cookie

Мы используем файлы cookie для улучшения сервиса. Нажав кнопку «Принять все», вы соглашаетесь с использованием cookies.

avatar

Sit Thwe Myanmar

သတင်းမှန် တွေကို အမြဲတင်ပြပေးမည်

Больше
Рекламные посты
461
Подписчики
+224 часа
+27 дней
+530 дней

Загрузка данных...

Прирост подписчиков

Загрузка данных...

Mar 5 မိုးညှင်းမြို့နယ်တွင် အကြမ်း ဖက်PDF/KIAများကသေနတ်ဖြင့်ပစ်ခတ်ခဲ့၍ အမျိုးသား ၁ ဦးသေဆုံး ================================================================ ၂၀၂၄ ၊ မတ် ၅ ယမန်နေ့ မတ်လ ၄ ရက် နံနက် ၁၁ နာရီခွဲအချိန် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် ကျားဖြူကန် အနီးတွင် သေနတ်ကျည်ထိမှန်ဒဏ်ရာဖြင့် အမျိုးသား ၁ ဦးသေဆုံးနေကြောင်းသတင်းအရ တာ၀န်ရှိသူများက သွားရောက် စစ်ဆေးခဲ့ရာ သေဆုံးသူမှာ လှထွန်းဝင်း (ခ) ပြားကြီး (၃၂)နှစ် မီးရထားလိုင်း အုတ်ကျင်းရပ်ကွက် မိုးညှင်းမြို့နေသူတွင် နဖူးကျည်ထိမှန်ဒဏ်ရာ ၁ ချက်ဖြင့်သေဆုံးနေသည်ကိုတွေ့ရှိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်အား စုံစမ်းခဲ့ရာ လှထွန်းဝင်း(ခ)ပြားကြီး အား အကြမ်းဖက် အုပ်စု PDF/KIA သောင်းကျန်းသူ များက သေနတ်(စိစစ်ဆဲ)ဖြင့်ပစ် ခတ်သတ်ဖြတ်သွားကြောင်းသိရှိရသဖြင့် အကြမ်းဖက်အုပ်စု PDF/KIA သကသများအား မမစ(မိုးညှင်း) (ပ)၁၂/၂၀၂၄၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၄ ဖြင့်အမှုဖွင့်ပြီး တရားခံဖမ်းဆီးရမိရေး သက်ဆိုင်ရာမှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ #Vital
Показать все...
👍 7
Mar 5 မြင်းခြံမြို့နယ်တွင် အမျိုးသား ၁ ဦးသေနတ်ဖြင့်ပစ်ခတ်ခံရ၍ သေဆုံး =============================================================== ၂၀၂၄ ၊ မတ် ၅ ယမန်နေ့ မတ်လ ၄ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၂၀ အချိန် မြင်းခြံခရိုင် မြင်းခြံမြို့နယ် ကျောက်တိုင်ကျေး ရွာနှင့် ပင်လယ်ကျေးရွာကြား ထန်းတောအတွင်း၌ ကျောက်တိုင်ကျေး ရွာနေ ဦးတင်ရွှေ(ခ)ဦးမောင်နီ(၅၂) နှစ်သည် နွားကျောင်းနေစဉ်ဆိုင်ကယ် ၂ စီးဖြင့် အကြမ်းဖက်အုပ်စု PDF ၄ ဦး(စိစစ်ဆဲ)က ပင်လယ်ကျေးရွာဘက်မှရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်သွားခဲ့ကြောင်း သိရသည်။ ယင်းသို့ ပစ်ခတ်ခဲ့၍ ဦးတင်ရွှေ(ခ) ဦးမောင်နီ တွင် ဦး ခေါင်းပွင့်ထွက်ဒဏ်ရာ ၁ ချက်၊ ဝဲခြေသလုံးပေါက် ပြဲဒဏ်ရာ ၁ ချက် ပေါင်း ၂ ချက်ဖြင့်သေဆုံးသွားကြောင်းသ တင်းအရ ပူးပေါင်းလုံခြုံရေးအဖွဲ့ကသွား ရောက်စစ်ဆေးခဲ့ပြီး အလောင်းအား မြင်းခြံခရိုင်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ထားရှိကြောင်း သိရသည်။ ထို့ကြောင့် အကြမ်းဖက်အုပ်စု PDF ၄ ဦးအား နမစ(ဆီမီးခုံ (ပ)၁၀/၂၀၂၄၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၄ ဖြင့်အမှုဖွင့်ပြီး တရားခံများဖမ်းဆီးရမိရေး သက်ဆိုင်ရာမှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ #Vital
Показать все...
👍 2
Mar 5 သီပေါမြို့နယ်ရှိ ကျေးရွာများတွင် SSPP/SSA အဖွဲ့က ဆက်ကြေးကောက်/လူသစ်စုခြင်းများ လုပ် ဆောင်နေ =============================================================== ၂၀၂၄ ခုနှစ်၊ မတ် ၄ ပြီးခဲ့သည့် မတ်လ(၂)ရက် နံနက် ၁၁ နာရီခန့်တွင် SSPP/SSA အဖွဲ့၊ ရင်း (၂၄၆)မှ ခေါင်းဆောင် (စိစစ်ဆဲ)အင်အား (၂၀)ဦးခန့်သည် လက် နက်ငယ် ကိုယ်စီကိုင် ဆောင်လျက် Three Ground ထော်လာဂျီ ၁ စီးဖြင့် သီပေါမြို့နယ်၊ မိုင်းခေး ကျေး ရွာဘက်မှ နောင်ပူးကျေးရွာသို့ ရောက်ရှိလာပြီး ကျေးရွာဝန်းကျင်တစ်ဝိုက်တွင် ဖြန့်ခွဲအခြေပြုလှုပ်ရှားလျက်ရှိကာ သီပေါ မြို့နယ်ရှိ ကျေးရွာများအတွင်း ဆက်ကြေးကောက်၊ လူသစ်စုခြင်းများ ဆောင် ရွက်လျက် ရှိကြောင်း သိရသည်။ #Vital
Показать все...
Mar 5 တန့်ဆည်မှာ ၂ ကလောင်" ဂိန် "
Показать все...
👍 1
5⃣ March. ရွှေဘိုမြို့ ပတ်ဝန်းကျင်ပတ်လည် Pdf တွေခြေရူပ်နေကြပါပြီ မိတ်ဆွေ တစ်ဦးရဲ့ပြောပြချက်အရ မန္တလေးကိုအသွား ရွှေဘိုမြို့ရှောင်လမ်းမပေါ်မှာ Pdf တွေတွေ့ခဲ့ရကြောင်း ပြောပြသတင်းပေးလာပါသည် ရွှေဘိုမြို့ကိုဝင်တိုက်ဖို့အလစ်ချောင်းလူစုနေကြပါပြီ ရွှေဘိုတာဝန်ရှိသူများ တပ်ရင်းတပ်ဖွဲ့ လုံခြုံရေးတာဝန်ယူထားကြတဲ့ ရွှေဘနဲ့ လှရွှေများ အထူးသတိထားပြီး ကြိုတင်သတင်းယူလက်ဦးမူယူရှင်းလင်းကြဖို့လိုအပ်......။ BMT🏹🇲🇲
Показать все...
Фото недоступноПоказать в Telegram
Mar 5 ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်၊ ဟိုပုံးနှင့် လွိုင်လင်မြို့နယ်တို့တွင် လက်နက်ကိုင်ပဋိပက္ခများကြောင့် တစ်လကျော်အတွင်း စစ်ဘေးရှောင်ဦးရေ ၉၅၀၀၀ ကျော်ရှိလာ ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက်မှ မတ် ၂ ရက်အထိ ရှမ်းပြည်နယ် တောင်ပိုင်း ဆီဆိုင်မြို့နယ်၊ ဟိုပုံးမြို့နယ်နှင့် လွိုင်လင်မြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပွားသည့်အခြေအနေများကို စစ်တမ်းကောက်ယူပြီး ပအိုဝ်းလူငယ် အစည်းအရုံး(PYO) က ထုတ်ပြန်ရာတွင် အထက်ပါအချက်ကို ထည့်သွင်းဖော်ပြထားခြင်းလည်း ဖြစ်သည်။ ■news-eleven
Показать все...
Mar 5 တန့်ဆည်မြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူ ၁၁ ဦးကို သတ်ဖြတ်ခဲ့ပြီး နေအိမ် ၅၆ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိ နေပြည်တော်၊ မတ် ၅
Показать все...
Фото недоступноПоказать в Telegram
ဂုတ်တို-ဇင်မာအောင် မေဒိကန်သံရုံး၊ရန်ကုန်မြို့မှာ ၁၀တန်းမအောင်ဘဲတိုလီမိုလီ၊စာပို့စာရိုက်၊ဆက်သား၊ကူလီလုပ်လာခဲ့ရသူ။ ရှေ့နေကြီးမြင့် ရှေ့နေနောက်နေသာဖြစ်လာခဲ့တယ်။အပြင်မှာရှေ့နေငှားသူမရိှ၊စာချုပ်လုပ်သူမရိှလို့နံနံဒီပါတီထဲကိုဂျွမ်းထိုး/လိှမ့်ဝင်ခဲ့ရတဲ့သူ။ နံနံဒီဂုတ်တိုလိပ်ဖင်ကဘတ်ငွေ​စာရင်းရှင်းတမ်းအထိမရောက်အောင်ကာတယ်။နံနံဒီရှေ့နေကြီးမြင့်ကငွေရေးကြေးရေးတွေဖော်တယ်။အ့ကြကြကာ/ဖော်😂😂 ထရုမီဒီယာ
Показать все...
​ေသွးတိုး/နှလုံးရောဂါ မတ်၀၅၊၂၀၂၄။ မြန်မာ့တပ်မတော်သား/မိသားစုတွေနဲ့စစ်မှုထမ်းဟောင်း/မိသားစုတွေအတွက်ကတော့အဆင်ပြေနေပြီ၊စိတ်ချလက်ချကုသနေကြရပြီ။တပ်မတော်ဆေးသူနာပြု၊ဆရာဝန်၊ပါရဂူတွေရဲ့စွမ်းဆောင်ရည်ကမြင့်မားတိုးတက်လာတော့မြန်မြန်ဆန်ဆန်နဲ့ကုသရေးအောင်မြင်မှုအသီးအပွင့်ခံစားနေကြရပါပြီ။ရက်ပိုင်းနဲ့ကုန်ကျစရိတ်သက်သက်သာသာနဲ့ဆေးရုံပေါ်ကဆင်းသွားတဲ့လူနာ၊လူနာရှင်တွေကိုဘေးကကြည့်နေရတာကိုယ်တိုင်တော့ပီတိဝေဖျာမိခဲ့တယ်။ခွဲစိတ်ကုသ၊ကြည့်ရူ့စောင့်ရှောက်တဲ့သူနာပြု၊ဆရာဝန်နဲ့ပါရဂူတွေရဲ့ရင်ထဲဘယ်လိုနေမယ်မသိ။ခွဲစိတ်ကုသတာကလည်းနာရီပိုင်း၊ရက်ပိုင်းအတွင်းသာမာန်လို၊ခလေးကစားစရာလိုတွေဖြစ်တဲ့အထိတပ်မတော်ဆေးပညာတိုးတက်လာခဲ့တာအမှန်တရားဘဲလို့မြင်မိတယ်... နှလုံးရောဂါသယ်သာမန်အရပ်သားပြည်သူလူထုတွေကသက်ဆိုင်ရာပါရဂူတွေနဲ့တွေ့မှ၊ချိတ်ဆက်မိမှအဆင်ပြေသလိုတော့တွေ့နေရတယ်။အရပ်သားပြည်သူနှလုံးရောဂါလူနာရှင်တွေအတွက်တရားဝင်ကုသခွင့်များရခဲ့ကြရင်ဘယ်လောက်များကောင်းလိုက်မလဲလို့စဥ္းစားမိတယ်။ပြင်ပမှာဟိုဆရာဝန်နဲ့ပြ၊ဒီပါရဂူနဲ့ပြ၊ရွာလည်၊ငွေကုန်သံပြာကင်းဝေးဖို့၊ကျန်းမာခြင်းသည်လာဒ်တစ်ပါးဖြစ်စေဖို့စောင်မကြည့်ရူ့ပေးပါလားခဗျာ။ နှလုံးရောဂါကုတပ်မတော်စစ်ဆေးရုံများကတော့... ၁။နေပြည်တော် ၂။ရန်ကုန် ၃။ပြင်ဦးလွင် ၄။အောင်ဘန်း ထရုမီဒီယာ
Показать все...
ကောလင်းUGထောက်ပို့PDFမချို&လမင်း မတ်လ၀၅၊၂၀၂၄။ ပုံထဲကအင်ကျီအနီ၊ဦးထုပ်ဆောင်းထားတဲ့PDFမတို့ကPDFဇော်မျိုးထွန်းတို့အဖွဲ့နဲ့အမြဲအတူရှိနေကြတာပါ။ထောက်ပို့PDFမချိုဆိုတာမူးဒိမ်ကနေကောလင်းမှာအိမ်ထောင်ကျ၊သူ့ယွကျားPDFလမင်းလည်းထောက်ပို့ဘဲ။လမင်းက(အိုင်ကွန်ခါးကြားထိုးနဲ့ကောင်)ကောလင်းမှာအရင်တုန်းကလေဘေးထည်ရောင်းတယ်၊သားနှစ်ယောက်ရှိတယ်... ၂၀၂၂ခုနှစ်ကကောလင်းစျေးထဲမှာပဲငပိသည်ကိုဓားနဲ့ထိုးသတ်ခဲ့တဲ့လူသတ်တရားခံကတော့UGထောက်ပို့PDFမချိုပါဘဲ။မချို၊လမင်းနဲ့ဇော်မျိုးထွန်းတို့PDFအဖွဲ့လက်ရိှတည်နေရာကတော့ကောလင်း၊မူးဒိမ်ရွာမှကျော်ဆန်းရဲ့စခန်းတဲ။ ထရုမီဒီယာ
Показать все...
Выберите другой тариф

Ваш текущий тарифный план позволяет посмотреть аналитику только 5 каналов. Чтобы получить больше, выберите другой план.