Cloud Wings
Открыть в Telegram
5 594
Подписчики
Нет данных24 часа
-127 дней
-10930 дней
Архив постов
5 594
ကိုယ့်တိုင်းပြည် ကိုယ့်နိုင်ငံမှာ ကိုယ်နေပြီး
ကိုယ့်တိုင်းပြည် ကိုယ့်နိုင်ငံကို ကိုယ်လွမ်းလှ …
#အောင်ချိမ့်
#CloudWings
5 594
SOF နဲ့ရော နဂါးနီစစ်ကြောင်းနဲ့ရော ပေါင်းပြီး ပူးတွဲကြမ်းခဲ့တာလေး ပြန်ပြောပြချင်လို့ ❤️❤️❤️
Comment မာ စောင့်နေမယ်နော်
အမျိုးတို့ရေ 💪💪💪
#SOF
#RedDragonColumn
#CloudWings
5 594
“ လူကြိုက်နည်းတဲ့ကောင် “
နာကျင်တဲ့အခါ မအော်ပဲ
ပျော်ရွှင်တဲ့အခါ ရယ်မောဖို့ နောက်မကျခဲ့ဘူး …
#မောင်ချောနွယ်
#CloudWings
5 594
ဘဘရဲချုပ်ကြီးခင်ဗျားးးးး စိတ်မဆိုးနဲ့တော့နော်
ရော့ အသည်းလေးယူ
သားသားတို့က ချစ်လို့စတာပါ၊ စိန်လည်းမခေါ်ဝံ့ပါဘူး …
😁😁😁
#CloudWings
5 594
“ အသံဗလံတွေကလည်း အရင်အတိုင်း
အကြံအဖန်တွေကလည်း အရင်အတိုင်း
ကိုင်း … ဒီလိုနဲ့ပဲ နေမွန်းတည့်ပြန်ပြီ … “
#လှသန်း
#CloudWings
5 594
Cloud Wings ဒရုန်းတပ်ဖွဲ့မှ ဒရုန်းတစ်စီးလည်း အကြိမ်ပေါင်းများစွာ စစ်ဆင်ရေးဆောင်ရွက်နေစဉ်အတွင်း ပျက်ကျခဲ့ရပြီး ရန်သူစစ်ကောင်စီတပ်ဘက်မှ ကောက်ယူသိမ်းဆည်း သွားခဲ့ပါတယ်။
အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ တပ်မ ၄၄ လက်အောက်ခံ ခြေလျင်တပ်ရင်း - ခလရ ၂ တပ်ရင်းများနှင့် BGF နယ်ခြားစောင့်တပ် အမှတ် ၁၀၂၁ တပ်ရင်း အစရှိတဲ့ တပ်များပါဝင်တိုက်ခိုက်ခဲ့ကြပြီး အဘစ်ကျေးရွာအခြေစိုက် အမြောက်တပ် အမတ-၃၁၈မှ ၁၂၂မမ ဟောင်ဝစ်ဇာအမြောက်များ၊ ၁၂၀မမ လက်နက်ကြီးများအပြင် လေကြောင်းပစ်ကူများ အများအပြားလည်း ပေးခဲ့ကြပါတယ်။
လက်ရှိအချိန်တွင် စစ်ကောင်စီတပ်များမှာ ခလယ်တံခွန်တိုင်ရွာအတွင်း ဝင်ရောက်တပ်စွဲနေပြီး စစ်ရှောင်ပြည်သူနေအိမ်များကို ဖောက်ထွင်းဖျက်စီးကာ အဖိုးတန်ပစ္စည်းများနှင့် ငွေကြေးများ ယူဆောင်နေသည့်အပြင် ရွာသားများကိုပါ ဖမ်းဆီးရိုက်နှက်မှုများလုပ်ဆောင်နေတယ်ဟု ဒေသခံများထံမှလည်း သိရှိရပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA၏ ဦးစီးဦးဆောင်မှု၊ နဂါးနီစစ်ကြောင်း၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့-SOF နှင့်အတူ Cloud Wings ဒရုန်းတပ်ဖွဲ့မှ အဆိုပါစစ်ဆင်ရေးအား ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ဒရုန်းစစ်ဆင်ရေး သီးသန့်သာ သတင်းထုတ်ပြန်ခြင်း ဖြစ်ပါတယ်။
ကိုငြိမ်း( တာဝန်ခံ )
Cloud Wings
5 594
ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်တံခွန်တိုင်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းအား KNLAဦးဆောင်မှုဖြင့် ဒရုန်းစစ်ဆင်ရေး ပြုလုပ်။
စစ်ဆင်ရေးကာလအတွင်း Cloud Wings ဒရုန်းတပ်ဖွဲ့မှ ဒရုန်းတစ်စီး ပျက်ဆီးဆုံးရှုံးခဲ့ရ။
====================
စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၃ခုနှစ်။
ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဒူးပလာယာခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်းရော်ဒေသ၊ ခလယ်တံခွန်တိုင်သို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ၊ BGF ပူးပေါင်းစစ်ကြောင်းအား စက်တင်ဘာလ၊ ၁၆ရက်နေ့က စတင်ပြီး တိုက်ခိုက်ခဲ့ပါတယ်။
စက်တင်ဘာလ၊ ၁၆ရက်နေ့မှ စတင်ကာ စက်တင်ဘာလ၊ ၂၂ရက်နေ့အထိ တစ်ပတ်တာတိုက်ပွဲအတွင်း Cloud Wings ဒရုန်းတပ်ဖွဲ့မှ ၈၁မမ၊ ၆၀မမ အစရှိတဲ့ ဗုံးသီးအလုံးပေါင်း ရာကျော်ကြဲချ တိုက်ခိုက်ခဲ့ပါတယ်။
၄င်းတိုက်ပွဲများအတွင်း ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ရန်သူစစ်ကောင်စီတပ်သား ၁၀ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ စစ်ကောင်စီတပ်သားများကို BGFများ၏ အကူအညီဖြင့် ကား၈စီးနဲ့ သယ်ဆောင်ကာ မော်လမြိုင်ကုတင်၃၀၀ စစ်ဆေးရုံသို့ သယ်ဆောင်သွားကြတယ်လို့ ပြန်လည်သိရှိရပါတယ်။
5 594
ဟုတ်ပါတယ် ကျနော်တို့ ဒရုန်းပါ
တာဝန်ကျေပွန်တယ်ဆိုတာထက် ပိုခဲ့ပါတယ် 💔💔💔
တိုက်ပွဲရှိရင် အောင်မြင်မှုရှိသလို ဆုံးရှုံးရတာတွေလည်း ရှိရပါတယ်…
ဘာပဲဖြစ်ဖြစ်ပါ အခုအချိန်မာ အမျိုးတို့ရဲ့ စိတ်ခွန်အားပေးမှုတွေ ပိုပြီးလိုအပ်နေပါတယ် …
#CloudWings
5 594
“ ရှင်းရှင်းလေးပါပဲ
အနာဂါတ်ကို သင်မစဉ်းစားခဲ့ရင်
သင့်ကိုလည်း အနာဂါတ်က စဉ်းစားမှာ မဟုတ်ဘူး …”
#လှသန်း
#CloudWings
5 594
ပူးပေါင်းတပ်တွေနဲ့ Cloud Wings ဒရုန်းတွေ တောက်လျှောက်ဘဲနော်
သတင်းကောင်းတွေအများကြီးရှိသေးတယ်
အားပေးကြမယ်မလား အမျိုးတို့
❤️❤️❤️
Commentမာ အမြည်းလေး ကျွေးမယ်နော်
😁😁😁
#CloudWings
5 594
ဒီပုံကို သေချာတွေ့ရင် ရဲရဲကြီး ရှယ်လိုက်ပါ
သေချာပေါက် တခုခုထူးလာပါလိမ့်မယ်
ယုံကြည်ဖို့တော့လိုပါတယ်
အယ်ဘနဲ့ အယ်ဘသားများ ကံကောင်းကြဘာဇေ 😁😁😁
#CloudWings
5 594
ဦးကျော်မိုးထွန်း 🫡🫡🫡
ငါတို့သံအမတ် ငါတို့အသံ
နော်အမျိုးတို့ ❤️❤️❤️
#OurAmbassadorOurVoice
#CloudWings
5 594
အဘရေ ပဒက်တေ မိုးထဲလေထဲ လာချသွားတယ် အဘရေ …..
အဘရေ သားတို့ကို ကယ်ပါအုံး အဘရဲ့
😁😁😁
#CloudWings
5 594
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA၏ ဦးစီးဦးဆောင်မှု၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့-SOF၊ မဟာမိတ်တပ်ဖွဲ့များနှင့်အတူ Cloud Wings ဒရုန်းတပ်ဖွဲ့မှ အဆိုပါစစ်ဆင်ရေးအား ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါတယ်။
ကိုငြိမ်း( တာဝန်ခံ )
Cloud Wings
#CloudWings
5 594
ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ကွီလုံတိုင် စစ်တပ်စခန်းနှင့် လက်နက်ခဲယမ်း၊ ရိက္ခာ၊ စစ်ကူလာပို့တဲ့ စစ်ကြောင်းတို့အား KNLA ဦးဆောင်မှုဖြင့် ဒရုန်းဗုံးသီးအလုံး၂၀၀ကျော် ကြဲချတိုက်ခိုက်။
====================
စက်တင်ဘာလ ၁၅ရက်၊ ၂၀၂၃ခုနှစ်။
ကရင်အမျိုးအသားအစည်းအရုံး ( KNU ) တပ်မဟာ၆၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ အင်အား၃၀ခန့် တပ်စွဲထားတဲ့ ကွီလုံတိုင်စစ်စခန်းအား ဩဂုတ်လ၊ ၂၄ရက်နေ့က စတင်ပြီး တိုက်ခိုက်ခဲ့ပါတယ်။
အဆိုပါ ကွီလုံတိုင်စစ်စခန်းအား မဆုံးရှုံးစေရန် လက်နက်၊ခဲယမ်း၊ရိက္ခာများကို ထိုင်းဘက်ခြမ်းကနေ စစ်ကူပို့လာတဲ့ အင်အား၁၀၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းအား စက်တင်ဘာလ၊ ၆ရက်နေ့ကစတင်ပြီး လိုက်လံတိုက်ခိုက်ခဲ့ပါတယ်။
ဩဂုတ်လ၊ ၂၄ရက်နေ့ မှစတင်ကာ စက်တင်ဘာလ၊ ၁၄ရက်နေ့အထိ ရက်၂၀ကျော်ကြာ တိုက်ပွဲများအတွင်း Cloud Wings ဒရုန်းတပ်ဖွဲ့မှ ၁၀၇မမ၊ ၈၁မမ၊ ၆၀မမ အစရှိတဲ့ ဗုံးသီးအလုံးပေါင်း ၂၀၀ကျော်အား ကြဲချခဲ့ပြီး အကြိမ်အရေအတွက်ပေါင်း ရာနဲ့ချီကာ ပျံသန်းတိုက်ခိုက်ခဲ့ပါတယ်။
အဆိုပါတိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်ရင်း ခမရ-၃၃၉၊ ခမရ-၅၆၁၊ ခမရ-၅၅၇ အစရှိတဲ့ တပ်များ ပါဝင်တိုက်ခိုက်ခဲ့ကြပြီး လေကြောင်းပစ်ကူများလည်း ပေးခဲ့ကြပါတယ်။
၄င်းတိုက်ပွဲအတွင်း ရန်သူစစ်ကောင်စီတပ်သား ၁၀ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ စစ်ကောင်စီတပ်သားများကို ထိုင်းဘက်ခြမ်းမှတဆင့် ကားများဖြင့် သယ်ဆောင်သွားကြပြီး သေဆုံးသွားသူများကို ဟောင်သရောမြစ်အတွင်းသို့ ပစ်ချလိုက်ကြပါတယ်လို့ ဒေသခံများမှတဆင့် ပြန်လည်သိရှိရပါတယ်။
