ru
Feedback
တပ်သားလေး ဖိုးထောင် 🇲🇲🪖

တပ်သားလေး ဖိုးထောင် 🇲🇲🪖

Открыть в Telegram

အောက်‌ခြေရဲဘော်များကို စာနာသောအားဖြင့် သတင်းတင်မည်။ စစ်မြေပြင်သတင်းမှန်များ ဖတ်ရှုနိုင်ပါသည်။ 🇲🇲🪖

Больше
8 234
Подписчики
-424 часа
-517 дней
-16030 день
Архив постов
Repost from PAN
နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဥာဏသိဒ္ဓိရပ်ကွက်၊ တိုက် ၃၁၀၅ အနီးတောစပ်ထဲတွင် ယမန်နေ့ ဒီဇင်ဘာ ၁၁ ရက်နေ့က ဦးခေါင်း ခန္ဓာကိုယ်
နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဥာဏသိဒ္ဓိရပ်ကွက်၊ တိုက် ၃၁၀၅ အနီးတောစပ်ထဲတွင် ယမန်နေ့ ဒီဇင်ဘာ ၁၁ ရက်နေ့က ဦးခေါင်း ခန္ဓာကိုယ် တစ်ခြားစီဖြင့်အပုတ်နံ့ထွက်နေသော အလောင်းတစ်လောင်းတွေ့ရှိခဲ့ရကြောင်း ကနဦးသိရသည်။ #PAN

တပ်ချုပ်ကြီးကိုပဲ ဝေဖန်၊ တပ်စခန်းကျတာတွေပဲ တင်နေလို့ ဖိုးထောင်ကို အမြင်ကပ်နေကြပြီထင်ရဲ့။ တပ်က နိုင်တဲ့ သတင်းတင်ချင်လို့ ပတ်ရှာ ပတ်မေးတာ ဘယ်မှာမှ ထူးထူးခြားခြားသတင်းမရှိလို့ပါ။ တောင်ခမ်းမှာ ကျဆုံးစခန်း‌တွေ ပြန်သိမ်းထားပေမဲ့ ရှေ့ဆက်မတိုးတော့ ထူးခြားသတင်းမရှိပါ။ TNLA ထုတ်ပြန်စာ အလုပ်ဖြစ်နေတယ် ထင်ပါရဲ့။ ကျန်ဒေသတွေလဲ တိုက်ပွဲဖြစ်နေဆဲ။ အောင်ပွဲလို့ ဆိုရလောက်အောင် ရှာမတွေ့လို့ပါ။ ထိတွေ့မှုရှိလို့ လောင်းလက် အနည်းငယ်ရတဲ့ တိုက်ပွဲလေးတွေတော့ ရှိတတ်ပါတယ်။ ဒါလဲ ချန်နယ်ပေါင်းစုံမှာ မြင်ပြီးလောက်ပါပြီ။ စိတ်‌တက်ကြွစရာသတင်း ဒီရက်ပိုင်းမတွေ့ရရင် ခွင့်လွှတ်ပါ။ https://t.me/privatephoehtaung

Repost from Myanmar Mixed News
ကိုယ့်ဇာတ်ကိုယ်နိုင်အောင်ထိန်း မိုးဝင်း ဇာတ်ပွဲ မကောင်းရင် ကားဆွဲ တဲ့သူကို အပြစ်တင်ရမလား မီးထိုးတဲ့သူအပြစ်လား ဇာတ်မင်းသားကို အပြစ်တင်ရမလား ဇာတ်မင်းသား ၃ လက်ရှိပါတယ် မပြောနဲ့ ကျုပ်တို့ လာကြည့်တာ ဇာတ်မင်းသား မိုးဝင်း ဇာတ်ပွဲ ကောင်းရင် လက်ခုပ်တီးမယ် မကောင်းရင်ဆဲမယ် ဆိုင်းမကောင်းရင် ဘယ်လိုဆိုင်းသမားတွေကို ခေါ်လာတာလဲ ဆိုပြီး ဇာတ်မင်းသား မိုးဝင်း ကိုပဲ ဆဲမှာ လူရွှင်တော် မကောင်းလဲ မိုးဝင်း ဘယ်လိုလူရွှင်တော်တွေ ငှားထားတာလဲ ဆိုပြီး မိုးဝင်း ကိုပဲ အပြစ်ပြောမှာ မင်းသမီး အက မကောင်းရင် လဲ မိုးဝင်း တာဝန်ပဲ ကိုယ့်ဇာတ်ကိုယ်မနိုင်ရင် အစကတည်းက ဇာတ်မထောင်နဲ့ ဇာတ်မကနဲ့ အရမ်းအခြေအနေဆိုးရင် ပြောင်းဖူးရိုးနဲ့ ပါအပစ်ခံရမယ် Myanmar Mixed News https://t.me/thadinsonemyanmarpyi

- ဗန်းမော်မြို့အခြေအနေပါစစ်ရှောင်သူတွေဘဝက လမ်းစားရိတ်ပုံမှန်ထက် ၃ ဆပိုကုန်နိုင်မှပြေးနိုင်ကြတယ်။ လမ်းစားရိတ် မတတ်နိုင်သူတွေကတော့ မြို့ပေါ်မှာရှိနေဆဲ။ 🇲🇲အောင်ဇေယျ🇲🇲

တပ်မတော်အနေနဲ့က အကယ်၍ ရခိုင်ပြည်နယ်မှာတိုက်ဖို့ ဆန္ဒမရှိတော့ဘူးဆိုရင် တပ်တွေကိုပြန်ရုတ်လိုက်တာအကောင်းဆုံးပါ ။ ကျော်မျိုးမင်း ၁၁-၁၂-၂၀၂၄ https://t.me/privatephoehtaung

AA ရဲ့ နခခ ၅ အကြောင်း ထုတ်ပြန်တဲ့ ဗီဒီယိုထဲက ထူးခြားတဲ့ လက်နက်လေးတွေ ပုံ ၁ - ဟောင်ဝစ်ဇာ အမြောက်တစ်လက် သုံးပြီး ပစ်နေတာ တွေ့ရတ
+2
AA ရဲ့ နခခ ၅ အကြောင်း ထုတ်ပြန်တဲ့ ဗီဒီယိုထဲက ထူးခြားတဲ့ လက်နက်လေးတွေ ပုံ ၁ - ဟောင်ဝစ်ဇာ အမြောက်တစ်လက် သုံးပြီး ပစ်နေတာ တွေ့ရတယ်။ တပ်စခန်းတစ်ခုက အကောင်းအတိုင်းရသွားတဲ့ အမြောက်တစ်ခု ဖြစ်နိုင်ပါတယ်။ ပစ်ခံနေရပေမဲ့ ဒရုန်း၊ လေကြောင်းတိုက်ခိုက်မှုနဲ့ ပြန်မတုံပြန်နိုင်တာလဲ တွေ့ရတယ်။ ပုံ ၂ - နိမ့်ဆင်းပြီး ဗုံးကြဲတဲ့ MIG-29 က Flare ထုတ်တာ တွေ့ရပါတယ်။ ဒါဟာ AA ဆီမှာ လေယာဉ်ပစ် ဒုံးရှိတယ်ယူဆလို့ လုပ်တဲ့ လုပ်ထုံးပါ။ ကျည်အပိုဖြုန်းတာ မဟုတ်ပါ။ ပုံ ၃ - ဘိုဖာအမြောက်နဲ့ ရဟတ်ယာဉ်ကို ပစ်ခတ်နေပါတယ်။ ရေတပ်သင်္ဘောတစ်စီးစီးဆီက ဖြုတ်လာတယ် ယူဆရပါတယ်။

အမ်း နပခ ပြီးရင် ရန်သူ ဝိုင်းပတ်ပြီး ပိတ်ဆို့မဲ့ တိုင်းစစ်ဌာနချုပ်ဟာ မြစ်ကြီးနား မပခ ဖြစ်လာပါလိမ့်မယ်။ ရန်သူ့ စစ်ရေးလှုပ်ရှားမှု‌တွေအရ မှန်းဆလို့ ရနိုင်ပါတယ်။ ကြိုသိနေတာ ကြိုမကာကွယ်နိုင်ရင် ရန်သူတော်လို့မဟုတ်ပဲ ကိုယ်ညံ့လို့ပါ။ ဗန်းမော်ကို တိုက်နေတဲ့ KIA ကို စစ်ဦးချိုးနိုင်မှ ရပါမယ်။ https://t.me/privatephoehtaung

ပူးသတ် ဖိုးထောင်ကို တပ်ချုပ်ကြီးကို ဝေဖန်နေလို့ ပူးသတ်လို့ ထင်နေကြတယ်။ ဘောအလွန်မတွေသာ အာဏာရှိသူတွေနဲ့ ပူးပြီး အောက်ခြေတပ်မတော်သားတွေနဲ့ မိသားစုတွေကို သတ်နေကြတာ။ တပ်ထောက်ခံသူအများစုအနေနဲ့ ခေါင်းပေါင်းလဲချင်နေပြီ။ ခေါင်းပေါင်းလဲမှ တပ်မတော်ကို ကယ်တင်နိုင်တော့မှာ သိနေပြီ။ ကောက်ခဲ့တဲ့ စစ်တမ်း အရလဲ တပ်ချုပ်အဆက်ဆက်မှာ လက်ရှိတပ်ချုပ်က လူကြိုက်များမှု ၅% ပဲရှိတော့တယ်။ သက်ရှိထင်ရှားရှိနေတဲ့ ဦးသန်းရွှေကတော့ ၅၇% နဲ့ အပြတ်အသတ်ကွာနေတယ်။ ဒါဖိုးထောင် တစ်ယောက်ထဲဖြေလို့ရတဲ့ စစ်တမ်းမဟုတ်။ အနီတွေလာပေးတယ်လဲ မထင်နဲ့။ ဗိုလ်ချုပ်အောင်ဆန်းတောင် ၁၇% ပဲရတယ်။ ဒီအောက်မှာ စစ်တမ်းပြန်ကြည့်နိုင်ပါတယ်။ 👇👇👇 https://t.me/privatephoehtaung/2192

နခခ ၅ အလံဖြူ စစ်သည်တွေ အတွက် အပြစ်ပြောစရာ စကားမရှိပါ။ အပြစ်ပြောချင်ရင် ခင်ဗျားအရင် စခန်းထဲ ၂၃၈ ရက် အဝိုင်းခံကြည့်ပါ။ နောက်ဆုံး စစ်ကူမလာ၊ ရန်သူအထဲရောက်တော့မှ လက်နက်ချခဲ့တာပါ။ လူကြီးတွေ လုပ်ကိုင်ပုံနဲ့ ဒီစံချိန်ကို ချိုးမဲ့စခန်း ထပ်ရှိဖို့ မလွယ်တော့ပါဘူး။ ကိုယ်ချင်းစာစိတ်လေး ရှိကြပါ။ https://t.me/privatephoehtaung/2208

စကခ ၁၅ မှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းကို ဖမ်းဆီးမိထားကြောင်း AA က တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။ လူထု ယုံကြည်မှု လိုချင်ရင် လိမ်ညာတာ ရွှီးတာ လျှော့ကြပါတော့ အကိုအမတို့ https://t.me/privatephoehtaung

Repost from Ko Myo Win
အင်းးးးး ======== သူပုန်အပေါင်း က သယံဇာတတွေ ရနိုင်လောက်အမြန်တူး ၊ အခွန်တွေ မချိမဆန့်ကောက်ပြီး ရံပုံငွေတွေ ဖြည့်တင်းနေချိန် နစ
အင်းးးးး ======== သူပုန်အပေါင်း က သယံဇာတတွေ ရနိုင်လောက်အမြန်တူး ၊ အခွန်တွေ မချိမဆန့်ကောက်ပြီး ရံပုံငွေတွေ ဖြည့်တင်းနေချိန် နစက ကြီးကလည်း အားကစားပွဲတွေ ခြိမ့်ခြိမ့်သဲ ကျင်းပနေတော့.....            သူဝအောင် မြိုပြီးမှ ကိုယ်စားချင်ရင် ဘယ်လို အခက်တွေ့ နိုင်မလဲ ဆိုတာ သတိရကြဖို့.......           ကိုရွှေမျိုးဝင်း

တောင်ကုတ် ရန်သူ့ဖက်က ဝါဒဖြန့်နေသလို အခြေအနေမဆိုးပါဘူး။ ချဲ့ကားနေတာပါ။ ဟန့်စစ်ဆင်ထားနိုင်ပါတယ်။ အရေးတကြီး အခြေအနေမဟုတ်ပါ။ https://t.me/privatephoehtaung

ဝါရာဇွပ်တပ်ဖွဲ့ရဲ့အားသစ်လောင်းတဲ့နေ့ အမှတ်စဉ်၆/၂၀၂၄ ၉.၁၂.၂၀၂၄

အမ်းကို စစ်ကူစစ်ကြောင်း ထိုးဖောက်နေတာ ရှိပါတယ်။ သတင်းပေါက်မှာ စိုးလို့ အတိအကျမတင်ပါ။ ဒီစစ်ကြောင်း အမ်းကို အောင်မြင်စွာ ရောက်ရှိခဲ့ရင် တိုင်းရုံးထဲက စစ်သည်များ အတော်အသက်ရှူ ချောင်သွားပါလိမ့်မယ်။ စာဖတ်သူပြည်သူများ စိတ်သက်သာရ ရစေဖို့ တင်ပေးတာပါ။ https://t.me/privatephoehtaung

ရခိုင်မှာ လက်နက်ချ တပ်ပြေးစစ်သည်တွေကို AAအသုံးချနေမှု နဲ့ပါတ်သက်ရေးထားတဲ့ MinChit Oo ရဲ့စာကိုအကြွင်းမဲ့ထောက်ခံတယ်။ဘာမှအငြင်းပွားစရာမရှိဘူး။ ကိုယ်တွေစစ်သား အိုဟောင်းကြီးတွေ စစ်သက်တလျောက် တခါမှမကြားဘူး မကြုံဘူးတာတွေ တပ်မတော်မှာဖြစ်လာတော့အ့ံ ​ေဩာ မိတယ်။ Min Chit Oo တို့ရေးသားချက်ထဲမှာတပ်မတော်ကြီးဘာကြောင့်ဒီလိုဖြစ်သွားရတာလဲဆိုတဲ့အချက်ကို လစ်လျူရှုထားတယ်။ ရခိုင်မှာ ICJ နဲ့ ကိုယ့်တပ်က အရာရှိစစ်သည်တွေအရေးယူထောင်ချလိုက်ရတာရှိတယ်။ အဲ့ဒီနောက်ပိုင်း ရခိုင်မှာ ရခိုင်နဲ့သော်၎င်း ဘဂ်လီနဲ့သော်၎င်း ပါတ်သက်မိ ပြဿနာဖြစ်မိရင် ကိုယ့်စစ်သည်အရာရှိတွေကိုမှားမှားမှန်မှန် အးရေးယူတယျ့။ ဒီလိုမဟုတ်ပါဘူးမပြောနဲ့။ရခိုင်တပ်တွေကအရာရှိစစ်သည်အကြပ်ကြီးတွေအရေးမယူခံရတဲ့သူခတ်ရှားရှားဘဲ။ အပြစ်လုပ်ရင် တာဝန်မကျေရင် စစ်စည်းကမ်းအရ အရေးယူခံရမယ်။ ဒါက စစ်သားတိုင်းနားလည် လိုက်နာရတဲ့စည်းကမ်း။ သို့ပေမဲ့ တဆိတ်ရှိအရေးယူ တဆိတ်ရှိအရေးယူ လုပ်လာတဲ့ အခါကြတော့ မိမိတပ် စစ်သည်အရာရှိတွေ စိတ်ထဲမှာသိမ်ငယ်လာတယ်။အရေးယူမခံချင်ကြဘူး။ ဒီတော့ ရခိုင်သောဘာသော ဘယ်သူ ဘာလုပ်နေ လုပ်နေဘာမှ မပြော မတားမဆီးတော့ဘူး။ ရခိုင်တွေ ဘဂ်လီတွေနဲ့ အဆင်ပြေအောင် ပေါင်းလာကြရတယ်။ ရောရောထွေးထွေးဖြစ်လာကြရတယ်။ ဒါတွေ မဖြစ်ခဲ့ပါဘူးဆိုချင်ရင် ကိုယ့်ကိုကိုယ်လိမ်နေတာဘဲ။ ဘာလို့ ထစ်ခနဲအရေးယူတာလဲ? ဆိုတော့ တိုင်းမှူးဆိုတဲ့ ကောင်ကအထက်က ညိုညင်မှာစိုးလို့။ အဲတော့ ကိုယ့်တပ်ကို ပြန်နင်းချသလို ဖြစ်လာတယ်။ စိတ်ဓါတ်ရေးရာ အနိမ့်ဆုံးကိုကျသွားတယ်။ ဒါပေမဲ့ တိုင်းမှူးဆိုတဲ့ကောင် ကိုယ့်တပ်ကို ဘာဖြစ်နေတယ် မသိဘူး။ နောက်တချက်.... AAတေွစစ်ရေးအရ ထူးခြားလှုပ်ရှားလာတယ်။ တပ်တွေအမြန်ပြန်စု ခံစစ်ပြင်ဆင်ရမဲ့ အလုပ်မလုပ်ဘူး။ ရှိသမျှတပ် ရသမျှလူခွဲပြီး ဟိုနေရာတက် ဒီနေရာကာ ဟိုတစု ဒီတစု အကုန်ဖြန့်ခွဲတယ်။ မြောက်ဦး ၃၇၈တပ်မှာအိုနာကျိုးကန်းပေါင်း၁၀၀ကေျာ်ဘဲရှိတယ်။တပ်ရင်းမှုးနဲ့တစ်ဖွဲ့ကို မြို့ထဲက ရဲစခန်းမှာနေခိုင်းတယ်။ ဒုတပ်ရင်းမှုူးနဲ့ တခွဲကို ရဲတပ်ရင်းမှာ သွား ပေါင်းခိုင်းတယ်။ (အဲ့ဒီအချိန်မှာ ပလက်ဝတောင်ကျပြီးပြီ လာတိုက်တော့မှာ သေချာနေပြီ) ဘာလို့ ကို့တပ်အင်အားကို ဖြန့်ခွဲလိုက်သလဲ? ရဲစခန်းတွေ ရဲတပ်ရင်းတွေ တပ်ထဲလာပေါင်းခိုင်း တစုတစည်းတည်း ခံစစ်ဆင်ပါလား ဘာလုပ်တာလဲ? ဘာကြောင့် ဒိလိုလုပ်သလဲ တိုင်းကခိုင်းလို့တဲ့။ ဒီလိုဖြစ်တယ်။ တပ်တတပ်က ကာကင်းကုန်းနေရာယူထားတာတခုတွေ့ရတယ်။တောင်ကြောရဲ့ ဘေးဆင်ခြေလျော လမ်းမျက်နှာစာမှာ နေရာယူထားတယ်။ ဘာလို့ ထိပ်မှာပတ်လည် ခံစစ်မဆင်တာလဲ မေးတော့ တပ်ချုပ်က ဘုရားတည်မယ် ပြောထားလို့ တိုင်းမှူးက တက်မနေခိုင်းတာတဲ့။ အ့ံဩလို့မဆုံးဘူး။ မင်းတို့က စစ်တိုက်ကြမှာလား လူကြီးအကြိုက် လိုက်လုပ်နေကြမှာလား? ရခိုင်တပ်တွေ ဘာမှစစ်ရေးကြိုတင်ပြင်ဆင်မှုမရှိဘူး မလုပ်နိုင်ဘူး တပ်တွေအားလုံးတကွဲတပြား။ ဗုဒ္ဓေါကုန်းဆိုတာရှိတယ် အမြင့်ကြီး တသီးတခြား ဘယ်နေရာကိုမှ လက်လှမ့းမမှီဘူး သူ့ကိုလည်း ဘယ်သူကမှ မကူနိုင် သူကလည်းဘယ်သူ့ကိုမှဆင်းမကူနိုင်။ ရိက္ခါမပုံထားဘူး အရန်ကျည်မရှိဘူး အင်အား၃၀နဲ့ ဒီအတိုင်းပြစ်ထားတယ်။ AAကမတိုက်ဘူးဆင်းလာမဲ့တကြောင်းတည်းသောလမ်းမှာပိတ်ထိုင်ထားတယ်။ ဗုဒ္ဓေါတဖွဲ့လုံး ဆင်းပြေးရတာဘဲ။ ဘယ်ရောက်လို့ ရောက်မှန်းမသိဘူး။ Drone guard ပို့တယ်။ အားသွင်းစရာ မီးစက်မပါဘူး။ ဆီမပါဘူး။ ဘယ်သွားဝယ်ရမှာလဲ အိန္ဒိယထဲလား... ဒီလိုတိုင်းမျိုး... စုတ်ပြတ်သတ်နေတာဘဲ။ ဘာကြောင့်လဲ တိုင်းမှူး ထင်လတ်ဦး(ကျောက်တော်ရခိုင်မလင်)ဆိုတဲ့ကောင် စောက်သုံးမကျချက်ကြောင့်ဘဲ။ ကျောက်တော်ကမ်းထိုးကိစ္စ။ကမ်းထိုးယဥ်ဟာစက်လတ်ကလွဲလို့ဘာမှပစ်ကူမပါဘူး။ဘာ အစောင့်လိုက်သဘော်လေကြောင်းစောင့်ကြည့်မှု မပါဘူး။ မိမိရဲမေခလေးလူကြီးစစ်သည်၉၀၀ကေျာ်အသက်သေကြရတယ်။ ဘယ်သူ့မှာ တာဝန်ရှိသလဲ ဘယ်သူ့မှာမှ တာဝန်မရှိဘူးလား။ ဘာလို့ကြိုကြိုတင်တင် ဆွဲမထုတ်ဘဲ မရူနိုင်မကယ်န်ုင်ဖြစ်မှ ဘာ တာဝန်ယူမှုမှမရှိ ဗရမ်းဗတာ စဥ်းစားဆင်ခြင်မှုမရှိ လုပ်ကြတာလဲ? ရဲဘော်တွေ သေကျေလက်နက်ချ အဖမ်းခံကြရတယ်။ ဘယ်လက်အောက်က စစ်သည်ရဲဘော် အရာရှိငယ်ကမှ အလံဖြူထောင် လက်နက်မချဘူး။ တပ်ရင်းမှူးဆိုတဲ့ ငတိတွေချည်းဘဲ အလံဖြူထောင် လက်နက်ချတယ်။ စစ်တိုင်းကြီး တတိုင်းလုံးကွပ်ကဲမှု အနီးကပ် ရှိနေတာတောင် ကိုယ့်တပ်တွေကို ကယ်ဘို့ ကူဘို့ အစီအမံမရှိဘူး မလုပ်နိုင်ဘူး။ ဘယ်လုပ်နိုင်မလဲ စစ်မှမတိုက်ဘူးတော့ အစဥ်အလာမှမရှိတာ။ စစ်ရုံးမှာ တသက်လုံးနေအချိန်တန် တိုင်းမှူး တပ်မမှူးထွက်လုပ်။ မိန်းမက ရခိုင်မဆိုတော့ ရခိုင်မခြင်း အမျိုးတွေ့ ရာထူးပေးလာကြတော့တကယ် စစ်ဆင်ရေးနဲ့ နဖူးတွေ့ဒူးတွေ့လည်းကြုံရောဗရမ်းဗတာဖြစ်တာဘဲ။ အောက်လက်က အဖမ်းခံရသူတွေကို သိတ်အပြစ်မမြင်ပါနဲ့။ အထက်က စောက်သုံးမကျအရည်အချင်းမရှိတာလည်းပြောကြပေါ့။ မပူပါနဲ့ ထင်လတ်ဦးတို့လိုလူမျိုးကအခုဦးပိုင်မှာ နေရာကောင်းရ ကောင်းစားအေးချမ်းသာယာနေပါပြီ။ သူ့လက်အောက်စစ်သည်ရဲမေအိမ်ထောင်သည် ခလေးတွေသာ အခုထိဖမ်းဆီးခံ ပစ်ပါယ်ခံ အပြစ်တင်ခံနေကြရတာပါ။ (ဒိထက်ရေးရင်မကောင်းလို့ဒီလောက်ဘဲရေးပြမယ်။တပ်မတော်ကလိုအပ်လို့ by nameနဲ့ဆင့်ခေါ်ရင်

သံမဏိလူသားကြီးများ မျက်ရည်ကျတဲ့နေ့။ ချစ်သူခင်သူများ ဆုံစည်းနိုင်ကြပါစေ။ https://t.me/privatephoehtaung
သံမဏိလူသားကြီးများ မျက်ရည်ကျတဲ့နေ့။ ချစ်သူခင်သူများ ဆုံစည်းနိုင်ကြပါစေ။ https://t.me/privatephoehtaung

မိုင်းရယ်ကို အင်အားတွေ ပို့ထားလို့ လားရှိုးကို ပြန်တိုက်ဖို့ လုပ်ကိုင်နေကြတယ် ထင်မနေနဲ့။ သူပုန် SSPP နဲ့ ပျော်နေကြပြီ။ ဖရဲခင်းကြီး ဖြစ်ပြီး စစ်တိုက်ချင်စိတ် ပျော်နေကြပြီ။ https://t.me/privatephoehtaung

အမျိုးသားအားကစားပွဲတော် ကျင်းပခြင်းကို ပျော်ရွှင်ထောက်ခံပါသလား
Anonymous voting

ကျောက်ဂူ တိုက်ပွဲတွေဟာ တောင်ခမ်း နောက်ကျောကို ဖြတ်တောက်ဖို့တိုက်နေတာပါ။ တောင်ခမ်းမှာ တပ်ကနိုင်တာ တခြားစစ်မျက်နှာတွေနဲ့ မတူပဲ
ကျောက်ဂူ တိုက်ပွဲတွေဟာ တောင်ခမ်း နောက်ကျောကို ဖြတ်တောက်ဖို့တိုက်နေတာပါ။ တောင်ခမ်းမှာ တပ်ကနိုင်တာ တခြားစစ်မျက်နှာတွေနဲ့ မတူပဲ ထောက်ပို့ဆက်သွယ်ရေး လမ်းကြောင်းထိန်းထားနိုင်ဖို့ပါ။ တောင်ခမ်းတပ်တွေကို ဖြတ်တောက်ဖို့ကြိုးစားတာပါ။ ယနေ့ဖြစ်တဲ့တိုက်ပွဲမှာ တပ်က ထိခိုက်မှုရှိပါတယ်။ ပေါ့လို့မရပါ။ https://t.me/privatephoehtaung

တပ်သားလေး ဖိုးထောင် 🇲🇲🪖 - Статистика и аналитика Telegram-канала @privatephoehtaung