ru
Feedback

Не попадитесь на канал ботавода! Telemetrio находит и помечает такие каналы 👉 Хотите видеть метку — оформите подписку 👈

𝙉𝙚𝙬 𝙈𝙤𝙫𝙞𝙚 𝘾𝙝𝙖𝙣𝙣𝙚𝙡- 2

𝙉𝙚𝙬 𝙈𝙤𝙫𝙞𝙚 𝘾𝙝𝙖𝙣𝙣𝙚𝙡- 2

Открыть в Telegram

📈 Аналитический обзор Telegram-канала 𝙉𝙚𝙬 𝙈𝙤𝙫𝙞𝙚 𝘾𝙝𝙖𝙣𝙣𝙚𝙡- 2

Канал 𝙉𝙚𝙬 𝙈𝙤𝙫𝙞𝙚 𝘾𝙝𝙖𝙣𝙣𝙚𝙡- 2 (@nt_work2) языкового сегмента Бирманский является активным участником. Сейчас сообщество объединяет 114 521 подписчиков, занимая 1 569 место в категории Фильмы и 871 место в регионе Мьянма.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 114 521 подписчиков.

Согласно последним данным от 08 октября, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -3 133, а за последние 24 часа — -110, при этом общий охват остаётся высоким.

  • Статус верификации: Не верифицирован
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 0%. В первые 24 часа после публикации контент обычно набирает N/A% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 0 просмотров. В течение первых суток публикация набирает 0 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 0.

📝 Описание и контентная политика

Описание канала не предоставлено.

Благодаря высокой частоте обновлений (последние данные получены 09 октября, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Фильмы.

114 521
Подписчики
-11024 часа
-7987 дней
-3 13330 дней
Архив постов
Secrets in the Hot Spring (2022) ဒီကားလေးကတော့ ဟော်ရာဟာသဇာတ်ကားလေးပဲဖြစ်ပါတယ်။ ချင့်ရှောင်ကျင်းဆိုတဲ့ကောင်လေးက အထက်တန်းကျောင်
Secrets in the Hot Spring (2022) ဒီကားလေးကတော့ ဟော်ရာဟာသဇာတ်ကားလေးပဲဖြစ်ပါတယ်။ ချင့်ရှောင်ကျင်းဆိုတဲ့ကောင်လေးက အထက်တန်းကျောင်းကို ၅နှစ်တက်နေရတဲ့ကောင်လေးပါ။ အဒေါ်တွေဦးလေးတွေနဲ့အတူနေပြီး ဉာဏ်မကောင်းတဲ့ကောင်လေးတစ်ယောက်ပေါ့။ တစ်နေ့ကျောင်းမှာ ပြဿနာတက်ရင်း Gayမလေးကိုကြိုက်နေတဲ့သူအဖြစ်နာမည်ကြီးလာခဲ့ပါတယ်။ Gayမလေးဆိုသူရဲ့ နာမည်ကတော့ ဆုလီဟန်ဖြစ်ပြီး နာမည်ပြောင်ကတော့ မင်းသမီးလေးဖြစ်ပါတယ်။ နောက်ထပ်ဇာတ်ကောင်တစ်ခုကတော့ လုချင်းဖြစ်ပြီး သူဟာ ရှောင်ကျင်းနဲ့ ဆုလီဟန်တို့ရဲ့သူငယ်ချင်းပါ။       ဆောင်းရာသီကျောင်းပိတ်ရက်မှာတော့ သူတို့သုံးယောက်ဟာ ရှောင်ကျင်းရဲ့အဖိုးအဖွားတည်ထောင်ထားတဲ့ ဟိုတယ်ကိုသွားခဲ့ကြပါတယ်။ ဟိုတယ်ဟာ ခြောက်ကပ်ကပ်နဲ့ ချုံးချုံးကျနေပြီးကြောက်ဖို့လည်းကောင်းပါတယ်။ အဲ့ဟိုတယ်ကြီးမှာ နောက်ပိုင်းဖြစ်ပျက်လာတဲ့အရာတွေကို ဟာသကားဆန်သော်လည်း horror scene တွေကို သေချာရိုက်ပြထားတဲ့ကားလေးတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးတာကတော့ Adrian ဖြစ်ပါတယ်

Anaconda 2024 ဇာတ်ကားသစ် ဒီကားလေးကတော့ ထိုင်ဝမ်မင်းသမီးနဲ့ ဟောင်ကောင်မင်းသားကြီးတွေ ပါဝင်သရုပ်ဆောင်ထားတဲ့ဧရာမမြွေဆိုးကြီးကိုရ
Anaconda 2024 ဇာတ်ကားသစ် ဒီကားလေးကတော့ ထိုင်ဝမ်မင်းသမီးနဲ့ ဟောင်ကောင်မင်းသားကြီးတွေ ပါဝင်သရုပ်ဆောင်ထားတဲ့ဧရာမမြွေဆိုးကြီးကိုရင်ဆိုင်တဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်။သွေးအေးပြီးရက်စက်တဲ့တရားမဝင်မုဆိုးကြီးတစ်ယောက်ဟာ ထိုင်းမိုးရေတောမှာနေတဲ့ အန်ဒါကွန်ဒါဧရာမမြွေကြီးကိုဖမ်းဖို့ကြိုးစားနေပါတယ်။ အဲဒီအချိန်မှာ ဖျော်ဖြေဖို့အတွက်ရောက်လာတဲ့ ဆက်ကပ်အဖွဲ့လေးဟာ လမ်းတစ်ဝက်မှာမြစ်ကြောင်းပိတ်နေတာနဲ့ကြုံပြီး ဖြေရှင်းဖို့ကြိုးစားရင် မုဆိုးကြီးနဲ့ဆုံတွေ့တဲ့အခါ ကယ်တင်ရှင်လို့ထင်ထားခဲ့ပေမယ့် တကယ်တော့ ဂြိုလ်ဆိုးဒုက္ခတွေကိုသယ်လာပေးတဲ့သူဖြစ်နေပါတယ်။ ဘယ်လိုနည်းလမ်းနဲ့ဖမ်းရပါစေ ဧရာမမြွေကြီးကိုရအောင်ဖမ်းဖို့ ကြိုးစားတဲ့မုဆိုးကြီးကြောင့် ဆက်ကပ်အဖွဲ့လေးဟာ အန္တရာယ်ထဲရောက်သွားခဲ့ပါတော့တယ်။ သားရဲတိရိစ္ဆာန်တို့ကြီးစိုးတဲ့တောထဲမှာ သူတို့ဟာအသက်ရှင်လွတ်မြောက်ဖို့ဖြစ်နိင်ပါဦးမလား .....

နာမည်ကြီးမင်းသားဂျက်လီနဲ့ကားဆိုတာနဲ့တင်ပြောစရာကိုမလိုတော့ပါဘူး.. ဒီကားကတော့ ကြည့်ဖူးသမျှဂျက်လီရဲ့ကားတွေထဲမှာ အကောင်းဆုံးနဲ့အမ
နာမည်ကြီးမင်းသားဂျက်လီနဲ့ကားဆိုတာနဲ့တင်ပြောစရာကိုမလိုတော့ပါဘူး.. ဒီကားကတော့ ကြည့်ဖူးသမျှဂျက်လီရဲ့ကားတွေထဲမှာ အကောင်းဆုံးနဲ့အမိုက်ဆုံးကားတစ်ကားဆိုရင်လည်းမမှားပါဘူး… မိစ္ဆာတွေကိုလိုက်ဖမ်းတဲ့ကျောင်းတိုင်ဘုန်းတော်ကြီးဖအိုင် အဖြစ်ဂျက်လီကိုမြင်ရမှာဖြစ်ပါတယ် သူဟာမိစ္ဆာပေါင်းစုံကိုလိုက်လံနှိမ်နင်းဖမ်းဆီးပြီးတော့ကျောင်းဆောင်အပေါ်ထပ်မှာချုပ်နှောင်ထားရပါတယ် လိုက်လံဖမ်းဆီးနေတဲ့အချိန် တခြားအရပ်မှာတော့ မိစ္ဆာမြွေမလေး ၂ ယောက်ထဲကအမဖြစ်သူ စုစုဟာလူသားယောက်ျားလေးတစ်ယောက်ကို ရုတ်တရက်မြင်မိရာကနေချစ်ကြိုက်မိသွားပါတယ် တစ်ကားလုံးနီးပါး စိတ်ဝင်တစားကြည့်ရမှာဖြစ်ပြီးတော့ လူသားကောင်လေးတစ်ယောက်နဲ့မိစ္ဆာမြွေမလေးတစ်ယောက်ရဲ့အချစ်ဇာတ်လမ်းဟာ အားလုံးရဲ့စိတ်ကိုအဆုံးထိဆွဲဆောင်သွားမှာကလည်းဒီဇာတ်ကားရဲ့ထူးခြားချက်တစ်ခုလိုပါပဲ… ဂျက်လီဇာတ်ကားတိုင်းမှာ ဖိုက်တင်အလန်းတွေနဲ့ကြည့်ရမှာဆိုပေမယ့်လည်းဒီဇာတ်ကားကတော့ သနားစရာအချစ်ဇာတ်လမ်းလေးတစ်ခုကို ဇာတ်အိမ်တည်ပြီးတော့ရေးသားထားတာကြောင့်ဝမ်းနည်းသွားစေရမယ့်ရသကိုအပြည့်ဝခံစားရမှာ ပဲဖြစ်ပါတယ်

Arahan (2004)
Arahan (2004)

The first myth clash of gods 2021 CM ကနေဒီတစ်ခါတင်ဆက်ပေးချင်တဲ့ရုပ်ရှင်လေးကတော့ Three Kingdom (三国演义) တို့လို ဂန္တဝင်စာပေဝတ္ထု
The first myth clash of gods 2021 CM ကနေဒီတစ်ခါတင်ဆက်ပေးချင်တဲ့ရုပ်ရှင်လေးကတော့ Three Kingdom (三国演义) တို့လို ဂန္တဝင်စာပေဝတ္ထုဖြစ်တဲ့ Investiture of the Gods (封神榜) ကိုမှီငြမ်းထားတဲ့ ကားလေးတစ်ကားကို ချပြပေးလိုက်ချင်ပါတယ်။ ဒီထဲမှာ သူတည်းတစ်ယောက် ကောင်းဖို့ရောက်မူ သူတစ်ယောက်မှာ ပျက်လင့်ကာသာ ဓမ္မတာတည်း ဆိုတဲ့အတိုင်း ထီးနန်းစည်းစိမ်အာဏာမှာယစ်မူးနေတဲ့ ရှန်းခေတ်ရဲ့နောက်ဆုံးဘုရင် ရှန်းကျုတ်ဘုရင်က သူ့ထီးနန်းတည်တံ့ဖို့ရာ အပြစ်မဲ့ပြည်သူကို နှိပ်စက်ပြီးသစ္စာရှိတဲ့မူးမင်းမတ်ရာတွေကိုပြည်နှင်ဒဏ်စေလွှတ်ခဲ့တယ်။ ဒါကို အမတ်ချုပ်ဖြစ်တဲ့ကျန်းကျီယာကမနှစ်မြို့တာကြောင့် နတ်ဘွဲ့တံဆိပ်အပ်နှင်းတဲ့ စာလွှာကိုပြင်ဆင်ပြီး ကောင်းကင်ဘုံကသတ်မှတ်တဲ့ရှင်ဘုရင်သစ်ကို တင်မြှောက်ဖို့ကြိုးစားပါတယ်။ ကျန်းကျီယာကတော့ အမတ တစ်ပါးဖြစ်ပြီးသူ့ဆရာတူညီတော် ရှန်းကုန်းပေါက်ကတော့ရှန်းကျုတ်ရဲ့မင်းဆရာလည်းဖြစ်၊ ရှန်းကျုတ်ကိုအားပေးအားမြှောက်ပြုကာ စည်းစိမ်အာဏာမှာယစ်မူးနေခဲ့တယ်။

My Blue Summer [2022] " ကျွန်မဒိုင်ယာရီအထူးကြီးတစ်အုပ်ရေးခဲ့ဖူးတယ်။ ဒိုင်ယာရီထဲကစကားလုံးတိုင်းကဖော်ပြနေခဲ့တာ လူတစ်ယောက်ထဲရဲ့အ
My Blue Summer [2022] " ကျွန်မဒိုင်ယာရီအထူးကြီးတစ်အုပ်ရေးခဲ့ဖူးတယ်။ ဒိုင်ယာရီထဲကစကားလုံးတိုင်းကဖော်ပြနေခဲ့တာ လူတစ်ယောက်ထဲရဲ့အကြောင်းကိုပဲ။ ဒီကမ္ဘာပေါ်မှာထိန်းသိမ်းဖိုအလွယ်ဆုံးနဲ့ ဖျက်ဆီးဖိုအလွယ်ဆုံးက တစ်ဖက်သတ်အချစ်ပဲ။ ကျွန်မအဆက်မပြတ်အလုပ်တွေရှုပ်အောင်လုပ်နေခဲ့တာ သူနဲ့ အဲဒီတုန်းကအချိန်တွေကိုမေ့ပစ်ဖိုပဲ။ " (လော့ကျီ) "ငါတိုအတူတူနှစ်သက်ခဲ့တဲ့ မိုးရာသီက ငါ့အတွက်ခက်ခဲတဲ့နေ့ရက်တွေအဖြစ် ပြောင်းသွားခဲ့တယ်။ " (ရှန့်ဟွိင်နန်) တစ်ခါတုန်းကစာတော်ပြီးထူးချွန်တဲ့ အထက်တန်းကျောင်းသူလေးလော့ကျီက ရှန့်ဟွိင်နန်ဆိုတဲ့ကောင်လေးတစ်ယောက်ကို တစ်ဖက်သတ်ချစ်နေခဲ့တယ်။ ကောင်လေးကတော့ ဒါတွေကိုမသိခဲ့ပါဘူး။ အထက်တန်းပြီးသွားတော့ သူတိုနှစ်ယောက်က တက္ကသိုလ်တစ်ခုတည်းပဲဆိုတာ လော့ကျီသိလိုက်ရတယ်။ နှစ်ယောက်သားမထင်မှတ်ပဲပြန်ဆုံတွေ့ပြီး ရင်းနီးလာကြခဲ့တယ်။ ရင်ထဲကအချစ်တွေကိုတော့ဖော်မပြရဲခဲ့ပါဘူး၊ ကြီးပြင်းလာရင်း ဘဝရဲ့ဖိအားတွေနဲ့ သူတိုရဲ့အချစ်တွေက ဘယ်လိုဖြစ်သွားမလဲဆိုတာကို ငယ်ရွယ်တဲ့ကျောင်းသားဘဝကို ပြန်လည်လွမ်းဆွတ်အမှတ်ရရင်း ချိုချိုမြိန်မြိန်ကြည့်လိုက်ပါဦးနော်။

အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ကြားထဲ ရောက်လာတဲ့ တတိယလူ... ➪➪➪➪➪➪➪➪➪➪➪➪➪➪ Soulmate တရုတ်ဗားရှင်း 😍 သူငယ်ချင်းသံယောဇဉ် အကြောင်းတ
အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ကြားထဲ ရောက်လာတဲ့ တတိယလူ... ➪➪➪➪➪➪➪➪➪➪➪➪➪➪ Soulmate တရုတ်ဗားရှင်း 😍 သူငယ်ချင်းသံယောဇဉ် အကြောင်းတွေ ချစ်ခြင်းမေတ္တာတွေ အကြောင်းကို မင်းသမီး၂ယောက်က ဆွဲဆောင်ရှင်းပြသွားသလိုပါပဲ။Qiyue နဲ့ Ansheng တို့ဟာ ညီမတွေထက်တောင်ချစ်ကြတဲ့သူငယ်ချင်းနှစ်ယောက်ပါ။အေးအေးဆေးဆေးနေတတ်တဲ့ Qiyue နဲ့ လွတ်လွတ်လပ်လပ်ပျော်ပါးနေတတ်တဲ့ Anshengတို့ ကြားထဲကို Jaiming ဆိုတဲ့ကောင်လေးတစ်ယောက်ရောက်လာပါတော့တယ်။ဇာတ်လမ်းကတော့ အဲ့ဒီအကြောင်းတွေကို ပြန်တွေးတဲ့ပုံစံနဲ့ စတင်ထားတာပါ။ HongKong Film Award ကို ဆွတ်ခူးထားပြီး Imdb Rating ကလဲ7.6 တောင်ရရှိထားတာမို့အထွေအထူးမညွန်းတော့ပဲ

Spiritual Kung Fu (1978) ဂျက်ကီချန်းရဲ့ လွန်ခဲ့တဲ့ 40 နှစ်ကျော်က နာမည်ကြီးခဲ့တဲ့သိုင်းကားလေးတစ်ကားပါ။ ဂျက်ကီချန်းပရိတ်သတ်တွေက
Spiritual Kung Fu (1978) ဂျက်ကီချန်းရဲ့ လွန်ခဲ့တဲ့ 40 နှစ်ကျော်က နာမည်ကြီးခဲ့တဲ့သိုင်းကားလေးတစ်ကားပါ။ ဂျက်ကီချန်းပရိတ်သတ်တွေကတော့ တကယ်ကိုကြိုက်ခဲ့ကြတဲ့ကားလေးတစ်ကားဆိုလည်း မမှားပါဘူး။ ဒီဇာတ်ကားကတော်တော်လေးကိုကြာနေခဲ့ပါပြီ။ ဂျက်ကီချမ်းနဲ့ သရဲငါးကောင်ဆိုရင် သိသူတွေတော်တော်များမယ်ထင်ပါတယ်။ ဇာတ်လမ်းအစကတော့ရှောင်လင်ကျောင်းရဲ့ သိုင်းကျမ်းကို သူခိုးခိုးသွားတာကနေစတင်ထားပါတယ်။ ထိုသိုင်းကျမ်းကိုမည်သူခိုးသွားတာလဲ၊ ထိုသိုင်းကျမ်းရဲ့ ပျောက်ဆုံးနေတဲ့တန်ပြန်သိုင်းကျမ်းကကော ဘယ်နေရာမှာလဲ၊ သရဲငါးကောင်နဲ့ မတော်တဆတွေ့မိတဲ့ဂျက်ကီချန်းကကော ထိုသရဲတွေဆီမှာသိုင်းပညာသင်နိင်မှာလား စသဖြင့် လှည့်ကွက်မျိူးစုံနှင့် ပရိတ်သတ်အကြိုက်တွေ့စေမယ့် ဇာတ်ကားကောင်းလေးပါ။

Almost Love (2022) အသက်(၁၈)နှစ်အရွယ် ချစ်ရဲကြိုက်ရဲ လုပ်ရဲ သတ္တိရှိတဲ့မိန်းကလေးတစ်ယောက် – ယွီကျောင်းရန် အတန်းဖော်သူငယ်ချင်းတွ
Almost Love (2022) အသက်(၁၈)နှစ်အရွယ် ချစ်ရဲကြိုက်ရဲ လုပ်ရဲ သတ္တိရှိတဲ့မိန်းကလေးတစ်ယောက် – ယွီကျောင်းရန် အတန်းဖော်သူငယ်ချင်းတွေက ကျောင်းရန်ကို“အမှိက်ပုံး”လို နာမည်ပြောင်ပေးပြီး ရှောင်ဖယ်ထားကြတဲ့အချိန် သူ့ဘဝကိုအလင်းဓာတ်ပေးခဲ့တဲ့ “ကျိုးချန့်”နဲ့တွေ့ခဲ့တယ် ပန်းချီဆွဲရတာကြိုက်တဲ့ ကျိုးချန့်ကမိဘရဲ့ဖိအားပေးမှုအောက်မှ ဆက်မဆွဲခဲ့ပေမဲ့ ကျောင်းရန်ရဲ့အားပေးမှုကြောင့် ပန်းချီဆွဲတဲ့လမ်းကြောင်းပေါ် တစ်ဖန်ပြန်လျှောက်ခဲ့တယ် ကျောင်းသားဘဝကနေ လူ့အဖွဲအစည်းထဲဝင်တဲ့အချိန်ထိ အတူတူလက်တွဲခဲ့ပြီး အနာဂတ်အတွက် အဆက်မပြတ်ကြိုးစားနေကြတယ် အတူတူကြိုးစားနေစဉ်မှာ ကျောင်းရန်ရဲ့တစ်ခုတည်းသော အိမ်မက်လေးကတော့ တစ်ရက်မှာကျိုးချန့်နဲ့လက်ထပ်ဖိုပဲနောက်ဆုံးမှာတော့ ကျိုးချန့်မင်္ဂလာဆောင်ပွဲမှာ ကျောင်းရန်ထွက်ပေါ်လာခဲ့တယ် ကျောင်းရန်ကသတိုသမီးအနေနဲ့ပေါ်လာတာလား? ဆိုတာကို အလှည့်အပြောင်းမျိုးစုံနဲ့ကြည့်ရှုရမှာဖြစ်ပါတယ်....

"Evil Spider" (2023) မိစ္ဆာဂိုဏ်းကို နှိမ်နင်းခဲ့ပြီးနောက် နဂါးဂိုဏ်းခေါင်းဆောင် လန်ယန်ဟာ လုံတူးမြိုကို တည်ထောင်ခဲ့ပြီး တိုင်
"Evil Spider" (2023) မိစ္ဆာဂိုဏ်းကို နှိမ်နင်းခဲ့ပြီးနောက် နဂါးဂိုဏ်းခေါင်းဆောင် လန်ယန်ဟာ လုံတူးမြိုကို တည်ထောင်ခဲ့ပြီး တိုင်းပြည်တည်ငြိမ်ဖိုအတွက် လုံချွဲတပ်ကို ဖွဲစည်းခဲ့တယ်။ ၁၂ နှစ်ကြာပြီးနောက်မှာ နဂါးဂိုဏ်းကို ပင့်ကူတွေက တိုက်ခိုက်ခဲ့တယ်။ လန်ယန်လဲ အဆိပ်မိသွားပြီး တစ်မြိုလုံးမှာ ဘေးအန္တရာယ်တွေနဲ့ ပြည့်နှက်နေတယ်။ လုံချွဲတပ်ခေါင်းဆောင် ဖန်းယွမ်နဲ့ နတ်မယ်တော် ကျီးရှင်းယဲ့တိုဟာ မိစ္ဆာမြိုမှာ နတ်သမားတော် ကျန်းလျန်ဟွာကို ရှာပုံတော်ထွက်ခဲ့ပါတယ်။ သူတို ၃ ယောက်သား အခက်အခဲအဆင့်ဆင့်ကို ဘယ်လို ကျော်ဖြတ်ကြမလဲ...... မိစ္ဆာဂိုဏ်းဆက်ခံသူတိုက မြိုတော်ငြိမ်းချမ်းရေးကို ဖျက်ဆီးမဲ့ အကြံအစည်တွေကို တားဆီးနိုင်ပါ့မလားဆိုတာကိုခံစားကြည့်ရှုလိုက်ရအောင်နော်။