ru
Feedback
Christopher Nolan ၏ လက်ရာမွန်များ

Christopher Nolan ၏ လက်ရာမွန်များ

Открыть в Telegram

ခရစစ်တိုဖာ နိုလန် Collection

Больше
4 164
Подписчики
+3224 часа
+1917 дней
+78930 день
Архив постов
Don't try to understand , Just feel it . [ Christopher Nolan ] @Movielinkprovider3
Don't try to understand , Just feel it . [ Christopher Nolan ] @Movielinkprovider3

နိုလန်ဟာ Following (1998), Memento(2000), Insomnia (2002), The Prestige(2006), TDK Triology(2005-12), Inception(2010), Interstellar(2014), Dunkrik(2017), Tenet( 2020) နဲ့ Oppenheimer (2024) စတဲ့ သူ့ရုပ်ရှင် အားလုံးကို ကိုယ်တိုင်ဇာတ်ညွှန်းရေးခဲ့ပြီး Dunkirk / Interstellar / Followning / Inception နဲ့ Tenet တို့ရဲ့ Story Line အပြည့်အစုံကိုလည်း ကိုယ်တိုင်‌ရေးခဲ့တဲ့သူပါ။

နိုလန်ရိုက်ကူးခဲ့တဲ့ကားတွေ ကြည့်ပြီး မျက်စိလည်နေကြတဲ့ သူတွေ အတွက် အချင်းချင်း ပြန်လည် မျှဝေရှင်းပြဖို့ Facebook Group လေးပါ။ https://www.facebook.com/share/p/WQKtw6E2UUycgDcS/?mibextid=A7sQZp

Following 1998 ‧ Thriller/Crime ‧ 1h 10m ခရစစ်တိုဖာ နိုလန်ရဲ့ ပထမဆုံး ရိုက်ခဲ့တဲ့ကား ရှိတဲ့ ပိုက်ဆံလေးနဲ့ ကမ္ဘာကျော်အောင် ရို
Following 1998 ‧ Thriller/Crime ‧ 1h 10m
ခရစစ်တိုဖာ နိုလန်ရဲ့ ပထမဆုံး ရိုက်ခဲ့တဲ့ကား ရှိတဲ့ ပိုက်ဆံလေးနဲ့ ကမ္ဘာကျော်အောင် ရိုက်ခဲ့တဲ့ ကား‌လေးပါ။ Followingဟာ ဘာတစ်ခုမှမသိဘဲ ကြည့်သွားရင် ပိုအရသာရှိမယ့် ရုပ်ရှင်ပါပဲ။ ခံစားမှုကို။လမ်းကြောင်းပေးစရာမလိုပါဘူး။ ဇာတ်လမ်းအကျဉ်းလည်း။ရေးစရာမလိုပါဘူး။ ရေးလည်းမရေးတတ်ပါဘူး။

The Dark Knight Rises (2012) @Movielinkprovider3

The Dark Knight Triology (2005-12) Batman Begins (2005) The Dark Knight (2018) The Dark Knight Rises (2012) နိုလန် ရိုက်ကူးခဲ
+2
The Dark Knight Triology (2005-12)
Batman Begins (2005) The Dark Knight (2018) The Dark Knight Rises (2012) နိုလန် ရိုက်ကူးခဲ့တဲ့ ကားတွေ ချည်းဘဲ့မို့ တစ်မျိုးတစ်ဖုံ ဆီ ထူးခြားမှု ရှိပါတယ်ဗျ။

Memento (2000) Remastered 1080p @Movielinkprovider3

”Christopher Nolan ဟာ Following ဆိုတဲ့ ဒေါ်လာ 6000 လောက်သာကုန်ကျတဲ့ ဇာတ်ကားကိုရိုက်ကူးပြီး ဒါရိုက်တာအဖြစ် ခြေလှမ်းစခဲ့တယ်။ အဲဒီကားနဲ့ သူ့ကိုစတင်အာရုံစိုက်စေခဲ့ပြီး သူ့ရဲ့ ဒုတိယကားမှာတော့ ဒေါ်လာငါးသန်းလောက် budget ရခဲ့ပါတယ်။ အဲ့ဒီကားက Memento ပါပဲ။ Christopher Nolan ရဲ့ဇာတ်ကားတွေထဲမှာလည်း The dark knight, Inception တို့နဲ့အတူ အကြိုက်မိဆုံးဇာတ်ကားတစ်ကားပါ။သူပြေးနေသည်။ သူနှင့်မလှမ်းမကမ်းမှာ လူကြီးတစ်ယောက်ပြေးနေသည်။
“ငါဘာလုပ်နေတာလဲ………….သြော် ငါသူ့နောက်ကိုလိုက်နေတာပဲ” ထိုလူကြီးက သူ့ကိုသေနတ်နှင့်ပစ်လိုက်သည်။ “မဟုတ်ဘူး……..သူက ငါ့ကိုလိုက်နေတာ”

Memento 2000 ‧ Thriller/Mystery ‧ 1h 53m သူ………ည တစ်ရေးနိုးလာခဲ့သည်။ အိပ်ရာပေါ်က သူ့ဘေးမှာ သူ့ဇနီးရှိမနေ။ အပေါ့သွားတာဖြစ်ရမည်။
Memento 2000 ‧ Thriller/Mystery ‧ 1h 53m သူ………ည တစ်ရေးနိုးလာခဲ့သည်။ အိပ်ရာပေါ်က သူ့ဘေးမှာ သူ့ဇနီးရှိမနေ။ အပေါ့သွားတာဖြစ်ရမည်။ အင်း……….မဟုတ်သေးဘူး။ သူ့စိတ်ထဲမှာ သူ့ရဲ့ဇနီး အိပ် ရာပေါ် ဘယ်တော့မှပြန်မလာတော့မှာကို တစ်နည်းတစ်ဖုံ သိနေသည်။ ရေချိုးခန်းထဲက ရုန်းရင်းဆန်ခတ်အသံတွေ………………….ရိုင်းစိုင်းမှုတွေ……………အသနားခံမှုတွေ………။ သေချာသွားပြီ………သူ့ဘဝထဲမှာ သူ့ဇနီးရှိမနေတော့ဘူး။ အဲဒါကလွဲပြီး ကျန်တာသူမသိ။ မနေ့ညက သူဘာလုပ်ခဲ့လဲ၊ မနက်လင်းရင်သူဘာလုပ်ရမှာလဲ သူမသိ။ သူ့ကိုယ်ပေါ်က tattoo တွေ ဘယ်လိုပေါ်လာလဲသူမသိ။ သူ မှန်ရှေ့မှာရပ်ကြည့်လိုက်ရင်တော့ သူ့ရင်ဘတ်ပေါ်မှာ မှန်စာလိုရေးထားတဲ့ အထင်ရှားဆုံး tattoo ကိုတွေ့လိမ့်မယ်။ “John G. raped and murdered my wife.

Insomnia [2002] (MM Sub) @Movielinkprovider3

Insomnia 2002 ‧ Thriller/Mystery ‧ 1h 58m ဇာတ်လမ်းး အကျဉ်းလေးကတော့ အလက်စကာ မြို့ကို အပို့ခံလိုက်ရတဲ့ စုံထောက်ကြီးဟာ တစ်နေ့မှာ
Insomnia 2002 ‧ Thriller/Mystery ‧ 1h 58m ဇာတ်လမ်းး အကျဉ်းလေးကတော့ အလက်စကာ မြို့ကို အပို့ခံလိုက်ရတဲ့ စုံထောက်ကြီးဟာ တစ်နေ့မှာ မိန်းကလေး တစ်ယောက်အသတ်ခံရတဲ့ အမှုကိုလိုက်ရင်း မတော်တဆ သူ့ တွဲဖက်ကိုသေနတ်နဲ့ ပစ်လိုက်မိပါတယ် ဒါပေမဲ့စုံထောက်ဟာ သူ့အပြစ်ကို ဝန်ခံရမယ် အနေအထားကနေမထင်မှတ်ထားတဲ့ အလီဘိုင် တစ်ခုကိုပြနိုင်ခဲ့ပြီး အပြစ်ကနေလွတ်သွားပါတယ် ဒါပေမဲ့ သူ့ဟာ သူ့ကိုသူတော့ လိပ်ပြာမသန့်ခဲ့ပါဘူး ဒီလိုနဲ့ တစ်နေ့မှာ သူ့ အကြောင်းတွေကို သိထားတဲ့ တစ်ယောက်က သူ့ကိုခြိမ်းခြောက်အကြပ်ကိုင်လာတဲ့ အခါမှာတော့ ကဲ စုံထောက်ကြီး ဘယ်လိုတုံ့ပြန်မလဲ နောက်ကွယ်က သူကကောဘယ်သူလဲ ဘယ်လို အရှုပ်ထုတ်တွေကြောင့် သမိုင်းရှုပ်နေလဲဆိုတာကိုတော့ မထတမ်းကြည့်ကြရမှာပါ။

The Precinct 2010 1080p @Movielinkprovider3

The Precinct 2010 ‧ Mystery/Drama ‧ 1h 58m ဒီ ဇာတ်ကားက ကျွန်တော့်ရဲ့ အကြိုက်ဆုံးဇာတ်ကားပါ…သတိရတိုင်းပြန်ကြည့်မိသလို ပြန်ကြည့်
The Precinct 2010 ‧ Mystery/Drama ‧ 1h 58m ဒီ ဇာတ်ကားက ကျွန်တော့်ရဲ့ အကြိုက်ဆုံးဇာတ်ကားပါ…သတိရတိုင်းပြန်ကြည့်မိသလို ပြန်ကြည့်မိတိုင်းလဲ သရုပ်ဆောင်တွေရဲ့ လေးနက်မှုတွေက ကျွန်တော့်ဆီ အချိန်တိုင်း စီးဆင်းဆဲပါပဲ…တစ်ကားလုံး ဘယ်နေရာမှ ပစ်ရက်စရာမရှိတဲ့ ဒါရိုက်တာနိုလန်ရဲ့တင်ဆက်မှုပါ..လူ့ဘဝဆိုတာ ကြိုးမျှင်မျှင်လေးတစ်ခုနဲ့တင်းစီးခေါ်ဆောင်ရာကို လိုက်ပါအသက်ရှင်နေရသလို ခံစားလာစေပါတယ်…တကယ်တော့ လူ့ဘဝဆိုတာလဲ မျက်လှည့်ရှိုးပွဲတစ်ခုပဲမလား…အစစ်တွေရှိနေသလို လှည့်စားခြင်းတွေနဲ့ အစီအစဉ်တကျ တစ်စုံတစ်ယောက်က ကိုယ့်ကိုလှည့်စားနေတာပါပဲ…ဒါပေမယ့် ကျွန်တော်တို့က အစစ်ကိုလဲမမြင်ချင်ကြပါဘူး…ဘာလို့လဲဆိုတော့…ကျွန်တော်တို့ကိုယ်တိုင်ကိုက လှည့်စားခံချင်နေလို့ပါပဲ။