ru
Feedback
Drama Movie

Drama Movie

Открыть в Telegram

I like movies

Больше
3 607
Подписчики
-324 часа
-347 дней
-11430 день
Архив постов
The Queen who crowns EP4 - 720P

The Queen who crowns EP3 - 720P

The.Queen.Who.Crowns EP 2 HD.mp4

The.Queen.Who.Crowns EP 1 HD.mp4

The Queen who crown(원경)2025 ဒီတစ်ခါတင်ဆက်ပေးမဲ့ကားလေးကတော့ ဒီနှစ်ရဲ့ပထမဆုံး နန်းတွင်းကားလေးလို့ ပြောရမဲ့ကားလေးဖြစ်ပါတယ် မျိုး
The Queen who crown(원경)2025 ဒီတစ်ခါတင်ဆက်ပေးမဲ့ကားလေးကတော့ ဒီနှစ်ရဲ့ပထမဆုံး နန်းတွင်းကားလေးလို့ ပြောရမဲ့ကားလေးဖြစ်ပါတယ် မျိုးရိုးအသိုင်းဝိူင်း မြင့်မားတဲ့အိမ်တော်က မိန်းကလေးမင် ဟာ ဂျိုဆွန်းဘုရင်ရဲ့သားကြီးဖြစ်သူ မင်းသားဂျောင်နမ်နဲ့ ထိမ်းမြားပြီး မိဖုရားဝမ်ဂယောင်းဖြစ်လာခဲ့ပါတယ်။ ထီးနန်းကိုဘုရင်ကြီးက ဒုတိယမင်းသားကို ပေးတဲ့အချိန် မိဖုရားဝမ်ဂယောင်းက နည်းမျိုးစုံသုံးပြီး ယောကျာ်းဖြစ်သူ မင်းသားကို ထီးနန်းရအောင် လုပ်ပေးခဲ့ပါတယ်။ သို့ပေမဲ့ ဘုရင်ဖြစ်သွားတဲ့မင်းသားဂျောင်နမ်ဟာ အကျင့်ပျက်ကိုယ်လုပ်တော်တွေအများကြီးထားလာတဲ့အခါ မိဖုရားဝမ်ဂယောင်းနဲ့ ဆက်ဆံရေးအချေအတင်တွေ ဖြစ်လာပါတော့တယ်။ ယောကျာ်းဖြစ်သူဘုရင်နဲ့ မျိုးရိုးအင်အားတောင့်တင်းပြီး အကြောက်အလန့်မရှိတဲ့ မိဖုရားဝမ်ဂယောင်းတို့ ဘယ်လိုတွေထိပ်တိုက်တွေ့ကြမလဲ။ နန်းတွင်းအရှုပ်အရှင်းတွေကြားထဲ အတွင်းသိအဆင်းသိနေကြတဲ့ လင်မယား အချင်းချင်းဘယ်လိုတိုက်ခိုက်ကြမလဲဆိုတာအပတ်စဥ် တနင်္လာနေ့နဲ့ အင်္ဂါနေ့တွင် ကြည့်ရှူဖို့ GCကနေ တင်ဆက်ပေးလိုက်ပါတယ်။

Repost from N/a
The Unrighteous (2024) https://t.me/zpnay280 ဇာတ်‌ကားကောင်းတွေတင်ပေးတဲ့ PX Channel ကိုလဲ joinထားပါ https://t.me/addlist/JL90mK8o75hhNzE1

Repost from N/a
The Unrighteous (2024) https://t.me/zpnay280 ဘာသာ​ရေးကိုအ​ကြောင်းပြုတဲ့ တရားမဝင်ပြစ်မှု​​အ​ကြောင်းကို ရိုက်ကူးပြသထားတဲ့ The U
The Unrighteous (2024) https://t.me/zpnay280 ဘာသာ​ရေးကိုအ​ကြောင်းပြုတဲ့ တရားမဝင်ပြစ်မှု​​အ​ကြောင်းကို ရိုက်ကူးပြသထားတဲ့ The Unrighteous ဂျူဟျွန်း (Lee Hyun-Woo) က ဝန်း​ဂျောင်းဗီလာလို့​ခေါ်တဲ့ ​တိုက်ခန်း​ဟောင်း​ ​သေး​သေးလေးမှာ ​ ​နေမ​ကောင်းဖြစ်​နေတဲ့အ​မေ၊ တူမ​လေးနဲ့ အတူတူနေထိုင်​နေတဲ့သူပါ။ ဘဏ်တစ်ခုရဲ့ လုံခြုံ​ရေးဝန်ထမ်းအဖြစ် လုပ်ကိုင်​​နေပြီး တစ်ချိန်တည်းမှာပဲ လိုင်စင်ရအိမ်ပွဲစားဖြစ်ဖို့ ပြင်ဆင်​နေသူလည်းဖြစ်တယ်။ အိမ်နီးနားချင်း​တွေနဲ့လည်း အဆင်​ပြေ​ပြေ ဆက်ဆံတတ်တဲ့သူဖြစ်​ပေမဲ့ ရှင်းဟယ် (Moon Jeong-Hee) လို့​ခေါ်တဲ့အ​​ပေါ်ထပ်အိမ်က အမျိုးသမီးနဲ့​တော့ ဆက်ဆံ​ရေးမ​ပြေလည်ခဲ့ပါဘူး။ တစ်​နေ့မှာ ဂျူဟျွန်းက ရှင်းဟယ်ရဲ့ ​စာတိုက်ပုံးထဲကို ဘုရား​ကျောင်းတစ်ခုရဲ့ လက်ကမ်းစာ​စောင်ကို ထည့်ခဲ့ပါတယ်။ အဲဒီ​နောက်မှာ​တော့ ဝန်း​ဂျောင်းဗီလာတစ်ခုလုံးနဲ့ ဂျူဟျွန်းမိသားစုပါ အစွန်း​ရောက်ယုံကြည်သူ​တွေ​ကြောင့်အန္တရာယ်ကျ​ရောက်လာ​သောအခါ... ဂျူဟျွန်းတစ်​ယောက် ဘယ်လို​တွေ ရင်ဆိုင်​ဖြေရှင်းပြီး ရုန်းထွက်သွားမလဲဆိုတာ ကြည့်ရှုလိုက်ရ​အောင်ပါ။

Repost from N/a
Victory (2024) https://t.me/zpnay280 ဇာတ်‌ကားကောင်းတွေတင်ပေးတဲ့ PX Channel ကိုလဲ joinထားပါ https://t.me/addlist/JL90mK8o75hhNzE1

Repost from N/a
Victory (2024) https://t.me/zpnay280 Reply 1988 ထဲမှ Lee Hyeri၊ Seoul Busters ထဲမှ Park Se Wan၊ Doctor Cha ထဲမှJo Aram တို့ကိ
Victory (2024) https://t.me/zpnay280 Reply 1988 ထဲမှ Lee Hyeri၊ Seoul Busters ထဲမှ Park Se Wan၊ Doctor Cha ထဲမှJo Aram တို့ကို ၁၉၉၉ ခုနှစ်က အက ဝါသနာထုံတဲ့ ကောင်မလေးတွေအဖြစ် မြင်တွေ့ရမဲ့ ဇာတ်ကားသစ်လေး ထွက်ရှိလို့လာပါပြီ။ ဂေါဂျယ်မြို့လေးမှာ နေထိုင်တဲ့ ဖီးဆွန်းနဲ့ မီနာတို့ သူငယ်ချင်း နှစ်ယောက်ဟာDancer ဖြစ်ဖို့ အိပ်မက်မက်နေကြတဲ့ ကျောင်းသူ နှစ်ဦးဖြစ်ပြီး ကျောင်းမှာလည်း အခွင့်အရေးရရင် ရသလို တိပ်ခွေတွေ ဖွင့်ပြီး ကတတ်ကြပါသေးတယ်။ အက ဘုရင်မ ဖီးဆွန်းတို့ရဲ့ ကျောင်းကို Cheer Leader အတွေ့အကြုံရှိတဲ့ ဆယ်ဟျွန်းရောက်ရှိလာတဲ့ အခါမှာတော့... အကအသင်းဖွဲ့ချင်တဲ့ ဖီးဆွန်းတစ်ယောက် ဆယ်ဟျွန်းနဲ့အတူ သူ့ရဲ့ အိပ်မက်တွေကိုဘယ်လိုပုံစံနဲ့ အကောင်အထည်ဖော်သွားပြီး ဘယ်လိုအောင်မြင်အောင် လုပ်ကြမလဲဆိုတာကိုဇာတ်လမ်းလေးထဲမှာပဲ ရှုစားလိုက်ကြ‌ရအောင်။ အိပ်မက်ရှိတဲ့ လူငယ်တွေရဲ့ သဘာဝကို ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးမလို့အချိန်ပေးရကြိုးနပ်မှာတော့ အသေအချာပါပဲ။

Repost from STRONG GIRLS
Love Scout 2025 E04

Kingdom 4: Return of the Great General (2024)   အညွှန်း in comment 👇

Kingdom III: The Flame of Destiny (2023) အညွှန်း in comment 👇

Kingdom 2: Far and Away (2022) အညွှန်း in comment 👇

Kingdom (2019) အညွှန်း in comment 👇

Kingdom 4: Return of the Great General (2024)   Kingdom 3: Flame of Destiny (2023) ရဲ့ဇာတ်သိမ်းကြောင့် ဘာတွေဆက် ဖြစ်မလဲဆိုတာ သိချင်နေကြတဲ့ ပရိသတ်တွေအတွက် Kingdom live-action movies တွေရဲ့ စတုတ္ထမြောက်ဇာတ်ကားဖြစ်တဲ့ Kingdom 4: Return of the Great General ထွက်ရှိလို့လာပါပြီ။ အခုဆိုရင် Kingdom live-action movies က လေးကားတောင်ရှိပြီဆိုတော့ ထွက်ရှိပြီး Kingdom (2019), Kingdom 2: Far and Away (2022) နဲ့ Kingdom 3: Flame of Destiny (2023) တို့ရဲ့ဇာတ်ကြောင်းကို ပရိသတ်တွေထဲမှာ မမှတ်မိကြတဲ့သူတွေလည်း ရှိနိုင်တာမို့လို့ ပြန်နွှေးလိုက်ရအောင်..။ ပထမကားကတော့ တရုတ်ပြည် ချင်ပြည်ထောင် (Qin State) က မိဘမဲ့ လည်းဖြစ်၊ ကျွန်လည်းဖြစ်ပေမဲ့ တစ်မိုးအောက်စစ်သူကြီးဖြစ်ရမယ် ဆိုတဲ့ ရည်ရွယ်ချက်ရှိတဲ့ ရှင်း (Shin) နဲ့ တရုတ်ပြည်ကြီးကို တစ်စုတစ်စည်း ဖြစ်အောင်လုပ်ပြီး ပထမဆုံးဧကရာဇ်ဖြစ်စေချင်တဲ့ ချင်ပြည်ထောင်ဘုရင် အဲ့ဆေး(King Ei Sei of Qin State) တို့ မမျှော်လင့်ထားတဲ့အဖြစ်အပျက် တွေကြောင့် ဆုံစည်းခဲ့ကြပါတယ်။ ဒုတိယကားမှာတော့ ဘုရင်အဲ့ဆေးကို လုပ်ကြံတဲ့ဇာတ်ဝင်ခန်းနဲ့စထားပြီး ချင်ပြည်ထောင်ရဲ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ဝေပြည်ထောင် (Wei State) က လာရောက်ကျူးကျော်လို့ ဝေပြည်ထောင်နဲ့ချင်ပြည်ထောင်တို့ စစ်ခင်းကြတဲ့ ဒါကန်လွင်ပြင် (Daken Plains) ဆီကနေ ရှင်းတစ်ယောက် နှစ်ဖက်သော စစ်သူကြီးတို့ရဲ့စစ်ဗျူဟာများ၊ စစ်ပရိယာယ်များ၊ အနိဋ္ဌာရုံများကို ပထမဆုံး အကြိမ် မျက်ဝါးထင်ထင်တွေ့လိုက်ရပြီး သူကိုယ်တိုင်လည်း စွမ်းဆောင် ပြနိုင်ခဲ့လို့ တပ်သား ၁၀၀ တပ်မှူးဖြစ်သွားပါတော့တယ်။ တတိယကားကျတော့ ကျောက်ပြည်ထောင်(Zhao State) က ချင်ပြည်ထောင်ကို လာရောက်ကျူးကျော်တာနဲ့စထားထားတာပါ။ ချင်ပြည်ထောင်ကို ချောဟဲ လူသတ်ပွဲ (Chohei Massacre) ကြောင့် ရန်ငြိုးအကြီးအကျယ်ရှိလို့ လာ‌ရောက် ကျူးကျော်တာပါ။ ထုံးစံအတိုင်း တပ်သား ၁၀၀ တပ်မှူးဖြစ်သွားတဲ့ ရှင်းက ချင်ပြည်ထောင်နဲ့ကျောက်ပြည်ထောင်တို့ စစ်ခင်းကြတဲ့ ဘာရို(Bayo) ဆီသွားပါတော့တယ်။ အဲဒီဘာရိုစစ်မြေပြင်မှာ စတင်စစ်ခင်းကြတဲ့ ပထမနေ့မှာ တပ်သား ၁၀၀ တပ်မှူး ရှင်း တစ်ယောက် စစ်သူကြီးအိုးကီပေးအပ်တဲ့တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်ခဲ့နိုင်တဲ့အပြင် သူဉီးဆောင်တဲ့တပ်ဖွဲ့လည်း ဟီရှင်းတပ်ဖွဲ့အဖြစ် နာမည်ပေးခြင်းခံခဲ့ရပါတယ်။ စစ်သူကြီးအိုးကီတို့အနိုင်ရခဲ့ပြီး တပ်ဆုတ် ထွက်ပြေးသွားကြတဲ့ ကျောက်ပြည်ထောင် ချောဆိုးတပ်ဖွဲ့နောက် နောက်တစ်နေ့ မနက်မှာဆက်လိုက်ဖို့ တစ်ညတာ အနားယူကြတဲ့အချိန်မှာ သူတို့ဆီကို ဘူရှင်း (စစ်နတ်ဘုရား) လို့ သူ့ကိုယ်သူပြောတဲ့ ဟိုကန် ဆိုသူ ကျောက်ပြည်ထောင် ဘက်ကစစ်သူကြီးတစ်ယောက်ရောက်ချလာတာနဲ့အဆုံးသတ်သွားပါတယ်။ အဲဒီတော့ လေးကားမြောက်က စစ်သူကြီးအိုးကီနဲ့စစ်သူကြီးဟိုကန်တို့ရဲ့တိုက်ပွဲ တစ်နည်း လွန်ခဲ့တဲ့ကိုးနှစ်ကအကြွေးကို ပြန်ဆပ်မယ့်ပွဲကို ခပ်မိုက်မိုက်မြင်ရမှာ ဖြစ်သလို ဘာရိုစစ်ပွဲကဘယ်လိုရလဒ်နဲ့အဆုံးသတ်သွားမလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ Kingdom live-action လေးကားစလုံးကို Alice in Borderland ရဲ့ဒါရိုက်တာ Sato Shinsuke ကပဲ ရိုက်ကူးထားတာဖြစ်ပြီး Yasuhisa Hara ရေးတဲ့ “Kingdom” manga ကို အခြေခံပြီး ရိုက်ကူးထားတာပါ။ ၂၀၀၆ ခုနှစ်မှာ ရေးထားခဲ့တဲ့ Kingdom က အခုထိဇာတ်မသိမ်းသေးပါဘူး။ လက်ရှိအချိန်အထိ စုစုပေါင်း 74 volumes နဲ့ 823 chapters အထိ ထွက်ရှိ ထားပါတယ်။ Anime အနေနဲ့လည်း Studio Pierrot နဲ့ Studio Signpost ကနေ Season 1-5 (142 episodes) အထိ ထွက်ရှိထားပါတယ် live-action အနေနဲ့ လည်း ၂၀၁၉ ခုနှစ်ကတည်းက ရိုက်ကူးလာခဲ့ရာ အခုဇာတ်ကားနဲ့ဆို လေးကား ရှိသွားပါပြီ။ နောက်ထပ် သုံးကား ဆက်လက်ရိုက်ကူးမယ်လို့ ကောလာဟလအဖြစ် ကြားထားပါတယ်။ Kingdom 4 ရဲ့ ဇာတ်ဝင်သီချင်းဖြစ်တဲ့ “Delusion All” ကို ONE OK ROCK က ဆိုပေးထားပါတယ်။ အားလုံးစောင့်မျှော်နေကြတဲ့ တောင်တန်းဘုရင်မ ရိုတန်ဝါ (Youtanwa) ကို တော့ ဆယ်မိနစ်လောက်ပဲတွေ့ရမှာပါ။ ဇာတ်ကောင်အသစ်ဖြစ်တဲ့ Kyo (ကရို) နေရာမှာသရုပ်ဆောင်တဲ့ Araki Yuko က ချစ်စရာကောင်းလှပါတယ်။ Kingdom manga မှာ လတ်တလော arc ပေါင်း ၂၇ ခုရှိပြီး anime အနေနဲ့ arc ၁၇ ခု နဲ့ chapter ၄၈၉ အထိ adapt လုပ်ခဲ့ပြီးပါပြီ။ Live-action လေးကားအနေနဲ့ adapt လုပ်ထားတာ အစပိုင်း arc ၆ ခုလောက်ပဲ ရှိပါသေးတယ်။

Kingdom 1 (2019)

Kingdom 2 (2022) far and away

Repost from KO Drama
Cre...ation of the Go...ds I: Kin...gdom of Stor...ms ( 2023 )