cookie

Мы используем файлы cookie для улучшения сервиса. Нажав кнопку «Принять все», вы соглашаетесь с использованием cookies.

avatar

N_HS (DN-MR)

In the world.....What happen.....?

Больше
Рекламные посты
649
Подписчики
+124 часа
+37 дней
+230 дней

Загрузка данных...

Прирост подписчиков

Загрузка данных...

02:24
Видео недоступноПоказать в Telegram
TNLAပလောင်သူပုန်မှ ၎င်းတပ်ဖွဲ့များ အသုံးပြုနေသည့် ယာဥ်များအား ထုတ်ဖော်ပြသလာ လင်းယုန်များ အစာကိုမြင်ပါစေ👌 Movie:TNLA
Показать все...
185.05 MB
Фото недоступноПоказать в Telegram
ပဒက် သတင်း ပိုစ်မှာတော့ မြင်တဲ့အတိုင်းပဲ အသံတွေ ထွက်လာပြီ😁
Показать все...
Repost from Thazin Oo 🍁
ဒီညအတွက် သတင်းကောင်းက မိုင်းလီနဲ့ လားရှိုးကိုဆက်သွယ်ထားတဲ့ လမ်းအသစ်မှာ မသာအဟောင်းတွေ သယ်နေရင်း ကိုယ်တိုင်မသာအသစ် ဖြစ်သွားတဲ့ TNLA နဲ့ MNDAA အကြမ်းဖက်သူပုန်တွေအကြောင်း....ရယ်... မပည အသစ် ၆ နေရာထဲက နေရာတစ်ချို့ကို တိတိကျကျ ဆော်လိုက်လို့ ရန်သူ့ လက်နက်နဲ့ ဒရုန်းတွေ ပေါက်ကွဲပျက်စီးသွားတဲ့အကြောင်းတွေရယ်... ဒါလေးတွေ ရှိပါတယ်။👇 https://t.me/Thazinoo969/19640 ဓာတ်ပုံ တွေ Video တွေတော့ တင်ပေးနိုင်မယ်မထင်သေးဘူး....ပတ်မွှေကြည့်နေတယ် ။ ရရင်တင်ပေးမယ်။ အိုစကေ..👌
Показать все...
👍 2
ရန်သူရဲ့ ပုံသေနည်းက ဒရုန်းတွေ အလျဥ်းမပြတ်နဲ့ စခန်းတွေအပေါ် ဗုံးချတယ် ဖော်မြူလာတခုလို ဖြစ်နေပြီး ဒါလည်း တန်ပြန် သူဆော် ကိုယ်ဆော် ပြန်မလုပ်နိုင်ဘူး ဖျက်အားပြင်း မစ်ဆိုင်းတို့ လက်နက်ကြီးတို့ထပ် ဒရုန်းက မြေပြင်တိုက်ပွဲမှာ ပိုအရေးပါနေတာမြင်နေရတယ် ကိုယ်ကနိုင့်ငံ တပ်မတော်ပဲ ဗျာ ဘဏ္ဍာ ထဲကသုံးရင်သုံး ဗခက တယောက်ကို ပြည်သူတယောက်ကို ဘယ်ရွေ့ ဘယ်မျှ စိုက်ထည့် ၀ယ်ရင်တောင် ကောင်းကင်ကြီးတခုလုံး ဒရုန်း အပြည့်တောင် ဖြစ်သွားလို့ရတယ် ဒါလည်း ခံလိုက်ရတိုင်း ဒရုန်း ကိုယ်တွေ ဥာဏ်မမှီတာပဲလား သူပုန်ကပိုတော်နေ တာပဲလား မတွေးတက်တော့ဘူး sskb
Показать все...
နမ့်ပေါင် တံတား မကျိုးပါဘူး နမ္မဘောဒတံတားကတော့ဆုတ်ပေးလိုက်ပါပြီး MNDAA ထိန်းချုပ်ထားပါတယ် နမ္မဘောဒ လမ်းကြောင်းကိုမိုင်းရယ် အထိ မကူးလာဘူးလို့ပြောမရပါ
Показать все...
ဒီစခန်းကိုရခဲ့ရင် အောင်‌ မြေ တဝက်နင်းထားနိုင်ပြီဆိုတဲ့ စိတ်နဲ့ တိုက်စစ်ဖွင့်လာတဲ့ ခံစားချက်နဲ့ တချိန်လုံး ခံစစ်ပြင်၊ တချိန်လုံး စိုးရိမ်စိတ်နဲ့ လုံခြုံရေး စည်း မပေါက်စေဖို့ အမြဲလိုလို ကင်းလိုက်စစ် ပြီး နေရတဲ့ ခံစားချက်က ဘယ်လိုမှ မတူဘူး။ စခန်း တခု ပါသွားတယ်။ လက်နက်ခဲယမ်းဆုံးရှုံးတယ်။ ဒါမျိုးမြင်ပါများလာရင် မြေပြင်မှာ တကယ်တိုက်နေသူတွေအတွက် စိတ်ခွန်အား မရတော့ဘူး။ ငါသေမှ ငါ့စခန်းရမယ်ဆိုတဲ့စိတ်နဲ့ အသေခံတိုက်တဲ့သူလည်း ရှိသလို နောက်ချန်မိသားစုကိုငဲ့ရတဲ့ သူမျိုးလည်း ရှိနိုင်တယ်။ သူရဲဘောကြောင်ပြီး လက်နက်ချတဲ့သူလည်း ရှိနိုင်တယ်ဆိုတာ ထည့်ပြီး စဉ်းစားရမယ်။ အိမ်တအိမ်မှာ အိမ်ထောင်ရှင်မကောင်း တယောက်ရှိရင် အိမ်ထောင်ဦးစီးက စီးပွားရှာဖို့ စိတ်ဖြောင့်ဖြောင့် ထားနိုင်တာ ထုံးစံပဲ။ ခုလက်ရှိ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ တိုက်စစ်ဖွင့်နိုင်တယ်ဆိုတာ အချက် ၃ ချက်က အဓိက ကျတယ်။ (၁) အချက်က ဒီစစ်ပွဲမှာ သူတို့ ဌာနချုပ်၊ သူတို့ လူမျိုးတွေက ဘာထိခိုက်မှု မှ မရှိနေဘူး။ နယ်မြေကျူးကျော်ပြီး စစ်တိုက်နေလည်း ပြည်မထဲရောက်နေတဲ့ သူတို့ လူမျိုးတွေကို ဗမာလူမျိုးတွေက ဘာဖိအားမှ မပေးကြဘူး။ ဒဲ့ပြောရရင် လောက်ကိုင်၊ နမ့်ဆန်နဲ့ လိုင်ဇာက ဗုံးဒဏ် ကင်းလွှတ်နေတယ်။ (၂) အချက်က ရှမ်းမြောက်ကနေ MNDAA က လာကူတယ်။ ဝ လည်း ပါနိုင်တယ်ဆိုတဲ့ သုံးသပ်ချက်ရှိတယ်။ ဒီလောက် ထောက်ပို့လမ်းကြောင်း ရှည်လျားတာကို ကိုယ်တွေ ဖက်က  ထောက်ပို့လမ်းကြောင်း မဖြတ်တောက်နိုင်ဘူး။ မိုးကုတ်ပါကျရင် မတ္တရာနဲ့ ချိတ်သွားတော့မယ်။ အဲ့ဒီအခါ မန္တလေးကို ဖြတ်စရာမလိုပဲ နဂိုကတည်းက ဆိုးပါတယ်ဆိုတဲ့ မြင်းခြံ၊ နွားထိုးကြီး အညာနဲ့ ချိတ်သွားလိမ့်မယ်။ (၃) အချက်က ကိုယ်တွေက တရုတ်မျက်နှာကြည့်ပြီး ဟိုဂင်နေသလောက် ရန်သူ့ဘက်က ဘယ်သူ့မျက်နှာမှ မထောက်တာ တွေ့ရတယ်။ လက်ရှိ တိုက်ပွဲ ဖြစ်နေတဲ့ ကျောက်မဲ၊ နောင်ချို၊ သီပေါနဲ့လားရှိုးက ၁၀၂၇ ရဲ့ နောက်ဆက်တွဲ စစ်ပွဲ မဟုတ်ဘူးလား။ ဒါကို ဘယ်သူက အရင်စတိုက်သလဲ ဆိုတာ ရှင်းရှင်းလေးပဲ။ တရုတ်ဘက်က အထူးကိုယ်စားလှယ်တွေ မကြာခဏ လာကြတယ်။ သူတို့အကျိုးစီးပွား မထိခိုက်ဖို့ လာလာ ဆွေးနွေးပြီး ပြန်ကြတယ်။ အကျိုးဆက်ကတော့ မြင်တဲ့အတိုင်း  ကြိုးတုပ်ပြီး စစ်ဖြစ်နေရသလို ခံစားရတယ်။ ခုမြင်တွေ့ရသလောက်ကတော့ လားရှိုးကို ပတ်ပတ်လည် ပိတ်ထားသလို တွေ့ရတယ်။ စစ်ကူ မလာနိုင်အောင်လည်း လမ်းမှန်သမျှ မြေတူးဖျက်စီးထားတာ တွေ့ရတယ်။ ကိုယ်တယောက်တည်း အမြင်ကတော့ ခဲကျရာ နေရာပဲ မကြည့်စေချင်တော့ဘူး။ ခဲလာရာ နေရာတလျှောက်လုံးကို ပြင်းပြင်းထန်ထန် ချေမှုန်းပစ်စေချင်ပြီ။ NCA ငဲ့ရအောင်လည်း ခုမျောက် ၃ ကောင်က နဂိုကတည်းက ပါမှမပါဘဲ။ အဓိက ကတော့ သူတို့ နောက်ချန်နေရာတွေကို ဗုံးကြဲပါ။ ထောက်ပို့လမ်းကြောင်း တွေကို  ဖြတ်တောက်စေချင်မိတာပါပဲ။ ။ ။ (နရီမိုး)
Показать все...
Repost from People Media
01:17
Видео недоступноПоказать в Telegram
ယနေ့ညနေပိုင်းက စစ်သွေးကြွ MNDAA ပစ်ခတ်သော လက်နက်ကြီးသည် ရှမ်းမြောက်ဒေသ၊ လားရှိုးမြို့၊ ပန်အုပ်ကျောင်းတိုက်အတွင်းသို့ ကျရောက်ခဲ့ပြီး ယာဉ်အချို့ မီးလောင်ပျက်စီးမှု ဖြစ်ပေါ်ခဲ့သည်။ #PeopleMedia
Показать все...
Final.mp494.99 MB
Repost from People Media
မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊နွယ်ရုံရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်သွေးကြွ PDF အဖွဲ့က ယနေ့ သတင်းထုတ်ပြန်ထားသည်။ #PeopleMedia
Показать все...
ပဲခူး-ရန်ကုန် ပြေးဆွဲနေသော အဝေးပြေးယာဉ်လိုင်း(၉)လိုင်း အောင်မင်္ဂလာအဝေးပြေး ကားကြီးဝင်းသို့ ပြောင်းလဲပြေးဆွဲသွားမည် ပဲခူး-ရန်ကုန် ပြေးဆွဲနေသော အဝေးပြေးယာဉ်လိုင်း(၉)လိုင်း အောင်မင်္ဂလာအဝေးပြေး ကားကြီး ဝင်းသို့ ပြောင်းလဲပြေးဆွဲသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပိုဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) က သိရသည်။ ပဲခူး-ရန်ကုန်ပြေးဆွဲနေသည့် ခရီးသည်တင် ယာဉ်လိုင်းများသည် စော်ဘွားကြီးကုန်းအပါအဝင် ယာဉ်ကြောများ ဖြတ်သန်းနေသည့်နေရာများ၌ ဂိတ်သဖွယ်ပြုလုပ်၍ ရပ်နားခြင်း၊ ခရီးသည်များ အလုအယက်ခေါ်နေခြင်းများ ပြုလုပ်နေခြင်းကြောင့် YBS အပါအဝင် ရန်ကုန်တိုင်းဒေသကြီးအတွင်း သွားလာနေသည့် ယာဉ်များနှင့် ရောထွေးပြီး ယာဉ်ကြောကျပ်တည်းမှု ဖြစ်ပေါ်လာသည့်အတွက် အောင်မင်္ဂလာအဝေးပြေးဝင်းသို့ ပြောင်းရွှေ့ ပြေးဆွဲခြင်းဖြစ်သည်။ လက်ရှိတွင် ပဲခူးတိုင်းဒေသကြီးအတွင်းမှ ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ ပြေးဆွဲနေသည့် ယာဉ်လိုင်း ၁၀ ခု ရှိရာ ၉ ခုသည် အောင်မင်္ဂလာအဝေးပြေးဝင်းမှ ပြေးဆွဲရမည်ဖြစ်ပြီး ပဲခူး-ဧရာဝတီ ပြေးဆွဲသည့် ယာဉ်လိုင်းသည် ဒဂုံဧရာအဝေးပြေးဝင်းမှ ပုံမှန်တိုင်း ဆက်လက်ပြေးဆွဲရမည်ဖြစ်သည်။ လက်ရှိတွင် ပဲခူး-ရန်ကုန်ပြေးဆွဲနေသော အဝေးပြေးယာဉ်လိုင်း၌ အစီးရေ (၃၉၀)ရှိကြောင်း သိရသည်။ #myanmarfocus
Показать все...
🆘🆘မြစ်ကြီးနား 🚨အရေးပေါ် အကူညီတောင်းရန်🚨 Shana Nsin hta kajawng kaja ( Hka yen ) Karum ra ai lam nga wa yang karum hpyi mai lam ညအချိန်မတော် ရေဘေးကျရောက်လာပါက အကူအညီ တောင်းခံနိုင်ပါသည်၊ ဆက်သွယ်ရန် - 09424724477 - 09881433881 - 09400050420 #မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့_ကချင် #myanmarrescueorganizationkachinstate သောက်ရေသန့် လိုအပ်ပါက ဖုန်း 09256444034 09400039195 09773339800 Healthy Plus သောက်ရေသန့် #crd ဧရာဝတီမြစ်ရေကြီးမှုကြောင့် ရေကြီးရေလျှံဖြစ်နေ၍ နေရာပြောင်းရွှေ့ရန် အကူအညီလိုအပ်နေသူများအတွက် မြစ်ကြီးနားမြို့လူမှုကူညီရေးဖုန်းနံပါတ်များ ဧရာဝတီကရုဏာလူမှုကူညီရေးအသင်း 09259043644 09440002161 09788051052 09790620778 လူမှုကယ်ဆယ်ရေးအဖွဲ့ (ကချင်) 09424724477 09881433881 09400050420 မီးသတ်တပ်ဖွဲ့(ကယ်ဆယ်ရေး) 074 2520167 074 2522467 09266386192 ချီဆောင်ခြင်းလူမှုကူညီရေးအသင်း 09450125256 09444657566 မျိုးဆက်သစ်လူမှုကူညီရေးအသင်း 09777705099 09400038358 ပေးဆပ်သူလူမှုကူညီရေးအသင်း 09777472525 09677289818 09266902282 မာမကလူမှုကူညီရေးအသင်း 09400020600 09793409219 ရွှေပန်းမြိုင်လူမှုကူညီရေးအသင်း 09400003725 09440002264 09453896252 crd
Показать все...
Выберите другой тариф

Ваш текущий тарифный план позволяет посмотреть аналитику только 5 каналов. Чтобы получить больше, выберите другой план.