ru
Feedback
Moe Thwe _ Marketing

Moe Thwe _ Marketing

Закрытый канал

တကယ်အလုပ်ဖြစ်ပြီးသား Marketing နည်းလမ်းများကို လက်တွေ့ချက်ချင်းအသုံးချလိုတဲ့ စီးပွါးရေးလုပ်ငန်းရှင်များအတွက် ရည်ရွယ်ပါတယ်။ Messenger : https://m.me/MoeThweMarketing Telegram : @MoeThwe_MarketingDM

Больше
6 244
Подписчики
-724 часа
-227 дней
-10830 день
Архив постов
“မြန်မြန်လုပ်ပေးနိုင်တာ” နဲ့ “မှန်မှန်လုပ်ပေးနိုင်တာ” မတူဘူး။ Klarna ရဲ့ အမှားက… AI သုံးတာ မဟုတ်ဘူး။ AI ကို Customer Experience ထက် ပိုအရေးပေးလိုက်တာ။ Business Owner တော်တော်များများလည်း ဒီအမှားကို နေ့တိုင်း လုပ်နေကြတယ်။ AI Tool အသစ်တွေ့တိုင်း… ဒီမေးခွန်း (၃) ခုကို အရင်မေးပါ။ ၁။ ဒီအလုပ်က ထပ်ခါထပ်ခါ လုပ်ရတဲ့အလုပ်လား? ဟုတ်တယ်ဆိုရင် AI ပေးလိုက်ပါ။ ၂။ ဒီအလုပ်မှာ လူ့ဆုံးဖြတ်ချက် လိုသလား? လိုတယ်ဆိုရင် လူပဲ လုပ်ပါ။ ၃။ Customer Experience ပိုကောင်းသွားမလား? မကောင်းဘူးဆိုရင်… AI ဘယ်လောက် Trend ဖြစ်ဖြစ် မသုံးပါနဲ့။ Founder တစ်ယောက်ရဲ့ အလုပ်က… AI နောက်လိုက်ဖို့ မဟုတ်ဘူး။ AI ကို ဘယ်နေရာမှာ သုံးရင် Revenue တက်မလဲ… ဘယ်နေရာမှာ သုံးရင် Customer ဆုံးရှုံးမလဲ… အဲဒါကို ခွဲနိုင်ဖို့ပါ။ Technology က Advantage မဟုတ်ဘူး။ မှန်တဲ့ဆုံးဖြတ်ချက်ကပဲ Advantage ဖြစ်တာ။

AI နဲ့ လူ (၇၀၀) ရဲ့ အလုပ်ကို အစားထိုးနိုင်ပြီလို့ ကြေညာခဲ့တဲ့ Company တစ်ခု… အခုတော့ လူတွေကို ပြန်ခန့်နေရပြီ။ AI က မကောင်းလို့လား။ မဟုတ်ဘူး။ Business Decision မှားသွားလို့ပါ။ Klarna ဆိုတဲ့ Fintech Company က… AI ကို အားကိုးပြီး လူအင်အားလျှော့တယ်။ Cost လျှော့တယ်။ Investor တွေကတော့ သဘောကျခဲ့ကြတယ်။ ဒါပေမယ့်… Customer တွေတော့ မကျေနပ်တော့ဘူး။ ရိုးရိုးမေးခွန်းတွေကို AI ဖြေနိုင်တယ်။ ဒါပေမယ့်… စိတ်ဆိုးနေတဲ့ Customer ကို နားမလည်ဘူး။ အခြေအနေအလိုက် ဆုံးဖြတ်ချက် မချနိုင်ဘူး။ လူလို နားထောင်ပြီး အဆင်ပြေအောင် ဖြေရှင်းမပေးနိုင်ဘူး။ နောက်ဆုံး… CEO ကိုယ်တိုင် ထွက်ဝန်ခံခဲ့ရတယ်။ “ကျွန်တော်တို့ Cost ကိုပဲ အာရုံစိုက်လွန်းခဲ့တယ်။ Quality ကျသွားတယ်။” ဒီ Case Study ထဲမှာ… Business Owner တွေအတွက် အရေးကြီးတဲ့ သင်ခန်းစာတစ်ခု ရှိတယ်။ Trend ကို မလိုက်ပါနဲ့။ Investor ကြားချင်တာကိုလည်း မလိုက်ပါနဲ့။ Customer အတွက် တကယ်ကောင်းတဲ့အရာကိုပဲ ရွေးပါ။

ဒီ company အကြောင်းလေးသိကြလား ?
ဒီ company အကြောင်းလေးသိကြလား ?

Business Owner တော်တော်များများ ဒီ Case Study ကို ဖတ်ပြီး… “ငါလည်း Spin the Wheel လုပ်မယ်။” လို့ တွေးကြလိမ့်မယ်။ ဒါက အရေးမကြီးဘူး။ အရေးကြီးတာက… Customer Experience တစ်ခုကို Content Engine ဖြစ်အောင် ဘယ်လိုတည်ဆောက်မလဲဆိုတာ။ Step 1 ကိုယ့် Business မှာ… Customer ရောက်လာတိုင်း လုပ်လို့ရတဲ့ ပျော်စရာ Experience (၁) ခု စဉ်းစားပါ။ ဥပမာ… ☕ Bubble Tea “Secret Flavor” ခန့်မှန်းခိုင်းတာ။ 🍕 Pizza Spin the Wheel 💇 Beauty Salon Before & After Reaction 👕 Fashion 60 Seconds Styling Challenge Hot Pot Spicy Challenge Experience က ရိုးရိုးလေးပဲ ဖြစ်ရင်တောင် ရပါတယ်။ Step 2 အဲဒီ Experience ကို… နေ့တိုင်း Video ရိုက်ပါ။ Professional Camera မလိုပါဘူး။ Customer ရယ်နေတာ။ အံ့ဩနေတာ။ နိုင်သွားတာ။ ရှုံးသွားတာ။ Reaction တွေကိုပဲ ရိုက်ပါ။ Step 3 Video တစ်ခုတည်း မတင်ပါနဲ့။ Video တစ်ခုကနေ… • Story (၃) ခု • Facebook Post (၁) ခု • TikTok (၁) ခု ပြန်ထုတ်ပါ။ Content အသစ် စဉ်းစားနေတာထက်… Content Source တစ်ခု တည်ဆောက်ပါ။ Step 4 Video ထဲမှာ… Product ကို မရောင်းပါနဲ့။ Experience ကို ရောင်းပါ။ လူတွေက… Pizza မျိုးစုံကြည့်ချင်တာ မဟုတ်ဘူး။ ပျော်နေတဲ့ လူတွေကို ကြည့်ချင်တာ။ အဲဒီနောက်မှ Pizza ကို သတိထားမိတာ။ __ ဒီမေးခွန်း (၃) ခုကို ဖြေကြည့်ပါ။ 1. Customer ရောက်လာတိုင်း ထပ်လုပ်လို့ရတဲ့ Experience တစ်ခု ရှိလား။ 2. အဲဒါကို Video ရိုက်လို့ရလား။ 3. တစ်ပတ်ကို Content ဘယ်နှစ်ခု ထွက်လာမလဲ။ ⸻ မှတ်ထားပါ။ Content မရှိတာ မဟုတ်ဘူး။ Content ထွက်လာမယ့် System မရှိသေးတာ။ မားကတ်တင်းကို အရှင်းဆုံးမြင်နိုင်ပြီး၊ အရိုးရှင်းဆုံးနဲ့ အလုပ်ဖြစ်ဆုံး အယူအဆတွေကို Email ကနေ (၂) ပတ်တာ အခမဲ့ မျှဝေပေးသွားမဲ့ “ရိုးရိုးရှင်းရှင်း မားကတ်တင်း” series အတွက် စာရင်းသွင်းဖို့ Messenger / telegram မှာ မိမိလုပ်ငန်းအကြောင်းကိုပို့ထးပေးရုံနဲ့ရပါပြီ။ ( ဒီ course လေးက လက်ရှိမှာ လည်ပတ်နေတဲ့ လုပ်ငန်းတစ်ခုခုရှိတဲ့ စီးပွါးရေးလုပ်ငန်းရှင်တွေအတွက် သီးသန့်ဖြစ်ပါတယ်ရှင့် ) https://t.me/MoeThwe_MarketingDM/  https://m.me/MoeThweMarketing

ဒီ Pizza ဆိုင်က… နေ့တိုင်း ပထမဆုံး Customer တစ်ယောက်ကိုပဲ Spin the Wheel လှည့်ခွင့်ပေးတယ်။ ဒီ Idea လေးတစ်ခုတည်းနဲ့… ရောင်းအား
ဒီ Pizza ဆိုင်က… နေ့တိုင်း ပထမဆုံး Customer တစ်ယောက်ကိုပဲ Spin the Wheel လှည့်ခွင့်ပေးတယ်။ ဒီ Idea လေးတစ်ခုတည်းနဲ့… ရောင်းအား (၅) ဆ တက်သွားခဲ့တယ်။ 🍕 ဒါပေမယ့်… လူအများစု သတိထားမိတာက Spin the Wheel ပဲ။ ကျွန်မ သတိထားမိတာက… သူတို့ရဲ့ Marketing System။ သူတို့က Game တစ်ခု ဖန်တီးပြီး… အဲဒီမှာ ရပ်မသွားဘူး။ Customer တွေ ဆော့နေတဲ့ Video တွေကို Content ပြန်လုပ်တယ်။ Game ဆော့ရင်း Product ကို မိတ်ဆက်တယ်။ Reaction တွေ၊ အော်ဟစ်ရယ်မောနေတဲ့ Moment တွေကို Reel ပြန်လုပ်တယ်။ တစ်ခါတည်း… Customer Experience, Content, Product Promotion သုံးခုလုံးကို ချိတ်လိုက်တယ်။ ဒါကြောင့်… နေ့တိုင်း Content အသစ် စဉ်းစားနေစရာ မလိုတော့ဘူး။ သူတို့ရဲ့ Game က Content Engine ဖြစ်သွားတာ။ Business Owner တော်တော်များများက… Campaign တစ်ခုကိုပဲ တွေးကြတယ်။ တကယ်တော့… Campaign ထက် Marketing System က ပိုအရေးကြီးတယ်။ ဒီ Case Study ထဲက… Bubble Tea, Pizza, Hot Pot, Fashion, Beauty Salon… ဘယ် Business မဆို ချက်ချင်း အသုံးချလို့ရတဲ့ Implementation Plan ကို ပို့ထားပေးပါမယ်။

(၃) လူတွေ မုန်းအောင် မလုပ်နဲ့။ နှစ်ဖက်ကွဲအောင် လုပ်။ Weetabix က… လူတိုင်း “ဟွန့်” လို့ ပြောမယ့် ပုံကို မရွေးဘူး။ လူတစ်ဝက်က… “
(၃) လူတွေ မုန်းအောင် မလုပ်နဲ့။ နှစ်ဖက်ကွဲအောင် လုပ်။ Weetabix က… လူတိုင်း “ဟွန့်” လို့ ပြောမယ့် ပုံကို မရွေးဘူး။ လူတစ်ဝက်က… “မဆိုးပါဘူး” လို့ ပြောမယ်။ နောက်တစ်ဝက်က… “လုံးဝ မစားနိုင်ဘူး” လို့ ပြောမယ့် ပုံကို ရွေးတယ်။ အဲဒါကြောင့်… လူတွေ Scroll မဆင်းတော့ဘူး။ Comment ရေးကြတယ်။ တစ်ယောက်နဲ့တစ်ယောက် ငြင်းကြတယ်။ အဲဒီ Conversation ကပဲ Campaign ကို Viral ဖြစ်သွားစေတယ်။ Business Lesson Shock ဖြစ်အောင် မလုပ်ပါနဲ့။ Opinion ထွက်အောင် လုပ်ပါ။

(၂) Viral Campaign တိုင်းရဲ့ နောက်ကွယ်မှာ… မအောင်မြင်တဲ့ စမ်းသပ်မှုတွေ အများကြီး ရှိတယ်။ လူတွေ သိတာ… Beans Post တစ်ခုပဲ။ တကယ်
(၂) Viral Campaign တိုင်းရဲ့ နောက်ကွယ်မှာ… မအောင်မြင်တဲ့ စမ်းသပ်မှုတွေ အများကြီး ရှိတယ်။ လူတွေ သိတာ… Beans Post တစ်ခုပဲ။ တကယ်တော့… Weetabix က (၃) လလောက် ထူးဆန်းတဲ့ Content တွေကို ဆက်တိုက် စမ်းနေခဲ့တာ။ အဲဒီထဲက တစ်ခုတည်းပဲ ပေါက်သွားတာ။ Post တစ်ခု မပေါက်လို့… Strategy မှားတယ်လို့ မထင်ပါနဲ့။ စမ်းသပ်တာ နည်းသေးတာ ဖြစ်နိုင်တယ်။ Marketing မှာ… တစ်ခါတည်း အောင်မြင်တာထက်… မြန်မြန် စမ်းနိုင်တာက ပိုအရေးကြီးတယ်။

(၁) Follower များဖို့ထက်… Follower များတဲ့သူတွေ ကိုယ့်အကြောင်း ပြောလာအောင် လုပ်။ Weetabix ရဲ့ Twitter Account က အဲဒီအချိန်မှာ
(၁) Follower များဖို့ထက်… Follower များတဲ့သူတွေ ကိုယ့်အကြောင်း ပြောလာအောင် လုပ်။ Weetabix ရဲ့ Twitter Account က အဲဒီအချိန်မှာ Followers အများကြီး မရှိဘူး။ ဒါပေမယ့်… Google, KFC, BMW, NHS နဲ့ Brand ပေါင်း (၁၄၀) ကျော် ဝင် Comment ပေးလိုက်တဲ့အချိန်မှာ… သူတို့ရဲ့ Audience အားလုံးက Weetabix ကို မြင်သွားတယ်။ View (၁) ဘီလီယံကျော်ဆိုတာ… ကိုယ့် Audience ကြောင့် မဟုတ်ဘူး။ တခြားသူရဲ့ Audience ကြောင့်။ Business Lesson Follower တိုးဖို့ပဲ မစဉ်းစားပါနဲ့။ ကိုယ့် Industry ထဲက လူတွေ… ကိုယ့်အကြောင်း ပြောချင်လာအောင် ဘယ်လိုလုပ်မလဲဆိုတာ စဉ်းစားပါ။

၂၀၂၁ ခုနှစ်မှာ… Weetabix ဆိုတဲ့ UK Brand တစ်ခုက… လူတိုင်း ငြင်းချင်စရာ ပုံတစ်ပုံ တင်လိုက်တယ်။ ဒါပေမယ့်… တစ်နာရီမပြည့်ခင်… ရဲတ
၂၀၂၁ ခုနှစ်မှာ… Weetabix ဆိုတဲ့ UK Brand တစ်ခုက… လူတိုင်း ငြင်းချင်စရာ ပုံတစ်ပုံ တင်လိုက်တယ်။ ဒါပေမယ့်… တစ်နာရီမပြည့်ခင်… ရဲတောင် Comment ဝင်ပေးတယ်။ အစိုးရဌာနတွေ ဝင်ပြောတယ်။ ပြိုင်ဘက် Brand ကြီးတွေတောင် တစ်ယောက်ပြီးတစ်ယောက် ဝင်တုံ့ပြန်ကြတယ်။ Scandal လည်း မဟုတ်ဘူး။ Drama လည်း မဟုတ်ဘူး။ တမင်တကာ စီစဉ်ထားတဲ့ Marketing Campaign တစ်ခုပဲ။ Brand ပေါင်း (၁၄၀) ကျော် ပါဝင်လာတယ်။ Like (၁) သိန်းကျော်။ Share (၃) သောင်းကျော်။ အဲဒါ ကံကောင်းလို့ မဟုတ်ဘူး။ လူတွေ Comment ပေးချင်လာအောင်… Brand တွေ မဝင်မနေနိုင်အောင်… စိတ်ပညာကို အသုံးချထားလို့။ ဒီ Campaign ထဲမှာ… Business Owner တိုင်း သင်ယူသင့်တဲ့ Marketing Lesson (၃) ခု ရှိတယ်။

မကွေးမြို့မှာနေတဲ့သူ / ပြောင်းနိုင်တဲ့သူတွေအတွက် Marketing position လေးခေါ်နေပါတယ်။ Digital Marketing Executive Industry - Bakery Location - Magway WorkingTime- 8:30AM To 5:00PM Sunday and Public Holiday Off Salary Range - 800,000-1,200,000 We are looking for a creative, data-driven, and passionate Digital Marketing Executive to join our team. If you have experience in social media marketing, content creation, and digital advertising, we would love to hear from you. *Key Responsibilities* 1. Develop and implement marketing strategies to increase brand visibility, engagement, and overall digital presence across social media platforms. 2. Prepare and present monthly Digital Marketing Plans with creative campaign ideas for Facebook, Instagram, TikTok, YouTube, and the company website. 3. Create social media content plans, write engaging content and captions, and manage daily posting schedules. 4. Plan, manage, optimize, and monitor paid advertising campaigns (Boosted Posts & Paid Ads) across digital platforms. 5. Analyze campaign performance, including Reach, Engagement, Leads, and Customer Inquiries, and provide actionable insights. 6. Execute media buying strategies to effectively reach target audiences and maximize advertising performance. 7. Respond promptly and professionally to customer inquiries received through Messenger, comments, and email. 8. Successfully execute online promotional campaigns according to the approved marketing plan. 9. Prepare and submit Daily, Weekly, and Monthly Digital Marketing reports. *Job Requirements* Bachelor's degree in any discipline. Diploma or certification in Marketing is preferred. Prior experience ( 2 yr ) in Digital Marketing or Social Media Marketing will be an advantage. Strong content writing and copywriting skills. Good analytical and reporting skills. Creative thinking with excellent communication and organizational abilities. *Benefits* Accommodation provided. Ferry transportation provided. Competitive salary and benefits. Opportunity for career growth in a dynamic working environment. လျှောက်ဖို့အတွက် - moemoethwe2025@gmail.com ကို 1. CV 2. စနိုင်တဲ့ရက် 3. မျှော်မှန်းလစာ 4. Cover letter အပြည့်အစုံလေးပို့ပေးပါရှင့်။ အပြည့်အစုံပို့ထားတဲ့သူတွေကိုဘဲ ထည့်သွင်းစဉ်းစားသွားမှာပါ။

မင်္ဂလာပါရှင့်။ Channel လေးကို Private အနေနဲ့ပြောင်းပြီး တကယ်အလုပ်ဖြစ်ပြီးသား Marketing နည်းလမ်းများကို လက်တွေ့ချက်ချင်းအသုံးချလိုတဲ့ စီးပွါးရေးလုပ်ငန်းရှင်များအတွက် အပတ်စဉ်မျှဝေမှုတွေလုပ်ပေးသွားမှာပါ။ အကယ်၍ မားကတ်တင်း၊ အရောင်း၊ စီးပွါးရေးကို စိတ်မဝင်စားတဲ့သူတွေအနေနဲ့ အနှောက်အယှက်မဖြစ်ရအောင်ကြိုတင်ကြေညာပေးထားတာပါရှင့်။

ဒီလိုပြောရင် လာငြင်းချင်တဲ့သူတွေ ရှိမယ်ဆိုတာ သိတယ်။ မယုံရင် ကျွန်မ မကြာသေးခင်က တင်ထားတဲ့ ဗီဒီယိုထဲမှာ ဥပမာအချို့ရှိပါတယ်။

Original ဖြစ်ချင်တဲ့သူတွေကနောက်ကျကျန်ခဲ့တာဘဲ။ Marketing မှာ "အသစ်စက်စက် အိုင်ဒီယာ" ထုတ်ဖို့ ကြိုးစားတာဟာ အချိန်အဖြုန်းဆုံး အလုပ်တစ်ခုပဲ။ ပြိုင်ဘက်က အလုပ်ဖြစ်ပြီးသား လမ်းကြောင်း (Proven Frameworks) တွေကို ယူ၊ သူ့ Brand နဲ့ ကိုက်အောင် အမြန်ပြင်ပြီး ပိုက်ဆံသိမ်းသွားတဲ့ အချိန်မှာ... ကိုယ်က "ငါ့ဟာလေး သူများနဲ့ မတူအောင် ဘယ်လိုလုပ်ရမလဲ" ဆိုပြီး အိုင်ဒီယာ ထိုင်ညှစ်နေတုန်းပဲ ရှိဦးမယ်။ စီးပွားရေးမှာ လမ်းသစ်ဖောက်ဖို့ အချိန်မဖြုန်းနဲ့။ သူများခင်းပြီးသား လမ်းပေါ်မှာ ကိုယ့်ကားကို အမြန်ဆုံး မောင်းပြလိုက်ဖို့ပဲ လိုတာ။ လူတွေ ဝယ်နေကျ ပုံစံ၊ လူတွေ စိတ်ဝင်စားနေကျ စကားလုံး၊ အလုပ်ဖြစ်နေတဲ့ Funnel တွေကို ယူသုံးပြီး မြန်မြန် Execute လုပ်နိုင်ဖို့ ကပဲ အဓိကပဲ။ ဈေးကွက်က Original ဖြစ်တဲ့သူကို ဆုချတာ မဟုတ်ဘူး။ အလုပ်ဖြစ်တဲ့နည်းကို အမြန်ဆုံး ကောက်သုံးပြီး ထိထိမိမိ ရောင်းနိုင်တဲ့သူကိုပဲ ပိုက်ဆံပေးတာ။ အလုပ်ဖြစ်နေတာကို ယူပြီး ကိုယ့်နည်းကိုယ့်ဟန်နဲ့ အကောင်းဆုံး အသက်သွင်း။

မြန်မာစကားပြောပြေပြစ်ပြီး မြန်မာလိုဘဲ ပိုင်ပိုင်နိုင်နိုင်သေချာရှင်းပြတတ်တဲ့ podcast တို့ youtube channel တို့ရှိရင် ညွှန်းပေးပါဦး။

ကိုယ့်လောက်မတော်တဲ့သူတွေ… ကိုယ့်လောက် အရည်အသွေး မကောင်းတဲ့သူတွေ… ဒါပေမဲ့… ဖောက်သည် ပိုများနေတယ်။ အလုပ်တွေက ပိုရနေတယ်။ လူသိပိုများနေတယ်။ ဘာကြောင့်လဲ? ဒီခေတ်မှာ… တော်ရုံနဲ့ မလုံလောက်တော့ဘူး။ လူတွေက… အတော်ဆုံးသူကို မရွေးဘူး။ သူတို့ မကြာခဏ မြင်နေတဲ့သူကို ရွေးတယ်။ သူတို့နဲ့ ရင်းနှီးနေတဲ့သူကို ယုံတယ်။ ဒါကြောင့်… ဒီနေ့ခေတ်မှာ ရှေ့ရောက်ဖို့တင် မဟုတ်ဘူး။ ကိုယ့်နေရာ မပျောက်သွားအောင် ထိန်းဖို့တောင်… ရှေ့ထွက်ပြရတယ်။ ကိုယ့်အလုပ်ကို ပြရတယ်။ ကိုယ့်နာမည်ကို လူမှတ်မိအောင် လုပ်ရတယ်။ တိတ်တိတ်လေး တော်နေလို့ မရတော့ဘူး။

Tiktok မှာတင်ထားတဲ့ YouTube Video ( 5 ) ပုဒ်ဆိုတာရဲ့ Link လေးတွေပါရှင့်။ 1. https://youtu.be/UF8uR6Z6KLc?si=dWm4lytI6IHCHZpk 2. https://youtu.be/Z4zLfIPOouE?si=Un_13Adeia5SFM8e 3. https://youtu.be/qjPH9njnaVU?si=L4axtZHXoZjqq3mn 4. https://youtu.be/7M6bIeVbCqA?si=PHV2Iof3oj56vKNh 5. https://youtu.be/YQSqHFgrbQw?si=ya0K-XLWr_foyWMr

Page မှာ အလုပ်ခေါ်စာ video လေးတင်ထားပေးပါတယ်ရှင့်။ ကိုယ်နဲ့ကိုက်ညီရင်လျှောက်ကြနောိ 📍

စီးပွါးရေးလုပ်နေတဲ့သူတွေ၊ တကယ် freelance လုပ်နေတဲ့သူတွေအတွက် လက်ဆောင်လေး ဒီ video မှာ ထည့်ပေးထားပါတယ်။ https://vt.tiktok.com/ZSHcb7NvA/

ယူတို့မေးတာတွေကို ဖြေပြီးပြီးဆိုတော့ အမမေးတာလေး ဖြေပေးကြဦး။ Digital business တစ်ခုကို 👉 စိတ်ကူးထဲကနေ စပြီး 👉 လက်တွေ့အကောင်အထည်ဖော်နိုင်အောင် ၇ ရက်အတွင်း build လုပ်သွားမယ့် program အတွက် 📂 Ready-to-use templates 🎥 Video lessons 🧩 Daily assignments ⚙️ AI tools + prompts 📊 Budget tracker 💬 Optional live sessions 🎁 Bonus lesson တွေထည့်ထားပြီး မကြိုက်ရင် ငွေပြန်အမ်းမဲ့ 24 hour guantee ပါထည့်ထားပေးတယ်။ အခြားဘာလိုအပ်ဦးမယ်ထင်လဲ ?

Insights by Moe Thwe မှ ပေးနေတဲ့ service များနဲ့ training များကို ဒီ link တွေမှာ တ်ိုက်ရိုက်စုံစမ်းနိုင်ပါပြီ။ Telegarm: https://t.me/InsightsbyMoeThwe_bot Messenger: Messenger : http://m.me/insightsbymoethwe