တပ်သားလေး ဖိုးထောင် 🇲🇲🪖
Открыть в Telegram
အောက်ခြေရဲဘော်များကို စာနာသောအားဖြင့် သတင်းတင်မည်။ စစ်မြေပြင်သတင်းမှန်များ ဖတ်ရှုနိုင်ပါသည်။ 🇲🇲🪖
Больше7 675
Подписчики
-824 часа
-277 дней
-10730 дней
Архив постов
+2
BPLA တပ်ဖွဲ့ မကြာခင် အညာမှာအခြေချပြီး မွှေတော့မည်။
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) အနေနဲ့ မကြာခင်ကာလအတွင်း အညာဒေသမှာ အခြေချပြီး စစ်ဆင်ရေးတွေ ဖော်ဆောင်တော့မှာဖြစ်တယ်လို့ BPLA တပ်ဖွဲ့ကွပ်ကဲရေးမှုး မောင်ဆောင်းခက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ အသိပေးပြောဆိုလိုက်ပါတယ်။
ကဗျာဆရာတဖြစ်လဲ BPLA ကွပ်ကဲရေးမှုးမောင်ဆောင်းခက ဒီကနေ့ကျရောက်တဲ့ ၁၀၂၇ စစ်ဆင်ရေး နှစ်ပတ်လည်နေ့မှာ အခုလိုအသိပေးထုတ်ပြန်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။
၄င်းက “ပြည်သူတွေကို အသိပေးချင်တာတခုက BPLAဟာ မကြာခင် အညာဒေသမှာအခြေချပြီး စစ်ဆင်ရေးတွေဖော်ဆောင်လာနိုင်တော့မယ်ဆိုတာပါပဲ။ အညာလူထုကလည်း ကျနော်တို့ကို ကြိုဆိုမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်” လို့ရေးသားဖော်ပြခဲ့တာပါ။
https://t.me/privatephoehtaung
+6
အောက်က မြေပြင်ထိုးစစ်ဝင်ရင် အပေါ်က လေကြောင်းအစောင့်အရှောက်
မပါလာ။ ရန်သူက စထွက်ထဲက ဒရုန်းနဲ့ နောက်ကလိုက်ပြီး စောင့်ကြည့်နိုင်တယ်။ ပစ်ချက်မှန်သမျှ ဒရုန်းနဲ့ အကဲကြည့်ပစ်ခတ်တယ်။
ဒီတိုင်းပဲ မြေပြင်တစ်ကြောင်းပဲ ထိုးစစ် ဆိုရင် ဘယ်နေရာဝင်ဝင် ခံရမှာပဲ။
တပ်သားသစ် မရှာနဲ့ဦး။ ရှိတဲ့
အဟောင်းတွေကိုပဲ တန်ဖိုးအရင်ထားပါ။
ပုံ - မြဝတီကို စစ်ကြောင်းထိုးခဲ့တဲ့ တပ်မတော်စစ်ကြောင်းတစ်ခု ဖြစ်ပါတယ်။
https://t.me/privatephoehtaung
ဟိုသစ္စာဖောက် ဒေါက်တာသား နေရွှေသွေးအောင်က ၁၉၉၁ မှမွေးတာမို့ ၃၅ နှစ်အောက် အိမ်ထောင်မရှိလူပျိုနော်
စစ်မှုထမ်းဖို့ မခေါ်ဘူးလား?
ဥပဒေ ဆိုတဲ့ စကားလုံး ရှေ့မှာ တရားဆိုတာ ပါသဗျ
တရားဥပဒေ လို့ ဒါကြောင့်ခေါ်တာ
မခေါ်ဘူးဆို တရားဥပဒေ စိုးမိုးရေး ဆိုတာ? တပ်ချုပ်ဟောင်းကြီးမြေးမို့လို့ စံပြလုပ်သင့်ကြောင်းပါ။
https://t.me/privatephoehtaung
+1
ဂန့်ကော်ရွာက သိမ်းဆည်းမိ လက်နက်များ။
ဂျန်မာ၊ ဒရုန်းဂန်း၊ စတားလင့်စက်များအပါအဝင် လက်နက်ခဲယမ်းများ
https://t.me/privatephoehtaung/1832
မူဆယ်နဲ့ နမ့်ခမ်းမှာ ၅ ရက်အတွင်း ဓာတ်ဆီတစ်လီတာ ၄၆၀၀ ကျပ်ကနေ ၉၅၀၀ အထိမြင့်တက်၊ ဆီဆိုင်အများစု ပိတ်ထား
တရုတ်က ကုန်စည်တင်သွင်းခွင့် ပိတ်လိုက်ပြီးနောက် တရုတ်မြန်မာနယ်စပ် မူဆယ်မြို့နယ်နဲ့ နမ့်ခမ်းမြို့နယ်မှာ ၆ ရက်အတွင်း ဓာတ်ဆီ တစ်လီတာ ၄၆၀၀ ကျပ်ကနေ ၉၅၀၀ ကျပ်အထိ မြင့်တက်လာနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်ကစပြီး တရုတ် - မြန်မာ နယ်စပ်ဂိတ်ဖြစ်တဲ့ မူဆယ် - ကျယ်ခေါင် ဂိတ်အပါအဝင် နယ်စပ်ဂိတ်တွေအားလုံးကို တရုတ်ဘက်က ရက်အကန့်အသတ်မရှိ ကုန်စည်တင်သွင်းခွင့် ပိတ်လိုက်ပြီးနောက် မနေ့ အောက်တိုဘာ ၂၆ ရက်အထိ ၅ ရက်အတွင်း ဓာတ်ဆီစျေး ၂ ဆမြင့်တက်လာပြီး ဆီပြတ်လပ်တဲ့အခြေအနေအထိဖြစ်နေတယ်လို့ မူဆယ်မြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
"၁လီတာ ၉၅၀၀ တက်သွားပြီ။ မနက်ကဆီဆိုင်က နေ့လည်က ပိတ်လိုက်ပြီ ဆီပြတ်သွားလို့တဲ့။ တစ်ချို့ဆိုင်က ပိတ်ထားရပြီ။ ကျန်တဲ့ဆိုင်က ကျန်သေးတယ်"
အလားတူ နမ့်ခမ်းမြို့နယ်မှာလဲ တရုတ်ဘက်က ဂိတ်မပိတ်ခင်အထိ ဓာတ်ဆီတစ်လီတာ ၅၀၀၀ ကျပ်ရှိရာကနေ ဒီနေ့ အောက်တိုဘာ ၂၇ ရက်မှာ တစ်လီတာ ၈၀၀၀ ကျပ်အထိ မြင့်တက်လာတယ်လို့ နမ့်ခမ်းဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
"ဓာတ်ဆီက ရှိတဲ့နေရာပဲ ရှိတော့တာ။ ပြတ်ကုန်ပြီ။ ဆိုင်တွေလည်း ပိတ်ကုန်ပြီ။ အရင်ကဆို ၅ ထောင်ပဲ။ ဒီ ၃ ရက်အတွင်းကို ၃ ထောင်တက်လာတာ"
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်ကစပြီးရှမ်းပြည်နယ်က တရုတ် - မြန်မာ နယ်စပ်ဂိတ်တွေဖြစ်တဲ့ မိုင်းလား - တာလော့ဂိတ်၊ မူဆယ် - ကျယ်ခေါင် ဂိတ်အပြင် နယ်စပ်ဂိတ်တွေအားလုံးကို တရုတ်ဘက်က ရက်အကန့်အသတ်မရှိ ကုန်စည်တင်သွင်းခွင့်တွေ ပိတ်ပင်ထားပါတယ်။
https://t.me/privatephoehtaung
ပလောင်တွေ ပြေးပါပြီ။ တပ်မတော်က ဂန့်ကော်ရွာကို ရရှိပြီ။
မကြာခင် ဓာတ်ပုံတွေ မြင်ရမှာပါ။
https://t.me/privatephoehtaung/1824
ဒီလမှာPLA MDY- PDF TNLA အယ်ဖာစက်ရုံနဲ့ ဖယောင်းတောင်ကြားကို ဖြတ်တောက်ပြီး တပ်ထိုင် မတ္တရာကိုဆောင့်လိမ့်မယ်
သပိတ်ကျင်း မိုးကုတ်အရှေ့ခြမ်းကပဲ သယံဇာတနဲ့အကျိုးအမြတ်ရတယ်
ဒီလကုန်ရင် အင်အား ၂၄၀၀သင်တန်းဆင်းမှာအဲဒီသင်တန်းဆင်းရင် ပုသိမ်ကြီး ရဲရွာ ရွာငံ ပင်းတယဘက်ထိုးမယ် မြို့ကြီးကတော့ သူတို့သိမ်းမှာမဟုတ်ဘူး
အခုရန်သူတွေကရတဲ့ငွေတွေနဲ့ 84 နောက်ပွင့် ၃၂မမ စက်အမြောက် FN7 manpad အကုန်ဝယ်ထားပြီးပြီသိရ
မန်းရော မတ္တရာရောသိမ်းမှာမဟုတ်ဘူးစစ်ကိုင်းပဒက်နဲ့စာချုပ်အသစ်ချုပ်လိမ့်မယ်
အဲဒါက ရွှေ/လက်နက်ခွဲပေးဖို့အဲဒီစာချုပ်အောင်မြင်သွားရင် ရင်လေးရပြီ စစ်ကိုင်းပဒက်တွေက သပိတ်ကျင်းတွင်းငယ် မတ္တရာဘက်တိုက်နေတာဟာအကျိုးအမြတ်ရလို့တိုက်နေတာ
PLA က ၁၀၁ /၃၀၃ ၂ ရင်းရောက်ပြီကျောက်ဆည်ဘက် မြင်းခြံဘက်Absdf ကျောင်းသားတပ် နဲ့ PLA တွေဖြည့်မယ်
နိုင်ငံရေးမပါကြေး စစ်ကိုအရင်နိုင်အောင်တိုက်ရအောင်ဆိုပြီးသဘောတူစာချုပ်လုပ်ထားပြီ
မန်းလေး လုံခြုံဖို့ ဆိုရင်မြစ်ကြောင်းလိုင်းကစက်လှေတွေ ဝင်/ထွက်စစ်ဆေးဖို့လိုစစ်ကိုင်း ကသာနဲ့အပေါ်ပိုင်းက PDF တွေမန်းလေးတက်မယ်ဆိုမြစ်ကြောကအလွယ်ကူဆုံးဘဲမြစ်ဆိပ်အထိတော့လိုက်လာမှာ မဟုတ်ဘူးကြားကမ်းကပ်တွေကလာနိုင်ပါတယ်
Kyaw Win Maung
https://t.me/privatephoehtaung
နပခ ခံစစ်ကို ရမခ ခံစစ်လောက် အားမရဘူး။
ရမခ တုန်းကတောင် ခံစစ်လိုင်းတွေ တစ်ခုနဲ့ တစ်ခု ခိုင်ခိုင်မာမာ ချိတ်ဆက်နိုင်တယ်။ ခလရ ၄၁ နဲ့ ၅၀၇ တို့က လားရှိုးမြို့ထဲ ရန်သူမဝင်နိုင်အောင် ရက်တော်ကြာ ခံတိုက်ထားခဲ့တယ်။ အချိန်တန်လို့ ဆုတ်ခဲ့ရတာ တစ်ပိုင်း။
နပခမှာတော့ ခံစစ်လိုင်းတည်ဆောက်ဖို့ထက် သီးခြားခံတပ်စခန်းလေးတွေ ဆောက်ထားသလိုဖြစ်နေတယ်။ ၃၇၃ ကိုကျော်ပြီး ဆေးရုံကို ရန်သူရောက်လာတာ သက်သေပါပဲ။ တခြားစစ်မျက်နှာတွေလဲ အလားတူဖြစ်နေတယ်။
တပ်ကြားထဲတွေ ရန်သူရောက်နေတော့ အုပ်ချုပ်ထောက်ပံ့မှုအပိုင်းမှာ အခက်အခဲရှိလာပါတယ်။ ရန်သူကလဲ လွတ်လွတ်လပ်လပ် လှုပ်ရှားပြီး ဘက်ပေါင်းစုံက တိုက်လို့ရနေတယ်။ လေယာဉ်ကွင်းကိုလဲ နှောက်ယှက်နိုင်သွားတယ်။
ရန်သူက အမ်းမြို့ထဲ ဝင်ပြီးဓာတ်ပုံရိုက်တင်ရင်တောင် အံ့ဩစရာမရှိပါ။ စခန်းမသိမ်းပဲ ခံစစ်ကြောင်း ဟာကွက်တွေက ဝင်လာနိုင်လို့ပါ။
https://t.me/privatephoehtaung
နှစ်ပတ်လည် လက်ဆောင်တွေ မရလိုက်တဲ့သူ မရှိအောင် နေရာစုံကို free delivery ပို့ပေးနေပါတယ်နော် ✈️
မပို့ဖူးတဲ့ နေရာတွေပါ ပို့ပေးနေတာ အားရချက်။
https://t.me/privatephoehtaung
ဒီနေ့ ၁၀ လပိုင်း ၂၇ ရက်ဟာ သိန္နီ၊ ကွတ်ခိုင်၊ ကွမ်လုံ၊ တာရွှေထန်၊ လောက်ကိုင်၊ ကုန်ကြမ်းဆိုတဲ့ မြို့နေပြည်သူတွေ အိုးအိမ်ပစ်ပြီး ထွက်ပြေးခဲ့ရတာ တစ်နှစ်ပြည့်တဲ့နေ့ပဲ။ ဒီစစ်ပွဲရဲ့ အကျိုးဆက်အနေနဲ့ လားရှိုးကပါ ကိုးကန့်လက်အောက်ကို ကျရောက်ခဲ့ရတယ်။
ခု စိတ်ပူနေမိတာက နပခပါပဲ။ နပခ က ဘာလို့ အရေးကြီးသလဲဆိုတော့ ရိုးမကျော်ရင် အရှေ့ဘက်က မကွေးကို တိုက်ရိုက်ပေါက်တယ်။ ရခိုင်ပြည်နယ်က ထွက်ပေါ်လာတဲ့ AA ဆိုတာ ...ကရင်ပြည်နယ် သံလွင်မြစ်တကြောမှာတောင် စစ်အခြေစိုက်စခန်း ဆောက်ဖူးတာကို မှတ်မိကြဦးမယ်ထင်ပါတယ်။ ဒါကို တပ်က သတင်းရလို့ ဗုံးကြဲ ခဲ့တာကို သတိရရင်.... ကြေးစားသာသာ AA အတွက် သတ်သတ်မှတ်မှတ် မြေဆိုတာ မရှိ နေဘူး။ တဆက်တည်း အောက်က ဂွမြို့ကျရင် ရေကြည်၊အသုတ် ဧရာဝတီက တဆက်တည်းပဲ။ ပုသိမ်ဆိုတာ အတော်လေးနီးတယ်။
ဖြတ်လေး ဖြတ် ကောင်းကောင်း ဖြတ်နိုင်ရင် ရခိုင်က အတော်လေး သိသာမှာပါ။ ခက်တာက အောက်ခြေတွေမှာ အဂတိ လိုက်စားပြီး လွှတ်ပေးနေရင်တော့ ပလိုင်းပေါက်နဲ့ ဖားကောက်သလိုပဲ ဖြစ်မှာလို့ တွေးမိတယ်။ ရခိုင်ဘက်ကို မကွေးဘက်ကနေ ဆီတွေက အထမ်းသမားတွေနဲ့ အဆင့်ဆင့် သယ်နေတဲ့ သတင်းတွေ ကြားမိတယ်။ စိစစ်ဖို့ လိုပါတယ်။ နိုင်ငံ ဝန်ထမ်းတွေ၊ အုပ်ချုပ်ရေး ယန္တရားမှာ ပါတဲ့ သူတွေ အနေနဲ့ တိုင်းပြည်ကို သစ္စာ ရှိဖို့ လိုပါတယ်။
အမ်းမြို့ဟာ ဒုတိယ လားရှိုး ဖြစ်လို့မရပါဘူး။ ရခိုင်ဟာ စနိုက်ပါ တပ်ဖွဲ့ကို အတွင်ကျယ်ဆုံး သုံးနေတာပါ။ ရခိုင်ကို ဝင်တဲ့ တပ်မ တွေအနေနဲ့ ဒီပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်း အရင်ဆုံး တွေးသင့်ပါတယ်။ နည်းပညာမြင့်တဲ့နေရာမှာ လူအင်အားထုကို သုံးလို့မရပါဘူး။ တန်ပြန် နည်းပညာမြင့်တဲ့ လက်နက်တွေနဲ့ ဘယ်လို အထိနာအောင် လုပ်သင့်သလဲ ဆိုတာ စဉ်းစားဖို့ လိုပြီလို့ ထင်ပါတယ်။ မြစ်ချောင်းပေါတဲ့ ရခိုင်မှာ စက်လှေကအစ စက်သုံးဆီ မရှိရင် အလုပ်မဖြစ်ပါဘူး။
(နရီမိုး)
https://t.me/privatephoehtaung
၁၀၂၇ နှစ်ပတ်လည်အဖြစ် လောက်ကိုင်မြို့ကို ပေါင် ၁၀၀၀ လက်ဆောင်ပေးပို့ခဲ့ကြောင်း သိရပါတယ်။
https://t.me/privatephoehtaung
ဒီနေ့ ၁၀၂၇ တစ်နှစ်ပြည့်ပြီ။ တစ်နှစ်တာ ကာလကို ဘက်မလိုက်ပဲ ကိန်းဂဏန်းနဲ့ပဲ သုံးသပ်ပြမယ်။
၁၀၂၇ မတိုင်ခင်က သူပုန်တွေ သိမ်းနိုင်တဲ့ မြို့ဆိုတာ တစ်မြို့မှ မရှိခဲ့ပါ။ မြို့ထဲဝင် ပစ်ပြေးအဆင့်ပဲ ရှိတယ်။ 27.10.23 ရက် မှာ ပထမဆုံးမြို့အဖြစ် ချင်းရွှေဟော်ကို လက်လွှတ်ခဲ့ရတယ်။
တစ်နှစ်ပြည့်တဲ့ရက်မှာတော့ သူပုန်လက်ထဲ မြို့ပေါင်း ၈၀ ကျော် ၉၀ ခန့် ပေးထားလိုက်ရပြီ။ တချို့ပြန်ထိန်းချုပ်နိုင်တဲ့ မြို့တွေရှိပေမဲ့ အရေအတွက်အားဖြင့် ၁၀ မြို့ မပြည့်ပါ။
ရက်ပေါင်း ၃၆၅ ရက်ထဲမှာပဲ မြို့ ၈၀ ဆိုတာ ၄/၅ ရက်ကို တစ်မြို့နှုန်းပါပဲ။ ဒီကိန်းဂဏန်းဟာ ကြောက်စရာကောင်းပါတယ်။ မြန်မာပြည်မှာ မြို့ပေါင်း ၄၆၅ ရှိတဲ့အတွက် တစ်နှစ်အတွင်း ၂၀ % လောက်ပါသွားတယ် ပြောရမယ်။
ရန်သူ့ထိုးစစ် တစ်နှစ်ပြည့်တဲ့အထိ တပ်မတော်ဖက်က တန်ပြန်ထိုးစစ်လို့ ခေါ်နိုင်လောက်တဲ့ စစ်ဆင်ရေးကြီး တစ်ခုမှ မစနိုင် မစုဖွဲ့နိုင်သေးတာလဲ အရှိတရားပဲ။
ဒီကိန်းဂဏန်းတွေ ကြည့်ပြီး တပ်ချုပ်ကြီး ဘာဆက်လုပ်ဖို့ စီမံထားလဲတော့ သိချင်တယ်။ ဆိုကရေးတီးပွဲပဲ ကြည့်ချင်တာဆိုရင်တော့ ထိုင်ခုံပြောင်းပြီး ကြည့်တာ ပြည်သူတွေအတွက် ပိုအဆင်ပြေပါတယ်။
https://t.me/privatephoehtaung
တောင်ခမ်း အမတ-၃၅၄ ဘက်မှာ တိုက်ပွဲပြင်းထန်နေတာ (၂)ရက်ရှိနေပါပြီ။
ရန်သူက မိမိတပ်ကို လာတိုက်နေတာကိုတောင် ကိုယ့်အစီအမံတွေ လန့်နေပြီ ဗရမ်းဗတာ ကာနေရပြီ ရေးတဲ့ချန်နယ်တွေနဲ့ ယုံတဲ့သူတွေပဲ အံ့ဩမိတယ်။
သူ့အရပ်နဲ့ သူ့ဇာတ်ပါပဲ။ ကိုယ်ယုံချင်တာ ကိုယ်ယုံကြပေါ့။
၃၅၄ ကတော့ ကျဖို့မရှိပါ။ လာအတိုက်ခံနေရတာကိုပဲ ရေးခြင်းဖြစ်ပါတယ်။
#ဖိုးထောက်
https://t.me/privatephoehtaung
တပ်မတော်က နောင်ချိုမြို့နယ် ဂန့်ကော်ရွာကို မကြာခင်ရတော့မည်။
လက်ရှိ ဂန့်ကော်ကျေးရွာထဲမှာ TNLA တပ်စွဲထားသလို တပ်ကလဲ စစ်ကြောင်းထိုးနေလို့ ဂန့်ကော်ကျေးရွာမှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ ဒါပေမဲ့ ပလောင်တွေ အထိနာနေလို့ ဆုတ်ဖို့ပြင်နေကြပါပြီ။
သူပုန်က မြို့တွေ သိမ်းနေချိန် တပ်က ရွာတောင် မနည်းသိမ်းနေရပါလားလို့တော့ မတွေးပါနဲ့။ တပ်ရဲ့ အခြေခံက မြို့ဖြစ်ပြီး သူပုန်ရဲ့ အခြေခံက ရွာဖြစ်ပါတယ်။ ရွာဆိုတာ သူပုန်ရဲ့ အခိုင်အမာစခန်းတွေ ရှိတတ်ပါတယ်။
https://t.me/privatephoehtaung
တောင်ခမ်း အခြေအနေမှန်
တောင်ခမ်းမှာ မစခ ၉၀၂၊ အမတ ၂၀၆၊ အမတ ၄၀၆၊ အမတ ၃၅၄ တို့ အစဉ်လိုက် ၁၅ မိုင်ခန့် တည်ရှိနေတယ်။
လောလောဆယ် ကြားထဲက အမတ ၄၀၆ ကို ရန်သူရထားပြီး ဖြစ်ပါတယ်။
၂၃ ရက်နေ့က တပ်မတော်က တန်ပြန်ထိုးစစ်ဆင်ဖို့ ၃၅၄ ထဲက ထွက်ပြီး ရန်သူ့လက်က ၄၀၆ ကို တိုက်ခဲ့တယ်။ ဒါပေမဲ့ ဝိုင်းပတ်ပိတ်ဆို့ခံရပြီး တပ်လန်သွားခဲ့တယ်။ ထိခိုက်မှုရှိပါတယ်။
တပ်မတော် ထိုးစစ်လန်သွားလို့ ရန်သူအားတက်ပြီး ၃၅၄ ကို ပြန်တိုက်လာခဲ့တယ်။ ၂ ရက်ရှိပြီ ဖြစ်ပါတယ်။
တောင်ခမ်းလက်ရှိ တိုက်ပွဲအခြေအနေ မြင်သာဖို့ တင်ပြခြင်းဖြစ်ပါတယ်။
https://t.me/privatephoehtaung
တောင်ခမ်းကို တိုက်လို့ မရတဲ့ ပလောင် နဲ့ ပဒက် တွေဟာ ပြင်ဦးလွင်ဖက် မြှားဦးလှည့်ကာ ဘန့်ဘွေး ဝက်ဝံဖက် စစ်ကြောင်းထိုးလာပါပြီ။
တောင်ခမ်းမှာလဲ စစ်ရှုံး၊ နောင်ချိုဖက်မှာလဲ ခံနေရတော့ မိုးကုတ်-ပြင်ဦးလွင် လမ်းဖက်က ပတ်ဝင်တဲ့ သဘောပါ။ တစ်ဖက်မှာ မနိုင်လို့ တစ်ဖက်က ကြိုးစားကြည့်တာပါ။
သိပ်စိတ်ပူစရာ မရှိပေမဲ့ ပေါ့ဆလို့တော့ မရပါဘူး။ ဝက်ဝံကျရင် နောင်ချိုထိုးစစ်ပျက်ပြီး ပြင်ဦးလွင် ခြိမ်းခြောက်ခံရပါမယ်။
https://t.me/privatephoehtaung
ပြင်ဦးလွင် သတင်းထူးတွေ တင်မလားလို့ ဝင်ထားမိပါတယ် 😊
https://t.me/privatephoehtaung
နပခ အမ်းကို ရဖို့ ရခီးတွေ လေးဖက် ညှပ်ထိုးစစ်ဆင်တိုက်နေပါတယ်။ နေရာတိုင်းကို ကာကွယ်နိုင်ဖို့လိုပါတယ်။
အနောက်မြောက် စစ်မျက်နှာ
ခမရ ၃၇၃၊ တဆရ ၂/၃၀၀၊ စရတ
အရှေ့မြောက် စစ်မျက်နှာ
အမ်း-ပဒါန်းလမ်း ပဲပဒုံ စစ်ဆေးရေးဂိတ်
အရှေ့ဖက် စစ်မျက်နှာ
ကျမောင်းလမ်းစုံ တစ်မိုင်ကုန်းစခန်း
တောင်ဖက် စစ်မျက်နှာ
ထောက်ပို့တပ်၊ လုံးရွာဘုရားကုန်း၊ ပွိုင့် ၂၄၄ စခန်း
https://t.me/privatephoehtaung
Repost from မောင်ချိန်ခွင်
တရုတ် နယ်စပ်ဂိတ် ၁၉ခုရှိသည့်အနက် ၄ခုဖွင့်ထားသေးသည်ဟု သိရှိရပါသည်။
♨️၀ ထိန်းချုပ်ဒေသမှ ဂိတ်(၁)ခု။
♨️ ကချင်ပြည်နယ်၊ကန်ပိုက်တည်နဲ့ ပန်းဝါဒေသအနားမှ ဖီမော်ဂိတ် (၂)ခု
♨️ နောက်ဆုံးတစ်ခုကတော့ရေကြောင်း ၀မ်ပုန်ဆိပ်ကမ်းဟု သိရှိရပါတယ်။
အထက်ပါ ဂိတ်(၄)ခုမှာ ပစ္စည်း အားလုံး သယ်လို့ရနေပြီး ပိတ်ဆို့မှု မအောင်မြင်သေးပါ။
🍙 တာ၀န်ရှိသူများအနေနဲ့ သတင်းမှန်၊မမှန်ကို စီစစ် လုပ်ဆောင်ပေးပါ။ ယခုအတိုင်းဆို အိတ်ပေါက်နှင့် ဖားကောက်နေသလို ဖြစ်နေပါတယ်။
မောင်ချိန်ခွင်
သတင်းပို့ရန်
@MNYoe2020
https://t.me/mrhyzm2004
Repost from Myanmar Mixed News
နေ့လည်က လားရှိုးကို လေကြောင်းနဲ့ စတွယ်လိုက်တဲ့ အလုံးက
ကိုးကန့်တွေ ခိုအောင်းနေတဲ့ မယ်ဟန်ဘက်က အဆောက်အအုံပါ။
စစ်ဆေးရေးဂိတ်ချထားတာတွေ တွေ့ရပါလိမ့်မယ်။
တော်တော်လေး ဘတ်ကုန်တယ်လို့သိရပါတယ်။
တာဇံတွေက လမ်းပေါ်တက်ဂိတ်ဖွင့် ဆက်ကြေးကောက်နေတာ ရာရာစစ
အောင်ဇေယျ
Myanmar Mixed News
https://t.me/thadinsonemyanmarpyi
