cookie

Мы используем файлы cookie для улучшения сервиса. Нажав кнопку «Принять все», вы соглашаетесь с использованием cookies.

avatar

မြန်မာစာတန်းထိုး ဗီဂျေး ဘိုင်ရာဘာ ဘာဟုဘာလီ မြန်မာဇက်ကားကောင်း

Больше
Мьянма16 834Бирманский14 239Фильмы106 824
Рекламные посты
312
Подписчики
Нет данных24 часа
Нет данных7 дней
Нет данных30 дней

Загрузка данных...

Прирост подписчиков

Загрузка данных...

Фото недоступноПоказать в Telegram
Goosebumps 2 - Haunted Halloween (2018) နံပါတ် 1 နဲ့ အောင်မြင်လာတဲ့ Goosebumps ဟာ အခုနံပါတ် 2 ဆက်လက်ထွက်ရှိလာပါတယ်။နံပါတ် 1 မှာတော့ စာအုပ်ထဲက သရဲတွေ ထွက်လာတာဖြစ်ပြီးနံပါတ် 2 ရဲ့ ဇာတ်လမ်းလေးကတော့ ဒီလိုဗျ။နီကိုလတ်စ် တက်စ်လာရဲ့ မြို့လေးဖြစ်တဲ့ ဝါဒန်ကလိုက်ဖ်မှာအမှိုက်ညီနောင်များလို့ သူတို့ကိုယ်သူတို့ခေါ်တဲ့ ဆိုနီနဲ့ ဆမ်ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ရှိပါတယ်။ သူတို့ဟာ အမှိုက်ဟောင်းတွေကို လိုက်ရှင်းပြီးတော့ ရတနာပစ္စည်းတွေတွေ့လာမယ်လို့ စိတ်ကူးယဉ်နေတဲ့ ခလေးနှစ်ယောက်ပဲ ဖြစ်ပါတယ်။တစ်နေ့မှာတော့ အမှိုက်ညီနောင်ထံကို ဖုန်းဝင်လာပြီးတဲ့နောက်မှာဖုန်းထဲက လိပ်စာနောက်လိုက်ရင်း လူသူစွန့်ပစ်ထားတဲ့အိမ်ပျက်ကြီးတစ်ခုဆီ ရောက်လာကြပါတယ်။အဲဒီ့ကြောက်စရာကောင်းတဲ့ အိမ်ပျက်ကြီးကို ရှင်းလင်းရင်းနဲ့ အမှတ်မထင်သေတ္တာတစ်လုံးကို တွေ့ရှိခဲ့ပြီး ရတနာပစ္စည်းတွေ ပါမယ်လို့ မျှော်လင့်ပြီးအားရပါးရဖွင့်လိုက်ပေမယ့် အထဲမှာ စာအုပ်လေးတစ်အုပ်သာသော့ခတ်လျက်ရှိနေတာကို တွေ့ရပါတယ်။မကြာမှီမှာပဲ စာအုပ်လေးနားမှာ ဆလပ်ပီလို့ခေါ်တဲ့ အရုပ်တစ်ရုပ်ပေါ်လာခဲ့ပြီးဆလပ်ပီကသူ့အစွမ်းတွေနဲ့ ဆမ်နဲ့ ဆိုနီရဲ့အခက်အခဲတွေကို ကူညီပေးခဲ့ပါတယ်။
Показать все...
👍 2
Фото недоступноПоказать в Telegram
Goosebumps (2015) အောက်တိုဘာ 16 ရက်နေ့ 2015 မှာ ထွက်ရှိထားတဲ့ GooseBumps ဆိုတဲ့ဇာတ်ကားလေးနဲ့မိတ်ဆက်ပေး ချင်ပါတယ်..ဒီဇာတ်ကားကို ဒါရိုက်တာ Rob Letterman က ရိုက်ကူးတင်ဆက်ထားပြီးတော့ IMDb Rate က 6.6 ပဲဖြစ်ပါတယ်..ဟာသနဲ့ မကောင်းဆိုးဝါး စတဲ့ဇာတ်အိမ်ကို တွဲဖက်ရိုက်ကူးထားပြီး ကြည့်ရှုသူတွေ အနေနဲ့ သဘောကျမယ့် ဇာတ်ကားမျိုးဖြစ်ပါတယ်..ဇာတ်လမ်းအညွှန်းပြောရမယ်ဆိုရင်နယူးယောက်မြို ကနေပြောင်းလာတဲ့ Zach တိုသားအမိဟာ ထူးဆန်းတဲ့ R. L. Stine တိုသားအဖနဲ့ အိမ်နီးချင်းများ ဖြစ်လာကြပြီး Zach က Stine ရဲ့သမီးအချော အမောဖြစ်တဲ့ Hannah ကိုစိတ်ဝင်စားလျက် ရှိပါတယ်။ Stine က သည်းထိတ်ရင်ဖို ဇာတ်လမ်းတွေကို ရေးသားတဲ့ စာရေးဆရာ တစ်ယောက် ဖြစ်ပြီး သူ၏သမီးနှင့် Zach ခင်မင်တာကို မနှစ်သက်ဘဲ Zach ကိုသူ့သမီးနှင့် ဝေးဝေးမှာနေဖို ပြောကြားထားပါတယ်။ တစ်နေ့မှာတော့ Zach နှင့် သူ့သူငယ်ချင်းတိုဟာ Stine ရဲ့အိမ်ကို ခိုးဝင်ပြီး Hannah နှင့်တွေ့ဖိုကြိုးစားရာက Zach သူငယ်ချင်းက Stine ၏ သော့ခတ်ထားတဲ့ စာအုပ်တစ်အုပ်ကို အမှတ်မထင်ဖွင့်ကြည့်လိုက်မိပါတယ်။ အဲဒီအချိန်မှာပဲ Stine ဖန်တီးထားတဲ့ စာအုပ်ထဲက မကောင်းဆိုးဝါးတွေဟာ အသက်ဝင်ပြီး အပြင်ကိုထွက်လာပါတယ်။
Показать все...
1:30:16
Видео недоступноПоказать в Telegram
Goosebumps 2 - Haunted Halloween (2018)
Показать все...
841.09 MB
🥰 1
Фото недоступноПоказать в Telegram
Vinaya Vidheya Rama (2019) တေလဂူးမင်းသားချော ရမ်ချာရန်း အများအခေါ် ဘိုင်ရာဗာရယ်လို့ လူကြိုက်များတဲ့ မင်းသားရဲ့ ၂၀၁၉ မွာ ထြက္လာခဲ့တဲ့ကား ဆိုတာကို အထူးတလည် မိတ်ဆက္ဖို့ လိုမယ်မထင်ပါ။ သ်ိပ်ကိုဆင်းရဲနွမ်းပါးတဲ့ မိဘမဲ့ကလေး၄ယောက်မှာတနေ့တော့ ရထားလမ်းဘေးမှာ ကလေးတစ်ယောက် ကောက်ရခဲ့ပါတယ်။ရမ်ချာရန်းပါပဲ။သူ့ကို မွေးစားခဲ့တဲ့ ကလေး၄ယောက်ကိုအစ်ကိုကြီးတွေအဖြစ် သိပ်ကို ချစ်ရပါတယ်။ အိပ်မပျော်ခင် နောက်ဆုံးတွေးတဲ့ အတွေးနဲ့မနက်အိပ်ယာထချိန် အေစာဆုံး တွေးတဲ့ အတွေးတောင်သူတို့ လေးယောက် အဖို့ပါ။အဲ့သလောက်ကို ချစ်ပါတယ်။သူတို့လေးယောက်ရဲ့ ဇနီးတွေနဲ့ အတူရမ်းချာရန်ဟာ နေထိုင်ခဲ့တယ်။ မိန်းမလား ဟင့်အင်း စိတ်မဝင်စား ပညာရေးလား  ဟင့်အင်း စိတ်မဝင်စားဘာဆို ဘာမှ မစဉ်းစားဘဲ အစ်ကို လေးယောက်အတွက်ပဲစဉ်းစားတတ်သူပါ။သူတို့အတွက်ဆို အသက်တောင်ပေးမလောက်ပဲ။ တနေ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် အစ်ကိုနဲ့လတ်တလော မဲဝင်ပြိုင်မယ့် ပါတီဝင်တွေနဲ့စကားများရာကစပြဿနာတက်ခဲ့ရမှာတော့..ကဲ ကိုယ်တိုင် ခံစားရမယ့် အချိန် ရောက်ရှိခဲ့ပါပြီဗျာ။ဇာတ်ကားထွက်ခဲ့စဉ်မှာတော့ ဝေဖန်မှု အမျိုးမျိုးနဲ့ ကြုံခဲ့ရပေမဲ့ဒီမင်းသားကားကို မဖြစ်မနေကြည့်ချင်သူတွေ အများကြီးပဲဆိုတာ ယုံကြည်ပါတယ်။
Показать все...
👍 2
Фото недоступноПоказать в Telegram
Srimanthudu [2015] မြန်မာစာတန်းထိုး ================ IMDb Ratings : 7.7/10 Genre : Action,Drama,Romance Run Time : 2hr 38 mins Language : Telugu ဒီတစ်ခါတော့ ပရိတ်သတ်ကြီးအတွက် အိန္ဒိယတောင်းပိုင်း မင်းသား မာဟစ်ရ်ှဘာဘူရဲ့ အက်ရှင်ကားတစ်ကား ဇာတ်လမ်းတော့ မပြောပြတော့ပါဘူး တစ်ခါလောက်ကြည့်ရုံနဲ့ မာဟစ်ရ်ှကို သဘောကျသွားစေမယ့် ကားဖြစ်ပြီး မင်းသမီးလေးကလည်း အရမ်းချောပါတယ် Ratinngs ခပ်မြင့်မြင့် ဇာတ်အိမ်ခိုင်မာတဲ့ ကားမို့ Spoil ခံရမှာ မတန်ပါဘူး တစ်ခါတစ်လေ ဘေးက အကူမပါပဲ လမ်းလျှောက်မှ ကိုယ်တိုင်လမ်းလျှောက်ရတဲ့ အရသာကို သိပြီး ကိုယ်တိုင် လမ်းလျှောက်တတ်ပါတယ် ဒီလိုပါပဲ ဇာတ်လမ်းကို ကိုယ်တိုင်ခံစားပြီး မှတ်ချက်အမျိုးမျိုးပေးကြရင်း... ကိုယ်ကြိုက်သလို ကိုယ်ခံစားလိုက်ကြပါလို့...
Показать все...
ဇီဇာကြောင်ပြီး ချေးများတဲ့ အပျိုကြီးတွေကို ကြုံဖူးပါသလား။ ဇီ‌ဇာကြောင် ချေးများရုံဘယ်ကဦးမလဲ ပစိပစပ်ကများသေးတာမျိုးဗျာ။ သိတယ်မလား ဘယ်ယောက်ျားမှ နွားမထင် မှားလို့ လူမထင်တဲ့အမျိုးတွေပေါ့‌ဗျာ။ ဟိုအပင်ပေါ်က သစ်သီးတွေ အချိန်လွန်ရင် ပုပ်လိမ့်မယ်ဆိုတဲ့သီချင်းအတိုင်း အရွယ်လွန် အပျိုဟိုင်းကြီးဘဝနဲ့ အဆုံးသတ်တော့မယ့် မမကြီးတွေပေါ့ဗျာ။ ဒါပေမယ့် ဒီဇာတ်ကားထဲက မင်းသမီးကတော့ ရှိသင့်တဲ့အလှအပ ရင့်ကျက်မှုတွေအကုန်အပြည့်အစုံဆုံးအရွယ်မှာ အတောက်ပဆုံးလင်းလက်နေတဲ့ ကြယ်လေးတစ်စင်းလို လှပလွန်းသူလေးပါ..... ဒီအပျိုကြီးကြယ်လေးကို မြင်မြင်ချင်းကြွေသွားရသူကတော့ ပဲရစ်ကလာတဲ့ဒီဇိုင်းဗိသုကာပညာရှင်ကောင်လေးပေါ့.... ဒီတော့ ဒီဇိုင်းဗိသုကာပညာရှင်ကောင်‌ဆိုးလေးတစ်ယောက် အပျိုကြီးမမအချောအလှရဲ့ အချစ်ကို ရနိုင်ပါ့မလား ၊ ကြားထဲမှာ ဘယ်သူတွေဝင်လာကြမယ် ၊ ဘယ်လိုအရှုပ်‌ထုပ်တွေ ဝင်မွှေမယ် ၊ ဘယ်လို ဟာ သ အလွဲတွေနဲ့ ပြုံးနေရမယ်ဆိုတာကိုတော့..... အချစ်ရိုမန့်ဇာတ်ကားကောင်းကောင်းကိုမှ မျှော် လင့်နေရင်တော့ ဒီဇာတ်ကားက အသင့်တော်ဆုံးပါပဲ။ ဇာတ်ကားလေးကဗျာ ဘယ်လိုပြောရမလဲ...ပြုံးပြုံးပြီး သဘောခွေ့ပြီးတော့ကို ကြည့်ရတဲ့ အချစ်ရိုမန့်ဇာတ်ကားလေး။
Показать все...
Выберите другой тариф

Ваш текущий тарифный план позволяет посмотреть аналитику только 5 каналов. Чтобы получить больше, выберите другой план.