cookie

Мы используем файлы cookie для улучшения сервиса. Нажав кнопку «Принять все», вы соглашаетесь с использованием cookies.

avatar

Anti - Junta Alliance Yangon(AJAY)

Anti - Junta Alliance Yangon(AJAY) https://www.facebook.com/antijuntaallianceyangon?mibextid=ZbWKwL

Больше
Рекламные посты
203
Подписчики
Нет данных24 часа
Нет данных7 дней
Нет данных30 дней

Загрузка данных...

Прирост подписчиков

Загрузка данных...

6👍 1
3
တရုတ်ပြည်သူ့သမ္မတနိုင်ငံ တာဝန်ရှိသူများနှင့် တရုတ်ပြည်သူများသို့ မြန်မာပြည်သူလူထု၏ သဘောထားဆန္ဒနှင့် ပြည်သူ့တော်လှန်ရေးကြီး အခြေအနေမှန်ကို သိရှိနိုင်ပါရန် ပေးပို့သည့် အိတ်ဖွင့်ပေးစာ ●__๑۩۩__● ရက်စွဲ။ ဒီဇင်ဘာလ (၁၇) ရက် ၂၀၂၃ ခုနှစ်။����သို့ မစ္စတာ ရှီကျင့်ဖျင် အထွေထွေအတွင်းရေးမှူးချုပ် တရုတ်ပြည်ကွန်မြူနစ်ပါတီ သို့ မစ္စတာ ရှီကျင့်ဖျင် နိုင်ငံတော်သမ္မတ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သို့ မစ္စတာ ဝမ်ယိ နိုင်ငံခြားရေးဝန်ကြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ သို့ ပြည်သူ၊ ပြည်သားများ တရုတ်ပြည်သူ့သမ္မတနိုင်ငံ��� “ဖက်ဆစ် အကြမ်းဖက် စစ်အုပ်စု အသက်ဆက်ရေး ဆွေးနွေးပွဲများ . . . အလိုမရှိ-အလိုမရှိ” “တရုတ်-မြန်မာ အနာဂတ်အတွက် အဖိနှိပ်ခံ ပြည်သူများနဲ့ အတူရပ်ပါ” ��“ဖက်ဆစ်တပ်နဲ့ပေါင်းပြီး မြန်မာပြည်သူတွေကို သတ်နေတာ ချက်ချင်းရပ်” {တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေး၊ ဘုံအကျိုးစီးပွားများကို ထိန်းသိမ်းမြှင့်တင်ရေး၊ စစ်မှန်သည် “ဆွေမျိုး-ပေါက်ဖော်” ဆက်ဆံရေးတို့ကို တည်ဆောက်နိုင်ရန် မျှော်ရည်လျက် မြန်မာပြည်သူလူထုတရပ်လုံး၏ သဘောထားဆန္ဒနှင့်အညီ ဤအိတ်ဖွင့်ပေးစာကို အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (General Strike Coordination Body - GSCB) အပါအဝင် အောက်ဖော်ပြပါ မြန်မာလူထုအခြေပြုနှင့် တော်လှန်ရေး အဖွဲ့အစည်းပေါင်း (၂၅၅) ဖွဲ့က ပေးပို့ပါသည်}�����အိတ်ဖွင့်ပေးစာကို သိမ်းဆည်းဖတ်ရှုရန်နှင့် ပြန်လည်မျှဝေရန် >>> https://tinyurl.com/2cnf6mcs AJAY Telegram Link - https://t.me/ajayyangon AJAY Facebook Link - https://www.facebook.com/antijuntaallianceyangon?mibextid=ZbWKwL
Показать все...
4
လုံခြုံရေး တင်းကြပ်ထားသည့်ကြားမှ ရန်ကုန်မြို့တွင် သပိတ်အင်အားစုများစုပေါင်း၍ လူထုသပိတ်တိုက်ပွဲပြုလုပ် ရန်ကုန် နိုဝင်ဘာ ၂၅၊ ၂၀၂၃။ စစ်ကောင်စီမှ လုံခြုံရေး အထူးတင်းကြပ်ထားသည့် ရန်ကုန်မြို့တွင် ယနေ့နံနက် အစောပိုင်းက လူထုသပိတ်တိုက်ပွဲတရပ်ကို စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစုနှင့်အတူ သပိတ်အင်အားစုများ ပူးပေါင်း ဖော်ဆောင်ခဲ့ကြသည်။ တိုက်ပွဲတွင်ပါဝင်သူ ကိုနန်းလင်းမှ လက်ရှိနွေဦးတော်လှန်ရေး အခြေအနေအရပ်ရပ်ကို ပြည်သူလူထုထံသို့ အကျဥ်းချုံး အစီရင်ခံဟောပြောခဲ့သည်။ ကိုနန်းလင်းမှ “လူထုကြီးရဲ့ ရွပ်ရွပ်ချွံချွံတော်လှန်မှုကြောင့် ဒီကနေ့မှာတော့ အာဏာလောဘ တက်ပြီး လူထုကို ဖိနှိပ်နေတဲ့ မင်းအောင်လှိုင် စစ်အုပ်စုဟာ မရှုမလှ အရေးနိမ့်နေပါပြီ၊ပြိုကျနေပါပြီ..။ ပျက်စီးနေပါပြီ”ဟု ဟောပြောခဲ့သည်။ “တိုင်းပြည်ကို တကယ်ချစ်ရင်၊ တပ်မတော်ကို ကယ်တင်ချင်ရင် ကိုယ်ကျိုးရှာ စစ်ဗိုလ်ချုပ်တွေ လက်အောက်ကနေ အမြန်ဆုံး ရုန်းထွက်ပြီး ကျွန်တော်တို့ ပြည်သူများနဲ့ အတူပူးပေါင်းပါ၊ ပြည်သူနဲ့ အတူရပ်တည်ပါ၊ ပြည်သူ့ရင်ခွင် ခိုဝင် ကြပါ.ဒီနည်းလမ်းနဲ့ သာ ခင်ဗျားတို့လည်း အသက်ရှင်မယ်၊ လူထုလည်း စိတ်ချမ်းသာမယ်၊ တိုင်းပြည်နဲ့ တပ်မတော်ကိုလည်း ပြန်တည်ဆောက်နိုင်ပါလိမ့်မယ်”ဟု မြန်မာ့တပ်မတော်သားများထံသို့လဲ ရည်ရွယ်၍ ဟောပြောခဲ့သည်။ အဆိုပါ လူထုသပိတ်တိုက်ပွဲတွင် ပြည်သူလူထုများမှ လက်ခုပ်တီးခြင်း၊ လက်သုံးချောင်းထောင်ခြင်း၊ ကြွေးကြော်သံများ သံပြိုင် ကြွေးကြော်ရင်း အတက်ကြွဆုံးပါဝင်ခဲ့ကြသည်။ သပိတ်အပြီးအနည်းငယ်အကြာ ထိုဈေးအတွင်း စစ်ကောင်စီတပ်သားများ ဝင်ရောက်လာပြီး ပြည်သူများအား စစ်ဆေးဖမ်းဆီးနေကြောင်းလဲ သိရသည်။ #YangonStrikes #AJAY
Показать все...
6🔥 5👍 1
4
Фото недоступноПоказать в Telegram
5
အမှန်တရားကို အချိန်မီ သိမြင်၍ ပြည်သူ့ရင်ခွင်သို့ အလင်းဝင်ရောက်လာသော ခလရ ၁၂၉မှ ပြည်သူ့သူရဲကောင်းများအား ဂုဏ်ပြုမှတ်တမ်းလွှာ။ ရက်စွဲ - ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၄ရက်။ ၁။ ယနေ့တွင် ခလရ ၁၂၉မှ ပြည်သူ့သူရဲကောင်း၊ စစ်သားကောင်းဇာနည်တို့သည် အဖက်ဖက်မှ ကျရှုံးလာ‌နေသော စစ်ကောင်စီကို စွန့်ခွာ၍ ပြည်သူ့ရင်ခွင်သို့ ပြန်လည်ကာ အလင်းဝင် ခိုရောက်လာကြောင်း ကြားသိရသဖြင့် မိမိတို့မှာ အတိုင်းမသိ ဝမ်းသာပီတိဖြစ်ရပါသည်။ ၂။ စစ်မိစ္ဆာကို ပြတ်ပြတ်သားသား စွန့်ပယ်ကာ မိမိတို့၏ အသက်အန္တရာယ်ကို ငဲ့ကွက်၍ ပြည်သူ့ထံ ခိုဝင်လာခြင်းကို ပြည်သူလူထုတရပ်လုံးနှင့်တကွ မိမိတို့သပိတ်အင်အားစုများမှ နွေးထွေးလှိုက်လှဲစွာ ကြိုဆိုပါကြောင်းနှင့် ဝမ်းမြောက်မိပါကြောင်း ထုတ်ပြန်အပ်ပါသည်။ ၃။ မိမိနှင့်တကွ တပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များ၏ အသက်အန္တရာယ်နှင့် ရေရှည်အနာဂတ်တို့ကို ငဲ့ညှာထောက်ထားလျက် တပ်ရင်းတစ်ခုလုံးကို ဦးဆောင်ဦးရွက်ပြု၍ ပြည်သူ့ရင်ခွင်သို့ ပြန်လည်ကာ အရောက်ခေါ်ဆောင်လာနိုင်ခဲ့‌သော တပ်ရင်းမှူး ဗိုလ်မှူးကျော်ရဲအောင်၏ ခေါင်းဆောင်ကောင်းပီသမှု၊ တာဝန်ယူလိုမှုနှင့် တာဝန်ခံလိုစိတ်ရှိမှုတို့သည် သမိုင်းမှတ်ကျောက်တင်နိုင်ခဲ့ပြီဖြစ်ကြောင်းနှင့် ရဲရင့်ပြတ်သားသော ပြည်သူ့သူရဲကောင်းတစ်ဦးအဖြစ် မိမိတို့မှ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။ စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု Telegram channel - https://t.me/ajayyangon
Показать все...
Anti - Junta Alliance Yangon(AJAY)

Anti - Junta Alliance Yangon(AJAY)

https://www.facebook.com/antijuntaallianceyangon?mibextid=ZbWKwL

7
"ငါတို့လုံချည် ငါတို့အောင်ပွဲ" ယခင်နှစ် ယခုလိုနေ့မျိုးမှာ လုံခြုံရေးတင်းကြပ်နေတဲ့ ရန်ကုန်မြို့မှာ YRF မှ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့တဲ့ “ငါတို့လုံချည် ငါတို့အောင်ပွဲ” လှုပ်ရှားမှုကို အားလုံး အမှတ်ရကြမယ်ထင်ပါတယ်။ ဒီနှစ်မှာလဲ ကျွန်ုပ်တို့အနေနဲ့ ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံတဝန်းအပြင် Australia၊ Ukraine၊ New York၊ Czech Republic အစရှိတဲ့ ကမ္ဘာအနှံ့အပြားက နေရာတွေမှာပါ အလားတူလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။ ဒီလှုပ်ရှားမှုမှာ ပါဝင်ပေးခဲ့ကြတဲ့ လူအများစုကိုတော့ အားလုံးသိကြမယ်ထင်ပါတယ်။
Показать все...
👍 4 4
“တော်လှန် အလင်းဆောင် ရက်တစ်ထောင် ၊ မျှဝေကူညီ ပြည်သူ့အောင်ပွဲဆီ” ====================== ဖက်ဆစ်တပ်ရဲ့ ဖိနှိပ် ရက်စက် ဖြိုခွင်းမှုတွေကြားကနေ နွေဦးတော်လှန်ရေးမှာ ပြည်သူလူထု တစ်ရပ်လုံး ကြံ့ကြံ့ခံတိုက်ပွဲဝင်နေကြတာဟာ  အောက်တိုဘာလ ၂၉ ရက် ( သီတင်းကျွတ်လပြည်နေ့)ဆိုရင်  ရက်ပေါင်း (၁၀၀၀) တိတိ ပြည့်ပါပြီ။ ပြည်သူတွေရဲ့ ပါဝင်မှု၊ ပေးဆပ်မှု၊ ကူညီဝန်းရံမှုနှင့် စိတ်ခွန်အားတွေသာမရှိရင် ဒီအချိန်ထိ ကြံ့ကြံ့ခံ ရပ်တည်ဖို့ မလွယ်ကူနိုင်သလို ရှေ့ဆက်ရမယ့် မျှော်လင့်ချက်လည်း ရှိနိုင်မှာ မဟုတ်ပါဘူး။ ဒီလို တော်လှန်ရက် (၁၀၀၀) အထိ ကြံ့ကြံ့ခံနိုင်ဖို့ ပြည်သူတွေဟာ အသက်၊ သွေး၊ ချွေး၊ အိုးအိမ်စည်းစိမ်တွေနဲ့ ဘဝပေါင်းများစွာကို စတေးပြီး အရင်းအနှီး ကြီးကြီးမားမား ပေးဆပ်နေကြတဲ့အပေါ်  လေးလေးနက်နက် ဦးညွှတ် ဂုဏ်ပြုရပါတယ်။ အကြိမ်ကြိမ် အခါခါလည်း ဂါရဝပြုလိုက်ပါတယ်။ ရက်ပေါင်း (၁၀၀၀)ပြည့်တဲ့အထိ တော်လှန်ရေးမှာ ပါဝင်နေတဲ့ ပြည်သူတွေရဲ့ တန်ဖိုးနဲ့ အရေးပါမှုကို အတိအကျ ဖော်ပြပေးဖို့ထိ မစွမ်းနိုင်ပါဘူး။ တစ်ခု သေချာတာကတော့ တော်လှန်ပြည်သူများရဲ့ ကြိုးပမ်း ပေးဆပ်မှုများနဲ့ ထွန်းညှိထားတဲ့ နွေဦးအလင်းရောင်ဟာ တော်လှန်သူတွေနဲ့ တော်လှန်တဲ့ အဖွဲ့အစည်းတွေ ရှေ့ဆက်ရမယ့်လမ်းကို မြင်သာထင်သာ ဖြစ်အောင်လမ်းပြလျက် ရှိပါတယ်။ "တော်လှန် အလင်းဆောင်၊ ရက်တစ်ထောင်" "ပြည်သူတွေရဲ့ အထက်မှာ ဘယ်သူမှ မရှိ" ဆိုသလို၊ တော်လှန်ရေးဟာ ပြည်သူတွေ ကိုယ်တိုင် ပါဝင်တဲ့၊ ပြည်သူတွေ ပိုင်ဆိုင်တဲ့ တော်လှန်ရေး ဖြစ်ပါတယ်။ ပြည်သူလူထု လွတ်မြောက်ရေးအတွက် တော်လှန်ရေးမှာ ပါဝင်တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးသမားတိုင်း၊ တော်လှန်ရေး အဖွဲ့အစည်းတိုင်းဟာ ပြည်သူကို ဦးထိပ်ပန်ဆင်ရပါမယ်။ တော်လှန်ရေးသမားတွေဟာ ပုထုဇဉ်တွေဖြစ်တာနဲ့အညီ ပြည်သူတွေအပေါ်  အနိုင်ထက်စီးနင်း ပြုလုပ်တာ၊ ပြည်သူတွေ ဝန်ပိငြိုငြင်မယ့် ကိစ္စရပ်တွေကို လုပ်မိတာတွေ ရှိနိုင်သလို တော်လှန်ရေးကို အလွဲသုံးစားပြုလုပ်နေကြတဲ့ တော်လှန်ရေးသမား အမည်ခံ ဖောက်ပြန်ရေးသမားတွေလည်း ရှိတတ်ပါတယ်။ တော်လှန်ရေးသမားတွေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ အမြင်မတော်တာတွေနဲ့ မှားယွင်းလုပ်ဆောင်မှုတွေ ရှိလာရင်လည်း ကျနော်တို့ကို ပြည်သူလူထုကပဲ အားမနာတမ်း ဝေဖန်ဆုံးမ ပေးကြပါ။ တော်လှန်ရေးအင်အားစုတွေကိုလည်း ပြည်သူတွေလက်ထဲ အပ်ပါတယ်။ ပြည်သူက ဝေဖန်ဆုံးမနိုင်တဲ့ အခင်းအကျင်းနဲ့ ပြည်သူကပဲ အရှင်သခင်ဆိုတာ တော်လှန်ရေးအင်အားစု အသီးသီးက နားလည် လက်ခံယုံကြည်ပြီး ပြည်သူတွေအပေါ် အနိုင်ထက် ပြုကျင့်တာတွေကို ကိုယ့်ဘက်က သူတွေ ရှောင်ရှားနိုင်ဖို့ ရည်ရွယ်ပါတယ်။ ပြည်သူတွေဟာ အကြမ်းဖက် စစ်အုပ်စုရဲ့ မတရား ဖိနှိပ် အုပ်ချုပ်မှုဒဏ်ကို အလူးအလဲ ခံနေကြရတဲ့အပြင် လူမှုစီးပွားရေး ခက်ခဲကြပ်တည်းမှုဒဏ်ကိုပါ အကြီးအကျယ် ခံနေကြရပါတယ်။ အချို့နေရာမှာ မြွေပူရာကင်းမှောင့် ဆိုသလို သဘာဝဘေးဒဏ်ရဲ့ ထုထောင်းမှုဒဏ်ကိုပါ ခံနေကြရပါတယ်။ အထွေထွေ ခက်ခဲ ကျပ်တည်းမှုနှင့်အတူ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားနေရတဲ့ ပြည်သူတွေ များစွာရှိနေပါတယ်။ ဒီလို ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ ရုန်းကန် ခက်ခဲလျက်ရှိကြတဲ့ ပြည်သူတွေကို ကူညီစောင့်ရှောက်မယ့်သူဟာ ပြည်သူမှတပါး အခြားမရှိနိုင်ပါ။ ဒီစစ်ခွေးတွေရဲ့လူမဆန်တဲ့ လုပ်ရပ်တွေကြောင့် အရာရာတိုင်းမှာ ခက်ခဲစွာ ရုန်းကန်နေကြရတာ၊ လုံခြုံလွတ်လပ်မှု မရှိကြတာကို နားလည်ပါတယ်။ ဒါပေမယ့် တစ်စုံတစ်ရာ အဆင်ပြေတဲ့သူတွေက အဆင်မပြေတဲ့ သူတွေကို စာနာ မျှဝေပေးကြပါ။  ထောက်ပံ့ကူညီပေးကြပါ။ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်ဆိုင်ရာ အားပေးခြင်းတို့ကိုလည်း ပြုလုပ်ပေးကြပါ။  ပြည်သူမှ ပြည်သူချင်း နှုတ်၏ စောင်မခြင်း၊ လက်၏ စောင်မခြင်းတို့ဖြင့် ၊ကူညီဖေးမခြင်းဖြင့်  ပြည်သူလူထုရဲ့ ကြံ့ကြံ့ခံရပ်တည်နိုင်ရေးကို မြင့်တင်ပေးကြပါလို့ တိုက်တွန်းလိုပါတယ်။ ပြည်သူချင်း ကူညီရိုင်းပင်းမှု၊ ပြည်သူချင်း ဖေးမမှု၊ ပြည်တွေကြားက ညီညွတ်မှု‌တွေနဲ့အတူ နွေဦးအောင်ပွဲဆီကို ချီတက်ကြပါစို့။ “တော်လှန်ရက်တစ်ထောင်နှင့်အတူ ပြည်သူကို အလေးအမြတ်ပြုကြ ၊ ဖေးကူခြင်းနှင့် ရှေ့ဆက်ကြ “   #တော်လှန်သီတင်းကျွတ်ဆီးမီးတွေထွန်းညှိကြ #တော်လှန်ရက်တစ်ထောင် #အာဏာရှင်စနစ်ဟူသမျှ မုချကျရှုံးရမည်။ #အရေးတော်ပုံ အောင်ရမည်။ #ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုမုချ တည်ဆောက်နိုင်ရမည်။ #စစ်အာဏာရှင်ဆန့်ကျင့်ရေးရန်ကုန်အင်အားစု
Показать все...
3
👍 2
Перейти в архив постов
Выберите другой тариф

Ваш текущий тарифный план позволяет посмотреть аналитику только 5 каналов. Чтобы получить больше, выберите другой план.