ru
Feedback
တပ်သားလေး ဖိုးထောင် 🇲🇲🪖

တပ်သားလေး ဖိုးထောင် 🇲🇲🪖

Открыть в Telegram

အောက်‌ခြေရဲဘော်များကို စာနာသောအားဖြင့် သတင်းတင်မည်။ စစ်မြေပြင်သတင်းမှန်များ ဖတ်ရှုနိုင်ပါသည်။ 🇲🇲🪖

Больше
8 232
Подписчики
-324 часа
-467 дней
-15230 день
Архив постов
ကျွန်တော့်အတွက် ဘာမှစိတ်မပူကြပါနဲ့ ကျွန်တော်အားလုံးကိုရင်ဆိုင်ကျော်ဖြတ်နိုင်တဲ့ အရည်အချင်းရှိပါတယ်

ကိုဇော်ဘုန်းဟိန်း ၆၆ဃ ဖြင့် အမှုဖွင့်ခံရ။ ဘေးကင်းပါစေ အကို တပ်သားလေးဖိုးထောင်

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးမှ ဝောာင်ခမ်းဒေသစစ်ဆင်ရေးတာဝန်ထမ်းဆောင်နေသော စစ်သည်တော်များအတွက် အသင့်စားငါးသေတ္တာဗူးမျ
+1
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးမှ ဝောာင်ခမ်းဒေသစစ်ဆင်ရေးတာဝန်ထမ်းဆောင်နေသော စစ်သည်တော်များအတွက် အသင့်စားငါးသေတ္တာဗူးများ ချီးမြှင့်ပံ့ပိုးပေး... "ရိက္ခာအတွက်လည်းမပူရ အသားငါးအစိုနဲ့ ဟင်းသီးဟင်းရွက်တွေလည်းရ အခုလို အသားဗူးငါးဗူးတွေ မပြတ်ရတော့ ပျော်တာပေါ့" "အခုလိုမျိုးချီးမြှင့်တော့ ကျွန်တော်တို့စစ်တိုက်ရတာ ပိုပျော်တာပေါ့ဗျာ" စတဲ့ စစ်သည်‌တော်တွေရဲ့ ဝမ်းသာပျော်ရွှင်စွာပြောတဲ့ ရင်တွင်းစကားအသံတွေဟာ ကြားရသူအဖို့ ကြည်နူးပီတိဖြစ်ရတယ်... အထက်လူကြီးတွေရဲ့ စီမံခန့်ခွဲချီးမြှင့်ပံ့ပိုးမှုကောင်းတွေနဲ့ စစ်သည်တော်တွေရဲ့တိုက်လိုခိုက်လိုစိတ် မြှင့်မားထက်သန်မှုတွေကြောင့် ‌အကြမ်းဖက်အဖွဲ့တွေ တစတစနဲ့ မှေးမှိန်ပျောက်ကွယ်သွားမှာ မလွှဲဧကန်ပဲဗျာ... တပ်သားလေးဖိုးထောင်

ဇလုပ်ကြီး မ ၅၉၈ ပစ်ကူပေးတဲ့ တပ်တွေနဲ့ ဟန်ချက်ညီ ခုခံနိုင်မှုကြောင့် သူပုန်တွေ နေ့လည် ၁း၃၀ ခန့်က ဆုတ်ခွာသွားပါပြီ။ လတ်တလော ငြိမ်သက်နေပါပြီ။ တပ်သားလေးဖိုးထောင်

ဇလုပ်ကြီး ခမရ ၅၉၈ ရန်သူအကြိမ်ကြိမ်လာတိုက်တဲ့ စခန်း။ ဒီ‌တစ်ခေါက်လဲ သတင်းကြိုရတယ်။ ချန်နယ်ပေါင်းစုံကလဲ သတိပေးတင်ပေးနေတာ တစ်ပတ်ဆယ်ရက်မကတော့ဘူး။ ဒါတောင် ဒီနေ့မနက် ၄ နာရီထဲက သူပုန်‌‌တွေ အလုံးအရင်းနဲ့ လာတိုက်နေတာ အခုထိ စစ်ကူမရောက်သေးပါဘူး။ လုပ်ကြကိုင်ကြပါဦးဗျာ။ တပ်သားလေးဖိုးထောင်

အမေရိကန်ရေတပ်၏ FA 18 တိုက်လေယာဥ် နောက်ထပ်တစ်စင်း USS Harry Truman လေယာဉ်တင်သဘ်ောကြီးပေါ်မှ ပြုတ်ကျ ပျောက်ဆုံး။ ဘယ်ရောက်သွားမှ
အမေရိကန်ရေတပ်၏ FA 18 တိုက်လေယာဥ် နောက်ထပ်တစ်စင်း USS Harry Truman လေယာဉ်တင်သဘ်ောကြီးပေါ်မှ ပြုတ်ကျ ပျောက်ဆုံး။ ဘယ်ရောက်သွားမှန်းမသိ။ * ဟူသီတွေ ပစ်ချခံရတာ လုံးဝမဟုတ်ဟု အလန့်တကြားငြင်းဆန်။ တပ်သားလေးဖိုးထောင်

ထားဝယ် ထီးထာ စခန်းကျပြီးတော့ မကြာဘူး ထီးခီး စခန်းကို တိုက်နေတာ ယနေ့ထိ တိုက်ပွဲ ပြင်းထန်လျှက် စစ်ကူ လွှတ်ဖို့ ခက်သည့်နေရာပါ ဝေဟင်ပစ်ကူ ထိရောက်စွာ ပေးစေလိုပြီး ခဲယမ်း ရိက္ခာ ဆေးဝါး ရေ တို့ကို မပြတ်လပ်အောင် အမြန်ပို့ပေးစေလိုပါတယ်ရှင့် အမွှေစိန် မျိုးချစ်မြန်မာ🇲🇲🇲🇲🇲🇲🇲🇲🇲🇲 တပ်သားလေးဖိုးထောင်

ထားဝယ် ထီးထာ စခန်းကျပြီးတော့ မကြာဘူး ထီးခီး စခန်းကို တိုက်နေတာ ယနေ့ထိ တိုက်ပွဲ ပြင်းထန်လျှက် စစ်ကူ လွှတ်ဖို့ ခက်သည့်နေရာပါ ဝေဟင်ပစ်ကူ ထိရောက်စွာ ပေးစေလိုပြီး ခဲယမ်း ရိက္ခာ ဆေးဝါး ရေ တို့ကို မပြတ်လပ်အောင် အမြန်ပို့ပေးစေလိုပါတယ်ရှင့် အမွှေစိန် မျိုးချစ်မြန်မာ🇲🇲🇲🇲🇲🇲🇲🇲🇲🇲 တပ်သားလေးဖိုးထောင်

ဗန်းမော်တိုက်ပွဲမှာ KIA၊ AA နဲ့ တခြားဗမာ PDF တွေ စကခ ၂၁ ထဲကို ဝင်တိုက်လို့ အကျအဆုံးများနေတယ်… အကျအဆုံးများနေတော့ ဗန်းမော်မှာ
ဗန်းမော်တိုက်ပွဲမှာ KIA၊ AA နဲ့ တခြားဗမာ PDF တွေ စကခ ၂၁ ထဲကို ဝင်တိုက်လို့ အကျအဆုံးများနေတယ်… အကျအဆုံးများနေတော့ ဗန်းမော်မှာ တိုက်နေတဲ့ အဖွဲ့တွေ စိတ်ဓာတ်မကျအောင်ရယ်၊ စကခ ၂၁ ထဲက စစ်သားတွေ စိတ်ဓာတ်ကျအောင်ရယ် ဝါဒဖြန့်သတင်းကို KIA ဖက်ကနေ များများ လုပ်လာတာတွေ့ရတယ်။ မြေပြင်မှာက KIA တွေ ထိတာများလို့ ပူတာအိုဖက်မှာ ရှိတဲ့ KIA တပ်မဟာ 1 က တပ်ဖွဲ့တွေကို ခေါ်ထားပြီး တိုက်ခိုင်းနေရတယ်လို့ သိရတယ်။ မယုံရင် KIA အလောင်းပုံတွေ တက်လာရင် ကြည့်လိုက်ပါ ရေခဲတောင်ပုံနဲ့ လက်မောင်းတံဆိပ်တပ်ထားတဲ့ အဖွဲ့ဆိုရင် ပူတာအိုဖက်မှာ လှုပ်ရှားတဲ့ KIA တပ်မဟာ 1 ကပါ။ စကခ ၂၁ ကိုသာ KIA က ရသွားပြီဆိုရင် အွန်လိုင်းမှာ ပုံတွေ၊ ဗီဒီယိုတွေ တက်လာမှာပေါ့။ မတက်လာတည်းက အခြေအနေဘယ်လို ရှိတယ်ဆိုတာ တွေးကြည့်ပါ။ တပ်မတော်ဖက်ကနေ မင်းခေါင်စစ်ကြောင်းကို ဗန်းမော်မှာ ပို့ထားသလို၊ လေယာဉ်တွေနဲ့လည်း ပစ်ကူပေးနေတယ်။ ဗန်းမော် KIA တွေအတွက် အဆုံးအဖြတ်မို့ ဒီလောက်အသည်းအသန် မြေပြင်မှာရော၊ အွန်လိုင်းမှာပါ တိုက်ခိုက်နေတာပါ… ဗန်းမော်မှာ မင်းခေါင်စစ်ကြောင်းရှိနေသရွေ့ KIA တွေ စကခ ၂၁ ကို အနားကပ်လို့ မရပါဘူး တပ်သားလေးဖိုးထောင်

နစက က အကြမ်းဖက်AA နဲ့ ပက်သက်မှုအပေါ် ကန့်ကွက်တာကို ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရက ရှုတ်ချတယ်။ ဒါက နိုင်ငံ တစ်နိုင်ငံကို တရား၀င် စိန်ခေါ်တာပဲ ဖြစ်တယ်။ ယခင် ရက်ပိုင်းကလည်း တရုတ် သံတမန်ကို ရခိုင်ပြည်နယ် အစိတ်အပိုင်းအချို့နဲ့ ချင်းပြည်နယ်အချို့ကို နိုင်ငံဘင်တွေအတွက် နိုင်ငံ သတ်မှတ်ပေးဖို့ ပြောခဲ့တာ ရှိပေမယ့် ပါတီက တောင်းဆိုတာမို့ နားလည်ပေးလို့ ရပေမယ့် ဒီကိစ္စကတော့ ခွင့်လွှတ်လို့ မရဘူး။ ဘင်္ဂလားဒေ့ရှ်ဟာ တပ်ရင်း၃ရင်းဖြင့် U.S အထောက်အပံ့ ရယူကာ AAနှင့်ပူးပေါင်းလျက် တိုက်ခိုက် သိမ်းယူသွားဖို့ သိရှိထားပြီး ဖြစ်ပါတယ်။ ယခု အရေးသည် နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာကို အသိအမှတ်မပြုဘဲ စော်ကားသည့်ပြင့် ကျးကျော် တိုက်ခိုက်ဖို့ ပြင်ဆင်နေခြင်း ဖြစ်သည်။ နစက အနေနှင့် ဘင်္ဂလားဒေ့ရှ်အား ဆန်တင်ပို့မှု လုံး၀ ရပ်ဆိုင်းသင့်သည်။ သည်တစ်ချက်တည်းနှင့် ၎င်းတို့ အထိနာနိုင်ပါသည်။ ထို့ပြင် စစ်သုံးဂြိုလ်တုမှ နိုင်ငံလုံခြုံရေးကို အချိန်ပြည့် စောင့်ကြည့်သင့်သည်။ ဘင်္ဂလားဒေ့ရှ် က ပေါ်ပေါ်တင်တင် စစ်ကြေညာကြည့်ပါလား၊ ဒီဘက်က ဆည်တစ်ခု ချိုးလိုက်တာနဲ့ လူသန်း ၁၀၀လောက် ရေအောက် ရောက်သွားမှာပေါ့။ နိုင်ကွက်တွေက ရှိတယ်။ မလုပ်ချင်လို့သာ။ မောင်ချိန်ခွင်

AA နဲ့ ချင်း အဖွဲ့တွေကို တိတ်တဆိတ်ကူညီနေတဲ့ အိန္ဒိယနဲ့ ခိုးဝင် ဘင်္ဂလီတွေကို တိတ်တဆိတ်ကူညီနေတဲ့ ပါကစ္စတန် သူတို့အချင်းချင်းချတာ မြန်မာပြည်အတွက် အကျိုးယုတ်စရာမရှိပါဘူး။ စိတ်ပူရမှာ ကိုယ်တို့အလုပ်မဟုတ်ဘူး။ ကုလသမဂ္ဂအလုပ်ပါ။ တပ်သားလေးဖိုးထောင်

တပ်တွင်း ဖရဲသီးဆိုတာ.... တပ်မတော်ရဲ့ လျှို့ဝှက်အပ်တဲ့ ကိစ္စတွေ တစ်ဖက်ရန်သူထံ ရောက်ရှိတယ်ဆိုတာ အတွင်းကနေ သတင်းပေးသူရှိလို့တာ အပြင်ကို ပေါက်ကြားတာပါ။ ဒီနေရာမှာ ဖရဲသီး (၂)မျိုးရှိတယ်ဗျ.... (၁) ရန်သူထံမှ အခကြေးငွေယူပြီး       တပ်မတော်ရဲ့ စစ်ဆင်ရေးသတင်းအချက်လက်တွေကို       ရောင်းစားသော တပ်တွင်းလူ (၂) မိမိ၏ ဆရာ/ မကင်းရာ မကင်းကြောင်း       ပတ်သတ်နေရသူ အရာရှိကြီးဟောင်းတွေရဲ့       မေးမြန်းစုံးစမ်းမှု့ကြောင့် မဖြစ်မနေ ပေးနေရသည့်       တပ်တွင်းမှာ နေထိုင်သောသူ လက်ရှိအချိန်ကာလ လက်ရှိအနေအထားတွေအရဆိုရင် တပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဘယ်စစ်သားကမှ ကိုယ့်ရဲ့ အိုးစားဖက်တွေကို ရန်သူက လူမြင်လို့မှမသင့်အောင် tတ်ဖျက်နေတာကို မကြည့်ရက် မမြင်ရက်ကြပါဘူး။ အဲ့တော့ဗျာ ကျနော်အထင်ပြောရရင် တပ်မတော်သား အရာရှိကြီးဟောင်းတွေနဲ့ ဆရာတပည့်တော်စပ်ဖူးသူတွေနဲ့ မကင်းရာ မကင်းကြောင်း တပ်တွင်းနေထိုင်သူတွေကဘဲ ကိုယ့်ဆရာမို့ မလွန်ဆန်ရဲတာကတစ်ကြောင်း မကင်းရာမကင်းကြောင်း ဖြစ်နေတာက တစ်ကြောင်း ဒါကြောင့်သာ တပ်တွင်းလျှို့ဝှက်တဲ့ ကိစ္စရပ်တွေကို ရန်သူ့ထံ ရောက်ရှိနေတာလို့ ယူမိပါတယ်။ ကျနော့်အနေနဲ့ တပ်မတော်သားတွေ ၊ ဇနီးမယား သားသမီးတွေနဲ့ တပ်မတော်ကိုချစ်သော အမျိုးသားရေးသမားများကို အထူးသတိပေးလိုတာက.... * သူကတော့ အရာရှိကြီးဟောင်းပါ * သူကတော့ ဘယ်တုန်းက ဘယ်တိုက်ပွဲမှာ    ဘယ်လိုတွေ ထူးချွန်ခဲ့တဲ့ အရာရှိကြီးဟောင်း ဆိုပြီးတော့များ... မိမိရဲ့ ယုံကြည်မှု့တွေကို ပုံအပ်လိုက်ရင်တော့ စားခွက်သေးပမ်းတာနဲ့ ကြုံတွေ့ရပြီး သေးပင်လယ်မှာ ယက်ကန် ယက်ကန်နဲ့ ကူးခတ်နေလိမ့်မည်။ " တစ်ခါ စစ်သားဖြစ်ခဲ့ဖူးရင်   ထာဝရစစ်သားပါဆိုပြီး တပ်မတော်အပေါ် သစ္စာရှိတဲ့ အရာရှိကြီးဟောင်းတွေဆိုတာ ယနေ့ခေတ်မှာ ရွှေထက်ရှားသွားပါပြီ " သေရွာပြန် ဖိုးမှန် တပ်သားလေးဖိုးထောင်

Repost from SittNweOo
ခွေးသေ ၀က်သေKIA kiaသူပုန်ကို သုတ်သင်ရှင်းလင်း နေသည့် မင်းခေါင်စစ်ကြောင်းက ၂၄နာရီအတွင်း kia၁၉ဦးကို သုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။ ဗန်မော်မှာ ခွေးသေ၀က်သေ kia ပုန်းလည်း မလွတ် ပြေးလည်း မလွတ်နိုင်အောင် တပ်က အာရုံခံစနစ်ကောင်းမွန်တဲ့ အဆင့် မြင့် ဒရုန်းတွေဖြင့် အရှင်မကျန် သုတ်သင် ချေမှုန်းနေပါတယ်။ ဗန်မော်တိုက်ပွဲတွင် ရန်သူထံမှ လက်နက်မျိုးစုံ ၆၀ကျော် ရထားသည်ဟု ကနဦးသိရပါတယ်။ အဲ့ဒီထဲမှာ FN6လေယာဥ်ပစ် တလတ်ရရှိထားပါတယ်။ #SittNwayOo

Repost from Ma Mi Mi
ကယာန်းမယ်ပြောသလိုပဲ စစ်တပ်က လေယာဥ် လက်နက်ကြီးပစ်ပြီဆိုရင် ဘုန်းကြီးကျောင်း စေတီပထိုးနဲ့ ပြည်သူအိုးအိမ်တွေကို ထိအောင် မှန်အောင်ပစ်နိုင်တယ် အကြမ်းဖက်သူပုန်အဖွဲ့ သင်တန်းဆင်းပွဲနဲ့ စခန်တွေကိုတော့ ထိအောင် မှန်အောင်မပစ်နိုင်ကြဘူး. . .တစ်ခါတစ်လေ မှားကြဲတဲ့အဆင့်ထိတောင် ရှိလာခဲ့တယ်။ #ShanGyi

ဖြစ်လာမှာ သေချာပါတယ်။ ခေါင်းဆောင်တွေလဲ လာအခြေစိုက်ကြလိမ့်မယ်။ အင်းစိန်ထောင်ထဲမှာ တပ်သားလေးဖိုးထောင်
ဖြစ်လာမှာ သေချာပါတယ်။ ခေါင်းဆောင်တွေလဲ လာအခြေစိုက်ကြလိမ့်မယ်။ အင်းစိန်ထောင်ထဲမှာ တပ်သားလေးဖိုးထောင်

Repost from Nay Zin Latt
. ☯️ ( ဇလန်စကီး ပြောတဲ့အတိုင်းလုပ်သွားပြီ ) မော်စကို ကိုအဓိကပစ်မှတ်ထားပြီး ဇလန်စကီးက ဒရုန်းအုပ်စုနဲ့ တိုက်ခိုက်ခဲ့တာ ထိခိုက်မှုအတော်ရှိခဲ့တယ်၊ တန်ဘိုးနည်း ဒရုန်းတွေအုပ်စုလိုက် ပျံသန်းလာတဲ့ စစ်ဆင်ရေးကို ဒီနေ့အထိ မတုန့်ပြန်နိုင်ကြသေးပါဘူး၊ ရက်ပိုင်းအတွင်းကျင်းပတော့မဲ့ ရုရှားရဲ့ အောင်ပွဲနေ့ကိုတော့ ကမ္ဘာ့ခေါင်းဆောင်တွေအတော်များများ တက်ရောက်ကြမှာဖြစ်လို့ ဇလန်စကီးအနေနဲ့ မတိုက်ခိုက်လောက်ဖူးလို့ သုံးသပ်ရပါတယ်၊ တိုက်ရင်လဲ သူ့သေတွင်း သူတူးသလိုဖြစ်သွားပါလိမ့်မယ်၊ လောလောဆယ်တိုက်ခိုက်မှုကြောင့်တော့ ရုရှားဖက်မှာ ပျက်စီးမှု ကြီးကြီးမားမားရှိသွားတာ ငြင်းမရပါဘူး။ BaMg ☯️ .

ဖမ်းဆီးရမိတဲ့ ဘိန်းဖြူထုတ်တွေကိုတပ်မ၈၈တပ်မမှူးဖြစ်သူဗိုလ်မှူးကြီးသန်းရွှေရှေ့မှာ လက်တဖက်ထဲနဲ့ ကိုင်ပြတယ်။ သူ့ ကြည့်တော့ ဗိုလ်ကြီး အဆင့် ရုပ်ကလဲ စပ်ဖြဲဖြဲနဲ့ နောက်က လူတွေလဲရီရီမောမောပဲ။ ဘယ်သူ့မှာမှ attention မရှိသလို ဘယ်သူမှလဲ ကြောက်မနေကြဘူး။ ခါးပတ်ကြီးကလဲ အမေရိကန် ခါးပတ်နဲ့ ရှေ့ကစားပွဲမှာ စားပွဲခင်းကိုစောင်ကြားနဲ့ ခင်းပြီး အဆင်ပြေသလိုလေးထားတယ်။ အရင်ကတပ်မတော်ဟာတပ်နေပျော်၍စစ်တိုက်တော်ကြတယ်။အဆင့်တန်းအားလုံး ကိုယ့်အလုပ်ကိုယ်လုပ်ပြီးbrotherly တာဝန်ထမ်းဆောင်ကြတယ်။အထက်ကလည်း သိပ်မကြပ်ဘူး။အဆင့်တိုင်းမှာသူ့တန်ဖိုးနဲ့သူရှိခဲ့တယ် ထင်တယ်။ နဝတခေတ်(၁၉၈၈) နအဖခေတ်(၁၉၉၇)နဲ့ ဦးခင်ညွန့် အထိန်းသိမ်းခံရတဲ့(၂၀၀၃-၂၀၀၄) နောက်ပိုင်း တပ်မတော်မှာ အနေအထိုင်တတ်မှ နေရာရပြီး အခြေအနေတည်မြဲမယ်ဆိုတာ သဘာပေါက်လာကြတယ်။ ဒါကြောင့် လိုအပ်တာထက်ပိုတဲ့ အထက်ဖား(မဟားတရားဖား)အောက်ဖိ လုပ်ရပ်တွေ များလာတယ်။ တာဝန်ခံမှု တာဝန်ယူမှု နဲလာပြီး မှန်နေတာကိုလည်း ပြန်မပြောဝံ့တော့ဘူး။ မဆလခေတ်မှာ တပ်မတော်က သူ့လမ်းကြောင်း အတိုင်း သွားနေတဲ့အတွက် အထက်အောက် ဆက်ဆံရေးမှာ (နေရာရရေး အာဏာတည်မြဲရေး မပါတဲ့အတွက်) ရိုးရှင်းတယ်။ အခုခေတ်က ရာထူးတိုးတာထက် ထွက်ခွင့်ရတာကို ပိုပြီးတော့ ကွန်ကရက်ကျူလေးရှင်း လုပ်နေကြတဲ့ခေတ် တာဝန်ရှိလူကြီးတွေ အောက်ခြေအထိ ပြန်ဆင်းကြည့်ဖို့ လိုအပ်နေပြီ။ စေတနာဖြင့် မိုးဆွေ တပ်သားလေးဖိုးထောင်

မြန်မာ့တပ်မတော် စစ်ရေးပြ စစ်ကြောင်းကို အားပေးနေကြတဲ့ ရုရှားပြည်သူများ တပ်သားလေးဖိုးထောင်

ရွှေတိဂုံစေတီတော် အနီး ဒရုန်းတစ်စီး ပျံသန်းမှု ဖြစ်ခဲ့ပါတယ်။ ဒရုန်းဂန်းနဲ့ ပစ်ချခဲ့ပေမဲ့ ပစ်ချနိုင်ခြင်းမရှိပဲ လွတ်မြောက်သွားပါတယ်။ ရည်ရွယ်ချက်မသိပေမဲ့ ရန်ကုန်မြို့လည်ခေါင်မှာ ဒရုန်းပျံသန်းနိုင်တာ လခရ ကျိုးပေါက်မှုတစ်ခုပါပဲ။ တပ်သားလေးဖိုးထောင်