တိမ်ချစ်သူများစုဝေးရာ☁️🤍
Открыть в Telegram
8 056
Подписчики
-824 часа
-897 дней
-8330 день
Архив постов
လူအများ အလကားနီးနီးရသော
အရာကိုမျှ ငါတိုက်ယူခဲ့ရပါတယ် ။
#အောင်ချိမ့်
ကမ္ဘာမြေဟာ
ဘယ်တုန်းကများ
လွယ်လွယ်ရခဲ့ဘူးလို့လဲ ။
#သုခမိန်လှိုင်
လွယ်လွယ်ကူကူရခဲ့တာဆိုလို့
ဒဏ်ရာဒဏ်ချက်ပဲရှိတယ် ။
#ဂန္ဓမာ
ရှေ့ဆက်တွေ့ရမယ့် လူတွေဆီကလည်း
ကြင်နာမှု့တွေမပေးရင် နေ
ဒဏ်ရာတွေမပေးရင် ရပါပီ။
#အချစ်ရဲ့cafe
#နေဗလ်
ပျော်စရာတွေမရှိလည်း
ကိစ္စတော့မရှိပါဘူး
ပျော်ခဲ့ဖူးတာတွေကိုတွေးပြီး
ကြိတ်ပျော်နေမယ့်သူပါ။
-သွယ်မြိတ်
ထီးမေ့ ဦးထုပ်မေ့
နမော်နမဲ့နိုင်လွန်းသူဟာ
လွန်ခဲ့တဲ့ ဆယ်စုနှစ်က
ဖုန်းနံပတ်လေးကိုတော့ မေ့မရခဲ့ပါဘူး ။
-ဂန္ဓမာ
ချစ်တဲ့စိတ်နက်ဆို
အရာရာဟာခမ်းနားလွန်းပါတယ်
အချစ်နက်အတူတူဆိုရင်
ကော်ဖီအေးတွေတောင် နွေးပြီး
စက္ကူပန်းတွေတောင် မွေးနိုင်တယ်။
#အချစ်ရဲ့cafe
#နေဗလ်
ဆောင်းညအလယ်တွေရောက်တိုင်း
ဓူဝံကြယ်ကို
နစ်ယောက်အတူကြည့်ချင်ရုံကလွဲရင်
ကိုယ့်မှာ ဘာအတ္တမှ မရှိပါဘူး
#အချစ်ရဲ့cafe
#နေဗလ်
မင်မင် စာအုပ်လေးတစ်အုပ်ဝယ်ထားပါတယ်အာ့စာအုပ်လေးထဲကစာတိုလေးတွေတင်ပါမယ်နော်နောက်နေ့တွေ
Recတွေကျနေ recလေးတွေနက်ပြန်supပေးကြပါဦး🥰
Thank You Reeder 😌
ပန်းကလေးရေ...
လမ်းထိပ်မုန့်ဟင်းခါးဆိုင်လေးကနေ
နိဗ္ဗာန်အထိ မင်းနဲ့အတူသွားချင်တယ်။
_မောင်သိန်းဇော်
" လူအများအလကားနီးနီး
ရသောအရာကိုမျှ
ငါ တိုက်ယူခဲ့ရပါတယ်
သေနတ်တစ်လက်မှ
မဖောက်ပဲ
ငါစစ်ရှုံးခဲ့တယ် "
"အောင်ချိမ့် - တောလား "
ဒီနေ့ကားသမားက
အသည်းကွဲလာပုံရတယ်
လမ်းတွေချော်တယ်
မှတ်တိုင်တွေမှားရပ်တယ်
ကြေကွဲသံကြီးနဲ့
တောင်းပန်ပါတယ် တောင်းပန်ပါတယ်
ခဏခဏပြောနေရတယ်
ဘယ်သူမှလည်း အပြစ်မပြောကြပါဘူး
ကြည့်ရတာ
တစ်ကားလုံး အသည်းကွဲလာပုံရတယ်....။ ။
မြကျေး - ရောက်ရာအရပ်ကနေ ခဏလောက်စောင့်ပါ
ကောင်လေးက ပြောတယ်
ကျွန်တော်ကောင်းကင်ကြီးကို
အဖေနဲ့အမေ ရှိခဲ့တဲ့အခိုက်အတန့်တွေကနေ
ငေးကြည့်နေချင်သေးတယ် ။
#ဂန္ဓမာ
#ပျောက်ဆုံးတိမ်စိုင်
တံငါသည်တစ်ယောက်ရဲ့ စိတ်ကျေနပ်မှုဟာ
ငါးတစ်ကောင်အတွက်တော့ သေဒဏ်ပဲ။
#တာရာမင်းဝေ
ကံကောင်းပြီး
သူဌေးဖြစ်ချင်ဖြစ်မယ်
ကံကောင်းပြီး
ကဗျာဆရာ မဖြစ်ဘူး ။
#မောင်ချောနွယ်
ကျွန်တော်တို့ အကောင်းတွေချည်း
မမျှော်လင့်ပါဘူး။
ဒါပေမဲ့ အဆိုးချည်းပဲဆိုလည်း ဘာလုပ်မှာလဲ ။
#အောင်ချိမ့်
ခွင့်လွှတ်ပါ။
စိတ်နိုင်သွားတဲ့ တစ်နေ့
ချောင်းကြည့်ပေါက်ကလေးကိုပါ
ကိုယ်ပိတ်လိုက်ပါ့မယ်။
-ပြည့်စုံဝင်း
အများနဲ့ မရောလို့ မာနနဲ့ပါကွာဆို ပြီး
လူမုန်းများပါတယ်.....|
သေချာတာက အရောင်မပါတဲ့ မေတ္တာကို
ကျွန်တော် လူတိုင်းကိုမပေးဘူး။
#ရိုးတံ
တစ်ယောက်ယောက်မရှိလို့
မဖြစ်တဲ့ကမ္ဘာဆိုတာတော့
မရှိပါဘူး၊
ဒါပေမဲ့ တစ်ယောက်ယောက် ရှိပေးတဲ့အခါ
တစ်ယောက်ယောက်ရဲ့ ကမ္ဘာဟာ
ချောက်ကမ်းပါးစွန်းကနေ ပြန်လှည့်လာနိုင်တာမျိုး...။
#ခွန်းညိုသွေး
မင်းကလွဲရင်
အားလုံးကို အကြာကြီးစဉ်းစားရပါတယ်
မေ့တတ်တာဟာ ရောဂါဖြစ်ပြီး
မေ့မရတာဟာလည်း ရောဂါပါပဲ ။
#ဆူးရစ်နွယ်
Уже доступно! Исследование Telegram 2025 — ключевые инсайты года 
