ru
Feedback
UPDATE - အညွှန်းသီးသန့်

UPDATE - အညွှန်းသီးသန့်

Открыть в Telegram
9 474
Подписчики
-424 часа
-77 дней
+5230 день
Архив постов
ငါးမန်းကားအသစ် Above & Below (2026) ဇာတ်လမ်းကတော့ မက္ကဆီကို ပင်လယ်ပြင်မှာ အပျော်ခရီးထွက်ပြီး ရေငုပ်ဖို့ ရောက်လာကြတဲ့ လူငယ်သူငယ်ချင်း ၅ ယောက်ဆီကနေ စတာပါ။ ဒါပေမဲ့ မတော်တဆ မူးယစ်ဂိုဏ်း (Cartel) ရဲ့ ကိုကင်းအထုပ်တွေကို ရှာဖွေတွေ့ရှိသွားရာကနေ အခြေအနေတွေ ဇောက်ထိုးမိုးမျှော် ဖြစ်သွားပါတော့တယ်။ သူတို့ လှေပေါ်ကို ရောက်လာတဲ့ Antonio Banderas ဦးဆောင်တဲ့ လက်နက်ကိုင် ရာဇဝတ်ဂိုဏ်းဟာ ရေထဲကျသွားတဲ့ မူးယစ်ဆေးတွေကို ပြန်ဆယ်ယူပေးဖို့ လူငယ်တွေကို အကျပ်ကိုင် ခြိမ်းခြောက်ပါတော့တယ်။ အဲဒီနောက်မှာတော့ ကောင်မလေးနှစ်ယောက်ဟာ ငါးမန်းကာ လှောင်အိမ် (Shark cage) ထဲ ဝင်ပြီး အောက်ခြေက ဆေးထုပ်တွေကို သွားဆယ်ရပါတော့တယ်။ ဒါပေမဲ့ လှေပေါ်မှာက သေနတ်ကိုင်ထားတဲ့ ရက်စက်တဲ့ မူးယစ်ဂိုဏ်းသားတွေ ရှိနေပြီး (Above)၊ ပင်လယ်အောက်မှာတော့ သွေးဆာနေတဲ့ ဧရာမ ငါးမန်းဖြူကြီးတွေ (Great White Sharks) ဝိုင်းရံထားတာကြောင့် (Below)၊ အောက်ဆီဂျင် ကုန်ခါနီး အချိန်မှာ အထက်နဲ့ အောက် ဘေးအန္တရာယ်နှစ်ဖက်ကြားကနေ အသက်ရှင်လွတ်မြောက်အောင် ဉာဏ်ဆင်ပြီး အသည်းအသန် ရုန်းကန်ရမယ့် သည်းထိတ်ရင်ဖို Survival ဇာတ်လမ်းကောင်းတစ်ခု ဖြစ်ပါတယ်။

ရင်နှစ်စရာကောင်းတဲ့ ခလေးနှစ်ယောက်ရဲ့ သံယောဇဉ် The Cure (1995) ငယ်ငယ်က သွေးသွင်းရာကနေ AIDSရောဂါပါ ကူးသွားတဲ့ ဒက်စ်တာနဲ့ ​ အိမ်တွင်းအကြမ်းဖက်ခံနေရတဲ့ အဲရစ် တိုရဲ့ လူငယ်သူငယ်ချင်းအချစ်ဇာတ်ကားလေး💔 အဲ့တုန်းက AIDS ဆိုတာ ဘယ်သူမှအနား တောင်အကပ်မခံ ချင်ကြတာကြောင့် အိမ်ပြောင်းလာခဲ့တဲ့ ဒက်စ်တာ က အဲရစ်အိမ်ဘေးကိုပြောင်းလာခဲ့ပါတယ်အပေါင်းသင်းနည်းတဲ့ အဲရစ်က ခြံခြင်းကပ်ရပ် ဒက်စ်တာနဲ့ စကားပြောရင်း တဖြေးဖြေး ရင်းနှီးလာခဲ့ပါတယ် အဲရစ်က အမေလစ်ပြီဆိုရင် ဒက်စ်တာနဲ့ ခိုးပြီးလာလာဆော့ပြီး AIDS ဖြစ်နေတဲ့ သူငယ်ချင်းကို အမြန်ဆုံးသက်သာချင်လို တွေ့ကရာ အပင်တွေ ဖျော်တိုက်လေ့ရှိတယ် အဲရစ်အဖျော်ကောင်းလို တစ်ရက် ဒက်စ်တာတစ်ယောက် အရေးပေါ်အခြေနေဖြစ်သွားတော့

Low Season [2020] ဇာတ်ကားနာမည် “ခရီးသွားပါးချိန်” ဆိုတဲ့အတိုင်းပါပဲ ခရီးသွားရာသီမဟုတ်တဲ့ မိုးရာသီတစ်နေ့မှာ တောင်ပေါ်တည်းခိုစခန်းလေးတစ်ခုကို ဧည့်သည်ကောင်မလေးတစ်ယောက် ရောက်လာပါတော့တယ် ကောင်မလေးဟာ မွေးကတည်းကသရဲတွေကိုမြင်ရပြီး သူ့ရဲ့အဲ့အချက်ကြောင့် ကောင်လေးတွေထားခဲ့တာကို ခဏခဏခံရသူလည်းဖြစ်ပါတယ်။ နောက်ဆုံးတွဲခဲ့တဲ့ စီနီယာအစ်ကိုကြီးချောချောလေးဟာလည်း နာမည်ကြီးပြီးနောက်ပိုင်း ရုပ်ရှင်မင်းသမီးတစ်ယောက်နဲ့ဖောက်ပြန်လို့ အသည်းကွဲပြီး ဒီတောင်ပေါ်စခန်းလေးကို ရောက်လာပါတော့တယ်။ ထူးခြားတာက အဲ့ဒီတောင်ပေါ်စခန်းလေးက အသည်းကွဲသမားတွေပဲစုနေတဲ့နေရာ… အဲ့ဒီတော့ အသည်းကွဲသမားအချင်းချင်း တစ်ယောက်ဒဏ်ရာတစ်ယောက် ဘယ်လိုကုစားကြမလဲ။ ဘယ်လိုအမှတ်တရတွေကိုဖန်တီးကြမလဲ။ သရဲနဲ့ပတ်သက်ပြီးရော ဘယ်လိုစွန့်စားခန်းတွေဖွင့်ကြမလဲဆိုတာကို ချင်းမိုင်ရဲ့သဘာဝတောတောင်ရေမြေအလှအပလေးတွေနဲ့ ချစ်စရာရိုးရာဓလေ့လေးတွေကိုခံစားရင်း စိတ်လှုပ်ရှားဖွယ်ကြည့်ရှုကြရမှာဖြစ်ပါတယ်။

စီးရီးက စာရေးဆရာကြီး Lee Childရဲ့ နာမည်ကျော် လူကြိုက်များခဲ့တဲ့Jack Reacher စာအုပ်တွဲတွေထဲက Killing Floorဆိုတဲ့ ပထမဆုံး စာအုပ်ကိုအသက်သွင်းထားတဲ့ စီးရီးပါ။ မင်းသားကြီး Tom Cruise နဲ့ Jack Reacher နှစ်ကားထွက်ထားပေမယ့်လဲ PG 13ဆိုတော့ တချိုတွေ အားမရခဲ့ကြဘူးပေါ့ဗျာ။အခုတော့ The Boys ၊Invicible ၊ Carnival Rowတိုလို ကြမ်းပေ့ရမ်းပေ့ဆိုတဲ့ စီးရီးတွေထုတ်ခဲ့တဲ့ Amazon Prime Videoကနေ အပိုင်း ၈ပိုင်းပါတဲ့ Reacher စီးရီးအဖြစ်ပြန်အသက်သွင်းလိုက်ပါပြီ။

The Sorcerer's Apprentice မင်းသားကြီး နီကိုလပ်ကေ့ နဲ့ Jay Baruchel တို့ပါဝင်ထားတဲ့ မှော်ဇာတ်ကားပါ။ နိုးထလာတော့မယ့် မကောင်းဆိုးဝါးကို နှိမ်နင်းဖို့ ကြိုးစားနေတဲ့ မှော်ဆရာ… မှော်လက်စွပ်ကို မထင်မှတ်ပဲ ဝတ်လိုက်မိတဲ့ ကျောင်းသားလေး…. သူတို့တွေဘယ်လိုတွေ့ဆုံပြီး  ကမ္ဘာကြီးရဲ့ ရန်သူကို ဘယ်လိုနှိမ်နင်းမလဲဆိုတာ……..။ Action, Adventure, Fantasy အမျိုးအစားဇာတ်ကားဖြစ်ပြီး IMDb Rating (6.1/10) ရရှိထားပါတယ်။

မုဒိန်းကျင့်ခံရတဲ့ အမအတွက် လက်စားချေမယ့်ညီမ Sayara (2024) IMDb Rating (6.6) ဆာယာရာက ရွှေ့ပြောင်းအခြေချမိန်းကလေးတစ်ယောက်ဖြစ်ပြီး မစ္စတန်ဘူလ်က အားကစားခန်းမတစ်ခုမှာ သန့်ရှင်းရေးအဖြစ် အလုပ်ဝင်နေပါတယ်။ တစ်နေ့တော့ သူ့အစ်မဟာ အားကစားခန်းမပိုင်ရှင် ဘာရစ်ခ်နဲ့သူ့အပေါင်းအပါသုံးဦးရဲ့အဓမ္မကျင့်သတ်ဖြတ်ခြင်းကို ရက်စက်စွာခံလိုက်ရပါတယ်။ ဒါပေမယ့် ဘာရစ်ရဲ့အဖေက ဩဇာကြီးတဲ့ လွှတ်တော်အမတ်တစ်ယောက်ဖြစ်နေတာကြောင့် တရားဥပဒေရဲ့အကာအကွယ်နဲ့ကျူးလွန်သူတွေအားလုံးပြစ်ဒဏ်ကနေ လွတ်မြောက်သွားခဲ့ပါတယ်။ တရားဥပဒေက တရားမျှတမှုကို မဖော်ဆောင်နိုင်တဲ့နောက်မှာတော့ဖခင်ဖြစ်သူ သင်ပေးခဲ့ပြီး သူအကျွမ်းကျင်ဆုံးပညာရပ်လည်းဖြစ်တဲ့ ဆမ်ဘို(Sambo ) ကိုယ်ခံပညာနဲ့ဆာယာရား ကိုယ်တိုင် အစ်မဖြစ်သူအတွက် အဆုံးစွန်ကလဲ့စားချေဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ဒီက ပရိသတ်တွေနဲ့မစိမ်းတဲ့ Bask*in 2015 တို့ The Turk*ish Coff*ee Ta*ble 2025 တို့လို နာမည်ကျော် Horror ဇာတ်ကားတွေရဲ့ ဖန်တီးရှင် Can Evrenol ရဲ့လက်ရာဖြစ်ပါတယ်။

လူကိုခွေးဘဝပြောင်းပစ်တဲ့စိတ္တဇဆန်တဲ့အိမ်တော်ကြီးဆီမှာအလုပ်လုပ်သောအခါ Kenneled (2026) ဒီကားက ခေါင်းစဉ်နဲ့တင် တော်တော်လေးဆန်းပြားပြီး အများနဲ့မတူတဲ့ စိတ္တဇဆန်ဆန် B-grade Indie Horror / Dark Satire ဖြစ်တာကြောင့် သာမန် Slasher ကားတွေထက် စိတ်ရောဂါဆန်ဆန် Dark Comedy/Horror ကြိုက်တဲ့ ပရိသတ်တချို့ အတွက် သာ သင့်တော်ပါတယ်။ လွန်ကဲပြီး ရောဂါဆန်တဲ့အကြောင်းအရာတွေ ၊ စိတ်ပညာဆိုင်ရာ နှိပ်စက်ခြောက်လှန့်မှုတွေ၊ ဆန်းကြယ်တဲ့ပြုမူနေထိုင်မှုတွေနဲ့ စိတ်မသက်မသာဖြစ် စရာ ဇာတ်ကွက်တွေ ပါဝင်တာကြောင့် ကလေးသူငယ် တွေနဲ့ စိတ်နုသူတွေ ကြည့်ရှုဖို့ မသင့်တော်ပါဘူး။

ဆိုဖီဟာ ဂီတပြဇာတ်ကို ရူးသွပ်တဲ့ ဆယ်ကျော်သက် အရွယ်ကျောင်းသူလေးတစ်ယောက်ဖြစ်ပါတယ်။ သူရဲ့ အစွမ်းအစကို ချပြခွင့်ရဖို ကျောင်းဂီတပြဇာတ်တစ်ခုမှာ ဇာတ်ပိုနေရာက လူရွေးခံခဲ့ပေမဲ့ ဆိုဖီရဲ့ အရည်အချင်းကို အသိအမှတ်ပြုတဲ့ ဆရာမက ဆိုဖီကို အဓိကဇာတ်ကောင်နေရာအတွက် ရွေးချယ်ခဲ့ပါတယ်။ ​ကျောင်းမှာ သတင်းကောင်းရှိနေပေမဲ့ အိမ်မှာတော့ ဆိုဖီအမေရဲ့ ကင်ဆာရောဂါက ပြန်ထလာပြီဆိုတဲ့ သတင်းဆိုးကြီးက စောင့်မျှော်နေခဲ့ပါတယ်။ မိခင်ဖြစ်သူဟာ သမီးဖြစ်သူရဲ့ ဂီတပြဇာတ်အပေါ်ရူးသွပ်မှုကို သိတာကြောင့် သူရဲ့ဝါသနာနောက်ကိုပဲ ဆက်လိုက်ဖို တိုက်တွန်းခဲ့ပါတယ်။ ​ဒီလိုနဲ့ ဆိုဖီဟာ လက်တွေ့ဘဝဇာတ်ခုံမှာတစ်လှည့် စုဲဇာတ်ခုံပေါ်မှာ တစ်လှည့် ကြိုးစားရုန်းကန်ရတဲ့ အခြေအနေကို ရောက်ရှိသွားပါတော့တယ်။ မိခင်မေတ္တာ မိသားစုသံယောဇဉ်ကို ထိထိမိမိ ဖော်ညွှန်းထားတဲ့ ဇာတ်လမ်းကောင်းလေး တစ်ပုဒ်ပဲ ဖြစ်ပါတယ်။...

The Debt Collector (2026) တစ်ချိန်က ရက်စက်ကြမ်းကြုတ်တဲ့ အကြွေးတောင်းသမားဟောင်း နွန်ဟာ ထောင်ကလွတ်လာချိန်မှာတော့ အတိတ်က သူ့လုပ်ရပ်တွေအတွက် ကြီးစွာသောနောင်တတွေနဲ့ ရှင်သန်နေရပါတယ်။ ဒါ့အပြင် ကုသလိုမရတဲ့ ရောဂါဆိုးကြီး တစ်ခုပါ စွဲကပ်နေကြောင်း သိလိုက်ရချိန်မှာတော့... သူ့ဘဝအတွက် အချိန်တွေ သိပ်မကျန်တော့ပါဘူး။ အဲဒီလိုနဲ့ သူ့ရဲ့နောက်ဆုံးလက်ကျန် အချိန်တွေကို အဓိပ္ပာယ်ရှိရှိ အသုံးချဖို ဆုံးဖြတ်လိုက်ပါတယ်။ ဒါကတော့ သူအကျွမ်းကျင်ဆုံးဖြစ်တဲ့ အမှောင်လောကထဲကို တစ်ကျော့ ပြန်ဝင်ရောက်ပြီး တရားမဝင် ငွေတိုးချေးစားသူတွေရဲ့ သွေးစုပ်အမြတ်ထုတ်မှုအောက်မှာ ဘဝပျက်နေရတဲ့ အပြစ်မဲ့

"ပလတ်" ဆိုတဲ့မိသားစုလေးက တစ်ညမှာ မုန်တိုင်းအကြီးအကျယ် တိုက်ရင်းနဲ့ မီးတွေပျက် ရေတွေပျက်သွားပါတယ် ။ နောက်တစ်ရက်ကျ ပျောက်သွားတဲ့ သူတိုရဲ့ ခွေးလေးကို ရှာဖိုကြိုးစားရင်း မထင်မှတ်ထားစွာနဲ့ ဒိုင်နိုဆော တွေဟာ သူတိုနေထိုင်တဲ့ ရပ်ကွက်ထဲကို ရောက်လာပါတော့တယ် ။ သူတိုမိသားစု ၄ယောက်ဟာ အတူတူ စုပေါင်းနေကြပြီး အသက်ရှင်သန်ဖို ကြိုးစားရင် သူတိုရဲ့ ရပ်ကွက်လေးက ထူးဆန်းတဲ့ တောအုပ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားတဲ့ အခါမှာတော့

The Good Doctor စီးရီးဟာ နာမည်ကြီးကိုရီးယားစီးရီးကို ပြန်လည်ရိုက်ကူးထားတာပါ၊ ကိုရီးယားစီးရီးကို မကြည့်ဖြစ်လိုက်ပေမယ့် ဒီအမေရိကန်စီးရီးကိုတော့ စိတ်ဝင်တစားကြည့်ဖြစ်ပါတယ် ဇာတ်လိုက်ကတော့ Autism အော်တစ်ဇင်ရောဂါရှိတဲ့ ပါရမီရှင်ခွဲစိတ်အလုပ်သင် ဆရာဝန်တစ်ယောက်ပါ၊ သူ့ကို ဆေးရုံအုပ်ကြီးက သူ့ရာထူးနဲ့ရင်းပြီး ထောက်ခံပေးကာ အလုပ်ဆင်းခွင့်ပြုခဲ့ပါတယ် သူရောက်သွားတဲ့ ခွဲစိတ်ဆရာဝန်အဖွဲခေါင်းဆောင်က အရမ်းတော်ပြီး မာနကြီးတယ်၊ သူ့တွဲဖက်တွေကလည်း လူသန်းဆန်သူ၊တကိုယ်ကောင်းဆန်သူ စသည်ဖြင့် လူအမျိုးမျိုးနဲ့  ကြုံလာရပါပြီ သူ့ရဲ့ ထူးဆန်းတဲ့တွေးခေါ်ပုံတွေ၊ လူတွေနဲ့ကသိကအောက် ဟာသတွေ၊ အမှန်နဲ့အမှားကြားက ကျင့်ဝတ်တွေနဲ့ အတော်ကို ဝေဝေဆာဆာရှိတဲ့ ဇာတ်လမ်းပါပဲ

အက်စီးဒင့်ကြောင့်ဆုံးရှုးလိုက်ရတဲ့ချစ်သူကောင်မလေးကထူးဆန်းစွားအသက်ရှင်ပြီးအတိတ်ကိုပြန်ရောက်လာတဲ့အခါ If Only [ 2004 ] လန် က စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ချစ်သူ ဆာမန်သာ က ဂီတပညာရှင်တစ်ဦးဖြစ်ပါတယ် လန်နဲ့ ဆမန်သာ ကတောက်ကဆဖြစ်နေချိန်မှာ ဆမန်ဒါတစ်ယောက်အက်စီးဒင့်ကြောင့်အသက်ဆုံးရှုးလိုက်းတယ်။ ဒါပေမဲ့ ထူးဆန်းစွာနဲ့ နောက်နေ့မနက်ရောက်တဲ့အခါမှာ ဆမန်သာ ကအသက်ပြန်ရှင်နေတာကိုတွေ့ရပြီး အဖြစ်အပျက်အားလုံးကလဲ မနေ့ကအတိုင်းနီးပါးဖြစ်နေတဲ့အခါမှာတော့

ကြောက်စရာလဲကောင်းသလိုသေးထွက်ကျတဲ့ထိရယ်ရမဲ့ဟာသကား Setannya Cuan (2026) ဇာတ်လမ်းက ၁၉၇၀ ပြည့်လွန်နှစ်တွေဆီက အင်ဒိုနီးရှားရွာလေးတစ်ရွာမှာ စတာပါ။ ရွာထဲမှာ အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲအတွက် ပြိုင်ဆိုင်မှုတွေ ပြင်းထန်နေသလို၊ တစ်ဖက်မှာလည်း ချောမောလှပတဲ့ မုဆိုးမလေး မင် (Mince) ရဲ့နှလုံးသားကိုရရှိဖို ရွာထဲက အမျိုးသားတွေအချင်းချင်း အပြိုင်အဆိုင် ပြဿနာတက်နေကြတာပါ။ ဩဇာ၊ အာဏာနဲ့အချစ်ကို ရရှိဖိုအတွက် ပိုက်ဆံနဲ့အနိုင်ယူချင်ကြတဲ့ ရွာသားတွေဟာ မြန်မြန်ဆန်ဆန် ချမ်းသာချင်တဲ့လောဘဖုံးလာပြီး ရိုဂျန် (Rojan) ဆိုတဲ့ စုန်းကဝါဆရာဆိုးဆီကို သွားရောက် အကူအညီ တောင်းခံကြပါတော့တယ်။ စုန်းဆရာရဲ့ အမှောင်နည်းလမ်းတွေကြောင့် ပိုက်ဆံခိုးတဲ့ သရဲစိမ်းကလေး (Tuyul) ၊ သင်္ချိုင်းဝတ်ရုံဖြူပတ်ထားတဲ့ သရဲ (Pocong) နဲ့ ဝက်အဖြစ်အသွင်ပြောင်းပိုက်ဆံရှာတဲ့သရဲ (Babi Ngepet) ဆိုတဲ့ အင်ဒိုနီးရှားရိုးရာသရဲဆိုးတွေက ရွာထဲမှာ ပေါ်ထွက်လာပါတော့တယ်။

တစ်မ္ဘာလုံးက တံခါးတွေ၊ ပြတင်းပေါက်တွေ ဘယ်လိုမှ ဖွင့်လိုမရတော့ဘဲ လူသားတွေအကုန် အိမ်ထဲမှာတင် ပိတ်မိနေကြတဲ့ကားသစ် The Last House (2026) မိသားစုလေးယောက်ဟာ ပုံမှန်အတိုင်း အိပ်ရာနိုးလာချိန်မှာ သူတိုရဲ့ နေအိမ်ကြီးတစ်ခုလုံးကို ပြင်ပကအကြောင်းရင်းမရှိ အဆန်းကြယ် ပိတ်လှောင်ထားခြင်း ခံလိုက်ရတာကို မထင်မှတ်ဘဲ ကြုံတွေ့လိုက်ရရာကနေ ဇာတ်လမ်းစတာပါ။ တစ်မ္ဘာလုံးက တံခါးတွေ၊ ပြတင်းပေါက်တွေ ဘယ်လိုမှ ဖွင့်လိုမရတော့ဘဲ လူသားတွေအကုန် အိမ်ထဲမှာတင် ပိတ်မိနေကြရင်း အစားအသောက်နဲ့ သုံးစွဲစရာ ပစ္စည်းတွေ တဖြည်းဖြည်း နည်းပါးလာကြပါတယ်။ အိမ်အပြင်ဘက်မှာလည်း သူတိုကို စောင့်ကြည့် ပိတ်လှောင်ထားတဲ့ နားမလည်နိုင်တဲ့ မကောင်းဆိုးဝါး သိုမဟုတ် အန္တရာယ်တစ်ခု ရှိနေတာကို သိလိုက်ရတဲ့အခါ မိသားစုဝင်တွေဟာ အသ-က်ဘေးကနေ လွတ်မြောက်ဖိုနဲ့ ပေါင်းစည်းညီညွတ်စွာ ရုန်းကန်ကြရပါတော့တယ်။ အဆုံးထိစိတ်ဝင်စားမိအောင်လုပ်သွားတဲ့ ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။

မြိုနဲ့ မနီးမဝေး တောအုပ်ကြီးတစ်ခုမှာ ခန္ဓာတစ်ခုလုံး အရိအရွဲတွေနဲ့ အခုမှ မွေးဖွားလာတဲ့ ကလေးတစ်ယောက်လိုပဲ လူသားတစ်ဦး ပေါ်လာခဲ့ပါတယ်။ သူက ဘယ်ကပေါ်လာတာလဲ၊ ဘာကောင်လဲ ? အဲဒီနောက်တော့ ကောင်လေးဟာ တောအုပ်ထဲက ထွက်လာပြီး မြိုထဲလမ်းမပေါ်မှာ ဟိုကြည့်ဒီကြည့် လျှောက်သွားနေလို ရဲတွေက ထိန်းသိမ်းစစ်မေးရာမှာ ဘာမှ မေးမရဘဲ အတိတ်မေ့နေတာကို တွေ့ရပါတယ်။ ဒီကောင်လေးဟာ ထူးခြားနေတဲ့အတွက် စိတ်ပညာကုထုံးပညာရှင် နစ်ကိုးလ်က သူ့အိမ်ကို ခေါ်သွားပြီး ကုသပါတယ်။ ထူးခြားချက်ကတော့ လူတိုင်း လူတိုင်း မွေးဖွားလာပြီဆိုကတည်းက ချက်ကြိုးကို စတင်ဖြတ်ရတာက ထုံးစံပါပဲ။ ဒါက လူတွေမှာ တွေ့ရတတ်တဲ့ မွေးရာပါ အမှတ်အသားတစ်ခုပေါ့။ သူက အဲလို ချက် အရာမရှိဘဲ ချက်နေရာမှာ အသားတွေနဲ့ ပြောင်ချောနေတာတော့ တော်တော်လေး ထူးဆန်းပါတယ်။

Rangoon [2017] Rangoon ဆိုတဲ့ ကုလားကား။ ၁၉၈၈ မှာ မြန်မာပြည်ကနေ အိန္ဒိယကို ပြောင်းလာတဲ့ တမီလ်မိသားစုတစ်စုက ကောင်လေး။ အရွယ်ရောက်ပြီး ရပ်ကွက်ထဲ ဇ ရှိတဲ့ ဇိုးပေါက်စဖြစ်လာတဲ့အခါ ရွှေမှောင်ခိုလုပ်ငန်းရှင်ကြီးက ဆွဲစားလိုက်တယ်။ လုပ်ငန်းရှင်ကြီးရဲ့ လက်ရုံးဖြစ်လာတဲ့ သူတို့ သူငယ်ချင်းသုံးယောက်ဟာ ရန်ကုန်ကို ရွှေမှောင်ခို သွင်းဖို့…မိုးရေး-တမူးနယ်စပ်ကနေ တဆင့်ဝင်လာခဲ့တယ်။ ဇာတ်လိုက်ရဲ့ အဖေက တချိန်က ရွှေဘုံသာလမ်းက ရွှေပွဲစား ဆိုတော့ အခက်အခဲမရှ်ိပဲ ရန်ကုန်က သူတို့ ပို့ရမယ် ရွှေ ဆိုင်ရာအဖွဲ့အစည်းရဲ့ ဥက္ကဌ ဆီ ရွှေတွေပို့နိုင်ခဲ့တယ်။

နာမည်ကြီးနေတဲ့မွေးရာပါသင်္ချာစွမ်းရည်ပါလာတဲ့ အမျိုးသမီး Shakuntala Devi (2020) ဇာတ်လမ်းစစချင်း မှာ ကောင်မလေးတစ်ယောက်ဟာ မကျေနပ်ချက်မျိုးစုံနဲ့ ရုံးကြီးတစ်ခုကိုသွားနေတယ်…. သူမက ကြိုတင်ချိန်းဆိုထားတာဖြစ်လို့ လူကြီးတွေလည်းစောင့်ဆိုင်းနေကြတယ်… ဒီလူကြီးတွေ ကောင်မလေးချိန်းဆိုပြီး တရားစွဲတဲ့ကိစ္စအတွက်စောင့်ဆိုင်းနေကြတာပါ…သို့ပေမဲ့သူတို့အားလုံးက အံအားသင့်နေတဲ့မျက်နှာကိုယ်စီနဲ့… ဘာလို့ဆို ဒီကောင်မလေးဟာ သူ့အမေဖြစ်သူရဲ့ရှကန်တလားဒေဝီကို ဘဏ္ဍာရေးစာရင်းတွေ တရားမဝင်ဖျောက်ဖျက်မှုနဲ့တရားစွဲထားတာကြောင့်ပါ… .ဘာကြောင့်အမေဖြစ်သူကိုတရားစွဲတာလဲဒီအမေဖြစ်သူက ဘာကြောင့် Human Computer လို့တင်စားရအောင်တော်နေတာလဲ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုကြည့်ရှုကြပါဦး

Crew [2024] မင်းသမီးကြီး ကာရီနာကာပူးလ် မင်းသမီး ကာရီသာဆန်နွန် နောက်ထပ်မင်းသမီးကြီး တာဘူးတို့ သုံးယောက်ပေါင်းရိုက်ကူးထားပြီး IMDB မှာ 5.9 ရရှိထားတဲ့လေယာဉ်မယ်ကားလေး လာပါပြီခင်ဗျ။ နေ့စဉ်ဘ၀မှာ တစ်နေ့ခေါက်ကြေးလေးရမှစားရတဲ့လေယာဉ်မယ်ဘ၀ ဒေဝါလီခံရတော့မယ့် လေကြောင်းလိုင်းမို့ လစာကလည်းနေ့ရွှေ့ညရွှေ့ ဒီလို‌အခြေအနေတွေကိုကျော်ဖြတ်နိုင်ဖို့ လေယာဉ်မယ်သုံးယောက်ပေါင်းပြီး ရွှေတွေမှောင်ခိုသယ်ကြပုံကို ဟာသနှောရိုက်ကူးထားတဲ့ စွန့်စားခန်းရုပ်ရှင်လေးဖြစ်ပါတယ် အိန္ဒိယရဲ့ထိပ်တန်းနာမည်ကြီးမင်းသမီးတွေမို့ သရုပ်ဆောင်ပိုင်နိုင်မှုနဲ့ပရိတ်သတ်အပေါ်ဆွဲဆောင်နိုင်မှုတွေကို တ၀ကြီးခံစားရမှာမို့ လိုက်ပါစီးမျောခံစားပေးပါဦးခင်ဗျာ။

လူမေးအရမ်းများ​နေတဲ့ မှော်ပညာတတ် စုန်းကဝေတွေရဲ့ ​သဘာဝလွန်စွမ်းအားစီးရီးတွဲ​လေးလာပါပြီ   ဇာတ်လမ်းအစမှာ ဆယ်ကျော်သက်ကောင်မလေး ခမေးလ် ဟာ သူ့အိမ်ကိုပြန်ရောက်တော့ အမေဖြစ်သူက ဗိုက်မှာဓားဒဏ်ရာနဲ့ ကြမ်းပြင်မှာသေလုဆဲဆဲဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ မိခင်ရဲ့အသက်ကိုလုဖို အတတ်နိုင်ဆုံးကြိုးစားပေမဲ့လည်း

Play Dirty [2025] ပါကာဟာ သူ့ရဲ့ သူခိုးအဖွဲ့နဲ့အတူ ဘဏ်တွေ သူဌေးတွေဆီကနေ အကွက်ကျကျ ဓားပြတိုက်လုယက်တဲ့ သူခိုးတစ်ယောက်ပါ။ တစ်နေ့တော့ ဇန်ဆိုတဲ့ အဖွဲ့ထဲက လူသစ်ကောင်မလေးက သူ့ရဲ့အဖွဲ့သားတွေကိုသတ်၊ ပါကာ့ကို သစ္စာဖောက်ပြီး လုယက်လာတဲ့ ငွေ ၄၀၀၀၀၀ ကို ယူပြေးသွားခဲ့ပါတယ်။ ဒီလိုနဲ့ ပါကာလည်း ငွေတွေ ပြန်လုပြီး ကလဲ့စားချေဖို့ ဇန့်နောက်ကို လိုက်ခဲ့ပါတယ်။ ဇန်နဲ့တွေ့တဲ့အခါမှာတော့ ပါကာ့ရဲ့ အစီအစဉ်‌ကို ဇောက်ထိုးမိုးမျှော်ဖြစ်သွားစေမဲ့ အကြံတစ်ခုကို ဇန်က ပြောလာခဲ့ပါတယ်။ အဲဒါကတော့ ၁၅ ရာစုနှစ်‌လောက်က နှစ်မြုပ်သွားခဲ့တဲ့ သင်္ဘောပျက်ကြီးကနေ ဆယ်ယူထားတဲ့ ရွှေတွေကို အစိုးရဆီက ဖြတ်ခုတ်ဖို့ပါပဲ။ ပါကာ့ဆီက လုသွားတဲ့ ငွေ ၄၀၀၀၀၀ ကလည်း ဒီအကြံအကောင်အထည်ပေ့်ရေးမှာ ဇန်က သုံးလိုက်ပြီမလို့ သူ့ငွေတွေ ပြန်ရဖို့အရေး ပါကာဟာ ဒီလုယက်မှုကြီးမှာ ပါမှကို ဖြစ်တော့မှာပါ။ ဒီလိုနဲ့ ကလဲ့စားချေရမဲ့ ရန်သူနဲ့အတူ ပူးပေါင်းပြီး ရွှေခိုးရမဲ့ စစ်ဆင်ရေးကြီး စတင်ခဲ့ပါတော့တယ်။ ဒီဇာတ်လမ်းမှာ မင်းသားကြီး Mark Wahlberg က ပါကာအဖြစ် ပါဝင်သရုပ်ဆောင်ထာပါတယ်။