ru
Feedback
Let's Answer

Let's Answer

Открыть в Telegram

တန်ဖိုးရှိတဲ့အချိန်တွေကို တန်ဖိုးရှိစေမယ့် စာတွေဖတ်ပြီး မေးခွန်းတွေလည်း ဖြေနိုင်ပါတယ်နော် အပန်းလည်းဖြေ၊ အပျင်းလည်းပြေ၊ အချိန်လည်း မယုတ်၊ ဗဟုသုတလည်းတိုးပွားစေနိုင်မယ့် အရှုံးလည်းမရှိတဲ့ ဒီChannelလေးကို Sharing လုပ်ပေးကြပါဦးရှင့် 💗 ❣️ 12.10.2022 ❣️

Больше

📈 Аналитический обзор Telegram-канала Let's Answer

Канал Let's Answer (@letsanswerch) языкового сегмента Бирманский является активным участником. Сейчас сообщество объединяет 11 661 подписчиков, занимая 17 093 место в категории Образование и 10 534 место в регионе Мьянма.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 11 661 подписчиков.

Согласно последним данным от 10 июля, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -598, а за последние 24 часа — -19, при этом общий охват остаётся высоким.

  • Статус верификации: Не верифицирован
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 6.17%. В первые 24 часа после публикации контент обычно набирает N/A% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 0 просмотров. В течение первых суток публикация набирает 0 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 0.

📝 Описание и контентная политика

Автор описывает ресурс как площадку для выражения субъективного мнения:
တန်ဖိုးရှိတဲ့အချိန်တွေကို တန်ဖိုးရှိစေမယ့် စာတွေဖတ်ပြီး မေးခွန်းတွေလည်း ဖြေနိုင်ပါတယ်နော် အပန်းလည်းဖြေ၊ အပျင်းလည်းပြေ၊ အချိန်လည်း မယုတ်၊ ဗဟုသုတလည်းတိုးပွားစေနိုင်မယ့် အရှုံးလည်းမရှိတဲ့ ဒီChannelလေးကို Sharing လုပ်ပေးကြပါဦးရှင့် 💗 ❣️ 12.10.2022 ❣️

Благодаря высокой частоте обновлений (последние данные получены 11 июля, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Образование.

11 661
Подписчики
-1924 часа
-1197 дней
-59830 день
Архив постов
Tulip 🌷 #miu #flowers #tulip
Tulip 🌷 #miu #flowers #tulip

ဒီနေ့ကတော့ Tulip ပန်းလေးအကြောင်းကို ပြောပြမှာဖြစ်ပါတယ် Tulip ပန်းလေးတွေက မြေကြီးထဲတွင် သစ်ဥရှိပြီး အရိုးတံတွင် အဖူးရှိသော နွေဦးပန်းလေး ဖြစ်ပါတယ် Tulip ပန်းဟာ နွေဦးမှာ ပထမဦးဆုံး ပွင့်တဲ့ပန်းဖြစ်တဲ့အတွက် ပြန်လည်မွေးဖွားခြင်းကို ရည်ညွှန်းပါတယ် Tulip ပန်းလေးတွေက များသောအားဖြင့် ကြီးမား တင့်တယ်ပြီး တောက်ပတဲ့ အရောင်တွေ ရှိကြပါတယ်။ ဥပမာအားဖြင့် အနီရောင်၊ ပန်းရောင်၊ အဝါရောင်နဲ့ အဖြူရောင်တို့ပဲ ဖြစ်ကြပါတယ် Tulip ပန်းကို 1055 အစောပိုင်းတွေ စတင်တွေ့ရှိခဲ့ပြီး 16 ရာစုကို ရောက်တဲ့အခါမှာ Tulip ဟာ တန်ဖိုးအကြီးဆုံး ဖြစ်လာခဲ့ပါတယ် နောက်ပိုင်းမှာ Tulip ပန်းဟာ အော်တိုမန် လူမျိုးတွေရဲ့ သင်္ကေတ ပန်း ဖြစ်လာပါတယ် Tulip ရဲ့ Latin name က Tulipa ပါ Tulip ရဲ့ မူလအစက Kazakhstan ( ကာဇက်စတန်) ကဖြစ်ပါတယ် 16 ရာစု အစပိုင်းလောက်က Kazakhstan ရဲ့ အစိတ်အပိုင်းတစ်ခုကို Ottoman empire ( အော်တိုမန် အင်ပါယာ) ရဲ့ ပထမဦးဆုံး ခေါင်းဆောင်ဖြစ်သော Sultan Suleyman က သိမ်းပိုက်ခဲ့ပါတယ် Tulip ပန်းကို စတင်တွေ့ရှိရာ နေရာဒေသကတော့ ကာဇက်စတန်တောင်တန်း‌များပေါ်တွင်ဖြစ်ပြီး Sultan Suleyman က Tulip ပန်းတွေရဲ့ အလှကိုအလွန် သဘောကျသောကြောင့် တူရကီသို့ ယူဆောင်လာကာ Ottoman empire ဩဇာအာဏာရှိသူတွေရဲ့ အိမ်မှာ စိုက်ပျိုးစေခဲ့ပါတယ် Ottoman empire မှာ Tulip ရဲ့ အရေးပါမှုကတော့ Tulipပန်း တစ်ခါပွင့်တိုင်း Sultan က ပွဲကြီးကြီးမားမား တစ်ခုလုပ်ပေးခဲ့ပါတယ်တဲ့ နောက်ပိုင်းတွင် Tulipပန်းဟာ လူကြိုက်အလွန်များလာပြီး Ottoman မှာ အာဏာ နဲ့ ချမ်းသာမှု သင်္ကေတ ဖြစ်လာခဲ့ပါတယ် Tulip ရဲ့ Sign ကတော့ပြီးပြည့်စုံခြင်းနဲ့ နက်ရှိုင်းတဲ့ ချစ်ခြင်းမေတ္တာ ဖြစ်ပါတယ် ။ နက်ရှိုင်တဲ့ချစ်ခြင်းမေတ္တာရဲ့ အဓိပ္ပါယ်ဟာ တူရကီနှင့်ပါရှန်း ဒဏ္ဍာရီတို့တွင် Farhad နဲ့ shirin တို့ အချစ်ဇာတ်လမ်းနဲ့ ပက်သက်နေပါတယ် ဒီမှာ တူရကီ ဒဏ္ဍာရီ နဲ့ပါရှန်း ဒဏ္ဍာရီကြားပြောင်းလဲမှုအနည်းငယ်တော့ရှိပါတယ် ပုံပြင်တစ်ခုမှာ Farhad ဟာ မင်းသားတစ်ပါးဖြစ်ပြီး Shirin အမည်ရှိတဲ့ အလွန်လှပတဲ့မိန်းမပျိုတစ်ဦးကို ချစ်မြတ်နိုးခဲ့ပါတယ်တဲ့ ကံမကောင်းစွာ Shirin ဟာ အသတ်ခံလိုက်ရပြီး Farhad ဟာ ထိုသတင်းကိုကြားကြားချင်း‌ ဖြေဆည်မရနိုင်အောင် မျက်ရည်ကျခဲ့ပါတယ်တဲ့ Farhad ဟာ စိတ်ပျက်အားငယ်စွာနဲ့ သူရဲ့ မြင်းကို မြစ်ကမ်းပါးတစ်လျှောက် စီးနှင်ပြီး အနီရောင် Tulip ပင်ပေါက်ရောက်နေတဲ့ မြေကို Farhad ရဲ့ သွေးဖြင့်ထိတွေ့စေပြီး Shirin အပေါ်ထားတဲ့ အချစ်ကို တိုင်တည်ခဲ့ပါတယ် အခြားပုံပြင် တစ်ခုမှာတော့ Farhad သာ ကျောက်တူးသမားဖြစ်ပြီး Shirin ဟာ မျိုးရိုးမြင့်တဲ့ မင်းသမီးတစ်ပါးဖြစ်ပါတယ်တဲ့ Farhad ဟာ Shirin သူ့အပေါ်ပြန်ချစ်လာဖို့ နည်းမျိုးစုံကို ကြိုးပမ်းခဲ့တာတောင်မှ Shirin ဟာ Farhad ကိုအကြိမ်ကြိမ် ပယ်ချခဲ့ပါတယ်။ ဒါကြောင့် Farhad ဟာ သူမအပေါ်ထားတဲ့ ရိုးသားမှုတွေကို ထပ်မံဖော်ပြဖို့ မြင့်မားတဲ့တောင်ကုန်ဆီသွားပြီး သီချင်းတွေ တီးခတ်ခဲ့ပါတယ် ထိုအကြောင်းကို Shirin ကြားတဲ့အခါမှာ Farhad အပေါ်ချစ်ကျွမ်း၀င်ခဲ့ပါတယ်။ ဒါပေမယ့် Shirin ရဲ့အဖေက သူရဲ့သမီးဟာ သာမာန်လူတစ်ယောက်နဲ့ ချစ်ကြိုက်တာကို ဘယ်လိုမှသဘောမတူနိုင်ဖြစ်ခဲ့ပါတယ် ဒါကြောင့် Shirin အပေါ်ထားတဲ့ Farhad ရဲ့ အချစ်ကိုသက်သေပြန်စေရန် ဧရာမတူမြောင်းကြီးတစ်ခုကို တူးခိုင်းခဲ့သတဲ့ နှစ်ပေါင်းများစွာကြာပြိးတဲ့နောက်မှာ Farhad တူးနေတဲ့ တူမြောင်းကြီးက ပြီးလုနီးပါးဖြစ်လာတဲ့အခါ Shirin ရဲ့ ဖခင်ဟာFarhad ကို Shirin သေသွားပြီဖြစ်ကြောင်း စည်းရုံးသိမ်းသွင်းခဲ့ပါတယ် ထိုအကြောင်းကြောင့် Farhad ဟာ အလွန်စိတ်ထိခိုက်ပြီး ကိုယ့်ကိုယ်ကို သတ်သေခဲ့ပါတယ်တဲ့ Farhad သေဆုံးကြောင်း သတင်းကို Shirin ထပ်မံကြားတဲ့အခါ သူမလဲ ကိုယ်တိုင်သတ်သေသွားပါတယ် ဒါကြောင့် ထို ဒဏ္ဍာရီမှာ အနီရောင်ကျုးလစ်ပန်းတွေက သူတို့ရဲ့သွေးတွေ မြေကြီးထဲ ထိုးရောက်သွားတဲ့အခါ သူတို့အချစ်ထာ၀ရတည်မြဲမည် ဟူသော သင်္ကေတ ဖြစ်လာပါတယ် ပန်းရောင် Tulip က ပျော်ရွှင်မှုနဲ့ ယုံကြည်မှုကို ကိုယ်စားပြုပါတယ် 💌 ခရမ်းရောင် Tulip ကတော့ မင်းမျိုးမင်နွယ်ကို ကိုယ်စားပြုပါတယ် 💜 အဝါရောင် Tulip က ပျော်ရွှင်တဲ့ အတွေးတွေကို ကိုယ်စားပြုပြီး 💛 အဖြူရောင် Tulip ကတော့ ခွင့်လွှတ်ခြင်းကို ကိုယ်စားပြုပါတယ်တဲ့ 🤍 #miu #tulip #flowers #crd

Tulip 🌷လေးရဲ့အကြောင်းကအရမ်း စိတ်ဝင်‌စားဖို့ကောင်းတယ်🧚‍♀ #miu #tulip #flowers #knowledge

Dandelion #miu #flowers #dandelion
Dandelion #miu #flowers #dandelion

Dandelion သူ့မှာတော့ပုံပြင်ရယ်လို့မရှိပါဖူး Dandelion ရဲ့အဓိပ္ပာယ်က ပျော်ရွှင်မူ / မျှော်လင့်ချက် /အချစ် ဖြစ်ပါတယ် တခြားအဓိပ္ပာယ်လေးကတော့ ကံကြမ္မာကောင်းတွေသယ်ဆောင်လာဖို့ဆုတောင်းနေပါတယ်တဲ့ လူတွေယုံကြည်တာတစ်ခုရှိပါတယ် Dandelion ပန်းလေးကို လေနဲ့မူတ်ပြီး ဆုတောင်းတဲ့ခါ မင်းရဲ့ဆုတောင်းတွေပြည့်ပါတယ်တဲ့ I wish for a better days 🌬 #miu #dandelion #flowers #crd

မင်"နားတော့မယ်နော် မနက်ဖြန်မှ ဆက်ဆော့ကြပါမယ်။ #𝐏𝐞𝐚𝐜𝐡

Arabian Jasmine #miu #flowers
Arabian Jasmine #miu #flowers

Arabian Jasmine Jasmine မျိုးစိတ်ပေါင်း 200ထဲမှ Arabian JASMINE ဆိုတဲ့ပန်းလေးကတော့ ပွင့်ဖတ်လွှာ သုံး လေး လွှာပါ၀င်တဲ့ မွှေးပျံ့ပြီး ချစ်စရာကောင်းတဲ့ အဖြူရောင်ပန်းပွင့်သေးသေးလေးပါ Arabian Jasmine ဆိုတဲ့ ပန်းလေးရဲ့ Scientific name ကတော့ Jasminum sambac (သို့မဟုတ်) Sambac Jasmine လို့လဲခေါ်ပါတယ် Arabian Jasmine ပန်းကို ဖိလစ်ပိုင်တွင် Sampaguta ၊ Hawaii တွင် Pikake ၊ အိန္ဒိယတွင် Mogra ၊ အင်ဒိုနီရှားတွင်တော့ Melati Pitih မြန်မာတွင်တော့ စံပယ်ပန်းလို့ နာမည်အသီးသီး ခေါ်ဝေါ်ကြပါတယ် Arabian Jasmine ဟာအိန္ဒိယတိုက်ငယ်မှစလို့အရှေ့တောင်အာရှအထိ အပူပိုင်းအာရှဒေသတွင် ပေါက်ရောက်သော ပန်းတစ်မျိုးဖြစ်ပါတယ်။ Jasminum sambac ကို အထူးသဖြင့်တောင်ဘက်ပိုင်း‌ဒေသ နှင့် အရှေ့တောင်အာရှတစ်လွှားတွင်စိုက်ပျိုးပါတယ်။ Arabian Jasmine ရဲ့ အဓိပ္ပါယ်ကတော့ နေရာနဲ့ ယဉ်ကျေးမှုအလိုက် ကွဲပြားမှု ရှိသော်လည်း Arabian Jasmine ကို အများဆုံးသုံးသော သင်္ကေတကတော့ အချစ် အလှအပ သို့မဟုတ် ကာမဂုဏ် တို့ပဲ ဖြစ်ပါတယ် အနံ့ပြင်းပြီး အဖြူရောင်ပွင့်ဖတ်တွေ ရှိတဲ့ Arabian Jasmine ဆိုတဲ့ ပန်းလေးဟာ ညအချိန်တွင်ပွင့်သောကြောင့် တစ်ခါတစ်ရံ ကျိုးနွံခြင်းကိုလဲ ကိုယ်စားပြုပါသေးတယ်တဲ့ ထိုင်းနိုင်ငံမှာ Arabian Jasmine သည် မိခင်ဖြစ်ခြင်းကို ကိုယ်စားပြုပြီး မေတ္တာနဲ့ လေးစားမှုကို အဓိပ္ပါယ်ဖော်ညွှန်းပါတယ် Jasmine ဟူသော စကားလုံးသည် ပါရှန်းစကားလုံး 'yasameen' မှဆင်းသက်လာပြီး 'ဘုရားသခင်ထံမှ လက်ဆောင်' ဟု အဓိပ္ပါယ်ရပါတယ်။ ( ပါရှန်းနဲ့ ပါရှား ဟာ အတူတူပါပဲ) Arabian Jasmine သည် ရှေးခတ် ပါရှား ( မျက်မှောက်ခတ် အီရန် ) ကနေ စတင်ခဲ့တယ်လို့ ယူဆရပါတယ်။ Arabian JASMINE ကို အီဂျစ်တွင် စတင်တွေ့ရှိခဲ့ပြီး BC 1000 လောက်မှ အခြားအနီးအနားနိုင်ငံများသို့ ပျံ့နှံ့သွားပါတယ်။ စစ်မှန်သော အီဂျစ်တွေရဲ့ ထုံးတမ်းအစဉ်အလာအရ သေဆုံးသူတွေကို အခြားတန်ဖိုးကြီးရွှေငွေများနှင့် ထည့်မြှုပ်ပြီး Jasmine သည် သချိုင်းအလှဆင်ရာတွင် အသုံးပြုသော ပန်းများစွာထဲမှ တစ်ခုဖြစ်ပါတယ်။ Arabian Jasmine မှာ ဖိလစ်ပိုင်ကနေ ပေါက်ဖွားလာသော ၀မ်းနည်းစရာပုံပြင်လေး တစ်ခုရှိပါတယ် မင်းသမီးလေး Lakambini ဟာ သူမရဲ့ခမည်းတော်ဆီကနေ ထီးနန်းကို ဆက်ခံခဲ့ရပါတယ်။ မင်းသမီးဟာ ဘယ်လောက်ပဲထက်မြက်ပါသည်ဆိုဆို သူ(မ)ဟာ အစိုးရရဲ့အုက်ချုပ်မှု ပုံစံတွေနဲ့ အျတွ့အကြုံမရှိသောကြောင့် မြေယာကျူးကျော်ခြင်းအဖြစ်ကို ရင်ဆိုင်လာရပါတယ်။ ထိုအချိန် မင်းသမီးဟာ Lakan Galing အမည်ရှိတဲ့ မင်းသားကို ထိုကျူးကျော်သူများအား နှိမ်နှင်းနိုင်ခဲ့ရင် သူ(မ)ဟာ မင်းသား Lakan ရဲ့ ဇနီးအဖြစ် ရှိပေးမယ်လို့ ကတိပြုခဲ့ပါတယ်။ မင်းသားဟာလဲ ထိုအချက်ကို သဘောတူခဲ့ပြီး စစ်ထွက်မသွားခင် စေ့စပ်တဲ့လအနည်းငယ်အတွင်း သူတို့နှစ်ဦးဟာ တစ်ဦးကို တစ်ဦး ချစ်မြတ်နိုးသွားကြပါတယ်တဲ့။ Lakan ဟာ စစ်တိုက်ဖို့ အချိန်ရောက်လာသောကြောင့် ရန်သူတွေကို နှိမ်နှင်းရန် ပင်လယ်ဘက်ကို ဦးတည်ထွက်ခဲ့ပါတယ်။ မင်းသမီးဟာ Lakan မင်းသား စစ်ထွက်သွားသည့်အချိန်မှ စပြီး သတို့သမီး ၀တ်ဆုံကို ၀တ်ဆင်ကာ မြင့်မားတဲ့တောင်ထိပ်ကို တက်ပြီး ပင်လယ်ဘက်ကို မျှော်ကြည့်ကာ မင်းသားလေးပြန်အလာကို စောင့်နေခဲ့ပါတယ်တဲ့။ မင်းသား Lakan ဦးဆောင်သွားတဲ့ စစ်တပ်ကြီးဟာ အောင်ပွဲနဲ့အတူပြန်လာပေမယ့် မင်းသား Lakan သာ အသက်မပါလာခဲ့ပါဘူး။ ထိုအကြောင်းကို သိသွားတဲ့ မင်းသမီးလေးကတော့ နှလုံးရပ်သွားကာ မြေပြင်ပေါ် လဲကျသွားခဲ့ပါတယ်။ Lakambini မင်းသမီးဟာ Lakan Galing အပေါ် အကြွင်းမဲ့ သစ္စာစောင့်သိခဲ့ပါတယ်။ သူ(မ) ဘ၀ကို မင်းသား Lakan Galing နဲ့အတူကုန်ဆုံးဖို့ မဖြစ်နိုင်တော့တာကြောင့် မင်းသမီးဟာ သေဆုံးခြင်းကို ရွေးချယ်ခဲ့ပါတယ်။ သစ္စာရှိလွန်းလှတဲ့ မိန်းမပျိုရဲ့ ခန္ဓာကျရာ နေရာတစ်ဝိုက်မှာ မွှေးပျံ့တဲ့ အဖြူရောင် ပန်းရုံအများအပြားပေါက်ရောက်လာခဲ့ပါတယ်။ ဒါကြောင့် ဖိလစ်ပိုင် လူမျိုးတွေက ထိုပန်းကို သစ္စာရှိမှု ၊မဆုံးနိုင်သော အချစ်နဲ့ ထာ၀ရ၀မ်းနည်းမှု လို့ အဓိပ္ပါယ်သက်ရောက်တဲ့ 'Sampaguita' 'Sampaguta' လို့ ခေါ်ဝေါ်ခဲ့ကြပါတယ်။ #miu #sourcefromgoogle #storyfromgoogle #flowers #arabianjasmine #crd

Solve: 300 – (150×2). ခုနက မေးခွန်းမှားသွားလို့ တောင်းပန်ပါတယ်နော်။ #Peach
Anonymous voting

Solve 24÷8+2. Don't use calculator! #Peach
Anonymous voting

Solve 24÷8+2. Don't use calculator! #Peach
Anonymous voting

20+(90÷2) is equal to: Don't use calculator! #Peach
Anonymous voting

50 times of 8 is equal to: Don't use calculator! #Peach
Anonymous voting

လူတွေက လူမူ့ကွန်ယက်ပေါ် မှာ “ပွဲ” ဆိုတဲ့ ရန်ပွဲ ၊ ငြင်းပွဲ၊ drama များတဲ့ပွဲ ဆိုတာကို အကြိုက်များလာကြတာ ၊ ထိုအရာတွေနဲ့ပဲ အချိန်ကုန် ပျော်မွေ့လာကြတာ ၊ သိပ်သိသာတယ်။ …ဒါမျိုးပွဲတွေ အောက်မှာဆိုရင် ပလူပျံနေတာ … ထူးထူးဆန်းဆန်း ပုံတွေ ၊ videoclips တွေ၊ tiktok တွေနဲ့ ပို့စ်တင်မှ ကြိုက်ကြတော့တဲ့သဘော။ ဝင်ဖတ်၊ ဝင်ကြည့်ကြတော့တဲ့ အနေအထား။ ရိုးရိုး စာသားချည်း ဆိုရင်ကို မဖတ်ချင်ကြတော့တာ သတိထားမိတယ်။ ဒါ့ကြောင့်လည်း… 🔺လူလိမ်တွေလုပ်စားရသိပ်လွယ်တဲ့ ယခုအချိန်ကို အချိန်တိုတွင်း အမြန်ရောက်နေတာပါ။ ပေါတောတော အရေးအသားတွေ ပေါတောတော tiktok တွေ ကိုလည်း လုပ်တဲ့သူတွေက Cele ဖြစ်ကုန်ပြီး ပို များလာကြတယ်။ အပျော်သဘောတခါတလေ စိတ်အပန်းဖြေစေဖို့ ကြည့်ကြတာလောက်ပဲ ဖြစ်သင့်တယ်။ 🔺ကြာရင် အကျင့်ပါလာပြီး စာမြင်ရင် မဖတ်တော့ပဲ ကျော်သွားတတ်လာကြပါလိမ့်မယ်။ မကောင်းတဲ့အကျင့်ပါ။ ကြပ်တည်းကာလမို့ စိတ်ပင်ပန်း ဆင်းရဲ ကြတော့ ဖျော်ဖြေ အပန်း ပြေ စေဖို့ အများကြိုက်နောက်လိုက်ကြတာ နားလည်ပါတယ်… ဒါပင်မဲ့လို့… ဘယ်စာပဲ ဖြစ်ဖြစ် အကျိုးများရင် အချိန်ယူဖတ်ကြပါ။ ဖုန်းဘေလ် အကုန်ခံပြီး အရည်မရ အဖတ်မရ အပျော်အပျက် တွေကို ကြည့်ချင်ရင်တောင် အချိန်လေး သတ်မှတ်ပြီး ကြည့်သင့်ပါတယ်။ 🔺ဗဟုသုတ မကြွယ်ကြရင် နယ်ပယ် အသီးသီးမှာ လည်း လူလိမ်တွေ များလာပြီမို့ ခံရမဲ့ ဖက်ကချည်းပါ။ လူလိမ် လူညာ တွေများလာတာ ဘာ့ကြောင့်လဲဆိုတာ သိသင့်ပါပြီ။ 🔺မျက်စိပိတ် နားပိတ် ပါးစပ်ပိတ် ဖို့ သူတပါးက လုပ်နိုင်ပင်မဲ့ မိမိရဲ့ ဉာဏ်ဦးနှောက် အတွေးအခေါ် ပိတ်ပင်တားဆီးဖို့က မည်သူမျှ လာမလုပ်နိုင်ပါဘူး။ 🔺မိမိရဲ့ ဉာဏ်တံခါး ကို မိမိသာပိတ်နိုင် ဖွင့်နိုင်တာပါ။ 🔺လူမူ့ကွန်ယက်ကို အကျိုးရှိအောင်သုံးကြပါ။ စာဖတ်ကြပါ။ လူလိမ်တွေ၊ ဘုန်းကြီးလိမ်တွေ အတွက် နေရာမပေးကြပါနဲ့..။ မအေးပု။ 18/7/23 #crd_to_fb #do_not_copy #forward_only #Yᴜᴜɴ

If we minus 712 from 1500, how much do we get? Don't use calculator! #Peach
Anonymous voting

Math Quiz ဆော့ချင်လား? #Peach
Anonymous voting

ငှက်ပျောသီး အစားလွန်ရင်လည်း ဆိုကျိုးတွေရှိပါတယ်... ၁။ ငှက်ပျောသီးကို အလွန်အကျွံစားသုံးပါက ရင်ပြည့်စေပါတယ်။ ၂။ အစိမ်းကိုစားရင် အစာမကြေပဲ ဝမ်းမာစေပါတယ်။ ၃။ အချိုဓာတ်ပါဝင်မှုများတာမို့ သွားတွေကို ပျက်ဆီးစေပါတယ်။ ၄။ ဆီးချိုရှိသူများ မစားသုံးသင့်ပါဘူး။ #Knowledge #crd_to_Gg #Ruby

ငှက်ပျောသီးစားခြင်းကြောင့် ရရှိလာမဲ့ အကျိုးကျေးဇူးတွေကတော့ ... ၁။ ငှက်ပျောသီးမှာ အဓိကအားဖြင့် ဗီတာမင် (C, A, B6, B12)၊ သံဓာတ်၊ ပိုတက်စီယမ် နဲ့ မဂ္ဂနီစီယမ်ဓာတ်တွေ ပါဝင်ပါတယ်။ ၂။ ငှက်ပျောသီးရဲ့ သံဓာတ်မြင့်မားခြင်းကြောင့် သွေးထဲမှာ သွေးနီဥဆဲလ်ကိုများစေပြီး သွေးအားနည်းရောဂါဖြစ်ခြင်းကို ကာကွယ်ပေးပါတယ်ဗျ။ ၃။ ငှက်ပျောသီးမှာ အငန်ဓာတ်ပါဝင်မှုနည်းလို့ သွေးတိုးရှိတဲ့ မိတ်ဆွေတွေအတွက်လည်း စားသုံးသင့်ပါတယ်။ ၄။ အစာစား​ပြီးတိုင်း ငှက်ပျောသီးစားပေးမယ်ဆိုရင် အစာချေဖျက်မှုကို ကောင်းမွန်စေပါတယ်။ ၅။ အရက်နာကျနေပါသလား? ငှက်ပျောသီးကို ပျားရည်နဲ့ရောပြီး စားလိုက်ပါ။ အများကြီးသက်သာသွားပါလိမ့်မယ်။ ၆။ ငှက်ပျောသီးမှာ ပိုတက်စီယမ်ဓာတ်ကြွယ်ဝလို့ ပုံမှန်စားပေးမယ်ဆိုရင် ဖျတ်လက်တက်ကြွစေပါတယ် ၇။ စိတ်အားငယ်ခြင်း၊ စိတ်ဓာတ်ကျခြင်းတွေဖြစ်နေပါသလား? ငှက်ပျောသီးစားလိုက်ပါ။ ငှက်ပျောသီးမှာ စိတ်ကိုပျော်ရွှင်စေတဲ့ ဟော်မှုန်းတွေ ပါဝင်ပါသတဲ့ဗျ။ ၈။ အစာအိမ်အတွင်းရှိ အချဥ်ဓာတ်ကို ဓာတ်ပြယ်စေလို့ အစာအိမ်အတွင်းနာ (ulcers) ရှိသူများလည်း စားသုံးသင့်ပါတယ်။ ၉။ ကိုယ်ဝန်ဆောင်မိခင်များအတွက်လည်း ငှက်ပျောသီးစားပေးခြင်းဖြင့် အိပ်ယာထချိန်တွင်ဖြစ်တတ်သော ပျို့အန်ချင်စိတ်ကို ပျောက်စေပါတယ်။ ၁၀။ အရိုးအဆစ်ကို သန်မာစေတယ်။ ကျောက်ကပ်ကင်ဆာကိုလဲ ကာကွယ်ပေးပါတယ်။ ၁၁။ ငှက်ပျောသီးစားခြင်းက ရင်ပူရင်ဆာဖြစ်ခြင်းကို သက်သာစေတယ်။ ၁၂။ ပိုတက်စီယမ်ဓာတ်ကြွယ်ဝလို့ ခန္ဓာကိုယ်ရဲ့ ရေဓာတ်ဆုံးရှုံးမှုကို ပြန်လည်ဖြည့်တင်းပေးပြီး နှလုံးခုန်နှုန်းကို ပုံမှန်ဖြစ်စေပါတယ်။ ၁၃။ ငှက်ပျောသီးမှည့်တစ်လုံးကို ချေပြီး မျက်နှာပေါ်လိမ်းပေးမယ်ဆိုရင်လည်း အရည်ပြားခြောက်သွေ့မှုကို သက်သာစေပါသတဲ့။ #Knowledge #crd_to_gg #Ruby

photo content

ငါးစားခြင်းဖြင့် အရိုးတွေ သန်မာစေတယ်ဆိုတာ မှန်ပါသလား။ #Ruby
Anonymous voting