ru
Feedback

Не попадитесь на канал ботавода! Telemetrio находит и помечает такие каналы 👉 Хотите видеть метку — оформите подписку

For The Future; Education Institute-Myanmar

For The Future; Education Institute-Myanmar

Открыть в Telegram
2 405
Подписчики
+124 часа
+77 дней
-1630 дней
Архив постов
24 нояб., 09:47

🎬 သာမန်နေ့ တစ်နေ့။ ကမ္ဘာကြီးအတွက်တော့ ဘယ်လောက် ကုန်ကျသွားလဲ။ မနက်နိုးတာနဲ့ ဖွင့်လိုက်တဲ့ မီး၊ ပန်ကာ၊ အားသွင်းထားတဲ့ ဖုန်း… မနက်ကနေ ညအထိ သတိမထားမိတဲ့ ရွေးချယ်မှုလေးတွေက ရာသီဥတုပြောင်းလဲမှုနဲ့ ဘယ်လို ဆက်စပ်နေသလဲ။ OUT OF FOCUS ရဲ့ "ONE DAY / တစ်နေ့" Documentary အပြည့်အစုံကို Lens for Change Final Showcase မှာ လာရောက်ကြည့်ရှုလိုက်ပါ။ 📅 နိုဝင်ဘာလ ၂၉ ရက် (တနင်္ဂနွေနေ့)၊ ၁၂ နာရီ မှ ၄ နာရီအထိ 📍 Myanmar Polyland Academy၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။ အခုပဲ စာရင်းသွင်းလိုက်တော့နော်  https://forms.gle/9SmuTEua9aCuyqus8  ဒီနေ့ မနက်နိုးကတည်းက လျှပ်စစ်ပစ္စည်း ဘယ်နှစ်ခု သုံးပြီးပြီလဲ။ Comment မှာ ပြောပြပေးပါ 👇 🎬 One ordinary day. What does it cost the planet? The lights, the fan, the phone on charge. From morning to night, how are the small choices we never notice connected to climate change? Catch the full documentary "ONE DAY" by OUT OF FOCUS at the Lens for Change Final Showcase! 📅 Sunday, November 29 | 12:00 PM to 4:00 PM 📍 Myanmar Polyland Academy, Bahan Township, Yangon Register Now! https://forms.gle/9SmuTEua9aCuyqus8  How many electric devices have you used since you woke up today? Drop your number in the comments 👇 Edu Page Link ‎ ‎Facebook - https://www.facebook.com/share/p/DFhTZ4vrb8kiWt5S/?mibextid=oFDknk ‎ ‎Telegram - https://t.me/for_the_future_edu_mm ‎ ‎Main Page Link ‎ ‎Facebook - https://www.facebook.com/profile.php?id=100083357270189&mibextid=ZbWKwL ‎ ‎Telegram - https://t.me/For_The_Future_Myanmar ‎ ‎Instagram - https://instagram.com/for_the_future_myanmar?igshid=MzRlODBiNWFlZA== ‎ ‎Youtube - https://youtube.com/@ForTheFuture-Myanmar?si=-GWdPLIeW1AHlW ‎ #LensForChange #YouthClimateStorytelling #ClimateResilience #OneDayDocumentary #OutOfFocus ‎#ForTheFuture_Myanmar ‎#YouthOrganization
24 нояб., 09:47

photo content
+3
20 нояб., 10:58

🌍 THE LENS IS YOURS TO EXPLORE! What happens when young people turn their cameras towards the environmental challenges in their communities? It’s time to see the stories, hear the voices, and discover the power of youth-led storytelling! Lens for Change: Youth Climate Storytelling for Resilient Communities is a youth-led initiative by For The Future-Myanmar and For The Future; Education Institute-Myanma, supported by Finn Church Aid (FCA). Through documentary filmmaking, photography, and storytelling, the programme empowers young people to explore environmental challenges, amplify community voices, and inspire collective action towards more resilient communities. 🎬 What’s Coming at the Final Showcase? Join us for an afternoon of stories, creativity, and meaningful conversations featuring: 5 Youth-led Documentaries: Discover five documentaries created by participating youth teams, highlighting environmental challenges and community perspectives. Project Booths: Explore five booths showcasing the teams’ activities, creative outputs, and awareness materials. Poster & Testimonial Showcase: Discover visual stories and voices from the community. Networking & Interactive Activities: Connect with young changemakers, exchange ideas, and take part in engaging activities. Event Details Time: 12:00 PM to 4:00 PM Date: November 29, 2026 Venue: No. 4/6, 8 Ngar Htat Gyi Pagoda Street, Bahan Township, Yangon (Myanmar Polyland Academy) 📢 The stories don’t end at the showcase! Follow For The Future-Myanmar to explore our event posters, documentary preview videos, and upcoming awareness campaign. Stay connected, discover the stories, and be part of the change! Edu Page Link ‎ ‎Facebook - https://www.facebook.com/share/p/DFhTZ4vrb8kiWt5S/?mibextid=oFDknk ‎ ‎Telegram - https://t.me/for_the_future_edu_mm ‎ ‎Main Page Link ‎ ‎Facebook - https://www.facebook.com/profile.php?id=100083357270189&mibextid=ZbWKwL‌‎ Telegram - https://t.me/For_The_Future_Myanmar‌‎Instagram - https://instagram.com/for_the_future_myanmar?igshid=MzRlODBiNWFlZA==‌‎ Youtube - https://youtube.com/@ForTheFuture-Myanmar?si=-GWdPLIeW1AHlW‎ #LensForChange #YouthClimateStorytelling #ClimateResilience #YouthEngagement‎ #ForTheFuture_Myanmar‎ #YouthOrganization
20 нояб., 10:58

🌍 လူငယ်တွေရဲ့ Lens ကနေ ဘာတွေ မြင်တွေ့ရမလဲ? လူငယ်တွေက သူတို့ရဲ့ ကင်မရာတွေကို အသုံးပြုပြီး မိမိတို့ပတ်ဝန်းကျင်က သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုတွေကို မှတ်တမ်းတင်မယ်ဆိုရင် ဘယ်လိုဇာတ်လမ်းတွေ ထွက်ပေါ်လာမလဲ။ လူငယ်တွေရဲ့ အသံတွေ၊ အတွေ့အကြုံတွေနဲ့ ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်လမ်းတွေကို အတူတူ ကြည့်ရှုနားဆင်ဖို့ အချိန်ကျရောက်လာပါပြီ။ Lens for Change: Youth Climate Storytelling for Resilient Communities ဟာ For The Future-Myanmar နဲ့ For The Future; Education Institute-Myanmar က Finn Church Aid (FCA) ရဲ့ ပံ့ပိုးမှုနဲ့ အကောင်အထည်ဖော်တဲ့ လူငယ်ဦးဆောင်မှု အစီအစဉ်တစ်ခုဖြစ်ပါတယ်။ Documentary ရိုက်ကူးခြင်း၊ ဓာတ်ပုံနဲ့ Storytelling နည်းလမ်းတွေကတစ်ဆင့် လူငယ်တွေကို မိမိတို့ပတ်ဝန်းကျင်က သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုတွေကို လေ့လာမှတ်တမ်းတင်နိုင်ဖို့၊ ဒေသခံပြည်သူတွေရဲ့ အသံတွေကို ဖော်ထုတ်နိုင်ဖို့နဲ့ ပိုမိုခံနိုင်ရည်ရှိတဲ့ လူမှုအသိုင်းအဝိုင်းတွေ တည်ဆောက်ရေးအတွက် စုပေါင်းပါဝင်လှုပ်ရှားလာစေဖို့ ရည်ရွယ်ပါတယ်။ 🎬 Final Showcase မှာ ဘာတွေ ပါဝင်မလဲ? လူငယ်တွေရဲ့ ဖန်တီးမှုတွေ၊ ဇာတ်လမ်းတွေနဲ့ အဓိပ္ပာယ်ရှိတဲ့ ဆွေးနွေးမှုတွေကို အတူတူ ခံစားနိုင်ဖို့ အောက်ပါအစီအစဉ်တွေ ပါဝင်မှာဖြစ်ပါတယ်။ လူငယ်တွေရဲ့ Documentary ဇာတ်ကား ၅ ကား လူငယ်အဖွဲ့ ၅ ဖွဲ့က ကိုယ်တိုင်ရိုက်ကူးတင်ဆက်ထားတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ လူမှုအသိုင်းအဝိုင်းရဲ့ အတွေ့အကြုံတွေကို ကြည့်ရှုနိုင်မှာပါ။ Project Booths အဖွဲ့တစ်ဖွဲ့ချင်းစီရဲ့ လုပ်ဆောင်ချက်တွေ၊ ဖန်တီးမှုတွေနဲ့ အသိပညာပေးပစ္စည်းတွေကို လေ့လာနိုင်မှာပါ။ Poster & Testimonial Showcase ဓာတ်ပုံဇာတ်လမ်းတွေနဲ့ ဒေသခံပြည်သူတွေရဲ့ အတွေ့အကြုံ၊ အသံတွေကို လေ့လာနိုင်မှာပါ။ Networking & Interactive Activities လူငယ်ပြောင်းလဲမှုဖော်ဆောင်သူတွေနဲ့ တွေ့ဆုံဆွေးနွေးပြီး စိတ်ဝင်စားဖွယ် လှုပ်ရှားမှုတွေမှာ ပါဝင်နိုင်မှာပါ။ ပွဲအကြောင်းအသေးစိတ် အချိန် - ၁၂ နာရီ မှ ၄ နာရီအထိ ရက်စွဲ - နိုဝင်ဘာလ ၂၉ ရက်နေ့ နေရာ - အမှတ်. (၄/၆)၊ နဂါးကြီးရှစ်ထပ်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ (Myanmar Polyland Academy) 📢 ဒီဇာတ်လမ်းတွေက Showcase မှာတင် အဆုံးသတ်သွားမှာ မဟုတ်ပါဘူး။ Event Poster တွေ၊ Documentary Preview Video တွေနဲ့ ဆက်လက်ထုတ်လွှင့်သွားမယ့် Awareness Campaign တွေကို လေ့လာကြည့်ရှုနိုင်ဖို့ For The Future-Myanmar ရဲ့ Facebook Page ကို Follow လုပ်ထားဖို့ ဖိတ်ခေါ်ပါတယ်။ လူငယ်တွေရဲ့ ဇာတ်လမ်းတွေကို နားဆင်ပါ။ ပတ်ဝန်းကျင်ရဲ့ အသံတွေကို မြင်တွေ့ပါ။ အပြောင်းအလဲအတွက် အတူတကွ ပါဝင်လိုက်ပါ။
20 нояб., 10:57

photo content
+9
19 нояб., 07:33

နိုဝင်ဘာလ (၂) ရက်နေ့မှ (၄) ရက်နေ့အထိ မန္တလေးမြို့တွင် ကျင်းပပြုလုပ်ခဲ့သော “လက်ရာနုနု” 𝟑 𝐃𝐚𝐲𝐬 𝐄𝐦𝐛𝐫𝐨𝐢𝐝𝐞𝐫𝐲 𝐖𝐨𝐫𝐤𝐬𝐡𝐨𝐩 အစီအစဉ်လေးဟာ ကြည်နူးဖွယ်ရာ အမှတ်တရများစွာနဲ့အတူ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်ရှင်။ 🌸🧶 လက်မှုအနုပညာကို မြတ်နိုးတန်ဖိုးထားကြတဲ့ မန္တလေးမြို့မှ လူငယ် (၃၀) ဦး တက်ရောက်ခဲ့ကြတဲ့ ဒီ (၃) ရက်တာ အစီအစဉ်လေးအတွင်းမှာ အရောင်စုံအပ်ချည်မျှင်လေးတွေနဲ့အတူ စိတ်ကူးအိပ်မက်လေးတွေကို အလှပဆုံး ပုံဖော်ဖန်တီးနိုင်ခဲ့ကြပါတယ်။ 𝐖𝐨𝐫𝐤𝐬𝐡𝐨𝐩 ကာလအတွင်း ဖြတ်သန်းခဲ့ရတဲ့ အမှတ်တရပုံရိပ်လေးများ 🌷 𝐃𝐚𝐲 𝟏 - အခြေခံချည်ထိုးနည်းစနစ်လေးတွေကို စတင်မိတ်ဆက်သင်ယူရင်း ဝါသနာတူ သူငယ်ချင်းအသစ်လေးတွေနဲ့ နွေးထွေးစွာ ရင်းနှီးကျွမ်းဝင်ခဲ့ကြပါတယ်။ 🌷 𝐃𝐚𝐲 𝟐 - ကိုယ်ပိုင်စိတ်ကူးစိတ်သန်းလေးတွေ ပေါင်းစပ်ပြီး ပိတ်စပေါ်မှာ ပန်းပွင့်လေးတွေ၊ အနုပညာပုံရိပ်လေးတွေ အသက်ဝင်လာအောင် စိတ်ရှည်လက်ရှည် အာရုံစိုက် ဖန်တီးခဲ့ကြပါတယ်။ 🌷 𝐃𝐚𝐲 𝟑 - တစ်ဦးချင်းစီရဲ့ ချစ်စရာကောင်းလှတဲ့ 𝐇𝐚𝐧𝐝𝐦𝐚𝐝𝐞 လက်ရာနုနုလေးတွေကို အပြီးသတ်ပုံဖော်ရင်း ကိုယ်ပိုင်အတွေ့အကြုံလေးတွေကို ပျော်ရွှင်စွာ မျှဝေဖလှယ်ခဲ့ကြပါတယ်။ တစ်ချက်ချင်းစီ အာရုံစူးစိုက်မှုအပြည့်နဲ့ ထိုးဖောက်လိုက်တဲ့ အပ်ချည်ကြိုးလေးတွေကြားက ရယ်မောသံလေးတွေနဲ့ စိတ်အားထက်သန်မှုတွေက ဒီပွဲလေးကို ပိုမိုအသက်ဝင်လှပစေခဲ့ပါတယ်နော်။ 🤍 (၃) ရက်တာ ကာလအတွင်း အချိန်ပေးပြီး တက်ကြွစွာ ပါဝင်သင်ယူခဲ့ကြတဲ့ တက်ရောက်သူ လူငယ်တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို 𝐅𝐨𝐫 𝐓𝐡𝐞 𝐅𝐮𝐭𝐮𝐫𝐞 - 𝐌𝐲𝐚𝐧𝐦𝐚𝐫 မှ အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။ မိမိတို့ကိုယ်တိုင် ဖန်တီးထားတဲ့ လက်ရာလေးတွေနဲ့အတူ ရှေ့ဆက်ရမယ့် ခရီးလမ်းတစ်လျှောက်မှာလည်း ကိုယ့်ရဲ့ ဖန်တီးနိုင်စွမ်းတွေကို ဒီထက်မက ဆက်လက်ပုံဖော်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်နော်။ 🌟💐 ဒါ့အပြင် ဒီ 𝐖𝐨𝐫𝐤𝐬𝐡𝐨𝐩 ဖြစ်မြောက်ရေးအတွက် အစစအရာရာ ဝိုင်းဝန်းပံ့ပိုးကူညီပေးခဲ့ကြပါသော 𝐌𝐞𝐝𝐢𝐚 𝐏𝐚𝐫𝐭𝐧𝐞𝐫𝐬 များဖြစ်ကြတဲ့ 🔹 𝐔𝐧𝐢𝐥𝐞𝐚𝐫𝐧 🔹 𝐇𝐮𝐛 𝐨𝐟 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐄𝐦𝐩𝐨𝐰𝐞𝐫𝐦𝐞𝐧𝐭 (𝐇𝐨𝐦𝐞) 🔹 𝐒𝐋𝐂 𝐀𝐝𝐯𝐨𝐜𝐚𝐭𝐞𝐬 🔹 𝐇𝐲𝐩𝐞𝐧 တို့ကိုလည်း နွေးထွေးစွာ ပူးပေါင်းပါဝင်ပေးမှုအတွက် 𝐅𝐨𝐫 𝐓𝐡𝐞 𝐅𝐮𝐭𝐮𝐫𝐞 - 𝐌𝐲𝐚𝐧𝐦𝐚𝐫 မှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ 🤝 နောက်ထပ်လည်း လူငယ်တွေအတွက် အကျိုးရှိပြီး စိတ်ဝင်စားဖွယ်ရာ အစီအစဉ်ကောင်းလေးတွေနဲ့ ပြန်လည်ဆုံတွေ့ကြဖို့ 𝐅𝐨𝐫 𝐓𝐡𝐞 𝐅𝐮𝐭𝐮𝐫𝐞 - 𝐌𝐲𝐚𝐧𝐦𝐚𝐫 ရဲ့ 𝐏𝐚𝐠𝐞 လေးတွေကို 𝐅𝐨𝐥𝐥𝐨𝐰 လုပ်ထားဖို့ မမေ့ကြပါနဲ့ဦးနော်။ 💖 Edu Page Link ‎ ‎Facebook - https://www.facebook.com/share/p/DFhTZ4vrb8kiWt5S/?mibextid=oFDknk ‎ ‎Telegram - https://t.me/for_the_future_edu_mm ‎ ‎Main Page Link ‎ ‎Facebook - https://www.facebook.com/profile.php?id=100083357270189&mibextid=ZbWKwL ‎ ‎Telegram - https://t.me/For_The_Future_Myanmar ‎ ‎Instagram - https://instagram.com/for_the_future_myanmar?igshid=MzRlODBiNWFlZA== ‎ ‎Youtube - https://youtube.com/@ForTheFuture-Myanmar?si=-GWdPLIeW1AHlW #ForTheFuture_Myanmar #YouthOrganization #forthefuture_edu_mm #for_the_future_education_institute_myanmar #Content_by_HtetMM #Graphic_by_Juno
19 нояб., 07:33

photo content
+9
19 нояб., 07:31
19 нояб., ~07:33

photo content
+2
18 нояб., 07:30

𝐇𝐞𝐥𝐥𝐨, 𝐅𝐮𝐭𝐮𝐫𝐞𝐬𝐞𝐞𝐫𝐬! 💕 အားလုံးပဲ ပျော်ရွှင်စရာကောင်းတဲ့ နေ့ရက်လေးတွေကို ပိုင်ဆိုင်နေကြမယ်လို့ မျှော်လင့်ပါတယ်နော်။ ✨ အရင်ဆုံးအနေနဲ့ 𝐓𝐞𝐚 𝐓𝐚𝐥𝐤 𝐒𝐩𝐞𝐚𝐤𝐢𝐧𝐠 𝐂𝐥𝐮𝐛 ရဲ့ 𝐁𝐚𝐭𝐜𝐡 𝟐𝟑 ကို “𝐈𝐬 𝐈𝐭 𝐇𝐚𝐫𝐝 𝐭𝐨 𝐁𝐞 𝐚 𝐖𝐨𝐦𝐚𝐧?” ဆိုတဲ့ စိတ်ဝင်စားဖွယ်ရာ ခေါင်းစဉ်လေးနဲ့အတူ အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ 🎉 ဒါကြောင့် လာမယ့် တစ်ပတ်တာကို 𝐁𝐫𝐞𝐚𝐤 𝐖𝐞𝐞𝐤 အဖြစ် သတ်မှတ်ထားပြီး ခဏတာ အနားယူသွားမှာ ဖြစ်ပါတယ်။ ဒီအချိန်လေးဟာ အားလုံးအတွက် နေ့စဉ်လုပ်ဆောင်မှုတွေကနေ ခဏတာအနားယူရင်း စိတ်ရောကိုယ်ပါ အားအင်ပြန်လည်ဖြည့်တင်းနိုင်မယ့် အချိန်လေးတစ်ခု ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ 💜 ဒါ့အပြင် ဒီ 𝐁𝐫𝐞𝐚𝐤 𝐖𝐞𝐞𝐤 လေးအတွင်းမှာ နောက်လာမယ့် 𝐁𝐚𝐭𝐜𝐡 𝟐𝟒 အတွက် ပိုမိုစိတ်ဝင်စားစရာကောင်းတဲ့ အစီအစဉ်အသစ်တွေနဲ့ လေ့လာစရာအကြောင်းအရာအသစ်တွေကို ယူဆောင်လာပြီး ပြန်လာခဲ့ပါမယ်နော်။ ဒါကြောင့် ဘယ်လိုအကြောင်းအရာအသစ်လေးတွေ၊ အတွေ့အကြုံအသစ်လေးတွေ စောင့်ကြိုနေမလဲဆိုတာကို ရင်ခုန်စွာနဲ့ စောင့်မျှော်ပေးကြပါဦးရှင်။ 🥰 ဒါ့အပြင် 𝐅𝐮𝐭𝐮𝐫𝐞𝐬𝐞𝐞𝐫𝐬 တို့လည်း ဒီ 𝐁𝐫𝐞𝐚𝐤 𝐖𝐞𝐞𝐤 လေးမှာ ကောင်းကောင်းအနားယူရင်း အားအင်အသစ်တွေ ပြန်လည်ဖြည့်တင်းထားကြပါနော်။ ဒါ့အပြင် ဒီ 𝐁𝐚𝐭𝐜𝐡 𝟐𝟑 ခရီးစဉ်တစ်လျှောက်လုံးမှာ တက်ညီလက်ညီ ပါဝင်အားဖြည့်ပေးခဲ့ကြသူအားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ အားလုံးရဲ့ တက်ကြွစွာပါဝင်မှု၊ ပူးပေါင်းဆောင်ရွက်မှုနဲ့ အားပေးကူညီမှုတွေကြောင့် ဒီ 𝐁𝐚𝐭𝐜𝐡 လေးဟာ ပိုမိုအဓိပ္ပာယ်ရှိပြီး အမှတ်တရကောင်းတွေ ပြည့်နှက်နေတဲ့ ခရီးစဉ်လေးတစ်ခု ဖြစ်ခဲ့ရပါတယ်။ 💕 ဒီလိုနဲ့ပဲ ခဏတာအနားယူပြီးနောက်မှာ ပိုမိုကောင်းမွန်တဲ့ အကြောင်းအရာအသစ်တွေနဲ့ စိတ်လှုပ်ရှားစရာ အတွေ့အကြုံအသစ်တွေကို ယူဆောင်လာမယ့် 𝐁𝐚𝐭𝐜𝐡 𝟐𝟒 မှာ ပြန်လည်ဆုံတွေ့ကြရအောင်နော်။ အားလုံးကို မကြာခင် ပြန်တွေ့ကြမယ်နော်။ 💜 [English] 𝐇𝐞𝐥𝐥𝐨, 𝐅𝐮𝐭𝐮𝐫𝐞𝐬𝐞𝐞𝐫𝐬! 💕 I hope everyone is having a joyous day. ✨ First of all, we have successfully concluded 𝐁𝐚𝐭𝐜𝐡 23 of 𝐓𝐞𝐚 𝐓𝐚𝐥𝐤 𝐒𝐩𝐞𝐚𝐤𝐢𝐧𝐠 𝐂𝐥𝐮𝐛 with such an intriguing topic: “𝐈𝐬 𝐈𝐭 𝐇𝐚𝐫𝐝 𝐭𝐨 𝐁𝐞 𝐚 𝐖𝐨𝐦𝐚𝐧?” 🎉 So, we're taking a temporary break next week and making it a 𝐁𝐫𝐞𝐚𝐤 𝐖𝐞𝐞𝐤. I believe this period will be a time for everyone to take a short break from daily tasks and rejuvenate both physically and mentally. 💜 Additionally, during this 𝐁𝐫𝐞𝐚𝐤 𝐖𝐞𝐞𝐤, we will be back with even more engrossing new activities and sharing new information for everyone to absorb. So, please look forwards to the new topics and experiences that await you. 🥰 More importantly, our 𝐅𝐮𝐭𝐮𝐫𝐞𝐬𝐞𝐞𝐫𝐬 will also recharge their energy by getting some good rest during this 𝐁𝐫𝐞𝐚𝐤 𝐖𝐞𝐞𝐤. I would like to express my gratitude to everyone who has enthusiastically followed along on the 𝐁𝐚𝐭𝐜𝐡 23 journey. With everyone's eager participation, contributions, and support, this 𝐁𝐚𝐭𝐜𝐡 has become a journey filled with meaningful memories. 💕 Just like this, let's meet again after a short break, in 𝐁𝐚𝐭𝐜𝐡 24, which will bring even better new topics and exhilarating experiences. We will see everyone again soon. 💜 Edu Page Link ‎ ‎Facebook - https://www.facebook.com/share/p/DFhTZ4vrb8kiWt5S/?mibextid=oFDknk ‎ ‎Telegram - https://t.me/for_the_future_edu_mm ‎ ‎Main Page Link ‎ ‎Facebook - https://www.facebook.com/profile.php?id=100083357270189&mibextid=ZbWKwL ‎ ‎Telegram - https://t.me/For_The_Future_Myanmar ‎ ‎Instagram - https://instagram.com/for_the_future_myanmar?igshid=MzRlODBiNWFlZA== ‎ ‎Youtube - https://youtube.com/@ForTheFuture-Myanmar?si=-GWdPLIeW1AHlW #forthefuture_edu_mm #for_the_future_education_institute_myanmar #Tea_Talk #Content_by_Snowy #Graphic_by_Cordelia #Translated_by_LinJingJing
18 нояб., 07:30

photo content
11 нояб., 08:32

Through the lenses of young people, we aim to document what is actually happening in our surroundings and bring the experiences and voices of local communities to a wider audience. Change does not necessarily have to begin with large-scale actions. It can start with caring for our surroundings, disposing of waste responsibly, using natural resources wisely without unnecessary waste, and working together within our communities. When individual efforts come together, they can create meaningful change. So, what is really happening in our communities? And what do the people living through these situations have to say? Coming soon, Lens for Change will share five short climate documentaries developed through a youth-led process: young people researched local environmental issues (Research), engaged with community members to hear their experiences and perspectives (Engage), and documented these stories through film (Document). Through these documentaries, we invite you to explore the environmental challenges faced by communities in Hlaing Tharyar and Insein Townships, Yangon Region, their impacts on everyday lives, and the voices and experiences of the people living through them. Watch. Listen. Share. Be part of the change. Because listening to community voices and sharing their experiences help us better understand the challenges around us and inspire collective action. A better environment is something we can work towards together, by listening, learning, and taking action as a community. Edu Page Link ‎ ‎Facebook - https://www.facebook.com/share/p/DFhTZ4vrb8kiWt5S/?mibextid=oFDknk ‎ ‎Telegram - https://t.me/for_the_future_edu_mm ‎ ‎Main Page Link ‎ ‎Facebook - https://www.facebook.com/profile.php?id=100083357270189&mibextid=ZbWKwL ‎ ‎Telegram - https://t.me/For_The_Future_Myanmar ‎ ‎Instagram - https://instagram.com/for_the_future_myanmar?igshid=MzRlODBiNWFlZA== ‎ ‎Youtube - https://youtube.com/@ForTheFuture-Myanmar?si=-GWdPLIeW1AHlW ‎ ‎ ‎#Content_by_HtetMM ‎#Graphic_by_NanHsuPhyuHninEain_and_Smoothie #LensForChange #ClimateAction #ClimateAwareness #CommunityVoices #YouthForClimate ‎#ForTheFuture_Myanmar ‎#YouthOrganization
11 нояб., 08:32

ရာသီဥတုပြောင်းလဲမှုဆိုတာ အနာဂတ်မှာမှ ရင်ဆိုင်ရမယ့် ပြဿနာတစ်ခု မဟုတ်တော့ပါဘူး။ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝထဲကို လက်တွေ့ရောက်ရှိနေပြီ ဖြစ်ပါတယ်။ မနက်ခင်း အလုပ်သွားချိန်တိုင်း ခံစားရတဲ့ အပူဒဏ်နဲ့ မိုးသည်းထန်စွာ ရွာသွန်းတဲ့အခါ ရေကြီးရေလျှံမှာကို စိုးရိမ်နေရတဲ့ အခြေအနေတွေဟာ ရာသီဥတုဆိုင်ရာ စိန်ခေါ်မှုတွေကို ကျွန်တော်တို့ နေ့စဉ်ဘဝမှာ ဘယ်လိုခံစားနေရသလဲဆိုတာကို ပြသနေပါတယ်။ တစ်ဖက်မှာလည်း အိမ်နီးနားဝန်းကျင်မှာ စုပုံနေတဲ့ အမှိုက်တွေနဲ့ ပိတ်ဆို့နေတဲ့ ရေနုတ်မြောင်းတွေဟာ ကျွန်တော်တို့ ကြုံတွေ့နေရတဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေရဲ့ ဥပမာတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတစ်ဝန်းမှာ ဒီလို ရာသီဥတုဆိုင်ရာနဲ့ ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုတွေဟာ ရပ်ရွာလူထုရဲ့ ကျန်းမာရေး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေနဲ့ နေ့စဉ်နေထိုင်မှုအခြေအနေတွေကို ပုံစံအမျိုးမျိုးနဲ့ သက်ရောက်နေပါတယ်။ အပူဒဏ်နဲ့ ရေကြီးရေလျှံမှုတွေကြောင့် ကျန်းမာရေးနဲ့ ဝင်ငွေရရှိမှု ထိခိုက်နိုင်ပြီး၊ အမှိုက်စီမံခန့်ခွဲမှုနဲ့ ရေနုတ်မြောင်းဆိုင်ရာ အားနည်းချက်တွေကလည်း သန့်ရှင်းလုံခြုံတဲ့ နေထိုင်မှုပတ်ဝန်းကျင် ရရှိဖို့ ခက်ခဲစေနိုင်ပါတယ်။ ပြဿနာတွေကို မြင်တွေ့နေရုံနဲ့ မလုံလောက်တော့ပါဘူး။ ဒါတွေကို လေးလေးနက်နက် နားလည်ဖို့၊ လက်တွေ့ခံစားနေရသူတွေရဲ့ အသံကို နားထောင်ဖို့နဲ့ ပြောင်းလဲမှုမှာ ကိုယ်တိုင်ပါဝင်ဖို့ လိုအပ်နေပါပြီ။ ဒါကြောင့်လည်း 𝐋𝐞𝐧𝐬 𝐟𝐨𝐫 𝐂𝐡𝐚𝐧𝐠𝐞 ကို စတင်ခဲ့တာ ဖြစ်ပါတယ်။ လူငယ်တွေရဲ့ ကင်မရာမှန်ဘီလူးတွေကတစ်ဆင့် ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ တကယ်ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို မှတ်တမ်းတင်ပြီး ရပ်ရွာလူထုရဲ့ အတွေ့အကြုံနဲ့ အသံတွေကို ပိုမိုကျယ်ပြန့်စွာ ကြားသိနိုင်စေဖို့ ရည်ရွယ်ပါတယ်။ ပြောင်းလဲမှုဆိုတာ ကြီးမားတဲ့ လုပ်ဆောင်ချက်တွေကနေမှ စတင်ရတာ မဟုတ်ပါဘူး။ ကိုယ့်ပတ်ဝန်းကျင်ကို ဂရုစိုက်တာ၊ အမှိုက်ကို စနစ်တကျ စွန့်ပစ်တာ၊ သဘာဝအရင်းအမြစ်တွေကို အလေအလွင့်မရှိအောင် တန်ဖိုးထားသုံးစွဲတာနဲ့ ရပ်ရွာအတွင်း အတူတကွ ပူးပေါင်းဆောင်ရွက်တာတွေကနေ စတင်နိုင်ပါတယ်။ တစ်ဦးချင်းစီရဲ့ ပါဝင်အားထုတ်မှုတွေ ပေါင်းစည်းလာတဲ့အခါ အဓိပ္ပာယ်ရှိတဲ့ ပြောင်းလဲမှုတွေကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ ဒါဆို ကျွန်တော်တို့ရဲ့ ရပ်ရွာတွေမှာ တကယ်ဘာတွေ ဖြစ်ပျက်နေသလဲ။ အဲဒီအခြေအနေတွေကြားမှာ ဖြတ်သန်းနေထိုင်ရသူတွေကရော ဘာတွေပြောချင်နေကြမလဲ။ မကြာခင်မှာ 𝐋𝐞𝐧𝐬 𝐟𝐨𝐫 𝐂𝐡𝐚𝐧𝐠𝐞 မှ လူငယ်တွေကိုယ်တိုင် ရပ်ရွာအတွင်း သုတေသနပြုလေ့လာခြင်း (Research)၊ ဒေသခံလူထုနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံပြီး သူတို့ရဲ့ အတွေ့အကြုံနဲ့ အမြင်တွေကို နားထောင်ခြင်း (Engage)၊ ရရှိလာတဲ့ အကြောင်းအရာတွေကို မှတ်တမ်းရုပ်ရှင်အဖြစ် ရိုက်ကူးတင်ဆက်ခြင်း (Document) စတဲ့ အဆင့်တွေပါဝင်တဲ့ လူငယ်ဦး‌ဆောင် စီမံချက်တွေ ကနေ ဖန်တီးထားတဲ့ 𝐂𝐥𝐢𝐦𝐚𝐭𝐞 𝐃𝐨𝐜𝐮𝐦𝐞𝐧𝐭𝐚𝐫𝐲 ဇာတ်လမ်းတို (၅) ကားကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ ဒီမှတ်တမ်းရုပ်ရှင်တိုတွေကတစ်ဆင့် ရန်ကုန်တိုင်း၊ လှိုင်သာယာနဲ့ အင်းစိန်မြို့နယ်တွေက ရပ်ရွာလူထုရဲ့ လက်တွေ့ရင်ဆိုင်နေရတဲ့ ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုတွေ၊ နေ့စဉ်ဘဝအပေါ် သက်ရောက်မှုတွေနဲ့ သူတို့ရဲ့ ရင်တွင်းသံတွေကို လေ့လာကြည့်ရှုကြရမှာပါ။ ကြည့်ရှုပါ။ နားထောင်ပါ။ မျှဝေပါ။ ပြောင်းလဲမှုမှာ ကိုယ်တိုင်ပါဝင်လိုက်ပါ။ ဘာကြောင့်လဲဆိုတော့ ရပ်ရွာလူထုရဲ့ အသံတွေကို နားထောင်ပြီး သူတို့ရဲ့ အတွေ့အကြုံတွေကို မျှဝေခြင်းက ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုတွေကို ပိုမိုနားလည်လာစေပြီး၊ အတူတကွ ပြောင်းလဲလုပ်ဆောင်ဖို့ လှုံ့ဆော်ပေးနိုင်တာကြောင့်ပါ။ ပိုမိုကောင်းမွန်တဲ့ ပတ်ဝန်းကျင်တစ်ခုကို တည်ဆောက်ဖို့ ကျွန်တော်တို့အားလုံးရဲ့ ပါဝင်မှု လိုအပ်ပါတယ်။ Climate change is no longer a problem we will only face in the future. It has already become a reality in our everyday lives. The heat we experience every morning on our way to work and the concern about flooding during periods of heavy rain show how weather-related challenges are already affecting our daily lives. Meanwhile, piles of rubbish in our neighbourhoods and blocked drainage systems are examples of broader environmental and urban management issues that communities also face. Across Myanmar, these climate-related and broader environmental challenges affect communities in different ways, with consequences for people’s health, livelihoods, and everyday living conditions. Extreme heat and flooding can affect people’s well-being and ability to work, while poor waste management and inadequate drainage can make neighbourhoods less clean and safe. Simply witnessing these problems is no longer enough. We need to understand them more deeply, listen to the voices of those experiencing them firsthand, and take part in creating change. That is why Lens for Change was initiated.
11 нояб., 08:32

photo content
10 нояб., 07:30

Discrimination in the workplace, being overwhelmed with responsibilities at both home and work, pressure from beauty standards, lack of safety, and losing opportunities simply because they are women are still common issues today. All of these are struggles and disadvantages that women experience simply because of their gender. To give everyone a chance to discuss these challenges faced by women, our 𝐅𝐨𝐫 𝐓𝐡𝐞 𝐅𝐮𝐭𝐮𝐫𝐞; 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐈𝐧𝐬𝐭𝐢𝐭𝐮𝐭𝐞 - 𝐌𝐲𝐚𝐧𝐦𝐚𝐫's “𝐓𝐞𝐚 𝐓𝐚𝐥𝐤” 𝐒𝐩𝐞𝐚𝐤𝐢𝐧𝐠 𝐂𝐥𝐮𝐛 is bringing you this week's topic, 𝐈𝐬 𝐢𝐭 𝐡𝐚𝐫𝐝 𝐭𝐨 𝐛𝐞 𝐚 𝐰𝐨𝐦𝐚𝐧? We will have a chance to discuss this topic in depth and hear what our fellow 𝐅𝐮𝐭𝐮𝐫𝐞𝐬𝐞𝐞𝐫𝐬 think about it. So, while improving your 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐒𝐩𝐞𝐚𝐤𝐢𝐧𝐠 𝐒𝐤𝐢𝐥𝐥𝐬, why not come and have a great time chatting and sharing ideas with both new and old friends? We warmly invite you all to join our 𝐒𝐩𝐞𝐚𝐤𝐢𝐧𝐠 𝐂𝐥𝐮𝐛 this week. Don't miss it! 💗 💌 𝐓𝐨 𝐛𝐞𝐜𝐨𝐦𝐞 𝐇𝐞𝐫𝐨 𝐟𝐫𝐨𝐦 𝐙𝐞𝐫𝐨, 𝐣𝐨𝐢𝐧 𝐓𝐞𝐚 𝐓𝐚𝐥𝐤 𝐚𝐧𝐝 𝐆𝐫𝐨𝐰! 💬 Topic: Is it hard to be a woman? 🗓 Date: 12th, November, 2026 (Thursday) ⏰ Time: 7:00PM - 8:30PM 📒 Batch (23), Week (8) 👩‍🏫 Main host - Stella 🗣 Sharing - Jamie 👩‍🎓 Discussion - Thurein 🖇 Registration link - https://docs.google.com/forms/d/e/1FAIpQLSdYpIj4MJeCJF9JLH4RHp3XIAM8COT1ggFhdp_rBS3u1FzsrQ/viewform?usp=sf_link Edu Page Link ‎ ‎Facebook - https://www.facebook.com/share/p/DFhTZ4vrb8kiWt5S/?mibextid=oFDknk ‎ ‎Telegram - https://t.me/for_the_future_edu_mm ‎ ‎Main Page Link ‎ ‎Facebook - https://www.facebook.com/profile.php?id=100083357270189&mibextid=ZbWKwL ‎ ‎Telegram - https://t.me/For_The_Future_Myanmar ‎ ‎Instagram - https://instagram.com/for_the_future_myanmar?igshid=MzRlODBiNWFlZA== ‎ ‎Youtube - https://youtube.com/@ForTheFuture-Myanmar?si=-GWdPLIeW1AHlW #forthefuture_edu_mm #for_the_future_education_institute_myanmar #Tea_Talk #Content_by_MonOoWai #Graphic_by_Jacob #Translated_by_MinEain
10 нояб., 07:30

အရင်ခေတ်က အမျိုးသမီးတွေနဲ့ ဒီနေ့ခေတ် အမျိုးသမီးတွေ ဘာတွေကွာခြားလာပြီလဲ။❓ ဟိုးအရင်အချိန်က အမျိုးသမီးတစ်ယောက်ရဲ့ ဘဝဆိုတာ အိမ်ထောင်ပြုမယ်၊ ကလေးမွေးမယ်၊ အိမ်မှုကိစ္စတွေပဲ လုပ်ရမယ်ဆိုတဲ့ လူမှုအသိုင်းအဝိုင်းရဲ့ သတ်မှတ်ချက်တွေအောက်မှာပဲ ရှိနေခဲ့တာပါ။ အဲဒီအချိန်က အမျိုးသမီးတွေက ပညာသင်ယူခွင့်၊ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်၊ အလုပ်အကိုင်အခွင့်အလမ်းနဲ့ နိုင်ငံရေးမှာ ပါဝင်ခွင့်တွေကို အပြည့်အဝ မရရှိခဲ့ကြပါဘူး။ ဒါ့အပြင် အမျိုးသမီးတွေ အိမ်တွင်းအကြမ်းဖက်ခံရတာတွေ၊ အိမ်ထောင်ရေးမှာ မတရားပြုမူခံရတာတွေနဲ့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားခံရတာတွေ ဖြစ်လာရင်လည်း အရေးယူမှုမရှိဘဲ မကြာခဏ လျစ်လျူရှုခံခဲ့ရပါတယ်။ အဲဒီနေ့ခေတ်က လူ့အသိုင်းအဝိုင်းက ဒီကိစ္စတွေဖြစ်လာတဲ့အခါမှာ “ဒါက အမျိုးသမီးတွေရဲ့ ကံကြမ္မာပဲ” ဆိုပြီး သတ်မှတ်ခဲ့ကြပါတယ်။ ⚖️ ဒါပေမဲ့ ဒီနေ့ခေတ်မှာတော့ အရာအားလုံးဟာ အနည်းနဲ့အများ ပြောင်းလဲလာခဲ့ပါပြီ။ အမျိုးသမီးတွေ ပညာသင်ယူခွင့်တွေရရှိလာသလို ကိုယ်ပိုင်ဝင်ငွေကိုလည်း ရှာဖွေလာနိုင်ပါပြီ။ ကိုယ်ပိုင်အိပ်မက်တွေကိုလည်း အကောင်အထည်ဖော်လာနိုင်ကြပါတယ်။ ဒါ့အပြင် ဒီနေ့ခေတ် အမျိုးသမီးတွေက ကိစ္စရပ်တစ်ခုခုမှာ မတရားခွဲခြားဆက်ဆံခံလာရတဲ့အခါ လူမှုအသိုင်းအဝိုင်းကို ရဲရဲဝံ့ဝံ့ ပွင့်ပွင့်လင်းလင်း မေးခွန်းထုတ်လာနိုင်ကြပါပြီ။ ဒီလိုပြောင်းလဲလာတာဟာ အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူတွေရဲ့ ကြိုးစားမှုတွေ၊ ပညာရေး၊ လူမှုရေးပြောင်းလဲမှုတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနေ့ခေတ် အမျိုးသမီးတွေမှာလည်း အခက်အခဲတွေ မရှိတော့ဘူးလို့‌တော့ မဆိုနိုင်ပါဘူး။ အလုပ်ခွင်မှာ ခွဲခြားဆက်ဆံခံရမှု၊ အိမ်နဲ့အလုပ် နှစ်ဖက်စလုံးမှာ တာဝန်တွေ ပိနေမှု၊ အလှအပစံနှုန်းတွေရဲ့ ဖိအား၊ လုံခြုံမှုမရှိမှုနဲ့ အမျိုးသမီးတစ်ယောက်ဖြစ်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အခွင့်အရေးဆုံးရှုံးရမှုတွေဟာ ယနေ့တိုင် ရှိနေဆဲပါ။ ဒါတွေအကုန်လုံးက အမျိုးသမီးဆိုတဲ့ ဖြစ်တည်မှုတစ်ခုကြောင့်ပဲ ခံစားရတဲ့ ဆုံးရှုံးနစ်နာမှုတွေ ဖြစ်ပါတယ်။ ဒီလိုမျိုး အမျိုးသမီးတွေရဲ့ အခက်အခဲတွေကို ဆွေးနွေးလို့ရအောင် ကျွန်တော်တို့ 𝐅𝐨𝐫 𝐓𝐡𝐞 𝐅𝐮𝐭𝐮𝐫𝐞; 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐈𝐧𝐬𝐭𝐢𝐭𝐮𝐭𝐞 - 𝐌𝐲𝐚𝐧𝐦𝐚𝐫 ရဲ့ “𝐓𝐞𝐚 𝐓𝐚𝐥𝐤” 𝐒𝐩𝐞𝐚𝐤𝐢𝐧𝐠 𝐂𝐥𝐮𝐛 ကနေ 𝐈𝐬 𝐢𝐭 𝐡𝐚𝐫𝐝 𝐭𝐨 𝐛𝐞 𝐚 𝐰𝐨𝐦𝐚𝐧? ဆိုတဲ့ 𝐭𝐨𝐩𝐢𝐜 လေးကို ယူဆောင်ပေးလာပါပြီ။ ဒီ 𝐭𝐨𝐩𝐢𝐜 လေးအပေါ်မှာ 𝐅𝐮𝐭𝐮𝐫𝐞𝐬𝐞𝐞𝐫𝐬 တို့ရဲ့ ထင်မြင်ချက်တွေ ဘယ်လိုရှိလဲဆိုတာကို တစ်ဝကြီးဆွေးနွေးသွားရမှာပါ။ ဒါကြောင့် 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐒𝐩𝐞𝐚𝐤𝐢𝐧𝐠 𝐒𝐤𝐢𝐥𝐥 တွေ တိုးတက်ရင်း သူငယ်ချင်းအသစ်၊အဟောင်းတို့ တစ်ဝကြီး အာလူးဖုတ်ဖို့ရာအတွက် ကျွန်တော်တို့ရဲ့ ဒီအပတ် 𝐒𝐩𝐞𝐚𝐤𝐢𝐧𝐠 𝐂𝐥𝐮𝐛 ကို ဆက်ဆက်လာရောက်ပေးဖို့ရာအတွက် ဖိတ်ခေါ်လိုက်ပါတယ်။ 💗 💌 𝐓𝐨 𝐛𝐞𝐜𝐨𝐦𝐞 𝐇𝐞𝐫𝐨 𝐟𝐫𝐨𝐦 𝐙𝐞𝐫𝐨, 𝐣𝐨𝐢𝐧 𝐓𝐞𝐚 𝐓𝐚𝐥𝐤 𝐚𝐧𝐝 𝐆𝐫𝐨𝐰! 💬 Topic: Is it hard to be a woman? 🗓 Date: 12th, November, 2026 (Thursday) ⏰ Time: 7:00PM - 8:30PM 📒 Batch (23), Week (8) 👩‍🏫 Main host - Stella 🗣 Sharing - Jamie 👩‍🎓 Discussion - Thurein 🖇 လျှောက်လွှာဖြည့်ရန် - https://docs.google.com/forms/d/e/1FAIpQLSdYpIj4MJeCJF9JLH4RHp3XIAM8COT1ggFhdp_rBS3u1FzsrQ/viewform?usp=sf_link [English Translation] What are the differences between women in the past and women today? ❓ In the past, a woman's life was limited by society's expectations. She was expected to get married, have children, and take care of household chores. Women back then did not have full opportunities to pursue education, make their own decisions, choose their careers, and participate in politics. Moreover, when women experienced domestic violence, injustice in marriage, and sexual harassment, they were often ignored without any action being taken against the perpetrators. Society at that time used to consider these situations as “a woman's fate.” ⚖️ However, today, things have changed, at least to some extent. Women now have more opportunities to pursue education and earn their own income. They can also work towards achieving their own dreams. Furthermore, when women face discrimination or injustice in certain situations, they are now more confident in openly questioning society. These changes have mainly come from the efforts of women's rights activists, along with developments in education and social changes. However, we cannot say that women today no longer face difficulties.
10 нояб., 07:30

photo content
03 нояб., 05:30

ကိုယ့်ရဲ့ ပြောဆိုဆက်ဆံမှုပုံစံလေးတစ်ခုက တစ်ဖက်လူရဲ့ ကိုယ့်အပေါ်မြင်တဲ့အမြင်နဲ့ ဆက်ဆံရေးတွေကိုပါ ပြောင်းလဲသွားစေနိုင်တယ်ဆိုတာ သတိထားမိကြရဲ့လား။ 💬 နေ့စဉ်ဘဝမှာ စာသင်ခန်းထဲမှာပဲဖြစ်ဖြစ်၊ အလုပ်ခွင်မှာပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ စကားပြောတဲ့အခါမှာပဲဖြစ်ဖြစ် ကိုယ်ပြောလိုက်တဲ့ စကားတစ်ခွန်း၊ အသုံးပြုလိုက်တဲ့ အသုံးအနှုန်းတစ်ခုကြောင့် တစ်ဖက်လူရဲ့ ခံစားချက်နဲ့ ကိုယ့်အပေါ်ထားတဲ့ အမြင်တွေ ပြောင်းလဲသွားနိုင်ပါတယ်။ ဒါ့အပြင်..တစ်ခါတစ်လေ ကိုယ်‌ပြောချင်တဲ့ ဆိုလိုရင်းနဲ့ တစ်ဖက်လူနားလည်သွားပုံ မတူညီတဲ့အခါ နားလည်မှုလွဲမှားတာတွေလည်း ဖြစ်တတ်ကြပါတယ်။ ဒါဆိုရင် ❔တစ်ဖက်လူနဲ့ အပြန်အလှန် နားလည်မှုရှိစေဖို့ ဘယ်လိုမျိုး ပြောဆိုဆက်ဆံသင့်ပါသလဲ။ ❔ကိုယ်တိုင်ကရော တစ်ဖက်လူဆီက ဘယ်လိုပြောဆိုဆက်ဆံပုံမျိုးကို မျှော်လင့်တတ်သလဲ။ ❔ထိရောက်ပြီး ဆက်သွယ်ပြောဆိုမှုတစ်ခု ဖြစ်လာဖို့ ဘယ်အချက်တွေက အရေးကြီးသလဲ။ ဒီတစ်ပတ် Tea Talk Speaking Club မှာတော့ နေ့စဉ်ဘဝမှာ မရှိမဖြစ်လိုအပ်တဲ့ “Effective Communication” အကြောင်းကို ကိုယ်ရဲ့ အတွေ့အကြုံတွေ၊ အမြင်သစ်တွေနဲ့အတူ ပေါ့ပေါ့ပါးပါး ဆွေးနွေးမျှဝေသွားကြမှာ ဖြစ်ပါတယ်။ 🌸 ကိုယ်မသိသေးတဲ့ အမြင်သစ်တွေကို လေ့လာရင်း ကိုယ်ပိုင်အတွေ့အကြုံတွေကိုလည်း မျှဝေချင်တယ်ဆိုရင်တော့ Slot လေးတွေ မပြည့်ခင် အခုပဲ စာရင်းပေးသွင်းထားလိုက်တော့နော်။ To Become Hero from Zero, Join Tea Talk and Grow! 🍀 🚪 Batch (23), Week (7) ⭐️ Title: Effective Communication 🗒 Date: 5th November, 2026 (Thursday) 🕗 Time: 7:00 PM - 8:30 PM 💡 Main Host: Sandy 🔍 Sharing: Rosie   📝 လျှောက်လွှာဖြည့်ရန်လင့်ခ်: https://docs.google.com/forms/d/e/1FAIpQLSdYpIj4MJeCJF9JLH4RHp3XIAM8COT1ggFhdp_rBS3u1FzsrQ/viewform?usp=sf_link အားလုံးနဲ့အတူ ပျော်စရာကောင်းတဲ့ အချိန်လေးတစ်ခု ဖန်တီးနိုင်ဖို့ မျှော်လင့်နေပါတယ်နော်။ See you there! 🤩 ————————— ‎Have you ever realized that your way of communication could change the other’s perspective and even their interaction on you? ‎ ‎In our daily lives, whether in the classroom, at the workplace, or when talking with friends, a single word we spoke or an expression we used can lead to a change of the other’s feeling and perspective on us. ‎ ‎Moreover, misunderstandings sometimes occur if the other person understood what we said in a different way with what we actually want to say. ‎ ❔‎So, how should we communicate with others to build mutual understanding? ‎ ❔‎As for you, what kind of communication style do you expect from others? ‎ ❔‎What are the key points of effective communication? ‎ ‎This week, at Tea Talk Speaking Club, we will be having a friendly and engaging discussion about “Effective Communication”, an essential skill in our daily life. By exchanging our personal opinions and sharing our own experiences together. 🌸 ‎ ‎If you are interested in learning new perspectives and sharing your own experiences, register before all the slots are filled. ‎ ‎To Become Hero from Zero, Join Tea Talk and Grow! 🍀 ‎ ‎🚪 Batch (23), Week (7) ‎⭐️ Title: Effective Communication ‎🗒 Date: 5th November, 2026 (Thursday) ‎🕗 Time: 7:00 PM - 8:30 PM ‎💡 Main Host: Sandy ‎🔍 Sharing: Rosie ‎  ‎ ‎📝 Registration Link: https://docs.google.com/forms/d/e/1FAIpQLSdYpIj4MJeCJF9JLH4RHp3XIAM8COT1ggFhdp_rBS3u1FzsrQ/viewform?usp=sf_link ‎ ‎ ‎We are looking forward to create a fun experience with you all. See you there! 🤩 ‎ Edu Page Link ‎ ‎Facebook - https://www.facebook.com/share/p/DFhTZ4vrb8kiWt5S/?mibextid=oFDknk ‎ ‎Telegram - https://t.me/for_the_future_edu_mm Main Page Link ‎ ‎Facebook - https://www.facebook.com/profile.php?id=100083357270189&mibextid=ZbWKwL ‎ ‎Telegram - https://t.me/For_The_Future_Myanmar ‎ ‎Instagram - https://instagram.com/for_the_future_myanmar?igshid=MzRlODBiNWFlZA== ‎ ‎Youtube - https://youtube.com/@ForTheFuture-Myanmar?si=-GWdPLIeW1AHlW #forthefuture_edu_mm #for_the_future_education_institute_myanmar #Tea_Talk #Content_by_AlizanAung #Graphic_by_HninPwintPhyu #Translate_by_ThawZin
03 нояб., 05:30

photo content
26 окт., 08:34

🎃 Halloween ညမှာ ကြောက်စရာအကောင်းဆုံးအရာက သရဲတွေမဟုတ်ဘဲ သင်မသိသေးတဲ့ လျှို့ဝှက်ချက်တွေ ဖြစ်နေနိုင်တယ်ဆိုရင်ရော? 👀 Halloween ဆိုတာ ကြောက်စရာဝတ်စုံတွေ ဝတ်ဆင်ပြီး ဆင်နွှဲကြတဲ့ ပွဲတော်တစ်ခုဆိုတာ သိကြပေမဲ့ ဒီပွဲတော်ရဲ့ နောက်ကွယ်မှာ ဘယ်လိုသမိုင်းကြောင်းတွေ၊ စိတ်ဝင်စားစရာ ဇာတ်လမ်းတွေ ရှိနေမလဲဆိုတာရော သိကြရဲ့လား။ 👀 ဒီတစ်ပတ် Tea Talk Speaking Club မှာတော့ Halloween ရဲ့ မူလအစကို အတူတူလေ့လာကြမယ်၊ စိတ်လှုပ်ရှားစရာ ဇာတ်လမ်းတွေ မျှဝေကြမယ်။ ဒါ့အပြင် ပျော်စရာဂိမ်းလေးတွေလည်း ကစားရင်း ပါဝင်သူအချင်းချင်း စကားပြောဖလှယ်ပြီး အမှတ်တရကောင်းတွေ ဖန်တီးကြရအောင်။ 🕸✨ 🎃 Batch 23, Week 6 🕯 Topic: Trick or Talk 📅 Date: 29th October, 2026 (Thursday) ⏰ Time: 7:00 PM – 8:30 PM 🧹 Head Witch: Jamie 🪄 Witches: Stella, Htike, Lyrik 💌 Slogan: To become Hero from Zero, join Tea Talk and Grow! 👻 Halloween ညလေးကို အတူတူဖြတ်သန်းရင်း ပျော်ရွှင်စရာ အတွေ့အကြုံသစ်တွေ ရယူဖို့ အခုပဲ စာရင်းပေးလိုက်တော့နော်! 🔗 Registration Link: https://docs.google.com/forms/d/e/1FAIpQLSdYpIj4MJeCJF9JLH4RHp3XIAM8COT1ggFhdp_rBS3u1FzsrQ/viewform?usp=sf_link Edu Page Link ‎ ‎Facebook - https://www.facebook.com/share/p/DFhTZ4vrb8kiWt5S/?mibextid=oFDknk ‎ ‎Telegram - https://t.me/for_the_future_edu_mm Main Page Link ‎ ‎Facebook - https://www.facebook.com/profile.php?id=100083357270189&mibextid=ZbWKwL ‎ ‎Telegram - https://t.me/For_The_Future_Myanmar ‎ ‎Instagram - https://instagram.com/for_the_future_myanmar?igshid=MzRlODBiNWFlZA== ‎ ‎Youtube - https://youtube.com/@ForTheFuture-Myanmar?si=-GWdPLIeW1AHlW #forthefuture_edu_mm #for_the_future_education_institute_myanmar #Tea_Talk #Content_by_Han #Graphic_by_Khant
26 окт., 08:33