Cloud Wings
Открыть в Telegram
5 594
Подписчики
Нет данных24 часа
-127 дней
-10930 дней
Архив постов
5 594
၂၀၂၃ခုနှစ်၊ နောက်ဆုံး၆လတာအတွင်း Cloud Wings ၏ လုပ်ဆောင်ချက်များ အကျဉ်းချုပ်။
▪️စစ်ဆင်ရေးပေါင်း - အကြိမ်၂၀။
▪️ပျံသန်းမှုပေါင်း - အကြိမ်၄၀၀ကျော်။
▪️ဗုံးသီးအမျိုးအစားစုံ - ၁၂၆၀လုံး။
▪️အောင်မြင်မှု - ဗိုလ်မှူးကြီးအဆင့်အပါအဝင် စစ်ကောင်စီတပ်သားအများအပြားချေမှူန်း၊ အများအပြားထိခိုက်ဒါဏ်ရာရ။
▪️ဒရုန်းဆုံးရှုံးပျက်ဆီးမှု - ၃စီး ( ဆုံးရှုံး ) + ၁စီး ( ပျက်ဆီး )
#CloudWings
5 594
၂၀၂၃ ခုနှစ်၊ နောက်ဆုံး (၆) လတာအတွင်း Cloud Wings ၏ စစ်ဆင်ရေးဆောင်ရွက်ချက်များအား ပြည်သူလူထုထံ တင်ပြခြင်း။
===================
ဒီဇင်ဘာလ ၂၅ရက်နေ့၊ ၂၀၂၃ခုနှစ်။
Cloud Wings ဒရုန်းများသည် ၂၀၂၃ ခုနှစ်၊ နောက်ဆုံး၆လအတွင်း ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ စစ်ဆင်ရေးအကြိမ်ပေါင်း (၂၀)တွင်ပါဝင်ခဲ့ပြီး အကြိမ်ရေပေါင်း (၄၀၀)ကျော် ပျံသန်းတိုက်ပွဲဝင်နိုင်ခဲ့ကာ ဗုံးသီးစုံအလုံးပေါင်း (၁၂၆၀)အား စစ်ကောင်စီတပ်ဖွဲ့များအပေါ် ကြဲချတိုက်ခိုက်ခဲ့ပါသည်။
အဆိုပါ၆လတာ ကြဲချတိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်ဖွဲ့မှ ဗိုလ်မှူးကြီးအဆင့်ရှိသူ အပါအဝင် စစ်ကောင်စီတပ်သား အများအပြားအား ချေမှုန်းနိုင်ခဲ့ပြီး ဒရုန်းဗုံးထိမှန် ဒဏ်ရာရရှိမှုများ အများအပြားလည်း ရှိခဲ့ပါသည်။
စစ်ဆင်ရေးတာဝန်များ ထမ်းဆောင်နေစဉ်အတွင်း Cloud Wings ဒရုန်း (၄)စီးလည်း ဆုံးရှုံး၊ ပျက်ဆီးခဲ့ရပါသည်။
တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိပြီး စစ်ဆင်ရေးသတင်းများအား အလျဉ်းသင့်သလို ထပ်မံတင်ပြပေးသွားပါမည်။
ကိုငြိမ်း ( တာဝန်ခံ )
Cloud Wings
#CloudWings
5 594
တချို့တွေများ ကံထူးချက်ဆိုတာ
ဆီတန်းစီစရာမလိုဘူး အရောက်ပို့ပေးသူနဲ့ဘာနဲ့
ကိုယ့်မှာ နာမည်တပ်ပြောပိုင်ခွင့်မရှိ 😁
#CloudWings
5 594
မှာထားတာလေး ကားတင် အဲ ဒရုန်းတင် ပေးလိုက်ပြီနော်
ပုံ - Cloud Wings ( တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိ သူရဘွဲ့ အထူးပေးအပ်သူ ) 😁
#CloudWings
5 594
အလုပ်အကိုင် - ခေတ်မှီတိုက်လေယာဉ်များ၊ ရေပေါ်ရေအောက် သင်္ဘောများ ပိုင်ဆိုင်သည့် ကမ္ဘာ့အဆင့်-၃၈ရှိ အင်အားကြီး စစ်တပ်
အားနည်းချက် - ဒရုန်းကြောက်ရောဂါရှိ 😁
#CloudWings
5 594
▪️မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွစခန်းတွင် တာဝန်ကျနေသော တပ်ရင်းမှူးဖြစ်သူ ဒုဗိုလ်မှူးကြီးမျိုးကိုကိုဝင်း ဒရုန်းဗုံးထိမှန်သေဆုံး။
▪️သေဆုံးပြီးနောက် စစ်ကောင်စီမှ ရာထူးတိုးပေးသည့်အပြင် သီဟသူရဘွဲ့ပါပေး။
====================
နိုဝင်ဘာလ ၂၈ရက်၊ ၂၀၂၃ခုနှစ်။
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွရဲစခန်းတွင် ခမရ-၃၅၈မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး မျိုးကိုကိုဝင်း နိုဝင်ဘာလ ၂၆ရက်နေ့၊ နံနက်၅:၀၅ ခန့်တွင် ဒရုန်းဗုံးသီး ၄လုံးထိမှန် သေဆုံးခဲ့ပါသည်။
ဒုတိယဗိုလ်မှူးကြီး မျိုးကိုကိုဝင်း ဒရုန်းဗုံးထိမှန် သေဆုံးပြီးနောက် စစ်ကောင်စီက သီဟသူရဘွဲ့ပေးအပ်ပြီး ဗိုလ်မှူးကြီးရာထူးသို့ တိုးမြှင့်ပေးလိုက်တယ်လို့လည်း သိရပါသည်။
ခမရ-၃၅၈တပ်သည် ယခုတပ်ရင်းမှူးသေဆုံးသည့်အပြင် ဒုတပ်ရင်းမှူးဖြစ်သူလည်း ဆေးရုံတွင် ထိမှန်ဒဏ်ရာဖြင့် ဆေးကုသမှုခံနေရသည်လို့ သတင်းရပါသည်။
Cloud Wings ဒရုန်းများသည် KNLAဦးစီး ပူးပေါင်းတပ်ဖွဲ့များ၊ စစ်ကြောင်းများနှင့်အတူ တစ်လကျော်ကြာ ဆက်လက်တိုက်ပွဲဝင်လျှက်ရှိပြီး တိုက်ပွဲသတင်းများကို အလျင်းသင့်သလို တင်ပြပေးသွားပါမည်။
ကိုငြိမ်း ( တာဝန်ခံ )
Cloud Wings
5 594
“အလိုမတူသော ညများနှင့် တွေ့ဆုံခြင်း“
စိတ်မပျက်ပါဘူး
အိပ်ရေးပျက်ခံရုံပေါ့
ဒါမှ မနက်ဖြန်ကို သူများထက် အရင်မြင်နိုင်မယ်
မနက်ကျရင်
လရောင်ရေ
မင်းကို သတင်းစာတစ်စောင် ပေးဖတ်မယ်
လေပြည်ရေ
မင်းကို လက်ဖက်ရည်တစ်ခွက် ၀ယ်တိုက်မယ်
ပြီးတော့မှ
အမှောင်ရိပ်တွေရဲ့
လိပ်စာ ပျောက်ဆုံးမှုကို ပြောပြမယ်။
#လှသန်း
#CloudWings
