cookie

Мы используем файлы cookie для улучшения сервиса. Нажав кнопку «Принять все», вы соглашаетесь с использованием cookies.

avatar

ဟာသလေးတွေကြည့်ရင်းဖတ်ရင်း ခဏတာအမောပြေစေသား

Рекламные посты
451
Подписчики
+124 часа
+27 дней
+2730 дней

Загрузка данных...

Прирост подписчиков

Загрузка данных...

"မ"တဲ့ အို...ပျော်လိုက်တာ အိန္ဒြေမဆည်နိုင်လောက်အောင်ပါပဲ တောက်လျှောက်ထိန်းချုပ်လာခဲ့သမျှ သူနဲ့လည်းတွေ့ရော... အသားတွေပါတဆက်ဆက်တုန်😁 ရင်တွေလည်းခုန်လာတယ် . . . . . ဟိုဘက်က"ကျား"တဲ့ အိမ်သာကသန့်မယ့်ပုံပဲ😇 ရော့၂၀၀ ပြေးဝင်ပြီလေ 😁😁😛 credit
Показать все...
😁 3 2👍 1
"မစီးတော့ဘူးမဟုတ်လား" "မြန်မြန်ပြေးခိုင်းတာ" "ဆြီ" "မင်းသမီးခမျာ ကုန်းပိုးပိုးထားရတဲ့ဒဏ်၊ မျက်နှာကို မြင်းချေးမှန်ထားတဲ့ဒဏ်တွေကြောင့်" "ဒေါသထွက်လာတယ်ဆိုပါတော့" "ပါးစပ်ကနေ သေးတွေပန်းထွက်လာပါရော" "ဆွင် သွေးမဟုတ်ဘူးလား။ သေးက အောက်ကထွက်ကမှာလေ" "ပါးစပ်ထဲကနေ သွေးတွေထွက်လာတာက ရုပ်ရှင်တွေထဲမှာရိုးနေပြီ။ အခုက အသစ်အဆန်းလေးဖြစ်သွားအောင်" "အို ဘယ်လိုတွေတောင်လား။ ပါးစပ်ထဲကနေ သေးပန်းထွက်ရမတဲ့" "အဲဒီအချိန်မှာပဲ ဋ္ဌာနချုပ်မှာ အရေးတကြီးအမှုကိစ္စပေါ်လို့ဆိုပြီး ရဲတွေကိုပြန်ခေါ်ပါလေရော" "တော်ပါသေးရဲ့။ဘာလဲ လေယဉ်ပြန်ပေးဆွဲမှုလား" "စခန်းမှူးမိန်းမရဲ့ ရွှေနဲ့လုပ်ထားတဲ့ ဘရာစီယာပျောက်လို့တဲ့" "ဆွီ အာ့ စခန်းမှုးမိန်းမမေးကြည့်ပေါ့" "သူလည်း အိမ်ကထွက်သွားတုန်းက ဝတ်ထားတယ်တဲ့။ အိမ်ကိုပြန်လာမှ မရှိတော့မှန်းသိတာတဲ့။ ကျပျောက်သွားတယ်ထင်ပါရဲ့" "အို ကြံကြီးစည်ရာ " "အာ့နဲ့ ရဲတွေက ဋ္ဌာနချုပ်ကိုပြန်ကာနီး မင်းသမီးကို တစ်ယောက်ပြီးတစ်ယောက်..." "နှစ်သိမ့်စကားပြောသွားကြတယ်ပေါ့" "မျက်နှာကို ပြေးပြေးကန်ကြတာ" "ဆွမ်" "ရဲတွေထွက်သွားတော့ မင်းသားရယ်၊မင်းသမီးရယ်၊မြင်းတစ်ကောင်ရယ်ပဲ ကျန်ခဲ့တယ်" "အာ့မှာ ဇာတ်လမ်းစပြီလေ ဟုဟု" "မင်းသားက လာအချစ်လေး သွားရအောင်ဆိုပြီး" "မင်းသမီးကို မြင်းပေါ်ပွေ့တင်ပေးလိုက်တယ်ပေါ့" "သူအရင်တက်သွားတာ" "ဆွမ် ဪ သိပြီ။မင်းသမီးကို ပြီးမှ ဆွဲတင်တာ" "မြင်းအနောက်မှာ ကြိုးနဲ့ချည်ပြီး တရွတ်တိုက်ဆွဲသွားလေရဲ့" "ဆွီ တော်တော့ သေချင်းဆိုးမင်းသား" "အဲ့အချိန်မှာ မြောက်ကိုရီးယားကပစ်လိုက်တဲ့ ဒုံးကျည်တစ်လုံးကျလာတယ်" "ကောင်းတယ် အဲဒီမင်းသား သေမှအေးမှာ" "မင်းသမီးပေါ် တည့်တည့်ကျတာ" "ဆွင် အင်း ဒါလည်းကောင်းတာပဲ။ သေစမ်းဟဲ့ မသာမ။ စောစောစီးစီးသေရင် ဒီလောက်ခံစားရမှာမဟုတ်ဘူး" "မင်းသားက စိတ်မကောင်းဖြစ်သွားတယ်။ဒုံးကျည်မှန်လို့ ပြန့့်ကျဲနေတဲ့ မင်းသမီးရဲ့အသားစတွေကို တစ်စစီလိုက်ကောက်ပြီး" "ကောင်းကောင်းမွန်မွန် မြေမြှုပ်ပေးလိုက်တယ်ပေါ့" "ခွေးကျွေးမယ်ဆိုပြီး အိတ်နဲ့ထုပ်လို့ သယ်သွားလေရဲ့" "ဆွင်" "ဒါပေမယ့်ကံကောင်းတယ်" "ဪ အခုထိကောင်းတုန်းပဲလား" "အသားထုပ်ကို အိမ်ရောက်အောင်သယ်သွားပေမယ့် ခွေးမကျွေးတော့ဖြစ်ပဲ..." "မီးသဂြိုဟ်ပေးလိုက်တယ်ပေါ့" "မင်းသားခလုတ်တိုက်ပြီး အသားထုပ် ချေးတွင်းထဲပြုတ်ကျသွားတာ" "ဆွီ မြဲမြဲကိုင်ထားပါလားမသာရယ်" "အာ့နဲ့ မင်းသားက စိတ်မကောင်းဖြစ်သွားပြီး" "ဪ စိတ်ကလည်း မကောင်းမကောင်းနိုင်လွန်းတယ်" "အသားထုပ် ပြုတ်ကျသွားတဲ့ အိမ်သာကျင်းကို မင်းသမီးအတွက် အမှတ်တရဖြစ်သွားအောင် သူ မသုံးရက်တော့ပဲ" "မြေဖို့ပေးလိုက်တယ်ပေါ့" "စျေးအိမ်သာလုပ်ပေးလိုက်လေရဲ့" "ဆွမ်" "အဲဒီနောက်ပိုင်း မင်းသမီးသရဲမဖြစ်သွားပြီး နေ့ရောညရော ခြောက်ပါတော့တယ်" "ဪ ငါ့နှယ် အခုမှပဲ သရဲဖြစ်တော့သကိုး" "သရဲမက အိမ်သာလာတက်တဲ့သူတွေကို စိတ်နာနာနဲ့" "ဂုတ်ချိုးသတ်တယ်ဆိုပါတော့" "ဖင်တွေလျှောက်နှိုက်တာ" "ဆွမ် ရွံစရာကြီး ခြောက်တာတောင် ဖင်နှိုက်ပြီးခြောက်သတဲ့လား" "ဇာတ်သိမ်းခန်းလာပြီ" "ဪ တစ်ယောက်မှတောင် ဂုတ်ချိုးမသတ်ရသေးဘူး ဇာတ်သိမ်းတော့မယ်ပေါ့။ ပြောပါဦး ဘယ်လိုသိမ်းလဲဆိုတာ" "မင်းသားက" "အင်း" "မင်းသမီးအဖြစ်တွေကို တွေးတွေးပြီး နေ့တိုင်းနေ့တိုင်း" "လွမ်းလွမ်းဆွတ်ဆွတ်ငိုတယ်ပေါ့" "အော်ရယ်နေတာ" "ဆွင် ဪ ဪ ဒါနဲ့နေပါဦး။ ဇာတ်ကားနာမည်က ဘာတဲ့လဲ" "ဖင်မရွေးနှိုက်တဲ့ ချေးတွင်းသရဲမ တဲ့" "တော် သေချင်းဆိုး ဖလူးမဇာတ်လမ်း။ ကျောက်ပိတောင် မရိုက်ဘူး" Credit နတ်စောင်း(ကျိုက်ထို)
Показать все...
🥴 5👏 3👍 1
Copy ကူးလာခဲ့သည်။ :-D :-P .................................. ဒါရိုက်တာသာအေး မင်းသမီးအသစ်ခေါ်ယူခြင်း _______ ဒါရိုက်တာကိုသာအေး အိမ်ရှေ့ကုလားထိုင်မှာထိုင်ပြီး ဆေးလိပ်တိုကြီးခဲလို့ အနုပညာအာရုံခံစားနေချိန် "ရုပ်ရှင်ဒါရိုက်တာ ဆရာသာအေးအိမ်က ဒီအိမ်လားဆွင့်" "ဟုတ်ပါတယ် ထိုင်ပါ။ဒါနဲ့ အမိက..." "ဟွာလေ အွန်လိုင်းမှာ မင်းသမီးအသစ်ခေါ်တဲ့ကြော်ငြာတွေ့လို့ အာ့ လာလျှောက်ထှာဆွင့်" "အေး ဟုတ်တယ်။ကြော်ငြာထားတာ ငါပဲ။ ဒါနဲ့နေပါဦး ညည်းက တဆွင့်ဆွင့်နဲ့ လျှာခင်လေဖြတ်ထားတာလား" "ဪ အာ့လား ဟစ်ဟစ် သမီးက ရှင်ကို ဆွင်လို့ထွင်ပြောရင်း အကျင့်ပါသွားတာ ဟုတ် ဟုတ်ခဲ့ပါဆွင့်" "ဟင်း ငါ့နှယ် ထားပါတော့။မင်းသမီးဖြစ်ချင်တယ်ပေါ့" "ဟုတ်ခဲ့ပါဆွင့်" "သရုပ်ဆောင်လို့ရော တတ်ရဲ့လား" "ဟုတ်ခဲ့ပါဆွင့်" "ကိုင်း ဒါဆို နမူနာ သရုပ်ဆောင်ပြ" "ရပါတယ်ဆွင့်" "လေဖြတ်ထားတဲ့မျောက်မကြီး ကလေးနှစ်ကောင်ကို တစ်ပြိုင်နက်တည်းနို့တိုက်နေတဲ့ပုံလုပ်ပြ" "ဆွင်" "ဘာလဲ မလုပ်တတ်ဘူးလား ဒါဆိုပြန်တော့" "ရ ရပါတယ်ဆွင့်" "ကဲ ရော့ ရေသန့်ဘူးနှစ်ဘူး။အဲဒါ မျောက်သားလေးနှစ်ကောင်ပဲ" ကောင်မလေးက ရှူံ့မဲ့မဲ့ဖြင့် ရေသန့်ဘူးနှစ်ဘူးကောက်ပြီး မတ်တပ်ထရပ်လိုက်သည်။ပြီး ရေသန့်ဘူးနှစ်ဘူးကို ဘယ်တစ်ဖက်၊ညာတစ်ဖက် ချိုင်းကြားညှပ်လို့ ပေါင်လေးကွတကွတနဲ့ နှစ်ပတ်သုံးပတ်လျှောက်ပြသည်။ "ရလားဆွင့်" "အိုခေ လုံးဝကွက်တိပဲ။ ကဲ ပြန်ထိုင်တော့ ဇာတ်လမ်းအကြောင်း ပြောပြမယ်။ဒီဇာတ်မှာ ညည်းက သရဲမအဖြစ် သရုပ်ဆောင်ရမယ်" "ဆွင် တ တခြားဇာတ်ကလေးများ..." "တော် တိတ်။သရဲကားဆိုပေမယ့် ကမ္ဘာကိုထိုးဖောက်မယ့် တကယ့်ဟဲဗီးဇာတ်။အကယ်ဒမီလောက်က အသာထား။ အော်စကာပါ တန်းရနိုင်တယ်။အိုင်ကျူမနိမ့်စမ်းပါနဲ့။ ညည်းမတွေ့ဘူးလား။ကမ္ဘာမှာရော မြန်မာမှာပါ သရဲကားရိုက်နေကြတဲ့ နာမည်ကြီးမင်းသမီးတွေ။အခု အသစ်ခေါ်တယ်ဆိုတာက ရုပ်ရှင်ကြည့်ရင်း သေးတွေဘာတွေထွက်ကျ၊ နီးရာလူကို ကြောက်ကြောက်လန့်လန့်နဲ့ လည်ပင်းထညှစ်။ အဲဒီလို ဟင်ခနဲ၊ ဟာခနဲဖြစ်သွားအောင် မျက်နှာသစ်နဲ့ထိုးဖောက်ချင်လို့။ငါကိုယ်တိုင်ရေးထားတဲ့ ဒီဇာတ်လမ်းမှာ သရဲမက တကယ့်သနားစရာလေးနော်။ဘာလဲ မလုပ်ချင်ဘူးလား" "ဪ အာ့လိုလား။အင်း အဲ အဟဲ လုပ် လုပ်ပါ့မယ်ဆွင့်။ ဇာတ်လမ်းလေးပြောပြပါလား" "ဒီလိုဟ။ဒီဇာတ်ကားမှာ မင်းသမီးက မြန်မာပြည်ရဲ့ ထိပ်တန်း missတစ်ယောက်" "ဟယ်" "ကိုရီးယားမှာ ရုပ်ရှင်ရိုက်ဖို့ ဟိုကလာခေါ်တာ" "အို" "တစ်ယောက်တည်းကို သီးသန့်အနေနဲ့ လေယဉ်စင်းလုံးငှါးပြီးခေါ်တာ" "ဂလု။ ရိုက်မယ် ရိုက်မယ် ဆက်ပြော" "လေဆိပ်ကထွက်လို့ တစ်ဖက်နိုင်ငံ လေပိုင်နက်ထဲရောက်ပြီး မကြာဘူး လေယဉ်ပျက်ကျပါလေရော" "ဆွင် ကိုရီးယားတောင်မရောက်သေးဘူး တန်းသေတော့တာပဲ" "မသေသေးဘူးဟ" "အို တော်ပါသေးရဲ့" "ရေထဲကိုပြုတ်ကျပြီး တံငါသည်ဆယ့်ခြောက်နဲ့သွားတွေ့တာ" "ဘုရား ဘုရား ကံကြီးပေလို့။အာ့နဲ့ သူတို့က ကယ်သွားရောလား" "လှေပေါ်ဆွဲတင်ပြီး မုဒိမ်းဝိုင်းကျင့်ကြလေရဲ့" "ဆွမ် ဆယ့် ဆယ့်ခြောက်ယောက်ကြီးများတောင်" "အကုန်မဟုတ်ပါဘူးဟ။ ဆယ့်ငါးယောက်ပဲ ယုတ်မာတာ။ ကျန်တဲ့တစ်ယောက်က လက်ဖျားနဲ့တောင်မတို့ဘူး" "အို စိတ်ထားကောင်းသူလေးကျန်း။ရိုးသားလိုက်တာ။ ဒါနဲ့ သူများတွေယုတ်မာနေချိန်မှာသူက ဘာလုပ်နေလဲ" "ဘေးကနေ vdo ရိုက်ပြီး facebook ပေါ် live လွှင့်ပေးနေတာ" "ဆြီ" "အဲဒီမှာ ကံကောင်းတာ" "ကောင်းပြန်ပြီ" "အဲ့ vdo ကို တစ်ဖက်နိုင်ငံက ရဲတွေမြင်သွားပြီး အခင်းဖြစ်တဲ့နေရာကို ချက်ချင်းရောက်သွားကြတယ်" "ဟူး အသတ်မခံရခင်ရောက်လာတာ ကံကောင်းပေလို့။ ဒါနဲ့ ရဲတွေက တံငါသည်တွေကို ဖမ်းသွားရောလား" "မင်းသမီးကို ဖမ်းသွားတာ" "ဆွမ် တံငါသည်တွေက ယုတ်မာကြတာလေ" "သူတို့က အသက်မပြည့်သေးဘူးဆိုလို့ မင်းသမီးကို သက်ငယ်မုဒိမ်းမှုနဲ့ ဖမ်းသွားတာ" "အို ဘယ်လိုတွေတောင်လား" "ဒါပေမယ့် ကံကောင်းတယ်" "ကောင်းပြန်ပေါ့လား" "အကြီးဆုံး ရဲအရာရှိက မင်းသမီးကို သနားသွားပြီး ကုန်းပေါ်ရောက်တာနဲ့...." "ပြန်လွှတ်ပေးလိုက်တယ်မဟုတ်လား" "ကုန်းပိုးခြစီးသြားတာ" "ဆွင်" "အဲ့အချိန်မှာ မင်းသားရောက်လာပါရော" "အို ကယ်တင်ရှင်ကြီးလာပြီပေါ့" "မင်းသားက မြင်းမြီးကြီးဆွဲလို့..." "မြင်းစီးလာတယ်လုပ်ပါဆွင်" "သူက ရူးနေတာလေ" "ဆြီ" "ကုန်းပိုးစီးခံထားရတဲ့ မင်းသမီးကိုတွေ့သွားတော့ သူက ချက်ချင်းပဲ ရဲအရာရှိကို လက်ညှိုးငေါက်ငေါက်ထိုးပြီး ပြောလိုက်တယ်" "ဘာပြောလိုက်လဲ" "တိရစ္ဆာန်ညှင်းပန်းမှု ချက်ချင်းရပ်" "ဆွမ် လူလူချင်း ညှင်းပန်းတာလေဆွမ်" "သူက ရူးနေတာလေ။ မင်းသမီးကို မြင်းလို့ထင်တာကိုး" "အို" "နောက်မှ မင်းသမီးမျက်နှာကို သေချာကြည့်လိုက်ပြီး...." "လူမှန်းသိသွားတယ်ဆိုပါတော့" "မျောက်လို့ထင်သွားတာ" "ဆွင်" "မင်းသားက ရဲအရာရှိကို ပါးစပ်နဲ့ပြောမရတော့ သူ့မြင်းမှာချိတ်ထားတဲ့ အိတ်ထဲကနေ တစ်လုံးပြီးတစ်လုံးဆွဲထုတ်ပြီး ကောက်ပစ်ပါလေရော" "လက်ပစ်ဗုံးတွေလား" "မြင်းချေးတုံးတွေ" "ဆြီ" "အမယ် သူပစ်တာမှန်သမျှ အကုန်ထိတယ်ဟ" "ရဲတွေကိုလား" "မင်းသမီးမျက်နှာကို" "ဆွမ်" "အဲဒီမှာ ကုန်းပိုးစီးထားတဲ့ရဲအရာရှိက နံတယ်နံတယ်ဆိုပြီး"
Показать все...
Фото недоступноПоказать в Telegram
😅😅😅
Показать все...
🤣 5👏 1😁 1
#ယောင်္ကျားဆိုရင်အဲဒီလောက်နဲ့တက်မလာခဲ့နဲ့ ..... ကုမ္ပဏီပိုင်ရှင် ဒေးဗစ်ပီတာမိုက်ကယ်ဂျွန်စမစ်သာအေး အလုပ်သမားအသစ်ခန့်ရန် အင်တာဗျုးနေသည်။ "သမီး အသက်ဘယ်လောက်ရှိပြီလဲ။အိမ်ထောင်ရှိလား" "၁၈ နှစ်ပါရှင့်။အိမ်ထောင်မရှိပါဘူး။ပညာအရည်အချင်းက..." "အိုကွယ် အဲတာတွေမလိုပါဘူး။တော်မှန်း တတ်မှန်း အပွေးမြင် အပင်သိပါတယ် အဟင်းဟင်း ။ မနက်ဖြန် စက္ကထရီအနေနဲ့ အလုပ်စဆင်းတော့"😁😁 "ရှင် ဪ ဟုတ် ဟုတ်ကဲ့။အဟီး ဝမ်းသာလိုက်တာဆရာ"😁 ကောင်မလေးပြန်ထွက်သွားပြီးနောက် -- . . . "ကဲ နောက်တစ်ယောက်" "ဟုတ်ကဲ့ ရောက်ပါပြီဆရာ" "နာမည်ပြော" "ဖိုးထောင်ပါခင်ဗျ။အိမ်ထောင်မရှိ။ပညာအရည်အချင်းက.." "ဟေ့ကောင် အရစ်မရှည်နဲ့ မေးသလောက်ပဲဖြေ။ ရုပ်ကိုက ခုံဖိနပ်အောက်က ခွေးချေးရုပ်နဲ့။ ပါးဖြတ်ရိုက်လိုက်လို့ မျက်လုံးပါ ချိုင်းထောက်တပ်နေရမယ်" "ဗျာ"😲 " မေးတာကိုပဲ လိုရင်းတိုရှင်းဖြေ" "ဟုတ်" "လက်ရှိ အမေရိကန်သမ္မတ" "ဒေါ်နယ်ထရန့်ပါ" "ငါ့မေးခွန်းမဆုံးသေးဘူး။ သူ့မှာ အတွင်းခံဘောင်းဘီ ဘယ်နှစ်ထည်ရှိလဲ" "ခ ခညာ" "ဘာလဲ မသိဘူးမဟုတ်လား။ ကမ္ဘာ့အမြင်မရှိတဲ့ မင်းလိုသတ္တဝါမျိုး ဘယ်နေရာမှာ အားကိုးရမှာလဲ။ နောက်တစ်ခုမေးမယ်" "အဟင့််" "လွတ်လပ်ရေးဖခင်ကြီး" "ဗိုလ်ချုပ်အောင်ဆန်းလေ" "အေး သူနောက်ဆုံးထမင်းစားခဲ့တာဘာဟင်းနဲ့လဲ" "အလို"😲😲 "မသိပြန်ဘူးလား။ခက်တာပဲ မင်းတို့ကောင်တွေ သမိုင်းကြောင်းလည်း မလေ့လာ။နောက်ဆုံးတစ်ခုမေးမယ်" "ဖေတို့မေတို့ ကယ်ကြပါဦးလို့ အီးဟီး"😭 "သမ်ဗုဒ်ဓဂေါထာ အစအဆုံးရလား" "အမလေး တော်ပါသေးရဲ့ ဟီးဟီး။သိပ်ရတာပေါ့" "ပြောင်းပြန်ဆိုပြ" "တိန်"😲😲 :P . Crd; Viaဟန်ပေါသူ #KTZ
Показать все...
🤣 7👏 1
Фото недоступноПоказать в Telegram
ဂေါင်းကြီးတို့ ဖတ်ဖို့😅
Показать все...
🤣 5👍 2👏 1😁 1
Выберите другой тариф

Ваш текущий тарифный план позволяет посмотреть аналитику только 5 каналов. Чтобы получить больше, выберите другой план.