောက်လိုတယ်။ သို့သော် ကိုယ့်ရဲ့ niche ကို မရှာတတ်ဘူး။ personal brand တည်ဆောက်မယ့် goal ကတော့ ရှိပေမယ့် ဘာက ကိုယ့်ကို block ဖြစ်နေမှန်းမသိ၊ မစနိုင်ဘူးဖြစ်နေရင် ဒီ session ကို ရွေးချယ်ပါ။
(4) Business Coaching – Marketing
၁။ Product ကို မထုတ်လုပ်ခင် product development နဲ့ ပတ်သတ်ပြီး မရှင်းလင်း လို့ပဲဖြစ်ဖြစ်၊ ၂။ ထုတ်လုပ်ပြီးပေမယ့် marketing strategy မရှိသေးလို့/ marketing strategy နဲ့ ပတ်သက်ပြီး မေးခွန်းရှိနေလို့ ပဲဖြစ်ဖြစ်၊ ၃။ လက်ရှိ ရောင်းအားရှိတဲ့ Brand တစ်ခုအနေနဲ့ စျေးကွက်မှာ အပြိုင်အဆိုင်တွေများပြီး ဆက်လက်ရပ်တည်ဖို့ ခက်ခဲလာလို့ပဲဖြစ်ဖြစ် အကူအညီလိုအပ်နေတဲ့ Brand Owner တွေအတွက် ရှင်းလင်းပြတ်သားစေဖို့ ရည်ရွယ်ပါတယ်။
(5) Business Coaching – Team Operation
“နေ့စဉ် operation ထဲမှာ ပိုင်ရှင်က 80% လောက်ပါဝင်နေရတဲ့အတွက် လုပ်ငန်းအနာဂတ်အတွက် (innovation) တီထွင်ကြံဆဖို့ အချိန်မရှိဘူး။”
“ဖြစ်စေချင်တာကို ပြောပြပေမယ့် ဝန်ထမ်းတွေက ကိုယ့် vision တိုင်းပါမလာဘူး။” “ကိုယ့်လုပ်ငန်းမှာ culture မရှိဘူး။ ကိုယ့် vision ကိုအထမြောက်ဖို့ ဘယ်လို culture တည်ဆောက်ရမလဲ? ဘယ်ကနေစရမလဲမသိဘူး။”
စတဲ့ ပြသနာတွေနဲ့ SME owner တွေအတွက် Operation နဲ့ Leadership ဆိုင်ရာ tools & techniques တွေရဖို့ ရည်ရွယ်ပါတယ်။
Coaching အဓိပ္ပာယ်အတွက်ဒီ video ကိုနားထောင်ပါ။
https://www.facebook.com/share/v/1JNqPHti5g/
📌 အခြား ဂရုပြုသင့်သည့် အချက်များ |
▫️ထိရောက်တဲ့ coaching session တစ်ခုဖြစ်လာစေဖို့ ဆွေးနွေးသူများအနေနဲ့ preliminary form (ကြိုတင်မေးခွန်းအချို့) ကို နှစ်ရက်ခန့်ကြိုပြီး ဖြေကြားပေးဖို့ လိုအပ်ပါတယ်။
▫️ကိုယ်ရေးအချက်အလက်များဟာ လုံးဝ confidential ဖြစ်ပါတယ်။
▫️စျေးနှုန်းကို page admin ဆီ မှာ မေးမြန်းနိုင်ပါတယ်။ currency အမျိုးမျိုးနဲ့ ငွေပေးချေနိုင်ပါတယ်။
📍မိမိနဲ့အဆင်ပြေမယ့် Session ကို ရွေးချယ် book လုပ်နိုင်ပါတယ်။
Booking လုပ်မယ်ဆိုရင် အောက်ပါ link ကို click လုပ်ပြီး ရုံးချိန်အတိုင်း (မြန်မာ အချိန် နေ့လည် ၁၂ နာရီမှ ည ၉ နာရီ) ဒီ page ရဲ့ admin ကို ဆက်သွယ်နိုင်ပါတယ်။
M.me/thumacoaching
16 нояб., 04:07
3 080
Thuma Coaching Team နဲ့ ယုံကြည်စွာ လက်တွဲပေးခဲ့ကြတဲ့ Client များအတွက် သီတင်းကျွတ်တုန်းကပေးဖြစ်ခဲ့တဲ့ အမှတ်တရလက်ဆောင်လေးတွေနဲ့ ရင်ထဲက ကျေးဇူးတင်စကားတွေနဲ့ကို မျှဝေခဲ့ပါတယ်။ ✨
လုပ်ငန်းများ ဒီထက်မက တိုးတက်အောင်မြင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း နောက်တစ်ကြိမ် ထပ်မံလက်တွဲဖို့လည်း အမြဲနွေးထွေးစွာ ကြိုဆိုနေပါတယ်ရှင်။ 🙏💛
13 нояб., 07:34
3 080
ရိုက်ကူးရေးဆိုတာနဲ့ Thuma Coaching team ဘာတွေလုပ်ကြလဲ?
ဒီနေ့မှာတော့ Thuma Coaching နဲ့လက်တွဲလာခဲ့တာ (၁) နှစ်ခွဲကျော်ကြာပြီဖြစ်တဲ့ client တစ်ယောက်ရဲ့ အတွေ့အကြုံစကားသံလေးတွေကို မှတ်တမ်းတင်ခဲ့တဲ့ ရိုက်ကူးရေး အမှတ်တရနေ့လေးဆီ ခေါ်သွားချင်ပါတယ်။ 🫶
🙌🏻 အရင်ဆုံး Thuma Coaching Team Member တွေ ဘာတွေလုပ်နေကြလဲ?
🎥 Client တစ်ယောက်ချင်းစီအတွက် Video Shooting တိုင်းကို အကောင်းဆုံးဖြစ်အောင် ဖန်တီးပေးနေတဲ့ Production Team ကရော ဘယ်လိုအတွေ့အကြုံလေးတွေကို မျှဝေထားလဲ?...
အစရှိတဲ့ ရိုက်ကူးရေးနောက်ကွယ်က အမှတ်တရတွေနဲ့ Team ရဲ့ “သူတို့ပြောတဲ့ သူတို့အကြောင်းလေး” တွေကို အတူတူ လိုက်ကြည့်လိုက်ရအောင်။
ရိုက်ကူးရေး Video အပြည့်အစုံကိုတော့ အောက်မှာပေးထားတဲ့ Link ကနေတစ်ဆင့် YouTube မှာ ကြည့်ရှုနိုင်ပါတယ်။👇🏻
https://youtu.be/C5tQBhtcgsA?si=SLAxN-rv2Lvm5eSr
12 нояб., 07:33
3 080
Thuma Coaching ရဲ့ Mentorship, Personal Brand Consultation နဲ့ Personal Brand Content Marketing တို့အတွက် ရေရှည်လက်တွဲလာခဲ့တဲ့ Chaw Distribution ရဲ့ Founder မချောစုလှိုင်နဲ့ လုပ်ထားတဲ့ interview လေးကို မျှဝေပေးထားပါတယ်။
https://youtu.be/C5tQBhtcgsA?is=a0t_0B_Vrediivbg
11 нояб., 08:52
3 080
"Copywriter ခေါ်နေပါတယ်"📣
အသေးစိတ်သိရှိလိုပါက အောက်ပါ link မှတစ်ဆင့်ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။
https://www.facebook.com/photo.php?fbid=983000974814062&set=a.117632474684254&type=3
11 нояб., 07:34
3 080
Social Media Marketing Executive နဲ့ Content Creator ကအတူတူဘဲလား❓
သူတို့ နှစ်ယောက်လုံးရဲ့ တာဝန်တွေက လုံးဝကို မတူပါဘူး။
👩💻 𝗦𝗼𝗰𝗶𝗮𝗹 𝗠𝗲𝗱𝗶𝗮 𝗘𝘅𝗲𝗰𝘂𝘁𝗶𝘃𝗲 ဆိုတာကတော့ Marketing Strategy ကို ဦးဆောင်ပြီး Content ပိုင်းတစ်ခုလုံးကို တာဝန်ယူ ခြုံငုံကြည့်ရပါတယ်။ Client Meeting တွေတက်တာ၊ Marketing Data နဲ့ Performance တွေကို ဆန်းစစ်ပြီး Report တွေထုတ်ရပါတယ်။ ဒါ့အပြင် ချမှတ်ထားတဲ့ Strategy နဲ့အညီ Content Creator, Graphic Designer, Content Writer တွေအတွက် content team တစ်ခုလုံးကို briefing တွေ ပေးရသူဖြစ်ပါတယ်။
👩💻 𝗖𝗼𝗻𝘁𝗲𝗻𝘁 𝗖𝗿𝗲𝗮𝘁𝗼𝗿 ဆိုတာကတော့ ချမှတ်ထားတဲ့ Strategy တွေအပေါ် အခြေခံပြီး Social Media Trends တွေကို လေ့လာကာ Audience စိတ်ဝင်စားမယ့် Content Ideas တွေ၊ Design နဲ့ Video Editing တွေကို ဖန်တီးထုတ်လုပ်ပေးသူဖြစ်ပါတယ်။
ဒါပေမဲ့ တကယ်တမ်းကျတော့… ဒီ Position နှစ်ခုလုံးက သီးသန့်ရပ်တည်နေတာတော့ မဟုတ်ပါဘူး။
💡Brainstorming လုပ်တဲ့အခါ အချင်းချင်း အိုင်ဒီယာတွေ မျှဝေကြတယ်၊ Strategy ချမှတ်ထားတဲ့အတိုင်း အနောက်ကနေ ဝိုင်းဝန်း ပံ့ပိုးပေးကြရပါတယ်။
Thuma Team မှာတော့ Social Media Executive နဲ့ Content Creator တို့ရဲ့ Role & Responsibilities တွေ မတူညီကြပေမဲ့ Client တွေအတွက် အကောင်းဆုံးရလဒ်နဲ့ ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့ ရည်ရွယ်ချက်တစ်ခုတည်းအောက်မှာ အတူတကွ လက်တွဲညီညီနဲ့ အလုပ်လုပ်နေကြပါတယ်။ 🤝✨
05 нояб., 07:31
3 080
📌 Survey Request လေးပါ။
(အချိန်ရရင် ကူညီဖြေဆိုဖို့ မေတ္တာရပ်ခံပါတယ်။)
ကျွန်မတို့ Thuma Coaching ရဲ့ Marketing Strategy Service တစ်ခုအတွက် ရုံးသွား၊ကျောင်းသွားပြီးတော့ skincare ဖို့ အချိန်မပေးနိုင်ကြတဲ့ အသားရည်ကိုထိန်းသိမ်းချင်တဲ့သူတွေအတွက် ဈေးကွက်ထဲမှာ အသစ်မိတ်ဆက်ပေးမည့် “Skincare Brand” တစ်ခုနဲ့ ပတ်သက်ပြီး Market Survey လေးတစ်ခု ပြုလုပ်နေပါတယ်။
Skincare သုံးလေ့သုံးထရှိပြီး ကြိုက်နှစ်သက်တဲ့ အမျိုးသမီး၊ အမျိုးသားများ မည်သူမဆို ဝင်ရောက်ဖြေဆိုပေးဖို့ ရည်ရွယ်ထားတဲ့ survey ဖြစ်ပါတယ်။
🙌 ယခု link မှတစ်ဆင့် ဖြေဆိုပေးလို့ရပါတယ်ရှင်။
https://docs.google.com/forms/u/0/d/e/1FAIpQLSd_eikkcUFw7I36qWzwgxJm0KXpL0wjCE-9nBBS5nHYpvAIcw/alreadyresponded?usp=header
အချိန်ရမယ်ဆိုရင် ၁၀ မိနစ်ခန့်ပေးပြီး ပါဝင်ဖြေဆိုပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင်။
ပါဝင်ဖြေဆိုပေးမှုအတွက်လည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။ 🙏
31 окт., 07:10
