ru
Feedback
Myanmotion Main Movie Poster Channel

Myanmotion Main Movie Poster Channel

Открыть в Telegram

မြန်မာစာတန်းထိုးရုပ်ရှင်ဇာတ်ကားများ

Больше
4 584
Подписчики
Нет данных24 часа
+57 дней
+9730 дней
Архив постов
Freedom (2024) Libre ဒီရုပ်ရှင်က ပြင်သစ်ရဲ့ အကြမ်းမဖက်တဲ့ နာမည်ကျော်ဓားပြကြီး ဘရူနိုဆူလက်အကြောင်းဖြစ်ရပ်မှန်ကို အခြေခံပြီး စိတ်ကူးယဉ်ရိုက်ကူးထားတဲ့ ပြင်သစ်ရုပ်ရှင်။1970နဲ့ 1980ကြားကာလမှာ ကျည်တစ်ချက်မဖောက်ဘဲ စူပါမားကတ်တွေနဲ့ လက်ဝတ်ရတနာဆိုင်တွေကို လုယက်ခဲ့တဲ့ လွပ်လပ်မှုကိုမြတ်နိုးသူ ဓားပြလူချောကြီးတစ်ယောက်ပေါ့။လုယက်ရလာတာတွေကို ဆင်းရဲသားတွေဆီခွဲဝေပေးတတ်လို့ ခေတ်သစ်ရော်ဘင်ဟုလို့လည်း သမုတ်ကြသေးတယ်။ရှစ်လအတွင်း စူပါမားကတ်၁၈ခုကို တစ်ခါမှအဖမ်းမခံရဘဲ အောင်အောင်မြင်မြင်နဲ့ လုယက်နိုင်ခဲ့သူ။ဒီဇာတ်လမ်းမှာတော့ ဆူလက်ရဲ့ ဘ၀ခံယူချက်၊ ပြစ်ဒဏ်နဲ့ အချစ်ကြားက ရှင်သန်ပုံကို ရှုမြင်ကြရမှာပါ။ အခမဲ့ ရုပ်ရှင်ချန်နယ် ဖြစ်တဲ့အတွက် React❤️ & Share➡️ လေးတွေနဲ့ ကူညီပေးသွားနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ MyanmotionChannel ကိုJoineရန် ဒါကိုနှိပ်ပါ။ Myanseries ကို Join ရန် ဒါကိုနှိပ်ပါ။ ဇာတ်ကားကြည့်ရန် ဒါကိုနှိပ်ပေးပါ။

Freedom (2024) Libre
Freedom (2024) Libre

Eternal (2024) For evigt ကြီးမားတဲ့ငလျင်တစ်ခုကြောင့် ပင်လယ်သမုဒ္ဒရာကြမ်းပြင်အောက်မှာ အက်ကွဲကြောင်းကြီးတစ်ခုပေါ်လာပါတယ်။ အဲ့ဒီအက်ကွဲကြောင်းကြီးဟာ ကမ္ဘာမြေပေါ်က ရာသီဥတုအ​​ပြင်းအထန်ပြောင်းလဲမှုတွေအတွက် အချက်အချာကျလာလိမ့်မယ်လို့ သုတေသီများကယူဆကြပါတယ်။အဲ့ဒါကြောင့်ပဲ အက်ကွဲကြောင်းကြီးကိုအ​မြန်ဆုံးပိတ်ပစ်ဖို့အဖွဲ့အစည်းတွေဖွဲ့ပြီး ပရောဂျက်တွေရေးဆွဲ​ကြပါတော့တယ်။အမြန်ဆုံးဆိုပေမဲ့လည်း ဆယ်စုနှစ်တစ်ခု သို့မဟုတ် နှစ်ခုစာလောက်ကြာဦးမှာပါ။အယ်လီယာဆိုတဲ့ကောင်လေးဟာ ရာသီဥတုနဲ့မိုးလေဝသသုတေသီတစ်​ယောက်ဖြစ်ချင်ပြီး အဲ့အက်ကွဲကြောင်းကြီးကိုပိတ်ပစ်နိုင်တဲ့သူဟာ သူကိုယ်တိုင်ဖြစ်နေဖို့က သူ့ရဲ့အိပ်မက်ပါ။ဒါပေမဲ့ အဲ့လိုကြိုးစားနေတဲ့အချိန်မှာပဲ အယ်လီယာရဲ့ဘဝထဲကို အာနီတာဆိုတဲ့ကောင်မလေးတစ်ယောက်ဝင်ရောက်လာပါတယ်။သူတို့ရဲ့အချစ်ရေးဟာပျော်ရွှင်စရာတွေနဲ့ပြည့်နေပြီး သာယာဖြောင့်ဖြူးနေပေမဲ့ သူ့ရဲ့အိပ်မက်ကိုအကောင်အထည်ဖော်နိုင်မယ့် ပရိုဂရမ်တစ်ခု အမေရိကားမှာဖွင့်လှစ်တာကြောင့် အမေရိကားကိုသွားရဖို့ဖြစ်လာပါတယ်။သူ့ရဲ့တစ်ဘဝလုံးကိုနှစ်မြှုပ်ပြီးကြိုးစားခဲ့ရတဲ့အိပ်မက်ကိုရွေးချယ်မှာလား သူအရမ်းချစ်ရတဲ့ချစ်သူလေးကိုရွေးချယ်မှာလားကမ္ဘာမြေရဲ့ရာသီဥတုကိုအကြီးအကျယ်ပြောင်းလဲစေနိုင်တဲ့အက်ကွဲကြောင်းကြီးကိုလည်း ပညာရှင်တွေအချိန်မှီပိတ်ပစ်နိုင်ပါ့မလားဆိုတာ ခံစားကြည်ရှု့လိုက်ကြပါဉီး.. အခမဲ့ ရုပ်ရှင်ချန်နယ် ဖြစ်တဲ့အတွက် React❤️ & Share➡️ လေးတွေနဲ့ ကူညီပေးသွားနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ MyanmotionChannel ကိုJoineရန် ဒါကိုနှိပ်ပါ။ Myanseries ကို Join ရန် ဒါကိုနှိပ်ပါ။ ဇာတ်ကားကြည့်ရန် ဒါကိုနှိပ်ပေးပါ။

Eternal (2024) For evigt
Eternal (2024) For evigt

Arcane 2024 Season 2 IMDB – 9.0/10, RT – 100% ဒီနှစ်ထဲမှာ ကျွန်တော်အပါအဝင် လူတိုင်းစောင့်မျှော်နေတဲ့ နာမည်ကျော်ဂိမ်း League of Legend ထဲက ဇာတ်ကောင်တွေနဲ့ Netflix ကနေ တင်ဆက်ပေးလိုက်တဲ့ Arcane Season 2 ဟာ ယခု ထွက်ရှိလို့ လာခဲ့ပါပြီ။ Animation စီးရီးထဲမှာ ဘတ်ဂျတ်အသုံးအများဆုံးနဲ့ အအောင်မြင်ဆုံးလို့လည်း ပြောလို့ရပါတယ်။ ဒီ အတွဲ ၂ ကတော့ ဇာတ်သိမ်းအတွဲတစ်ခု ဖြစ်မှာပါ။ Season 1 အပြီး တိုက်ရိုက်တင်ဆက်ထားတာဖြစ်လို့ မကြည့်ရသေးရင် အရင်သွားကြည့်လိုက်ဖို့ တိုက်တွန်းချင်ပါတယ် CM မှာ တင်ဆက်ထားပြီးသားပါ။ Season 1 အပြီးမှာ ကောင်စီအစည်းအဝေးကို ပေါင်ဒါ သို့မဟုတ် ဂျင့်စ်တစ်ယောက် အကြမ်းဖက်တိုက်ခိုက်ခဲ့ပါတယ်။ ဒီ Season 2 မှာတော့ အဲဒီကနေ ပြန်ဆက်ထားပြီး ကောင်စီဝန်တွေရဲ့ သေဆုံးမှု မြေအောက်မြို့တော်ကို တပ်အင်အား အလုံးအရင်းနဲ့ ကျူးကျော်ဖို့ မဲပေးသူကပေးကြ ကိတ်တလင်းတစ်ယောက် မိခင်ဖြစ်သူ ဆုံးပါးပြီး ဘယ်လို ဆက်ဖြစ်လာမလဲ ဗိုင်တစ်ယောက်လည်း ပေါင်ဒါမဟုတ်တော့တဲ့ ညီမဖြစ်သူ ဂျင့်စ်နဲ့ ဘယ်လိုဆက်ရှင်းကြမလဲ သူတို့နဲ့အတူ ဂျေ့စ်တစ်ယောက်ကလည်း ဗစ်ခ်တာနဲ့အတူတူ ဘယ်လိုမျိုး ပါဝင်ပတ်သက်ပြီး တခြားဇာတ်ကောင်သစ်တွေနဲ့အတူတူ ဒီ ဇာတ်လမ်းတွဲကြီးက ဘယ်လိုမျိုး အဆုံးသတ်ပေးမလဲဆိုတာကို သေသပ်လှပတဲ့ Animation တွေ ဇာတ်ဝင်တေး အမိုက်တွေ ဇာတ်လမ်း ဇာတ်ညွန်းအမိုက်တွေနဲ့ ခမ်းနားစွာနဲ့ ကြည့်ရှုခံစားလိုက်ပါတော့ခင်ဗျာ…။ အခမဲ့ ရုပ်ရှင်ချန်နယ် ဖြစ်တဲ့အတွက် React❤️ & Share➡️ လေးတွေနဲ့ ကူညီပေးသွားနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ MyanmotionChannel ကိုJoineရန် ဒါကိုနှိပ်ပါ။ Myanseries ကို Join ရန် ဒါကိုနှိပ်ပါ။ Series Link - https://t.me/myanseries2023/1453

The Apprentice (2024) 7.2/10 Genres - Drama/History Rating Symbol - NA အမေရိကန် ရဲ့ သမ္မတဟောင်းတစ်ယောက် ဖြစ်သလို လက်ရှိအချိန်မှာလည်း ရီပါဘလီကန် ပါတီဘက်ကနေအမေရိကန် ရွေးကောက်ပွဲမှာ သမ္မတအဖြစ် ဝင်ရောက် ရွေးချယ်ခံနေတဲ့ ကမ္ဘာကျော် ဘီလျံနာ ဒေါ်နယ်ထရန့် ရဲ့ လောလော လတ်လတ် ထွက်ထားတဲ့ Biopic ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ဒီ ရုပ်ရှင်မှာ ဒေါ်နယ်ထရန့် ဆိုပြီး ဖြစ်လာအောင် ကူညီပေးခဲ့တဲ့ ရှေ့နေ ရွိုင်ကုမ်း နဲ့ ဒေါ်နယ်ထရန့် တို့ရဲ့ ဆက်ဆံရေး ရှုထောင့်ကနေ ပြသထားပြီးအနိုင်ရဖို့အတွက် ဘာမဆို လုပ်ရဲတဲ့ ထရန့် ရဲ့ စရိုက်ကို သေချာ ပုံဖော်ထားပါတယ်။Winter Soldier အဖြစ် နာမည်ကြီးတဲ့ မင်းသား Sebastian Stan က ဒေါ်နယ် ထရန့် အဖြစ် သရုပ်ဆောင်ထားပြီးသူ့ရဲ့ အကောင်းဆုံး သရုပ်ဆောင်ချက်တွေထဲက တစ်ခုအဖြစ် သတ်မှတ်လို့ရတဲ့အထိ ထရန့်နေရာကို ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့ပါတယ်။Succession နဲ့ နာမည်ကြီးတဲ့ မင်းသား Jereme strong က ရှေ့နေ့ ရွိုင်ကုမ်း အဖြစ် သရုပ်ုပ်ဆောင်ထားပြီးRating တွေလည်း ကောင်းသလို ထရန့် ဘယ်လိုလူလဲဆိုတာ၊ သူဘာကြောင့် အောင်မြင်တာလဲဆိုတာ အခမဲ့ ရုပ်ရှင်ချန်နယ် ဖြစ်တဲ့အတွက် React❤️ & Share➡️ လေးတွေနဲ့ ကူညီပေးသွားနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ MyanmotionChannel ကိုJoineရန် ဒါကိုနှိပ်ပါ။ Myanseries ကို Join ရန် ဒါကိုနှိပ်ပါ။ ဇာတ်ကားကြည့်ရန် ဒါကိုနှိပ်ပေးပါ။

The Apprentice (2024)
The Apprentice (2024)

Goebbels and the Führer (2024) 6.7/10 Genres - Drama/History/War Rating Symbol - R ဂျိုးဆတ်ဂိုးဘဲလ်က ဟစ်တလာရဲ့ အာဏာ အကြီးမားဆုံး အလွမ်းမိုးနိုင်ဆုံးကာလမှာ ဝါဒဖြန့်ချီရေး ဝန်ကြီးအနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ပါတယ်စစ်ပွဲနိုင်မယ့် အရိပ်အယောင်အခြေအနေတွေကနေ ရှုံးနိုင်တဲ့ အခြေအနေကို တဖြည်းဖြည်းသဘောပေါက်လာတဲ့ အခါမှာတော့…..ဂျာမနီစကားပြော သတင်းမှတ်တမ်းရုပ်ရှင်ဇာတ်ကားကောင်းတခုဖြစ်ပါတယ်။ပြတ်သားကြည်လင်လှတဲ့ ခင်းကျဉ်းပြသမှုတွေနဲ့ ဒုတိယ ကမ္ဘာစစ် ဂျာမနီ အခြေအနေကို တစေ့တစောင်းနှိက်နှိက်ချွတ်ချွတ်ကြည့်ကြည့်ဖို အကောင်းဆုံး ဇာတ်ကားဆိုလည်းမမှားပါဘူး။ အခမဲ့ ရုပ်ရှင်ချန်နယ် ဖြစ်တဲ့အတွက် React❤️ & Share➡️ လေးတွေနဲ့ ကူညီပေးသွားနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ MyanmotionChannel ကိုJoineရန် ဒါကိုနှိပ်ပါ။ Myanseries ကို Join ရန် ဒါကိုနှိပ်ပါ။ ဇာတ်ကားကြည့်ရန် ဒါကိုနှိပ်ပေးပါ။

Goebbels and the Führer (2024)
Goebbels and the Führer (2024)

The Witch. Revenge (2024)   အိုလီနာ ဆိုတဲ့စုန်းမတစ်ယောက်ဟာ အန်ဒရေဆိုတဲ့ ယူကရိန်းစစ်သားနဲ့အတူ သာမန်ဘ၀လေးကိုပျော်ရွှင်စွာဖြတ်သန်းနေပါတယ်။ တစ်နေ့တော့ ရုရှားနဲ့ယူကရိန်းစစ်ဖြစ်ပွားရာ နိုင်ငံအတွင်းရုန်းရင်ဆန်ခတ်တွေဖြစ်ပေါ်နေပြီး အိုလီနာတို့လည်း အဒေါ်အိမ်ကိုထွက်ပြေးတိမ်းရှောင်ဖို့ကြိုးစားပါတယ်။ ဒါပေမယ့် လမ်းခုလတ်မှာ ရုရှားတပ်ဖွဲ့တစ်ခုနဲ့တွေ့ဆုံခဲ့ပြီး ပဋိပကခဖြစ်ပွားပြီး ပစ်ခတ်ကြရင်းက အန်ဒရေသေဆုံးသွားခဲ့ပါတယ်။ ဒီအဖြစ်အပျက်အပြီး အိုလီနာ က ထိုတပ်ဖွဲ့ကိုလက်စားချေရန်ဆုံးဖြတ်လိုက်ပါတော့တယ်။ စုန်းမတစ်ယောက်က ရုရှားတပ်ဖွဲ့၀င်တွေကို တစ်ယောက်ချင်း ဘယ်လိုလက်စားချေသွားမလဲဆိုတာ ကြည့်ရှုရမှာပါ။ အခမဲ့ ရုပ်ရှင်ချန်နယ် ဖြစ်တဲ့အတွက် React❤️ & Share➡️ လေးတွေနဲ့ ကူညီပေးသွားနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ MyanmotionChannel ကိုJoineရန် ဒါကိုနှိပ်ပါ။ Myanseries ကို Join ရန် ဒါကိုနှိပ်ပါ။ ဇာတ်ကားကြည့်ရန် ဒါကိုနှိပ်ပေးပါ။

The.Witch.Revenge.2024
The.Witch.Revenge.2024

Arcane 2024 Season 2 IMDB – 9.0/10, RT – 100% ဒီနှစ်ထဲမှာ ကျွန်တော်အပါအဝင် လူတိုင်းစောင့်မျှော်နေတဲ့ နာမည်ကျော်ဂိမ်း League of Legend ထဲက ဇာတ်ကောင်တွေနဲ့ Netflix ကနေ တင်ဆက်ပေးလိုက်တဲ့ Arcane Season 2 ဟာ ယခု ထွက်ရှိလို့ လာခဲ့ပါပြီ။ Animation စီးရီးထဲမှာ ဘတ်ဂျတ်အသုံးအများဆုံးနဲ့ အအောင်မြင်ဆုံးလို့လည်း ပြောလို့ရပါတယ်။ ဒီ အတွဲ ၂ ကတော့ ဇာတ်သိမ်းအတွဲတစ်ခု ဖြစ်မှာပါ။ Season 1 အပြီး တိုက်ရိုက်တင်ဆက်ထားတာဖြစ်လို့ မကြည့်ရသေးရင် အရင်သွားကြည့်လိုက်ဖို့ တိုက်တွန်းချင်ပါတယ် CM မှာ တင်ဆက်ထားပြီးသားပါ။ Season 1 အပြီးမှာ ကောင်စီအစည်းအဝေးကို ပေါင်ဒါ သို့မဟုတ် ဂျင့်စ်တစ်ယောက် အကြမ်းဖက်တိုက်ခိုက်ခဲ့ပါတယ်။ ဒီ Season 2 မှာတော့ အဲဒီကနေ ပြန်ဆက်ထားပြီး ကောင်စီဝန်တွေရဲ့ သေဆုံးမှု မြေအောက်မြို့တော်ကို တပ်အင်အား အလုံးအရင်းနဲ့ ကျူးကျော်ဖို့ မဲပေးသူကပေးကြ ကိတ်တလင်းတစ်ယောက် မိခင်ဖြစ်သူ ဆုံးပါးပြီး ဘယ်လို ဆက်ဖြစ်လာမလဲ ဗိုင်တစ်ယောက်လည်း ပေါင်ဒါမဟုတ်တော့တဲ့ ညီမဖြစ်သူ ဂျင့်စ်နဲ့ ဘယ်လိုဆက်ရှင်းကြမလဲ သူတို့နဲ့အတူ ဂျေ့စ်တစ်ယောက်ကလည်း ဗစ်ခ်တာနဲ့အတူတူ ဘယ်လိုမျိုး ပါဝင်ပတ်သက်ပြီး တခြားဇာတ်ကောင်သစ်တွေနဲ့အတူတူ ဒီ ဇာတ်လမ်းတွဲကြီးက ဘယ်လိုမျိုး အဆုံးသတ်ပေးမလဲဆိုတာကို သေသပ်လှပတဲ့ Animation တွေ ဇာတ်ဝင်တေး အမိုက်တွေ ဇာတ်လမ်း ဇာတ်ညွန်းအမိုက်တွေနဲ့ ခမ်းနားစွာနဲ့ ကြည့်ရှုခံစားလိုက်ပါတော့ခင်ဗျာ…။ အခမဲ့ ရုပ်ရှင်ချန်နယ် ဖြစ်တဲ့အတွက် React❤️ & Share➡️ လေးတွေနဲ့ ကူညီပေးသွားနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ MyanmotionChannel ကိုJoineရန် ဒါကိုနှိပ်ပါ။ Myanseries ကို Join ရန် ဒါကိုနှိပ်ပါ။ Series Link - https://t.me/myanseries2023/1453

Escape from Germany 2024 ဒီတစ်ခါမှာတော့ ဒုတိယကမ္ဘာစစ်ကိုအခြေခံထားတဲ့ကားဆိုပေမဲ့ စစ်အခင်းအကျင်းတွေအစား ဂျာမနီမှာ သာသနာပြုနေတဲ့ အမေရိကန်ခရစ်ယာန်သာသနာပြုသူတွေ စစ်ပွဲကြား ဂျာမနီမှာ မပိတ်မိခင် နိုင်ငံကထွက်သွားဖို့လုပ်ပုံကို ကြည့်ရမှာပါ။ ဇာတ်လမ်းက ၁၉၃၉မှာစပါတယ် မော်မွန်သာသနာပြုအဖွဲ့ကို သူတို့ဘုရားကျောင်းဥက္ကဌက နာဇီတွေ ပိုလန်ကိုကျူးကျော်တိုက်ခိုက်တော့မယ့်အကြောင်း၊ နယ်စပ်တွေမပိတ်ခင် နိုင်ငံကအမြန်စွန့်ခွာကြဖို့အကြောင်း မှာပါတယ်။ အဲဒီအခါမှာ အဝေးရောက်နေတဲ့ သာသနာပြုသူတွေကို ရှာပြီး ဟော်လန်ဘက်ခေါ်ထွက်သွားပေးဖို့ 'အယ်လ်ဒါဆီးဘိုးလ်' ဆိုတဲ့ သာသနာပြုသူရဲ့ တာဝန်ဖြစ်လာပါတယ်။ သူတို့တွေ နာဇီလက်အောက်ကနေ ငြိမ်းငြိမ်းချမ်းချမ်းထွက်သွားနိုင်ပါ့မလား...နေရာရွှေ့ပြောင်းကြရင်း သူတို့ရဲ့ ယုံကြည်သက်ဝင်မှုတွေကို ဘယ်လိုထိန်းသိမ်းပြီး အတူတကွ ရှေ့ဆက်ကြမလဲ... ဘယ်လိုအခက်အခဲတွေကြုံရမလဲ... အခမဲ့ ရုပ်ရှင်ချန်နယ် ဖြစ်တဲ့အတွက် React❤️ & Share➡️ လေးတွေနဲ့ ကူညီပေးသွားနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ MyanmotionChannel ကိုJoineရန် ဒါကိုနှိပ်ပါ။ Myanseries ကို Join ရန် ဒါကိုနှိပ်ပါ။ Movie Link - https://t.me/myanmotionmoviechannel/3570

The Seed of the Sacred Fig (2024) ဘာသာရေးကိုင်းရှိုင်းပြီးရိုးသားတဲ့ရှေ့နေတစ်ယောက်ဖြစ်တဲ့ အီမန်ဟာ ဇနီးဖြစ်သူ နက်ဂျ်မား၊ သမီးနှစ်ဦးတို့နဲ့အတူနေထိုင်ပါတယ်။လတ်တလောမှာတော့ အီမန်ကို တီဟရန်ကအထူးတရားရုံးမှာ စုံစမ်းစစ်ဆေးရေးတရားသူကြီးအဖြစ်ရာထူးတိုးမြှင့်ခံထားရတဲ့အတွက်လစာပိုကောင်းလာမှာဖြစ်သလို သူတို့မိသားစုအတွက် တိုက်ခန်းကျယ်တစ်ခုလည်းရမှာဖြစ်တဲ့အတွက် တစ်မိသားစုလုံးဝမ်းသာပျော်ရွှင်နေကြတဲ့အချိန်ပါ။အဲ့ဒီအချိန်မှာပဲ မာဆာအာမီနီ ဆိုတဲ့ ၂၂ နှစ်အရွယ်အီရန် ကာ့ဒ်အနွယ်ဖွားမိန်းကလေးတစ်ယောက်ဟာ ဟီဂျပ်ဘ်ကောင်းကောင်းမခြုံလို့ဆိုတဲ့အမှုနဲ့ဘာသာရေးရဲတွေက ဖမ်းဆီးစစ်ဆေးနေစဉ်မှာသေဆုံးသွားတဲ့ဖြစ်စဉ် ဖြစ်သွားခဲ့ပါတယ်။အဲ့ဒီဖြစ်ရပ်ကတစ်ဆင့် နိုင်ငံအနှံ့ဆန္ဒပြပွဲတွေဖြစ်ပေါ်လာခဲ့ပြီး အီမန်ရဲ့သမီးကြီးဖြစ်သူ ရေ့ဇ်ဗန်းရဲ့ သူငယ်ချင်းတစ်ဦးလည်းဖမ်းဆီးခံလိုက်ရပါတယ်။ဒီဖြစ်စဉ်တွေအပေါ် အီမန်နဲ့နက်ဂျ်မားကအုပ်ချုပ်သူတွေ၊ စည်းမျဉ်းစည်းကမ်းတွေကသာ အမှန်လို့ယူဆပြီး သမီးနှစ်ဦးကတော့ သူတို့နဲ့ဆန့်ကျင်ဘက်အမြင်ဖြစ်ပြီးသဘောထားကွဲလွဲခဲ့ကြပါတယ်။ဒါတွေဟာ တည်ငြိမ်အေးချမ်းတဲ့ သူတို့မိသားစုအတွက် ရင်ဆိုင်ရမယ့် မုန်တိုင်းရဲ့အစပဲရှိပါသေးတယ်။The Seed of the Sacred Fig ဟာ ရုပ်ရှင်ပွဲတော်တွေမှာအောင်ပွဲခံနေကျ အီရန်ကားတွေရဲ့ဖန်တီးရှင် Mohammad Rasoulof ရဲ့လက်ရာဖြစ်ပြီးသူ့အတွက်နောက်ထပ်ဂန္ဓဝင်ကားကောင်းတစ်ခုဖြစ်လာမှာပါ။၂၀၂၄ အော်စကာဆုအတွက်လည်း German entry အဖြစ်ရွေးချယ်ခံထားရပါတယ်…ရှုစားကြပါဦး။ အခမဲ့ ရုပ်ရှင်ချန်နယ် ဖြစ်တဲ့အတွက် React❤️ & Share➡️ လေးတွေနဲ့ ကူညီပေးသွားနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ MyanmotionChannel ကိုJoineရန် ဒါကိုနှိပ်ပါ။ Myanseries ကို Join ရန် ဒါကိုနှိပ်ပါ။ Movie Link - https://t.me/myanmotionmoviechannel/3567

The Seed of the Sacred Fig (2024)
The Seed of the Sacred Fig (2024)

Temurun (2024) ဒေဝီနဲ့ဆီနာတို့ဟာမောင်နှမရင်းတွေဖြစ်ပြီး စိတ်ကျန်းမာရေးမကောင်းတဲ့ မိခင်ကြီးနဲ့အတူနေထိုင်ပါတယ်။ဆီနာကတော့ အစ်ကိုကြီးဖြစ်ပေမယ့် ဘာကိုမကျေနပ်လို့မကျေနပ်မှန်းမသိ လောကကြီးကိုအရွဲ့တိုက်နေပြီးသူတို့မိခင်ကြီးရဲ့ကိစ္စအ၀၀နဲ့ အိမ်ထောင့်တာဝန်တွေကို ဒေဝီကပဲတာဝန်ယူထားရတာပါ။တစ်ညမှာတော့ သူတို့အိမ်ကို မျက်နှာဖုံးစွပ်လူဆိုးတွေဝင်ရောက်တိုက်ခိုက်ခဲ့ပြီး သူတို့ရဲ့မိခင်သေဆုံးသွားခဲ့ပါတယ်။အဲ့ဒီလူဆိုးတွေဟာ ဆီနာကိုလာရှာတာဖြစ်ပြီး သူမရှိတဲ့အတွက် တွေ့တဲ့သူကိုရန်ရှာသွားခဲ့တာပါ။မိခင်သေဆုံးသွားတဲ့နောက် ကိုယ်စိတ်နှလုံးဂျုံးဂျုံးကျသွားတဲ့ ဒေဝီဟာ သူတို့အမေရဲ့ဝိဉာဉ်ကိုမကြာခဏမြင်လာရပါတယ်။အဲ့ဒီအခြေအနေမှာပဲ ငယ်စဉ်ကတည်းက မိခင်ကိုရောသူတို့ကိုပါစွန့်ခွာသွားခဲ့တဲ့ သူတို့ရဲ့ဖခင်က သူနဲ့အတူလိုက်ခဲ့ဖို့လာခေါ်တဲ့ အချိန်မှာတော့ဒေဝီအနေနဲ့ ဖခင်ကိုရော အစ်ကိုကိုပါစိတ်နာနေပေမယ့် ရွေးစရာလမ်းမရှိတဲ့အတိုင်း သူတို့ဖခင်ခေါ်ဆောင်ရာ သူတို့ရဲ့ အမွေခံ စံအိမ်ကြီးကိုလိုက်ခဲ့တဲ့နောက်မှာတော့..။အဲ့ဒီအိမ်ကြီးကိုရောက်တဲ့ အချိန်မှာ သူတို့မိခင်ရဲ့ခြောက်လှန့်မှုတွေ ရပ်တန့်သွားမှာလား?သူတို့မိဘနှစ်ပါးကွဲကွာခဲ့တဲ့ ကိစ္စရဲ့အဖြေက ဘာဖြစ်မလဲ?သူတို့ရဲ့ခေါ်ဆောင်လာတဲ့ ဖခင်ဖြစ်သူရဲ့ရည်ရွယ်ချက်တွေကရော ရိုးသားရဲ့လား?… အစရှိတာတွေကိုကျောချမ်းစရာ ရှုစားကြရမှာဖြစ်ပါတယ်။ အခမဲ့ ရုပ်ရှင်ချန်နယ် ဖြစ်တဲ့အတွက် React❤️ & Share➡️ လေးတွေနဲ့ ကူညီပေးသွားနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ MyanmotionChannel ကိုJoineရန် ဒါကိုနှိပ်ပါ။ Myanseries ကို Join ရန် ဒါကိုနှိပ်ပါ။ Movie Link - https://t.me/myanmotionmoviechannel/3564

Temurun (2024)
Temurun (2024)