Let's Answer
တန်ဖိုးရှိတဲ့အချိန်တွေကို တန်ဖိုးရှိစေမယ့် စာတွေဖတ်ပြီး မေးခွန်းတွေလည်း ဖြေနိုင်ပါတယ်နော် အပန်းလည်းဖြေ၊ အပျင်းလည်းပြေ၊ အချိန်လည်း မယုတ်၊ ဗဟုသုတလည်းတိုးပွားစေနိုင်မယ့် အရှုံးလည်းမရှိတဲ့ ဒီChannelလေးကို Sharing လုပ်ပေးကြပါဦးရှင့် 💗 ❣️ 12.10.2022 ❣️
Больше📈 Аналитический обзор Telegram-канала Let's Answer
Канал Let's Answer (@letsanswerch) языкового сегмента Бирманский является активным участником. Сейчас сообщество объединяет 10 983 подписчиков, занимая 18 375 место в категории Образование и 10 575 место в регионе Мьянма.
📊 Показатели аудитории и динамика
С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 10 983 подписчиков.
Согласно последним данным от 14 ноября, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -226, а за последние 24 часа — -7, при этом общий охват остаётся высоким.
- Статус верификации: Не верифицирован
- Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 8.29%. В первые 24 часа после публикации контент обычно набирает 2.67% реакций от общего числа подписчиков.
- Охват публикаций: В среднем каждый пост получает 911 просмотров. В течение первых суток публикация набирает 293 просмотров.
- Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 22.
📝 Описание и контентная политика
Автор описывает ресурс как площадку для выражения субъективного мнения:
“တန်ဖိုးရှိတဲ့အချိန်တွေကို တန်ဖိုးရှိစေမယ့် စာတွေဖတ်ပြီး မေးခွန်းတွေလည်း ဖြေနိုင်ပါတယ်နော် အပန်းလည်းဖြေ၊ အပျင်းလည်းပြေ၊ အချိန်လည်း မယုတ်၊ ဗဟုသုတလည်းတိုးပွားစေနိုင်မယ့် အရှုံးလည်းမရှိတဲ့ ဒီChannelလေးကို Sharing လုပ်ပေးကြပါဦးရှင့် 💗
❣️ 12.10.2022 ❣️”
Благодаря высокой частоте обновлений (последние данные получены 15 ноября, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Образование.
1. စာမလုပ်ခင် Plan ချထားပါ
2.Pomodoro Technique ကိုသုံးပါ
Pmodoro Technique ကတော့ ၂၅ မိနစ်စာလုပ် ၊ ၅ မိနစ်နား ၊ ၂၅ မိနစ်ပြန်လုပ် အဲ့လိုသဘောမျိုးကိုပြောတာပါ
3. Active Recall ပုံစံလေ့လာပါ
Active recall ဆိုတာကတော့ စာကိုကိုယ်အားသန်သလိုမှတ်မျိုးပါ။ ဉပမာ - ကဒ်လေးတွေမှာအတိုကောက်မှတ်တာ ၊ ပုံဆွဲပြီးမှတ်တာ စတာတွေကိုပြောတာပါ
4. စာကျက်တဲ့အချိန်
စာကျက်နေတဲ့အချိိန်မှာ အနှောက်အယှက်ဖြစ်နေမယ့်အရာတွေနဲ့ဝေးဝေးမှာကျက်ပါ။ တိတ်ဆိတ်ပြီး ဖုန်း လပ်တော့ နဲ့ TV တိုးနှင့်ဝေးဝေးမှာ ကျက်ပါ
5. စာကျက်တဲ့အချိန်ရောက်မှ note အမှတ်ပါနဲ့။
စာသင်ချိန်မှာတည်းက note တစ်ခါတည်းမှတ်ပြီး စာကျက်ချိန်မှာ အဲ့ note တွေပြန်သုံးပြီး ကျက်ပါ။
#𝖽ɑıѕყ
#𝕶ᥒ᥆ᥕᥣᥱძgᥱ
#study_tips
#𝖽ဓ_იဓ𝚝_ငဓрყအလုပ်တစ်ခုကို ငါ မလုပ်နိုင်ပါဘူးလို့
ဘယ်တော့မှ မတွေးလိုက်ပါနဲ့။
ကိုယ့်ကို စွန့်ခွာသွားသူတစ်ယောက်ကို
ငါ မမေ့နိုင်ပါဘူးလို့ မတွေးပါနဲ့။
သူများအလုပ် လုပ်ကိုင်နေရလို့
ငါ လုပ်ငန်းရှင်တစ်ယောက် ဖြစ်မလာနိုင်ပါဘူးလို့
မတွေးပါနဲ့။
ကိုယ့်မှာ တီးတိုးဖော် မရှိတော့လို့
ငါ တစ်ယောက်တည်း မနေနိုင်ပါဘူးလို့ မတွေးပါနဲ့။
ကိုယ်တန်ဖိုးထားရသူတွေ ဆုံးရူံးသွားလို့
ငါ့ ဘဝက အဓိပ္ပါယ်မဲ့သွားပီလို့ မတွေးလိုက်ပါနဲ့။
ရူံးနိမ့်ခြင်းတွေ ကြုံနေရလို့
ကိုယ့်ကိုယ်ကို အသုံးမကျတဲ့သူပါလားလို့ မတွေးပါနဲ့။
ကြမ္မာဆိုးတွေမွှေနှောက်ခံရတိုင်း
ငါ့ဘဝက ဘယ်တော့မှ ကံမကောင်းနိုင်ပါဘူးလို့ မတွေးလိုက်ပါနဲ့။
ရောဂါဝေဒနာတွေ ခံစားရလွန်းလို့
ငါ့ဘဝက ဇာတ်သိမ်းခန်းရောက်ပီလို့ မတွေးလိုက်ပါနဲ့။
အဲ့ဒီလို တွေးလိုက်မိပီဆိုတာနဲ့ သင့်ဘဝက
တစ်ဝက်သေသွားတာ သေချာသွားပီလေ။
ပိုးစုန်းကြူးလို အကောင်သေးသေးလေးတွေတောင်
သူတို့မှာရှိနေတဲ့ ကိုယ်ပိုင်အလင်းရောင်နဲ့ လောကကြီးကို
အလင်းရောင် ပေးစွမ်းနေကြတယ်။
အဆင်မပြေမှူတွေ ၊ နှလုံးသားရဲ့ ခံစားမှူတွေ
ဖိစီးနှိပ်စက်ခံရတိုင်း ဘဝကို ရေစုန်မျောနေမိရင်
လောကကြီးက မင်းကို ကောင်းချီးပေးမှာ မဟုတ်ဘူးလေ။
သူငယ်ချင်း....ကိုယ့်ကိုယ်ကို အထင်သေးတဲ့တစ်နေ့
မင်းဟာ တန်ဖိုးမဲ့ လူသားတစ်ယောက် ဖြစ်မှန်းမသိဖြစ်လာပီး
လူ့လောကကို လက်ကမ်းကြိုဆိုခဲ့တဲ့ မိဘမျက်နှာကို
အိုးမဲသုတ်လိုက် သလိုပါပဲ။
ငါ မလုပ်နိုင်ဘူး ၊ မဖြစ်နိုင်ဘူးလို့
တွေးတဲ့နေ့က မင်း သေသွားတဲ့နေ့ပဲ ဖြစ်သင့်တယ်။
ခံစားချက်တွေ များလွန်းလို့ မခံမရပ်နိူင်ဖြစ်နေရင်
တစ်ရက်တော့ ငိုပါ
ပီးရင်တော့ ပြုံးနိုင်အောင် ကြိုးစားပါနော်။
Crd to ပန်းပျိုးလက် ( N.S.M )✍️
#Credit
#Motivation
#Rubyချစ်ခင်စွဲလမ်းသော သံယောဇဉ်ကြီးမားလေလေ၊ စိတ်နာကြည်းစရပေါ်လာသော အခါ အမျက်စောင်းမာန် အင်အားသည်လည်း ချစ်သည့်အတိုင်းအဆနှင့် ညီညွတ်အောင် ကြီးဥည်ဟု ဆိုလိုသည်။ စိတ်ဆန္ဒ၏ အတိုင်းအဆ အင်အားအချိုးအစားတစ်ပြေးတည်း လိုက်တတ်ပုံကို တင်စားသုံးနှုန်းသည်။
#မြန်မာစကားပုံ
#Credit
#Knowledge
#Rubyမိမိပေါင်ကိုလူရှေ့တွင်လှန်၍ မိမိဖာသာနာကျင်အောင်မိမိတံတောင်ဖြင့် ထောင်းကြိတ် ပြသသကဲ့သို့ဖြစ်နေသည်ကို ဆိုလိုသည်။
ပေါင်ဟူသော ကိုယ်ခန္ဓာအစိတ်အပိုင်းမှာ မဖွင့်မပြအပ်သော အရှက်သိမ်းဆည်းရာ အစိတ်အပိုင်းပင်ဖြစ်သည်။ လူရှေ့တွင် ပေါင်ကိုလှန်ပြခြင်းသည် ကိုယ့်အရှက်ကိုယ် ခွဲသည် နှင့်တူသည်။ လှန်ရုံမျှမက မိမိတံတောင်ဖြင့် ထောင်းပြန်သော် မိမိပယောဂဖြင့် မိမိသာ နာကျင်ရပေမည်။ ထို့ကြောင့် ရှက်လည်းရှက်ရ၊ နာလည်းနာရအောင် မိမိအပြုအမူဖြင့် မိမိ ပြုလုပ်ခြင်းကို ပမာပြု၍ မိမိပယောဂအဖြစ် မိမိအရှက်ကို ကွဲစေ၍ မိမိ နစ်နာအောင် ပြုမိသောအခါမျိုးတွင်သုံးနှုန်းသည်။ မိမိသားသမီး၏ ဆိုးယုတ်မှုအကြောင်းကို ဖွင့်ဖော်ပြော ဆိုရန်ရှိသောအခါ မလွဲှသာ၍ ပြောရစေကာမူ မိမိအတွက် ရှက်ရွံ့နစ်နာဖွယ် ပြောရသည် ဖြစ်သောကြောင့် ကိုယ့်ပေါင်ကို လှန်၍ ထောင်းရာရောက်သည်။ သူတစ်ပါးက အရှက်ရစေ၊ နစ်နာစေအောင်ပြုသည်မဟုတ်ဘဲ မိမိဖာသာပြုမူပြောဆိုရသည်မှာ မပြုလို၊ မပြောလိုသော ကိစ္စဖြစ်သောကြောင့် မလိုလားဘဲရှိကြသည်။ အလားတူ အရှက်ပေါ်စေ၊ နစ်နာစေသော ကိစ္စ မျိုးကို ဖော်ထုတ်ရသောအခါ ပကတိထင်ရှားသော အပြုအမူဖြင့်တင်စား၍ သိမြင်သော သဘောပေါက်လွယ်အောင် ပြောဆိုသည်။
#မြန်မာစကားထာ
#Credit
#Knowledge
#Ruby