cookie

Мы используем файлы cookie для улучшения сервиса. Нажав кнопку «Принять все», вы соглашаетесь с использованием cookies.

avatar

𝙿𝚒 𝚃𝚒 (𝙵𝚛𝚎𝚎 𝚂𝚎𝚛𝚒𝚎𝚜 𝚋𝚢_𝚔𝚊𝚒)

Больше
Мьянма8 730Бирманский6 599Фильмы66 568
Рекламные посты
886
Подписчики
Нет данных24 часа
+77 дней
+730 дней

Загрузка данных...

Прирост подписчиков

Загрузка данных...

  • Фото недоступно
  • Фото недоступно
  • Фото недоступно
  • Фото недоступно
Smallville (2001 - 2011) (Season 1 ~10) IMDb - 7.5/10 Rotten Tomatoes - 78% Season (3)ထိ ကြည့်လို့ရပါပြီ။ DCပရိတ်သတ်ဖြစ်စေ၊ Marvelပရိတ်သတ်ဖြစ်စေ၊ ဘယ်သူမဆို Supermanကိုတော့ ရင်းနှီးကြပါတယ်။ ခု Smallville Series ကတော့ Supermanဆိုလို့မဖြစ်လာခင် Clark Kentဘဝနဲ့ Smallvilleဆိုတဲ့မြို့ငယ်လေးမှာ ဘဝစခဲ့တာကို ရိုက်ပြထားတာပါ။ အားလုံးသိကြတဲ့ဇာတ်အိမ်နဲ့ပဲ အစပျိုးထားပါတယ်။ Smallvilleမြို့ကိုဥက္ကာခဲကြွေကျပြီး အဲ့ဥက္ကာခဲနဲ့အတူ Clark Kentဖြစ်လာမယ့်ကလေး ပါလာခဲ့တာပါ။ အဲ့ကလေးကို Johnathan Kentနဲ့Martha Kentတို့နှစ်ယောက်ကမွေးစားခဲ့ပြီး တဖြည်းဖြည်းနဲ့ဆယ်ကျော်သက်ဘဝကို ရောက်လာခဲ့ပါတယ်။ အဲ့ဆယ်ကျော်သက်ဘဝကိုရတဲ့အချိန်ကစလို့ သာမန်ထက်ထူးခြားတဲ့အစွမ်းတွေကို Clarkတစ်ယောက်ရလာခဲ့ပြီး မြို့မှာဖြစ်ပျက်တဲ့အမှုတွေ ထူးဆန်းတဲ့ကိစ္စတွေကို စုံစမ်းပြီး မသမာမှုတွေကို တားဆီးပါတော့တယ်။ 2000ခုနှစ်များက ဇာတ်ကားဖြစ်တာနဲ့အညီ အဲ့ခေတ်အခါကလူနေမှုတွေ၊ သွားလာနေထိုင်ကြပုံတွေကိုလည်း ကြည့်ကြရမှာပါ။ ဒါ့အပြင် ဇာတ်ဝင်သီချင်းတွေကလည်း Nostalgicဖြစ်တဲ့ Vibeမျိုးလေးဆိုတော့... Channel Link 🖇️ https://t.me/+LneEeT2qeIg4YzJl ©️ #kai
Показать все...
👍 8 3
  • Фото недоступно
  • Фото недоступно
  • Фото недоступно
The Big Bang Theory (2007 - 2019) (1~12) Seasons Season 12 ထိ ရှိပေမယ့် Season 5 ထိပဲ MSub နဲ့ ကြည့်လို့ရပါမယ်။ IMDb - 8.1/10 Rotten Tamatoes - 81% Friends က ဂန္ဓဝင် sit-com တစ်ခုဖြစ်ပေမယ့် သိပ္ပံဟာသတွေ၊ စူပါဟီးရိုးဟာသတွေ အများကြီးပါတဲ့ big bang theory ကိုတော့ ကျွန်တော်ပိုကြိုက်မိပါတယ်။ ဒီစီးရီးကလည်းDoctor House လိုပဲ အရမ်းကောင်းသလောက် ဘာသာပြန်ရ အရမ်းခက်တာမို့ ဖြည်းဖြည်းချင်းပဲ တင်သွားမှာပါ ကြိုက်တယ်ဆိုရင်တော့ လူများများကြည့်ဖြစ်သွားအောင် ညွှန်းပေးကြပါဦး။ အဓိက အမျိုးသား ဇာတ်ကောင် ၄ ယောက်ကတော့ လီရိုနက်၊ ရှယ်လ်ဒန်၊ ဟောင်းဝဒ်၊ ကူသရာပါလီ ဆိုတဲ့ သိပ္ပံပညာရှင် လူငယ် ၄ ယောက်ပါပဲ။ တစ်ယောက်တစ်မျိုးစီ တလွဲတချော်တွေနဲ့ ရယ်စရာ အပြည့်နဲ့ သိပ္ပံ nerd ရုပ်ရှင်ဂိတွေပါ။ အားလုံးထဲမှာ genius အဖြစ်ဆုံးနဲ့ ကို့ရို့ကားယားအနိုင်ဆုံးကတော့ ရှယ်လ်ဒန်ပါပဲ။ သူတို့ရဲ့ တည်ငြိမ်နေတဲ့ သီးသန့် ဂိ အသိုင်းအဝိုင်းလေးထဲကို တစ်နေ့မှာ အရမ်းလှတဲ့ မိန်းမချောလေးတစ်ယောက် ရောက်လာတဲ့အခါ…. Channel Link 🖇️ https://t.me/+8uGaMHj00mI2MTJl လောလောဆယ် Season (5)ထိ ကြည့်လို့ရပါပြီ။ ©️ #kai
Показать все...
👍 7 5
9-1-1: Lone Star (2020 -2023) (4 Seasons) IMDb - 7.2/10 9-1-1 Lone Star ကတော့ 9-1-1 ရဲ့ Spin off ဇာတ်လမ်းတွဲပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ တက္ကဆပ်ပြည်နယ်ကို ယခင်က Lone Star လို့ ခေါ်ခဲ့တာပါ။ ဒီဇာတ်လမ်းကတော့ တက္ကဆပ်ပြည်နယ်အတွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ဘေးအန္တရာယ်တွေကို အမှတ် ၁၂၆ မီးသတ်နဲ့ အရေးပေါ်ကယ်ဆယ်ရေးဌာန၊ ရဲဌာန တို့ရဲ့ကြိုးပမ်းမှုတွေကို ဇာတ်လမ်းအချိတ်အဆက်မိမိ ဇာတ်အိမ်ကောင်းကောင်းနဲ့ တင်ပြထားတာပါ။ဇာတ်လမ်းအကျဉ်းကတော့ မီးသတ်ဌာနမှူး ကပ္ပတိန် အိုဝင် စထရန်းဟာ တက္တဆပ်ပြည်နယ်၊ အော်စတင်မြို့လေးဆီကို ပြောင်းဖို့ အကြောင်းဖန်လာခဲ့ပါတယ်။သူနဲ့အတူ သူ့ရဲ့သား တီကေ စထရန်းလည်း ပါလာခဲ့ပါတယ်။ အော်စတင်မြို့ရဲ့ အမှတ် ၁၂၆ မီးသတ်ဌာနမှူး ဂျဒ်ဟာလည်း တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူအနေနဲ့ စိတ်ဒဏ်ရာ ရနေခဲ့ပါတယ်။ ခေါင်းဆောင်အဟောင်း နဲ့ အသစ်တို့ကြားက အားပြိုင်မှုတွေကို မြင်တွေ့ရမှာ ဖြစ်သလို ရယ်မောစရာ ဟာသခန်းတွေကိုလည်း သဘာဝကျကျ မြင်ရမှာ ဖြစ်လို့ 9-1-1 ပရိသတ်များ သဘောတွေ့စေဦးမယ့် ဇာတ်လမ်းတွဲတစ်ခုပဲ ဖြစ်ပါတယ်။ #©️ #kai
Показать все...
2👍 1
  • Фото недоступно
  • Фото недоступно
  • Фото недоступно
9-1-1 Lone Star (2020 - 2023) (4 Seasons) လက်ရှိတော့ Season (3) ထိ ကြည့်လို့ရပါပြီ။ IMDb - 7.2/10 Channel Link 🖇️ https://t.me/+twrbdm6-MkdkNDk1 #kai
Показать все...
5
Never Have I Ever (2020 - 2023) Season (1~4) IMDb - 7.9/10 Rotten Tamatoes - 94% netflixက ထုတ်ထားတဲ့ ဆယ်ကျော်သက် ဟာသစီးရီးလေးတစ်ခု တင်ဆက်ပေးလိုက်ပါတယ်…. ဇာတ်လမ်းကို ရေးထားတဲ့ စာရေးဆရာမMindy Kalingက သူ့ရဲ့ဆယ်ကျော်သက်ဘဝကို ပြန်လည်ခံစားပြီး လူငယ်ဘဝရဲ့ အလွဲတွေ အချစ်ပေါ် ခံစားချက်တွေကို ပုံဖော်ထားပြီး အရှေ့တိုင်းဆန်ဆန်ဟာသတွေလဲ အတော်လေးပါပါတယ်………… အဓိကဇာတ်ကောင်ဖြစ်တဲ့ ဒေဗီလေးက ကယ်လီဖိုးနီးယားမှာကျောင်းတက်နေတဲ့ဆယ်ကျော်သက်အရွယ် အိန္ဒိယလူမျိုးမလေးပေါ့ …..အိန္ဒိယလူမျိုးဖြစ်တဲ့ ဒေဗီ မိဘတွေကတော့ ထုံးစံအတိုင်း အာရှဆန်ဆန် အရှေ့တိုင်း အယူအဆတွေရှိကြတယ်ပေါ့နော် ဒေဗီကတော့ အမေရိကန်မှာမွေးတဲ့သူဖြစ်လို့ သူ့မိဘတွေနဲ့ဆန့်ကျင့်ဖက်ပေါ့.ဒေဗီဟာ သူ့အဖေဆုံးပြီးတဲ့နောက်ပိုင်း စိတ်အရမ်းထိခိုက်ပြီး အောက်ပိုင်းသေသွားခဲ့ပါတယ် . ဒါပေမယ့် နွေရာသီပိတ်ရက်မှာ ကျောင်းက သူတစ်ဖက်သက်ကြိုက်ရတဲ့ကောင်လေးကြောင့် ရုတ်တရက်လမ်းပြန်လျှောက်နိုင်ခဲ့တယ်….. သူ့ရဲ့ အဓိကရည်ရွယ်ချက်ဖြစ်တဲ့ ကျောင်းပြန်ဖွင့်တဲ့အချိန်ကျရင် ရည်းစားရအောင်ထားမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့အတူ သူ့သူငယ်ချင်းငပေါမနှစ်ယောက်နဲ့ သူတို့ကျောင်းမှာ ပေါ်ပြူလာ ဖြစ်အောင်နေမယ်ဆိုပြီး ဆုံးဖြတ်လိုက်ရင်းတလွဲတွေဖြစ်လာတာကို ရိုက်ကူးပြထားတဲ့ လူငယ်တွေအကြိုက် ဟာသစီးရီးတွဲလေးပေါ့ဒေဗီရဲ့အမေ့စတိုင်က မြန်မာနိုင်ငံက မိဘတွေတော်တော်များများနဲ့ဆင်နေတော့ ခွီနေရမှာအသေချာပါပဲ ©️ #kai
Показать все...
👍 1 1
  • Фото недоступно
  • Фото недоступно
Never Have I Ever (2020 - 2023) Season (1~4) Season 4 တောင်းထားတဲ့သူတွေ ကြည့်လို့ရပါပြီ။ IMDb - 7.9/10 Rotten Tamatoes - 94% Channel Link 🖇 https://t.me/+r9KOkl8a3vYzOTg1 #kai
Показать все...
4
  • Фото недоступно
  • Фото недоступно
9-1-1 (2018 - 2023) (6 Seasons) IMDb - 7.8/10 Rotten Tamatoes - 81% Fan တွေ အတွက် အချိန်ကုန်မှန်းမသိအောင် ကြည့်ကောင်းတဲ့ တီဗီဇတ်လမ်းတွဲ တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ… 9-1-1 ပါတဲ့ ဟုတ်ပါတယ်… 9-1-1 ဟာ မြန်မာပြည်က ကူညီပါရစေ လိုပါပဲ ဆိုပေမယ့်ဒီက ကူညီပါရစေလိုမျိုးတော့ မဟုတ်ပါဘူး 9-1-1 အုပ်စု မှာ အရေးပေါ် တယ်လီဖုန်းလိုင်းကအော်ပရေတာတွေ ကနေ တဆင့် အမှုအခင်း – သဘာဝဘေး စတဲ့ ပြသနာ ပေါင်းစုံကို ဆယ်သွယ်အကူအညီတောင်းတဲ့ အခါ မီးသတ် – ရဲ – ဆေးဘက်အကူအညီ နှင့် အပြေးအလွှားကယ်ဆယ်ကြပါရတယ် ဒီ 9-1-1 ဇတ်လမ်းတွဲမှာတော့ ထူးထူးခြားခြား ဖြစ်စဉ်လေးတွေကို Episode တစ်ခုစီ အပြီးအစီး ပြထားတာမို့ ဆန့်ငင် ဆန့်ငင် မဖြစ်ပါဘူး ဇတ်လမ်းတွဲထဲက သရုပ်ဆောင်တစ်ယောက်စီတိုင်းရဲ့ သဘာ၀ ကျတဲ့ သရုပ်ဆောင်ချက်တွေ ကြောင့် ဇတ်လမ်းတွဲဟာ ပိုမိုပြီး အသက်ဝင်နေပါတယ် Channel Link 🖇️ https://t.me/+A6wRIXqPAR82NTFl ©️ #kai
Показать все...
👍 4 1
Legacies (2018 - 2019) (4 Seasons) IMDb - 7.3/10 Rotten Tamatoes - 82% 2009 ခုနှစ်စတင်ပြီး ထုတ်လွှင့်ပြသခဲ့တဲ့ The Vampire Diaries ဟာဆိုရင် Season ၈ ခု နဲ့ အဆုံးသတ်ခဲ့ပြီး လူအများနှစ်သက် သဘောကျတဲ့ TV show ဖြစ်ခဲ့ပါတယ် … ၂၀၁၃ မှာ သူ့ရဲ့ Spinoff လို့ခေါ်တဲ့ ဇာတ်ကောင် တစ်ခုပေါ် အခြေခံပြီးရိုက်ကူးထားသော The Originals ဟာ ပထမဆုံးအကြိမ် မွေးဖွားခဲ့ပါတယ် … The Originals ဟာလည်း လူကြိုက် အလွန်များခဲ့ပြီး ၂၀၁၈ နှစ်လည်လောက်မှာတော့ မျိုးဆက်သစ်တွေ မွေးဖွားလာတဲ့နဲ့အလျှောက် နိဂုံးချုပ် နှုတ်ဆက်သွားခဲ့ပါတယ် … Legacies ဟာ The Vampire Diaries နဲ့ The Originals ရဲ့ Spinoff တစ်ခုဖြစ်ပါတယ် … Legacies ထဲမှာ မူရင်း သွေးစုပ်ဖုတ်ကောင်လည်းဖြစ် ဝံပုလွေလည်းဖြစ်ပြီး နှစ်မျိုးစပ်လို့ခေါ်တဲ့ နှစ်ထောင်ချီကမ္ဘာပေါ်ကျင်လည်ကျက်စားခဲ့တဲ့ အဖေ ရယ် ဝံပုလွေ အမေရယ်နဲ့ ရှေးခေတ်က ဆိုးယုတ်တဲ့စုန်းတွေ ဖြစ်ခဲ့တဲ့ အဖွားတွေကြောင့် ကမ္ဘာမှာ တစ်မျိုးပဲ ရှိတဲ့ သုံးမျိုးစပ် ( Tribrid ) ဖြစ်နေတဲ့ Hope Mikaelson အကြောင်းကို တွေ့ရမှာပါ … ၂၁ ရာခုရဲ့ Hogwarts ကျောင်းဖြစ်တဲ့ Salvotore အဆောင်နေကျောင်းကြီး နဲ့ အရွယ်ရောက်လာတဲ့ ဆယ်ကျော်သက်အရွယ် Hope နဲ့ သူမသူငယ်ချင်းတွေက အပြင်လောကနဲ့ ဘယ်လို စခန်းသွားမလဲဆိုတာကို တွေ့ရမှာပါ … ဆယ်ကျော်သက် စုန်းတွေ ဝံပုလွေတွေ သွေးစုပ်ဖုတ်ကောင်တွေနဲ့ ပြည့်နေကျောင်းဟာ သူရဲကောင်းတွေကို မွေးထုတ်ပေးမှာလား ဗီလိန်တွေကို မွေးထုတ်ပေးမှာလား ဆိုတာကတော့ Legacies မှာ ဝင်ရောက်ခံစားနိုင်ပါတယ်မှော်အစွမ်းတွေကို ညီမဖြစ်သူ Jossie နဲ့ စုပေါင်းလိုက်တဲ့ Lizze ဟာ Merge day မှာပဲ သေဆုံးသွားပါတယ်။ ဒါပေမယ့် တကယ်သေဆုံးတာ မဟုတ်ပဲ Hope ရဲ့ အကြံအတိုင်း မဟူရာမှော် မရှိတဲ့ Jossie ကို သွားကယ်ဖို့ပါ။ ဒီတော့ Hope အနေနဲ့ Jossie ရဲ့ မသိစိတ် ကမ္ဘာထဲကို သွားရပါပြီ။ တဖက်မှာလည်း Lizzie တယောက် သူ့ရဲ့ ဟန်ပြဈာပနပွဲကို Salvatore ကျောင်းကြီးမှာ ပြင်ဆင်နေပါတယ်။ ရုပ်ရှင်ဆန်ဆန် ရိုက်ကူးလာတဲ့ Legacies အနေနဲ့ ဒီအပိုင်းကလည်း Disney princess fan တွေရှိရင် ကြည့်သင့်တဲ့ အပိုင်းပါပဲဗျာ။ Hope အနေနဲ့ Jossie ရဲ့ မသိစိတ်ထဲကို ဝင်ပြီး Jossie ကို မဟူရာမှော်တွေကြားက ကယ်နိုင်မလား? Lizzie Saltzman ရဲ့ ဈာပန ပွဲကရော သူစီစဉ်သလို အဆင်ပြေသွားပါ့မလား? The Necromancer ကြီးကရော ဘယ်လိုတွေ ဒုက္ခပေးဦးမလဲဆိုတာ.......... ©️ #kai
Показать все...
👍 3 1
  • Фото недоступно
  • Фото недоступно
  • Фото недоступно
Legacies (2018 - 2019) (4 Seasons) IMDb - 7.3/10 Rotten Tamatoes - 82% Season (2) ထိ ပြန်ရပါပြီ။ Channel Link 🖇️ https://t.me/+neV6yNZ96wRiMTI1 #kai
Показать все...
4
The Vampire Diaries (2009–2017) Vampire ဇတ်လမ်းတွေကို ကြိုက်နှစ်သက်သူတွေကတော့ Vampire Diaries ဆိုတာ မကြည့်ဖူးရင်သာနေမယ် နာမည်မကြားဖူးဘူးဆိုတဲ့သူတော့ ရှိမယ်မထင်ဖူးနော် .. ဟုတ်ပါတယ် Vampire ဇတ်လမ်းတွေထဲမှာတော့ တော်တော်လေးအောင်မြင်တဲ့ ဇတ်ကားပါ Vampire Diaries က Season 8 မှာဇတ်သိမ်းသွားပါပြီ။ နောက်ဆက်တွဲလဲ ထပ်မထွက်လာတော့ပါဘူး .. The Originals TV Series ဟာ ဒီ Vampire Diaries Series ကို အခြေခံပြီးထွက်လာတဲ့ CW ရဲ့ နောက်ထပ်Vampire Series တစ်ခုဖြစ်ပါတယ် .. ဇတ်လမ်းပုံစံကတော့ Elena Gibert(Nina Dobrev) ဆိုတဲ့ ဆယ်ကျော်သက် ကောင်မလေးဟာ မိဘနှစ်ပါး ကားအက်စီးဒင့်ကြောင့်သေဆုံးခဲ့တာကြောင့် တစ်ကောင်ကြွက်ဘဝနဲ့ ဗာဂျီးနီးယားမြို့လေးမှာနေထိုင်ပါတယ် .. သူမမှာ Stefan Salvatore (Paul Wesley) ဆိုတဲ့ ချစ်ရတဲ့ချစ်သူတစ်ယောက်ရှိပါတယ် သူ့ချစ်သူဟာ အသက် 162 နှစ်ရှိပြီဖြစ်တဲ့ Vampire တစ်ကောင်ဆိုတာသူမ မသိခဲ့ပါဖူး တစ်နေ့တော့ Stefan ရဲ့ အစ်ကို ဖြစ်သူ Damon Salvatore (Ian Somerhalder) ကသူတို့ဆီကိုရောက်ရှိလာရာကနေ ဒီဇတ်လမ်းဖြစ်ပေါ်လာပါတယ် 😀 နောက်ပိုင်း Damon ကလဲ Elenaကိုကြိုက်ပြီး သုံးပွင့်ဆိုင် ဇတ်လမ်းတစ်ခု ဆက်ဖြစ်သွားပါတယ် .. Vampire ညီအစ်ကို နှစ်ယောက်က Elena ကို အစွမ်းကုန်ကာကွယ် စောင့်ရှောက်ကြရင်း နောက်ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့ ဇတ်လမ်းထဲမှာဆက်လက်ကြည့်ရမှာပဲဖြစ်ပါတယ် .. 😀 IMDB Rating မှာတော့ 7.8 ရရှိထားတဲ့ Series ကောင်းတစ်ခုဖြစ်ပါတယ် .. #kai
Показать все...
Выберите другой тариф

Ваш текущий тарифный план позволяет посмотреть аналитику только 5 каналов. Чтобы получить больше, выберите другой план.