ru
Feedback
တပ်သားလေး ဖိုးထောင် 🇲🇲🪖

တပ်သားလေး ဖိုးထောင် 🇲🇲🪖

Открыть в Telegram

အောက်‌ခြေရဲဘော်များကို စာနာသောအားဖြင့် သတင်းတင်မည်။ စစ်မြေပြင်သတင်းမှန်များ ဖတ်ရှုနိုင်ပါသည်။ 🇲🇲🪖

Больше
8 234
Подписчики
-424 часа
-517 дней
-16030 день
Архив постов
ကျောက်တော် သင်္ဘောဖြစ်စဥ် ၁၀ လပြည့်ပါပြီ။ အခုထိ သွေးကြွေးမဆပ်နိုင်သေးဘူး။ တပ်မတော်သားတွေနဲ့ ထောက်ခံသူတွေကတော့ မမေ့နိုင်သေးဘူး
ကျောက်တော် သင်္ဘောဖြစ်စဥ် ၁၀ လပြည့်ပါပြီ။ အခုထိ သွေးကြွေးမဆပ်နိုင်သေးဘူး။ တပ်မတော်သားတွေနဲ့ ထောက်ခံသူတွေကတော့ မမေ့နိုင်သေးဘူး။ တပ်ချုပ်ကြီးတော့ မေ့သွားပြီလား မသိပါဘူး။

မြန်မာပြည်မှာ ပထမဆုံးအကြိမ်အဖြစ် တိုင်းစစ်ဌာနချုပ်ကြီးတစ်ခု ရန်သူ့လက်ကျရှုံးသွားရော အဲဒီ့နေရာကို တိုင်းမှူးအသစ်ခန့်ထားတော့ မနေလိုဘူးဆိုပြီး သတင်းပို့သတဲ့ နောက်တော့ တပ်မအချို့ ခက်ခဲတဲ့နေရာရောက်နေတော့ ရာထူးတိုးပို့တော့ မနေလိုဘူး ဆိုပြီး ငြင်းကြသတဲ့ ရန်သူဟာ စစ်တိုက်ဖို့ပဲ စိတ်ဝင်စားခဲ့ချိန်မှာ ဒီဘက်က နေရာ နဲ့ အဆင့်အတွက် တွန်းတိုက်ခဲ့ကြရတယ် စစ်သားစိတ်ဆိုတာ ပြန်လည်တိုက်ခိုက် ချေမှူန်းလိုစိတ်ပဲ ယနေ့ ကိုးကန့်တွေ တကျော့ပြန် အောင်ပွဲဆင်လာတာ အဲဒီ့စိတ် မပျောက်မပျက်အောင် လက်ဆင့်ကမ်း အမွေပေးနိူင်ခဲ့လို့ပဲ ကိုးကန့်တွေဟာ ငွေရှာတော်ကြတယ် ကောင်းကောင်း နေထိုင်တတ်တယ် ဇိမ်ခံတတ်တယ် ဒါပေမယ့် စစ်သားစိတ်မပျောက်ခဲ့ဘူး ဒီဘက်ကတော့ စစ်သားစိတ်ပျောက်ခဲ့ကြတယ် မနေဘူး မစားဘူးတာတွေ ရရှိခံစားြပီးနောက် ဒီနေရာတော့ ဒီအချိန်တော့ ငါမလုပ်ဘူး ကျန်တဲ့ကောင်လုပ်နဲ့ ငြင်းကြတယ် မငြင်းပဲ စစ်သားစိတ်အပြည့်နဲ့ လုပ်ကိုင်နေသူကိုလည်း ကျည်လွတ်မြေကနေ အားမပေးဘူး ဂေါက်ရိုက်ပြ ပွဲတက်ပြ မိသားစုပုံတွေနဲ့ ခနဲ့ကြနဲ့ ဘယ်မလည်း ခများတို့ရဲ့ စစ်သားစိတ် ဆိုတာ ကျန်တဲ့ လူသားဆန်တဲ့စိတ်ဆိုတာ ဝေလာဝေး ကိုးကန့်တွေ စစ်တိုက်သွားတာ နမူနာ ယူကြည့်ပေါ့ သူတို့ စစ်ရှုံးခဲ့တာ သူတ်ု့ခေါင်းဆောင်ည့ံလို့ ဆိုပြီး လက်ညှိးမထိုးကြဘူး ငါတို့ရအောင် ပြန်တိုက်မယ်ဆိုပြီး တိုက်ခိုက်ကြတာ ခုတော့ ဒီဘက်ကမကြာခဏကြားနေရတာက လက်ညိုးထိုးစကားတွေ ထိုးတဲ့သူတွေကြည့်တော့ အတင်းတွန်းတိုက်ပြီး နေရာလု ထိုင်ခုံမှာ ထိုင်ပြီး နေရာ ယူထားသူတွေ သံဝေဂ တွေ အတော်ရမိတယ် အောင်စိတ်မရှိပဲ စစ်မနိူင်ဘူး 🙃🤌🙃 မောင်လူအေး အကြိုက်ဆုံးpose https://t.me/privatephoehtaung

နခခ ၅ က ရဲဘော်တွေ သူတို့အခြေအနေကို တင်ပြထားတဲ့ ဗီဒီယိုရှိတယ်။ အခုတော့ ရန်သူ့ဖက်က အခြေအနေသိသွားမှာ စိုးလို့ မတင်သေးဘူး။ ပြီးရင် တင်မှာပါ။ ဒီဗီဒီယိုကို ပျော်လို့ ရိုက်ထားကြတာ မဟုတ်ဘူး။ လူကြီးတွေ တာဝန်မဲ့ကြလွန်းလို့ ရိုက်ထားကြတာ ဖြစ်တယ်။ အလွန်စိတ်ဓာတ်ကျနေပြီမို့လို့ ရိုက်ထားကြတာ ဖြစ်တယ်။ ဒီရဲဘော်တွေ လနဲ့ချီ တောင့်ခံနေကြတယ်ဆိုတာ လူကြီးတွေ နတ်မြစ်ဝက ထိုးဖောက်ပြီး လာဆွဲထုတ်ကြမလားဆိုတဲ့ မျှော်လင့်ချက် တစ်ခုထဲနဲ့ တောင့်ခံနေကြတာ။ နောက်တန်းက မိသားစုတွေနဲ့ ပြန်ဆုံချင်တဲ့ မျှော်လင့်ချက်လေးနဲ့ တောင့်ခံနေကြတာ။ အသက်ရှင်ချင်ရုံပဲဆိုရင်တော့ အေအေဆီမှာ လက်နက်ချရင် ဖြစ်နိုင်တယ် ဒီမျှော်လင့်ချက်ကို ခင်ဗျားတို့ ရိုက်ချိုးရက်တယ်။ တပ်မမှူး သူရိန်ထွန်းလဲ တာဝန်မဲ့စွာပြေးပြီ။ အောက်ခြေရဲဘော်တွေကိုပဲ ရန်သူ့လက်တွင် ခွေးသေဝက်သေ သေပေတော့ဆိုပြီး ပစ်ထားခဲ့ပြီ။ လုပ်ရက်ကြတယ်ဗျာ။ ဖိုးထောင် https://t.me/privatephoehtaung/2185

စားကြပါ စားကြပါ။ နခခ ၅ က ရဲတပ်ဖွဲ့ ဝင်တွေက ခင်ဗျားတို့ အောက်က မဟုတ်တော့ အေးဆေးသာ စားကြပါ။ https://t.me/privatephoehtaung
+1
စားကြပါ စားကြပါ။ နခခ ၅ က ရဲတပ်ဖွဲ့ ဝင်တွေက ခင်ဗျားတို့ အောက်က မဟုတ်တော့ အေးဆေးသာ စားကြပါ။ https://t.me/privatephoehtaung

နခခ ၅ အပြင်းအထန် တိုက်ပွဲ ဖြစ်လာတာနဲ့အမျှ ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး Video အဟောင်းတွေ သူပုန်ဘက်က ဆိုက်ဝါး လုပ် ပြန်ဖြန့်ဝေလာကြတယ် စိတ်ဓာတ်စစ်ဆင်ရေး သတိရှိရပါမယ် ကိုယ်လုပ်စရာ ရှိတာတွေ ဆက်လုပ် ကြဖို့ပါပဲ။ DI Thameedaw 🇲🇲

နခခ ၅ မကျသေးပါဘူး။ စခန်းထဲ ရောက်နေတာတော့ ဟုတ်ပါတယ်။ ဆက်ပြီး တိုက်ပွဲ ဝင်နေကြဆဲလို့ သိရပါတယ်။ ရန်သူ့နေရာတွေကို တိတိကျကျ ဗုံးကြဲရှင်းလင်းဖို့ လိုပါတယ်။ ဝယ်ထားတဲ့ အဆင့်မြင့် တိုက်လေယာဉ်တွေ ဖောဖောသီသီ သုံးပါ။ ရေတပ် ဖရီးဂိတ်တွေ နတ်မြစ်ဝကနေ ကောင်းကောင်းတွယ်ရင် ဓာတ်ခဲတွေ လန်ကျပါတယ်။ https://t.me/privatephoehtaung

နခခ ၅ ထဲမှာတဲ့ဗျာ။ ဟုတ်မဟုတ်တော့ အတည်မပြုနိုင်ပါ။ မရောက်ဘူးလို့ပါ။ ဘာလုပ်ကြမှာလဲဗျာ။

တက်အလုံးမခံရခင် ၃ ရက်လောက်က ငိုပြီးပြောနေသံတွေ နားထဲက မထွက်ဘူး အစ်မရေ ကျနော်တို့ကို မကယ်နိူင်တော့ဘူးလားတဲ့? ကျနော်တို့ကို ပစ်ထားပြီလားတဲ့? နေဗွီတွေနဲ့ လာကယ်ဖို့ အစီစဉ်မရှိတော့ဘူးလားတဲ့? သူ့မျှော်လင့်ချက်တွေကို ရိုက်မချိုးရက်လို့ ပြောမထွက်ခဲ့ပေမဲ့ ကိုယ့်မျက်ဝန်းမှာလည်း မျက်ရည်တွေနဲ့ပေါ့ အဲ့ဒီနေ့ထဲကစလို့ အဆသ ပြတ်သွားတာ ငှက်ပျောအူဟင်းချည်း နေ့တိုင်းစားနေရတာ နားတွေထဲက လေတွေပါထွက်နေပါပြီတဲ့ ၅ လကျော် တောင့်ခံထားတဲ့ တဖဝ တွေအားလုံး တာဝန်ကျေတယ် ဒီလိုနေ့မျိုး ရောက်လာမှာ ကြောက်လို့ မအိပ်မနေ အစ်မ ကြိုးစားပေးခဲ့ပါတယ် မောင်လေးရယ် အရာ မထင်ခဲ့ဘူးပေါ့

*အမ်းမြစ်ဘေးနား နပခ ဖက်ခြမ်း နဲ့ အမ်းမီးသတ်နဲ့ သိပ်မကွာတဲ့မြို့ပြင်နားလောက်မှာ .5 တွေဆင်ထားတယ် ပြီးတော့ နပခ ရဲ့ ပတ်ပတ်လည် ခပ်လှမ်းလှမ်းလောက်မှာလည်း M2 တွေ အထိုင်ချထားတယ်။ *တိုက်စစ်မျက်နှာဖွင့်နေတဲ့ဖက်ခြမ်းမဟုတ်ပဲ ကျည်သိပ်မကျတဲ့နေရာတွေမှာအထိုင်ချထားပြီး main target က mi 17 လူ ရိက္ခာလာချရင် ဝိုင်းကုတ်မလို့လို့သိရတယ်။ *အလွန်ဆုံးရှိ .5 ၂လက် M2 ၃ လက်ပါ။ #TPWC https://t.me/privatephoehtaung

*အမ်းမြစ်ဘေးနား နပခ ဖက်ခြမ်း နဲ့ အမ်းမီးသတ်နဲ့ သိပ်မကွာတဲ့မြို့ပြင်နားလောက်မှာ .5 တွေဆင်ထားတယ် ပြီးတော့ နပခ ရဲ့ ပတ်ပတ်လည် ခပ်လှမ်းလှမ်းလောက်မှာလည်း M2 တွေ အထိုင်ချထားတယ်။ *တိုက်စစ်မျက်နှာဖွင့်နေတဲ့ဖက်ခြမ်းမဟုတ်ပဲ ကျည်သိပ်မကျတဲ့နေရာတွေမှာအထိုင်ချထားပြီး main target က mi 17 လူ ရိက္ခာလာချရင် ဝိုင်းကုတ်မလို့လို့သိရတယ်။ *အလွန်ဆုံးရှိ .5 ၂လက် M2 ၃ လက်ပါ။ #TPWC https://t.me/privatephoehtaung

ပိတ်ရုံပဲ မပိတ်ပါနဲ့။ ချပါချကြလေ
ပိတ်ရုံပဲ မပိတ်ပါနဲ့။ ချပါချကြလေ

မနက်နိုးနိုးခြင်း AA က တင်ထားတဲ့ ဗီဒီယို နဲ့ ဓာတ်ပုံ ‌တွေ့လိုက်ရတာ အတော် ကျက်သရေတုံးသွားတယ်။ အဆုံးထိတောင် မကြည့်နိုင်ဘူး။ လူကြီးကိုလဲ ပြလိုက်ကြပါဦး။ ကိုယ်တိုင်းမှူးလုပ်ခဲ့တဲ့ စစ်တိုင်းကြီးမှာ ဒီလောက်ဖြစ်နေတာ ကြည့်လို့ကောင်းသလား မေးချင်တယ်။ https://t.me/privatephoehtaung

တပ်မတော်ခေါင်းဆောင်တွေထဲမှာ ဘယ်သူ့ကို သဘောအကျဆုံးလဲ?
Anonymous voting

လွမ်းမိတဲ့ ခေါင်းဆောင်တွေ
လွမ်းမိတဲ့ ခေါင်းဆောင်တွေ

ဗန်းမော်ဒေသ စကခ ၂၁ ဝန်းကျင်နားတစ်ဝိုင်နဲ့ ဂေါက်ကွင်းပတ်လည်နားကတောက် တိုက်ပွဲပြင်းထန်နေပြီး မြို့ထဲကတော့ KIA သူရန်ပစ်လိုက်တဲ့ လျော့တိုက်ဒုံး သုံးလုံးကျရောက် ပေါက်ကွဲပြီး ပြည်သူအချို့သေဆုံးဒဏ်ရာ ရရှိခဲ့တယ်။ ပန်းချစ်သူ https://t.me/privatephoehtaung

#ပျော့ပြဲပြဲ အစီအမံများနဲ့ နခခ၅ ~~ AA က နခခ ၅ ကို နို ဝင် ဘာ ၁၃ ရက် နေ့ က တည်းက _ အ ပြီး သတ် သိမ်း ဖို့ Plan ထား ပေ မယ့်_ လက်နက် ခဲ wမ်း နဲ့ ရိက္ခာ မ ရောက် သေး လို့ _စစ် မြူ ရုံ မြူ ထား တယ်_ ဒီ လို အ ခွင့် ကောင်း ကို ခံစစ်သမားရော စီမံကွပ်ကဲသူတွေ အ သုံး မ ချ တတ် ဘူး AA လာ ပ စ် ရင် Y-12 လွှတ် တယ် AA ငြိမ် နေ ရင် အ လှ ထိုင်ကြည့် နေကြ တယ် ဒီ တော့ နို ဝင် ဘာ လ ကုန် ရက် မှာ မောင် တော ကို K IA နဲ့ CNDF တွေ ထပ်စစ် ကူ ရောက် လာ တယ် _ နခခ ၅ ပတ် လည် က ရွာ တွေ မှာ နေ ရာ ယူ ပြီး တော့ ထောက် ပို့ ရောက် လာ တော့ အ တူ ပါ လာ တဲ့ လက်နက်ကြီး တွေ နဲ့ နေ့ တိုင်း အ ပျင်း ပြေ လှမ်း လှမ်း ပစ် တယ် AA တွေဖက်ကအ ပျင်း ပြေ လနကကျည်ဖြုန်း ပြီး ပစ် နိုင် ပေ မယ့် နခခ ၅ အ ဖွဲ့ တွေ က ကျည် ချွေ တာ ပြီး ပစ်နေ ရ တယ် Ok ဒါ အ ထိလက် ခံ တယ် Y-12 တွေ နဲ့ ရူး သ လို နှမ်း သ လို မ ကြဲ နဲ့ သိပ် မ ထူး ခြား ဘူးဗျ ဒီမောင်တွေက ဆက်သွယ်ရေးမြောင်းတွေ နက်နက်တူး ထားတော့VTOL နဲ့ FPV Suicide Drone တွေ ပဲကြောက် တာ လို့ ပြော တော့ VTOL FPV တွေ ပို့ လိုက် တဲ့ အ ချိန် Battle ရလဒ် နည်း နည်း ပြန်ပြောင်း သွား တယ်. မိမိဖက်က ရ လဒ် ကောင်း ရ လာလို့ စိုး မိုး နိုင် လို့ နယ် ​မြေ ရှင်း သ လား ဆို တော့ No No ဘာ မှ မ လုပ် ပြီး တော့ တ စီး က AA ရှိ တဲ့ နေ ရာ ကို မှား ချလိုက် တယ် ဆေး ဝါး တွေ ပါ တာ ဆို တော့မ ကြာ ဘူး ဆေးဝါး လိုနေလို့ ဆေးရုံခဏခဏတိုက်နေရတဲ့ AA န လန် ပြန် ထူ လာ တယ် နောက် တ စီး ရဲ့ တ ဝက် ပဲ နခခ ၅ အ ဖွဲ့ တွေ ရ တယ် _ ထွက် ကောက် တော့ _ ပတ် လည် ဘန် ကာ တွေ က နေ စနိုက် ပါ နဲ့ အ ထောက် ခံ ရ တယ် ဒီAA စနိုက်ပါတွေကို ကောင်တာပြန်လုပ်ဖို့က စတိုက်ကတည်းက တပ်ဖက်က အစီစဥ်မရှိပါဖူး ထင်ပါတယ် မင်းတို့လာပစ် ငါတို့အံကျိတ်ခံမယ်ဆိုပြီး သဘောတူထားတယ်တောင်ထင်လာမိတယ် နောက် ရန်သူခြေအကြွ ပတ် လည် က ဘန် ကာ တွေ တက်ရှင်း ဖို့ မ စဥ်း စား ဘူး AA က ၃ ရက် လောက် ငြိမ် ပြီး တော့_ ဒီ ဇင် ဘာ ၅ ရက် နေ့ ည နေ က စ ပြီး _ နခခ ၅ ကို _ အ ပြီး သိမ်း ရေး _ည တိုက် ပွဲ လုပ် လာ တယ်__ လူ အင် အား အ များ အ ပြား နဲ့ _ တက် လုံး ပြီး ခြံ စည်း ရိုး ပေါက် သွား တယ်_ ဘန် ကာ ၆ ခု ပေး လိုက် ရ တ ယ် အ ခု နေ့ လည် ၂ နာ ရီ အ ထိ__ Y-12 နဲ့ ဗ ရမ်း ဗ တာ ကြဲ နေ တုနိး__Jet တွေ က FTC တွေ_သုံး နေ တုန်း Unguided တွေ မို့ သိပ်မ ထိ ရောက် ဘူး CAS မှာ လည်း သာမန်Rocket တွေ က အ သုံး မ ဝင်တာလက်တွေ့ပါပဲ ဒိ အ ချိန် မှာ လို နေ တာ - MIG-29 တွေ SU-30 တွေမှာ Pay Load နဲ့ Weapon တွေ က _ အ ဓိ က ဒါ ပေ မယ့် ရေ ဆေး ကစ် တိုက် ပြီး သိမ်း ထား တုန်း ပါပဲ တ ခု ပဲ မေး ချင် တော့ တာ _ ခင် ဗျား တို့ ဘာ ဖြစ် ချင် နေ ကြ တာ လဲ စ စ် တိုက် ချင် တာ လားခွက် တိုက် ချင် နေ တာ လား မောင်တော အ တွက် ဘာ လို နေ သ လည်း သိ ကြရဲ့ လားမေးပါရစေ ပေတိုးမီဒီယာ https://t.me/privatephoehtaung

ဗန်းမော် မံစီကို လာတိုက်တဲ့ ကီယာလေးတွေ ဘုရားသခင်နဲ့ တွေ့နေပြီ ရက်စွဲကြည့်လိုက်နော်။ သေတာ ၂ ရက် မပြည့်သေးဘူး။
+1
ဗန်းမော် မံစီကို လာတိုက်တဲ့ ကီယာလေးတွေ ဘုရားသခင်နဲ့ တွေ့နေပြီ ရက်စွဲကြည့်လိုက်နော်။ သေတာ ၂ ရက် မပြည့်သေးဘူး။

Repost from Ko Myo Win
မရေးတော့ဘူး စိတ်ကူးပေမယ့် ========================== စစ်သတင်းတွေ မတင်တော့ဘူးလို့ တွေးထားတာ အမှန်ပဲ ။ ဒါပေမယ့် ကျနော်တို့က သတင်းမှန်ပဲ တင်တာပါ ကျနော်တို့တင်တဲ့ ရခိုင်သတင်းတွေပဲ ယုံကြည်ပါ ၊ တခြား တပ်လော်ဘီတွေက စိတ်ဓာတ်ကျအောင် တင်နေတာပါဆိုတဲ့ မင်းချစ်ဦး ဆိုတဲ့ ချန်နယ်ရှိပါတယ် ။ ( ကိုယ်တွေပဲ လိမ်ညာ လုပ်ကြံရေးနေကြသလိုလို) သူတင်လိုက်ရင်တော့ ရခိုင် စစ်မျက်နှာ အားလုံးအေးဆေးပဲ ။ ဖုံးဖိမရလို့ အတိုက်ခံရလည်း ပြန်လည်တိုက်ထုတ်လိုက် ပါပြီ ၊ နယ်မြေရှင်းနေပါပြီ နဲ့ ချွေးသိပ်နေတာ များပါတယ် ။ ကဲ အချင်းချင်း ငြင်းနေရလဲ အကျိုးမရှိဘူး ။ ကျနော့် ချန်နယ်မှာ အခြေအနေ ကောင်းသွားပြီလို့ ကြားသိရကြောင်း မန့် တွေ များလာလို့ ပြောပြပါမယ် ။ ဘန်ကာ 1--6 -7 -11 -12 ရန်သူတွေ စီးထားတာ ယခုညနေ 3 : 40 ( 6 - 12 - 2024 ) အထိ ပဲ ။ Y 12 နဲ့ အဆင်မပြေလို့ MIG 29 နဲ့ SU 30 လို ပစ်မှတ် အတိအကျ ပစ်ခတ်ချေမှုံးနိုင်မယ့် လေယာဥ် အကူတောင်းထားရတယ် ။ 1:40 လောက်အထိ MIG 29 တခေါက်ပဲ လာသေးတယ် ။ စိတ်ဓာတ် တက်ကြွဖို့ အားပေးရေးသားခြင်းက တမျိုး ၊ လူကြီးတွေ စီမံခန့်ခွဲမှု မလွဲရအောင် သတင်းမှန်ကို မြန်မြန်ရောက်အောင် ရေးရတာ တမျိုးပါ ။ မတူညီပါဘူး စစ်ပွဲဆိုတာ သတင်းမှန်မှ နိုင်အောင်တိုက်လို့ ရတဲ့ အမျိုးပါ ။ ဝါဒဖြန့်တာ နဲ့ တိုက်ပွဲ သတင်းမှန်ကို ခွဲခြားနိုင်ကြပါစေ ။ ကိုရွှေမျိုးဝင်း

နခခ ၅ စခန်းလေး တစ်ခုထဲ ကွက်ပြီး ရန်သူဝိုင်းခံရတာ လနဲ့ချီ ကြာခဲ့ပြီ။ ဖောက်ထွက်စရာ အနီးဆုံးတပ်က မိုင်ရာချီနေလို့ ဖောက်ထွက်ဖို့ မဖြစ်နိုင်ဘူး။ ဘယ်စစ်ကူမှလဲ မလာဘူး။ လာဖို့လမ်းကြောင်းလဲ မရှိဘူး။ ထမင်းတစ်နပ် စားဖို့တောင် လေယာဉ်က ချပေးမှစားရတယ်။ သောက်စရာရေ စခန်းထဲက ဗွက်ရေပဲသောက်ရတယ်။ လက်နက်ချချင်ရင် စခန်းထဲ လွယ်လွယ်လေး အလံဖြူထောင်ပြလိုက်ရုံပဲ။ ဒါပေမဲ့ စိတ်တောင်မကူးခဲ့ကြဘူး။ ဒီလို စစ်သားနဲ့ ရဲတွေ တစ်နိုင်ငံလုံးပတ်ရှာကြည့်ပါ။ ရှာတွေ့ဖို့မလွယ်ဘူး။ တခြားနယ်တွေမှာ တိုက်ပွဲမဖြစ်ခင်တောင် ပြေး‌တဲ့သူတွေရှိနေတာ။ ဒီလိုသူတွေကိုမှ မကူရင် ဘယ်သူတွေကို ကူဖို့ စဉ်းစားထားတာလဲ။ အင်အားဆိုတာ လူကြီးလမ်းကြောင်း လုံခြုံရေးလိုက်ဖို့ပဲ ထားတော့မှာလား။ https://t.me/privatephoehtaung

နခခ ၅ ကြားရသလောက် အရေးပေါ်အဆင့်ပါ။ ရန်သူ အထဲရောက်နေပြီ။ ဘာလို့ အခြေအနေပြန်ကောင်းနေပြီရေးလဲ သဘောမပေါက်တော့ပါဘူး။ ပစ်ကူအရေးပေါ်လိုနေတဲ့ အချိန် စာဆိုတာ ရေးချင်ရာရေးလို့ မကောင်းပါဘူး။ အမ်းကို အပြင်းအထန်ကူနေရတဲ့ အချိန် AA က သူတို့တိုက်ရခက်ခဲ‌နေခဲ့တဲ့ နခခ ၅ ကို လေကြောင်းပစ်ကူမရအောင် အချိန်ကိုက် ဝင်တိုက်တာဖြစ်ပါတယ်။ လပေါင်းများစွာ ဗွက်ရေသောက်ပြီး ကြံ့ကြံ့ခံနေတဲ့ စစ်သည်၊ ရဲတပ်ဖွဲ့ဝင်များကို ကူညီပေးကြပါ။ https://t.me/privatephoehtaung