ru
Feedback
S4U

S4U

Открыть в Telegram

အက်မင်ကိုဆက်သွယ်ရန်- @Kelvin_Shine

Больше

📈 Аналитический обзор Telegram-канала S4U

Канал S4U (@leo_cinema_series_channel) является активным участником. Сейчас сообщество объединяет 10 385 подписчиков, занимая 24 825 место в категории Фильмы и 11 293 место в регионе Мьянма.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 10 385 подписчиков.

Согласно последним данным от 25 августа, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -167, а за последние 24 часа — -10, при этом общий охват остаётся высоким.

  • Статус верификации: Не верифицирован
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 4.26%. В первые 24 часа после публикации контент обычно набирает 1.09% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 443 просмотров. В течение первых суток публикация набирает 113 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 3.

📝 Описание и контентная политика

Автор описывает ресурс как площадку для выражения субъективного мнения:
အက်မင်ကိုဆက်သွယ်ရန်- @Kelvin_Shine

Благодаря высокой частоте обновлений (последние данные получены 26 августа, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Фильмы.

10 385
Подписчики
-1024 часа
-367 дней
-16730 день
Архив постов
S4U
10 385
Repost from N/a
Lucky (Anya Taylor-Joy) ဟာ ငယ်ဘဝကတည်းက ကျင်လည်ခဲ့ရတဲ့ ဒုစရိုက်လောကကြီးကို စွန့်ခွာပြီး ဘဝသစ်တစ်ခုကို အေးအေးချမ်းချမ်း စတင်ဖို
Lucky (Anya Taylor-Joy) ဟာ ငယ်ဘဝကတည်းက ကျင်လည်ခဲ့ရတဲ့ ဒုစရိုက်လောကကြီးကို စွန့်ခွာပြီး ဘဝသစ်တစ်ခုကို အေးအေးချမ်းချမ်း စတင်ဖို့ ကြိုးစားနေတဲ့ အမျိုးသမီးငယ်တစ်ဦးပါ။ သို့သော်လည်း ဒေါ်လာသန်းပေါင်းများစွာ တန်ကြေးရှိတဲ့ ကိစ္စကြီးတစ်ခုကို လုပ်ဆောင်ရာမှာ မထင်မှတ်ဘဲ လွဲချော်သွားတဲ့အခါမှာတော့ သူဟာ လွတ်မြောက်ဖို့အတွက် အသက်လုပြီး ထွက်ပြေးရပါတော့တယ်။ တစ်ဖက်မှာ FBI ရဲ့ အပြင်းအထန် လိုက်လံဖမ်းဆီးမှုတွေအပြင်၊ အခြားတစ်ဖက်မှာလည်း ရက်စက်ကြမ်းကြုတ်တဲ့ မာဖီးယားဂိုဏ်းခေါင်းဆောင် Priscilla Matheson (Annette Bening) ရဲ့ ရန်ကနေ လွတ်မြောက်ဖို့အတွက် Lucky ဟာ သူမစွန့်လွှတ်ခဲ့တဲ့ အတိတ်က ဒုစရိုက်ပညာရပ်တွေကို နောက်ဆုံးအနေနဲ့ ပြန်လည်အသုံးပြုရပါတော့တယ်။ သူမရဲ့ အသက်ရှင်သန်ရေးနဲ့ အတိတ်ကနေ အပြီးတိုင် လွတ်မြောက်ရာလမ်းကို ဘယ်လိုရှာဖွေမလဲဆိုတာကို အချိုးအကွေ့များစွာနဲ့ သည်းထိတ်ရင်ဖိုစရာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ Code Cvfs5geZbg Bot ထဲမှာ Code ရိုက်ပို့ပြီးကြည့်ပါ @MMYoteShinYone_Bot

S4U
10 385
စကားပြောဖော်ရှာချင်တဲ့သူတွေအတွက် အကောင်း TG Bot 👀 Telegram Username တွေ၊ ကိုယ်ရေးအချက်အလက်တွေ အရင်ပေးစရာမလိုဘဲ Random လူသစ်တ
စကားပြောဖော်ရှာချင်တဲ့သူတွေအတွက် အကောင်း TG Bot 👀 Telegram Username တွေ၊ ကိုယ်ရေးအချက်အလက်တွေ အရင်ပေးစရာမလိုဘဲ Random လူသစ်တွေနဲ့ စကားပြောချင်ရင် Burmese Chat (BC) ရှိပါတယ်။ 💬 Random Match နဲ့ လူသစ်တွေရှာနိုင်မယ် 🪪 ကိုယ်ပိုင် BC ID နဲ့ ချိတ်ပြီးပြောနိုင်မယ် 👥 စိတ်ဝင်စားရာ Club တွေဝင်ပြီး အဖွဲ့လိုက်စကားပြောနိုင်မယ် 🎮 စကားပြောရင်း Game လေးတွေပါ ဆော့လို့ရမယ် စကားပြောလို့အဆင်ပြေတဲ့သူတွေ့ရင် BC ID လဲထားပြီး နောက်မှလည်း ပြန်ချိတ်လို့ရပါတယ်။ အပျင်းပြေ စကားပြောဖော်ရှာချင်တာပဲဖြစ်ဖြစ်၊ လူသစ်တွေနဲ့ မိတ်ဆွေဖွဲ့ချင်တာပဲဖြစ်ဖြစ် သုံးကြည့်လိုက်ပါ 👋 🤖 @BurmeseChat_bot 📣 @BCOffice ❤️ Support : @BurmeseChatSupport_bot #BurmeseChat #TelegramBot #Chatbot #Friends #Myanmar #AnonymousChat #History #NewFeature

S4U
10 385
"အိန္ဒိယမှာ ဖန်တီးခဲ့တဲ့ အချိန်" Made in India: A Titan Story (2026) ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ နိုင်ငံခြား Brand တွေ လွှမ်းမို
"အိန္ဒိယမှာ ဖန်တီးခဲ့တဲ့ အချိန်" Made in India: A Titan Story (2026) ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ နိုင်ငံခြား Brand တွေ လွှမ်းမိုးနေတဲ့ ဈေးကွက်ထဲကို “အိန္ဒိယနိုင်ငံကလည်း ကမ္ဘာ့အဆင့်မီ နာရီတစ်လုံး ကိုယ်တိုင်ထုတ်လုပ်နိုင်ရမယ်” ဆိုတဲ့ ရည်မှန်းချက်နဲ့ Xerxes Desai နဲ့ သူ့အဖွဲ့ စတင်ကြိုးစားခဲ့ကြပါတယ်။ ဒါပေမယ့် ငွေကြေး၊ အစိုးရလုပ်ထုံးလုပ်နည်း၊ ဈေးကွက်ရဲ့မယုံကြည်မှုနဲ့ အကြိမ်ကြိမ်ကျရှုံးမှုတွေကို ဖြတ်ကျော်ရင်း Titan ကို အောင်မြင်တဲ့ အိန္ဒိယ Brand တစ်ခုဖြစ်လာအောင် တည်ဆောက်ခဲ့ပုံကို ဇာတ်အိမ်ဖွဲ့ထားပါတယ်။ လုပ်ငန်းတစ်ခုရဲ့ အောင်မြင်မှုကိုပဲ ပြထားတာမဟုတ်ဘဲ အကြံအစည်တစ်ခုကို လူတွေမယုံကြည်သေးတဲ့အချိန်မှာ ကိုယ်တိုင်ယုံကြည်ပြီး ဆက်လုပ်ရဲခြင်း၊ ကျရှုံးမှုကနေ ပြန်ထနိုင်ခြင်းနဲ့ ကိုယ့်နိုင်ငံကလည်း ကမ္ဘာ့အဆင့်မီအရာတစ်ခု ဖန်တီးနိုင်တယ်ဆိုတဲ့ ယုံကြည်မှု ကို ခံစားရစေတဲ့ ဇာတ်လမ်းတွဲပါ။ Business နဲ့ Startup ဇာတ်လမ်းတွေကြိုက်သူတွေအတွက် အထူးသဖြင့် စိတ်အားတက်စေမယ့် ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ https://t.me/MMYoteShinYone_Bot?start=series-pOsdkuHzcg

S4U
10 385
Prison Break (2005-2017) IMdb Rating 8.5 Prison Break လိုပြောလိုက်တာနဲ့ တစ်ချိန်က စီးရီးလောကမှာ မသိသူမရှိလောက်အောင် နာမည်ကြီး
Prison Break (2005-2017) IMdb Rating 8.5 Prison Break လိုပြောလိုက်တာနဲ့ တစ်ချိန်က စီးရီးလောကမှာ မသိသူမရှိလောက်အောင် နာမည်ကြီးခဲ့တဲ့ ဇာတ်လမ်းတွဲတစ်ပုဒ်ကို ပြန်လည်တင်ဆက်ပေးပါရစေ။ ဇာတ်လမ်းအကျဥ်း -  မိုက်ကယ်စကိုးဖီးဟာ ဆောက်လုပ်ရေးအင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီး တရားစီရင်မှုအမှားကြောင့် ထောင်ချောက်ဆင် သေဒဏ်ချခံလိုက်ရတဲ့ အကိုဖြစ်သူ လင်ကွန်းဘားရိုးစ်ကို ကယ်တင်ဖိုအတွက် သူကိုယ်တိုင် ထောင်ကျခံ၊ ထောင်ဖောက်ပြီးထွက်ပြေးဖိုအစီအစဉ်ဆွဲရာက ဇာတ်လမ်းစပါတယ်။ အဲဒီထောင်ဟာ သူကိုယ်တိုင်ဒီဇိုင်းရေးဆွဲပေးခဲ့တဲ့ အကျဉ်းထောင်ဖြစ်တာကြောင့် ထောင်ရဲ့ပုံကြမ်းအသေးစိတ်အချက်အလက်တွေကို ခန္ဓာကိုယ်ပေါ်မှာ တက်တကူးရေးထိုးပြီး သေချာဗျူဟာချပြီးမှ ကယ်ထုတ်ဖို အကွက်ကျကျစီစဉ်ထားတာပါ ဒီလိုနဲ့ ထောင်ထဲရောက်လာတဲ့အချိန်မှာ စီစဉ်ထားတဲ့အတိုင်းကြိုးစားရင်း မမျှော်လင့်ထားတဲ့ အခက်အခဲတွေ အနှောင့်အယှက်တွေကြားက ထောင်ဖောက်ဖိုအတွက် အကောင်အထည်ဖော်ပါတော့တယ် ဒီစီးရီး season 1 to 5 အပြင်အခြား Vip series အစုံကို ၃၀၀၀ ကျပ်ဖြင့်ကြည့်နိုင်ပါပြီ💥 Vip ဝင်ဖို့ဆက်သွယ်ပါ🕵 @aLeo2008

S4U
10 385
Repost from N/a
𝐌𝐮𝐬𝐚𝐟𝐢𝐫 𝐂𝐚𝐟𝐞 (𝟐𝟎𝟐𝟔) ဇာတ်လမ်းကတော့ တောင်တန်းပေါ်မှာ ကိုယ်ပိုင် ကော်ဖီဆိုင်လေးတစ်ဆိုင် ဖွင့်လှစ်ချင်တဲ့ အိပ်မက်ရ
𝐌𝐮𝐬𝐚𝐟𝐢𝐫 𝐂𝐚𝐟𝐞 (𝟐𝟎𝟐𝟔) ဇာတ်လမ်းကတော့ တောင်တန်းပေါ်မှာ ကိုယ်ပိုင် ကော်ဖီဆိုင်လေးတစ်ဆိုင် ဖွင့်လှစ်ချင်တဲ့ အိပ်မက်ရှိသူ သော့ဖ်ဝဲလ်အင်ဂျင်နီယာ လူငယ် Chander ရဲ့ ဘဝကနေ စတင်ထားပါတယ်။ သူဟာ အိမ်ထောင်ရေးဆွေးနွေးပွတစ်ခုကနေတစ်ဆင့် အိမ်ထောင်ရေးစနစ်ကို လုံးဝမယုံကြည်တဲ့၊ ကိုယ်ပိုင်ရပ်တည်မှုကို မြတ်နိုးတဲ့ ရှေ့နေမလေး Sudha (Vedika Pinto) နဲ့ မထင်မှတ်ဘဲ ဆုံတွေ့မိခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ မတူညီတဲ့ အတွေးအခေါ်တွေရှိကြပေမဲ့ မီးပွားတစ်ခုလို ရုတ်တရက် ဆွဲဆောင်မှု ခံလိုက်ရပြီး နှစ်ယောက်ကြားမှာ ခိုင်မာတဲ့ သံယောဇဉ်တစ်ခု စတင်ဖြစ်ပေါ်လာပါတယ်။ ဒါပေမဲ့ ဘဝရဲ့ ရည်မှန်းချက်တွေ၊ ရွေးချယ်မှုတွေကြောင့် သူတို့နှစ်ယောက် လမ်းခွဲခဲ့ကြရပါတယ်။ နှစ်အနည်းငယ်အကြာမှာတော့ Chander ဟာ Mussoorie တောင်တန်းပေါ်မှာ သူ့ရဲ့ အိပ်မက်ဖြစ်တဲ့ "Musafir Cafe" ဆိုတဲ့ ကော်ဖီဆိုင်လေးကို စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး အဲ့ဒီမှာမှ နားလည်မှုအပြည့်ပေးနိုင်တဲ့ အဖော်ကောင်းမလေး Preeti နဲ့ ပူးတွဲလုပ်ကိုင်ရင်း အေးချမ်းတဲ့ ဘဝတစ်ခုကို တည်ဆောက်ထားပါတယ်။ ဒါပေမဲ့ အတိတ်က နာကျင်စရာနဲ့ လှပခဲ့တဲ့ သံယောဇဉ်တွေ ပြန်လည်ရောက်ရှိလာတဲ့အခါ https://t.me/MMYoteShinYone_Bot?start=series-MS4fHvfC-w

S4U
10 385
House of Dragon Season 2 Series Code- Ea2_4qLGNQ Bot ထဲမှာ series code ပို့ပြီးကြည့်ပါ @MMYoteShinYone_Bot
House of Dragon Season 2 Series Code- Ea2_4qLGNQ Bot ထဲမှာ series code ပို့ပြီးကြည့်ပါ @MMYoteShinYone_Bot

S4U
10 385
SPIDER NOIR Spider-Man ပရိသတ်တွေအတွက် တကယ့်ကို မိုက်မယ့် "Spider-Noir" live-action စီးရီးအသစ် ထွက်လာပါပြီ။ ၂၀၁၈ တုန်းက Spider
SPIDER NOIR Spider-Man ပရိသတ်တွေအတွက် တကယ့်ကို မိုက်မယ့် "Spider-Noir" live-action စီးရီးအသစ် ထွက်လာပါပြီ။ ၂၀၁၈ တုန်းက Spider-Man: Into the Spider-Verse ကာတွန်းကားမှာ အသံသရုပ်ဆောင်ခဲ့တဲ့ နာမည်ကြီးမင်းသားကြီး Nicolas Cage ကပဲ ဒီစီးရီးမှာ လူကိုယ်တိုင် ပြန်လည်ပါဝင်လာတာပါ။ ပေါ့ပေါ့ပါးပါးနဲ့ ဟာသတွေနှောနေတဲ့ ပုံမှန် Spider-Man ကားတွေနဲ့မတူဘဲ ၁၉၃၀ ပြည့်လွန်နှစ်တွေက နယူးယောက်မြို့ကြီးရဲ့ မှောင်မိုက်ပြီး စုံထောက်ဆန်ဆန် (Noir aesthetic) အရသာကို အပြည့်အဝ ခံစားရမယ့် ကားမျိုးပါ။ ဇာတ်လမ်းအကျဉ်း +++++++++ ဒီဇာတ်လမ်းက ပုံမှန် Peter Parker အကြောင်း မဟုတ်ပါဘူး။ ဒီစကြဝဠာမှာ သူ့နာမည်က Ben Reilly ပါ။ အသက်နည်းနည်းရလာပြီဖြစ်တဲ့ Ben ဟာ အတိတ်က နယူးယောက်မြို့ရဲ့ တစ်ဦးတည်းသော စူပါဟီးရိုး (The Spider) အဖြစ်ကနေ အနားယူထားပြီး သာမန် ပုဂ္ဂလိက အလွတ်စုံထောက်ကြီးအဖြစ် အလုပ်လုပ်နေတာပါ။ ဒါပေမဲ့ ပုဂ္ဂိုလ်ရေးအရ ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုကို ကြုံတွေ့ရပြီးနောက်မှာတော့ သူ့ရဲ့ အတိတ်က ဟီးရိုးဘဝကို မလွှဲမရှောင်သာ ပြန်လည်ရင်ဆိုင်ရမယ့် အကြောင်းကို လျှို့ဝှက်ဆန်းကြယ် စုံထောက်ကားစတိုင် ရိုက်ကူးထားတာ ဖြစ်ပါတယ်။ Spider-Man Noir ဆိုတဲ့ ကာရိုက်တာက ၂၀၀၉ ခုနှစ်မှာ ထွက်ခဲ့တဲ့ Marvel ရဲ့ Noir Universe (Earth-90214) ကနေ စတင်မွေးဖွားလာတာပါ။ ကောမစ်ထဲမှာတော့ ပင့်ကူကိုက်ခံရတာက သာမန် ဓာတ်ရောင်ခြည်သင့် ပင့်ကူမဟုတ်ဘဲ ရှေးဟောင်း ပင့်ကူနတ်ဘုရား ရုပ်တုကနေတစ်ဆင့် အစွမ်းရလာတာမျိုးပါ။ ရိုးရိုး Spider-Man တွေလို မဟုတ်ဘဲ သေနတ်တွေလည်း သုံးတယ်၊ လူဆိုးတွေကို နှိမ်နှင်းတဲ့နေရာမှာလည်း ပိုပြီး ကြမ်းတမ်းပါတယ်။ ကောမစ်ထဲမှာ Uncle Ben ကို သတ်သွားတဲ့ လူသတ်ကောင်က The Vulture ပါ (ကော်မစ်ထဲက Vulture က လူသားစားတဲ့ ဘီလူးတစ်ကောင်လို ပုံစံမျိုးပါ)။ စီးရီးထဲမှာတော့ ပရိသတ်တွေ ရင်းနှီးပြီးသား ဗီလိန်တွေဖြစ်တဲ့ Sandman (Flint Marko), Tombstone (Lonnie Lincoln) နဲ့ Silvermane တို့လို လူဆိုးဂိုဏ်းခေါင်းဆောင်တွေ ပါဝင်လာပါတယ်။ မင်းသားကြီး Nicolas Cage က သူ့ရဲ့ သရုပ်ဆောင်ပုံကို နာမည်ကြီး ဂန္ထဝင်မင်းသား Humphrey Bogart ရဲ့ စုံထောက်စတိုင် ၇၀ ရာခိုင်နှုန်းနဲ့ ကာတွန်းဇာတ်ကောင် Bugs Bunny ရဲ့ နောက်ပြောင်တတ်တဲ့စတိုင် ၃၀ ရာခိုင်နှုန်းကို ပေါင်းစပ်ပြီး သရုပ်ဆောင်ထားတယ်လို့ ဆိုပါတယ် Showrunner ဖြစ်တဲ့ Oren Uziel က ငယ်ငယ်တုန်းက Sam Raimi ရိုက်ခဲ့တဲ့ Tobey Maguire ရဲ့ Spider-Man ကားတွေကို အရမ်းကြိုက်ခဲ့တာမို့ အဲဒီကားတွေရဲ့ အငွေ့အသက်တချို့ကိုလည်း ဒီစီးရီးထဲမှာ ဂါရဝပြု ထည့်သွင်းထားပါတယ်။ ဒီစီးရီးရဲ့ အထူးခြားဆုံး အချက်ကတော့ Prime Video မှာ "Authentic Black & White" (အဖြူအမည်းစစ်စစ်) ရော "True-Hue Full Color" (အရောင်အပြည့်) ဆိုပြီး ဗားရှင်းနှစ်မျိုးနဲ့ လွှင့်တင်ထားတာပါ။ ကိုယ်ကြိုက်တဲ့ ဖီလင်နဲ့ ရွေးကြည့်လို့ ရပါတယ်။ ဒီဇာတ်ကောင်က Spider-Verse ကားတွေနဲ့ ဆက်စပ်မနေဘဲ သီးသန့်ရပ်တည်နေတဲ့ စကြဝဠာတစ်ခုကပါ။ ပြီးတော့ မူပိုင်ခွင့်တွေနဲ့ ဇာတ်လမ်းကွဲပြားမှုတွေကြောင့် Peter Parker လို့ နာမည်မပေးဘဲ Ben Reilly လို့ နာမည်ပေးထားတာပါ။ အပိုင်း ၈ ပိုင်းပါဝင်မယ့် ဒီစီးရီးကတော့ လျှို့ဝှက်ဆန်းကြယ် စုံထောက်ကား ကြိုက်တဲ့သူတွေရော၊ ခပ်ကြမ်းကြမ်း ဟီးရိုးကား ကြိုက်တဲ့သူတွေပါ သဘောကျမယ့် ကားကောင်းတစ်ကားဖြစ်မှာ အသေအချာပါပဲဗျာ။ ဒီစီးရီး season 1 အပြင်အခြား Vip series အစုံကို ၃၀၀၀ ကျပ်ဖြင့်ကြည့်နိုင်ပါပြီ💥 Vip ဝင်ဖို့ဆက်သွယ်ပါ🕵 @aLeo2008

S4U
10 385
Sit-Com တွေအ‌ကြောင်းပြောမယ်ဆိုရင် မသိသူမရှိတဲ့ Friends, HIMYM, Big bang theory တို့အပြင် ချန်လှပ်ထားခဲ့လို့မရတာကတော့ အစဉ်အလာကြီးမားတဲ့ The Office Series တွေပါပဲ။ မူရင်း British series နဲ့ အခုတင်ဆက်ပေးမယ့် အမေရိကန် Series အပြင် နိုင်ငံအမျိုးမျိုးကကိုယ်စီပြန်အသက်သွင်းခဲ့ကြတာတွေ မနည်းမနောရှိတဲ့အတွက် သူ့ပရိသတ်တွေကလည်း မနည်းလှဘူးလို့ဆိုရမှာပါ။ ကော်ပိုရိတ်ကြီးတစ်ခုရဲ့ ဌာနခွဲရုံးတစ်ရုံး သူတို့ရဲ့မန်နေဂျာနဲ့ တစ်ခြားသော ဝန်ထမ်းတစ်သိုက်ရဲ့နေ့စဉ်ရုံးတွင်းအတွေ့အကြုံလေးတွေ အကြောင်းဟာသနှောရိုက်ထားတဲ့ ဇာတ်လမ်းတွဲဟာ ဘာကြောင့်ဒီလောက်အထိအောင်မြင်သွားခဲ့လဲဆိုတာကတော့ ဇာတ်ကောင်တွေအပေါ် ပရိသတ်တွေရဲ့ဆက်စပ်ခံစားနိုင်မှုကြောင့်လို့ပြောနိုင်ပါတယ်။ Sit-Com series တွေကို ကြည့်လိုက်တိုင်းမှာ ရလာတဲ့ခံစားချက်လေးတစ်ခုကတော့ တချို့ဇာတ်ကောင်တွေအဖြစ်အပျက်တွေဟာ ကိုယ်တိုင်ပဲကြုံဖူးတာလိုလို တစ်ခါတစ်လေ ကိုယ်ကိုယ်တိုင်နဲ့တူနေတတ်တာမျိုးပေါ့… Friends ထဲက ဆရာလုပ်တတ်ပြီး စနစ်ကျစတိုင်ကျတဲ့ Ross လို ဘော်ဒါမျိုး… How I met your mother ထဲက အလုပ်ကြိုးစားပြီး ကောင်မလေးကိုအရမ်းချစ်ပြတတ်တဲ့ Marshall လို ငတိမျိုး… Big bang theory ထဲက အလှပြင်ရင်းဘဲထားရင်နဲ့ ဘဝကိုပျော်ပျော်ဖြတ်သန်းနေတဲ့ Penny လို ကောင်မလေးမျိုး…. Young Sheldon ထဲက ဘီယာကိုဖာလိုက်သောက်တတ်တဲ့ရှယ်ဒန်ရဲ့အဖေ George Cooper လိုလူမျိုးက ကိုယ့်အဖေနဲ့တောင်ဆင်သလိုလို ခံစားရမိစေပါတယ် အဓိကပြောချင်တာက Sit-com တွေဆိုတာ ကိုယ့်ဘဝနဲ့အနီးစပ်ဆုံးတူညီပြီး သူတို့ရဲ့ဇာတ်လမ်းတည်ဆောက်ပုံအရ စီးရီးတစ်ခုကို ကြည့်မိပြီးရင်ကိုယ်ပါ အဲ့ဇာတ်ကောင်တွေနဲ့နေ့စဉ်ဖြတ်သန်းရင်း ဒီအပိုင်းတစ်ခုစာ မကြာလှတဲ့ မိနစ်နှစ်ဆယ်လေးဟာ တစ်နေ့တာကြုံရသမျှဘဝအမောတွေကို ရှောင်ပြေးပြီး ကိုယ့်ဘော်ဒါတွေနဲ့သွား hang out လုပ်နေရသလိုပါပဲ… စစချင်းအကျင့်မဖြစ်သေးရင် ပျင်းသလိုဖြစ်ပေမယ့် ကိုယ်နဲ့ဇာတ်ကောင်တွေက ဘော်ဒါတွေလို ရင်းနှီးကျွမ်းဝင်သွားတဲ့အခါမှာတော့ ဇာတ်သိမ်းသွားရင်တောင် စော်ပစ်ခံရသလို တစ်ပတ်လောက် ဘာလုပ်ရမှန်းမသိဖြစ်နေပြီး တိုင်ပတ်နေတာပါ… အခု‌မိတ်ဆက်ချင်တဲ့ The Office US Version ကလဲ အဲ့လို အပန်းဖြေအဖော်ပြုလို့ကောင်းတဲ့ စီးရီးတစ်ခုဆိုတာ ငြင်းစရာမရှိပါဘူး… The Office စီးရီးကိုတော့ memes တွေက တဆင့်ဖြစ်ဖြစ်၊ short clips လေးတွေက တဆင့်ဖြစ်ဖြစ် လူတိုင်းနီးပါး မြင်ဖူး၊ ကြားဖူးပြီးသား ဖြစ်ပါလိမ့်မယ်။ အထူးသဖြင့် အမေရိကန် ဗားရှင်းပေါ့။ ဒီစီးရီးကို 2005 ခုနှစ်မှာ စတင် ထုတ်လွှင့်ပြသခဲ့တယ်။ အဲဒီအချိန်ကစပြီး ခပ်မြန်မြန်ပဲ ကမ္ဘာကျော်သွားတယ်။ meme လောကမှာလည်း The Office series ထဲက template တွေကို ရေလည်သုံးခဲ့ကြတယ်။ ဒီစီးရီးမှာ အဓိက အကြောင်းအရာကတော့ ဒန်ဒါမစ်ဖလင်ရုံးက ဝန်ထမ်းတွေရဲ့ တစ်နေ့တာ ဖြတ်သန်းပုံတွေပဲ။ ပျင်းစရာကောင်းတဲ့ ရုံးခန်းတစ်ခုကနေ ဘယ်လို ပျော်စရာတွေ မွေးထုတ်နိုင်သလဲဆိုတာကို ဒီစီးရီးမှာ မြင်ရလိမ့်မယ်။ ရုံးဆိုရင် ဖိုင်တွေကြားထဲမှာ ထိုင်ပြီး ပျင်းစရာကောင်းတဲ့ တစ်နေ့တာကို ဖြတ်သန်းရတဲ့ နေရာတစ်ခုအဖြစ် လူတိုင်း မြင်တတ်ကြတယ်။ ဒီရှိုးကတော့ ရုံး ဆိုတဲ့ နေရာကို အိမ်အဖြစ် အဓိပ္ပာယ် ပြန်ဖွင့်ပေးလိုက်သလိုပါပဲ။ ကာရိုက်တာတိုင်းမှာ ထင်ရှားတဲ့ စရိုက်မျိုးရှိတယ်။ သူတို့ကြားထဲမှာ တစ်ယောက်နဲ့ တစ်ယောက်မတူတဲ့ ဆက်ဆံရေးမျိုးရှိတယ်။ ဂျင်မ်နဲ့ ပမ်ကြားက တမြေ့မြေ့လောင်နေတဲ့ ချစ်ခြင်း‌မျိုးကို တွေ့လိမ့်မယ်။ သူတို့နှစ်ယောက်ပဲ သိတဲ့ inside jokes လေးတွေကိုလည်း မြင်ရမယ်။ သာမန်ဘဝမှာ မြင်နေကျ ခိုးကြည့်ရင်း ရင်ခုန်ရတဲ့ သဘာဝကျတဲ့ ချစ်ခြင်းမျိုးကို သူတို့ကြားမှာမြင်ရတယ်။ အချစ်ဆိုတာ ကိန်းကြီးခန်းကြီးနေရာတွေမှာမှ ရှာတွေ့တဲ့ အရာမျိုးမဟုတ်ဘူး။ အချစ်ဆိုတာ ဝုန်းခနဲထတောက်တဲ့ မီးမျိုးမဟုတ်ဘူး။ အချစ်ဆိုတာ နေ့စဉ်ဘဝရဲ့ ချောင်ချို ချောင်ကြားလေးတွေမှာလည်း ပုန်းလျှိုးနေတတ်တဲ့ အကြောင်းကိုလည်း ဒီစီးရီးမှာမြင်ရလိမ့်မယ်။ ကျနော်တို့ နေ့စဉ် လူနေမှုဘဝမှာ မြင်နေကျ အဖြစ်အပျက်တွေကိုပဲ ပျော်စရာ၊ ဝမ်းနည်းစရာ၊ ဂရုဏာသက်စရာတွေ ဖြည့်ရင်း လှလှပပ သရော်ထားတဲ့ လက်ရာတစ်ခုပဲ။ ဒီစီးရီး season 1 to 9အပြင်အခြား Vip series အစုံကို ၃၀၀၀ ကျပ်ဖြင့်ကြည့်နိုင်ပါပြီ💥 Vip ဝင်ဖို့ဆက်သွယ်ပါ🕵 @aLeo2008

S4U
10 385
photo content

S4U
10 385
The Night Manager (2016 to 2026) Season 1+ 2 (Ongoing) လိုကီမင်းသားကြီး နဲ့ ဒေါက်တာဟောက်စ်မင်းသားကြီးတို့ ပါတဲ့ စုံထောက်စပိုင
The Night Manager (2016 to 2026) Season 1+ 2 (Ongoing) လိုကီမင်းသားကြီး နဲ့ ဒေါက်တာဟောက်စ်မင်းသားကြီးတို့ ပါတဲ့ စုံထောက်စပိုင် ဇာတ်လမ်းတွဲကောင်းတစ်ခုပဲ ဖြစ်ပါတယ် ကိုင်ရိုမြို့က ဇိမ်ခံဟိုတယ်တစ်ခုမှာ Jonathan Pine က night manager အဖြစ် အလုပ်လုပ်နေပါတယ် ဧည့်သည်တွေ အိပ်နေတဲ့အချိန်၊ သူကတော့ အားလုံးကို စောင့်ကြည့်နေရတဲ့ လူ။ အဲဒီညမှာပဲ အခြေအနေမမှန်တဲ့ မိန်းကလေးတစ်ယောက်အကူအညီတောင်းလာတယ် ဒီဟာတွေကို မယုံရတဲ့လူတွေကို မပေးပါနဲ့…” တဲ့ သူပေးလာတဲ့ စာရွက်တွေက သာမန်ကိစ္စ မဟုတ်တာကို Pine ချက်ချင်းသိလိုက်တယ်။ ဒါပေမယ့် ဒီလိုအရာတွေကို ပါဝင်ပတ်သက်သင့်လား၊ မသင့်လားဆိုတာဆုံးဖြတ်ရခက်နေတယ် အခြားဖက်မှာတော့ အင်္ဂလန်ဘက်က လျှို့ဝှက်အေဂျင်စီတစ်ခုက နိုင်ငံတကာအဆင့် အန္တရာယ်ကြီးတဲ့ လူတစ်ယောက်ကိုစောင့်ကြည့်နေပြီး ပိုင်းလည်း မထင်မှတ်ဘဲ ဒီအရှုပ်တော်ပုံကြီးထဲမှာ ပါသွားပါတော့တယ်

S4U
10 385
ittle Disasters (2025) စဆုံး IMDB: 7 Rotten: 53% Genre: Psychological Thriller, Drama , Crime / Mystery ‌ဂျက်စ် (Diane Kruger
ittle Disasters (2025) စဆုံး IMDB: 7 Rotten: 53% Genre: Psychological Thriller, Drama , Crime / Mystery ‌ဂျက်စ် (Diane Kruger)ဆိုတာ ကလေးငယ်လေး ၃ယောက်ရဲ့အမေ ဖြစ်ပြီး ခေတ်ပေါ်ဆေးဝါးတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို အယုံအကြည်မရှိသူပါ။ ဂျက်စ်ရဲ့ အချစ်ဆုံးသူငယ်ချင်း လစ်ဇ်(Jo Joyner) ကတော့ ပြည်သူ့ဆေးရုံရဲ့ ကလေးအထူးကုဌာနက ဆရာဝန်တစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာတော့ ဂျက်စ်ဟာ သူ့ရဲ့၁၀လသမီးလေး ဘတ်စီကိုချီလို့ လစ်ဇ်တို့ဆေးရုံရဲ့ အရေးပေါ်ဌာနကို ရောက်လာပါတယ်။ လစ်ဇ်အတွက်လည်း ဂျက်စ်တစ်ယောက်ကို သူ ‌ရောက်မလာနိုင်တဲ့နေရာလို့ တွေးမှတ်ထားတဲ့ နေရာမှာ မထင်မှတ်ပဲ တွေ့လိုက်ရတဲ့အပြင် ဘတ်စီလေးဆီမှာလည်း အကျိုးအကြောင်းခိုင်လုံအောင် မရှင်းပြနိုင်တဲ့ ဦးခေါင်းခွံ ကွဲအက်ဒဏ်ရာကို တွေ့လိုက်ရပါတယ်။ ဂျက်စ်ဟာ ကလေးတွေကို ပြုစုပျိုးထောင်တာ အရမ်းတော်ပြီး ကြင်နာတတ်တဲ့အမေဆိုတာကို လစ်ဇ်တစ်ယောက် သိတဲ့အပြင် သူငယ်ချင်းအရင်းလည်း ဖြစ်တာကြောင့် တွေဝေနေခဲ့ရတယ်။ ဒါပေမဲ့ နောက်ဆုံးမှာ လုပ်ထုံးလုပ်နည်းအရ လူမှုဝန်ထမ်းဌာနကို အကြောင်းကြားလိုက်ရတဲ့နောက် ရဲတွေပါ ပါဝင်လာပြီး စစ်ဆေးဖို့ဖြစ်လာပါတယ်။

S4U
10 385
High Potential (2024) S1 ဒီရုပ်ရှင်ကတော့ ကလေး ၃ ယောက်နဲ့တိုင်ပတ်ပြီး သန့်ရှင်းရေးဝန်ထမ်းလုပ်နေပေမဲ့ အိုင်ကျူ ၁၆၀ ရှိပြီး အယ်အ
High Potential (2024) S1 ဒီရုပ်ရှင်ကတော့ ကလေး ၃ ယောက်နဲ့တိုင်ပတ်ပြီး သန့်ရှင်းရေးဝန်ထမ်းလုပ်နေပေမဲ့ အိုင်ကျူ ၁၆၀ ရှိပြီး အယ်အေရဲစခန်းတစ်ခုလုံး ပေါင်းလို့တောင် မဖော်နိုင်တဲ့အမှုတွေကို ဖော်နိုင်တဲ့အမျိုးသမီး တစ်ယောက်အကြောင်း ရိုက်ကူးထားတာပါ။ ရဲတွေရဲ့အမှုတွေကို သူဖော်ပေးနေပေမဲ့ သူ့ကိုယ်တိုင်မှာတော့ သူ့ယောကျာ်း ၁၅ နှစ်လုံး ပျောက်ဆုံးသွားရတဲ့ ပဟေဠိကို မဖော်နိုင်သေးတဲ့သူပါ။ ဒီစီးရီးမှာတော့ ရှုပ်ထွေးတဲ့ အမှုတွေကို ဉာဏ်ရည်အမြင့်စားနဲ့ ရှားလော့ဟုမ်းစတိုင် ဖော်ရင်းကနေ သူ့ခင်ပွန်းပျောက်ဆုံးမှုကို လိုက်ရှာနေတာတွေ ကြည့်ရမှာပါ။ စီးရီးနာမည်ဖြစ်တဲ့ High Potential ဆိုတာက High Potential Intellectual လို့ တရားဝင်အခေါ်အဝေါ်ရှိတဲ့ အလားအလာအရမ်းကောင်းတဲ့ ဉာဏ်ရည်မြင့် လူပုဂ္ဂိုလ်တွေကို ဆိုလိုတာပါ။

S4U
10 385
Mayor Of Kingstown (2021 to 2025) Season 1 to 4 IMDB: 8.2 ဒီစီးရီးကတော့အတော့်ကိုကောင်းပါတယ် ရိုက်ထားတာကလည်းရုပ်ရှင်အဆင့်လောက်
Mayor Of Kingstown (2021 to 2025) Season 1 to 4 IMDB: 8.2 ဒီစီးရီးကတော့အတော့်ကိုကောင်းပါတယ် ရိုက်ထားတာကလည်းရုပ်ရှင်အဆင့်လောက်ရှိတယ် မင်းသားတွေကလည်းဆရာတွေချည်းပဲ ကင်းစ်တောင်းမြို့ ဆိုတာ ၇ မိုင်ပတ်လည်တိုင်းမှာ ထောင်၁ခုရှိပြီးထောင်သူ/သားတွေနေထိုင်ရာမြို့ဖြစ်ပါတယ် ဒီမြို့မှာမက်လက်စကီမိသားစုကအာဏာကိုချုပ်ကိုင်ထားတဲ့သူတွေဖြစ်ပြီး မြို့တော်ဝန်မိသားစုလို့လူတွေကခေါကြတယ် ညီအစ်ကိုသုံးယောက်ဟာထောင်သားတွေကိုပြင်ပကမ္ဘာနဲ့အဆက်အသွယ်လုပ်ပေးတဲ့သူတွေဖြစ်ပြီးဒါနဲ့ပဲမိသားစုအသက်မွေးဝမ်းကြောင်းလုပ်နေတဲ့သူတွေပါ မြိုရဲ့ရဲတွေတရားစီရင်ရေးတွေထောင်အစောင့်တွေအာဏာပိုင်တွေကိုအိပ်ကပ်ထဲထည့်ထားပြီးဥပဒေကိုလိုသလိုအသုံးချတဲ့မြို့တော်ဝန်ညီအစ်ကိုဖြစ်ပါတယ် တစ်နေ့ထောင်ထဲကမစ်ချ်ရဲ့မိတ်ဆွေဟောင်းမိုင်လိုအကူညီတောင်းတာကိုလုပ်ပေးရင်းနဲ့မြို့တော်ဝန်မစ်ချ်အသတ်ခံလိုက်ရာကနေဇာတ်လမ်းစပါတော့တယ် ရဲ၊ထောင်၊ရာဇဝတ်သားတွေနဲ့ဉပဒေကိုအသုံးချသူတွေကြားကဖြစ်တဲ့အရှုပ်အရှင်းတွေကိုကြည့်ရမဲ့ဇာတ်လမ်းတွဲကောင်းတစ်ခုပါ

S4U
10 385
The Bear Season 1 to 3 အမေရိကန်ရဲ့ထိပ်တန်းစားသောက်ဆိုင်က ထိပ်တန်းစားဖိုမှူးလေး Carmen Berzatto တစ်ယောက် မိသားစုလုပ်ငန်းဖြစ်တဲ
The Bear Season 1 to 3 အမေရိကန်ရဲ့ထိပ်တန်းစားသောက်ဆိုင်က ထိပ်တန်းစားဖိုမှူးလေး Carmen Berzatto တစ်ယောက် မိသားစုလုပ်ငန်းဖြစ်တဲ့ ဆန်းဒွစ်ဆိုင်ကို ပြန်ဦးစီးဖို့ဖြစ်လာတဲ့အခါမှာ ကြုံတွေ့ရတဲ့အခက်အခဲတွေ၊ ရုန်းကန်မှုတွေအကြောင်းကို ရိုက်ကူးထားတဲ့ဇာတ်လမ်းတွဲလေးပါ။ IMDb rating 8.5 ရထားပြီးတော့ စားသောက်ဆိုင်က စားဖိုဆောင်ကလူတွေရဲ့ အလေ့အကျင့်တွေ လုပ်ပုံကိုင်ပုံတွေကို အသေးစိတ်ရိုက်ပြထားတာဖြစ်လို့ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ။ Carmen ဦးစီးရမယ့်စားသောက်ဆိုင်ကဝန်ထမ်းတွေက သူ့တို့အစီအစဉ်အတိုင်းလုပ်ချင်ပြီးတော့ သူ့လို လူသစ်ကို လက်မခံချင်တဲ့အခါ၊ သူ့ဆုံးဖြတ်ချက်တွေကို မလေးစားတဲ့အခါ၊ သူ့အစ်ကိုဝမ်းကွဲကလည်း သူပြောင်းလဲချင်တာတွေကို လက်မခံတဲ့အခါ ဝန်ထမ်းတွေနဲ့ဆက်ဆံရေး၊ မိသားစုနဲ့ ဆက်ဆံရေးတွေအတွက် သူတော်တော်လေးရုန်းကန်ရပါတယ်။ Carmen တစ်ယောက် ဆိုင်ကိုအောင်မြင်အောင် ဦးဆောင်နိုင်ပါ့လား၊ ဝန်ထမ်းတွေနဲ့ရော အဆင်ပြေပါ့မလား၊ မိသားစုကရော သူလုပ်ချင်တာတွေကို လက်ခံပါ့မလားဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာမို့ အပိုင်းတိုင်းစောင့်ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

S4U
10 385
The Serpent Queeen Season 1 +2 (2022) ပရိသတ်တွေအတွက် 2022 ခုနှစ်ထွက် Historical Drama လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ ပြင်သစ်ဘုရင
The Serpent Queeen Season 1 +2 (2022) ပရိသတ်တွေအတွက် 2022 ခုနှစ်ထွက် Historical Drama လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ ပြင်သစ်ဘုရင်မ Catherine de’ Medici ရဲ့ ဘ၀ဇာတ်ကြောင်းကို ပြန်လည်ရိုက်ကူးထားခဲ့တာဖြစ်ပြီး သီလရှင်ကျောင်းက မိဘမဲ့မ‌လေးတစ်ယောက် အဖြစ်ကနေ ပြင်သစ်နန်းတော်ကို ဘယ်လိုဘယ်ပုံနဲ့ ရောက်ရှိသွားမလဲ ဆိုတာ စိတ်၀င်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ် ထိုခေတ်ထိုအခါက ပြင်သစ်နဲ့ အီတလီတို့ရဲ့ နိုင်ငံရေး ရှုပ်ထွေးမှုတွေ လူတန်းစားအလွှာ ကွာခြားပုံတွေ နိုင်ငံရဲ့ ယဉ်ကျေးမှု စတာတွေကို မီးမောင်းထိုးပြသွားတဲ့ ဇာတ်လမ်းတွဲလေးဖြစ်တဲ့အပြင် နန်းတွင်းအရှုပ်တော်ပုံတွေကိုပါ တ၀ကြီး ကြည့်ရှုရဦးမှာဖြစ်ပါတယ် ဒီစီးရီး season 1,2 အပြင်အခြား Vip series အစုံကို ၃၀၀၀ ကျပ်ဖြင့်ကြည့်နိုင်ပါပြီ💥 Vip ဝင်ဖို့ဆက်သွယ်ပါ🕵 @aLeo2008

S4U
10 385
Last Samurai Standing (2025) Neflix ကနေ ထုတ်လွှင့်ပြသနေတဲ့ ဒီကားလေးကတော့ဂျပန်သမိုင်းနောက်ခံ ဆာမူရိုင်းတို့ရဲ့ ဂုဏ်သိက္ခာနဲ့ တ
Last Samurai Standing (2025) Neflix ကနေ ထုတ်လွှင့်ပြသနေတဲ့ ဒီကားလေးကတော့ဂျပန်သမိုင်းနောက်ခံ ဆာမူရိုင်းတို့ရဲ့ ဂုဏ်သိက္ခာနဲ့ တိုက်ပွဲယှဥ်ပြိုင်တဲ့ပုံစံလေးကို ရိုက်ကူးထားတဲ့အတွက်အက်ရှင်ကားကောင်းကြိုက်တဲ့ ပရိသတ်တွေအတွက် အကြိုက်တွေ့စေမှာပါ ဆာမူရိုင်းဆာဂါ ကသူရဲ့ ဆာမူရိုင်းဂုဏ်သိက္ခာကို စွန့်လွှတ်ပြီးတော့ မိသားစုကို လုပ်ကျွေးဖို့ ရုန်းကန်နေရသူလည်းဖြစ်ပါတယ် တစ်နေ့မှာ ဆာဂါ့ဇနီးက ကာလဝမ်းရောဂါကြောင့် အသက်အန္တရာယ်ပါထိခိုက်လာတဲ့အထိဖြစ်လာတဲ့အခါမှာတော့... ယန်းတစ်သိန်းရမယ့် လျို့ဝှက်ပြိုင်ပွဲတစ်ခုလည်းပေါ်လာခဲ့ပါတယ် ကစားပွဲကိုတော့ သေလမ်းသွားရမယ့်ကစားပွဲအဖြစ်ဖန်တီးထားပြီးတော့ပြိုင်ပွဲဝင်တဲ့သူတွေကလည်း ယခင်ဆာမူရိုင်းဟောင်းတွေ တိုက်ခိုက်ရေးသမားဟောင်းတွေပဲဖြစ်ကြပါတယ် ဇနီးဖြစ်သူရဲ့ ဆေးဖိုးအတွက် ဒီပြိုင်ပွဲကို ဆာဂါတစ်ယောက်ဝင်ရောက်ယှဥ်ပြိုင်ဖို့ ရွေးချယ်လိုက်တဲ့အခါမှာတော့ ဘာတွေဖြစ်လာမလဲ ဆိုတာစိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့်ဇာတ်လမ်းတွဲလေးပဲ ဖြစ်ပါတယ်

S4U
10 385
Stranger Things (2025) Season 5 ဖန်တွေအားလုံး မျှော်နေကြတဲ့ နောက်ဆုံးစီစန် လာပါပြီ။ စီးရီးအပိုင်းတွေက တစ်နာရီကျော်တွေရှည်သလို
Stranger Things (2025) Season 5 ဖန်တွေအားလုံး မျှော်နေကြတဲ့ နောက်ဆုံးစီစန် လာပါပြီ။ စီးရီးအပိုင်းတွေက တစ်နာရီကျော်တွေရှည်သလို ကြမ်းလည်းအရမ်းကြမ်းပါလိမ့်မယ်။ စီစန် ၄ မှာတုန်းက ပြောင်းပြန်ကမ္ဘာနဲ့ လူတွေကြားက တံခါးတွေ ပွင့်သွားတာနဲ့ အဆုံးသတ်သွားတာမို့ ဒီစီစန်မှာတော့ အလဗင်းတို့ သူငယ်ချင်းတစ်စု အစွမ်းကုန်ကြမ်းရတော့မှာပါ။ ဇာတ်လမ်းတွဲတစ်လျှောက်အကြမ်းတမ်းဆုံးသော ‌သေဆုံးခန်း ပါဝင်လာမည် Stranger Things ရဲ့ နောက်ဆုံး Season တွင် ပရိသတ်များအနေဖြင့် စီးရီးတစ်လျှောက်လုံးတွင် မမြင်ဖူးသေးသည့် အကြမ်းတမ်းဆုံးသော ဇာတ်ကောင်‌‌သေဆုံးမှုတစ်ခုကို မြင်တွေ့ရဖွယ်ရှိကြောင်း ဇာတ်လမ်းဖန်တီးသူများက အတည်ပြု ပြောကြားလိုက်ပါတယ် Stranger Things ရဲ့ နောက်ဆုံး စီးစင်ကတော့ VOLUME 3 ခုခွဲပြီး ထုတ်လွှင့်သွားမှာပါ ပထမဆုံး ၄ ပိုင်းကို နိုဝင်ဘာ ၂၆ မှာ စတင်ပြသမှာဖြစ်ပြီး ခရစ္စမတ်မှာတော့ နောက်ထပ်သုံးပိုင်းကြည့်ရမှာဖြစ်ပါတယ်။ နောက်ဆုံးဇာတ်သိမ်းကိုတော့ ၂ နာရီကြာ ရုပ်ရှင်တစ်ကားစာအဖြစ် ဒီဇင်ဘာ ၃၁ ရက်မှာ အားလုံးအတူကြည့်ကြရမှာပဲ VIP မှာအပိုင်း 4 ထိရပါပြီ

S4U
10 385
ကျနော်တရားသူကြီးဖြစ်သောအခါ 😌 📺 Better call saul
ကျနော်တရားသူကြီးဖြစ်သောအခါ 😌 📺 Better call saul

S4U
10 385
ဒီဘဲတော့စားပြီ😆
ဒီဘဲတော့စားပြီ😆

S4U
10 385
Reacher မာဂရေ့ဗ်ဆိုတဲ့ မြိုလေးက နှစ် ၃၀ ကြာတဲ့အထိ လူသတ်မှုတို အမှုအခင်းတို ကင်းရှင်းတဲ့ သာယာတဲ့မြိုလေးပေါ့ဗျာ။ ဒါပေမယ့် ဂျက်ရ
Reacher မာဂရေ့ဗ်ဆိုတဲ့ မြိုလေးက နှစ် ၃၀ ကြာတဲ့အထိ လူသတ်မှုတို အမှုအခင်းတို ကင်းရှင်းတဲ့ သာယာတဲ့မြိုလေးပေါ့ဗျာ။ ဒါပေမယ့် ဂျက်ရစ်ချာဆိုတဲ့ ဘဲကြီး အဲဒီမြိုကို စရောက်လာတာနဲ့ လူသတ်မှုတွေက တစ်ခုပြီးတစ်ခုဖြစ်ပါလေရော။ ကွင်းဆက်လူသတ်မှုလိုထင်ရလောက်အောင် ရက်ရက်စက်စက်သတ်ဖြတ်ထားတာတွေပေါ့ဗျာ။ ဒီတော့ ရဲတွေက ရစ်ချာကို သံသယတရားခံအနေနဲ့ ဖမ်းလိုက်ကြတာပေါ့။ ဒါပေမယ့် ရစ်ချာဆိုတဲ့ဘဲကလည်း ခေသူမဟုတ်။ သူက အနားယူထားတဲ့ စစ်တပ်ဘက်က ရဲအရာရှိလေ။ ဒီနယ်ပယ်ရဲ့အလုပ်လုပ်ပုံတွေ နောက်ကွယ်က လှည့်ကွက်တွေကို သူများထက် ကြိုမြင်နိုင်တာပေါ့။ နောက်ဆုံး သူမှားယွင်းစွပ်စွဲခံရတာကို သက်သေပြနိုင်သွားတော့ ရဲတွေဘက်ကနေပြီး ဒီအမှုကိုလိုက်ဖို အကူအညီပြန်တောင်းပါလေရော။ အသတ်ခံလိုက်ရတဲ့လူတွေထဲမှာ သူ့ရဲ့တစ်ဦးတည်းသောအစ်ကို ဂျိုး လည်းပါနေတော့ လက်စားချေဖိုအတွက် ရစ်ချာက ဒီအလုပ်ကို လက်ခံလိုက်ပါတယ်