cookie

Мы используем файлы cookie для улучшения сервиса. Нажав кнопку «Принять все», вы соглашаетесь с использованием cookies.

avatar

2024မြန်မာစာတန်းထိုးရုပ်ရှင်ကားများ

လူကြီးမင်းတို့ရဲ့ကြော်ငြာထည့်သွင်းရန် @hakougyi သို့ တယ်လီဂရမ်မှတဆင့် ဆက်သွယ်နိုင်ပါသည်။

Больше
Рекламные посты
2 919
Подписчики
+624 часа
+587 дней
+36730 дней

Загрузка данных...

Прирост подписчиков

Загрузка данных...

Humane (2024) IMDB: 5.5/10 votes7172 Humane ဟာ ၂၀၂၄ ခုနှစ် ဧပြီလ ၂၆ ရက်မှာ အသစ်ထွက်ရှိထားတဲ့ Horror, Thriller ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်။ ဒါရိုက်တာ Caitlin Cronenberg ကရိုက်ကူးပေးထားပြီး Jay Baruchel ၊ Emily Hampshire နဲ့ Sebastian Chacon တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။သည်းထိတ်ရင်ဖိုဇာတ်လမ်းကိုမှ မိသားစု Drama အမျိုးအစားပါပေါင်းစပ်ပါဝင်နေပြီး ဇာတ်ကောင်တွေဟာ ကိုယ်တိုင်အသက်ရှင်ခွင့်ရဖို့အတွက် တစ်ကိုယ်ကောင်းဆန်ပြီးသတ်ဖြတ်ကြပုံတွေကိုရိုက်ကူးတင်ပြထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း *** ကမ္ဘာကြီးက ဂေဟဗေဒဆိုင်ရာပျက်ကပ်နဲ့ကြုံတွေ့လာရတာကြောင့်ကမ္ဘာခေါင်းဆောင်တွေဟာ ကမ္ဘာမြေရဲ့လူဦးရေကိုလျှော့ချဖို့သဘောတူညီချက်တစ်ရပ်ပြုလုပ်ခဲ့ကြပါတယ်။ဒီသဘောတူညီချက်အရ နိုင်ငံတိုင်းဟာ သတ်မှတ်ထားတဲ့အချိန်ကာလအတွင်းမှာ သတ်မှတ်ထားတဲ့လူဦးရေလျှော့ချမှုကိုပြည့်မီအောင်လုပ်ဆောင်ကြရမှာပါ။ ဒီအတွက်နိုင်ငံသားတွေက မိမိတို့ဆန္ဒအလျောက်ဇီဝိန်ခြွေခံဖို့ လာရောက်စာရင်းပေးကြရမှာဖြစ်ပြီး စာရင်းပေးသူတိုင်းကိုလည်းဆုငွေပြန်လည်ပေးအပ်မှာဖြစ်ပါတယ်။ ဂုဏ်သိက္ခာကြီးမားပြီးချမ်းသာကြွယ်ဝတဲ့ယော့ခ်မိသားစုဝင်တွေဟာ စာရင်းပေးတာကသူတို့နဲ့မသက်ဆိုင်တဲ့အရာတစ်ခုလိုခံယူထားခဲ့ပေမယ့်အငြိမ်းစားသတင်းတင်ဆက်သူဖြစ်တဲ့ ဖခင်ကြီးမစ္စတာယော့ခ်ကရုတ်တရက်စာရင်းပေးခဲ့ပါတယ်။ သားသမီးတွေကိုကြိုတင်မပြောဘဲဇီဝိန်ခြွေမယ့်ဝန်ထမ်းတွေရောက်လာမယ့်အချိန်မှာမှသားသမီးတွေကိုနောက်ဆုံးညစာအတူစားဖို့ဖိတ်ရင်းပြောပြခဲ့ပြီးတဲ့နောက်မထင်မှတ်ထားတာတွေဖြစ်လာခဲ့ပါတော့တယ်။ Genre ….. Horror , Thriller Encoder….Min Wai Translated by JULY #ChannelMyanmar
Показать все...
Фото недоступноПоказать в Telegram
Bermuda Island (2023) ဒီရုပ်ရှင်မှာတော့ ခရီးသည်တင်လေယာဉ်တစ်စင်းပျက်ကျပြီး ဘာမြူဒါကျွန်းပေါ်မှာ သောင်တင်ခဲ့တဲ့ ရှင်ကျန်ရစ်သူတွေကြုံတွေ့ရပုံကို ကြည့်ရမှာပါ ခရီးစဉ်မှာ လိုက်ပါလာသူတွေ ရာနဲ့ချီတဲ့ထဲမှာ အက်ဖ်ဘီအိုင်အေးဂျင့်တွေနဲ့အတူ ရာဇဝတ်သားတစ်ယောက်ပါလာခဲ့တယ်။ လေကြောင်းခရီးစဉ် တည်ငြိမ်အေးဆေးနေရာကနေ ဗြုန်းခနဲ ဘယ်ကရောက်လာမှန်းမသိတဲ့ မုန်တိုင်းတစ်ခုထဲမှာ လေယာဉ်ကရောက်နေပြီး ပျက်စီးခြင်းငါးပါးဆိုက်ပါတော့တယ်။သမုဒ္ဒရာထဲမှာ လေယာဉ်ပျက်ကျသွားပြီး ကမ်းမမြင် လမ်းမမြင် ကျွန်းလေးတစ်ကျွန်းပေါ်မှာ လေယာဉ်ပေါ်လိုက်ပါလာတဲ့ ခရီးသည်တချို့ အသက်ရှင်ကျန်ခဲ့တယ်။ ဒါပေမဲ့လည်း ကျွန်းပေါ်မှာ မမျှော်လင့်ထားတဲ့ အန္တရာယ်တွေနဲ့ရင်ဆိုင်ရတဲ့အခါ။ သူတို့တွေ ကြုံတွေ့ရတဲ့ အန္တရာယ်တွေကို ရင်ဆိုင်အောင်မြင်နိုင်ပြီး ကျွန်းကနေ ထွက်ခွာနိုင်ပါ့မလားဆိုတာ…
Показать все...
Фото недоступноПоказать в Telegram
Skyscraper (2018) IMDb  Rating 6.1 ဒီကားထဲမှာ FBI agent​ဟောင်းဖြစ်​တဲ့ Will Sawyer (The Rock)က ဒဏ်​ရာ​ကြောင့်​အနားယူပြီး ဂို​ထောင်​ထဲမှာ လုံခြုံ​ရေးပစ္စည်း​တွေကိုစမ်းသပ်​ရင်း မိသားစုနဲ့အတူ​နေ​နေပါတယ်​ တစ်​နေ့​တော့ ကမ္ဘာ့အမြင့်​ဆုံးအ​ဆောက်​အအုံအသစ်​ကြီးတစ်​ခုက​နေ အ​ဆောက်​အဦးရဲ့လုံခြုံ​ရေးစနစ်​တွေကိုစမ်းသပ်​ဖို့ Will Sawyer ကို ကမ်းလှမ်းလိုက်​ပါတယ်​ ဒီလိုနဲ့ သူအ​ဆောက်​အဦးရဲ့အ​ရေး​ပေါ်မီးသတ်​စနစ်​ကို စစ်​ဆေး​နေရာက လူတစ်​စုက သူ့မိသားစု​နေတဲ့အခန်းကို မီးရှို့ခဲ့ပါတယ်​ ဒီလူ​တွေဘာလို့မီးရှို့ရတာလဲ..? သူတို့ရဲ့​နောက်​ကွယ်​က ကြိုးကိုင်​နေတဲ့သူက ဘယ်​သူများလဲ..? The Rockက​ကော မီး​လောင်​နေ​တဲ့ ကမ္ဘာ့အမြင့်​ဆုံးအ​ဆောက်​အအုံထဲမှာပိတ်​မိ​နေတဲ့ သူ့မိသားစုကို ကယ်​တင်​နိုင်​မှာလားဆိုတာ စိတ်​ဝင်​တစားကြည့်​ရှုရမှာပါ 👍👍👍
Показать все...
The Basketball Diaries (1995) လီယိုနာဒိုကို ခေါင်းဆောင်မင်းသားအဖြစ် ပို့ဆောင်ပေးနိုင်ခဲ့တဲ့ ဇာတ်ကားပါ။ဒီဇာတ်ကားဟာ Jim Carroll ဆိုတဲ့ အမေရိကန် နာမည်ကျော် ကဗျာဆရာ စာရေးဆရာ ဂီတပညာရှင် တစ်ဦးအကြောင်းကို ရိုက်ကူးထားတာပါ။သူ့အသက် ၁၃ နှစ် မြီးကောင်ပေါက်အရွယ်က ဘတ်စကတ်ဘောကစားခြင်း လူပျိုရည်ပျက်သုန်းခြင်း မူးယစ်ဆေးစွဲခြင်း နေ့စဉ်မှတ်တမ်းတွေအကြောင်းပေါ့။လူငယ်ဆိုတာ အဖြူထည်…လောကကြီးက နိုင်ရာစား…အရသာဆို ခါး..ဘဝက ဓါးသွား။လီယိုနာဒိုရဲ့ မြီးကောင်ပေါက်သရုပ်ဆောင်မှုတွေက Jim Carroll ဝိညာဉ်ပူးကပ်နိုင်မလား…မင်းသား Mark Wahlberg ကိုလဲ မအောင်မြင်ခင်က ဒီဇိုင်းနဲ့ ဒီဇာတ်ကားမှာ တွေ့မြင်ရမှာပါ။ ( ကြည့်ရှုရန် )
Показать все...
Badla (2019) Badla -2019 ဆိုတဲ့ ရုပ်ရှင်ကားဟာဘောလိဝုဒ်ပရိသတ်တွေကြား တော်တော်လေး လူသိများတယ်ဆိုရင် မှားမယ်မထင်ပါဘူးဗျာ“ဇာတ်လမ်းအကျဉ်း”တစ်နှစ်တာ Focus Business Person ဆုကိုရရှိထားတဲ့ စီးပွားရေးလုပ်ငန်းရှင်နိုင်နာဟာ လတ်တလောမှာ လူသတ်မှုတစ်ခုအတွက်သံသယရှိရသူအဖြစ် အကျယ်ချုပ်နဲ့ စောင့်ကြည့်ခံထားရပါတယ်။ဖြစ်ရပ်ကဟိုတယ်အခန်းထဲမှာ သူရယ်၊ ပူနွေးနွေးသတ်ခံထားရတဲ့ အလောင်းတစ်ခုရယ်နဲ့အခန်းဟာ ပိတ်မိနေခဲ့ပါတယ်။ဒါကို နိုင်နာက သူမသတ်ဘူးလို့ ငြင်းဆိုနေတယ်။ဒီအတွက် သူ့ရှေ့နေ ဂျင်မီဟာ အရမ်းတော်တဲ့ ရှေ့နေ ဂု(ပ်)တာကို ငှားရမ်းခဲ့ပါတယ်။ရှေ့နေ ဂု(ပ်)တာဟာ သိပ်ကို တော်တဲ့ ရှေ့နေတစ်ယောက်ပါ။အမှုမှန်ကို ဖော်ထုတ်တဲ့ နေရာမှာ ကျွမ်းကျင်သူပေါ့။နိုင်နာရဲ့ ထွက်ဆိုချက်အရ”သေဆုံးသူနဲ့ အာဂျွန်းနဲ့ သူနဲ့ကို ဟိုတယ်ကို ချိန်းဆိုပြီစောင့်ခိုင်းပါတယ်တဲ့။ဒါပေမဲ့…ငွေကို လာရောက်မယူဘဲ စာတိုတစ်စောင်ကို ပို့ခဲ့ပါတယ်။ ဆက်လက်ဖတ်ရှုရန် ( ကြည့်ရှုရန် )
Показать все...
Big Fish (2003) အမှန်တရားဆိုတာသန့်ရှင်းတာ ရှားတယ်။ရိုးရှင်းတယ်ဆိုတာ မရှိဘူး” ဆိုတဲ့အော်စကာဝိုင်းရဲ့ စကားတစ်ခွန်းရှိပါတယ်။ဒါ့အပြင် အများစုသော အမှန်တရားတွေဟာမလှပပါဘူး…..။အမှန်တရားဟာထူးခြားလားဆိုတော့လည်း မထူးခြားပါဘူးမီးတွင်းထဲက ဇနီးသည်ဆီ အချိန်မှီမရောက်ခဲ့တဲ့ယောကျာ်းတစ်ယောက်..သူ့ကလေးမွေးတာနဲ့ ပက်သက်ပြီးတကယ့်အမှန်တရားဟာ..သူဟာနောက်ကျခဲ့တဲ့ ဖခင်ဆိုတဲ့ အမှန်တရားပါပဲ။ဒီအတွက် သူ စိတ်မကောင်းဖြစ်ခဲ့ရတယ်။ရောက်ခဲ့တယ်ဆိုရင်ရော…သားဖွားခန်းထဲ ယောကျာ်းဝင်ခွင့်မရှိတဲ့အတွက်ဘာများ ထပ်ထူးခြားမလဲ။မထူးခြားပါဘူး..ဒါပေမဲ့ နောက်ကျခဲ့တယ်ဆိုတဲ့အမှန်တရားကတော့ ငြင်းမရပါဘူး…။ဒီလို… ခါးသီးတဲ့အမှန်တရားတွေအစားသူ့က​လေးကို ပျိုးထောင်ဖို့ဇာတ်လမ်းလှလှလေးတွေ တည်ဆောက်ခဲ့ပါတယ်။ ဆက်လက်ဖတ်ရှုရန် ( ကြည့်ရှုရန် )
Показать все...
Фото недоступноПоказать в Telegram
Focus (2015) =========== မင်းသားကြီး Will Smith နဲ့ ဟာလေကွင်း မင်းသမီးချော Margot Robbie တို့ အဓိကပါဝင်ထားတဲ့ ဇာတ်ကားပါ။ ဇာတ်လမ်းက လူလိမ်သူခိုးဇာတ်လမ်းဆိုတော့ ကတုံးပေါ်ထိပ်ကွက် ခွကွက် ကျော်ကွက်တွေ အများကြီးနဲ့ တင်ဆက်ထားပါတယ်... Professional လုပ်ငန်းတွေမှာ ပါစင်နယ်ကိစ္စတွေ မရောသင့်ဘူးဆိုတာမျိုးကို အနောက်နိုင်ငံမှာ ပိုသုံးကြပါတယ်။ လူလိမ်လုပ်ငန်းမှာဆိုရင်တော့ ပိုဆိုးတာပေါ့..ပါစင်နယ်ရောလို့မရဘူး။ တစ်ယောက်ကိုတစ်ယောက် လျှို့ဝှက်တတ်တဲ့ လူလိမ်ပါတ်ကား ၂ ယောက် တစ်ယောက်ကိုတစ်ယောက် ချစ်သွားကြတဲ့အခါမှာတော့... သူတို့ရဲ့မစ်ရှင်တွေအောင်မြင်ပါ့မလားဆိုတာ.......။ သရုပ်ဆောင် ၂ ယောက်ရဲ့ အက်တင်ကောင်းကောင်းနဲ့ ဇာတ်လမ်းရဲ့လှည့်ကွက်တွေကို ရှုစားရမှာပါ။ IMDb Rating (6.6) ရရှိထားပါတယ်။
Показать все...
👍 1
The Deep Dark (2023) IMDB 5.7/10 ရရှိထားတဲ့ ပြင်သစ် Horror/Adventure ဇာတ်ကားလေးဖြစ်ပြီး ဆု ၁၃ ဆုနဲ့ nomination ၂၅ ခု ဝင်ထားပါတယ်။ horror ဆိုပေမဲ့ အကောင်အထည်မမြင်ရဘဲ ခြောက်တာမျိုးမဟုတ်ဘဲ သွေးထွက်သံယိုတွေနဲ့ တချို့အခန်းတွေမှာ jump scare အခန်းတွေ ပါတာမျိုးပါ။ ဇာတ်လမ်းအကျဉ်းကို ပြောရရင် ကျောက်မီးသွေး မိုင်းတွင်းတူးဖော်တဲ့ အဖွဲ့တစ်ဖွဲ့ဆီကို ပါမောက္ခတစ်ယောက်က ရှေးဟောင်းတူးဖော်ရေး နမူနာတွေလိုချင်တယ်ဆိုပြီး ရောက်လာပါတယ်။ အထက်လူကြီးရဲ့အမိန့်နဲ့ ဘောနပ်စ်လည်း ပိုပေးမယ်လို့ဆိုတာမို့ ပါမောက္ခအလိုကျ သူလိုချင်တဲ့ အနက်အထိ ဆင်းပြီး မိုင်းတွင်းထဲ ခေါ်သွားမိတဲ့ အဖွဲ့ခမျာ သူတို့ကို ဘာတွေစောင့်ကြိုနေလဲဆိုတာကို မသိဘဲ အန္တရာယ်တွင်းထဲ သက်ဆင်းမိသွားရာမှာတော့… ပါမောက္ခလိုချင်တဲ့ နမူနာဆိုတာ ဘယ်လိုအရာများလဲ။ သူတို့ကို စောင့်ကြိုနေတဲ့ မမြင်နိုင်တဲ့ အန္တရာယ်ဆီကရော သူတို့တစ်ဖွဲ့လုံး လွတ်အောင်ပြေးနိုင်ပါ့မလား ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ဆက်ကြည့်လိုက်ကြပါဦး။ (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်က Emily ပါ)
Показать все...
👍 2
Фото недоступноПоказать в Telegram
Silence Snow ( 2019 ) Ewenkiမျိုးနွယ်စုတွေဟာတောင်ပေါ်မှာပဲနေထိုင်ရင်းသမင်မွေးမြူကာအသက်ရှင်နေထိုင်လေ့ရှိပါတယ်..တစ်နေ့မှာအစိုးရကနေသူတိုကိုတောင်အောက်လူနေမှုဘဝထဲမှာရပ်တည်နိုင်ဖိုစီစဉ်ညှိနှိင်းမှုတွေပြုလုပ်ပေးခဲ့ပါတယ်..သူတိုတွေလူနေမှုဘဝထဲမှာအဆင်ပြေနိုင်ပါ့မလားတစ်ဖက်မှာလည်း ဝူဟောက်နဲ့ကျောက်ကျန့်ကော်တိုဟာသူငယ်ချင်းအရင်းတွေပါ. .သူတိုတွေဟာလေထီးတပ်သားအဖြစ်တာဝန်ထမ်းဆောင်ပြီး အိမ်ပြန်လာတဲ့အခါ ဝူဟောက်ရဲ့မိန်းမဖောက်ပြန်နေတာသိလိုက်ရတဲ့အတွက်ကျောက်ကျန့်ကော်ကလက်လွန်ပြီးသူ့မိန်းမနဲ့ဖောက်ပြန်နေတဲ့သူကိုသတ်လိုက်မိပြီးထွက်ပြေးတိမ်းရှောင်ရင်း Ewenkiမျိုးနွယ်စုတိုနေထိုင်တဲ့တောင်ပေါ်ရဲ့တောင်အောက်နားမှာရှိတဲ့သစ်စက်မှာပုန်းလျှိးပြီးနေနေရပါတယ်ကျောက်ကျန့်ကော်လက်လွန်ပြီးသတ်လိုက်မိတဲ့သူရဲ့အစ်ကိုဟာလည်းသူ့ညီကိုသတ်တဲ့သူကိုမြေလှန်ရှာမယ်ဆိုပြီး နေရာအနှံလိုက်ရှာနေပါတယ်..ဒီလိုနဲ့သစ်စက်မှာကျောက်ကျန့်ကော်က ဝူဟောက်နာမည်နဲ့ရပ်တည်နေတဲ့အခါ..ဝူဟောက်ကဘာများဖြစ်သွားလိုလဲ.နောက်ကွယ်မှာဘယ်လိုအကြောင်းတွေရှိနေတာလဲ..Ewenkiတွေကိုရွှေ့ပြောင်းပေးဖိုရောက်လာတဲ့ရဲမူးရောက်လာချိန်မှာတော့ဝူဟောက်အကြောင်းကိုစုံစမ်းဖိုဖြစ်လာတဲ့အခါဆက်လက်ကြည့်ရှုကြပါနော် #Credit
Показать все...
Выберите другой тариф

Ваш текущий тарифный план позволяет посмотреть аналитику только 5 каналов. Чтобы получить больше, выберите другой план.