Essential Education Center(EEC)
Открыть в Telegram
EEC တွင်တက်ရောက်နေသောကျောင်းသား/သူ များ၏ အတန်းတွင်းလှုပ်ရှားမှုများ၊ကြေညာချက်များအား တင်ပြရန်
Больше858
Подписчики
Нет данных24 часа
+77 дней
-1130 дней
Архив постов
Topic: တော်လှန် New Year Talent Show ( EEC)
Time: Dec 31, 2023 08:00 PM Asia/Yangon
Join Zoom Meeting
https://us06web.zoom.us/j/87955217903?pwd=KYe8dfGwLMwXWKbQn2yJKWDWUQOEL2.1
Meeting ID: 879 5521 7903
Passcode: 142174
Essential Education Center(EEC)
Federal Free Online School ၏
နှစ်သစ်ကူးရန်ပုံငွေရှာဖွေခြင်းကာလ ကို
29.12.2023 ရက်နေ့မှ 10.1.2024 ရက်နေ့အထိ ပြုလုပ်သွားမှာပဲဖြစ်ပါတယ်ခင်ဗျာ။
ရန်ပုံငွေကာလအတွက်အလှူငွေထည့်ဝင်ခြင်းအား ပမာဏကန့်သတ် သတ်မှတ်ထားခြင်းမျိုးမရှိပါဘူးခင်ဗျာ။ မိမိတို့အဆင်ပြေသည့်ပမာဏကိုသာထည့်ဝင်လှူဒါန်းနိုင်ပါတယ်ခင်ဗျ။ အဆင်မပြေပါက
မထည့်ဝင်၍လည်းရပါတယ်ခင်ဗျာ။
ငွေလွှဲပေးနိုင်သည့် Account များ
KBZ PAY
09981336047 ( Mg Pyae Sone )
Wave Pay
09969128277 ( Kyaw Swar Aung )
NUG Pay
thanhtikesan*nugpay.app
Kasikorn (ThaiBank)
1051584100 ( Mr.Kyaw Zayar Lin )
P.S ငွေစာရင်းရှင်းတမ်းများပြန်လည်ပြုလုပ်နိုင်ရန်အတွက် ငွေလွှဲပို့ပြီးပါကငွေလွှဲ Screenshot များအား အတန်းပိုင်များထံပေးပို့ပေးကြဖို့မေတ္တာရပ်ခံပါတယ်ခင်ဗျာ🙏။
Repost from EEC Student Team Channel
ရဲဘော်တို့ အားလုံးပဲ မင်္ဂလာ ညချမ်းလေးဖြစ်ပါစေဗျ။
ကျွန်တော်တို့ရဲ့ ကျောင်းတော်ကြီးမှ ရဲဘော်တို့ရဲ့ အင်အားနဲ့ မကွေးတိုင်းဒေသကြီး၊ဆိပ်ဖြူမြို့နယ်၊ သံပုရာပင်ကျေးရွာအား စစ်ကောင်စီမှ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နောက်ကျောဒဏ်ရာရခဲ့ပါသော ကျောင်းသူတစ်ဦးအား ကူညီထောက်ပံ့ပေးခဲ့ပါတယ်ဗျ။
ကျွန်တော်တို့ရဲ့ ရဲဘော်တို့လည်း ပီတိဖြာနိုင်စေရန် ထောက်ပံ့ကူညီနိုင်မှုလေးအား ဝေမျှလိုက်ပါတယ်ဗျ။
နောက်ထပ်သော ကူညီထောက်ပံ့မှုတွေမှာလည်း ကျွန်တော်တို့ရဲ့ ရဲဘော်တွေ စိတ်အားထက်သန်စွာ ပါဝင်ရန်လည်း ကျွန်တော်တို့က ဖိတ်ခေါ်ပါတယ်ဗျ။
ရဲဘော်တို့အား ဂုဏ်ယူစွာဖြင့် ဒီဇင်ဘာ26ရက်နေ့ 2023ခုနှစ် 10နာရီ 32မိနစ်အချိန်တွင် မျှဝေလိုက်ပါတယ်ဗျ။
Proud of Our Students
#EEC_StudentTeam
#Essential_Education_Center
"We will wish you a Merry Christmas from all of us here at Essential Education Center-EEC"
"Christmas will always be with us in everyone's heart, as long as we join hands united in peace"
#ကျောင်းစီမံရေးရာအုပ်ချုပ်ရေးအဖွဲ့
#essentialeducationcenter
ရက်စွဲ ။ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ၊ ၂၁ ရက်။
စာအမှတ် ။ ၂၂/ကြေညာချက်/၂၀၂၃။
ကျောင်းပိတ်ရက်အဖြစ် ထုတ်ပြန်ကြေညာခြင်း
Essential Education Center-EEC Federal Free Online School ၏
၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ပညာသင်ကြားပေးနေသော ဆရာဆရာမများနှင့် တက်ရောက်ပညာသင်ယူနေကြသော ကျောင်းသားကျောင်းသူများ အတွက် အောက်ပါနေ့ရက်များကို ကျောင်းပိတ်ရက် အဖြစ် သတ်မှတ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
၁။ ၂၀၂၃ခုနှစ် ၊ ဒီဇင်ဘာလ (၂၅)ရက် ခရစ္စမတ်နေ့ ၂။ ၂၀၂၄ခုနှစ် ၊ ဇန်နဝါရီလ (၁)ရက် နိုင်ငံတကာနှစ်သစ်ကူးနေ့ ၃။ ၂၀၂၄ခုနှစ် ၊ ဇန်နဝါရီလ (၄)ရက် လွတ်လပ်ရေးနေ့ ၄။ ၂၀၂၄ခုနှစ် ၊ ဇန်နဝါရီလ (၁၁)ရက် ကရင်နှစ်သစ်ကူးနေ့စနေနေ့နှင့် တနင်္ဂနွေနေ့များအား ပုံမှန်ကျောင်းပိတ်ရက်များအဖြစ် သတ်မှတ်ထားပါသည်။ #ကျောင်းစီမံရေးရာအုပ်ချုပ်ရေးအဖွဲ့ #essentialeducationcenter #eec
Repost from N/a
❝ နွေဦးတော်လှန်ရေးတွင် CDM ပြုလုပ်လျှက်ရှိသော ကျောင်သား/သူများအတွက် CDM Students Policy ထွက်ပေါ်လာရေး တိုက်တွန်းကြေညာချက် ❞
၁။ နွေဦးတော်လှန်ရေးတွင် ပညာရေးဌာနမှ ဆရာ/မများသည် အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာန (NUG-MOE) နှင့်လက်တွဲကာ မြို့နယ်ပညာရေးဘုတ်အဖွဲ့များဖွဲ့စည်းပြီး တော်လှန်ပညာရေးအတွက် Online Federal School များဖွင့်လှစ်ခြင်း၊ မြေပြင် On Ground ကျောင်းများဖွင့်လှစ်ခြင်း နှင့် နေအိမ်အခြေပြုသင်ကြားနည်းများအတွက် မျှဝေခြင်းများကိုပြုလုပ်ခဲ့ပါသည်။
၂။ မြို့နယ်ပညာရေးဘုတ်အဖွဲ့များမှတည်ထောင်ထားသည့်ပြည်သူ့ပညာရေးကျောင်းများ များစွာပေါ်ထွက်လာပြီး စစ်ကျွန်ပညာရေးကိုဆန့်ကျင်သော CDM ကျောင်းသား/သူ များအတွက် စဉ်ဆက်မပြတ်ပညာရေးရရှိနိုင်ရန်နှင့် ဖက်ဒရယ်ပညာရေးကိုအပြည့်အဝရရှိနိုင်ရန် အကောင်အထည်ဖော်ဆောင်ရွက်နေကြပါသည်။ပြည်သူ့ပညာရေးကျောင်းများစွာပေါ်ပေါက်လာပြီးနောက် CDM ကျောင်းသား/သူများလာရောက်ပညာသင်ယူနေကြသည်မှာလည်းမျက်မြင်ပင်ဖြစ်သည်။ကြားကာလတက္ကသိုလ်များ ၊ ကြားကာလဖက်ဒရယ်ကျောင်းများသည် CDM ကျောင်းသားများမရှိပါက ယခုလိုအောင်မြင်စွာရပ်တည်နေနိုင်မည်မဟုတ်ပါ။
၃။ အချို့ဒေသများမှ CDM ကျောင်းသား/သူများသည် အခက်အခဲများကြားမှနေအိမ်အခြေပြုသင်ကြားရေး မြေပြင်စစ်ရှောင်ဒေသသင်ကြားရေးများတွင်ကြိုးစားသင်ယူနေကြသည်ကိုလည်းမျက်မြင်ပင်ဖြစ်သည်။ ထို့အပြင် အခြေအနေအကြောင်းအမျိုးမျိုးကြောင့် CDM ပြုလုပ်ထားပြီး ကျောင်းသို့ဆက်မတက်နိုင်တော့ဘဲ လုပ်ငန်းခွင်သို့ဝင်ရောက်လုပ်ကိုင်နေသော ကျောင်းသား/သူများလည်း များစွာရှိနေပါသေးသည်။ထိုသို့အခက်အခဲအကြပ်အတည်းများစွာကြားမှ CDM ပြုလုပ်ကာပြည်သူ့အစိုးရနှင့်တစ်သားတည်းရပ်တည်လျှက်ရှိနေကြသည့် CDM ကျောင်းသား/သူ များသည် CDM ပြုလုပ်ထားရုံတင်မကဘဲ သပိတ်တိုက်ပွဲများ ဆင်နွှဲခြင်း ၊ လက်နက်ဆွဲကိုင်ပြီး စစ်ကောင်စီအားတော်လှန်ခြင်းများ စသည် တို့ကိုပြုလုပ်ပေးနေကြမှာအထင်အရှားပင်ဖြစ်ပါသည်။
၄။ နိုင်ငံဝန်ထမ်း CDM များအတွက် CDM မူဝါဒ ခိုင်ခိုင်မာမာ ထွက်ပေါ်လာခဲ့ပြီဖြစ်သော်လည်း တော်လှန်ရေးတွင် တက်ကြွစွာပါဝင်ဆောင်ရွက်ပေးနေသည့် အနစ်နာခံပေးဆပ်နေကြသည့် CDM ကျောင်းသား/သူများအတွက်မူ တိကျရေရာသည့်မူဝါဒထွက်ပေါ်ခြင်းမရှိသေးသည်ကို ဝမ်းနည်းဖွယ်တွေ့ရှိရပါသည်။
၅။ အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့်တကွ သက်ဆိုင်ရာတာဝန်ရှိသူအားလုံးအနေဖြင့်တော်လှန်ရေး၏အင်အားစုတစ်ခုဖြစ်သော CDM ကျောင်းသား/ကျောင်းသူများအတွက် တိကျခိုင်မာသည့် မူဝါဒများကို ရေးဆွဲအတည်ပြုနိုင်ရေး ဦးဆောင်ကြိုးပမ်း ပေးပါရန် လေးစားစွာဖြင့်တိုက်တွန်းနှိုးဆော်အပ်ပါသည်။
၆။ အခြေခံပညာ ပညာရေးဘုတ်အဖွဲ့များကော်မတီ (CBBE) သည် ပြည်သူ့ပညာရေးကျောင်းများ၊ မြို့နယ်ပညာရေးဘုတ်အဖွဲ့များ၊ပညာရေးCDMဝန်ထမ်းများ၊CDMကျောင်းသား/ကျောင်းသူများ၊မိဘအုပ်ထိန်းသူများနှင့်ချိတ်ဆက်ဆောင်ရွက်နေသည့်အဖွဲ့အစည်းတစ်ခုဖြစ်ပါသောကြောင့် မူဝါဒရေးဆွဲရန်အတွက် လိုအပ်သော အချက်အလက်များ / အကူအညီများရယူလိုပါက ပူးပေါင်းပါဝင်ပေးရန်အသင့်ရှိပါကြောင်းသဘောထားထုတ်ပြန်အပ်ပါသည်။
အခြေခံပညာ ပညာရေးဘုတ်အဖွဲ့များကော်မတီ ( CBBE )
EEC is inviting you to a scheduled Zoom meeting.
Topic: သီချင်းဆိုပြိုင်ပွဲ
Time: Dec 17, 2023 09:30 AM Rangoon
Join Zoom Meeting
https://us02web.zoom.us/j/81325858130?pwd=Zm1ZRkdCZ1B0cnJjTlRsWnlZM2ttUT09
Meeting ID: 813 2585 8130
Passcode: 308723
မကြာမီ ဖွင့်လှစ်မည့် သင်တန်းများဖြင့် မိတ်ဆက်ခြင်းဖြစ်ပါတယ်ခင်ဗျ
Essential Education Center EEC တွင်တက်ရောက်ပညာသင်ကြားနေကြသော ကျောင်းသားကျောင်းသူများ ပညာရည်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ် ပြင်ပသင်တန်းများအဖြစ် အောက်ပါသင်တန်းများကို ထပ်မံဖွင့်လှစ်ပေးမည်ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်ခင်ဗျ
သင်တန်းများတက်ရောက်ရာတွင် သတ်မှတ်ထားသော အတန်းများအလိုက် မိမိတို့နှစ်သက်ရာ အတန်းများအား တက်ရောက်ခွင့်ရှိပြီး သတ်မှတ်ချက်စံနှုန်းများ ပြည့်စုံပါက အသိအမှတ်ပြု certificate များပေးအပ်မည်ဖြစ်ပါတယ်ခင်ဗျ
#ကျောင်းစီမံရေးရာအုပ်ချုပ်ရေးအဖွဲ့
#essentialeducationcenter
#eec
November FUNDRAISING ကာလမှရငွေစာရင်းရှင်းတမ်းဖြစ်ပါတယ်ခင်ဗျာ။
အလှူငွေထည့်ဝင်ပေးကြပါသော
ကျောင်းသား/သူ များ
ဆရာ/မများ နှင့်
ကျောင်းသားမိဘများအားအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။🙏🙏🙏
#FinancialTeam
#ကျောင်းစီမံအုပ်ချုပ်ရေးအဖွဲ့
#EssentialEducationCenter(EEC)
📣 “GED Mathematics” သင်ခန်းစာတွေကို Burma Academy မှာ အခမဲ့ လေ့လာနိုင်ပါပြီ 👏🏻
📘 GED ဆိုတာ နိုင်ငံတကာ အသိအမှတ်ပြု ၁၂ တန်း ပညာရေးနဲ့ ညီမျှတဲ့ ပညာရေးလမ်းကြောင်း တစ်ခုဖြစ်ပါတယ်။ GED ကို နိုင်ငံတကာက တက္ကသိုလ် အတော်များများက အသိအမှတ်ပြုထားပြီး ဖြေဆိုဖို့ပြင်ဆင်ရာမှာလည်း အချိန်ရော၊ ငွေကုန်ကြေးကျရော သက်သာတာကြောင့် အခုနောက်ပိုင်းမှာ ကျောင်းသားကျောင်းသူ အတော်များများ ရွေးချယ်လာကြပါတယ်။
📘 စစ်ကျွန်ပညာရေးကို သပိတ်မှောက်ထားကြတဲ့ အခြေခံပညာ ကျောင်းသားကျောင်းသူတွေနဲ့ နိုင်ငံခြားတက္ကသိုလ်တွေကို တက်ရောက်ဖို့ ပြင်ဆင်နေကြတဲ့ ကျောင်းသားကျောင်းသူတွေအတွက် Burma Academy ကနေ GED Mathematics သင်ခန်းစာကို သင်ကြားပေးသွားတော့မှာ ဖြစ်ပါတယ်။
📘 GED ဟာ အဆင့်မြင့်ပညာရေးကို သင်ယူနိုင်မယ့် တက္ကသိုလ်တွေ၊ ကောလိပ်တွေကို တက်ရောက်နိုင်ဖို့ အထောက်အကူ ပေးသလို၊ အလုပ်အကိုင်၊ အခွင့်အလမ်းအသစ်တွေဆီကို ရောက်ရှိအောင် ဖွင့်လှစ်ပေးမယ့် တံခါးတစ်ချပ်လည်း ဖြစ်ပါတယ်။ အခုလက်ရှိအချိန်မှာ Burma Academy အနေနဲ့ Mathematics ပဲ သင်ကြားပေးနိုင်သေးပေမယ့် မကြာမီအချိန်မှာ GED ရဲ့ ဘာသာရပ်အကုန် သင်ကြားပေးနိုင်အောင် ကြိုးစားလျက်ရှိပါတယ်။
📌 “GED Mathematics” သင်ခန်းစာကို ဒီဇင်ဘာလ ၂၀ ရက်နေ့ကစပြီး မတ်လ ၃၁ ရက်နေ့အထိ
အပတ်စဉ်
📌 ဗုဒ္ဓဟူးနေ့ နဲ့ သောကြာနေ့ညနေ (၃) နာရီ မှ (၄:၃၀) နာရီ
📌 စနေနေ့ နဲ့ တနင်္ဂနွေနေ့ မနက် (၈) နာရီ မှ (၉:၃၀) နာရီ အထိ တစ်ပတ် လေးရက်တာ Zoom က တဆင့် Live သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
📌 ဒီသင်ခန်းစာကို တက်ရောက်ချင်တဲ့ ကျောင်းသားကျောင်းသူတွေအနေနဲ့
၁။ အနည်းဆုံး အသက် ၁၅ နှစ်နဲ့ အထက် ဖြစ်ရပါမယ်။
၂။ Grade 8 ပြီးမြောက်ထားသူ ဖြစ်ရပါတယ်။
၃။ အခုလက်ရှိ အစိုးရကျောင်းတွေ၊ စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွယ်တဲ့ ကျောင်းတွေမှာ တက်ရောက်နေသူ (လုံး၀) မဖြစ်ရပါဘူး။ ❌
📌 “GED Mathematics” သင်ခန်းစာကို စိတ်ဝင်စားလို့ တက်ရောက်မယ်ဆိုရင် https://tinyurl.com/BA-GED-Math-RegForm ကနေတဆင့် ဒီဇင်ဘာလ (၁၅) ရက်နေ့ည ၁၁ နာရီ ၅၉ မိနစ် နောက်ဆုံးထားပြီး စာရင်းပေးသွင်း လျှောက်ထားနိုင်ပါတယ်။ Live Course ဖြစ်တဲ့အလျောက် လူဦးရေအကန့်အသတ်ရှိတာမို့ အမြန်ဆုံးစာရင်းပေးသွင်းဖို့ အကြံပြုချင်ပါတယ်။
📌 တက်ရောက်ခွင့်ရရှိသူတွေကို Email ကတဆင့် အကြောင်းပြန်ပေးသွားမှာဖြစ်ပြီး အခြား GED ဘာသာရပ်တွေကိုလည်း မကြာခင် သင်ကြားပို့ချပေးသွားမှာဖြစ်လို့ ကျောင်းသားကျောင်းသူတွေအနေနဲ့ Burma Academy Facebook Page ကို စောင့်ကြည့်ပေးကြဖို့ တိုက်တွန်းလိုက်ရပါတယ်။
📌 Burma Academy ဟာ တော်လှန်ရေးအထောက်အကူပြု ပညာရေး Platform တစ်ခုဖြစ်ပြီး တော်လှန်ရေးမှာ အင်တိုက်အားတိုက် ပါဝင်နေတဲ့ တက္ကသိုလ်ကျောင်းသားတွေအတွက် ရည်ရွယ်ပြီး သင်ကြားပေးနေတာကြောင့် Burma Academy က ပို့ချနေတဲ့ သင်ခန်းစာတွေ အကုန်လုံးဟာ အခမဲ့ ဖြစ်ပါတယ်။
#BA
#Burma_Academy
#Education4Everyone
Repost from EEC Show Of Competition Channel
ဒီဇင်ဘာလ အစလေးမှာ ကျောင်းသား၊ကျောင်းသူတို့ဆီကို ပြိုင်ပွဲအသစ်လေးတစ်ခုနဲ့ကြေညာပေးပါရစေခင်ဗျ ~~ 👀❤️
ဒါကတော့ SOCC မှကြီးမှူးကျင်းပသော ပထမအကြိမ်မြောက် သီချင်းဆိုပြိုင်ပွဲလေးပဲ ဖြစ်ပါတယ်။ ပြိုင်ပွဲပုံစံလေးကတော့ Local & Global ဆိုပြီးသတ်မှတ်ထားပါတယ်ဗျ။ Local & Global ဆိုတာကတော့ Local ဆိုတာက မြန်မာနိုင်ငံတွင်းသီချင်းများပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်းသီချင်းတွေဖြစ်တဲ့အတွက် ခေတ်ဟောင်း၊ခေတ်ပေါ်၊ယခုခေတ်သီချင်းများအားလုံးပါဝင်ပါတယ်ဗျ။ Global ဆိုတာကတော့ နိုင်ငံတကာကသီချင်းများပဲဖြစ်ပါတယ်။ K-pop , J-pop , C-pop များနှင့် Pop , Rock , Hip-hop , Country , Latin စသဖြင့် နိုင်ငံတကာသီချင်းများဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါတယ်ခင်ဗျ။ ဒီပြိုင်ပွဲလေးမှာ မူလတန်း၊အလယ်တန်း၊အထက်တန်း အတန်းများအားလုံးပါဝင်ယှဉ်ပြိုင်နိုင်ပါတယ်ခင်ဗျ။
သီချင်းဆိုပြိုင်ပွဲလေးနဲ့ပတ်သတ်ပြီး စည်းကမ်းချက်များကိုလည်း တစ်ခါထဲရှင်းပြပေးပါမယ်ခင်ဗျ။
📍 သီချင်းတစ်ပုဒ်တွင် တစ်ဦးတည်းသော်လည်းကောင်း၊ နှစ်ယောက်တစ်တွဲသော်လည်းကောင်း၊ အဖွဲ့လိုက်သော်လည်းကောင်း ယှဉ်ပြိုင်နိုင်ပါတယ်။
📍 အဖွဲ့လိုက်ယှဉ်ပြိုင်ခြင်းများကို လူဦးရေ ငါးဦး အထိပဲလက်ခံပါတယ်။
📍 အသံသွင်းတဲ့အခါတွင်အဆိုတော်၏အသံကိုထပ်၍ဆိုထားခြင်းမျိုးမရပါ။
📍 Karaoke Version မျိုးဖြင့်သာ အသံသွင်း၍သီဆိုရမှာဖြစ်ပါတယ်။
📍 Audio Recording ဖြင့်သော်လည်းကောင်း ၊ အသံသွင်းသီဆို၍ Video Edit ဖြင့် ယှဉ်ပြိုင်နိုင်ပါတယ်။
📍 ပါဝင်ယှဉ်ပြိုင်သူများသည် EEC မှ ကျောင်းသား၊ကျောင်းသူများသာဖြစ်ရပါမည်။ (ပြင်ပလူများပါဝင်ယှဉ်ပြိုင်ခြင်းမျိုးအား ခွင့်မပြုပါ)
ဒါလေးကတော့ ပြိုင်ပွဲစည်းမျဉ်း ၊စည်းကမ်းလေးတွေပဲဖြစ်ပါတယ်ခင်ဗျ။
ဆက်လက်ပြီး ပြိုင်ပွဲပုံစံလေးကိုလည်းပြောပြပေးချင်ပါတယ်။ ပြိုင်ပွဲလေးကို Live Action ယှဉ်ပြိုင်ရမှာမဟုတ်တဲ့အတွက် ပါဝင်ယှဉ်ပြိုင်ကြတဲ့ ကျောင်းသား၊ကျောင်းသူတို့ရဲ့ သီချင်းများကို
Admin Dam @Levi_dam11
ထံသို့ပို့ပေးရမှာပဲဖြစ်ပါတယ်ခင်ဗျ။
သီချင်းဆိုပြိုင်ပွဲလေးမှာ ပျော်ရွှင်စိတ်လှုပ်ရှားစရာကောင်းတဲ့ Game များကိုလည်း
Music World 2.1 Mini Update Channel မှ ကစားပေးသွားအုန်းမှာပဲဖြစ်ပါတယ်ဆိုတဲ့အကြောင်း သတင်းကောင်းပါးအပ်ပါတယ်ခင်ဗျ။
#Admin_Dam
#Show_Of_Competition_Channel
#Essential_Education_Center
Essential Education Center-EEC Federal Free Online School ၌ စာပေအိမ်မိသားစုမှ ကျင်းပပြုလုပ်သော ဆဋ္ဌမအကြိမ်မြောက် ကျောင်းလုံးကျွတ်စာပေစကားဝိုင်း ကျင်းပပြီးစီးခြင်း
Essential Education Center-EEC Federal Free Online School ၌ စာပေအိမ်မိသားစုမှ ကျင်းပပြုလုပ်သော ဆဋ္ဌမအကြိမ်မြောက် ကျောင်းလုံးကျွတ်စာပေစကားဝိုင်းကို ဒီဇင်ဘာလ ၁၀ရက်နေ့ နေ့လယ် ၁နာရီအချိန်တွင် စတင်ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ ကျောင်းစီမံရေးရာအဖွဲ့ဝင်များ၊ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများတက်ရောက်ခဲ့ကြပြီး အခမ်းအနားကို အစီအစဥ် ၁၄ ရပ် ဖြင့် ကျင်းပခဲ့ပါသည်။
အခမ်းအနားတွင် ပဥ္စမမြောက်စာပေမောင်မယ်များမှ စာပေဝိုင်းအတွေ့အကြုံများအား ပြောကြားခြင်း၊
အတန်းအသီးသီးမှရွေးချယ်ထားသော ကျောင်းသားကျောင်းသူ စာပေမောင်မယ် အဖွဲ့နှစ်ဖွဲ့ဖြစ်သည့် Study Buddies(SB) အဖွဲ့ နှင့် Life Buddies(LB) အဖွဲ့တို့မှ စာရေးဆရာမမိုးမိုး(အင်းလျား) ရေးသားထားသော "ငြိမ်းကိုရှက်ပါ" ဟူသော စာအုပ်အား ဆွေးနွေးခြင်း၊ ကျောင်းသူတစ်ဦးမှ ကဗျာရွတ်ဆိုခြင်း နှင့် EEC မှ စာပေဝါသနာရှင် ဆရာဆရာမများဖြစ်သည့် Tulip အဖွဲ့ နှင့် Lily အဖွဲ့တို့မှ ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်ရေးသားထားသော "သူငယ်ချင်းလိုပဲဆက်၍ခေါ်မည်ခိုင်.."ဝတ္ထုဇာတ်လမ်းအား ရသစာပေသဘောဖြင့် အကြိတ်အနယ် ယှဉ်ပြိုင် ဆွေးနွေးခြင်း စသည်တို့ လုပ်ဆောင်ခဲ့ကြပြီး အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။
#ကျောင်းစီမံရေးရာအုပ်ချုပ်ရေးအဖွဲ့
#essentialeducationcenter
#eec
Essential Education Center-EEC Federal Free Online ၏ ၂၀၂၃ ပညာသင်နှစ် Batch 1 စာသင်ကာလ (၈) လ အောင်မြင်စွာပြီးမြောက်ကြောင်းနှင့် နှုတ်ဆက်ပွဲ အခမ်းအနား (Batch1) အောင်မြင်စွာ ပြီးဆုံးခြင်း
Essential Education Center-EEC Federal Free Online School ၏ ၂၀၂၃ ပညာသင်နှစ် (Batch1 )အား ဧပြီလ မှ နိုဝင်ဘာလ (၈လ) ထိ ပညာသင်ယူပြီးမြောက်ခဲ့ပြီး လစဥ် သတ်မှတ်ထားသည့် အကဲဖြတ်စံစစ်ဆေးမှုများဖြင့် စစ်ဆေးခြင်းလုပ်ဆောင်ချက်များ လုပ်ဆောင်ခဲ့ရာ ကျောင်းသားကျောင်းသူစုစုပေါင်း ၅၂၁ဦးအား အောင်မြင်စွာဖြင့် တက်ရောက်အောင်မြင်ခဲ့ပါသည်။ ယနေ့တွင် Batch 1 ကျောင်းသားကျောင်းသူများမှ နှုတ်ဆက်ပွဲအခမ်းအနား ကျင်းပရာ ကျောင်းစီမံရေးရာ အဖွဲ့မှဆရာဆရာမများ၊ သင်ကြားရေးဆရာဆရာမများ နှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင်ဆရာဆရာမများမှ ဆုံးမဩဝါဒ မြွက်ကြားခြင်း၊ ကျောင်းသားကျောင်းသူများမှ ကျေးဇူးတင်စကားပြောကြားခြင်း၊ ရင်းတွင်းခံစားချက်များထုတ်ဖော်ခြင်းများအပြင် တက်ရောက်လာကြသော ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများကို ဆရာဆရာမများ ကျောင်းသားကျောင်းသူများမှ သီချင်းများဖြင့် ဧည့်ခံဖျော်ဖြေခဲ့ပါသည်။ ထို့နောက် ပျော်စရာ ဂိမ်းအစီအစဥ်များဖြင့် ဆင်နွှဲ ခဲ့ကြပြီး အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။
၂၀၂၄ ပညာသင်နှစ်တွက် Grade 1 မှ Grade 12 အတန်းများထိ သင်ကြားပေးမည်ဖြစ်ပြီး ကျောင်းသားခေါ်ယူခြင်းလုပ်ငန်းရပ်များကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ပထမအပတ်တွင် စတင်ခေါ်ယူကာ ဖေဖော်ဝါရီလတွင် စတင်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ခင်ဗျာ
#ကျောင်းစီမံရေးရာအုပ်ချုပ်ရေးအဖွဲ့
#essentialeducationcenter
#eec
