ru
Feedback

Не попадитесь на канал ботавода! Telemetrio находит и помечает такие каналы 👉 Хотите видеть метку — оформите подписку

Mac Tonic

Mac Tonic

Открыть в Telegram
5 460
Подписчики
Нет данных24 часа
+107 дней
+3030 дней
Архив постов
photo content
+1

Charger တစ်ခုဝယ်မယ်ဆိုရင် အားသွင်းမြန်ဖို့လိုသလို ၊ သယ်ရလွယ်ဖို့လည်းလိုတယ်ဗျ ဒီအတွက် UGREEN 45W GaN Charger က ရွေးချယ်သင့်တဲ့ Option တစ်ခုပါ ‼️ဒီလကုန်ထိ Promo Price နဲ့ ရပါမယ်ခဗျာ ‼️ ☑ iPhone, MacBook Neo , MacBook Air, Pro ကနေ Nintendo Switch အထိ PD charging သုံးတဲ့ device အကုန်အားသွင်းလို့ရတယ် ☑ PD fast charging ကို အပြည့်အဝ support ပေးတဲ့အတွက် 45 W ထိအမြန်ဆုံး အားသွင်းနိုင်ပါမယ် ☑ iPhone, iPad, Samsung, Nothing ဖုန်းတွေသာမက PD charging support တဲ့ device အကုန်သုံးလို့ရပါတယ် ☑ ကျစ်ကျစ်‌‌သေးသေးလေးနဲ့မို့ ခရီးသွားတဲ့အခါဖြစ်ဖြစ် ၊ အပြင်ထွက်ရင်ပဲဖြစ်ဖြစ် ပေါ့ပေါးပါးပါး အေးဆေးထည့်သွားလို့ လွယ်ပါတယ် ☑ 45W charger အပြင် တဲ့ Type C to Type C Ugreen cable 1 meter ( braided cable ) ပါပါမယ်ခဗျာ UGREEN 45W Charger (Type C to Type C Cable included) Original Price -79,000 Ks ❌ Promo Price - 74,000 Ks ✅ 6 Months Warranty by Mac Tonic iPhone 17 Pro Max Cosmic Orange နဲ့ ဆင်တူ color လေးမို့ color match ပြီး အထာကျလို့ရပြီဗျာ Mac Tonic - Your Mac Friend Your Reliable Gadget Lab #FastCharging #GaNCharger #MacTonic

photo content

🌕 မင်္ဂလာရှိသော သီတင်းကျွတ်လပြည့်နေ့လေး ဖြစ်ပါစေ 🙏🏻✨ Mac Tonic ကို အစဉ်အမြဲ အားပေးချစ်ခင်ကြတဲ့ Customer တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိရင်း ပျော်ရွှင်အေးချမ်းဖွယ် သီတင်းကျွတ်လပြည့်နေ့လေး ဖြစ်ပါစေလို့ Mac Tonic မိသားစုမှ ဆုမွန်ကောင်းတောင်း​အပ်ပါတယ် ❤️

photo content

Magic Mouse လို Design မျိုးကို ကြိုက်ပေမယ့် Budget က 50,000 Ks ပဲ ရှိတယ်ဆိုရင်…👀 အထူးသဖြင့် Apple ရဲ့ Magic Mouse လိုမျိုး sleek ဖြစ်ပြီး ခပ်ပြားပြား minimal aesthetic ကို သဘောကျတဲ့သူတွေဆိုရင် ဒီ Acer Ultra-Slim Bluetooth Mouse လေးက အကြိုက်တွေ့စေမှာပါ သူ့ပုံစံက symmetrical curve design နဲ့ ပါးတဲ့ပုံစံကြောင့် အိတ်ထဲ အလွယ်တကူ ထည့်သယ်သွားလို့ရတယ် အဲ့ဒီ compact design ပေါ်မှာမှ ပိုပြီး smart ကျစေတာကတော့ mouse ပေါ်မှာရှိတဲ့ Digital Screen လေးပါ သူက Mouse ရဲ့ လက်ရှိ Battery Percent နဲ့ ချိတ်ထားတဲ့ mode ကို ပြပေးတဲ့အတွက် ဘတ်ထရီအားလက်ကျန်နဲ့ device mode ကို သိနိုင်တယ် အားကုန်သွားရင်လည်း အားပြန်သွင်းဖို့ Type-C port ကနေ ကြိုးထိုးပြီး အားပြန်သွင်းလို့ရတယ် Power Saving mode ပါတဲ့အတွက် 5 second လောက် နေရင် Display ကို ပိတ်ပေးတာမို့လည်း battery စားတော်တော်သက်သာပါတယ် Battery က အားအပြည့်သွင်းထားရင် အသုံးပြုပုံမူတည်ပြီး ၂ ပတ်ကနေ ၃ ပတ်အထိ အားခံသေးတယ် ပြီးတော့ ဒီ Mouse ကို Mac သုံးတဲ့သူတွေအပြင် iPad, Windows နဲ့ Android တွေမှာပါ သုံးနိုင်ပါသေးတယ် Bluetooth Device 2 ခု + 2.4G Receiver တစ်ခု ၊ စုစုပေါင်း Device 3 ခုအထိ ချိတ်ထားနိုင်ပြီး ချောချောမွေ့မွေ့ switch လုပ်ပြီး သုံးလို့ရပါတယ် Silent click ဖြစ်လို့ နားမငြီးတဲ့အပြင် Metal scroll wheel ကြောင့် budget mouse လို့တောင်မထင်ရဘူး👌 ဒါကြောင့် ကိုယ်က Sleek and Slim ဖြစ်တဲ့ Bluetooth mouse တစ်ခု လိုအပ်နေတယ် သို့မဟုတ် ကိုယ့် ကလေးတွေ လက်သေးလို့ mouse size သေးသေးပဲလိုချင်တာဆိုရင် ဒီကောင်လေးကို ရွေးချယ်သင့်ပါတယ်ခဗျာ Acer Ultra-Slim Bluetooth Mouse Price - 50,000 Ks 6 Months Warranty by Mac Tonic 🎁 Office Team နဲ့ Company တွေအတွက်လည်း အရေအတွက်အလိုက် အထူးလျှော့ဈေးနှုန်းများ နဲ့ ဝယ်ယူနိုင်ပါတယ်ဗျ ✅ မြို့တော်တော်များများ အိမ်ရောက်ငွေချေ (COD) မှာယူနိုင်ပါတယ်။

photo content
+1

ကြိုးတစ်ချောင်းတည်းနဲ့ Data ကူးမယ်၊ Monitor ချိတ်မယ်၊ အားသွင်းမယ် ဒါ့အပြင် Data ကူး Speed လည်း အမြင့်ဆုံးဖြစ်ရမယ်ဆိုရင်တော့ Data အမြန်နှုန်း 40Gbps 8K@60Hz Video Output 240W PD 3.1 Fast Charging ရတဲ့ USB 4.0 Cable ပြန်ဝင်ထားပါတယ်ဗျ ဒီ Cable ရဲ့ နောက်ထပ်မိုက်တဲ့အချက်က 48-spindle High-Density Braided Wire နဲ့ ပြုလုပ်ထားပြီး ကြိုးခေါင်းပိုင်းကို 220D Titanium Gray Aluminum Alloy Shell နည်းပညာသုံးထားလို့ ကြိုးခေါင်းကျိုးတာ၊ ကြိုးကြေတာမျိုးတွေ အထူးခံနိုင်ရည်ရှိပါတယ်။ အတွင်းပိုင်းမှာလည်း digital signal တွေရဲ့ နှောင့်ယှက်မှုနည်းစေဖို့ Dual-Layer Signal Shielding အုပ်ထားပြီး E-Marker Smart Chip (HJSB332D) ပါဝင်တာကြောင့် ဗို့အားနဲ့ Data တွေကို safety အပြည့် ထိန်းညှိပေးပါတယ်။ ဒီ cable ကိုတော့ MacBook နဲ့ High-End Laptop အသုံးပြုသူတွေ SSD speed အမြန်ဆုံးရချင်တဲ့သူတွေ Type-C port ပါတဲ့ Monitor မှာ တပ်သုံးချင်တဲ့သူတွေ အဓိကဝယ်သင့်ပါတယ် တချို့ user တွေ Charging Cable ကောင်းကောင်းဝယ်မယ် Data လည်း တခါတရံသုံးမယ် ကြိုး quality ကောင်းတာဆိုရင်လည်း...ဒါသာဝယ်သုံးပါ နောင်တမရစေရဘူး 👌 MOVESPEED USB 4.0 Cable Cable Length - 1.2 Meter Price - 47,000 Ks 🤝 Office Team နဲ့ Company တွေအတွက်အရေအတွက်အလိုက် အထူးလျှော့ဈေးနှုန်းများ နဲ့ ဝယ်ယူနိုင်ပါတယ် ✅ မြို့တော်တော်များများ အိမ်ရောက်ငွေချေ COD ရပ်တယ် ✅ Kpay, CBPay, AYAPay, WavePay တို့နဲ့လည်း prepaid ဝယ်ယူနိုင်ပါတယ်ဗျ

photo content

Macbook သုံးတဲ့သူတွေကြားထဲမှာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ လူသုံးအများဆုံး ဗီဒီယို Edit တဲ့ Tool ၃ ခုအကြောင်း ပြောကြရအောင် ပထမဆုံးကတော့ ရုပ်ရှင်လောကနဲ့ Professional Studio တော်တော်များများမှာ သုံးကြတဲ့ Adobe Premiere Pro ပဲဖြစ်ပါတယ်။ သူကတော့ အဆင့်မြင့် ဗီဒီယိုတည်းဖြတ်မှုတွေ၊ Motion Graphics တွေနဲ့ တခြား Adobe App တွေဖြစ်တဲ့ After Effects တို့ Photoshop တို့နဲ့ တိုက်ရိုက်တွဲသုံးရတာ အရမ်းအဆင်ပြေပါတယ်။ Mac ပေါ်မှာတင် မဟုတ်ဘဲ OS အစုံမှာ သုံးလို့ရတဲ့အပြင် တည်းဖြတ်မှုအပိုင်းမှာ ကိရိယာစုံလွန်းလို့ ကမ္ဘာတစ်ဝှမ်းမှာ ဒုနဲ့ဒေး သုံးနေကြတာပါ။ ဒုတိယတစ်ခုကတော့ အခုနောက်ပိုင်းမှ အရှိန်အဟုန်နဲ့ နာမည်ကြီးလာပြီး လူသုံးတော်တော်များလာတဲ့ DaVinci Resolve ပဲဖြစ်ပါတယ်။ သူ့ရဲ့ အဓိက အားသာချက်ကတော့ Color Grading အပိုင်းမှာ တခြား Software တွေထက် အများကြီး သာလွန်နေတာပါပဲ။ အခမဲ့သုံးလို့ရတဲ့ Version မှာတင် Function တွေ တော်တော်စုံစုံလင်လင် ပါဝင်တာကြောင့် နောက်ပိုင်း Cinematic Look လိုချင်တဲ့ ဗီဒီယိုသမားတွေနဲ့ Pro အရည်အသွေး ရချင်တဲ့သူတွေ Macbook ပေါ်မှာ အဓိကပြောင်းသုံးလာကြတဲ့ Tool တစ်ခုဖြစ်ပါတယ်။ တတိယတစ်ခုကတော့ Apple ရဲ့ ကိုယ်ပိုင် Software ဖြစ်တဲ့ Final Cut Pro အကြောင်း ပြောရရင်တော့ မပါမဖြစ်ပါပဲ။ သူက Macbook တွေရဲ့ M Series Chip တွေနဲ့ အံကိုက်ဖြစ်အောင် သီးသန့် Build လုပ်ထားတာမို့လို့ Rendering ဆွဲတာတွေ၊ Export ထုတ်တာတွေမှာ အတော်လေး မြန်ဆန်လှပါတယ်။ စက်မလေးဘဲ ချောချောမောမော သုံးချင်သူတွေ၊ Professional ပိုင်းသွားချင်တဲ့ Content Creator တွေနဲ့ Youtuber တွေကြားမှာ အနှစ်သက်ဆုံး Tool တစ်ခုပါပဲ။ မိတ်ဆွေတို့ရော ဘယ် tool, software ကို အကြိုက်ဆုံးလဲ? Mac Tonic - Your Mac Friend Your Reliable Gadget Lab

photo content
+3

Monitor Arm - NB F80 ပြန်ဝင်ပါတယ်ဗျ သယ်ယူစရိတ်တွေ တက်နေတဲ့အချိန်မှာ ဈေးအတန်ဆုံးဖြစ်အောင် လုပ်ထားပေးပါတယ် NB F80 - Single Arm mount - 17"-30" monitor size - VESA compliant 75×75mm 100×100mm - 2-9 kg weight Price - 242,000 Ks Yangon တာမွေ pickup ရပါမယ် Delivery ကတော့ နောက်အပတ်မှ အပ်လို့ရပါမယ်ဗျ ရန်ကုန်တစ်မြို့လုံးမှာ ဈေးအသက်အသာဆုံးလုပ်ထားတာမို့ လိုအပ်ရင် အမြန်ယူထားပါခဗျ 100% New & Authentic Limited stock

photo content

✨ Mac Tonic ရဲ့ Hero Product ဖြစ်လာတဲ့ 3-in-1 Laptop Sleeve ✨ များသောအားဖြင့် ဒီ 3-in-1 Sleeve ဝယ်သွားတဲ့ customer တွေက MacBook အိတ်ကို MacBook နဲ့ Fit ဖြစ်ပြီး စတိုင်ကျတဲ့ ပုံစံကို သဘောကျကြတယ် ဒါကြောင့်လည်း ဒီ Item လေးက Mac Tonic ရဲ့ Hero item လေးဖြစ်လာတာပါ😇 Feedback လေးနဲ့ အတူတင်လိုက်ပြီ 🫶 အခု 3-in-1 Sleeve ကို မသိသေးတဲ့သူဆိုရင်တော့ အောက်ကစာလေးဆက်ဖတ်ကြည့်ပါခဗျာ 3-in-1 Sleeve လေးက MacBook 13" နဲ့ 14" တွေအတွက် ထုတ်ထားတာဖြစ်လို့ MacBook သုံးသူတွေအတွက် အထူးသင့်တော်ပြီး Cafe, ကျောင်း သို့မဟုတ် ခရီးသွားတဲ့အခါမှာ Smart ကျကျ လွယ်ကူစွာ သယ်ဆောင်သွားနိုင်ပါတယ်။ 🔥 ဘာကြောင့် Mac Tonic 3-in-1 Sleeve ကို ရွေးချယ်သင့်တာလဲ? 1️⃣ 3-in-1 Multi-functionality Laptop Sleeve: MacBook ကို သပ်သပ်ရပ်ရပ် ထည့်သွင်းသယ်ဆောင်နိုင်ခြင်း Laptop Stand: အသုံးပြုရလွယ်ကူပြီး အလုပ်လုပ်ရတာ သက်တောင့်သက်သာရှိစေမည့် Stand အဖြစ် ပြောင်းလဲအသုံးပြုနိုင်ခြင်း Mouse Pad: သီးသန့် mouse pad ယူသွားစရာမလိုဘဲ Sleeve အပေါ်မှာတင်ပြီး အဆင်ပြေပြေ သုံးနိုင်ခြင်း 2️⃣ Premium Protection & Design Ultra-Soft Inner Texture: အတွင်းသား နူးညံ့တာကြောင့် MacBook body ကို အစင်းရာထင်ခြင်း၊ ခြစ်မိပွန်းမိခြင်းများမှ စိတ်ချစွာ ကာကွယ်ပေးပါတယ်။ Magnet Closure: Zip မဟုတ်ဘဲ Magnet အဖွင့်အပိတ်စနစ် ဖြစ်လို့ သုံးရတာ Smart ဖြစ်ပြီး Secure လည်း ဖြစ်ပါတယ်။ Splash Resistant: ရေစင်တာလောက်ကို စိုးရိမ်စရာမလိုဘဲ စိတ်အေးလက်အေး သုံးနိုင်ပါတယ်။ 📏 ရနိုင်သော Size နှင့် Price များ 👉 Small (S Size) – 58,000 Ks MacBook Neo နှင့် MacBook 13.6" ကို Cover မတပ်ထားသူများအတွက် 👉 Large (L Size) – 60,000 Ks MacBook 14" သမားများ နှင့် MacBook 13" ကို Cover တပ်ပြီး သုံးသူများအတွက် Office Team, Company, Retail Shop တွေအတွက်လည်း bulk price နှင့်ဝယ်ယူနိုင်ပါတယ်ဗျ ✅ မြို့တော်တော်များများ အိမ်ရောက်ငွေချေ ရရှိနိုင်ပါတယ် ✅ KPay, CBPay, WavePay, AyaPay တို့နဲ့လည်း prepaid ငွေပေးချေပြီး ဝယ်ယူနိုင်ပါတယ်

photo content

Mac သုံးတဲ့ Tech သမားတွေအကြားမှာ မကြာခဏ ကြားဖူးကြမယ့် "Ergonomics" ဆိုတာ ရိုးရိုးလေးပြောရရင် ကိုယ့်ရဲ့ ခန္ဓာကိုယ်နဲ့ အလုပ်လုပ်တဲ့ ပတ်ဝန်းကျင်ကို အဆင်ပြေဆုံး ဖြစ်အောင် ညှိယူပေးတဲ့ သိပ္ပံနည်းကျ အနုပညာတစ်ခုပဲ ဖြစ်ပါတယ်။ Mac တွေရဲ့ Sleek ဖြစ်တဲ့ Design နဲ့ မိုက်လှပါတယ်ဆိုတဲ့ Magic Keyboard/Trackpad တွေဟာ ကြည့်လို့လှပေမဲ့ ကြာကြာသုံးလာတဲ့အခါ Ergonomic အရမ်းမဖြစ်တာမို့ posture မှားတာကြာရင် ခန္ဓာကိုယ်ကို တော်တော်လေး ဒုက္ခပေးတတ်ပါတယ်။ Ergonomics ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ကွန်ပျူတာရှေ့မှာ နာရီပေါင်းများစွာ အလုပ်လုပ်နေရတဲ့သူတွေကို ပင်ပန်းနွမ်းနယ်မှု သက်သာစေဖို့နဲ့ ရေရှည်မှာ ဖြစ်လာနိုင်တဲ့ ကျန်းမာရေး ပြဿနာတွေကို ကာကွယ်ပေးဖို့ပဲ ဖြစ်ပါတယ်။ ဆေးပညာဆိုင်ရာအနေနဲ့ဆိုရင် Ergonomics မမှန်တဲ့အခါ ကျွန်တော်တို့မှာ Repetitive Strain Injury (RSI) လို့ခေါ်တဲ့ ထပ်ခါတလဲလဲ လှုပ်ရှားအသုံးပြုမှုတွေကြောင့် ကြွက်သား၊ အရွတ်နဲ့ အာရုံကြောတွေမှာ နာကျင်မှုနဲ့ ထိခိုက်မှုတွေ ဖြစ်လာနိုင်ပါတယ်။ ဒါတွေထဲမှာ Laptop နဲ့ MacBook သုံးသူတွေ အဖြစ်အများဆုံးကတော့ လက်ကောက်ဝတ် ထုံကျင်ကိုက်ခဲတာမျိုးနဲ့ Carpal Tunnel Syndrome အဖြစ်များကြပါတယ်။ Magic Mouse ဒါမှမဟုတ် Flat ဖြစ်တဲ့ Trackpad ကို ကြာကြာသုံးလို့ လက်ကောက်ဝတ် ဖိအားများရာမှဖြစ်တာ၊ ခေါင်းငုံ့ပြီး screen ကြည့်ရတာများလို့ ဇက်ကြောတက်ပြီး ဇက်ရိုးဆစ် နာကျင်တဲ့ Tech Neck၊ နဲ့ ခါးရိုးဆစ်ပြဿနာတွေ ပါဝင်ပါတယ်။ ဆေးပညာရှင်တွေနဲ့ အရိုးအဆစ် ဆရာဝန်တွေက ဒီလို ကျန်းမာရေးပြဿနာတွေကို ကုသတဲ့အခါ အကိုက်အခဲပျောက်ဆေးနဲ့ Supplement တွေအပြင် အဓိက ကုထုံးတစ်ခုအနေနဲ့ Ergonomic Adjustments ဆိုတဲ့ ပြင်ဆင်ပုံစံနဲ့ ထိုင်နည်းစနစ်တွေကို အဓိက ပြောင်းလဲခိုင်းလေ့ ရှိကြပါတယ်။ လက်တွေ့ဘဝမှာ Mac သုံးရင်း Ergonomic ဖြစ်အောင် ဘယ်လိုပြင်ဆင်မလဲဆိုရင် အလွယ်ကူဆုံး နည်းလမ်း အချို့ရှိပါတယ်။ MacBook/ Laptop သမားဆိုရင် မျက်လုံးနဲ့ screen ကို ငုံ့မကြည့်ရဘဲ တစ်တန်းတည်းဖြစ်အောင် Laptop Stand တစ်ခုခုနဲ့ မြှင့်ပေးပြီး External Keyboard နဲ့ Mouse ကို သီးသန့်တွဲသုံးသင့်ပါတယ်။ Magic Mouse က လက်ကောက်ဝတ်ကို ပြားစက်နေစေတာမို့ Ergonomic Vertical Mouse သို့မဟုတ် Ergonomic Mouse လေးတွေ ပြောင်းသုံးတာက လက်ကောက်ဝတ်အတွက် အများကြီး သက်သာစေပါတယ်။ ဒါ့ပြင် Mac OS ရဲ့ Display Resolution ကို သက်သောင့်သက်သာ ကြည့်လို့ရအောင် ချိန်ထားပြီး 20-20-20 Rule (မိနစ် ၂၀ တိုင်း စက္ကန့် ၂၀ ကြာ ပေ ၂၀ အကွာကို လှမ်းကြည့်ပေးခြင်း) နည်းလမ်းနဲ့ မျက်စိညောင်းတာကို သက်သာအောင် ပြုလုပ်ပေးလို့ ရပါတယ်။ မိတ်ဆွေတို့ရော Ergonomic ကိစ္စကို ဘယ်လိုမြင်လဲ Laptop/ MacBook သုံးရင်းဖြစ်တဲ့ ခန္ဓာကိုယ် ဒဏ်တွေကို ဘယ်လိုဖြေလျှော့လဲ ဆိုတာ share သွားပေးပါဦးခဗျ ❤️

ကြာပြီဆိုပေမဲ့… ဘယ်တော့မှ မရိုးသွားတဲ့ Productivity သမားတွေရဲ့ အသည်းစွဲ Logitech MX Master 3S! 🖱️✨ Specs & Compatibility • S
ကြာပြီဆိုပေမဲ့… ဘယ်တော့မှ မရိုးသွားတဲ့ Productivity သမားတွေရဲ့ အသည်းစွဲ Logitech MX Master 3S! 🖱️✨ Specs & Compatibility • Sensor: 8,000 DPI (tracks on glass) • Clicks: Quiet Clicks (90% less noise) • Scroll Wheel: MagSpeed electromagnetic (up to 1,000 lines/sec) • Buttons: 7 customizable buttons • Battery: Up to 70 days (USB-C fast charge) • Connectivity: Bluetooth & Logi Bolt USB Receiver • Compatibility: Windows, macOS, iPadOS, ChromeOS, Linux, and Android Price - 390,000 Ks Color - Graphite 1 Year Warranty by Logitech Thailand ✅ မြို့တော်တော်များများ အိမ်ရောက်ငွေချေရပါတယ် ✅ Kpay, CBPay, AYAPay, CBPay တို့နဲ့လည်း prepaid ငွေချေဝယ်ယူနိုင်ပါတယ်

ခုခေတ်လူငယ်တွေ Ear plug တွေကိုတော်တော်သုံးလာကြတာ သတိထားမိကြလားဗျ ဘာလို့တပ်ကြလဲဆိုတော့ ကျယ်ကျယ် လောင်လောင်ဆူညံသံတွေက စိတ်ညစ်ညူ
+1
ခုခေတ်လူငယ်တွေ Ear plug တွေကိုတော်တော်သုံးလာကြတာ သတိထားမိကြလားဗျ ဘာလို့တပ်ကြလဲဆိုတော့ ကျယ်ကျယ် လောင်လောင်ဆူညံသံတွေက စိတ်ညစ်ညူးစေသလို၊ ရေရှည်မှာလည်း နားကျန်းမာရေးကို ထိခိုက်စေတာကြောင့်ပါ ဆိုတော့ Mac Tonic မှာ Essager ရဲ့ Quiet Ear Plug လေးတွေ အသစ်ရောက်ထားပါတယ်ခဗျာ ENT ဆရာဝန်တွေကပါ ညွှန်းကြတဲ့ earplug မို့ စိတ်ချသုံးလို့ရပါတယ် ဆူညံသံတွေကို 45-49 dB အထိ လျှော့ချပေးတာမို့ တော်ရုံ Active Noise Cancellation earphone တွေနီးနီးကို ကောင်းပါတယ် ANC earphone တွေလို အားလည်းပြန်သွင်းစရာမလိုတာမို့ ဆူညံနေရင် နားထဲထည့်ပြီး မလိုတော့ရင် ပြန်ချွတ်ထားလိုက်ရုံပဲ ဒါ့အပြင် Earplug တစ်ခုလုံးကို Silicone နဲ့ပြုလုပ်ထားလို့ ညအိပ် တပ်ထားလည်း နားမနာပါဘူး Earplug tip လည်း စုစုပေါင်း size 4 ခုပါတာကြောင့် လူကြီး လူငယ်မရွေး သုံးလို့ရတယ် Essager Quiet Ear Plug Price - 35,000 Ks Color - Black ✅ မြို့တော်တော်များများ COD ဝယ်ယူနိုင်သလို KBZPay, CBPay, AYAPay, WavePay တို့နဲ့လည်း ငွေကြိုရှင်းပြီး ဝယ်ယူနိုင်ပါတယ်ခဗျ

photo content
+1

Anker ဆိုတာနဲ့ Performance & Quality က ငြင်းစရာကိုမလိုဘူး 👌 ဒါကြောင့် ကိုယ့် MacBook တွေ Surface Pro တွေအတွက် Quality စိတ်ချပြီး ဘက်စုံသုံးလို့ရတဲ့ Hub ရှာနေရင် Anker 7 in 1 Hub ကိုသာ ရွေးပါ Anker USB-C Hub (7-in-1) Key Features • Sleek 7-in-1 USB-C Hub • Flawless 4K@60Hz Video with HDMI • Double Up on Efficiency • Fast and Reliable 85W Charging ဒါ့အပြင် သူ့ရဲ့ HDMI က 4K Display ကို 60Hz အထိရပြီး SD & TF 3.0 Slot တွေပါ ပါတဲ့အတွက် SD card ထဲက data တွေကို 104MB/s အထိ data ကူးယူနိုင်မှာပါ Laptop တွေအတွက်ပဲမဟုတ်ဘူး iPhone 15,16,17,18 အပြင် iPad, Android, ROG Handheld PC တွေမှာပါ အသုံးပြုနိုင်ပါတယ် 🏷️ Price - 153,000 Ks 🛡️6 Months Warranty by Mac Tonic 🛡️ ✅ Warranty အတွက်လည်း Factory Error ပါရင် ရက်အကြာကြီးစောင့်စရာမလိုပဲ အသစ်ပြန်လဲပေးပါတယ် ✅ မြို့တော်တော်များများ အိမ်ရောက်ငွေချေစနစ်နဲ့လည်း မှာယူနိုင်ပါတယ်ဗျ